← Chapters

လေ့လာမှုအားကောင်းသောအာဒမ်နှင့်ဧဝ

Vol. 45 Ch. 629

လေ့လာမှုအားကောင်းသောအာဒမ်နှင့်ဧဝ

Vol. 45 Ch. 629

ကလေးငယ်နှစ်ဦးမှာ အန်လင်းနှင့် တီနာအားကြည့်ကာ ကြောက်ရွံ့နေဟန်ဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကြသည်။

"မကြောက်ပါနဲ့....ငါတို့က လူကောင်းတွေပါ။"

တီနာ ပြုံးကာပြောလိုက်သည်။ သူမ၏ စကားသံသည် ချိုမြိန်ကြည်လင်နေကာ နားဝင်ပီယံ ရှိလှသည်။

ထင်မှတ်ထားသည့်အတိုင်း ကလေးငယ်နှစ်ဦးမှာ ချက်ချင်းပင် စိတ်သက်သာရာရကာ ချစ်စဖွယ် မျက်ဝန်းလေးများတွင် စပ်စုချင်စိတ်များ နေရာယူလာသည်။

အန်လင်းမှာ ကောင်လေးသေးသေးလေးကို ကောက်ချီလိုက်ပြီး တီနာမှာလည်း ပျော်ရွှင်စွာဖြင့် ကောင်မလေးသေးသေးလေးကို ပွေ့ထားလိုက်သည်။

"ဝါး...သူ့ရဲ့အသားအရေက အရမ်းနူးညံ့တာပဲ။ တော်တော်ချစ်စရာကောင်းတဲ့ ကလေးလေးပဲ။"

အန်လင်း မနေနိုင်တော့ပဲ ကလေးငယ်၏ ပါးဖောင်းဖောင်းလေးကို လက်နှင့်ထိုးကြည့်နေမိသည်။

ကောင်လေးသေးသေးလေးသည် မျက်လုံးလေး ကလယ်ကလယ်ဖြင့် အန်လင်း၏ပါးအား လက်ညှိုးဖြင့် ပြန်ထိုးကြည့်နေသောကြောင့် အန်လင်း ရယ်ချမိတော့သည်။

တီနာသည်လည်း ကောင်မလေးသေးသေးလေးအား လွန်စွာအသည်းယားနေသည်။ ကလေးမလေးသည် နာခံသော အမူအရာနှင့်အတူ လက်မကလေးကို စုပ်ထားနေပြီး တီနာ၏ ချီပွေ့ခံရသည်ကို အမှန်တကယ် သဘောကျနေပုံ ရသည်။

"အန်လင်း....ငါတို့ကို နာမည်ပေးသင့်တယ်။"

တီနာ စကားဆိုလိုက်သည်။

မျိုးနွယ်စုကိုးခုအား ဖန်တီးစဉ်က ဥပေါင်းများစွာ ချခဲ့သောကြောင့် သူမအနေဖြင့် နာမည်မပေးနိုင်ခဲ့ပေ။

သို့သော် လူသားမျိုးနွယ်မှာ နှစ်ဦးသာ ရှိသောကြောင့် အမည်ပေးရ လွယ်ကူပေသည်။

အန်လင်း ခေတ္တမျှ တွေးတောကာ အကြံပေးလိုက်သည်။

"အာဒမ်နဲ့ဧဝလို့ ခေါ်ရင်ရော။"

"အာဒမ်နဲ့ဧဝ...."

တီနာ ရေရွတ်ကာ မေးကြည့်သည်။

"ထူးခြားတဲ့ အဓိပ္ပါယ်တွေ ဘာတွေများရှိလား။"

"အာ....အဲ့လိုလည်း မဟုတ်ပါဘူး။ စိတ်ထဲပေါ်လာတာ ပြောလိုက်တာ။"

အန်လင်း လက်ခါပြကာ တုံ့ပြန်သည်။

"ကောင်းတဲ့နာမည်တွေပဲ။ အခုချိန်ကစပြီး နင့်နာမည်ကအာဒမ်၊ နင့်နာမည်က ဧဝပဲ။"

တီနာ ပြုံးကာကြေညာလိုက်သည်။

ထိုစကားနှင့်အတူ ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုမှာ တုန်ခါလာလေသည်။

ကလေးငယ်များ၏ နဖူးထက်တွင် ထူးခြားသော သင်္ကေတတစ်ခု ဖြစ်ပေါ်လာသည်။

ကောင်လေးသေးသေးလေး၏ နဖူးထက်ရှိ သင်္ကေတမှာ ချွန်ထက်ကာ လေးထောင့်ဆန်ပြီး ကလေးမလေး၏ သင်္ကေတမှာ လုံးဝန်းနူးညံ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ အရှိန်အဝါများမှာ သိမ်မွေ့နက်နဲလာသည်။ ထို့နောက် သင်္ကေတများ လျင်မြန်စွာ ပျောက်ကွယ်သွားကာ အရာအားလုံး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။

အန်လင်းမှာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

"မင်းသူတို့ကို ဘာအစွမ်းတွေ ပေးလိုက်တာလဲ။"

"မပေးပါဘူး။ ငါက နာမည်လေးပဲ ပေးလိုက်တာ။ ကျန်တာတွေက ဒီကမ္ဘာကြီးက လုပ်သွားတာပဲ။"

အန်လင်း နားမလည်နိုင် ဖြစ်သွားရသည်။

"မင်းက ဒီကမ္ဘာကြီးပဲ မဟုတ်ဘူးလား။"

"မတူဘူးလေ။ ဒီကမ္ဘာမှာ ငါကအနန္တတန်ခိုးရှင်ပဲ။ ဒါပေမယ့် ဒီကမ္ဘာနဲ့ငါနဲ့က မတူဘူး။ ဒီကမ္ဘာက သူ့ဟာနဲ့သူ သီးခြားရပ်တည်နေတဲ့ လောကပဲ။"

တီနာ သေသေချာချာ ရှင်းပြလိုက်သည်။

အန်လင်းမှာ ကလေးငယ်လေးအား ငုံ့ကြည့်လိုက်မိသည်။

ဒီကလေးတွေက ကမ္ဘာကြီးရဲ့ ကောင်းချီးကို ရလိုက်တာလား.....

အာဒမ်နဲ့ဧဝဆိုတဲ့အတိုင်း မွေးကတည်းက စွမ်းနေပြီ....အရွယ်ရောက်လာရင် ဘယ်လိုတွေ ဖြစ်လာမလဲ သိချင်မိသား....

"ဒီကလေးနှစ်ယောက်က အခုမှမွေးတာဆိုတော့ သူတို့ရဲ့ တိုက်ပွဲစွမ်းရည်က တခြားဉာဏ်ရည်မြင့်မျိုးနွယ်စုတွေထက် အားနည်းနေသေးတယ်။ ငါတို့က များများစားစား မကူညီပေးနိုင်ပေမယ့် အစာရင်းမြစ်တော့ ကောင်းကောင်းထားပေးသင့်တယ်။"

အန်လင်း အကြုံပြုသည်။

တီနာ အနည်းငယ် တွေးတောလိုက်ပြီးနောက် လက်ချောင်းများကို လှုပ်ရှားလိုက်သည်နှင့် အပင်များပေါက်လာကာ မျက်စိတမှိတ်အတွင်း ကြီးထွားရင့်သန်လာသည်။

ချက်ချင်းဆိုသလို သစ်သီးဝလံများ ဖြစ်ပေါ်လာလေသည်။

ပေတစ်ထောင်ပတ်လည် ပတ်ဝန်းကျင်မှာ လေပြေညှင်းမှ သယ်ဆောင်လာသော သစ်သီးရနံ့များကြောင့် စိတ်ကြည်နူးဖွယ် ဖြစ်လာသည်။

အန်လင်းသည် တီနာ၏ ဖန်ဆင်းမှုအစွမ်းအား နေသားကျနေသောကြောင့် ထူးပင်မထူးဆန်းတော့ပေ။

"ဒီသစ်သီးခြံထဲမှာ ကန့်သတ်ထားတဲ့ အသီးတွေဘာတွေရှိလား။"

အန်လင်း စိတ်မထိန်းနိုင်ပဲ မေးမိသွားသည်။

"ကန့်သတ်ထားတဲ့အသီးလား။ ဘယ်လိုမျိုးကို ပြောတာလဲ။"

တီနာ အူကြောင်ကြောင် ဖြစ်သွားရသည်။

အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

တော်သေးတာပေါ့.....အာဒမ်နဲ့ဧဝအတွက် ကန့်သတ်ထားတဲ့အသီး ရှိမနေဘူးပဲ....မဟုတ်ရင် ငါ့ကိုယ်ငါတောင် ဂိမ်းဆော့နေတယ် ထင်မိတော့မလို့.....

"ထိုက်ချူကုန်းမြေ ဘာသာစကားကို သူတို့ဆီမှာ ထည့်ပေးထားပြီးပြီ။ အဲ့ဒါကြောင့် သင်ယူစရာ မလိုပဲ သူ့ဟာသူ တတ်နေလိမ့်မယ်။ မဟုတ်ရင် မျိုးနွယ်စုတွေ အားလုံးအတွက် ကမ္ဘာသုံး ဘာသာစကားရှိဖို့က အရမ်းကြာနေမှာ။"

တီနာ စကားဆိုလိုက်သည်။

ထိုကိစ္စနှင့်ပက်သတ်၍ ဘာမှပြောစရာ မရှိသောကြောင့် အန်လင်း ခေါင်းသာညိတ်ပြသည်။

တီနာ လက်ဖြောက်တီးလိုက်သည်နှင့် အနုစိတ်လက်ရာများနှင့် သေသပ်လှပသော အဝတ်အစားများမှာ ကလေးငယ်များ၏ ခန္ဓာကိုယ်ပေါ် ဝတ်ဆင်ပြီးသား ဖြစ်သွားသည်။

ကလေးငယ်နှစ်ဦးမှာ မျက်လုံးအဝိုင်းသားဖြင့် အင်္ကျီလှလှလေးများကိုကြည့်ကာ အမြင်သစ်များ ရရှိလိုက်သလို ပျော်ရွှင်ကျေနပ်နေလေသည်။

ထိုအဝတ်အစားထဲတွင် ကာကွယ်ရေးမန္တာန်များ စီရင်ထားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုလူသားနှစ်ဦးသာ တစ်စုံတစ်ခု ဖြစ်သွားခဲ့ပါက တီနာမှာ လူသားမျိုးနွယ်အား အစမှနေ၍ ပြန်လည်ဖန်ဆင်းနေရလိမ့်မည်။ ထိုသို့စိတ်ရှုပ်ဖွယ်ကောင်းသော အခြေအနေအား ရှောင်ရှားနိုင်ရန်အတွက် အခြေခံကျသော အကာအကွယ်တစ်ခု ပေးအပ်ထားခြင်းပင်။

အခြားသော မျိုးနွယ်စုများကိုမူ သေသေရှင်ရှင် လွှတ်ပေးထားသည်။ မျိုးနွယ်စုတစ်ခုလျှင် ဥထောင်နှင့်ချီ ဖန်ဆင်းခဲ့သောကြောင့် အနည်းငယ်မျှ ဆုံးပါးသွားခြင်းမှာ ပြဿနာတစ်ခု မဟုတ်ပေ။

ထို့နောက် အန်လင်းနှင့် တီနာတို့မှာ အာဒမ်နှင့်ဧဝအား ထားရစ်ခဲ့လိုက်သည်။

အချိန်မှာ လျင်မြန်စွာ စီးဆင်းနေပြီး အာဒမ်နှင့်ဧဝမှာ ပျော်ရွှင်စွာ နေထိုင်လျက် ရှိသည်။

၎င်းတို့သည် သစ်သီးခြံအား အိမ်အဖြစ် သတ်မှတ်ကာ သစ်သီးများကို သုံးဆောင်ပြီး ပင်ပန်းလာပါက သစ်ကိုင်းများပေါ် အိပ်စက်ကြသည်။ ချီလော့မြို့တခွင်လည်း လှည့်လည်သွားလာကာ ဆိုင်ခန်းများအားလုံးကို လည်ပတ်ကြသည်။

အာဒမ်နှင့်ဧဝသည် ချီလော့မြို့ရှိ အရာအားလုံးကို အရုပ်များအဖြစ်သာ သတ်မှတ်ထားပါသော်လည်း လက်နက်များ အသုံးပြုပုံကို သင်ကြားကြသည်။ အရုပ်နှင့် လက်နက်များသည် ဆင်တူသယောင် ရှိပါသော်လည်း စင်စစ်တွင်မူ လွန်စွာကွဲပြားပေသည်။

တစ်နှစ်၊ နှစ်နှစ်ခန့် ကြာမြင့်ပြီးနောက် ၎င်းတို့သည် စာကြည့်တိုက်ထဲသို့သွားကာ စာအုပ်ဟု ခေါ်ဆိုသော အရုပ်များကို လှန်လှောဖတ်ရှုကြသည်။

၎င်းတို့သည် စာအုပ်များတွင် ရေးသားထားသော သင်္ကေတများနှင့် တွန့်လိမ်ကောက်ကွေးနေသော စာကြောင်းများကို နားလည်နိုင်စွမ်းရှိကြောင်း သိလိုက်ရသည်။

ထိုသည်မှာ သစ်လွင်ကာ စိတ်လှုပ်ရှားစရာကောင်းသော ခံစားချက် ဖြစ်သောကြောင့် အာဒမ်နှင့်ဧဝ နှစ်ဦးလုံးမှာ စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဖတ်ရှုကြတော့သည်။ ၎င်းတို့သည် စာပေဟင်းလေးအိုးကြီးထဲ ပြုတ်ကျသွားသလို ဗဟုသုတရှာဖွေရန် အငမ်းမရ ဖြစ်လာသည်။

စာအုပ်များကိုသာ အာရုံစိုက်ကာ အခြားသော အရုပ်များနှင့် အစားအစာကိုပင် လျစ်လျူရှုလိုက်ကြသည်။ ဆာလောင်မှုကြောင့် ပင်ပန်းနွမ်းနယ်လာမှသာ သစ်သီးခြံသို့ ပြန်သွားရန် သတိကြရလေသည်။

ထို့နောက် မကြာခဏ သွားလိုက်ပြန်လိုက် လုပ်နေရသည်မှာ အဆင်မပြေသောကြောင့် ဆာလောင်ချိန်တွင် စားသုံးနိုင်ရန် သစ်သီးများအား ထုတ်ပိုးကာ စာကြည့်တိုက်ထံ သယ်သွားကြသည်။

အန်လင်းမှာ အာဒမ်နှင့်ဧဝအား အတော်ပင် သဘောကျမိသည်။ ၎င်းတို့သာ ထိုက်ချူကုန်းမြေတွင် နေထိုင်ပါက အလွန်ထူးချွန်သော စာပေသမားများ ဖြစ်လာပေလိမ့်မည်။

၎င်းတို့သည် စာအုပ်အမျိုးအစားနှင့်ပက်သတ်၍ ချေးမများကြပေ။ စာကြည့်တိုက်တွင် ရှိနေသော စာအုပ်အစဉ်လိုက်အတိုင်းသာ ဖတ်ရှုသွားကြသည်။ ထို့ကြောင့် စာအုပ်မျိုးစုံ ဖတ်ရှုနေရသလိုဖြစ်ပြီး ရင်းနှီးကျွမ်းဝင်မှုမရှိသော ဇာတ်လမ်းများအား နားမလည်နိုင် ဖြစ်လာသည်။

သို့သော် တဖြည်းဖြည်းနှင့် လူသားများ၏ အကြောင်းအား သိရှိလာပေသည်။

ဒါပေမယ့် လူသားက ငါတို့နှစ်ယောက်တည်း မဟုတ်ဘူးလား....ဒီဇာတ်လမ်းတွေထဲက လူသားတွေက ဘယ်သူတွေလဲ....

၎င်းတို့မှာ နားမလည်နိုင်သော အရာများစွာ ရှိနေပါသော်လည်း စာအုပ်များနှင့်ပက်သတ်၍ စိတ်အားထက်သန်မှု လျော့ကျမသွားပေ။

စာပေဆိုင်ရာ၊ သိပ္ပံဆိုင်ရာနှင့် စက်မှုပညာဆိုင်ရာ စာအုပ်များစွာကို ဖတ်ရှုလေ့လာခဲ့ပြီးနောက် ပြင်ပတွင်လည်း လက်တွေ့စမ်းသပ်လိုလာသည်။ ကံကောင်းထောက်မစွာဖြင့် မြို့တော်ကြီးတွင် လိုအပ်သော အရာမှန်သမျှ ရှိနေသောကြောင့် စမ်းသပ်မှုများနှင့်အတူ ၎င်းတို့၏ ဗဟုသုတများလည်း ပိုမိုရင့်သန်လာသည်။

၎င်းတို့သည် နှစ်အနည်းငယ် ကြာသည့်တိုင်အောင် ထိုသို့စိတ်အားထက်သန်နေကြဆဲ ဖြစ်သောကြောင့် အန်လင်းမှာ လေးပင်လေးစားမိသည်။

အာဒမ်နှင့်ဧဝမှာ အသက်နှစ်ဆယ်ဝန်းကျင်ရှိပြီဖြစ်ပြီး အာဒမ်သည် ချောမောခန့်ညားသော လူငယ်လေးဖြစ်လာကာ ဧဝမှာ ကောင်းကင်နတ်မိမယ်အလား တင့်တယ်လို့နေသည်။

၎င်းတို့နှစ်ဦးသည် နေ့စဉ်နေတိုင်း စာပေလေ့လာနေပြီး ပျင်းရိသည်ဟူ၍ မရှိပေ။

တစ်ရက်တွင်မူ အာဒမ်မှာ စာအုပ်တစ်အုပ်အား စာကြည့်တိုက်ထဲမှ ဆွဲယူခဲ့သည်။

စာအုပ်၏အဖုံးမှာ ထူးခြားသော အဝါရောင် ဖြစ်ပေသည်။

ဟောင်းနွမ်းနေသော အဝါရောင်အဖုံးတွင် အမျိုးသားနှင့် အမျိုးသမီးတို့မှာ နှုတ်ခမ်းချင်း ထိကပ်ထားပုံကို ရေးဆွဲထားပြီး စာလုံးအချို့လည်း ရေးသားထားသည်။

"ကာမသျှတ္တရကျမ်း...."

All Chapters