← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂-မိုဘိုင်းဖုန်း။

ရှူချင်းချန်အနေဖြင့် စီးပွားရေးလုပ်ငန်းတွင် ငွေကြေးဆုံးရှုံးမည်လား သို့မဟုတ် အမြတ်အစွန်းများစွာ ရရှိမည်လားဆိုသည်ကို ဝေ့ဝူ ဂရုမစိုက်ပေ။

အကယ်၍ သူမသည် အရင်းအနှီးများ ဆုံးရှုံးသွားခဲ့လျှင်ပင် ထိုကြွေးမြီများကို ပြန်လည်ဆပ်ရန်အတွက် သူမသည် သူ၏လက်အောက်တွင် တစ်သက်တာလုံး အလုပ်လုပ်ပေးရလိမ့်မည်ဖြစ်ရာ သူအတွက်မူ အမြတ်သာထွက်နေပါလိမ့်မည်။

ဟော့ပေါ့စားနေရင်း ဝေ့ဝူတစ်ယောက် စိတ်ကူးယဉ်မိသည်။ အကယ်၍ သူသာ တခြားကမ္ဘာသို့ ကူးပြောင်းခြင်းမရှိခဲ့ပါကယခုအချိန်တွင် တက္ကသိုလ်ကျောင်းဝင်းအတွင်း ပျော်ရွှင်ပေါ့ပါးသော ဘဝကို ပိုင်ဆိုင်နေရမည်မှာ အမှန်ပင်။

သူသည် ကမ္ဘာမြေသို့ ရောက်လာတိုင်းတွင် ကျင့်ကြံခြင်းလောကမှာ အိပ်မက်တစ်ခုကဲ့သို့ ခံစားရပြီး ကျင့်ကြံခြင်းလောကသို့ ပြန်ရောက်သည့်အခါတွင်မူ ကမ္ဘာမြေမှာ ဝေးကွာလှသော မှတ်ဉာဏ်တစ်ခုကဲ့သို့ ဖြစ်သွားတတ်သည်။

"ဖြန်းးး"

ဝေ့ဝူ မျက်မှောင်ကြုတ်သွားသည်။

"ယင်ကောင်တစ်ကောင်ပါလား။"

ကျင့်ကြံခြင်းလောကတွင် တိုက်ပွဲများစွာကို ရင်ဆိုင်ခဲ့ရသော ဝေ့ဝူအတွက် ယင်ကောင်တစ်ကောင်မှာ အရေးမပါလှ။

သူသည် သေနေသော ယင်ကောင်ကို ပုတ်ထုတ်လိုက်ပြီး ဟော့ပေါ့ကို ဆက်လက်စားသောက်နေသည်။ ၄၀ မိနစ်ခန့် ကြာပြီးနောက် သူ အဝစားပြီးသွားသည်။

ဝေ့ဝူတွင် ကျန်ရှိနေသေးသော အလေးချိန် ခွင့်ပြုချက် တစ်ကီလိုဂရမ်ခန့်ကို အသုံးချရန်အတွက် ကုန်စုံဆိုင်တစ်ဆိုင်သို့ ဝင်ကာ သစ်သီးလှီးဓားတစ်လက်၊ စီးကရက်တစ်ဘူး၊ ကလေးကစားစရာ ဖောက်ခွဲပစ္စည်း တစ်ဘူး၊ ကယ်လ်စီယမ်ဆေးပြား တစ်ဘူးနှင့် ကဒ်ပြားတစ်ကဒ်တို့ကို ဝယ်ယူလိုက်သည်။

ဤပစ္စည်းများနှင့်အတူ အလေးချိန်ခွင့်ပြုချက်မှာ ပြည့်သွားပြီဖြစ်သည်။

"မင်းရွှေတွေကို ရောင်းပြီးလို့ ငွေရလာရင် အနီးနားမှာ အခန်းတစ်ခန်း ငှားထားလိုက်။ လက်ဖက်ရည်ခွက်၊ လက်နှိပ်ဓာတ်မီး၊ မုတ်ဆိတ်ရိတ်စက်၊ လက်သည်းညှပ်၊ သစ်သီး၊ မုန့်၊ စာအုပ်နဲ့ လိုအပ်တဲ့ ဆေးဝါးတွေအကုန် ဝယ်ပြီး အဲဒီမှာ ထားထားပါ။ ငါ့အတွက် နေရာတစ်ခု စီစဉ်ပေးထားတာလို့ သဘောထားလိုက်။"

"ငါ့ဆီမှာ အလုပ်လုပ်တဲ့အတွက် မင်းရဲ့ရင်းနှီးမြှုပ်နှံမှုတွေကရတဲ့ အမြတ်အပြင် တစ်လကို လစာ ၃၀,၀၀၀ ပေးမယ်။ အဲဒီငွေတွေကို မင်းဘာသာ ရန်ပုံငွေထဲက နုတ်ယူလိုက်ပါ။ နောက်ပိုင်း ငါ သိပ်ပေါ်လာမှာ မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် ငါ့ကို လိုက်ရှာစရာမလိုဘူး ငါ ဖုန်းဆက်တာကိုပဲ စောင့်နေ။"

ဝေ့ဝူ၏ လျင်မြန်သော စကားလုံးများအောက်တွင် ရှူချင်းချန်မှာ နားမလည်နိုင်စွာဖြင့် ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုသာ တုံ့ပြန်နိုင်ပြီး နောက်ဆုံးတွင် ကျေးဇူးတင်ပါတယ်ဟု ခက်ခက်ခဲခဲ ပြောနိုင်လိုက်သည်။

"ငါဟာ ဝေ့ဝူ ဆိုတဲ့ စစ်နတ်ဘုရားရဲ့ မျိုးဆက် လျှို့ဝှက်မိသားစုက သခင်လေးတစ်ယောက်ပဲ။"

"စစ်နတ်ဘုရားက ကျောင်းချောင် မဟုတ်ဘူးလား။ ဘာလို့ ဝေ့ဖြစ်နေရတာလဲ။"

"ရှေးခေတ်တုန်းက ရန်သူတွေလက်က လွတ်အောင် နာမည်ပြောင်းတာ ခေတ်စားခဲ့တယ်။"

အချိန်စေ့ရောက်တော့မည့်အချိန်တွင် ဝေ့ဝူသည် သူမအား ကျောင်းသို့ ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင် အိမ်သာသို့ ပြန်သွားကာ အာကာသတံခါးပေါက်မှတစ်ဆင့် မသေမျိုးဂူအတွင်းသို့ ပြန်ရောက်လာသည်။

မသေမျိူးဂူထဲသို့ ရောက်သည်နှင့် ဝေ့ဝူသည် ယူဆောင်လာသော ပစ္စည်းများကို စတင်စစ်ဆေးသည်။ ကျင့်ကြံခြင်းလောကသို့ ရောက်လာသောအခါ ဖုန်းမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်နေပြီး ဖန်သားပြင် မရှိတော့သည်ကို တွေ့ရသည်။

သူသည် ဖုန်းကို မိမိကိုယ်နှင့် ချိတ်ဆက်လိုက်သောအခါ ဖုန်းမှာ ပျောက်ကွယ်သွားပြီး သူ၏ နတ်ဘုရားပင်လယ်ထဲသို့ စုပ်ယူသွားသည်။ သူသည် မိမိ၏ နတ်ဘုရားပင်လယ်ထဲတွင် စာသား ပုံရိပ်နှင့် ဗီဒီယိုများကို အပ်လုဒ်/ဒေါင်းလုဒ် လုပ်နိုင်သည့် ပလပ်ဖောင်းတစ်ခုကို တွေ့လိုက်ရသည်။

ထိုဖုန်းမှာ အဝေးကွာဆုံး နေရာအထိ ဆက်သွယ်နိုင်သော ဆက်သွယ်ရေးကိရိယာတစ်ခု ဖြစ်လာသည်။

လက်ဖြင့် လှည့်ရသော Generator မှာလည်း ပုံမှန်လျှပ်စစ်မထုတ်ဘဲ လျှပ်စီးစွမ်းအားကို ထုတ်လွှတ်နိုင်ပြီး တိုက်ပွဲဝင်ရန်အတွက် အဖိုးတန် လက်နက်တစ်ခု ဖြစ်လာသည်။

ကာတွန်းစာအုပ်များမှာမူ စိတ်ဝင်စားဖွယ် ပန်းချီကားများဖြစ်လာပြီး ၎င်းတို့ကို ကြည့်ရှုခြင်းဖြင့် ကျင့်စဉ်များနှင့် ဝိဇ္ဇာအတတ်ပညာများကို လေ့လာနိုင်မည်ဖြစ်သည်။

သစ်သီးဓားမှာလည်း အလွန်ထက်မြက်သော အဆင့်မြင့် မှော်လက်နက်တစ်ခု ဖြစ်လာသည်။

သို့သော် ကဒ်ပြားများ၊ မျိုးရိုးဗီဇကျမ်းဖောက်ခွဲပစ္စည်းနှင့် ကယ်လ်စီယမ်ဆေးပြားများ၏ အစွမ်းသတ္တိကိုမူ မသိရှိသေးပေ။

ထိုစဉ်မှာပင် အခန်းအပြင်ဘက်မှ

"သခင်လေး သခင်မကြီး သခင်လေးကို ရှာနေပါတယ်။"

All Chapters