← Chapters

စိတ်ကူးမှဖြစ်တည်လာသောဖန်တီးမှုများ

Vol. 45 Ch. 632

စိတ်ကူးမှဖြစ်တည်လာသောဖန်တီးမှုများ

Vol. 45 Ch. 632

မကောင်းဆိုးဝါးတွေလား.....

အန်လင်းမှာ ခေတ္တမျှ ကြောင်တောင်တောင် ဖြစ်သွားရပါသော်လည်း တီနာသည် ဤကမ္ဘာ၏ ဖန်ဆင်းရှင် နတ်ဘုရားမဖြစ်ပြီး မကောင်းဆိုးဝါးများကို မဆိုထားနှင့် စိတ်အလိုရှိရာ ပြုလုပ်နိုင်ကြောင်း အမှတ်ရသွားမိသည်။

"ဘယ်လိုမကောင်းဆိုးဝါးမျိုး လုပ်ချင်တာလဲ။"

အန်လင်း ကူကယ်ရာမဲ့စွာ မေးလိုက်သည်။

"အင်း....မပြောတတ်သေးဘူး။ ဉာဏ်ရည်မြင့် သတ္တဝါတွေ ထပ်ပြီးမဖန်ဆင်းနိုင်သေးဘူးလေ။"

တီနာ မေးဖျားထောက်ကာ လေးလေးနက်နက် တွေးတောနေသည်။

"ဒါပေမယ့် ဒီကမ္ဘာက ရင်းမြစ်တွေကိုသုံးပြီး ဉာဏ်တုံးပေမယ့် အားကြီးတဲ့ သတ္တဝါတွေတော့ လုပ်နိုင်လိမ့်မယ်။ နင်ရောဘယ်လိုထင်လဲ။"

အန်လင်းမှာ စိတ်လှုပ်ရှားသွားပြီး ထိုအကြောင်းအရာအား အသေအချာ စဉ်းစားတော့သည်။

"သူတို့တွေမှာ မူလနေရာ၊ နောက်ခံသမိုင်းကြောင်း တစ်ခုနဲ့ စိတ်ကိုလှုံ့ဆော်ပေးနိုင်မယ့်ဟာမျိုး ရှိသင့်တယ်။"

"ဒါကလွယ်ပါတယ်။ မူလနေရာအတွက် ဒီကမ္ဘာရဲ့ မြောက်ဘက်ပိုင်းမှာ ငရဲတံခါးဝတစ်ခု လုပ်လိုက်မယ်။ အဲ့ဒါဆို မကောင်းဆိုးဝါးတွေက ဒီကမ္ဘာထဲ ဝင်လို့ရပြီပေါ့။ မျိုးနွယ်စုကိုးခုက အတူတူ ပူပေါင်းပြီး ငရဲတံခါးကို ချိပ်ပိတ်အနိုင်ယူပြီး ကမ္ဘာကြီးကို ကယ်တင်ကြမှာလေ။"

တီနာ ခပ်ဖွဖွပြုံးသည်။

"သူတို့ရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ စိတ်ကိုလှုံ့ဆော်ပေးဖို့က...."

တီနာ တွေးတောနေရင်း တိတ်ဆိတ်သွားသည်။

သူမ ထိုကိစ္စအား ဂရုတစိုက် စဉ်းစားကာ အကြံပြုလိုက်သည်။

"သူတို့ရဲ့ ကမ္ဘာကြီးက ဖျက်စီးခံလိုက်ရလို့ ဒီကမ္ဘာကို ရောက်လာပြီး သိမ်းပိုက်ဖို့ ကြိုးစားတာ ဆိုရင်ရော။"

"မဖြစ်သေးဘူး။ ဒီဇာတ်ကြောင်းကြီးက သုံးလွန်နေတော့ ပေါကားလို ဖြစ်နေပြီ။ ပြီးတော့ အဲ့လိုသာဆို ကမူးရှူးတိုးနဲ့ ပတ်ဝန်းကျင်တွေပါ အများကြီး ပျက်စီးကုန်လိမ့်မယ်။"

အန်လင်း ခေါင်းခါပြသည်။

"မကောင်းဆိုးဝါးတွေကို ဉာဏ်ရည်မြင့် သတ္တဝါတွေကို အမဲလိုက်မယ့် မုဆိုးပုံစံမျိုး လုပ်သင့်တယ်။ ဉာဏ်ရည်မြင့် သတ္တဝါတွေရဲ့ အစွမ်းကို စုပ်ယူပြီး သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းကို မြှင့်တင်တဲ့ ဂြိုလ်သားမျိုးနွယ်လို ပုံစံမျိုးပေါ့။"

"သူတို့တွေက အာကာသထဲကလာပြီး အဓိက ရည်ရွယ်ချက်ကတော့ ဉာဏ်ရည်မြင့် သတ္တဝါတွေကို စားသုံးပြီး သူတို့ရဲ့ အစွမ်းကို မြှင့်တင်ဖို့ပဲ။"

"သူတို့တွေက ဉာဏ်ရည်မြင့် သတ္တဝါတွေကိုပဲ စားတာဆိုတော့ ဒိုင်နိုဆောတွေကိုလည်း သတ်မှာမဟုတ်ဘူး။ ပတ်ဝန်းကျင်ကိုလည်း ဒုက္ခမပေးလောက်ဘူး။ ဘယ်လိုသဘောရလဲ။"

တီနာ ခေါင်းညိတ်ကာ လက်မထောင်ပြသည်။

"အရမ်းမိုက်တယ်။ နင်ပြောသလိုပဲ လုပ်ကြတာပေါ့။"

အန်လင်းမှာ ပိုပိုစိတ်လှုပ်ရှားလာပြီး ခေါင်းထဲတွင် အတွေးများ စီးဆင်းလာသည်။

"သူတို့ရဲ့ နာမည်ကိုတော့ ဝိဉာဉ်ဝါးမြိုသားရဲလို့ ပေးကြတာပေါ့။ သူတို့ရဲ့ အခြေခံအစွမ်းကို တာအိုခန္ဓာအဆင့်ငါး ပတ်ချာလည်လောက် ထားပေးလိုက်။ ဒါပေမယ့် ဘယ်လောက်ပဲ စွမ်းအားကြီးလာပါစေ စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အလယ်အလတ် အဆင့်ကို မကျော်စေနဲ့။ ဉာဏ်ရည်မြင့် သတ္တဝါတွေကို စားသုံးတဲ့ ပမာဏပေါ် မူတည်ပြီး အစွမ်းကွာခြားလိမ့်မယ်။ သူတို့ရဲ့ မျိုးပွားစွမ်းရည်ကိုတော့ သေချာကန့်သတ်မှရမယ်။ မဟုတ်ရင် မျိုးနွယ်စုကိုးခုအတွက် အရမ်းအန္တရာယ် များနေမယ်။ သူတို့ရဲ့ ပုံစံအတွက်ကတော့ မကောင်းဆိုးဝါးတွေဆိုတော့ အနက်ရောင်ထားတာ ကောင်းမယ်။ လက်သည်းရှည်ကြီးတွေနဲ့ အခေါင်းပေါက်လို ပါးစပ်တွေ ပိုင်ဆိုင်ထားတာမျိုးပေါ့။ ပြီးတော့ မှော်နက်ပညာကို ကျင့်ကြံတဲ့သူတွေဆို ပွဲသိမ်းပြီလေ။"

တီနာမှာ အန်လင်း၏ အကြံမှန်သမျှကို ခေါင်းညိတ်ထောက်ခံနေသည်။

သခင်ပျော်ရင် ပြီးတာပဲ.....ဒီမကောင်းဆိုးဝါးကို ငါမကြိုက်ရင်လည်း နောက်ထပ်မျိုးစိတ်တွေ ထပ်ဖန်ဆင်းလို့ ရတာပဲလေ....ငါက ဖန်ဆင်းရှင် နတ်ဘုရားမပဲဟာ....ဝိဉာဉ်ဝါးမြိုသားရဲတွေက ငါ့အတွက်တော့ စမ်းသပ်ခန်းက ကြွက်လိုပါပဲ....

............

တီနာ ကမ္ဘာ၏ မြောက်ဘက်စွန်းပိုင်း၌

ဝုန်း......

ကမ္ဘာမြေမှာ ပြင်းထန်စွာ တုန်ခါလာပြီး ပေထောင်ချီမျှရှိသော မဟူရာတံခါးဝတစ်ခု ရုပ်လုံးပေါ်လာသည်။

ပေတစ်သောင်းဝန်းကျင်တွင် မိစ္ဆာအငွေ့အသက်များ ပျံ့နှံ့လာပြီး မြေပြင်များ ခြောက်သွေ့အက်ကွဲကာ သက်ရှိစွမ်းအင်များအားလုံး စုပ်ယူခံလိုက်ရသည်။ ချက်ချင်းဆိုသလို အသွင်သဏ္ဍာန် မျိုးစုံရှိသော အနက်ရောင် မကောင်းဆိုးဝါးများမှာ တံခါးဝမှ ထွက်ပေါ်လာတော့သည်။

"ဝေါင်း....."

"ဂါး....."

"ဘား....."

"အဲ့ဉာဏ်ကောင်းတဲ့ ဦးနှောက်တွေကို စားချင်တယ်...."

"သွားရအောင်....တောင်ပိုင်းမှာ ဦးနှောက်တွေရှိတယ်တဲ့။"

မကောင်းဆိုးဝါး တစ်သောင်းကျော်ခန့်မှာ မိစ္ဆာအငွေ့အသက်များနှင့်အတူ ငရဲတံခါးဝမှ ထွက်လာကြပြီး တောင်ဘက်ပိုင်းထံ မမောမပန်း ပြေးလွှားသွားကြသည်။

တီနာသည် ၎င်းတို့၏ ဉာဏ်ရည်အား အလွန်အမင်း ကန့်သတ်ထားသောကြောင့် အခြေခံ စကားအပြောအဆိုနှင့် ပြောဆိုဆက်သွယ်မှုများကိုသာ လုပ်နိုင်ကြသည်။

ဤသို့ဖြင့် ဝိဉာဉ်ဝါးမြိုသားရဲများ ကမ္ဘာမြေပေါ် ရောက်ရှိလာခဲ့သည်။

"ဟူး.....ဘီလူးအန်လင်း ငါတော်တော် ပင်ပန်းနေပြီ။ ခဏလောက်တော့ အနားယူရမယ် ထင်တယ်။"

တီနာမှာ အန်လင်း၏ပုခုံးပေါ်မှီကာ ပင်ပန်းနွမ်းနယ်စွာ ငြီးငြူလိုက်သည်။

ထိုမကောင်းဆိုးဝါးများ၏ တီနာ၏ စိတ်ကူးများဖြင့် ဖန်တီးထားရသောကြောင့် စွမ်းအင်လွန်စွာ ကုန်ခမ်းသည်။ ထို့အပြင် အချိန်စီးဆင်းမှုကို မြန်ထားသည်မှာလည်း အတော်ပင် ကြာမြင့်နေလေပြီ။

အန်လင်းမှာ လှပလွန်းသော မိန်းမငယ်လေးအားကြည့်ကာ သက်ပြင်းချမိသည်။

အော်.....ဖန်ဆင်းရှင်တွေတောင် ပင်ပန်းတတ်တာပဲ....

အန်လင်းသည် မကျေမနပ် မဖြစ်ပဲ တီနာအား စစ်မှန်သည်ဟုပင် ပိုမိုခံစားလာရသည်။

"အဲ့ဒါဆိုလည်း သွားပြန်နားရအောင်လေ။"

အန်လင်း ပြုံးကာပြောလိုက်သည်။

"ကောင်းသားပဲ။"

တီနာမှာ ထိုစကားအား စောင့်မျှော်နေသည့်အလား အန်လင်းအား ကမ္ဘာထဲမှ ခေါ်ထုတ်သွားသည်။

အန်လင်း မူးနောက်နောက်ဖြစ်ကာ ရင်းနှီးနေသော အိပ်ခန်းထဲ ပြန်လည်ရောက်ရှိလာသည်။

တီနာ သမ်းဝေနေရင်း ဝိဉာဉ်သွေးဆေးလုံးအား မြိုချလိုက်သည်။

"ငါ့ကို ဒီတစ်ခါတော့ အစားအသောက်နဲ့ မမြှူဆွယ်နဲ့တော့နော်။ ငါကောင်းကောင်းလေး အိပ်ပါရစေ။"

ထိုစကားနှင့်အတူ အန်လင်း၏ ခေါင်းအုံးပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

အန်လင်းမှာ ပင်ပန်းနွမ်းနယ်ခြင်း မရှိသောကြောင့် ရှောင်ဟုန်အားရှာကာ ဘယ်နရက်ရှိပြီလဲဟုမေးရန် စဉ်းစားလိုက်သည်။

"ရှောင်ဟုန်....ရှောင်ဟုန် သီချင်းမဆိုနဲ့ဦး။ ဒီတစ်ခါရော ဘယ်နရက်လောက် ရှိနေပြီလဲ။"

အန်လင်းမှာ ရှောင်ဟုန်၏ ပွင့်ချပ်နီလေးအား ကိုင်ကာမေးလိုက်သည်။

ရှောင်ဟုန်မှာ သီချင်းဆိုနေစဉ် နှောင့်ယှက်ခံရသောကြောင့် သဘောမကျ ဖြစ်သွားသည်။

"ဟွန့်.....ခုနစ်ရက်ရှိပြီ။"

အန်လင်း ခေါင်းညိတ်လိုက်ပြီးမှ တစ်စုံတစ်ခုအား သတိရသွားသည်။

"ယီးထဲမှ...."

ယနေ့သည် နှစ်ကုန်စာမေးပွဲများ စတင်မည့်နေဖြစ်ကြောင်း အမှတ်ရလိုက်မိသည်။ ကတ်စီဒီတို့သည် သူ့အားစောင့်ဆိုင်းနေကြသောကြောင့် ထိုအခွင့်အရေးအား လက်လွှတ်ခံ၍ မဖြစ်ပေ။

အန်လင်းမှာ သားရဲများနှင့် တပည့်ဖြစ်သူထံ အသံဖြင့် ဆက်သွယ်လိုက်သည်။

"ငါအနက်ရောင်စိမ့်တောကိုသွားပြီး သွေးမျိုးနွယ်စုကို တိုက်ခိုက်မလို့။ လိုက်နိုင်မယ့်သူတွေ နာမည်စာရင်းပေးကြ။ မင်းတို့ကို စဉ်းစားဖို့ အချိန်ဆယ်မိနစ်ပေးမယ်။"

"အနက်ရောင်စိမ့်တောလား....ဘာပဲဖြစ်ဖြစ် ခရီးမထွက်ရတာ ကြာနေပြီ။ ကျွန်တော်လိုက်ချင်တယ် ဝုတ်..."

တပိုင် ချက်ချင်းပင် တုံ့ပြန်လာသည်။

ဒါကအချစ်စစ်ပဲ.....

အန်လင်း ပျော်ရွှင်သွားရသည်။

"ငါတော့မသွားချင်ဘူး။ အဲ့နေရာမှာ နေရောင်နည်းနည်းလေးပဲ ရတာတဲ့။"

ရှောင်ဟုန်မှာ ပွင့်ချပ်လေးများ ခါရမ်းကာ ငြင်းဆိုလိုက်သည်။

အန်လင်းမှာလည်း သူမ လိုက်လာမည်ဟု မမျှော်လင့်ထားသောကြောင့် မည်သို့မှ မနေပေ။

"သခင်က ကမ္ဘာကြီးကို အုပ်စိုးတော့မလို့လား။ အခု ရွှယ်ကျန်ထျန်းက အဆင့်တက်တော့မှာ။ ကျွန်တော်က သူ့ကိုကူပေးနေရတော့ လိုက်နိုင်မယ် မထင်ဘူး။"

ကြေးခွံဖြူဝံပုလွေနတ်ဘုရားမှာ သက်ပြင်းချလိုက်သည်။

"သခင်....နောက်တစ်ခါဆို ခေါ်သွားနော်။ အဲ့အခါကြရင် ကျုပ်အမွှေးတွေက ဆူးချွန်တွေလို ထက်နေလောက်ပြီ။"

ရွှယ်ကျန်ထျန်း စကားဆိုလာသည်။

အန်လင်း: "......"

ကြည့်ရတာ ဒီနှစ်ကောင်လည်း မလိုက်နိုင်ဘူးပဲ....

"ဆရာ....ကျွန်တော် သွားချင်တယ်။"

ရှောင်ဇယ် စိတ်လှုပ်ရှားစွာပြောသည်။

"အစ်ကိုကြီးအန်....ကျွန်တော်လည်း လေ့ကျင့်ခန်း မလုပ်ရတာကြာပြီ။"

ရှောင်ချိုးလည်း ဝင်ပြောလာသည်။

တပိုင်၊ ရှောင်ဇယ်၊ ရှောင်ချိုးနှင့် တီနာတို့ လိုက်ပါကြမည်ပင်။

တီနာထံမှ မည်သည့်စကားမှ မကြားရပါသော်လည်း ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းမည်သည်ဟု အန်လင်း သတ်မှတ်ထားသည်။

အန်လင်း စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

ကြောက်စရာကောင်းတဲ့အဖွဲ့ပဲ.....

သူနောက်ထပ်တဖန် အသံပို့လွှတ်လိုက်သည်။

"ကောင်းပြီ။ တတ်နိုင်သမျှ မြန်မြန်လေး အိမ်ပြန်လာခဲ့ကြ။ အနက်ရောင်စိမ့်တောကို တူတူသွားရအောင်။"

All Chapters