အချိန်စွမ်းအား
Vol. 83 Ch. 1172
လင်းယွင်ခယ်လိုဏ်ဂူနေအိမ်ကို ဖျက်ဆီးခဲ့တဲ့ ဓားအမှတ်အသားက ကြောက်စရာကောင်းတယ်။ သူတို့ကြီးမားလာတဲ့နေရာတိုင်းမှာ အပျက်အဆီးတွေပဲ။ တားမြစ်နေရာတွေနဲ့အဆောက်အဦးတွေက တိုက်ရိုက်ဖျက်ဆီးခံရတယ်။
သို့မဟုတ်ရင် လီဖူချန်းက ဒီထက်ပိုရမှာ။
"ဟမ့်၊ အရင်းအမြစ်ခန်းမလား"
အန္တရယ်များတဲ့တားမြစ်နေရာတစ်ခုမှာ လီဖူချန်းက အရင်းအမြစ်ခန်းမတစ်ခုကို တွေ့ရှိခဲ့တယ်။
ဒါက လင်းယွင်ခယ်လိုဏ်ဂူနေအိမ်မှာ သူ ပထမဆုံးတွေ့တဲ့ရင်းမြစ်ခန်းမဖြစ်တယ်။
လီဖူချန်းက ဒါကို မြင်နိုင်တယ်။ လင်းယွင်ခယ်လိုဏ်ဂူနေအိမ်ကတော့ လင်းယွင်ခယ်က တပည့်တွေကို လေ့ကျင့်ပေးတဲ့နေရာများလား။ အသုံးအဆောင်ပစ္စည်းတွေထုလုပ်ရတာနှစ်သက်တဲ့သူတွေက ပန်းပဲခန်းမကို ဝင်နိုင်တယ်၊ ဆေးပညာကိုနှစ်သက်တဲ့သူတွေက ဆေးခန်းမကို ဝင်နိုင်တယ်၊ ကျင့်ကြံရတာ နှစ်သက်တဲ့သူတွေက ကျင့်ကြံခြင်းခန်းမကို ဝင်ရောက်နိုင်တယ်၊ နတ်ဘုရားဆေးပင်စိုက်ရတာ ကြိုက်တဲ့သူတွေက နတ်ဘုရားဆေးဥယျာဉ်ကို ဝင်နိုင်တယ်။ လင်းယွင်ခယ်က ကဏ္ဍတိုင်းကို လိုက်စားတယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်၊ သူက ဘက်စုံလေ့လာသူတစ်ယောက်ဖြစ်နိုင်တယ်။
ဘယ်စုံလေ့လာသူတစ်ယောက်ဖြစ်တာကြောင့် အရင်းအမြစ်ခန်းမထဲရှိအရင်းအမြစ်တွေက အလွန်စုံလောက်မယ်။
ကျောက်တုံးကြိတ်အစီအရင်ချပ်ပြားကို အသက်သွင်းပြီးနောက် လီဖူချန်းက အရင်းအမြစ်ခန်းမကို စောင့်ကြပ်နေတဲ့ နတ်ဘုရားအစီအရင်ကို စတင်ဖယ်ရှားခဲ့တယ်။
"ဒါ အနည်းဆုံး ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားအစီအရင်တစ်ခုပဲ၊ ကျောက်တုံးကြိတ်အစီအရင်လောက်နဲ့ ချိူးဖြတ်ဖို့က မဖြစ်နိုင်ဘူး"
အရင်းအမြစ်ခန်းမကိုစောင့်ကြပ်နေတဲ့နတ်ဘုရားအစီအရင်က အရမ်းအားကောင်းတယ်၊ ကျောက်တုံးကြိတ်နတ်ဘုရားအစီအရင်က ဘာမှမတတ်နိုင်ခဲ့ဘူး။
"ချိုးဖြတ်ဖို့ မဖြစ်နိုင်ဘူးဆိုပေမယ့် ဒီနတ်ဘုရားဝင်္ကပါမှာ ချို့ယွင်းချက်ရှိတယ်"
ရုတ်တရက် လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ လက်ဖက်ရည်တစ်ခွက်ကြာချိန်တိုင်း ခန်းမရဲ့နတ်ဘုရားအစီအရင်က မတည်မငြိမ်ဖြစ်တာကို လီဖူချန်းက တွေ့ရှိခဲ့တယ်။ ဒီမတည်မငြိမ်ဖြစ်မှုက အလွန်အားနည်းတယ်။ သန်မာတဲ့စိတ်ဝိညာဉ်မရှိရင် သတိပြုမိဖို့က မဖြစ်နိုင်လုနီးပါးပဲ။
အရင်းအမြစ်ခန်းမကို ပတ်ကြည့်လိုက်ရာ အရင်းအမြစ်ခန်းမနောက်ရှိဓားအမှတ်အသားတစ်ခုကို တွေ့ရှိခဲ့တယ်။
ဒီလိုဓားအမှတ်အသားများစွာကို လီဖူချန်းက မြင် တွေ့ခဲ့တယ်၊ ဒီနေရာမှာတင် မကပါဘူး။
အရင်းအမြစ်ခန်းမရဲ့နတ်ဘုရားအစီအရင်မှာ ချို့ယွင်းချက်တစ်ခု ရှိနေမှတော့ နောက်ထပ်ခြေလှမ်းက လွယ်ကူတာပေါ့။ လီဖူချန်းက ကျောက်တုံးကြိတ်အစီအရင်ချပ်ပြားကို အကန့်အသတ်အထိ တွန်းပို့ခဲ့ပြီး နတ်ဘုရားအစီအရင်ကို ချက်ချင်းရင်ဆိုင်ခဲ့တယ်။
တစ်နာရီ။
တစ်ရက်။
ဆယ်ရက်။
တစ်လ။
နှစ်လ။
မျက်စိတစ်မှိတ်အတွင်း နှစ်လက ကုန်ဆုံးသွားတယ်။
သုံးလ။
လေးလ။
ဒိအချိန်မှာတော့ အရင်းအမြစ်ခန်းမရဲ့နတ်ဘုရားအစီအရင်က အကန့်အသတ်ကို ရောက်ရှိလုနီးပါးဖြစ်နေပြီး အက်ကြောင်းတွေက အစီအရင်ရဲ့မျက်နှာပြင်တစ်လျှောက် မကြာခဏ ထွက်ပေါ်လာတယ်။
ဖြောက်......
နောက်ဆုံးမှာတော့ နတ်ဘုရားအစီအရင်က ပျက်ဆီးသွားခဲ့တယ်။
"လေးလအတွင်းမှာ အညံ့စားနတ်ဘုရားကျောက်တုံးသန်းချီ သုံးစွဲခဲ့ရတာပဲ။ အထဲမှာ ပစ္စည်းကောင်းအချို့ရှိမယ်လို့တော့ ငါ မျှော်လင့်တယ်"
အစီအရင်ကိုချိုးဖြတ်ဖို့အညံ့စားနတ်ဘုရားကျောက်တုံးတွေအသုံးပြုတဲ့မြန်နှုန်းက ပုံမှန်လည်ပတ်မှုထက် အဆတစ်ရာပိုတယ်။ ကံကောင်းစွာနဲ့ လီဖူချန်းမှာ အညံ့စားနတ်ဘုရားကျောက်တုံးတွေ အများကြီးရှိနေခဲ့တာ။
အသက်ကို တစ်ချက်ရှုသွင်းပြီးနောက် လီဖူချန်းက အရင်းအမြစ်ခန်းမရဲ့ဂိတ်ပေါက်ဆီ လျှောက်သွားတော့တယ်။
"ငါ့အတွက် အစီအရင်ကို ချိုးဖြတ်ပေးလို့ကျေးဇူးတင်ပါတယ်"
ဒီအချိန်မှာ မမြင်နိုင်တဲ့စည်းချက်ညီညီခုတ်ချက်တစ်ခုက ရောက်လာတယ်။
"မင်း မထွက်လာတော့ဘူးလို့ ငါ ထင်နေတာ" လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းကာ တုံ့ပြန်လိုက်တယ်။
"အမ်၊ ငါ့ရဲ့ဝိညာဉ်ပြန့်ကျဲဓားကို အလွယ်တကူ ချိုးဖြတ်ခဲ့တာပဲ"
စစ်ဟိုင်ဝူယာရဲ့ပုံရိပ်က မနီးမဝေးမှ ထွက်ပေါ်လာတယ်။ သူ့မျက်နှာပေါ်မှာ လေးနက်မှုတစ်ခုက ဖြစ်တည်နေတယ်။
သူ့ရဲ့လေတာအိုဥပဒေသနယ်ပယ်၊ သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိထားတယ်။ စိတ်ဝိညာဉ်ပြန့်ကျဲဓားက ပြီးပြည့်စုံခြင်းအဆင့်မြင့်အစစ်အမှန်နတ်ဘုရားအတတ်တစ်ခုဖြစ်ပြီး ကိုယ်တိုင်ဖန်တီးထားတာ။ ဆည်းဆာစတုရန်မြို့ထဲရှိတစ်ယောက်မှ သူ့ရဲ့စိတ်ဝိညာဉ်ပြန့်ကျဲဓားကို မရပ်တန့်နိင်ဘူးလို့ သူက ယုံကြည်ချက်ရှိခဲ့တာ။
"ဒါပေမယ့် ငါ၊ စစ်ဟိုင်ဝူယာနဲ့ တွေ့တဲ့အခါ မင်းက သေကျေပျက်ဆီးရမှာပဲ"
စစ်ဟိုင်ဝူယာရဲ့ခန္ဓာကိုယ်က လည်သွားတယ်၊ တစ်ချိန်တည်းမှာ စစ်ဟိုင်ဝူယာတစ်ထောင်က လီဖူချန်းဆီ တစ်ဟုန်ထိုးပြေးဝင်လာတယ်၊ သူတို့တစ်ယောက်ချင်းစီက အစစ်အမှန်ဆန်လွန်းတယ်။
အဆုံးစွန်းအဆင့်မြင့်လေတာအိုအစစ်အမှန်နတ်ဘုရားမတတ်-လေတစ်ထောင်အရိပ်တစ်ထောင်။
"တော်တော်လေးကောင်းတဲ့အစစ်အမှန်နတ်ဘုရားအတတ်ပဲ"
လီဖူချန်းက သူ့ရဲ့သေမင်းဓားကို ဆွဲထုတ်၊ သူ့ရဲ့လက်ကောက်ဝတ်ကို လှုပ်လိုက်တယ်၊ ဓားအားက နွေဦးလေပြေအလား ဟင်းလင်းပြင်ထဲသို့ ပေါင်းစပ်သွားခဲ့တယ်။
နောက်အခိုက်အတန့်မှာ အလင်းက ဓားအဖြစ် ပြောင်းသွားတယ်၊ ဖုန်မှုန့်က ဓားအဖြစ် ပြောင်းသွားတယ်၊ လေထဲရှိအစိုဓာတ်က ဓားတစ်လက်အဖြစ် ပြောင်းသွားတယ်၊ ကောင်းကင်ဘုံနဲ့မြေကြီးကြားရှိ မြင်နိုင်သော၊မမြင်နိုင်သောအရာအားလုံးက ဓားအဖြစ် ပြောင်းသွားတယ်၊ ဒီလိုဆိုပေမယ့် လေက ဓားတစ်လက်အဖြစ် မပြောင်းသွားခဲ့ဘူး၊ တစ်ဖက်လူရဲ့လေတာအိုဥပဒေသက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိထားတယ်၊ လေကိုထိန်းချုပ်မှုက သူ့ထက် ပိုသန်မာတယ်။
အဆုံးစွန်းအဆင့်မြင့်ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်-မူလအဆုံးစွန်းခုတ်ချက်။
ဖူး.......
စစ်ဟိုင်ဝူယာတစ်ထောင်က ပူဖောင်းတွေပမာ ပေါက်ကွဲထွက်သွားပြီး အဆုံးမှာ ခန္ဓာကိုယ်တစ်ခုပဲ ကျန်ရစ်တော့တယ်။
စစ်ဟိုင်ဝူယာရဲ့အမူအရာက ထိတ်လန့်သွားပေမယ့် ဓားက ရောက်ရှ်ိလာပြီဖြစ်တယ်။ သူက လက်ကို ဆန့်ထုတ်ကာ လီဖူချန်းရဲ့သေမင်းဓားကို ထိတွေ့လိုက်တယ်။
.
သွေးတွေက သူ့ပါးစပ်ထောင့်မှ ပန်းထွက်လာပြီး စစ်ဟိုင်ဝူယာက နောက်သို့ လွင့်ထွက်သွားတယ်။ ဒါ ဘယ်လိုတောင်လဲ၊ မယုံနိုင်စရာကောင်းတဲ့အရာတစ်ခုပဲ၊ သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေရဲ့ထိပ်တန်းမှာ ရပ်တည်နေတာလေ။
"ဓနတ်ဘုရားစိတ်ဝိညာဉ်နဲ့ဓားတာအ််ိုနတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ကိုးဆယ့်ကိုးရာခိုင်နှုန်းကို မရောက်ထားရင် မီးခိုးရောင်အရိပ်ဓားကို မထုတ်ရင် ဓားတာအိုခွန်အားတစ်ခုတည်းနဲ့ ရန်သူကို မနိုင်လောက်ဘူး" လီဖူချန်းက စစ်ဟိုင်ဝူယာရဲ့ခွန်အားကို လေးစားမိနေတုန်းပဲ။ လီဖူချန်းရင်ဆိုင်ခဲ့သမျှအဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေအထဲမှာ တစ်ယောက်မှ စစ်ဟိုင်ဝူယာကို မယှဉ်နိုင်ဘူး၊ တစ်ဖက်လူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်မှာ ရပ်တည်နေတာ သံသယရှိစရာမလိုပါဘူး။
သူ့ခြေဖဝါးက မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် စစ်ဟိုင်ဝူယာရဲ့အမူအရာက ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်"ငါ ဝန်ခံတယ်၊ မင်းက အရမ်းငယ်ပြီး ငါ ထင်တာထက် ဆယ်ဆပိုသန်မာတယ်၊ ငါ့ရဲ့အစစ်အမှန်စွမ်းရည်ကို မထုတ်ဘဲနဲ့ မင်းကို မသတ်နိုင်လောက်ဘူး" ပြောနေရင်း လီဖူချန်းရဲ့ခန္ဓာကိုယ်က ရုပ်ဒြပ်မရှိသလို အစစ်အမှန်မဟုတ်သလို ဖြစ်လာတယ်၊ သူက အတိတ်တုန်းကလဲ မတည်ရှိခဲ့သလို အနာဂတ်မှာလဲ မတည်ရှိသလိုပေါ့။
"အချိန်ဥပဒေသ......'
လီဖူချန်းက ဘယ်သူလဲ။ သူက နေရာလပ်-အချိန်ဥပဒေသနယ်ပယ်ကို အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်အထိ မြှင့်တင်ထားခဲ့တယ်။ အကြည့်တစ်ချက်နဲ့ စစ်ဟိုင်ဝူယာရဲ့ခန္ဓာကိုယ်ကို အချိန်စွမ်းအားတစ်ခုက ဝန်းရံထားတယ်ဆိုတာ သူ မြင်နိုင်တယ်။
အချိန်နတ်ဘုရားစွမ်းအားက အလွန်ဆန်းကြယ်တယ်။ လီဖူချန်းနေရာမှာ အခြားတစ်ယောက်ဆိုရင် အချိန်နတ်ဘုရားစွမ်းအားရဲ့တည်ရှိမှုကို မမြင်နိုင်မှာကို စိုးရိမ်မိတယ်။
"အနည်းဆုံး အဆင့်မြင့်အစစ်အမှန်နတ်ဘုရားစဦးအခြေအနေကို ရောက်ရှိထားတာပဲ"
လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်၊ တစ်ဖက်လူက သူ့ကို အချိန်ဥပဒေသအရ ကျော်ဖြတ်ခဲ့တာပဲ။
တစ်ဖက်လူက အချိန်ဥပဒေသကို ဘယ်လိုနားလည်ထားသလဲကို သိချင်မိတယ်။ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားနဲ့ဆိုရင် စစ်ဟိုင်ဝူယာရဲ့နတ်ဘုရားအသက်က သိပ်မကြီးဘူးဆိုတာ၊ သူ့ထက် အရမ်းမကြီးဘူးဆိုတာ အကြမ်းဖျင်း မြင်နိုင်တယ်။
ဖြစ်နိုင်တာက တစ်ဖက်လူမှာလဲ ကောင်းကင်ဆန့်ကျင်ရတနာတစ်ခု ရှိနေတာများလား။
သူ့မှာ ရွှေရောင်အဆောင်ရှ်ိသလို အခြားသူတွေမှာလဲ အခြားကောင်းကင်ဆန့်ကျင်ရတနာတွေ ရှိနိုင်တာပဲလေ။
မနှိုင်းယှဉ်တော့ဘဲ လက်ရှိမှာ သူ့ရဲ့နေရာလပ်-အချိန်ဥပဒေသက တစ်ဖက်လူရဲ့အချိန်ဥပဒေသကို မယှဉ်နိုင်ဘူးဆိုတာ လီဖူချန်းက သိတယ်၊ နယ်ပယ်ကွာဟချက်က ကြီးမားလွန်းပါတယ်လေ။
ဒါကြောင့် ရန်သူကို တိုက်ခိုက်ဖို့ သူက နေရာလပ်-အချိန်စွမ်းအားကို အသုံးမပြုတော့ဘဲ ဓားတာအိုစွမ်းအားကိုပဲ အသုံးပြုခဲ့တယ်၊ ဒါပေမယ့် ဒီတစ်ခါမှာတော့ သူက မီးခိုးရောင်အရိပ်ဓားကို ဆွဲထုတ်လိုက်တယ်။
မီးခိုးရောင်အရိပ်ဓားနဲ့ဆိုရင် ရန်သူရဲ့အချိန်စွမ်းအားကို ချိုးဖြတ်ဖို့ ဖြစ်နိုင်တယ်။
"ရုန်းကန်ဖို့ မလိုအပ်ဘူး။ အချိန်နဲ့ ရင်ဆိုင်ရရင် ရုန်းကန်မှုဆိုတာ အဓိပ္ပါယ်မရှိတော့ဘူး"
စစ်ဟိုင်ဝူယာက ဘယ်လိုလှုပ်ရှားခဲ့သလဲကို ဖော်ပြဖို့ မဖြစ်နိုင်ဘူး၊ ဘာလို့ဆို သူ လှုပ်ရှားတဲ့အခါ အချိန်စီဆင်းမှုက ရပ်တန့်သွားပုံရတယ်၊ ရွေ့လျားမှုဖြစ်စဉ်ကို တိုက်ရိုက်ဖျောက်ဖျက်ခဲ့တာပဲ။
လက်ချောင်းတစ်ချောင်းက လီဖူချန်းရဲ့မျက်ခုံးတွေကြားမှာ ထွက်ပေါ်လာပြီး သူက လီဖူချန်းရဲ့မျက်ခုံးကို ထိုးဖောက်တော့မယ့်အခိုက်မှာ။
"သွားစမ်း"
ဓားအလင်းတစ်ခုက သူတို့နှစ်ယောက်ကြားမှာ ဖူးပွင့်လာတယ်။ ဓားအလင်းက အချိန်နတ်ဘုရားစွမ်းအားရဲ့ပိတ်ဖုံးမှုကို ဆုတ်ဖြဲခဲ့တယ်။
မနီးမဝေးမှ စစ်ဟိုင်ဝူယာက ဘယ်တော့မှ မရွေ့လျားခဲ့ပုံထင်ရတယ်၊ သူ့ပုံရိပ်က တဖြည်းဖြည်းပိုရှင်းလင်းလာတယ်။
"မင်း ဒါ ဘယ်လိုလုပ် မြင်ခဲ့တာလဲ"
စစ်ဟိုင်ဝူယာက အနည်းငယ်ပဟေဠိဖြစ်နေမိတယ်။
နှစ်ဖက်အ ကြား ခွန်အားမှာ ကြီးမားတဲ့ကွာခြားချက်တစ်ခုမရှိရင် သူ့ရဲ့အချိန်နတ်ဘုရားစွမ်းအားကို ဖြတ်မြင်နိုင်ဖို့က မဖြစ်နိုင်ဘူးလေ။
မဟုတ်ရင်......
တစ်ဖက်လူကလဲ အချိန်ဥပဒေသကို လေ့ကျင့်ထားတာ မဟုတ်ရင်။
တစ်ဖက်လူရဲ့အချိန်ဥပဒေသအဆင့်က သူ့လောက် မမြင့်ရင်တောင် အချိန်ဥပဒေသကို လေ့ကျင့်ထားသရွေ့ အချိန်နတ်ဘုရားအတတ်ရဲ့အရိပ်အယောင်ကို ရှာတွေ့နိုင်မှာပါ။
လီဖူချန်းက အချိန်ဥပဒေသကို လေ့ကျင့်ထားတယ်လို့ စစ်ဟိုင်ဝူယာက ယုံကြည်တယ်။
သို့မဟုတ်ရင် တစ်ဖက်လူက ဆည်းဆာကျောက်တုံးကို ဘာလို့ လေလံဆွဲတော့မှာလဲ။
"ကံမကောင်းစွာနဲ့ အရာအားလုံးက အချည်းနှီးပဲ။ မင်း လုံးဝမသိဘူးပဲ။ အချိန်ဥပဒေသက ကြောက်စရာကောင်းတယ်၊ အချိန်က မြားတစ်ချောင်းလိုပဲ"
စစ်ဟိုင်ဝူယာရဲ့ရှေ့မှာ တည်ရှိမှုမရှိတဲ့အချိန်လေးတစ်ခုက သိပ်သည်းလာပြီး အချိန်မြားတစ်ချောင်းကို လေးညှိလိုက်တယ်။
ဝှစ်.......
အချိန်မြားပျံသန်းခြင်း။
ဒိအချိန်မှာ အချိန်စီးဆင်းမှုက ရပ်တန့်သွားတယ်လို့ တကယ်ခံစားမိတယ်။
မဟုတ်ဘူး၊ အချိန်စီးဆင်းမှုရပ်တန့်တာ မဟုတ်ဘူး။
စစ်ဟိုင်ဝူယာရဲ့အဆင့်မြင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်အချိန်ဥပဒေသအရ ဆည်းဆာနတ်ဘုရားကမ္ဘာမှာ အချိန်စီးဆင်းမှုကို ရပ်တန့်ဖို့က မဖြစ်နိုင်ဘူးလေ။
မင်းက နတ်ဘုရားကမ္ဘာမှာ အချိန်စီးဆင်းခြင်းကို ရပ်တန့်ဖို့ဆိုရင် အဲဒါက အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတစ်ခုဆိုရင်တောင် သေးငယ်တဲ့ဧရိယာတစ်ခုဆိုရင်တောင် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရဲ့အချိန်ဥပဒေသကို အသာထား၊ ဆန်းကြယ်နတ်ဘုရားရဲ့အချိန်ဥပဒေသကတောင် မဖြစ်နိုင်ဘူး။
အချိန်စီးဆင်းခြင်းရပ်တန့်တယ်လို့ ထင်ရတဲ့ အကြောင်းပြချက်ကတော့ ငါ့ရဲ့အတွေးနဲ့အာရုံမှာ ပြဿနာတစ်ခုရှိသွားလို့ပဲ။
တစ်ဖက်လူရဲ့အချိန်ဥပဒေသက သူ့ရဲ့ကိုယ်ပိုင်အတွေးကို ရပ်တန့်စေခဲ့တယ်။
"ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့အချိန်ဥပဒေသလဲ"
လီဖူချန်းက ထိတ်လန့်သွားတယ်။
သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာ ရှိတယ်။ ဒါတောင် သူ့ရဲ့အတွေးကို သက်ရောက်ခဲ့တယ်။ သူ့နေရာမှာ အခြားတစ်ယောက်ယောက်ဆိုရင် လုံးဝခုခံနိုင်စွမ်း ရှိမှာမဟုတ်ဘူး။
ဒါပေမယ့် စစ်ဟိုင်ဝူယာနဲ့ ရင်ဆိုင်ရတဲ့အခါ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေက မခုခံနိုင်ဘူးလို့တော့ မဆိုလိုပါဘူး။
အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်က လီဖူချန်းနဲ့ မယှဉ်နိုင်ပေမယ့် ၎င်းရဲ့စွမ်းအားက လီဖူချန်းထက် အဆတစ်ရာပိုသန်မာတယ်။ အကြွင်းမဲ့စွမ်းအားနဲ့ ရင်ဆိုင်ရတဲ့အခါ အချိန်စွမ်းအားက အကူအညီမဲ့မှာပဲ။
ကံကောင်းစွာနဲ့ အတွေးနဲ့အာရုံကို တစ်ခဏပဲ သက်ရောက်ခဲ့တာ။ တစ်ခဏပြီးနောက် လီဖူချန်းက အပြည့်အဝသက်သာလာခဲ့တယ်။
ဒါပေမယ့် စစ်ဟိုင်ဝူယာရဲ့အမြင်အရ လီဖူချန်းရဲ့ပြန်သက်သာလာနိုင်စွမ်းက အနည်းငယ်နောက်ကျမယ်ပေါ့။
အချိန်မြားနဲ့ လီဖူချန်းရဲ့အသက်ကို တိုက်ရိုက်ပျက်သုန်းစေလိမ့်မှာပေါ့။
"ဓားတာအိုက ကင်းမဲ့နေတုန်းပဲ......."
လီဖူချန်းက သက်ပြင်းချလိုက်တယ်။
ဓားတာအိုဥပဒေသက ဆည်းပူးဖို့လိုအပ်တဲ့ထိပ်တန်းအဆင့်ဥပဒေသဖြစ်ပြီး တိုးတက်မှုအလားအလာက အလွန်မြင့်မားတယ်၊ ဒါပေမယ့် မွေးရာပါအားဖြင့် နေရာလပ်-အချိန်ဥပဒေသ၊ အချိန်ဥပဒေသ၊ နေရာလပ်ဥပဒေသတို့ကို မယှဉ်နိုင်ဘူး။
နှိုင်းယှဉ်ကြည့်ရရင် မွေးရာပါထိပ်တန်းအဆင့်ဥပဒေသတွေက ချမ်းသာတဲ့မိသားစုရဲ့ကလေးတွေပမာဖြစ်ပြီး ဆည်းပူးဖို့လိုအပ်တဲ့ထိပ်တန်းအဆင့်ဥပဒေသတွေက ဆင်းရဲတဲ့မိသားစုရဲ့ကလေးတွေပမာ ဖြစ်တယ်။
နှောင်းပိုင်းအခြေအနေမှသာ ဓားတာအ်ိုဥပဒေသလို ဆည်းပူးဖို့လိုအပ်တဲ့ထိပ်တန်းအဆင့်ဥပဒေသတွေက လိုက်မီလာနိုင်ပြီး မွေးရာပါထိပ်တန်းအဆင့်ဥပဒေသတွေနဲ့ ယှဉ်နိုင်လာမှာ။
အခြားအရာတွေကို မပြောကြတော့စို့၊ ဓားတာအိုဥပဒေသက တိုက်ခိုက်ရာမှာ ကောင်းပေမယ့် မင်းက တိုက်ခိုက်ဖို့ အခွင့်အရေးတောင်မရှိရင် တိုက်ခိုက်ရေးက ဘယ်လောက်ပဲကောင်းကောင်း ကိစ္စမရှိတော့ဘူး။
အခု လီဖူချန်းရဲ့ဓားတာအ်ိုဥပဒေသလိုပေါ့။ စစ်ဟိုင်ဝူယာရဲ့အချိန်ဥပဒေသနဲ့ ရင်ဆိုင်တဲ့အခါမှာ သူက သူ့ရဲ့ဓားကို အသုံးပြုဖို့တောင် အခွင့်အရေးမရှိခဲ့ဘူး၊ သူက နေရာတိုင်းမှာ ခံစစ်ဖြစ်နေတယ်။
အချိန်မြားတစ်ဝက်လောက်က လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်လာခဲ့တယ်။ လီဖူချန်းရဲ့အသက်အား(မူလချီ)က ဖယ်ရှားခံရတော့မှာ မြင်တဲ့အခါ ဖျက်ဆီးခြင်းစွမ်းအားတစ်ခုက ပေါက်ကွဲထွက်လာပြီး အချိန်မြားကို တစ်ခါတည်းနဲ့ သုတ်သင်ပစ်လိုက်ကာ စစ်ဟိုင်ဝူယာဆီ ရွေ့လျားလာခဲ့တယ်။