← Chapters

ဉာဏ်ရည်မြင့်သောသက်ရှိများဖန်တီးခြင်း

Vol. 45 Ch. 624

ဉာဏ်ရည်မြင့်သောသက်ရှိများဖန်တီးခြင်း

Vol. 45 Ch. 624

သက်ရှိသတ္တဝါတစ်ခုသည် လုံလောက်အောင် သန်မာလာပါက ပိုမိုအဆင့်မြင့်သော သက်ရှိသတ္တဝါအဖြစ် ဆင့်ကဲပြောင်းလဲနိုင်ရန် ကောင်းကင်နှင့်မြေပြင်၏ ဝိဉာဉ်စွမ်းအင်များကို ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းနိုင်ပေလိမ့်မည်။

သက်ရှိစွမ်းအင်နှင့် ပထမဆုံး ပေါင်းစပ်နိုင်သည့် ဒိုင်နိုဆောမှာ ထရန်နိုဆောရပ်စ်(ရက်စ်) ဖြစ်သည်။

ထိုထရန်နိုဆောရပ်စ်(ရက်စ်)သည် ကာချာရိုဒွန်တိုဆောရပ်စ်အား တစ်ကိုက်တည်းဖြင့် စားပစ်နိုင်လောက်အောင် ကြီးမားသည်။ ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအင်ကြောင့် ထရန်နိုဆောရပ်စ်(ရက်စ်)များ၏ အုပ်စုခေါင်းဆောင် ဖြစ်လာပြီး ကြီးမားသောပိုင်နက်အား သိမ်းပိုက်နိုင်လာသည်။

မကြာမီတွင် သက်ရှိစွမ်းအင်များနှင့် ပေါင်းစည်းနိုင်သော ဒိုင်နိုဆောများစွာ မွေးဖွားလာကြသည်။

ထိုသက်ရှိစွမ်းအင်များနှင့် ပေါင်းစပ်ထားသော ဒိုင်နိုဆော ရုပ်အလောင်းများကို စားသုံးကြသည့် ခြင်္သေ့များ၊ ဝံပုလွေများ၊ မိကျောင်းများနှင့် အခြားသော သားစားတိရစ္ဆာန်များလည်း သက်ရှိစွမ်းအင် ပေါင်းစည်းနိုင်သော စွမ်းရည်အား ရရှိသွားလေသည်။

ရလဒ်အနေဖြင့် ကမ္ဘာကြီး၏ ဂေဟစနစ်မှာ ပိုမိုအားကောင်းလာပြီး ပိုမိုလည်း ရှုပ်ထွေးလာသည်။ တီနာသည်ပင် အချိန်အား အဆတစ်သောင်းမျှသာ မြန်နိုင်တော့သည်။

ပင်လယ်ထဲတွင်မူ ရေနေဒိုင်နိုဆောများ မင်းမူနေကြသည်။ ၎င်းတို့သည် ထိတ်လန့်ဖွယ် ကောင်းလောက်အောင် ရက်စက်ကာ အစာလည်း မရွေးကြပေ။ မြွေနဂါးများနှင့် ဆင်တူသော သန္ဓေပြောင်း ရေနေဒိုင်နိုဆောများပင်ရှိပြီး ၎င်းတို့သည် ရေအားလိုအပ်သလို ခြယ်လှယ်နိုင်ကြသည်။

ကောင်းကင်တွင်မူ ပျံသန်းနိုင်သော ဒိုင်နိုဆောများ ကြီးစိုးကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်မှာ ပေါ့ပါးပါသော်လည်း အတောင်များမှာ ဓားများသဖွယ် ထက်ရှနေသောကြောင့် ပျံဝဲသွားတိုင်း လေခွင်းသံကို ကြားနိုင်သည်။ ခပ်နိမ့်နိမ့်မှသာ ပျံသန်းသွားပါက ကုန်းနေဒိုင်နိုဆောများကိုပင် အတောင်ဖြင့် ခေါင်းဖြတ်ပစ်နိုင်ပေသည်။ အချို့ဆိုလျှင် အာခံတွင်းမှတဆင့် အားကောင်းသော လေစွမ်းအားကိုပင် ထုတ်လွှတ်နိုင်ကြသည်။ ၎င်းတို့မှာ ကောင်းကင်ဧကရာဇ်များပင်။

မြေပြင်တွင်လည်း အသားစား ဒိုင်နိုဆောများမှာ အာဏာရရှိရေးအတွက် တစ်ကောင်နှင့်တစ်ကောင် အပြင်းအထန် တိုက်ခိုက်ကြသည်။ အချို့သော အုပ်စုခေါင်းဆောင်များဆိုလျှင် ကြောက်မက်ဖွယ် တိုက်ပွဲများ၌ တောင်အငယ်စားများကိုပင် ဖျက်စီးပစ်ကြသည်။

အန်လင်းမှာ ဒိုင်နိုဆောခေတ်အား ငေးမောကြည့်ရှုကာ မှင်သက်နေမိသည်။

"ဘီလူးအန်လင်း.....အခု ဉာဏ်ရည်မြင့်တဲ့ သက်ရှိတွေ ဖန်တီးဖို့ အသင့်ဖြစ်ပြီ ထင်တာပဲ။"

တီနာ၏ စကားသံမှာ ရုတ်တရက် ထွက်ပေါ်လာသောကြောင့် အန်လင်း ကြက်သီးထသွားသည်။

"ဘ....ဘာ....အခု လူသားတွေ ဖန်တီးလို့ရပြီ ဟုတ်လား။"

အန်လင်း အံ့အားသင့်သွားမိသည်။

"မဟုတ်ဘူး....မဟုတ်ဘူး။"

တီနာ အလျင်အမြန် ရှင်းပြလိုက်သည်။

"လှည့်လည်နေတဲ့ စိတ်ဝိဉာဉ်တွေ အများကြီးကို စုပ်ယူခဲ့တာဆိုတော့ လူသားတွေ မဖန်တီးခင် အခြေအနေတွေအားလုံး နေသားတကျ ဖြစ်နေမှရမယ်။ ဒါပေမယ့် ဟင်းလင်းပြင်သို့အပြန် ကျင့်ကြံသူ ကိုးယောက်ရဲ့ သက်ရှိအဆီအနှစ်ကိုသုံးပြီး တခြားသက်ရှိတွေ ဖန်တီးလို့ ရတယ်လေ။"

"သူတို့တွေက သက်ဆိုင်ရာ မျိုးနွယ်စုက အမြင့်ဆုံး သက်ရှိတွေကို ကိုယ်စားပြုတယ်။ သူတို့ရဲ့ အမွေအနှစ်ကလည်း အခုပြီးပြည့်စုံနေပြီ။ ပြီးတော့ သူတို့ရဲ့ မျိုးဗီဇတွေကလည်း ထူးခြားတယ်။ အဲ့ဒါကြောင့် အဲ့သက်ရှိအဆီအနှစ်တွေနဲ့ဆိုရင် ဉာဏ်ရည်မြင့်တဲ့ မျိုးနွယ်စု ကိုးခုကို ဖန်တီးဖို့ လွယ်လိမ့်မယ်။"

အန်လင်း ခေါင်းညိတ်သဘောတူလိုက်သည်။

ဝှစ်.....

ချက်ချင်းဆိုသလို တောက်ပနေသော ပုံရိပ်တစ်ခု သူ၏ဘေးသို့ ရောက်ရှိလာသည်။

အန်လင်း လှည့်ကြည့်လိုက်ပြီးနောက် မျက်ဝန်းများ ကျဉ်းမြောင်းသွားရလေသည်။

ထိုမိန်းမငယ်လေးသည် ပြီးပြည့်စုံလွန်းပြီး ဖြူစင်ဝင်းမွတ်နေသော အသားအရေကို ပိုင်ဆိုင်ထားသည်။

သူမသည် အဖြူရောင် ပန်းပွင့်ဝတ်စုံအား ဆင်မြန်းထားကာ ရွှေရောင်ဆံနွယ်များမှာ နေရောင်အောက်တွင် တလက်လက် တောက်နေကာ မြစိမ်းရောင် မျက်ဝန်းလေးများမှာ ကြည်လင်နေပြီး ညှို့ငင်အားကောင်းသော အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားသည်။

သူမအား ကြည့်ရသည်မှာ ပြီးပြည့်စုံမှု အရှိဆုံး မြင့်မြတ်နတ်သမီးတစ်ပါးသဖွယ် တင့်တယ်လှသောကြောင့် အန်လင်း ငေးမောနေမိသည်။

"နာ...နာလေးလား။"

"ငါပါ။"

မိန်းမငယ်လေး ပြုံးကာပြောလိုက်သည်။

"ဘာဖြစ်လို့လဲ။ ငါ့ပုံစံက မပြောင်းသွားပါဘူး။ နင်မမှတ်မိဘူးလား။"

အန်လင်း အသက်ပြင်းပြင်း ရှူနေရသည်။

"နင်....နင် ဘာလို့ကြီးလာတာလဲ။"

တီနာ၏ အရပ်သည် ငါးပေခုနစ်လက်မခန့် ဖြစ်နေသည်။

သူမသည် နတ်ဘုံနတ်နန်းမှ သက်ဆင်းလာသော ကောင်းကင်နတ်မိမယ်လေးဟုပင် ထင်မှတ်ရသောကြောင့် အန်လင်း မယုံကြည်နိုင် ဖြစ်နေမိသည်။

တီနာ ပြုံးကာရှင်းပြလိုက်သည်။

"ငါကြီးချင်လို့ ကြီးလိုက်တာလေ။ ဒီကမ္ဘာမှာ ငါလုပ်ချင်တာ လုပ်လို့ရတယ်။"

ထိုစကားနှင့်အတူ ကြွကြွရွရွလေး တစ်ပတ်လှည့်လိုက်သောကြောင့် အဖြူရောင် ပန်းပွင့်ဝတ်စုံမှာ ပြီးပြည့်စုံသော ခန္ဓာကိုယ်ကောက်ကြောင်းများအား ပေါ်လွင်သွားစေသည်။

သူမသည် ကောင်းကင်ထက်တွင်ရှိသော သိမ်မွေ့နူးညံ့သည့် အလှတရားကို ကိုယ်စားပြုသော အင်မော်တယ်ကြာပန်းလေးနှင့်ပင် ဆင်တူသည်။

"ငါလှရဲ့လား။"

တီနာ ရယ်မောကာ မေးမြန်းလိုက်သည်။

အန်လင်း တံထွေးမြိုချပြီးမှသာ ခေါင်းညိတ်လိုက်နိုင်သည်။

"လှတာပေါ့။ ဒါနဲ့ နင်ဘာလို့ ရောက်လာတာလဲ။"

"အချက်အလက် စုဆောင်းဖို့လေ။ ကောင်းကင်နဲ့မြေပြင် ဖြစ်နေရတာက အခုလောက် ဒီကမ္ဘာကြီးကို သေသေချာချာ မခံစားရဘူး။ ငါသွားချင်တဲ့ နေရာတချို့ကို ရွေးပြီးသွားပြီ။"

"အော်...."

အန်လင်း အူကြောင်ကြောင်နှင့်ပင် ခေါင်းညိတ်မိသည်။

"သွားရအောင်လေ။"

တီနာ ရယ်မောကာ အန်လင်း၏လက်အား ဆွဲလိုက်ပြီးနောက် လေထုမှာ ကျုံ့ဝင်သွားတော့သည်။

ထို့နောက် မမြင်ဖူးသော သမုဒ္ဒရာ တစ်ခု၏ ကောင်းကင်ထက်သို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။

အန်လင်းမှာ နေရာအကူးအပြောင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ထိုသည်မှာ လေဟာနယ်ခြယ်လှယ်ခြင်းထက်ပင် ပိုကြမ်းနေပြီး ဂိမ်းထဲတွင် hackingသုံးလိုက်သလို မည်သည့်ဘေးထွက်ဆိုးကျိုးမှ မရှိပဲ သွားလိုသော နေရာသို့ မျက်စိတမှိတ်အတွင်း ရောက်ရှိလာခဲ့သည်။

"ဒီသမုဒ္ဒရာမှာ ကျင်းရှန်းငါးကလန်နဲ့ ကောင်းကင်လိပ်မျိုးနွယ်စုကို ဖန်တီးရအောင်။"

တီနာ တီတိုးရေရွတ်သည်။

အန်လင်း နားမလည်နိုင် ဖြစ်သွားသည်။

"ဘာလဲ....သူတို့ကို ရေထဲမှာပဲ နေခိုင်းမလို့လား။"

"ကောင်းကင်လိပ်မျိုးနွယ်စုနဲ့ ကျင်းရှန်းငါးကလန်က ကုန်းနေရေနေ မျိုးစိတ်တွေဆိုတော့ သူတို့အတွက် ကုန်းမြေတစ်ခု အရင်လုပ်ပေးရမှာပေါ့။"

တီနာ လက်ချောင်းများ လှုပ်ရှားလိုက်သည်နှင့် သမုဒ္ဒရာ တစ်ခုလုံး တုန်ခါလာသည်။

ကြီးမားလှသော လှိုင်းလုံးကြီးများနှင့်အတူ သမုဒ္ဒရာ အောက်ခြေမှ ကုန်းမြေကြီးတစ်ခု ပေါ်ထွက်လာလေသည်။

ထိုကုန်းမြေသည် အနည်းဆုံး ကီလိုမီတာ ငါးရာမျှ ကျယ်ဝန်းလိမ့်မည်ဟု အန်လင်း တွက်ဆမိသည်။ ထိုက်ချူကုန်းမြေတွင်သာ ထိုကဲ့သို့ ဖန်တီးနိုင်ပါက ထိုသူအား အားလုံးဒူးထောက်ခစားရပေလိမ့်မည်။

တီနာသည် ဤကမ္ဘာ၏ ဖန်ဆင်းရှင် နတ်ဘုရားမဖြစ်ကြောင်း ပြန်လည်အမှတ်ရမိသွားသည်။

ထို့ကြောင့် သူမ အလိုရှိရာ မှန်သမျှ ဖြစ်ပေါ်လာလိမ့်မည်ပင်။

"အင်း....နည်းနည်းတော့ မှိုင်းတိုင်းတိုင်း ဖြစ်နေသလိုပဲ။"

အန်လင်းမှာ မတ်စောက်သော ကျောက်တုံးကျောက်ဆောင်များ နေရာယူထားသည့် ကုန်းမြေကိုကြည့်ကာ တွေဝေသွားသည်။

တီနာ၏ မြစိမ်းရောင် မျက်ဝန်းထဲတွင် အဖြူရောင်အလင်းတန်းများ ဖြတ်ခနဲ လက်သွားသည်။

"အချိန်ကုန်ဆုံးခြင်းကို သီးသန့်ခွဲလိုက်...."

အသစ်စက်စက် ကုန်းမြေပေါ်တွင် ကျယ်ပြန့်သော စွမ်းအင်များ နေရာယူလာပြီး အပင်များမှာ ကြောက်မက်ဖွယ် အရှိန်နှင့် ကြီးထွားလာသောကြောင့် စိမ်းစိုသော နေရာတစ်ခုအဖြစ် တမုဟုတ်ချင်း ပြောင်းလဲသွားသည်။

အန်လင်း: "......."

"အင်း...ကျင်းရှန်းငါးကလန်ကို ဒီမှာထားသင့်လား။"

တီနာ သမုဒ္ဒရာ တစ်နေရာအား ညွှန်ပြလိုက်သည်။

အန်လင်း တစ်ချက်မျှကြည့်ကာ ခေါင်းညိတ်ပြသည်။

တီနာ၏လက်ထဲတွင် အလွန်အားကောင်းသော စွမ်းအင်လုံးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုစွမ်းအင်လုံးသည် ချီလော့မြို့တွင် ရှိနေသော အလင်းလုံးများနှင့် အငွေ့အသက် ဆင်တူနေသောကြောင့် ထိုကိုးခုထဲမှ တစ်ခုပင် ဖြစ်ပေလိမ့်မည်။

ဝှစ်.....

စွမ်းအင်လုံးမှာ ရုတ်ချည်းဆိုသလို ပြန့်ကားလာပြီး အသက်စွမ်းအင်များ ကောင်းကင်နှင့်မြေပြင်တခွင် ပျံ့နှံ့ကာ ပြန်လည်သိပ်သည်းသွားသည်။

ဖန်ဆင်းရှင် နတ်ဘုရားမဖြစ်သော တီနာ၏ ခန္ဓာကိုယ်တွင် မြင့်မြတ်သော အလင်းများ တောက်ပနေသည်။ သူမသည် သမုဒ္ဒရာ တစ်နေရာအား လက်ညှိုးညွှန်လိုက်သည်နှင့် ထောင်နှင့်ချီသော အဖြူရောင်ဥများ ဖြစ်ပေါ်လာသည်။

ဥနှင့်ကြက် မည်သည့်အရာ အရင်ဖြစ်ပါသနည်းဟူသော မေးခွန်းအား အန်လင်း သိသွားလေပြီ။

ဝှစ်....

အားကောင်းသော အသက်စွမ်းအင်တစ်ခုမှာ ၎င်းတို့ထံ ပျံဝဲလာသည်။

ထို့နောက် အနီရောင် ငါးအမြှီးနှင့် မိန်းမငယ်လေးတစ်ယောက် ထွက်ပေါ်လာတော့သည်။

"ဟုန်ယွီကျီ...ကျင်းရှင်းငါးကလန်ရဲ့ ပထမမျိုးဆက်ကို နင်နဲ့ထားခဲ့မယ်။"

တီနာ၏ စကားသံမှာ နတ်ဘုရားမတစ်ပါး၏ အမိန့်လိုပင်။

ရေသူမလေးမှာ ညင်သာစွာ တုံ့ပြန်လိုက်သည်။

"ကျွန်မရဲ့ မျိုးနွယ်စုတွေ သေသေချာချာ တိုးတက်လာအောင် စောင့်ရှောက်ပေးပါ့မယ်။"

ထိုအမျိုးသမီးသည် နယ်မြေအူတိုင် အပိုင်းအစအတွက် အနစ်နာခံခဲ့သော အနီရောင်ဝတ်စုံနှင့် ဟင်းလင်းပြင်သို့အပြန် အဖိုးအိုနှစ်ဦးထဲမှ တစ်ဦးဖြစ်လိမ့်မည်ဖြစ်ကြောင်း အန်လင်း သိရှိနေသည်။

သူကူကယ်ရာမဲ့စွာ ဝင်ပါမိသည်။

"သဘာဝ မကျသလို ဖြစ်မနေဘူးလား။ ဒီလိုဆိုရင် မရင်းနှီးတဲ့ ကမ္ဘာကြီးမှာ ရှင်သန်နိုင်ဖို့ တိုက်ခိုက်စရာ မလိုတော့ဘူးလေ။ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ ဘယ်လိုလုပ် တိုးတက်လာတော့မှာပဲ။"

တီနာ အနည်းငယ် တွေးတောကာ လက်ခံလိုက်သည်။

"ကောင်းပြီ....နင်က ရုပ်ထုအဖြစ်နဲ့ပဲ နေလိုက်တော့။ နင့်ရဲ့မျိုးနွယ်တွေ မျိုးတုန်းမယ့် အန္တရာယ်ရှိမှ ထွက်လာရမယ်။"

ဟုန်ယွီကျီ: "......"

ဟုန်ယွီကျီမှာ ထောင်ပေါင်းများစွာသော ကျင်းရှန်းငါးဥများကြား ရုပ်ထုဖြစ်သွားသည်။

"ကျင်းရှန်းသခင်မ"ဟူသော စာလုံးအား ရုပ်ထုအောက်တွင် ရေးထိုးထားသောကြောင့် ကျင်းရှင်းငါးမျိုးနွယ်စုများ အားလုံးမှာ သူမအား ဖန်ဆင်းရှင် နတ်ဘုရားမအဖြစ် အရိုအသေ ပြကြပေလိမ့်မည်။

အနာဂတ်တစ်နေ့တွင် ကျင်းရှန်းငါးကလန်၏ ပူဇော်ခံ ပြယုဂ်တစ်ခုပင် ဖြစ်လာနိုင်ပေသည်။

All Chapters