← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃ -ယင်ကောင်။

ဝေ့ဝူသည် လိုဏ်ဂူအပြင်ဘက်သို့ တစ်ခဏချင်းအတွင်း ရောက်ရှိသွားသည်။ သူ၏အသံမှာ စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်နေသည်။

"ဦးလေး ဝမ်ဝူဘာတွေဖြစ်ကုန်တာလဲ။"

ဝမ်ဝူသည် ဝေ့မိသားစု၏ အိမ်စောင့်ဖြစ်ပြီး အစောပိုင်းက လွတ်လပ်သော ကျင့်ကြံသူတစ်ဦးအဖြစ် ရပ်တည်ခဲ့သူဖြစ်သည်။

ယခုအခါ ဝေ့ကျင်းပေါ်၏ လက်အောက်တွင် ချီသန့်စင်ခြင်းအဆင့် ၅ ၌ ကျင်လည်နေသူဖြစ်သည်။

"သခင်မလေး ပျောက်ဆုံးနေပါတယ်။ မိသားစုခေါင်းဆောင်က သူမကို လိုက်ရှာဖို့ အခုလေးတင်ပဲ ထွက်သွားတယ်။ သခင်မကြီးက အလွန်ပူပန်နေတဲ့အတွက် သခင်လေးကို ခေါ်ခိုင်းလိုက်တာပါ။"

ဝမ်ဝူက စိုးရိမ်တကြီးဖြင့် ဆိုသည်။

ဝေ့ဝူသည် ထိတ်လန့်သွားသည်။ ဝေ့လော့ ပျောက်ဆုံးသွားသည်လား။ လွန်ခဲ့သည့် နှစ်လကျော်အတွင်း သူမသည် အခန်းထဲတွင်သာ ကျင့်ကြံနေခဲ့ပြီး အပြင်မထွက်သည်မှာ ကြာပြီဖြစ်သည်။ သူမအား ကျင့်ကြံခြင်းလမ်းကြောင်းတွင် တစ်စုံတစ်ရာ မှားယွင်းမှု ဖြစ်သွားသလောဟု သူ စိုးရိမ်မိသည်။

"ကောင်းပြီ ကျွန်တော် အခုချက်ချင်း သွားလိုက်မယ်။"

ဝေ့ဝူသည် စကားအဆုံးတွင် လေထဲသို့ ပျံသန်းထွက်ခွာသွားသည်။

"သခင်လေးက ဝိညာဉ်ဓားကို မသုံးဘဲ ပျံသန်းသွားတာလား။"

ဝမ်ဝူသည် အံ့အားသင့်စွာဖြင့် ရေရွတ်မိသည်။ ချီသန့်စင်ခြင်းအဆင့်တွင် ပျံသန်းရန်အတွက် ဝိညာဉ်ဓား သို့မဟုတ် မှော်လက်နက် လိုအပ်သည်။ ခန္ဓာကိုယ်ဖြင့် လေထဲတွင် ခရီးသွားခြင်းမှာ မန်ရှင်းအဆင့် သို့ ရောက်ရှိမှသာ ပြုလုပ်နိုင်သော အရာဖြစ်သည်။

ဝေ့ဝူ၏ ကျင့်ကြံမှုမှာ သူထင်ထားသည်ထက် ပိုမိုမြင့်မားနေပြီကို ဝမ်ဝူ မသိလိုက်ပေ။

အိမ်တော်ရှိ ခြံဝင်းအတွင်းသို့ ဆင်းသက်လိုက်သောအခါ ဝေ့ဝူသည် စိုးရိမ်ပူပန်မှုဖြင့် လမ်းလျှောက်နေသော မိခင် ရှူယွင်ရုံကို တွေ့လိုက်ရသည်။

"အမေ ဘာတွေဖြစ်ကုန်တာလဲ။"

"ဝူအာ သားအစ်မ မနေ့ညကတည်းက ပျောက်နေတာ။ လေ့ကျင့်ဖို့ ထွက်သွားတာလို့ ထင်ခဲ့ပေမဲ့ အခုတော့ ဝိညာဉ်ငါးကန်အနီးမှာ ဝေ့လော့ကို တွေ့လိုက်ရတယ်ဆိုတဲ့ သတင်းရလို့ သားအဖေအမြန်လိုက်သွားတယ်။ အမစိုးရိမ်လွန်းလို့ မင်းကို ခေါ်ခိုင်းလိုက်တာ။"

ဝေ့ဝူသည် မိခင်ကို နှစ်သိမ့်စကားဆိုပြီးနောက် ဝိညာဉ်ငါးကန်သို့ ထွက်ခွာခဲ့သည်။

သူသည် လေထဲတွင် ခုန်ပျံလိုက်ရာ ရှောင်ချီသည် ကြီးမားသော ပုံစံဖြင့် သူ၏အောက်တွင် ပေါ်လာပြီး သူ့ကို ပင့်ဆောင်သွားသည်။

ဝိညာဉ်ငါးကန်သို့ ရောက်သောအခါ ဝေ့ဝူသည် သစ်ပင်များကြားမှ အခြေအနေကို ချောင်းကြည့်လိုက်သည်။

ကန်စောင်းတွင် အလောင်းသုံးလောင်း လဲလျောင်းနေပြီး ဝေ့ကျင်းပေါ်နှင့် ဝေ့လော့တို့မှာ ၎င်းတို့အနီးတွင် ရပ်နေကြသည်။

"ဘာတွေကို အာရုံစိုက်နေကြတာလဲ။"

ဝေ့ဝူသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီးမေးလိုက်သည်။

ဝေ့ကျင်းပေါ်သည် ဝေ့ဝူကို မြင်သောအခါ အံ့အားသင့်သွားသည်။

"မင်း ကျင့်ကြံခြင်းကနေ ထွက်လာပြီလား ဒါဆိုရင် မင်း..."

ဝေ့ဝူက ပြုံးပြလိုက်သည်။ ဝေ့ကျင်းပေါ်သည် ဝေ့ဝူ မန်ရှင်းအဆင့်သို့ ရောက်ရှိသွားပြီကို သိလိုက်ရ၍ ဝမ်းသာအားရဖြစ်သွားသည်။ ဝေ့လော့မှာမူ စကားမပြောဘဲ အလောင်းများပေါ်တွင်ရှိသော အရာတစ်ခုကိုသာ စူးစိုက်ကြည့်နေသည်။

ဝေ့ဝူ သွားကြည့်လိုက်သောအခါ အလောင်းပေါ်တွင် စိမ်းလန်းသော အလင်းစက်ငယ်တစ်ခုကို တွေ့ရသည်။ ၎င်းမှာ ယင်ကောင်တစ်ကောင်ဖြစ်သည်။

သို့သော် ကမ္ဘာမြေမှ ယင်ကောင်နှင့် ဆင်တူကာ ဦးခေါင်းကြီးပြီး အတောင်ပံများ ပါရှိသည်။

"ဘာဖြစ်တာလဲ။"

"တိတ်တိတ်နေ။"

"ဒီအလောင်းတွေကို တွေ့ရတဲ့အခါ သူတို့မှာရှိတဲ့ စွမ်းအင်တွေ အကုန်စုပ်ယူခံထားရတယ်။ ဒီယင်ကောင်ကပဲ သူတို့ကို သတ်လိုက်တာ။ မင်းအစ်မက ဒီယင်ကောင်ကို ထိန်းချုပ်ထားနိုင်တယ်။"

ဝေ့ဝူ အံ့အားသင့်သွားသည်။

"ဒီယင်ကောင်သေးသေးလေးက ဒီလောက်အစွမ်းထက်တယ်လား။"

ထိုယင်ကောင်သည် အလောင်းများပေါ်သို့ ပျံသန်းသွားသောအခါ အလောင်းများမှာ အချိန်တိုအတွင်း ပုပ်သိုးပျက်စီးသွားပြီး အရိုးများသာ ကျန်ရစ်ခဲ့သည်။

ထိုယင်ကောင်၏ ကိုယ်ပေါ်ရှိ အစိမ်းရောင်အလင်းမှာ ပိုမိုတောက်ပလာသည်။

"ငါဒီယင်ကောင်ကို သွေးစုပ်ယင်ကောင်လို့ ထင်တယ်။ မနေ့ညကမှ စတွေ့တာ။ သူက အရမ်းသန်မာတယ်။"

ဝေ့ဝူသည် စဉ်းစားခန်း ဝင်သွားသည်။

မနေ့ညက... အဲဒီတုန်းက ငါစားနေတဲ့ ဟော့ပေါ့ထဲမှာ ယင်ကောင်တစ်ကောင်ကို ငါသတ်ပြီး လွှင့်ပစ်လိုက်တာလေ။

အဲဒီယင်ကောင်က Generatorဆီမှာ ကပ်ပါလာပြီး ကမ္ဘာမြေကနေ ပါလာတာများလား။"

ဝေ့ဝူသည် မိမိကြောင့် ဤယင်ကောင် ရောက်လာမှန်း သိလိုက်သည်။

ထိုစဉ်မှာပင် ယင်ကောင်သည် အလောင်းများကို စုပ်ယူပြီးနောက် အမြီးပိုင်းမှ အဖြူရောင် အမှုန်အမွှားငယ်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

"သေရောပဲ ဒီကောင် ဥဥနေတာလား။"

ဝေ့ဝူ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။

All Chapters