အခန်း (၂၃၅-၂၃၆)
Vol. 23 Ch. 235-236
အခန်း ၂၃၅ - ရှင်ဘုရင်ကို ကယ်ရန် ရထားလုံးကို စတေးခြင်း
နန်းတွင်းဆေးရုံ၌ ဝါးလုံးနှစ်လုံးကို မြှင့်တင်ထားပြီးဖြစ်သည် ။ ယနေ့ ရာသီဥတုမှာ အလွန်သာယာလှသော်လည်း နန်းတွင်း ဆေးရုံတစ်ခုလုံးတွင်မူ ထိတ်လန့်ခြောက်ခြားမှုများနှင့် ပြည့်နှက်နေ၏။
"သမားတော်ကြီးရှဲ့... ဝူကျိရှန်းကဘုရင်မင်းမြတ်ရဲ့အမိန့်တော်အရနန်းတွင်း ဆေးရုံမှာ အမှုကြီးတစ်ခုကို စတင်စုံစမ်းတော့မယ်လို့ ကြားတယ်"
"ငါတို့ ဘာလုပ်ကြမလဲ။ ဘယ်လိုလုပ်ရမလဲ။ ငါတို့လုပ်ခဲ့တဲ့ ကိစ္စတွေအကုန်လုံးက..."
"သမားတော်ကြီးရှဲ့... မြန်မြန် ဆုံးဖြတ်ချက်ချပေးပါဦး။ မင်းက ငါတို့ရဲ့ အားကိုးရာတိုင်ကြီးပဲဟာ..."
"ဘာလို့ ထိတ်လန့်နေကြတာလဲ"
နန်းတွင်းဆေးရုံ အကြီးအကဲဟောင်းဖြစ်သူ ရှဲ့ထျန်းယင်းသည် အခြားသူများထက် ပိုမိုတည်ငြိမ်နေ၏။
"ကောင်းကင်ကြီး ပြိုမကျသေးဘူး။ မင်းတို့တွေကတော့ ပျာယာခတ်နေကြပြီ"
"ငါတို့ စည်းလုံးနေသရွေ့ သူ ဘာကိုမှ ရှာဖွေနိုင်မှာ မဟုတ်ဘူး။ အားလုံး တည်တည်ငြိမ်ငြိမ်နေကြ။ အမြဲတမ်း ကြောက်လန့်တုန်လှုပ်နေတဲ့ ပုံစံမျိုး မပြကြနဲ့"
ရှဲ့ထျန်းယင်း၏ တည်ငြိမ်ရင့်ကျက်မှုကြောင့် လူတိုင်းသည် နောက်ဆုံးတွင် စိတ်အေးချမ်းမှုကို ရရှိသွားကြ၏။
"လက်ထောက်ဌာနမှူးရှန့်ရောက်ပြီလား"
"မရောက်သေးဘူး။ မကြာခင် ရောက်လာလိမ့်မယ် ထင်တယ်"
"ငါ သူ့ရဲ့ ရုံးခန်းထဲမှာ သွားစောင့်နေလိုက်မယ်။ သူ ရောက်လာရင် အစစအရာရာ စိတ်ချရမယ့် အစီအစဉ်တစ်ခုကို အတူတူ တိုင်ပင်ကြတာပေါ့"
ရှဲ့ထျန်းယင်းက စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည် ။
"အဘိုးကြီးရှန့်ကတော့ တကယ်ပဲ။ ဘယ်လိုအချိန် ရောက်နေပြီလဲ။ အခုထိ ရောက်မလာသေးဘူး။ လူလွှတ်ပြီး အမြန်လာဖို့ သွားပြောခိုင်းလိုက်"
"အမိန့်အတိုင်းပါ"
ထမင်းတစ်အိုးကျက်ခန့်အချိန်ကုန်လွန်ပြီးနောက် လက်ထောက်ဌာနမှူးရှန့်ချူရုံသည်ရောက်ရှိလာ၏။
သူ ရုံးခန်းထဲသို့ ဝင်လာချိန်တွင် ရှဲ့ထျန်းယင်းအား
"သမားတော်ကြီးရှဲ့... အခြေအနေတွေ ပိုဆိုးလာပြီ ထင်တယ်"
ရှန့်ချူရုံ၏ လေသံမှာ အလွန်အမင်း ပူပန်နေပုံရ၏။
"ဒီကိုလာတဲ့ လမ်းမှာ ဝူကျိရှန်းနဲ့ တိုးမိတယ်။ သူက ကျင်းယီဝေ အစောင့်တပ်ဖွဲ့ဝင် အုပ်စုကြီးကို ဦးဆောင်ပြီး ဇီကူဆိုင်ဆီကို သွားနေတာ..."
"ဇီကူဆိုင်က မရှိတော့ဘူး။ သူ ဘာကိုမှ စုံစမ်းလို့ ရမှာမဟုတ်ဘူး"
စိုးရိမ်ပူပန်နေသော ရှန့်ချူရုံနှင့် နှိုင်းယှဉ်လျှင် ရှဲ့ထျန်းယင်းက ပို၍ တည်ငြိမ်နေ၏။
"ငါတို့ ကြိုတင်လှုပ်ရှားခဲ့တာ ကံကောင်းသွားတယ်။ ဇီကူဆိုင်နဲ့ အထဲက လူတွေကို ငါ သေချာ ရှင်းလင်းထားပြီးပြီ။ မင်းရဲ့ ကျင်းအာကော ဘယ်လိုလဲ"
"ကျင်းအာ ဟုတ်လား... ဘယ်က ကျင်းအာလဲ"
ရှန့်ချူရုံ၏ မျက်ဝန်းများ နီမြန်းသွား၏။
"ဒီကမ္ဘာပေါ်မှာ ကျင်းအာဆိုတာ မရှိတော့ဘူး"
"ကောင်းတယ်... တကယ် ကောင်းတယ်"
"သမားတော်ကြီးရှဲ့... ဒါပေမဲ့ ငါ စိုးရိမ်နေတုန်းပဲ။ ဒါက အသက်အန္တရာယ်နဲ့ ဆိုင်တဲ့ ကိစ္စမို့ ပေါ့ပေါ့ဆဆ လုပ်လို့မရဘူး"
"စိုးရိမ်စရာ မရှိပါဘူး"
ရှဲ့ထျန်းယင်းက တဟားဟား ရယ်မောလိုက်သည် ။
"တကယ်လို့ အမှန်တရား ပေါ်သွားရင်တောင် နန်းတွင်း ဆေးရုံက ဘယ်သူမှ လွတ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အားလုံးက ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်နေလို့ပဲ။ လူတိုင်းရဲ့ အသက်နဲ့ ဆိုင်နေတာမို့ ဘယ်သူမှ လျှောက်ပြောဝံ့မှာ မဟုတ်ဘူး"
"အပြင်က အန္တရာယ်ရှိတဲ့ သဲလွန်စတွေကိုလည်း ငါတို့ ဖျက်ဆီးပစ်လိုက်ပြီ မဟုတ်လား"
"ဒါပေမဲ့ ငါ ကြောက်နေတုန်းပဲ"
"ကြောက်စရာ မလိုပါဘူး။ မင်းက ကျင်းယီဝေ အစောင့်တပ်ဖွဲ့တွေကို မြင်ပြီး ကြောက်နေတာ ဖြစ်ရမယ်"
ရှဲ့ထျန်းယင်းက ပြုံးလျက် ပေါ့ပေါ့ပါးပါး ဖြင့်ရှန့်ချူရုံအတွက် လက်ဖက်ရည်တစ်ခွက် ဖြည်းညှင်းစွာ ငှဲ့ပေးလိုက်၏။
"စိတ်တည်ငြိမ်အောင် လက်ဖက်ရည် သောက်လိုက်ဦး..."
ရှန့်ချူရုံသည် စားပွဲပေါ်ရှိ လက်ဖက်ရည်ကို ကြည့်ကာ မျက်နှာ ချက်ချင်း ပျက်သွား၏။ သူသည် ရုတ်တရက် ရှေ့သို့ ကိုင်းညွတ်ကာရှဲ့ထျန်းယင်းကို စိုက်ကြည့်ရင်း ပြောလိုက်သည် ။
"သမားတော်ကြီးရှဲ့... ငါ အထင်မမှားဘူးဆိုရင် မင်း ဒီလက်ဖက်ရည်ထဲမှာ 'ယစ်မူးအိပ်မက်' အဆိပ်ကို ထည့်ထားတာ မဟုတ်လား"
"အဘိုးကြီးရှန့်... မင်းက ဘာဖြစ်လို့ အဲလို ပြောရတာလဲ"
"ဟူး..."
ရှန့်ချူရုံက နှာခေါင်းရှုံ့လိုက်၏။
"ခင်ဗျားငါ့ကို ကျင်းအာကို သတ်ခိုင်းတာဟာ ရှင်ဘုရင်ကို ကယ်ဖို့ နယ်ရုပ်ကို စတေးတာပဲ။ ဒါပေမဲ့ မင်းကိုယ်မင်း ကယ်ဖို့အတွက် ရှင်ဘုရင်ဖြစ်တဲ့ ငါ့ကိုပါ စတေးဖို့ ဝံ့မဝံ့ ဘယ်သူ သိနိုင်မှာလဲ"
အကျိုးအမြတ်တစ်ခုတည်းကြောင့် ပေါင်းစည်းထားသော အဖွဲ့အစည်းများသည် မဟာမိတ် ပြိုကွဲသွားသောအခါ အချင်းချင်း သံသယဝင်ကြစမြဲဖြစ်သည် ။
ရှန့်ချူရုံ၏ အကြီးမားဆုံး စိုးရိမ်မှုမှာ ရှဲ့ထျန်းယင်းက သူ့ကို သတ်ရန် ဆုံးဖြတ်လိုက်မှာကိုဖြစ်သည်။
"လက်ရှိ အခြေအနေအရ ငါတို့ နှစ်ယောက်လုံး ဘေးကင်းကင်းနဲ့ လွတ်မြောက်ဖို့ မလွယ်ဘူး။ မင်း အသက်ရှင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ငါ့ကို သတ်ပြီး အပြစ်အားလုံးကို ငါ့အပေါ် ပုံချဖို့ပဲ"
"မင်းက ငါ့ကို လက်ဖက်ရည်ထဲ အဆိပ်ခတ်ထားတယ်လို့ သံသယဝင်နေတာလား"
ရှန့်ချူရုံသည် လောကအမြင်ရှိသော လူတစ်ဦးဖြစ်ရာ ရှဲ့ထျန်းယင်က အဆိပ်ကျွမ်းကျင်သူ ဖြစ်ကြောင်း သိထားသဖြင့် သူ ဘယ်လိုလုပ် သတိမထားဘဲ နေမည်နည်း။
ရှဲ့ထျန်းယင်သည် မည်သည့်စကားမျှ မပြောဘဲ လက်ဖက်ရည်ခွက်ကို ယူကာ တစ်ကျိုက်တည်း သောက်ချလိုက်၏။
"မင်းက လက်ဖက်ရည်ထဲ အဆိပ်ပါနေတယ်လို့ သံသယဝင်နေတာ မဟုတ်လား"
"ငါကိုယ်တိုင် သောက်ပြလိုက်ပြီဆိုတော့ မင်း စိတ်အေးသွားပြီ မဟုတ်လား"
"အဘိုးကြီးရှန့်... ငါတို့က လှေတစ်စင်းတည်းစီး လာကြတာ။ ဘယ်သူမှ လွတ်မှာမဟုတ်ဘူး။ ဒီလို အရေးကြီးတဲ့ အချိန်၊ လေပြင်းမုန်တိုင်း တိုက်ခတ်နေတဲ့ အချိန်မှာ ငါတို့တွေ အတူတူ ပူးပေါင်းပြီး ဒုက္ခကို ကျော်လွှားရမယ်"
ရှဲ့ထျန်းယးင်က မတ်တတ်ရပ်ကာ စိတ်မကောင်းသော အမူအရာဖြင့် ပြောလိုက်၏။
"ငါတို့ ဘာမှ မလုပ်ရသေးခင်မှာတင် မင်းက အချင်းချင်း သံသယဝင်နေပြီ။ ဝူကျိရှန်း မစုံစမ်းခင်မှာတင် ငါတို့တွေ အချင်းချင်း သတ်ကြတော့မှာလား"
"ငါတို့ချင်း စည်းလုံးနေသရွေ့ ဝူကျိရှန်းက ဘာကိုမှ ရှာဖွေနိုင်မှာမဟုတ်ဘူး။ သူ ငါတို့ကို ဘာလုပ်နိုင်မှာလဲ"
ရှဲ့ထျန်းယင်းက စိတ်ရင်းအမှန်ဖြင့် ပြောဆိုလိုက်၏။
"နန်းတွင်းဆေးရုံရဲ့ ကိစ္စတွေက မင်းနဲ့ငါ့အပေါ်မှာပဲ မူတည်နေတာ။ တကယ်လို့ ငါတို့နှစ်ယောက်ကြားမှာတောင် ယုံကြည်မှုမရှိရင် ဝူကျိရှန်းကို ဘယ်လို ရင်ဆိုင်မလဲ"
ခံတပ်တစ်ခုသည် အတွင်းပိုင်းမှသာ ပျက်စီးတတ်သည် ။
အရေးကြီးသော အချိန် ရောက်လေလေ ပိုမိုစည်းလုံးရလေလေ ဖြစ်၏။ အချင်းချင်း သံသယဝင်ခြင်းမှာ ပျက်စီးခြင်း၏ နိမိတ်လက္ခဏာ ဖြစ်သည် ။
ရှန့်ချူရုံသည် ဤသဘောတရားကို နားလည်သဖြင့် သူ၏ အမူအရာကို ချက်ချင်း ပြောင်းလဲလိုက်၏။
"သမားတော်ကြီးရှဲ့ပြောတာ မှန်ပါတယ်။ ငါက စိတ်ကျဉ်းမြောင်းစွာနဲ့ မင်းကို သံသယဝင်မိတာ။ခွင့်လွှတ်ပေးပါ"
"မင်းနဲ့ငါ့ကြားမှာ အတူတူ သေဘေးကို ကျော်လွှားလာခဲ့တာပဲ။ ဒီလို အားနာစရာတွေ မလိုပါဘူး"
သည် တည်ငြိမ်သော စစ်သူကြီးတစ်ဦးကဲ့သို့ ရန်သူအပါးသို့ ရောက်နေသော်လည်း တည်ငြိမ်စွာ လျှောက်လှမ်းနေ၏။
"ငါတို့ လုပ်သင့်တာတွေ လုပ်ပြီးပြီ။ အခြေအနေတွေ ပုံမှန်အတိုင်း ရှိနေသရွေ့ ငါတို့ဘက်က အမှားမလုပ်သရွေ့ ဝူကျိရှန်းက..."
စကားမဆုံးခင်မှာပင် ရှန့်ချူရုံ၏ နောက်သို့ ရောက်ရှိနေသော ရှဲ့ထျန်းယင်သည် ရုတ်တရက် ပိုးကြိုးတစ်ချောင်းကို ထုတ်ကာ ရှန့်ချူရုံ၏ လည်ပင်းသို့ စွပ်၍ အစွမ်းကုန် တင်းကြပ်စွာ ဆွဲညှစ်လိုက်တော့၏။
ဝူကျိရှန်းက အပြင်းအထန် စုံစမ်းနေပြီ ဖြစ်ရာ ဤအခြေအနေတွင် ဘေးကင်းစွာ လွတ်မြောက်ရန် မဖြစ်နိုင်ပေ ။ မိမိကိုယ်ကို ကယ်တင်ရန်အတွက် ရထားလုံးကို စတေး၍ ရှင်ဘုရင်ကို ကယ်ရမည် ဖြစ်သည် ။
ရှန့်ချူရုံကို သတ်ပစ်ပြီး သူ့ကို အပြစ်အားလုံး ပုံချလိုက်မှသာ ရှဲ့ထျန်းယင် ဘေးကင်းနိုင်မည် ဖြစ်၏။
ရှန့်ချူရုံသည် မိုက်မဲသူမဟုတ်သဖြင့် ဤအရာကို ကြိုတင်တွေးတောကာ သတိထားခဲ့သည် ။သူသည် ရှဲ့ထျန်းယင်းသည် အဆိပ်ကျွမ်းကျင်သူ ဖြစ်ကြောင်း သိထားသဖြင့် သူ သတ်မည်ဆိုလျှင် အဆိပ်ကိုသာ သုံးလိမ့်မည်ဟု ထင်မှတ်ကာ လက်ဖက်ရည်ကို လုံးဝမသောက်ဘဲ ငြင်းဆန်ခဲ့ခြင်း ဖြစ်၏။
ရှဲ့ထျန်းယင်းက ရှန့်ချူရုံ၏ အတွေးကို ကြိုတင်ခန့်မှန်းထားသဖြင့် အဆိပ်ကို မသုံးခဲ့ပေ ။ သူသည် အဆိပ်မပါသော လက်ဖက်ရည်ကို ရည်ရွယ်ချက်ရှိရှိ သောက်ပြကာ မိမိတွင် သစ္စာဖောက်မည့် ဆန္ဒမရှိကြောင်း ပြသခဲ့၏။ ထို့နောက် ရှန့်ချူရုံသတိလက်လွတ် ဖြစ်သွားချိန်တွင် ပိုးကြိုးဖြင့် ဆွဲညှစ်သတ်ဖြတ်လိုက်ခြင်း ဖြစ်သည် ။
လည်ပင်းကို ပိုးကြိုးဖြင့် တင်းကြပ်စွာ ညှစ်ထားခြင်းခံရသဖြင့် ရှန့်ချူရုံသည် အော်ဟစ်နိုင်ခြင်းမရှိဘဲ လက်များကိုသာ ယမ်းခါနေတော့၏။
ရှန့်ချူရုံ၏ ရုန်းကန်မှုများမှာ တဖြည်းဖြည်း အားနည်းလာပြီး မကြာမီပင် သူ၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားတော့၏။
မသေမှာ စိုးရိမ်သဖြင့် ရှဲ့ထျန်းယင်းသည် ပိုးကြိုးကို ပိုမိုတင်းကြပ်စွာ ညှစ်ထားလိုက်သေးသည် ။
သူ အမှန်တကယ် သေဆုံးသွားကြောင်း အတည်ပြုပြီးနောက်မှသာ ရှဲ့ထျန်းယင်းသည် ပိုးကြိုးကို ဖြေလျှော့ကာ အမိုးထုတ်တန်းပေါ်သို့ ချိတ်ဆွဲပြီး ရှန့်ချူရုံ၏ ရုပ်အလောင်းကို ကြိုးဆွဲချ သေဆုံးသည့် ပုံစံမျိုး ဖြစ်အောင် လုပ်ဆောင်လိုက်၏။
အရာအားလုံးကို စနစ်တကျ လုပ်ဆောင်ပြီးနောက် ရှဲ့ထျန်းယင်းသည် သူ ကြိုတင်ရေးသားထားသော သေတမ်းစာ ကို အိတ်ထဲမှ ထုတ်ကာ စားပွဲပေါ်တွင် ညင်သာစွာ တင်ထားလိုက်သည် ။
ထိုသေတမ်းစာကို လျူမင်းဆက်ခေတ်သုံး စာလုံးပုံစံဖြင့် ရေးသားထားခြင်းဖြစ်ပြီး ရှန့်ချူရုံ၏ လက်ရေးနှင့် အတူတူပင် ဖြစ်၏။
ရှဲ့ထျန်းယင်းသည် စာလုံးအလှရေးခြင်းတွင် အကျွမ်းကျင်ဆုံး ဖြစ်သည် ။ သူသည် ရှန့်ချူရုံ၏ လက်ရေးကို အတုခိုး၍ သေတမ်းစာကို လွယ်ကူစွာ ရေးသားခဲ့ပြီး စာသားပုံစံကိုပါ တူညီအောင် လုပ်ဆောင်နိုင်ခဲ့၏။
အထူးသဖြင့် နောက်ဆုံး လက်မှတ်မှာ ရှန့်ချူရုံကိုယ်တိုင် ရေးထိုးထားသည့် လက်မှတ်နှင့် ထပ်တူထပ်မျှ ဖြစ်နေခဲ့သည်။
********
အခန်း (၂၃၆) အကွက်ရွှေ့ခြင်း
ဇီကူဆိုင်ကြီးသည် ပြာကျသွားခဲ့ပြီ ဖြစ်ရာ အပျက်အစီးများ ထဲမှ မီးလောင်ကျွမ်းနေသော အလောင်းအချို့ကိုသာ တူးဖော်ရရှိလိုက်၏။
ထို့အတူသခင်လေးကျင်း၏ ဆန်းပြားလှပသော စံအိမ်ကြီးသည်လည်း ပြာအတိ ဖြစ်သွားခဲ့ရသည်။
ညတွင်းချင်းပင် အရေးပါသော သက်သေများနှင့် သဲလွန်စအားလုံး ဖြတ်တောက်ခြင်း ခံလိုက်ရ၏။
စိတ်ဝင်စားစရာ အကောင်းဆုံး အချက်မှာ ရှန့်ချူရုံသည် နန်းတွင်းဆေးရုံ၏ အကြီးအကဲတစ်ဦး ဖြစ်ပါလျက် "ပြစ်ဒဏ်ကို ကြောက်ရွံ့သဖြင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သည်" ဟု ဆိုကာ သေတမ်းစာတစ်စောင် ချန်ထားခဲ့ပြီးမိမိဘာသာအဆုံးစီရင်သွားခြင်းဖြစ်သည်။
ဝူကျိရှန်းသည် ရှန့်ချူရုံ၏ သေတမ်းစာကို ဖတ်ပြီး ဖြစ်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မရှိပေ။ ၎င်းမှာ သူ၏ တူဖြစ်သူ သခင်လေးကျင်းနှင့် ပူးပေါင်းကာ ငွေကြေးအလွဲသုံးစား လုပ်ခဲ့သည်ကို ဝန်ခံထားခြင်းနှင့် ငွေကြေးခဝါချရန် ဇီကူဆိုင်ကို အသုံးပြုခဲ့ကြောင်း ဝန်ခံထားခြင်းမျှသာ ဖြစ်၏။ သူသည် ပြင်းထန်သော ပြစ်ဒဏ်ကို ကြောက်ရွံ့သဖြင့် အသက်ကို အဆုံးစီရင်ရန် ရွေးချယ်ခဲ့သည်ဟု ရေးသားထားသည်။
"ရှန့်ချူရုံက ပြစ်ဒဏ်ကြောက်လို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာ မဟုတ်ဘူး၊ သူတစ်ပါးလက်ချက်နဲ့ သေတာပဲ ဖြစ်ရမယ်"
ဆေးစစ်ချက် အဖြေထွက်မလာသေးသော်လည်း ကျောက်ပင်တိန့်က တိကျစွာ ခန့်မှန်းလိုက်၏။
"ရှန့်ချူရုံက ဓားစာခံအဖြစ် အသုံးချခံလိုက်ရတာပဲ"
ရှန့်ချူရုံက ပြစ်ဒဏ်ကြောက်၍ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ရန်မှာလုံးဝ မဖြစ်နိုင်ချေ။
အကယ်၍ သူသာ အပြစ်ရှိစိတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ချင်လျှင် မသေဆုံးမီ ဇီကူဆိုင်နှင့် အတွင်းရှိလူအားလုံးကို မီးရှို့မည် မဟုတ်သလို မိမိတူကိုလည်း သတ်မည် မဟုတ်ပေ။
မိမိမသေဆုံးမီ သက်သေများနှင့် သဲလွန်စအားလုံးကို ဖျက်ဆီးပစ်ရန် လုံးဝ မလိုအပ်ချေ။
ရှန့်ချူရုံ၏ သေဆုံးမှုသည် ပိုမိုကြီးမားသော ရာဇဝတ်မှုကို ဖုံးကွယ်ရန် ကြိုးပမ်းမှု ဖြစ်ကြောင်း ထင်ရှားလှ၏။
အကယ်၍ ဝူကျိရှန်းသည် ဤမျှရိုးရှင်းသော လှည့်ကွက်ကိုပင် မရိပ်မိပါက ပဲပြားတစ်တုံး ဝယ်၍ ခေါင်းဖြင့် တိုက်သေလိုက်သည်က ပိုကောင်းပေလိမ့်မည်။
"သူတို့က အရင်ဆုံး သက်သေတွေကို ဖျက်ဆီးပြီး သဲလွန်စတွေကို ဖြတ်တောက်တယ်၊ အခုတော့ နှုတ်ပိတ်ဖို့အတွက် လူသတ်တဲ့အထိ လုပ်လာကြပြီ၊ ဒီလူတွေ တကယ် ရက်စက်တာပဲ"
ကျောက်ပင်တိန့်က စိုးရိမ်တကြီးဖြင့် လက်ဝါးချင်း ပွတ်လိုက်၏။
"အမတ်မင်းဝူ၊ ကျွန်တော်တို့ နောက်ထပ် ဘာလုပ်သင့်လဲ"
နန်းတော်က ဝူကျိရှန်းကိုထိုအမှုအားစုံစမ်းစစ်ဆေးရန် တာဝန်ပေးခဲ့ပြီး နန်းတွင်းကိုယ်ရံတော် တပ်ဖွဲ့ကိုလည်း သူ၏ လက်အောက်သို့ ထည့်သွင်းပေးခဲ့သည်။ ဝူကျိရှန်းက ကျောက်ပင်တိန့်ကို အမည်တပ်၍သူ၏ လက်ထောက်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်၏။
ကျောက်ပင်တိန့်သည် ဝူကျိရှန်း၏ လုပ်ရပ်အတွက် များစွာ ကျေးဇူးတင် နေမိသည်။ အခြားဒေသမှ မြို့တော်သို့ ရောက်လာသော နန်းတွင်းကိုယ်ရံတော်တစ်ဦး အနေဖြင့် ကျောက်ပင်တိန့်သည် အရေးပါသောသူ မဟုတ်သော်လည်း ဝူကျိရှန်းက သူ့ကို အထူးအမည်တပ်၍ခေါ်ဆိုခဲ့ခြင်းမှာ အခွင့်အရေးကောင်းပေးလိုက်ခြင်း သာဖြစ်၏။
၎င်းတို့နှစ်ဦးသည် လူဟောင်းများ ဖြစ်ကြသဖြင့် ဤသည်ကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ကျေးဇူးပြုခြင်းဟု ဆိုနိုင်ပေသည်။
"ရှန့်ချူရုံအနေနဲ့ နန်းတွင်းဆေးရုံက အရာရှိတွေ မသိဘဲ ဒီလောက်အထိ ချမ်းသာကြွယ်ဝဖို့ မဖြစ်နိုင်ဘူး၊ ဒါက လူအများအပြား ပါဝင်ပတ်သက်နေတဲ့ အမှုပဲ ဖြစ်ရမယ်"
မကောင်းမှု အားလုံးကို ရှန့်ချူရုံ တစ်ယောက်တည်း လုပ်ခဲ့တာဟူသော စကားကို သရဲပင် ယုံမည် မဟုတ်ချေ။ ၎င်းမှာ နန်းတွင်းဆေးရုံနှင့် လက်အောက်ခံများအကြား ပူးပေါင်းကြံစည်မှုဖြစ်မည်မှာ သေချာသလောက် ရှိ၏။
လူအများအပြား ပါဝင်ပတ်သက်နေသော အမှု ဖြစ်သဖြင့် ကိုင်တွယ်ရ ပိုမိုလွယ်ကူပေသည်။
"ဒီတစ်ကြိမ်တော့ ရှေ့ကနေ ဟန်ပြတိုက်ခိုက်ပြီး နောက်ကနေ လျှို့ဝှက် စစ်ချီတဲ့ အကွက်ကို သုံးကြတာပေါ့"
ဝူကျိရှန်းက အေးစက်စွာ ရယ်မောရင်း ပြောလိုက်လိုက်၏။
"နန်းတွင်းဆေးရုံမှာရှိတဲ့ အကျင့်ပျက် ခြစားနေတဲ့ အရာရှိအားလုံးကို ရှင်းလင်းပစ်ရမယ်"
ထိုနေ့ နောက်ပိုင်းတွင် ဝူကျိရှန်းသည် သက်ဆိုင်ရာ အမှုစစ်များနှင့်အတူ နန်းတွင်းဆေးရုံသို့ ပြန်လာခဲ့သည်။
"လုပ်ဖော်ကိုင်ဖက်တို့"
ဝူကျိရှန်းက နန်းတွင်းဆေးရုံ၏ အမှုထမ်းအားလုံးကို စုဝေးစေပြီးနောက် ရုံးလုပ်ငန်းသုံး လေသံဖြင့် ပြောလိုက်၏။
"ငါက နန်းတွင်းဆေးရုံအတွင်းက အကျင့်ပျက်ခြစားမှုကို သေချာစုံစမ်းဖို့ အမိန့်တော်အရ လာခဲ့တာ ဖြစ်တယ်၊ နန်းတော်ကို အစီရင်ခံစာ တင်သွင်းရလိမ့်မယ်၊ တရားခံ ရှန့်ချူရုက ပြစ်ဒဏ်ကြောက်လို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားပေမဲ့ ဒီကိစ္စကို သေချာ စစ်ဆေးဖို့ လိုအပ်သေးတယ်"
"အခုအချိန်ကစပြီး ဘယ်သူမှ အဝင်အထွက် မလုပ်ရဘူး၊ လူတိုင်း စစ်ဆေးမှုကို ခံယူဖို့ အသင့်ရှိနေရမယ်"
ဝူကျိရှန်း၏ အမိန့်နှင့်အတူ ဓား လှံများ ကိုင်ဆောင်ထားသော ရဲမက်များသည် နန်းတွင်းဆေးရုံ၏ အဝင်အထွက် အားလုံးကို ပိတ်ဆို့လိုက်ရာ လူတိုင်းကို ပိုမို ကြောက်ရွံ့ တုန်လှုပ်သွားစေ၏။
"အပြစ်မရှိတဲ့သူက အပြစ်မရှိသလို ကျန်ရစ်မှာ ဖြစ်ပြီး အပြစ်ရှိတဲ့သူကတော့ အပြစ်ဒဏ် ခံရမှာပဲ၊ အနှောင့်အယှက် ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်"
ဆေးရုံ၏ သံတမန် ဖြစ်သူ ရှဲ့ထျန်းယင်းက လိုလိုလားလားပင် သဘောတူလိုက်၏။
"အကြီးအကဲဝူက အမှုကို စုံစမ်းဖို့ အမိန့်ရထားတာဆိုတော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ရမှာပေါ့"
"ကောင်းပြီ၊ ဒါဆို အကြီးအကဲရှဲ့ကနေပဲ စကြတာပေါ့"
ဝူကျိရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်တော့်ရုံးခန်းထဲကို တစ်ယောက်တည်း လာပြီး အစစ်ဆေးခံပေးပါ"
"ကောင်းပါပြီ"
ဝူကျိရှန်း၏ ရုံးခန်းအတွင်းတွင် ပြင်ဆင်မှုများ ပြီးစီးနေပြီ ဖြစ်ရာ အထူးစာရေးများသည် ဝူကျိရှန်းနှင့် ရှဲ့ထျန်းယင်းတို့၏ အမေးအဖြေ စကားလုံးတိုင်းကို မှတ်တမ်းတင်ရန် အသင့်ဖြစ်နေကြပြီဖြစ်၏။
၎င်းတို့သည် ကြီးကျယ်ခမ်းနားစွာ ဟန်ပြင်ထားသော်လည်း အမှန်တကယ်တွင် ထူးခြားမှု မရှိဘဲ ပုံမှန်အတိုင်း အပြစ်ကင်းသော မေးခွန်းအချို့ကိုသာ မေးမြန်းခြင်း ဖြစ်သည်။
ရှဲ့ထျန်းယင်းသည် သေချာ ပြင်ဆင်လာခဲ့သဖြင့် မေးခွန်းတိုင်းကို ချောမွေ့စွာ ဖြေကြားနိုင်ခဲ့ပြီး အပြစ်ဆိုဖွယ်မရှိအောင် လုံခြုံလှ၏။
"အကြီးအကဲရှဲ့ပြန်လို့ရပါပြီ၊ နောက်တစ်ယောက် အကြီးအကဲရွှီ လာခဲ့ပါ..."
ဤနည်းဖြင့် ဝူကျိရှန်းသည် နန်းတွင်းဆေးရုံရှိ အရာရှိအားလုံးကို ရာထူးအလိုက် တစ်ယောက်ပြီးတစ်ယောက် စုံစမ်းစစ်ဆေးလေတော့သည်။
၎င်းမှာ ရိုးရှင်းသော မေးခွန်းအချို့သာ ဖြစ်သဖြင့် ကြိုတင် ပူးပေါင်းထားကြသော ထိုလူများအတွက် ကျော်ဖြတ်ရန် လွယ်ကူလှ၏။
ညဉ့်နက်လာသောအခါ နန်းတွင်းဆေးရုံ၏ အရာရှိအားလုံး စစ်ဆေးပြီးသွားသော်လည်း အဖိုးတန်သော သဲလွန်စတစ်စုံတစ်ရာ မရရှိခဲ့ပေ။
ထိုရလဒ်သည် ဝူကျိရှန်းကြိုတင်တွက်ဆထားသလိုသာဖြစ်၍ရှိသူသည် လုံးဝအံ့ဩခြင်း မရှိချေ။
"ညွှန်ကြားရေးမှူးချုပ်ဝူ၊ အခု စုံစမ်းစစ်ဆေးတာ ပြီးပြီဆိုတော့ ကျွန်တော်တို့ ပြန်လို့ရပြီလား"
"ပြန်ရမယ် ဟုတ်လား"
ဝူကျိရှန်း၏ မျက်နှာတွင် ခံစားချက် ကင်းမဲ့နေပြီး အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။
"ကိစ္စက မပြီးသေးဘူးဆိုတော့ မင်းတို့ကို နည်းနည်း အလုပ်ပေးရဦးမယ်၊ ငါက စာရင်းအသေးစိတ်တွေကို သေချာစစ်ဆေးပြီး ဆေးဂိုဒေါင်ကို အကုန် ပြန်လှန်ရလိမ့်မယ်၊ စိတ်မပူပါနဲ့၊ ငါက အပြစ်မရှိတဲ့သူကို မတရား မလုပ်သလို အကျင့်ပျက်တဲ့ အရာရှိကိုလည်း လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူး"
စာရင်းစစ်ဆေးမယ်။ ဆေးဂိုဒေါင်ကို စစ်ဆေးယ်ဟုတ်လား။
ဝူကျိရှန်း သိထားသော လှည့်ကွက်မှာထိုမျှသာဆိုလျှင်ကြောက်ရွံ့နေရန် မလိုတော့ပေ။
လူတိုင်းသည် စာရင်းဇယား ကိန်းဂဏန်းများမှစ၍ ဆေးဂိုဒေါင်အတွင်းရှိ ဆေးဝါးများအထိ အစအန ဖျောက်ထားကြသဖြင့် အရာအားလုံးသည် စနစ်တကျ ရှိနေ၏။ ဝူကျိရှန်း တစ်သက်လုံး စုံစမ်းလျှင်ပင် ဘာမျှ ရှာတွေ့မည် မဟုတ်ချေ။
သူတို့အချိန်ဆွဲထားကြရုံသာ ရှိသည်။
စာရင်းစာအုပ် အားလုံးကို ထုတ်ယူလာခဲ့ပြီး ကျွမ်းကျင်သော စာရင်းကိုင်များသည် ပေသီးတွက်သံများကို ကျယ်လောင်စွာ ထွက်ပေါ်စေကာ စာရင်းကို သေချာစစ်ဆေးနေဟန် ပြုကြသော်လည်း မည်သူမျှ အလေးအနက် မထားကြပေ။
ထိုစာရင်းများက်ိုအစထဲကသေချာ ပြင်ဆင်ထားခြင်း ဖြစ်ရာ သဲလွန်စ ရှာတွေ့ပါက အံ့ဖွယ်တစ်ခု ဖြစ်ပေလိမ့်မည်။
ဝူကျိရှန်းသည် ဘာမျှ ရှာမတွေ့နိုင်သည်ကို သိသော်လည်း ဂရုမစိုက်ချေ။
သူ၏ တကယ့်ရည်ရွယ်ချက်မှာထိုလူအားလုံးကို ဖမ်းဆီးထိန်းသိမ်းထားရန်နှင့် ပြင်ပကမ္ဘာနှင့် ဖြတ်တောက်ထားရန်သာ ဖြစ်သည်။
ညကိုးနာရီခန့်တွင် ကျောက်ပင်တိန့် ပြန်ရောက်လာ၏။
"အမတ်မင်းဝူ"
ကျောက်ပင်တိန့်သည် ဝူကျိရှန်းအနားသို့ တိုးသွားကာ စကားအချို့ကို တိုးတိုး ပြောလိုက်သည်။
ဝူကျိရှန်းက ပြုံးပြီး ပြောလိုက်၏။
"ကောင်းပြီ၊ အလွန်ကောင်းတယ်၊ ပစ္စည်းတွေကို ယူလာခဲ့"
နန်းတွင်းဆေးရုံ၏ တံခါးကြီးများ ပွင့်သွားပြီး နန်းတွင်းကိုယ်ရံတော် တစ်ဒါဇင်ခန့်သည် လေးလံသော ခေါင်းတလားတစ်ခုကို ထမ်းပိုးယူဆောင်လာကြ၏။
ဒါကဘာသဘောလဲ။
၎င်းတို့သည် ခေါင်းတလားတစ်ခုကိုထိုနေရာသို့ ဘာလို့ယူဆောင်လာကြတာလဲ။
လူတိုင်း ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြစဉ် ဝူကျိရှန်းက ပြုံးလျက် ဆံပင်နှင့် မုတ်ဆိတ်ဖြူနေသော နန်းတွင်းသမားတော်ကြီးကို ညွှန်ပြကာ ပြောလိုက်သည်။
"သမားတော်ကြီးချီ၊ အခြားလူတွေက ဒီခေါင်းတလားကို မမှတ်မိရင်တောင် သင်ကတော့ မှတ်မိမှာ သေချာပါတယ်"
"ကျွန်တော်မျိုး... ကျွန်တော်မျိုး..."
အသက်ကြီးရင့်လှပြီ ဖြစ်သော သမားတော်ကြီးချီသည် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်နေပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေကာ လဲပြိုလုမတတ် ဖြစ်နေ၏။
"ဒါက ကျွန်တော်မျိုး... ကျွန်တော်မျိုး ဒီခေါင်းတလားကို မမှတ်မိပါဘူး၊ ဘယ်သူ့ခေါင်းတလားလဲဆိုတာလည်း မသိပါဘူး"
"သမားတော်ကြီးချီ၊ ဒီခေါင်းတလားကို သင့်အိမ်မှာ ရှာတွေ့တာ ၊ သင်ကမမှတ်မိဘူးလို့ ပြောတာလား"
ဝူကျိရှန်းက စားပွဲကို လက်ဖြင့် ပြင်းထန်စွာ ရိုက်လိုက်၏။
"သင်က သတိမေ့တတ်နေတာပဲ၊ အရာရှိကျောက်၊ သမားတော်ကြီးချီ သတိရလာအောင် မင်းပဲ ကူညီပေးလိုက်ပါဦး"
"သမားတော်ကြီးချီ၊ ဒါက သင် ကိုယ့်အတွက်ကိုယ် ပြင်ဆင်ထားတဲ့ ခေါင်းတလား မဟုတ်ဘူးလား၊ ဘာလို့ မမှတ်မိရတာလဲ၊ သက်သေက အထင်အရှား ရှိနေပြီ၊ ငြင်းဆိုနေရုံနဲ့ ထူးခြားသွားမယ် ထင်နေတာလား"
ကျောက်ပင်တိန့်က လေးလံသော ခေါင်းတလားအဖုံးကို အားဖြင့် မြှောက်လိုက်ပြီး တင်းမာစွာ အော်ဟစ်လိုက်၏။
"ခေါင်းတလားထဲမှာ ဘာရှိလဲဆိုတာ လာကြည့်ကြစမ်း"
ခေါင်းတလားအတွင်း၌ ရွှေ၊ ငွေ၊ အဖိုးတန် ရတနာများ၊ ကျောက်စိမ်း၊ မဟူရာများနှင့် အခြား အဖိုးတန် ပစ္စည်းများစွာ ပြည့်နှက်နေပြီး အရွယ်အစားမျိုးစုံရှိသော ရွှေတုံး ငွေတုံး ရာနှင့်ချီ၍ ရှိနေလေသည်။
*********