← Chapters

ဒါကအရမ်းရိုးသားအပြစ်ကင်းတဲ့အပိုင်းလေးပါ

Vol. 45 Ch. 630

ဒါကအရမ်းရိုးသားအပြစ်ကင်းတဲ့အပိုင်းလေးပါ

Vol. 45 Ch. 630

အန်လင်း စိတ်လှုပ်ရှားစွာဖြင့် တီနာအား အချိန်စီးဆင်းမှုကို ပုံမှန်ဖြစ်စေလိုက်သည်။

သူ၏အလိုလိုသိစိတ်အရ ကောင်းမွန်သော အရာများ ဖြစ်လာတော့မည်ပင်။

စာကြည့်တိုက်ထဲ၌.....

ကာမသျှတ္တရကျမ်း.....

ဒီစာအုပ်က ဘာအကြောင်းများလဲ.....

အာဒမ်မှာ အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ ထိုစာအုပ်သည် သူဖတ်ခဲ့ဖူးသမျှ စာအုပ်များနှင့် မတူညီပေ။ သို့သော် သူသည် နေ့စဉ်နေ့တိုင်း အကြောင်းအရာသစ်များ သင်ကြားနေသည် မဟုတ်လော။

မည်သို့ပင်ဆိုစေကာမူ စာအုပ်အဖုံးမှာ ထူးခြားနေသောကြောင့် ဖတ်ရှုလေ့လာကြည့်ပါက တန်ဖိုးရှိသော အသိအမြင်များ ရရှိလာနိုင်သည်။

သူ၏စူးစမ်းလိုစိတ်များကြောင့် စာအုပ်အား ဖတ်ကြည့်ချင်လာသည်။

အာဒမ်မှာ စာအုပ်အား ဖွင့်လိုက်သည်နှင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် ရှင်းပြမရနိုင်သော အနေအထားတစ်မျိုးနှင့် အတူရှိနေကြသည်ကို တွေ့လိုက်ရသည်။

"ဧဝ...ဒါကိုလာကြည့်ဦး..."

အာဒမ်၏ မျက်နှာမှာ သွေးမရှိတော့သည့်အလား ဖြူရော်နေလေပြီ။

ဧဝသည် စပ်စုလိုဟန်ဖြင့် အနားသို့ ရောက်ရှိလာသည်။

စာအုပ်ထဲမှ အမျိုးသားနှင့် အမျိုးသမီးတို့ ထူးဆန်းသောပုံစံဖြင့် ပွေ့ဖက်လိမ်ယှက်နေကြသည်ကိုကြည့်ကာ နှလုံးခုန်သံများ မြန်ဆန်လာပြီး စာရွက်အား လှန်ပစ်လိုက်သည်။

"ဒါကဘာကြီးလဲ။"

ထူးဆန်းလိုက်တာ....ဘယ်လိုပုံစံတွေလဲ....

အာဒမ်မှာ ခန္ဓာကိုယ် တစ်ခုလုံး ပူလောင်လာသောကြောင့် တံထွေးမြိုချကာ တတိယစာရွက်ကို လှန်လိုက်သည်။

သူသည် မသက်မသာ ခံစားနေရပါသော်လည်း ယင်းယန်ပေါင်းစည်းခြင်း ကျင့်ကြံနည်းကို ဖတ်ရှုနေသည့်အလား စာအုပ်အား ဆက်လက်ကြည့်ရှုနေသည်။

အခန်းအတွင်းရှိ လေထုမှာလည်း တစ်မျိုးတမည် ဖြစ်လာလေပြီ။

၎င်းတို့နှစ်ဦးမှာ တစ်ဦး၏ ရင်ခုန်သံအား တစ်ဦးမှ ကြားနေရသည်။

ဧဝ လေးခုမြောက် စာမျက်နှာအား ဖတ်ရှုလိုက်သည်။

ထို့နောက် ငါးခုမြောက် စာမျက်နှာ.....ခြောက်ခုမြောက် စာမျက်နှာ.....

စာမျက်နှာ တစ်ခုချင်းစီတွင် အမျိုးသားနှင့် အမျိုးသမီးတို့သည် မတူကွဲပြားသော ကျင့်ကြံရေးပုံစံများနှင့် ပွေ့ဖက်နေကြသည်။

အာဒမ်နှင့်ဧဝမှာ ထိုပုံများကို ကြည့်ရှုနေရင်း မျက်နှာများပင် နီရဲလာသည်။

ဒီပုံတွေထဲက ယောက်ျားနဲ့မိန်းမက တိုက်ခိုက်နေကြတာလား.....

အဲ့လိုလည်း မဟုတ်သေးပါဘူး....အရမ်းကို ခံစားလို့ ကောင်းနေတဲ့ပုံနဲ့ ဘယ်သူက တိုက်ခိုက်မှာလဲ....

အကပုံစံများလား....အဲ့ဒါလည်း မဟုတ်သေးဘူး....ကြည့်ရတာ ယောက်ျားနဲ့မိန်းမကြားမှာ ထူးခြားတဲ့ ဆက်နွယ်မှု ရှိနေသလိုပဲ....

၎င်းတို့မသိလိုက်ခင်မှာပင် စာအုပ်တစ်အုပ်လုံး ဖတ်ရှုပြီးသွားကြသည်။

အာဒမ်နှင့်ဧဝမှာ တစ်ဦးနှင့်တစ်ဦး ကြည့်ရှုလိုက်ကြပြီး မရိုးမရွ ဖြစ်လာသည်။

ဧဝ၏ လှပသော မျက်နှာလေးမှာ ရင့်မှည့်နေသော ပန်းသီးတစ်လုံးသဖွယ် နီရဲနေပြီး အလွန်ပင် ညှို့ငင်အားပြင်းနေသည်။

အာဒမ် တံထွေးမြိုချကာ စကားဆိုလိုက်သည်။

"ငါတို့.....စမ်းကြည့်ရင် ကောင်းမလား။"

"ကောင်းပြီလေ။ စမ်းကြည့်ကြတာပေါ့။"

ဧဝ တိုးညင်းစွာ တုံ့ပြန်သည်။

"စမ်းသပ်မှု အဆင်ပြေအောင်လို့ လေ့လာထားတာတွေကို သေသေချာချာ လုပ်မှရမယ်။"

အာဒမ် ခေါင်းညိတ်သဘောတူလိုက်သည်။

စစ်မှန်သော အရာအား ရရှိနိုင်ရန်အတွက် စမ်းသပ်မှုတွင် ဗဟုသုတ လိုအပ်ပေသည်။

ထို့အပြင် ၎င်းတို့သည် မဟုတ်တာ လုပ်နေခြင်းလည်း မဟုတ်ပေ။

ထိုအတွေးကြောင့် အာဒမ် စိတ်သက်သာရာ ရသွားသည်။

"စာမျက်နှာတစ်ကနေ စကြတာပေါ့။"

အာဒမ် လေးနက်စွာ အကြံပြုသည်။

"အင်း...."

ဧဝ သဘောတူလိုက်သည်။

အာဒမ်သည် ပထမဆုံး စာမျက်နှာတွင် ရေးဆွဲထားသော ပုံစံအတိုင်း ဂရုတစိုက် လှုပ်ရှားလိုက်သည်။

ဧဝမှာ အလွန်ထူးခြားသော အထိအတွေ့ကြောင့် မနှစ်သက်ခြင်း မဟုတ်ပါသော်လည်း ခန္ဓာကိုယ်တွင် လျှပ်စစ်များ စီးနေသလို ခံစားလိုက်ရသည်။

၎င်းတို့နှစ်ဦးသည် လောင်ကျွမ်းနေသော စိတ်ခံစားချက်များကြောင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းများ စတင်ပျောက်ကွယ်လာသည်။

အလိုလိုသိစိတ်မှာ နေရာယူသွားသည့်အလား မည်သည့်စာမျက်နှာသို့ ရောက်ရှိနေသည်ကိုပင် မသိတော့ပေ။

မည်သည့်နေရာတွင်မဆို ထူးချွန်နေတတ်သည့် ပါရမီရှင်များအား တွေ့ဖူးသည် မဟုတ်လော။ အာဒမ်နှင့်ဧဝသည်လည်း ကိုယ့်ကိုယ်ကို ပါရမီရှင်များလို ခံစားနေရသည်။

"အ့..."

ဧဝမှာ ရုတ်ချည်းဆိုသလို နာနာကျင်ကျင် အော်ဟစ်ကာ မျက်ရည်များ ကျဆင်းလာသည်။

အာဒမ်လည်း ထိတ်လန့်သွားကာ ညီလေးမှာ ကျုံ့ဝင်တော့မလို ဖြစ်သွားသည်။

"ဘာဖြစ်လို့လဲ။"

"နာတယ်....ဘာလို့အဲ့လောက် နာရတာလဲ။ စာအုပ်ထဲက မိန်းကလေးက အရမ်းပျော်နေတာ အသိသာကြီးကို။"

ဧဝ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

အာဒမ်မှာ မျက်ရည်အဝဲသား ဖြစ်လာတော့သည်။

"ငါ.....ငါတောင်းပန်ပါတယ် ဧဝရယ်။ ငါအသုံးမကျလို့ မင်းနာကျင်ရတာပါ။"

ဧဝသည် ဖြူရော်နေသော မျက်နှာနှင့် ငုံ့ကြည့်လိုက်ပြီးနောက် အံကြိတ်ကာ တုံ့ပြန်သည်။

"ရပါတယ်။ ဆက်လုပ်ကြတာပေါ့။ ငါ....ငါခံနိုင်ရည် ရှိပါတယ်။"

"တကယ်လား...."

အာဒမ် အနည်းငယ် တွေဝေနေသည်။

"ငါ့စိတ်ကို ပြင်ဆင်ထားပါတယ်။ အဆင်ပြေမှာပါ။"

ဧဝမှာ နှစ်သိမ့်ပြုံးလေး ပြုံးပြလိုက်ပါသော်လည်း ထိုသည်ကပင် ဆွဲဆောင်မှု ရှိလွန်းလှသည်။

အာဒမ်မှာ ဖိတ်ခေါ်မှုကို မငြင်းဆန်နိုင်တော့ပဲ ဧဝပေါ် ခုန်အုပ်လိုက်တော့သည်။

၎င်းတို့သည် ဗဟုသုတအတွက်ဆိုလျှင် အကြောက်အရွံ့မရှိသော လေ့လာရေးသမားများ ဖြစ်သောကြောင့် မဖြစ်စလောက် နာကျင်မှုလေးမျှဖြင့် နောက်တွန့်သွားမည် မဟုတ်ပေ။

အာဒမ်နှင့်ဧဝသည် တစ်ဦးနှင့်တစ်ဦး စိတ်ပိုင်းဖြတ်ထားမှုအပေါ် အပြန်အလှန် လေးစားမိသွားကြသည်။

ထို့နောက် ရုပ်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုများအား မမောမပန်း လုပ်ဆောင်ကြတော့သည်။

ပရိသတ်များထဲတွင် ကလေးငယ်များ ရှိနိုင်သောကြောင့် အသေးစိတ် မဖော်ပြနိုင်ပေ။

အဆုံးတွင်မူ ၎င်းတို့နှစ်ဦးမှာ အထွဋ်အထိပ် ခံစားချက်မှုတစ်ခုကို ရရှိလိုက်ရပြီး ဗဟုသုတများအပေါ် စမ်းသပ်လေ့လာခြင်း၏ ပျော်ရွှင်မှုနှင့်အတူ စိတ်ကျေနပ်သွားကြသည်။

အာဒမ်နှင့်ဧဝမှာ အသက်ရှူသံများ ပြင်းထန်နေပြီး တစ်ဦးကိုတစ်ဦး ပွေ့ဖက်ကာ အပြုံးများ ဖလှယ်လိုက်သည်။

"ငါတို့စမ်းသပ်တာ နည်းနည်းလိုသွားသလိုပဲ။ စာအုပ်ရဲ့ တချို့စာမျက်နှာတွေတောင် မလုပ်ကြည့်လိုက်ရဘူး။"

အာဒမ် အနည်းငယ် စိတ်ပျက်နေသည်။

"ဘာမှမဖြစ်ပါဘူး။ နောက်နေ့လည်း ထပ်လုပ်လို့ရတာပဲလေ။"

ဧဝမှာ ထိုစကားအား ဆိုလိုက်ပါသော်လည်း ရှက်သွေးဖြာကာ အကြည့်လွှဲသွားသည်။ တစ်စုံတစ်ခုအား သင်ယူလေ့လာခြင်းသည် စိတ်အားထူးခြားစွာ နှိုးဆွပေးနိုင်ကြောင်း ယခုမှသာ သိရှိခဲ့ရသည်။

အာဒမ် ခေတ္တမျှ တိတ်ဆိတ်သွားကာ စကားဆက်လိုက်သည်။

"သင်ကြားတယ်ဆိုတာ နှောင့်နှေးလို့ မရဘူး။ မနက်ဖြန်မှ ဆက်လုပ်ရင် ဒီနေ့က ဘာထူးတော့မှာလဲ။ ငါဆက်လုပ်နိုင်ပါသေးတယ်။"

"ဟင်....နင်က ထပ်လုပ်ချင်သေးတာလား။"

ဧဝ စိတ်လှုပ်ရှားသွားသည်။

"သင်ကြားရေး အတွက်ပဲဟာ။ ဘာလို့လဲ....မင်းကကြောက်တာလား။"

အာဒမ် ခပ်ဖွဖွပြုံးသည်။

"ဟွန့်....ငါကမကြောက်ပါဘူးနော်။ အဲ့ဒါဆိုလည်း ဆက်လုပ်ကြတာပေါ့။"

ဧဝမှာ နည်းနည်းမှပင် အကြောမခံပေ။

ထိုသို့နှင့် ၎င်းတို့နှစ်ဦးမှာ ဒုတိယအချီ ဆက်လိုက်ကြသည်။

စာကြည့်တိုက် အပြင်ဘက်တွင် ရှိနေသော တီနာမှာ လွန်စွာရှက်သွေးဖြာနေလေပြီ။

"ဟွန့်.....အရှက်ကို မရှိဘူး။"

အန်လင်းမှာ မျက်နှာပျက်သွားရသည်။

အကုန်လုံး အဆုံးထိထိုင်ကြည့်နေပြီး အခုမှ လာပြောနေသေးတယ်....

သူသည် နတ်သမီးငယ်လေး၏ ဖြူစင်သောစိတ်အား ကာကွယ်ပေးလိုသောကြောင့် ထိုမြင်ကွင်းအား မကြည့်ရှုရန် ဖြောင်းဖြခဲ့သည်။

သို့သော် တီနာသည် လေးလေးနက်နက် ငြင်းပယ်ကာ ဖန်ဆင်းရှင် နတ်ဘုရားမ ဖြစ်သည်နှင့်အညီ လူသားများ၏ မျိုးဆက်ပြန့်ပွားရေးအပေါ်တွင်လည်း တာဝန်ယူရမည်ဟု ဆိုခဲ့လေသည်။

သူမသည် အားရနေသော အမူအရာဖြင့် စိမ်ပြေနပြေ ကြည့်ရှုနေပြီးမှ အာဒမ်နှင့်ဧဝအား အရှက်မရှိဟု ပြောဆိုခဲ့သည်။

အာဒမ်နှင့်ဧဝမှာ သနားစရာ ကောင်းလှသည်။ ၎င်းတို့၏ ရိုးသားသော ရည်ရွယ်ချက်နှင့် သုတေသန လုပ်နေကြပါသော်လည်း ဖန်ဆင်းရှင် နတ်ဘုရားမ၏ အမျက်ထွက်ခြင်းကို ခံခဲ့ရသည်။

စင်စစ်တွင် သူသည်လည်း ၎င်းတို့အား အားကျမနာလို ဖြစ်မိသည်။

ငါအသက်ရှင်လာတာ အနှစ်နှစ်ဆယ် ကျော်လာပေမယ့် ဒါမျိုးတစ်ခါမှ မကြုံဖူးသေးဘူး.....အာဒမ်နဲ့ဧဝက ငါ့ထက်ကျော်သွားတာ ဖြစ်သင့်လား.....

ဟူး.....

ဒီဟာကို လက်တွေ့စမ်းသပ်နိုင်ဖို့ နှစ်ကိုးဆယ်ကျော် စောင့်ရဦးမယ်....

အန်လင်း၏ နှလုံးသား တစ်ခုလုံး စိတ်မကောင်းခြင်းများစွာ ဖြစ်လာသည်။

အာဒမ်နှင့်ဧဝမှာ လူသားတို့၏ သမိုင်းအတိုင်း ထုံးတမ်းစဥ်လာတစ်ခု ရေးထိုးခဲ့ပြီပင်။

ထိုသည်မှာ တားမြစ်ထားသော သစ်သီးကြောင့် မဟုတ်ပဲ ဟောင်းနွမ်းနေပြီဖြစ်သော အဝါရောင် စာအုပ်ကြောင့်ပင် ဖြစ်ပေတော့သည်။

All Chapters