← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း (၁၃၁) အဆင့်မြှင့်တင်ခြင်း ပြီးပြည့်စုံသွားပြီ

"အား…"

"အစ်ကိုကြီး… ကျွန်တော် မှားသွားပါတယ်… ကျွန်တော် လျှောက်ပြောမိတာပါ… ဒီတစ်ခါတော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဗျာ"

EV ကားပိုင်ရှင်သည် ကားရှေ့တွင် အခိုင်အမာ ဝင်ရပ်လိုက်ပေ၏။ ဤကားသည် သူ ကြွားဝါရန်အတွက် အသုံးပြုနိုင်သော တစ်ခုတည်းသောအရာ ဖြစ်ချေသည်။ အကယ်၍ တကယ်ပင် ပျက်စီးသွားပါက သူ၏ ယုံကြည်မှုများအားလုံး ဆုံးရှုံးသွားရပေလိမ့်မည်။

"ဟားဟား… ခင်ဗျားလည်း ကြောက်တတ်တာပဲလား"

စုယွမ်သည် ကားမှန်ကို ချလိုက်ရင်း ပြောဆိုလိုက်၏။

"ဟုတ်ပါတယ်… ဟုတ်ပါတယ်ဗျာ"

EV ကားပိုင်ရှင်သည် ခေါင်းညိတ်ကာ သဘောတူရုံသာ တတ်နိုင်တော့ချေ။ G - Wagon မောင်းနှင်သူကို သူ မစော်ကားရဲသကဲ့သို့ ဘေးနားရှိ လူအုပ်ကြီးကိုလည်း သူ စော်ကားရန် မတတ်နိုင်ပေ။

"ဒီG - Wagon မောင်းတဲ့လူ ထွက်သွားတာနဲ့ သူတို့ကို သေချာပေါက် အရှက်ခွဲပစ်မယ်"

"ခင်ဗျား ဒီကားကို တော်တော်လေး သဘောကျနေတာ ကျွန်တော် မြင်ပါတယ်… အဲ့ဒါက ခင်ဗျား မောက်မာနေရတဲ့ အကြောင်းရင်းလား"

"ကဲ… ဒီမှာရှိတဲ့သူတွေ အားလုံး နားထောင်ကြ… ဒီကားရဲ့ နံပါတ်ပြားကို မှတ်ထားလိုက်ကြ… နောက်တစ်ခါ ဒီကား စည်းကမ်းတကျ မရပ်ထားတာကို တွေ့ရင် ဝင်သာတိုက်ပစ်လိုက်… နောက်ဆက်တွဲ ပြဿနာတွေနဲ့ ဆုံးရှုံးမှုတွေ အားလုံးကို ကျွန်တော် တာဝန်ယူတယ်"

စုယွမ်သည် လူအုပ်ကြီးကို တိုက်ရိုက် ကြည့်ကာ ပြောဆိုလိုက်သည်။ ဤစကားကို ကြားချိန်တွင် လူတိုင်း၏ မျက်လုံးများ တောက်ပသွားကြပေ၏။ စုယွမ်၏ စကားများ မှန်ကန်ကြောင်းကို သူတို့ လုံးဝ သံသယမဝင်ကြသကဲ့သို့ ပို၍ပင် စိတ်လှုပ်ရှားသွားကြလေသည်။

"တကယ်ပြောနေတာလား"

"ဒါဆို… ဒီကား စည်းကမ်းတကျ မရပ်ထားတာကို တွေ့ရင် ဝင်တိုက်လို့ရတယ်… ပြီးတော့ တာဝန်နဲ့ ဆုံးရှုံးမှုတွေကို အစ်ကိုက တာဝန်ယူပေးမှာပေါ့"

ဘေးပတ်လည်ရှိ လူများသည် သိလိုစိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်ကြ၏။

"ဒါပေါ့… တွေ့တိုင်း ဝင်တိုက်လိုက်… ဆုကြေးတောင် ရနိုင်သေးတယ်"

စုယွမ်က ပေါ့ပါးစွာ ပြုံးရင်း ပြောဆိုလိုက်သည်။ ဘေးနားရှိ လူများသည် စိတ်လှုပ်ရှားနေပုံရပြီး အချို့က ကားကို ဓာတ်ပုံရိုက်ရန် သူတို့၏ ဖုန်းများကိုပင် ထုတ်ယူနေကြပြီ ဖြစ်ပေသည်။

"ဘာလုပ်နေကြတာလဲ… ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ"

"ငါ့ကားနံပါတ်ပြားကို ကြည့်ဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ… မင်းတို့က ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်နေတယ်ဆိုတာ သိလား"

EV ကားပိုင်ရှင်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့ချေသည်၊ သူ၏ စောစောက တောင်းပန်မှုသည် အခြေအနေကို ယာယီ ထိန်းချုပ်ရန်သာ ဖြစ်ပေ၏။

သို့ရာတွင် ယခုအခါ အခြေအနေများ ပြောင်းလဲသွားခဲ့လေပြီ။

စုယွမ်သည် ဤမျှလောက်အထိ ရက်စက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ဘဲ လူတိုင်းက သူ့ကို ဟန့်တားနိုင်စေရန်အတွက် ဖမ်းဝရမ်း ထုတ်လိုက်သည့်အလား ပြုမူခဲ့ပေသည်။

"ဒါဆို ငါ အမြဲတမ်း ကားအဝင်တိုက်ခံရမယ့် အန္တရာယ် ရှိနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား"

"ဒါက ငါ နေ့တိုင်း အမြဲတမ်း အကြောက်တရားနဲ့ နေရတော့မယ်လို့ ဆိုလိုတာပဲ… ငါ ဘယ်လိုလုပ်ရမလဲ"

EV ကားပိုင်ရှင်သည် သူတို့ကို တားဆီးရန် ကြိုးစားခဲ့သော်လည်း လူအုပ်ကြီးက သူ၏ ကားနံပါတ်ပြားကို ဓာတ်ပုံရိုက်ပြီးနေပြီ ဖြစ်ချေ၏။

"အစ်ကိုကြီး ကျေးဇူးပြုပြီး… ကျွန်တော်က လူယုတ်မာပါ… ကျွန်တော်က ခွေးကောင်ပါဗျာ"

"ခုနက ပြောခဲ့တဲ့စကားတွေကို ပြန်ရုပ်သိမ်းပေးပါ… ခင်ဗျားသာ ဒီအတိုင်း ဆက်လုပ်နေရင် ကျွန်တော် အရမ်း ဒုက္ခရောက်ရပါလိမ့်မယ်"

EV ကားပိုင်ရှင်သည် လုံးဝ ဆွံ့အသွားခဲ့ပြီး သူ့ထံတွင် မည်သည့် ယုံကြည်မှုမျှ မရှိတော့ချေ။

"တကယ်လို့ နောက်မဆုတ်ရင်တော့ သေတဲ့အထိ အကစားခံရတော့မှာပဲ"

"စိတ်မပူပါနဲ့… ကျွန်တော်က ကတိတည်ပါတယ်… ဒီကား စည်းကမ်းဖောက်တာကို တွေ့ရင် ဝင်တိုက်လို့ရတယ်ဆိုတာကို ခင်ဗျားတို့ရဲ့ သူငယ်ချင်းတွေကိုလည်း ပြောပြထားလို့ ရပါတယ်… ဒါပေမဲ့ ဘယ်သူမှတော့ အထိအခိုက် မရှိစေနဲ့ပေါ့… ကျွန်တော် လျော်ကြေးပေးပါ့မယ်… ယန်ကျန်းလမ်းက အမှတ် ၆၉ အဆောက်အအုံဆီ လာခဲ့လို့ ရပါတယ်"

ဤစကားများကို ပြောဆိုပြီးနောက် စုယွမ်သည် ကားမောင်းထွက်သွားလေတော့သည်။ စုယွမ် ထွက်ခွာသွားပြီးနောက် လူတိုင်းသည် EV ကားကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြပေ၏။

"ဒီကားက နေရာနှစ်ခု ယူထားတဲ့ပုံ ပေါက်နေလား"

"ဟုတ်တယ်… ဒါဆို အခုစလိုက်ကြမလား"

"စောစောက အဲ့ဒီလူရဲ့ ကြောက်ရွံ့မှုကင်းမဲ့နေတဲ့ မျက်နှာကို မြင်ရဖို့ ငါ တော်တော်လေး စိတ်ဝင်စားနေတာ"

လူတိုင်းက ဝင်ရောက်ပြောဆိုကြပြီး EV ကားပိုင်ရှင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နားထောင်နေခဲ့သည်။

ဤလူများက သူ့ကို လိုက်လံတိုက်ခိုက်မည်ကို သူ တကယ်ပင် ကြောက်ရွံ့နေခဲ့ချေသည်။ သူ၏ ယခင်က မောက်မာသော ဟန်ပန်များသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ပြီး သူ၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော အဆင့်မြင့်ဟန်ပန်များ အားလုံးလည်း ပျောက်ကွယ်သွားခဲ့လေပြီ။

လူအုပ်ကြီးက သူတို့၏ ကားများဆီသို့ လျှောက်သွားကြသည်ကို မြင်လိုက်ရချိန်တွင် EV ကားပိုင်ရှင်သည် ထိတ်လန့်သွားတော့၏။ သူသည် ကားတံခါးကို အလျင်အမြန်ဖွင့်ကာ ဝင်ထိုင်လိုက်ပြီး အင်ဂျင်ကိုစက်နှိုးကာ ကားပါကင်မှ ဖရိုဖရဲ အခြေအနေဖြင့် ထွက်ပြေးသွားလေတော့သည်။

ဤသည်ကို မြင်လိုက်ရချိန်တွင် လူတိုင်း ရယ်မောလိုက်ကြပေသည်၊ လူယုတ်မာများကို သူတို့၏ ကိုယ်ပိုင်အကြံအစည်များဖြင့် ဒုက္ခရောက်စေရန် ရက်စက်သော လူတစ်ယောက် လိုအပ်လှပေ၏။

စောစောက မောက်မာနေသော ဟန်ပန်သည် ထိုသူဌေးကြီး၏ စကားတစ်ခွန်းဖြင့် ပျောက်ကွယ်သွားခဲ့ပြီး သူ့ကို လုံးဝ အရှုံးပေးသွားစေခဲ့သည်။ ထိုသူ၏ ပြဿနာဖြေရှင်းပုံကို အားကျရပေမည်။

စုယွမ်သည် မကြာမီမှာပင် အိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူ၏ကား ရောက်ရှိလာသည်ကို မြင်လိုက်ရချိန်တွင် လီဟူသည် ကြိုဆိုရန် အလျင်အမြန် ထွက်လာခဲ့သည်။ ဗီလာသည် နေထိုင်ရန် အလွန်သက်တောင့်သက်သာရှိကြောင်း ပြောရမည်ဖြစ်ပြီး စုယွမ်သည် ယခုအခါ ထိုနေရာတွင် အမြဲတမ်း နေထိုင်ရန် စီစဉ်ထားလေသည်။

"သူဌေး… အဲ့ဒီပန်းချီကား လေလံပွဲက အဆင်ပြေရဲ့လား"

လီဟူက အလျင်အမြန် မေးမြန်းလိုက်သည်။

"အဆင်ပြေပါတယ်… ဈေးနှုန်းက ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်းပါပဲ"

စုယွမ်က ပြန်လည်ဖြေကြားလိုက်၏။

"ဒါဆို ယွမ်သန်းတစ်ရာကျော် သွားပြီလို့ ဆိုလိုတာလား"

လီဟူက သတိထားကာ မေးမြန်းလိုက်သည်။ ပန်းချီကားသည် ယွမ်သန်းနှစ်ရာ တန်ကြေးရှိကြောင်း စုယွမ်က ယခင်က ပြောဆိုခဲ့ဖူးသော်လည်း ပန်းချီကားတစ်ချပ်သည် ထိုမျှလောက် တန်ကြေးရှိနိုင်သည်ကို လီဟူက ယုံကြည်ရန် ခက်ခဲနေဆဲပင် ဖြစ်၏။ သူ့အတွက်တော့ ယွမ်သန်းတစ်ရာဆိုသည်မှာ လုံလောက်သည်ထက်ပင် ပိုနေခဲ့လေပြီ။

"ဟုတ်တယ်… ဒါပေမဲ့ သန်းတစ်ရာ မဟုတ်ဘူး… သန်းနှစ်ရာ့လေးဆယ်ပဲ"

စုယွမ်က တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်၏။

"သန်းနှစ်ရာ့… လေးဆယ်…"

လီဟူသည် လုံးဝ ဆွံ့အသွားခဲ့ချေသည်။ တကယ်ကိုပဲ သန်းနှစ်ရာ့လေးဆယ်နဲ့ ရောင်းရခဲ့တာပဲ။

သတိပြုရမည်မှာ ထိုအချိန်က သူဌေးသည် ဤဗီလာကို ဝယ်ယူရန် ယွမ် ၂၅ သန်းသာ အသုံးပြုခဲ့ခြင်း ဖြစ်ပေ၏။ ဤသည်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အရောင်းအဝယ် တစ်ကြိမ်တည်းဖြင့် ကနဦးရင်းနှီးမြှုပ်နှံမှု၏ အဆပေါင်းများစွာကို အမြတ်ရရှိခြင်းသည် အံ့သြဖွယ်ကောင်းလောက်အောင် မြန်ဆန်သော ငွေရှာသည့် နည်းလမ်းပင် ဖြစ်ချေသည်။

အကယ်၍ ယခင်ပိုင်ရှင်သာ သူရောင်းချခဲ့သော အိမ်အတွင်း၌ ဤကဲ့သို့သော ရတနာတစ်ခု ရှိနေကြောင်းကို သိရှိပါက သူသည် လုံးဝ နောင်တရနေမည်မှာ အသေအချာပင် ဖြစ်ပေသည်။

"သူဌေး… သူဌေး ငွေရှာတဲ့ အရှိန်အဟုန်က ကျွန်တော်ကို တကယ်ကို အားကျမိစေတယ်"

လီဟူက အလွန်တရာ လေးစားအားကျစွာဖြင့် ပြောဆိုလိုက်ပြီး ထိုမျှလောက် ငွေကြေးများ ရရှိရန် ဆန္ဒရှိနေခဲ့၏။

'တကယ်လို့ ငါသာ ယွမ်သန်းတစ်ရာ ဒါမှမဟုတ် ယွမ်သန်းဆယ်လောက် ရခဲ့ရင် အလုပ်ကနေ ချက်ချင်းထွက်ပြီး သွားပျော်ပါးတော့မှာပဲ...သူဌေးကတော့ သူ့ရဲ့ လက်ချောင်းလေး တစ်ချက် ပုတ်လိုက်ရုံနဲ့တင် သူ့ရဲ့ ဘဏ်အကောင့်ထဲကို ငွေသောင်းနဲ့ချီ ဝင်လာနိုင်တယ်… နေ့တိုင်း အတိုးရနေတာတောင်မှ သုံးလို့ကုန်နိုင်မှာ မဟုတ်ဘူး..'

လီဟူက စုယွမ်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။ သူဌေးတွင် ထိုမျှလောက် ငွေကြေးများ ရှိနေသော်လည်း အားလုံး မသုံးနိုင်ခြင်းကလည်း ပြဿနာတစ်ခု ဖြစ်နိုင်ပေ၏။

"သူဌေး… သွားပြီး အနားယူလိုက်ပါ… ကျွန်တော် ဒီမှာနေခဲ့ပြီး တစ်ယောက်ယောက် လာရင် ကြိုပြောပေးပါ့မယ်"

လီဟူက ပြောဆိုလိုက်သည်။

"အိုကေ… ကောင်းပြီလေ"

စုယွမ်သည်လည်း အနည်းငယ် ပင်ပန်းနေသဖြင့် သူ၏ အိပ်ခန်းဆီသို့ လျှောက်သွားလေ၏။ သတင်းအချက်အလက်စနစ်က လက်ရှိတွင် အဆင့်မြှင့်တင်မှု ၃၀ ရာခိုင်နှုန်းသာ ပြီးစီးသေးကြောင်း ပြသနေပေသည်။ ဤနှုန်းဖြင့်ဆိုလျှင် နေ့လယ် ၃ နာရီ သို့မဟုတ် ၄ နာရီခန့်တွင် ပြီးစီးနိုင်ခြေ ရှိလေသည်။

စုယွမ်သည် ကုတင်ပေါ်တွင် လှဲလျောင်းကာ မျက်လုံးများကို မှိတ်ပြီး အိပ်မောကျသွားတော့၏။ သူ အိပ်ပျော်နေစဉ် အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး စုယွမ် မျက်လုံးဖွင့်လိုက်သည်နှင့် မွန်းလွဲပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

သူက အချိန်ကို တစ်ချက် ကြည့်လိုက်ရာ လေးနာရီ ထိုးနေပြီ ဖြစ်ချေသည်။ သူ၏ ရှေ့ရှိ သတင်းအချက်အလက်စနစ်သည် ကြီးမားသော စာလုံးကြီးလေးလုံးကို ပြသနေပေ၏။ အဆင့်မြှင့်တင်ခြင်း ပြီးပြည့်စုံသွားပြီ။

All Chapters