အခန်း ၄၇
Vol. 5 Ch. 47
အခန်း ၄၇ - ကြောက်မက်ဖွယ်ကောင်းသော လူနှစ်ဦး။
ဝေ့မိသားစုသည် သွေးမြစ်ဂိုဏ်းမှ လူများ ရောက်လာမည်ကို သုံးလတိုင်တိုင် စိုးရိမ်နေခဲ့ကြသည်။ သို့သော် မည်သည့် လှုပ်ရှားမှုမျှ မရှိသဖြင့် ဝေ့ဝူတစ်ယောက်ပင် ထိုကိစ္စကို မေ့လျော့ခါနီးအချိန်တွင်မှ အခုလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့လိုက်ရခြင်းဖြစ်သည်။
"အစ်ကိုကြီး ချောင်ချောင်... ကျွန်တော်တို့ သွေးမြစ်ဂိုဏ်းရဲ့ နာမည်ကျော်ကြားမှုကို အစ်ကိုကြီး ကြားဖူးလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ဒီမှာ လျှို့ဝှက်တာဝန်တစ်ခုနဲ့ ရောက်နေတာ၊ တခြားလူတွေ သိလို့မဖြစ်ဘူး။ အဲဒီတော့... အစ်ကိုကြီးကိုပဲ အရင်သတ်လိုက်တော့မယ်။"
ရှောင်ရီက မျက်နှာကို အနည်းငယ်မဲ့ကာရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
ဝေ့ဝူသည် သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် စိတ်ကူးတစ်ခု ရသွားသည်။
"ဆရာတူညီလေးရှောင်ရီက မသိသေးဘူးထင်တယ်။ ကျွန်တော်က သွေးမြစ်ဂိုဏ်းကို အကြာကြီးကတည်းက လေးစားနေခဲ့တာပါ။"
"မယုံရင် ဒီမှာကြည့်ပါဦး။"
သိုလှောင်အိတ်ထဲမှ တုကူမင်၏ ပစ္စည်းအချို့ကို ထုတ်ပြလိုက်သည်။
"ကျွန်တော်တို့က ညီအစ်ကိုတွေပဲကိုး။"
"သူငယ်ချင်းကောင်းတွေ သူငယ်ချင်းကောင်းတွေ။"
ထိုလူကြီးကလည်း ဝမ်းသာအားရဖြင့် အော်ဟစ်တော့သည်။
ဝေ့ဝူသည် သူတို့နှစ်ဦး၏ ဦးနှောက်မှာ ပုံမှန်မဟုတ်ကြောင်း အတည်ပြုနိုင်လိုက်ပြီ ဖြစ်သည်။
"နှစ်ယောက်သား ဒီလောက်ဝေးတဲ့နေရာကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲ။"
ဝေ့ဝူက အခွင့်ကောင်းယူကာမေးမြန်းလိုက်သည်။
"အစ်ကိုကြီး ချောင်ချောင်ရယ်... ကျွန်တော်တို့က ညီအစ်ကိုတွေပဲ။ ဘာမှ ဖုံးကွယ်စရာ မလိုပါဘူး။"
ရှောင်ရီကဆိုကာ လျှို့ဝှက်ချက်ကို ကြွားဝါစွာ ထုတ်ပြောလိုက်သည်။
"ပထမအချက်ကတော့ ကျွန်တော်တို့ ဂိုဏ်းသားတွေကို သတ်သွားတဲ့သူကို လိုက်ရှာဖို့။ ဒုတိယအချက်ကတော့ ထျန်ရှင်းတောင်မှာ ပေါ်ပေါက်လာတော့မယ့် ရတနာအတွက်ပါ။"
ဝေ့ဝူ၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ ထျန်ရှင်းတောင်သည် အလွန်မြင့်မားပြီး ထူးခြားသော စွမ်းအားများ ရှိနေကာ မန်ရှင်းအဆင့် ၃ ထက်ကျော်လွန်သူများ ဝင်ရောက်ပါက ချက်ချင်း သေဆုံးနိုင်သည့် နေရာဖြစ်သည်။
ထိုနေရာတွင် ရတနာပေါ်ပေါက်လာမည်ဆိုလျှင် အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။
ရှောင်ရီက ဆက်ပြောသည်။
"နောက်တစ်ခုကတော့ လမ်းမှာတွေ့တဲ့ မိန်းကလေးတစ်ယောက်ကို ဆရာနဲ့ကျွန်တော် သဘောကျလို့ သိမ်းပိုက်လိုက်တာပါ။"
"အဲဒီမိသားစုက အငြိုးအတေးထားမှာ ကြောက်လို့ တစ်ခါတည်း အမြစ်ပြတ်အောင် မိသားစုလိုက် သတ်ပစ်ဖို့ စီစဉ်လိုက်တာ။ ဒါပေမဲ့ အဲဒီမိသားစုထဲမှာ တခြားလှပတဲ့ မိန်းကလေးတွေ ထပ်တွေ့တော့ ကျွန်တော်တို့ စိတ်အာရုံလွင့်ပြီး ပထမတစ်ယောက်ကို လွှတ်ပေးလိုက်မိတယ်။"
"ပြသနာကတော့ သူတို့မိသားစုက နှစ်လောကပန်းဆိုတဲ့ အဖိုးတန်ပစ္စည်းကို ယူသွားတာပဲ။ အဲဒီလူကို လိုက်သတ်ပြီးမှ သူက အဲဒီပန်းကို လေလံတင်လိုက်မှန်း သိရလို့ ကျွန်တော်တို့ စိတ်ညစ်နေတာ။"
ဝေ့ဝူမှာ ထိုစကားများကို နားထောင်ရင်း ကျောချမ်းသွားသည်။ လူသတ်ခြင်း မိန်းမများကို သိမ်းပိုက်ခြင်းတို့ကို လွန်စွာပေါ့ပေါ့တန်တန် ပြောဆိုနေသော ထိုလူနှစ်ဦးမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဒါဆို အခု လေလံပွဲမှာ အဲဒီပန်းကို ဝယ်ဖို့ လာတာလား။"
ရှောင်ရီက ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး ဝယ်ဖို့ မလိုဘူး။ ဆရာနဲ့ ကျွန်တော်က လေလံတင်မယ့် ပစ္စည်းအားလုံးကို ခိုးယူသွားဖို့ စီစဉ်ထားတာ။"
ဝေ့ဝူ အံ့အားသင့်သွားသည်။
"အဲဒီနေရာက အရမ်းလုံခြုံတဲ့ ကြီးမားတဲ့ ယန္တရားတွေနဲ့ ကာကွယ်ထားတာ ဘယ်လိုလုပ် ခိုးနိုင်မှာလဲ။"
"ကျွန်တော်တို့မှာ အဝေးကနေ ပစ္စည်းတွေကို လှမ်းယူနိုင်တဲ့ အာကာသဆိုင်ရာ ယန္တရားတစ်ခု ရှိတယ်။ ဒါနဲ့ဆို ဘယ်သူမှ မရိပ်မိအောင် ယူလို့ရတယ်။"
အာကာသဆိုင်ရာ ယန္တရားများကို မန်ရှင်းအဆင့် ကျင့်ကြံသူများက ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းမှာ မကြားဖူးသော ကိစ္စပင်ဖြစ်သည်။