← Chapters

ရန်ဘက်တွေဖန်တီးရအောင်

Vol. 45 Ch. 631

ရန်ဘက်တွေဖန်တီးရအောင်

Vol. 45 Ch. 631

အာဒမ်နှင့်ဧဝသည် လွန်စွာရင်းနှီးနေပြီးသား ဖြစ်သောကြောင့် အဝါရောင်စာအုပ်ငယ်၏ အကူအညီဖြင့် ၎င်းတို့၏ ဆက်ဆံရေး တိုးတက်သွားသည်မှာ မထူးဆန်းလှပေ။

၎င်းတို့နှစ်ဦးသည် အခင်မင်ဆုံး သူငယ်ချင်းအဖြစ်မှ ချစ်သူဘဝကို တက်လှမ်းခဲ့ကြခြင်း ဖြစ်သောကြောင့် များစွာပြောင်းလဲသွားခြင်း မရှိပေ။ တစ်ခုတည်းသော ပြောင်းလဲချက်မှာ အဝါရောင်စာအုပ်ငယ်မှ ဗဟုသုတများအား နေ့စဉ်နေ့တိုင်း လေ့ကျင့်နေကြခြင်း ဖြစ်သည်။

အာဒမ်နှင့်ဧဝတို့သည် စာကြည့်တိုက်ထဲတွင် အမြဲလိုလို လေ့လာနေကြပြီး စမ်းသပ်မှုများစွာအား ပြုလုပ်နေကြဆဲပင်။

သင်ယူလိုစိတ် ရှိသည်မှာ ကောင်းမွန်သော အရာပင်ဖြစ်ပြီး အနာဂတ် လူသားမျိုးနွယ်များသည်လည်း ၎င်းတို့နှစ်ဦးကဲ့သို့ လေ့လာလိုစိတ် ပြင်းပြပါက လျင်မြန်စွာ တိုးတက်လာပေလိမ့်မည်။

အာဒမ်နှင့်ဧဝသည် သိုလှောင်ရုံ တစ်ခုအတွင်း သစ်စေ့များ ရှာတွေ့ခဲ့ပြီးနောက် ၎င်းတို့၏ အစာရင်းမြစ် တိုးတက်များပြားလာစေရန်အတွက် စိုက်ပျိုးကြည့်ရန် ကြိုးစားခဲ့သည်။

ထို့နောက် ၎င်းတို့သည် မီးဖိုချောင်တစ်ခုကို တွေ့ရှိခဲ့သောကြောင့် မီးအားစမ်းသပ်ပြီးနောက်တွင် သစ်သီးဝလံများသာ စားသုံးရန် မလိုအပ်တော့ပဲ ပထမဆုံးအနေဖြင့် အသားအား ချက်ပြုတ်ခဲ့ကြသည်။

သစ်သားထုတ်ကုန်များ ပြုလုပ်ရန်အတွက် သစ်ပင်ခုတ်ရမည့် ပစ္စည်းကိရိယာများ အသုံးပြုပုံကိုလည်း သင်ယူခဲ့ကြလေသည်။

ထို့အပြင် အဝါရောင်စာအုပ်ငယ်တွင် မပါဝင်သော အခြားအချက်အလက်များ ရေးသားထားသည့် အခြားစာအုပ်များကိုပါ တွေ့ရှိခဲ့ကြပြီးနောက် အာဒမ်နှင့်ဧဝမှာ မင်္ဂလာဆောင် အခမ်းအနား မလုပ်ခဲ့ကြပါသော်လည်း ဇနီးမောင်နှံအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။

ကမ္ဘာကြီးပေါ်တွင် လူသားဟူ၍ ၎င်းတို့သာရှိပြီး မိဘဆွေမျိုး မိတ်ဆွေသူငယ်ချင်းများ မရှိသဖြင့် မင်္ဂလာဆောင်လျှင်လည်း ထူးမည်မဟုတ်သောကြောင့် ပျားရည်စမ်းကာလဟုသာ တိုက်ရိုက်သတ်မှတ်လိုက်ကြသည်။

"အာဒမ် ငါတို့မွေးလာတုန်းက ချီဖူးတဲ့ လူနှစ်ယောက်က ငါတို့မိဘများလားဟင်။"

ဧဝသည် ဇီဝဗေဒဆိုင်ရာ စာအုပ်တစ်အုပ်ကို တွေ့ရှိခဲ့ပြီး သွေးသားတော်စပ်သူများသည် လက်ထပ်ပေါင်းသင်း၍ မရကြောင်း သိရှိခဲ့ရသည်။ ထိုလူနှစ်ဦးသာ ၎င်းတို့၏ မိဘများ ဖြစ်နေပါက ၎င်းတို့သည်လည်း မောင်နှမဖြစ်နေမည် ဖြစ်သောကြောင့် အဆင်မပြေလှပေ။

ထိုအတွေးကြောင့် ဧဝမှာ စိတ်မသက်မသာ ဖြစ်နေလေပြီ။

"မဖြစ်နိုင်ပါဘူး။ မင်းမမှတ်မိတော့ဘူးလား။ အဲ့အမျိုးသမီးက ရွှေရောင်ဆံနွယ်နဲ့ ရွှေရောင်တောင်ပံတွေ ပါတယ်လေ။ ဘယ်လိုမှ လူသားမျိုးနွယ် မဖြစ်နိုင်ဘူး။"

"ပြီးတော့ အဲ့လူကလည်း ငါ့တဝက်တောင် မချောဘူး။ မျိုးရိုးဗီဇအရဆိုရင် မင်းနဲ့ငါလိုမျိုး ပြီးပြည့်စုံတဲ့ လူသားတွေရဲ့မိဘ ဘယ်လိုဖြစ်နိုင်မှာလဲ။"

အာဒမ်မှာ မျိုးရိုးဗီဇများအကြောင်း စာအုပ်ကို ဖတ်ရှုကာ တည်ငြိမ်စွာ စကားဆိုလိုက်သည်။

စာကြည့်တိုက် အပြင်ဘက်တွင် ရှိနေသော အန်လင်းမှာ အာဒမ်အား သမရန်အတွက် လက်တပြင်ပြင် ဖြစ်နေပြီပင်။

မင်းလောက်မချောဘူးပေါ့လေ....

မင်းတို့က သင်ယူရတာ အဲ့လောက်ကြိုက်မှတော့ ယီးစကားတွေ မပြောဖို့လည်း သင်ပေးရသေးတာပေါ့....

တီနာ ခပ်ဖွဖွပြုံးကာ အန်လင်းအား တားလိုက်သည်။

"ဘီလူးအန်လင်း အာဒမ်က အမှန်ကို ပြောနေတာလေ။ သူကနင့်ထက် ချောတာပေါ့။"

"သူကပိုချောတယ်ပေါ့။"

အန်လင်း စာကြည့်တိုက်ထဲမှ ချောမောခန့်ညားသော အမျိုးသားကို လှမ်းကြည့်မိသည်။

"အဲ့တော့ရော ဘာဖြစ်လဲ။ သူ့မှာ ငါ့လိုစိတ်နေစိတ်ထားမှ မရှိတာ။ ဒီဘက်ခေတ်မှာ အဲ့ဒါတွေကမှ ပိုအရေးကြီးတာ။"

"ဒါပေမယ့် သူကလည်း နင့်ထက်ပိုချောတယ်လို့ပဲ ပြောတာလေ။ စိတ်နေစိတ်ထား ဘာညာသာရကာ နေကြာကွာစိတွေ ပြောနေတာမှ မဟုတ်တာ။ နင်ကဘာတွေ စိတ်တိုနေတာလဲ။"

တီနာမှာ မြစိမ်းရောင် မျက်ဝန်းများဖြင့် အန်လင်းအားကြည့်ကာ မေးလိုက်သည်။

အန်လင်းသည်လည်း ထိုစကားကြောင့် အူကြောင်ကြောင် ဖြစ်သွားသည်။

ဟုတ်သားပဲ....ငါကဘာလို့ စိတ်တိုနေတာလဲ....

အာဒမ်နှင့် ဧဝမှာ ဗဟုသုတများ ရှာဖွေနေသလို တီနာမှာ အချိန်စီးဆင်းမှုအား လျင်မြန်စေလိုက်သည်။

မကြာမီတွင် ဧဝ ကိုယ်ဝန်ရှိလာပြီး အာဒမ်မှာ ပြီးပြည့်စုံသော ခင်ပွန်းကောင်းတစ်ယောက်လို ပြုစုစောင့်ရှောက်ပေးသည်။

ဆယ်လကြာပြီးနောက်.....

အာဒမ်မှာ ကလေးငယ်အား မွေးဖွားပေးရန် လွန်စွာစိတ်လှုပ်ရှားနေသည်။ သူသည် ထိုကိစ္စနှင့်ပက်သတ်၍ ဗဟုသုတများစွာ ရှိနေပါသော်လည်း လက်တွေ့မဆောင်ရွက်ဖူးပေ။

နောက်ဆုံးတွင် သဘာဝအတိုင်း မွေးဖွားလာသော လူသားတစ်ဦး ရှိလာပြီဖြစ်ပြီး ထိုသည်မှာ သားယောက်ျားလေးပင်။

"ဝါး....အာဒမ်ရယ် ငါအရမ်းနာတာပဲ။ ကလေးမွေးရတာ အဲ့လောက်ဆိုးရွားမှန်း မသိခဲ့ဘူး။ နောက်ဆို ငါတို့ကလေးမယူကြလို့ရလား။"

ဧဝမှာ ထိုစကားနှင့်အတူ ငိုကြွေးနေသည်။

"ကောင်းပြီလေ။ ငါတို့တွေ ကလေးထပ်မယူတော့ဘူးနော်။"

အာဒမ် လေးနက်စွာ သဘောတူလိုက်သည်။

ကလေးမွေးနေရင်း နာကျင်စွာ အော်ဟစ်နေသော ဧဝကိုကြည့်ကာ သူ၏နှလုံးသားများလည်း ကြေမွခဲ့ရသည်။

သူသည် ဧဝအား အမှန်တကယ် ချစ်မြတ်နိုးသောကြောင့် ထိုသို့သော နာကျင်မှုအား မခံစားစေလိုတော့ပေ။

အန်လင်းနှင့် တီနာမှာမူ ထိုသည်ကိုကြည့်ကာ စိတ်မသက်မသာ ဖြစ်နေလေပြီ။

စိတ်လျှော့ပါ ကိုယ့်လူတို့ရေ....မင်းတို့ ကလေးထပ်မယူရင် လူသားမျိုးနွယ်က မျိုးတုန်းသွားလိမ့်မယ်.....

"အာဒမ်... ကလေးကို ငါ့ဆီပေးပါဦး။"

ဧဝ ချည့်နဲ့စွာ တောင်းဆိုလာသည်။

အာဒမ်မှာ အနည်းငယ် တွေဝေနေပါသော်လည်း ကလေးငယ်အား ဧဝ ရင်ခွင်ထဲ ထည့်ပေးလိုက်သည်။

ဧဝသည် သားငယ်လေးအားကြည့်ကာ နွေးထွေးစွာ ပြုံးမိသည်။ ထိုအခိုက်အတန့်တွင် သူမ နာကျင်ခံစားခဲ့ရသမျှအားလုံး ပျောက်ကွယ်သွားသလိုပင်။

"အာဒမ်.....သားသားလေးက ချစ်ဖို့ကောင်းလိုက်တာ။ ငါတို့နောက်လည်း ထပ်မွေးသင့်တယ်။"

ဧဝ ပြုံးကာပြောလိုက်သည်။

"ဟမ်....."

အာဒမ် နားမလည်နိုင် ဖြစ်သွားပါသော်လည်း ဧဝ၏ လေးနက်သော အမူအရာကြောင့် ခေါင်းညိတ်သဘောတူမိသည်။

"မင်းသဘောအတိုင်းပါပဲ။"

မိန်းမတွေက စိတ်ပြောင်းမြန်လိုက်တာ.....

လူသားမျိုးနွယ် မျိုးတုန်းမည့်အရေးအား စိတ်ပူစရာ မလိုတော့သဖြင့် အန်လင်းနှင့်တီနာ သက်ပြင်းချလိုက်မိကြသည်။

"သားလေးကို ကြည့်ပါဦး။ ငါတို့ စာအုပ်ထဲမှာ ဖတ်ဖူးတဲ့ပုံနဲ့ တစ်ပုံစံတည်းပဲ။"

ဧဝ စိတ်ရှုပ်ထွေးနေသည်။

"ဒါပေမယ့် ငါတို့ကြတော့ မွေးတည်းက ကြီးနေတာ ဘာလို့လဲ မသိဘူးနော်။ စာအုပ်ထဲက ပုံတွေနဲ့လည်း မတူဘူး။"

"ဖြစ်နိုင်တာက...."

အာဒမ်ထံတွင်လည်း ထိုအတွက် အဖြေမရှိသောကြောင့် ရမ်းရွှီးရတော့သည်။

"ဘာလို့လဲဆိုတော့ ငါတို့က ထူးခြားလို့လေ။ ငါတို့ကို နတ်ဘုရား တစ်ပါးက ဖန်ဆင်းထားတာ ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့် သဘာဝထက် ထူးခြားနေတာပဲ။"

ဧဝမှာ အာဒမ်၏ ရှင်းပြချက်ကြောင့် ရယ်မောကာ သံသယများ ဖယ်ထုတ်ထားလိုက်သည်။

တီနာမှာ အချိန်စီးဆင်းမှုအား မြန်ထားဆဲပင်။

ဧဝထံတွင် ကလေးကိုးယောက် ရှိနေပြီဖြစ်ပြီး သားလေးငါးယောက်၊ သမီးလေး လေးယောက်တို့ ဖြစ်သည်။

ထို့နောက် အာဒမ်နှင့်ဧဝမှာ မည်မျှကြိုးစားပါစေ ကလေးထပ်မရနိုင်တော့ပေ။

ထိုသည်မှာ တီနာကြောင့်လည်း မဟုတ်ပေ။ သူမသည်လည်း လူသားမျိုးနွယ် ပိုမိုပြန့်ပွားလာသည်ကို အလိုရှိပါသော်လည်း ကံကြမ္မာ၏ သတ်မှတ်ချက်သာ ဖြစ်ပုံရသည်။

၎င်းတို့၏ ကလေးကိုးဦးသည် စုံတွဲလေးတွဲ ဖြစ်သွားကာ ကျန်တစ်ဦးမှာ FAလေး ဖြစ်လာသည်။

ဧဝမှာ ထိုကိစ္စအား အနည်းငယ် စိုးရိမ်နေမိသည်။ သွေးသားတော်စပ်သူချင်း လက်ထပ်ထိမ်းမြားပါက ဖြစ်လာနိုင်သော နောက်ဆက်တွဲများအကြောင်း စာအုပ်ထဲတွင် ဖတ်ထားခဲ့ဖူးသည်။ သို့သော် ရွှေရောင်ဆံနွယ်နှင့် ဆန်းကြယ်သော အမျိုးသမီး တစ်ဦးသည် အိမ်မက်ထဲ ရောက်ရှိလာကာ သွေးသားတော်စပ်သူအချင်းချင်း မျိုးဆက်ပြန့်ပွားခြင်းကြောင့် ဖြစ်လာနိုင်မည့် မျိုးရိုးဗီဇဆိုင်ရာ ပြဿနာများအားလုံးကို ဖယ်ရှားပေးထားသောကြောင့် စိုးရမ်နေစရာ မလိုအပ်ကြောင်း ပြောပြခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အိမ်မက်အား ယုံကြည်၍ရမရ သူမ မပြောတတ်ပေ။

နောက်ပိုင်းတွင် အာဒမ်မှာ စာကြည့်တိုက်ထဲရှိ လျှို့ဝှက်အခန်းတစ်ခုတွင် ထူးဆန်းသော စာအုပ်တစ်အုပ်ကို ရရှိခဲ့သည်။

စာအုပ်အဖုံးပေါ်တွင် "ရှန်ချင်းခန္ဓာကိုယ်သန့်စင်ခြင်းမန္တာန်"ဟု ရေးထိုးထားသည်။

စာအုပ်အား ဖွင့်ကြည့်လိုက်ပြီးနောက် ဒဏ္ဍာရီလာ ကျင့်ကြံရေးနည်းလမ်း ဖြစ်နေသဖြင့် အာဒမ် အတော်ပင် စိတ်လှုပ်ရှားသွားသည်။ မရေမတွက်နိုင်သော စာအုပ်များထဲတွင် အင်မော်တယ်လမ်းစဉ် လျှောက်လှမ်းနိုင်သော ကျင့်ကြံရေးများအကြောင်း ဖတ်ရှုခဲ့ရဖူးသည်။

ထိုသို့ဖြင့် လူသားများမှာ ကျင့်ကြံရေးလမ်းကြောင်းပေါ် စတင်ရောက်ရှိလာသည်။

မျိုးနွယ်စုကိုးခုသည်လည်း ၎င်းတို့၏ ကိုယ်ပိုင်ကျင့်ကြံရေးလမ်းစဉ်များကို တိုးတက်လာအောင် လုပ်ဆောင်ကြသည်။

၎င်းတို့အားလုံးနီးပါးမှာ ကျင့်ကြံနိုင်သူများ ဖြစ်ကြသောကြောင့် စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်များမှာ ပိုမိုများပြားလာသည်။

တစ်ချိန်က ကမ္ဘာကြီးကို အုပ်စိုးခဲ့သော ထရန်နိုဆောရပ်စ်(ရက်စ်)များမှာ မျိုးတုန်းကုန်မည်ကို ကြောက်ရွံ့နေသောကြောင့် ပုန်းကွယ်နေထိုင်ရသော ဘဝသို့ ရောက်ရှိလာသည်။

၎င်းတို့သည် ကုန်းမြေ၊ ပင်လယ်နှင့် ကောင်းကင်အား ကြီးစိုးခဲ့သူများ ဖြစ်ပါသော်လည်း ယခုအခါ သက်ရှိစွမ်းအင် မကြွယ်ဝသော ဂူများထဲတွင် ပုန်းအောင်းနေထိုင်လာရသည်။ မျိုးနွယ်စုကိုးခုမှာလည်း ၎င်းတို့အား အားစမ်းစရာ သတ္တဝါအဖြစ်သာ သဘောထားကြသောကြောင့် အကောင်ရေမှာ သိသာစွာ လျော့ကျလာသည်။

ဒိုင်နိုဆောများသည် အခြားသော မျိုးနွယ်စုများထက် ခန္ဓာကိုယ် အနည်းငယ် သန်မာသည်မှလွဲ၍ မည်သည့်အားသာချက်မှ မရှိကြောင်း သိရှိလာရသည်။

မျိုးနွယ်စုကိုးခုထဲတွင် တောင်ပံနက်မျိုးနွယ်စု၊ နဂါးမျိုးနွယ်စုနှင့် စစ်မှန်မိစ္ဆာမျိုးနွယ်စုများမှာ စတင်မောက်မာလာသည်။ ၎င်းတို့သည် ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းဟု ခံယူကာ ဒိုင်နိုဆောများအား တိုက်ခိုက်ရုံမျှနှင့် မလုံလောက်သလို ခံစားလာရသည်။ ထို့ကြောင့် အခြားမျိုးနွယ်စုများအပေါ် မျက်စိကျလာသောကြောင့် မျိုးနွယ်စုကိုးခုကြား စစ်ပွဲများ စတင်ဖြစ်ပေါ်လာသည်။

"ဟွန့်.....သူတို့ကိုယ်သူတို့ တကယ်ပဲ ပြိုင်ဘက်ကင်းလို့ ထင်နေတာလား။"

တီနာမှာ စစ်ပွဲနှင့်ပက်သတ်၍ အနည်းငယ်ပင် မကျေနပ်ပေ။

"မဆိုးပါဘူး။ တိုက်ခိုက်နေရင်းနဲ့မှ ပိုတိုးတက်လာကြလိမ့်မယ်။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"သူတို့က အဲ့လောက်တောင် တိုက်ချင်နေတော့လည်း...."

တီနာ၏ မြစိမ်းရောင် မျက်ဝန်းလေးများမှာ ဖျတ်ခနဲ လက်သွားသည်။

"တိုက်ခိုက်ချင်စိတ်ကို နှလုံးသားထဲထိ ထည့်ပေးထားလိုက်ဦးမယ်။"

အန်လင်းမှာ မကောင်းသော စိတ်ခံစားချက်များ ရရှိလာသည်။

"မင်းဘာလုပ်မလို့လဲ။"

"သူတို့က အရမ်းပျင်းနေလို့ စစ်ထတိုက်ကြတာမလား။ အဲ့ဒါကြောင့် တိုက်ခိုက်ဖို့အတွက် မကောင်းဆိုးဝါးလေးတွေ ဖန်တီးပေးလိုက်ကြတာပေါ့။"

တီနာ ရယ်မောကာ ပြောလိုက်သည်။

All Chapters