← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း (၁၃၃) ဆက်လက် ဈေးဝယ်ထွက်ခြင်း

စုယွမ်သည် မမြင်လိုက်သည့်အလား ဟန်ဆောင်ကာ ခေါင်းလှည့်၍ ရှားပါးပြီး ရှေးဟောင်းအရက်တစ်ပုလင်းကို ကြည့်ရှုလိုက်၏။

ဆိုင်ပိုင်ရှင်၏ မျက်နှာသည် အနည်းငယ် ရှက်ရွံ့သွားပုံရသော်လည်း စီးပွားရေးလောကတွင် ဖောက်သည်များကို အထူးသဖြင့် ဤကဲ့သို့သော ဖောက်သည်ကြီးများကို စော်ကားခြင်းသည် အဆိုးရွားဆုံးအရာဖြစ်ရာ သူက သည်းခံရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ချေ။

"ခင်ဗျားက ဆိုင်ပိုင်ရှင် မဟုတ်လား"

"ကျွန်တော့်ဆီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းနည်းနည်း ရှိတယ်… မကြာခင် အားလပ်ရက် ရောက်တော့မှာဆိုတော့ သူတို့အတွက် ဆေးလိပ်နဲ့ အရက်တချို့ ဝယ်ပေးမလို့ စီစဉ်နေတာ"

စုယွမ်က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

"အို… သူဌေးက နေရာမှန်ကို ရောက်လာတာပဲ… ကျွန်တော့်ဆီမှာ ဆေးလိပ်နဲ့ အရက် အမျိုးအစားစုံ ရှိတယ်… သူဌေး ဘယ်လောက်လောက် အလိုရှိလဲ"

ဆေးလိပ်နှင့် အရက်ဆိုင်ပိုင်ရှင်သည် အလွန် ဝမ်းသာသွားပေ၏။

ဤမျှလောက် ကြီးမားသော ဆေးလိပ်နှင့် အရက်ဆိုင်ကြီး ပိုင်ဆိုင်ထားသော်လည်း မကြာသေးမီ နှစ်များအတွင်း ဆေးလိပ်နှင့် အရက် လာရောက်ဝယ်ယူသူ ပိုမိုနည်းပါးလာခဲ့သည်။ ဤစီးပွားရေး၏ ကုန်ကျစရိတ်များကလည်း အလွန်မြင့်မားလှပေ၏။ အပေါ်ယံတွင် ခမ်းနားနေပုံပေါ်သော်လည်း အမှန်တကယ်တွင်မူ တော်တော်လေး ခက်ခဲလှပေသည်။

အကယ်၍ ကုမ္ပဏီပိုင်ရှင် သူဌေးကြီးတစ်ဦးက ဤနေရာတွင် ပုံမှန် လာရောက်ဝယ်ယူမည်ဆိုပါက အရောင်းအဝယ်အတွက် သေချာပေါက် ပြဿနာရှိမည် မဟုတ်တော့ချေ။

"သူဌေး ဘယ်လောက်လောက် လိုအပ်လဲ"

ဆိုင်ပိုင်ရှင်က သတိထားကာ မေးမြန်းလိုက်၏။

"ပြောရခက်တယ်… ဝန်ထမ်း ရာနဲ့ချီရှိတော့ တစ်ယောက်ကို မောက်ထိုင်အရက် တစ်ပုလင်းဆိုရင်တောင် တော်တော်များတယ်… ဆေးလိပ်နဲ့ တခြားအရာတွေပါ ပေါင်းထည့်လိုက်ရင် တွက်ရခက်တယ်"

စုယွမ်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

"အာ… ဒါက…"

ဆိုင်ပိုင်ရှင်သည် ဤစကားကို ကြားချိန်တွင် လုံးဝ ဆွံ့အသွားခဲ့ပေ၏။ မောက်ထိုင်အရက် ပုလင်းရာချီကို တစ်ကြိမ်တည်း ဝယ်ယူခြင်းသည် သူ၏ ငွေတွင်းကြီးဖြစ်ပြီး တကယ့် နတ်ဘုရားပင် ဖြစ်ချေသည်။

"ဒါပေမဲ့… ခင်ဗျားက ရှောင်လီကို အလုပ်ဖြုတ်မယ်လို့ ပြောနေတာ ခုနက ကျွန်တော် ကြားလိုက်တယ်… ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က ရှောင်လီကတစ်ဆင့် ပစ္စည်းတွေ ဝယ်ဖို့ သီးသန့်လာခဲ့တာ… ခင်ဗျားက သူ့ကို အလုပ်ဖြုတ်တော့မယ်ဆိုမှတော့ ကျွန်တော် တခြားနေရာပဲ သွားရှာတော့မယ်"

စုယွမ်က ဆက်လက်ပြောဆိုလိုက်ရာ ဆိုင်ပိုင်ရှင်ကို လုံးဝ အံ့အားသင့်သွားစေခဲ့၏။

'ငါ့ရဲ့ ချီးးး ပါးစပ်ကတော့လေ… ငါက ဘာလို့ အဲ့ဒီစကားတွေကို ပြောခဲ့ရတာလဲ… ရှောင်လီဆီမှာ ဖောက်သည်ကြီးတွေ ရှိတယ်ဆိုတာ ငါ သေသေချာချာ သိရက်နဲ့ သူ့ကို ဆိုင်ထဲမှာ အလုပ်ဖြုတ်မယ်လို့ ပြောခဲ့မိသေးတယ်'

ဆိုင်ပိုင်ရှင်၏ မျက်နှာအမူအရာသည် ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။ ဤကဲ့သို့သော ဖောက်သည်ကြီးကို လက်လွှတ်လိုက်ရခြင်းက သူ့ကို အရူးတစ်ယောက်ကဲ့သို့ ဖြစ်သွားစေမည် ဖြစ်ပေ၏။

ဧည့်သည်က သူ့အပေါ် ဤမျှလောက် ဂရုစိုက်ပေးသည့်အတွက် ရှောင်လီသည် ဝမ်းသာပီတိဖြစ်ကာ အံ့အားသင့်သွားခဲ့သည်။

သိကြသည့်အတိုင်း ယခင်က သူမသည် သူမလုပ်သင့်လုပ်ထိုက်သည့် တာဝန်ကိုသာ ထမ်းဆောင်ခဲ့ခြင်း ဖြစ်ပေသည်။ ဤအရာက သူ၏ အသိအမှတ်ပြုမှုကို ရရှိစေခဲ့ပြီး အခိုက်အတန့်မျှ ရှောင်လီသည် အလွန် ကြည်နူးသွားခဲ့ချေသည်။

စုယွမ်၏ စကားများကို ကြားလိုက်ရသဖြင့် မိတ်ကပ်အထူကြီး လိမ်းထားသော အစ်မရှာသည် သူမ၏ မနာလိုမှုကို အနိုင်နိုင် ထိန်းချုပ်ထားရလေ၏။

"သူက ချမ်းသာမှန်း ငါ မသိခဲ့လို့ သူ့ကို ဧည့်ခံမပေးခဲ့တာလေ… ရှောင်လီက ဒီတစ်ခါ ကံကောင်းသွားရုံသက်သက် မဟုတ်ဘူးလား"

'အဲ့ဒီအချိန်တုန်းက သူက မှတ်တံဆိပ်တပ် အဝတ်အစားတွေ ဝယ်မဝတ်ထားတော့ သူ့ကို ချက်ချင်း သွားမနှုတ်ဆက်တာက လုံးဝ ပုံမှန်ပဲလေ...ဘာပဲဖြစ်ဖြစ် ဒီနေရာက အဆင့်မြင့် ဆေးလိပ်နဲ့ အရက်တွေချည်းပဲ… အဲ့ဒီတုန်းက သူ ဝယ်မဝယ်ဆိုတာ ဘယ်သူက သိမှာလဲ'

'ပြီးတော့ ဒီရှောင်လီက အရမ်းတုံးအတာပဲ… သူ့ဆီမှာ ပါးနပ်မှုဆိုတာ နည်းနည်းလေးမှ မရှိဘူး… ငါနဲ့ယှဉ်ရင် သူက အရူးတစ်ယောက်ပဲ… ဒါပေမဲ့ ဒီအရူးက ဒီလောက် ဖောက်သည်ကြီးကို ရသွားတယ်… အရူးတွေက ကံကောင်းတတ်တယ်ဆိုတာ တကယ်ပဲ… ငါ ဘယ်သူ့ကို သွားညည်းညူရမလဲ'

အစ်မရှာသည် ဤဖောက်သည်ကြီးကို ဘယ်သောအခါမျှ ရရှိမည်မဟုတ်ကြောင်း သိထားသဖြင့် ဘေးမှနေ၍ မနာလိုစွာဖြင့်သာ စောင့်ကြည့်နေနိုင်တော့၏။

'ဒါပေမဲ့ ရပါတယ်… ငါက ဒီဆိုင်ရဲ့ အရောင်းမန်နေဂျာပဲ… ယေဘုယျအားဖြင့် ငါ့မှာ ရှောင်လီအပေါ် အာဏာအချို့ ရှိနေသေးတယ်… နောက်ပိုင်းကျရင် သူ့ကို သေချာပေါက် ထိန်းချုပ်ထားနိုင်အောင် လုပ်ရမယ်'

ဆိုင်ပိုင်ရှင်သည် ရှောင်လီအား အလျင်အမြန် ခေါ်လိုက်ပြီး ပြောဆိုလိုက်သည်။

"လူကြီးမင်း… ကျွန်တော်က ရှောင်လီကို အလုပ်ဖြုတ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး… သူ့ကို ကျိုးကြောင်းဆီလျော်အောင် ပြောပြနေရုံသက်သက်ပါ"

"ရှောင်လီကို ကျွန်တော် ကိုယ်တိုင် အလုပ်ခန့်ခဲ့တာပါ… သူ့ရဲ့ စရိုက်နဲ့ အလုပ်လုပ်နိုင်စွမ်းကို ကျွန်တော် တကယ် သဘောကျပါတယ်"

"သူ့ကို အလုပ်ဖြုတ်ဖို့နေနေသာသာ ကာကွယ်ပေးဖို့တောင် အလုပ်ရှုပ်နေတာပါ"

"အင်း… ရှောင်လီ… မင်း အလုပ်လုပ်တာ တော်တော်လေး ကောင်းတယ်… ငါ မင်းကို ရာထူးတိုးပေးပြီး လစာတိုးပေးမယ်… အခုကစပြီး မင်းက ဒီဆိုင်ရဲ့ အရောင်းမန်နေဂျာပဲ… လက်ရှိလစာအပေါ်မှာ ယွမ် နှစ်ထောင် ထပ်ပေါင်းပေးမယ်… ပြီးတော့ မင်းရဲ့ ကော်မရှင်ကလည်း တစ်ရာခိုင်နှုန်း တိုးလာမယ်"

ဆိုင်ပိုင်ရှင်သည် ရှောင်လီအား ချက်ချင်းပင် ရာထူးတိုးပေးကာ လစာတိုးပေးလိုက်လေ၏။

ဤစကားကို ကြားချိန်တွင် အစ်မရှာသည် ချက်ချင်းပင် တည်ငြိမ်မှုကို ဆုံးရှုံးသွားပြီး အလျင်အမြန် ရှေ့ထွက်ကာ မေးမြန်းလိုက်သည်။

"သူဌေး… ဒါက မမှန်ဘူးမလား… ကျွန်မက အရောင်းမန်နေဂျာ မဟုတ်ဘူးလား"

ဆိုင်ပိုင်ရှင်က သူမကို စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် စုရဲစွာ ကြည့်လိုက်ပြီး ပြောဆိုလိုက်၏။

"အင်း… အရင်ကတော့ဟုတ်တယ်... အခု မဟုတ်တော့ဘူး… အခု မင်းက ရှောင်လီရဲ့ လက်အောက်ငယ်သားပဲ… နားလည်လား"

"ဘာဖြစ်လို့လဲ… မင်းက မကျေနပ်သေးဘူးလား… မကျေနပ်ရင်လည်း ဆက်မလုပ်နဲ့တော့"

အစ်မရှာသည် အလွန် မကျေမနပ် ဖြစ်နေသော်လည်း သူမ၏ သူဌေးကို တိုက်ရိုက် မရင်ဆိုင်ရဲသဖြင့် ခေါင်းငုံ့ကာ သူမ၏ စိတ်ခံစားချက်များကို ဖိနှိပ်ထားရုံသာ တတ်နိုင်တော့ချေ။

"သူဌေး… ဒီလိုလုပ်လို့ အဆင်ပြေပါ့မလား"

ရှောင်လီသည် ဆွံ့အသွားခဲ့၏။ လွန်ခဲ့သော အခိုက်အတန့်လေးကပင် သူမသည် အပြစ်တင်ခံနေရပြီး ယခုအခါတွင် ရာထူးတိုးကာ လစာတိုးရရှိနေလေပြီ။

ထိုအရာက တကယ့်ကို မြန်ဆန်လွန်းသော သဘောထား ပြောင်းလဲမှုပင်။

"အဲ့ဒါကမှ ပိုကောင်းတာပေါ့"

စုယွမ်သည် စကားပြောဆိုပြီးနောက် ခေါင်းညိတ်လိုက်ကာ ဆိုင်အတွင်း ကျပန်း လှည့်ပတ်ကြည့်ရှုလိုက်ပြီး ဆေးလိပ်နှင့် အရက် အမြောက်အမြားကို တိုက်ရိုက် မှာယူလိုက်လေသည်။

အရက်များအတွက် ကန့်သတ်ချက် မရှိသလို ဆေးလိပ်များအတွက် ကန့်သတ်ချက်များ ရှိသော်လည်း ၎င်းတို့မှာ လူတစ်ဦးချင်းစီအတွက်သာ ဖြစ်ပြီး ကုမ္ပဏီများအတွက် မဟုတ်ချေ။

စုယွမ်သည် မူလကတည်းက ကုမ္ပဏီအတွက် လက်ဆောင်တစ်သုတ် မှာယူရန် စီစဉ်ထားခဲ့ပြီး ဤဆေးလိပ်နှင့် အရက်များကို အိမ်သို့ ယူသွားချိန်တွင် သူ့ကို အလွန် ဂုဏ်တက်စေမည် ဖြစ်ပေသည်။

ဤတစ်သုတ်တည်းပင် ယွမ်သန်းချီ တန်ဖိုးရှိရာ အစ်မရှာကို အလွန်အမင်း မနာလိုဖြစ်သွားစေခဲ့၏။

အရောင်းပမာဏ ယွမ်တစ်သန်း…

ဤသည်မှာ တစ်ကြိမ်တည်းသာ ဖြစ်ပေသည်။ အကယ်၍ ဤသို့သော အရာမျိုး တစ်နှစ်လျှင် ဆယ်ကြိမ်ခန့် ဖြစ်ပေါ်ပါက အရောင်းဝင်ငွေသည် ယွမ်သန်းဆယ်ကျော်သွားမည် မဟုတ်လော။

"အဲ့ဒီတုန်းက ငါ လူကို အထင်သေးခဲ့လို့ ဒီလောက် ဖောက်သည်ကြီးကို အလကား လက်လွှတ်လိုက်ရတာပဲ"

ဆိုင်ပိုင်ရှင်သည် စုယွမ်၏ ရက်ရောမှုကို မြင်လိုက်ရသဖြင့် အလွန်အမင်း ဝမ်းသာသွားပြီး ရှောင်လီအပေါ် များစွာ ပိုမိုယဉ်ကျေးလာခဲ့လေသည်။

သူတို့ ရောက်ရှိလာချိန်တွင် စုယွမ်က လီဟူအား ဖေးထျန်းမောက်ထိုင် အရက် နှစ်ဖာ၊ ယွီဟွာရှီ ဆေးလိပ် ဆယ်တောင့်၊ တာ့ကျုံးဟွာ ဆေးလိပ် ဆယ်တောင့်နှင့် ဟယ်ထျန်းရှား ဆေးလိပ် ဆယ်တောင့်တို့ကို သယ်ဆောင်ခိုင်းလိုက်၏။ ဤလက်ဆောင်များသည် အိမ်သို့ ယူသွားရန် လုံလောက်မည်ဖြစ်ပြီး အခြားအရာများ ဝယ်ယူရန် လိုအပ်သေးပေသည်။

"သူဌေး… သူဌေးကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး"

ရှောင်လီက ထွက်ခွာတော့မည့်အချိန်တွင် ရှက်ရွံ့စွာဖြင့် ပြောဆိုလိုက်သည်။

"ဘာမှမဖြစ်ပါဘူး… မင်းက လူကောင်းတစ်ယောက်ပါ… ပြီးတော့ မင်းက ငါ့အကြိုက်နဲ့ ကိုက်ညီတယ်"

"အခုကစပြီး အလုပ်ကို သေသေချာချာ လုပ်ပါ"

စုယွမ်က ပြောဆိုလိုက်ပြီးနောက် လီဟူနှင့်အတူ အပြင်သို့ လျှောက်ထွက်သွားလေ၏။

အမှန်တကယ်တော့ စုယွမ်သည် ရှောင်လီအား အကြောင်းပြချက်မရှိဘဲ ကူညီခဲ့ခြင်း မဟုတ်ချေ။ ဤမြင်ကွင်းကြောင့် သူ၏ စိတ်နှလုံး လှုပ်ရှားသွားခဲ့ခြင်းသာ ဖြစ်ပေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤရှောင်လီသည် အသက် သိပ်မကြီးသေးဘဲ သူ၏ ညီမလေးနှင့် အသက်အရွယ်တူခန့် သို့မဟုတ် နှစ်နှစ်၊ သုံးနှစ်ခန့်သာ ပိုကြီးပေမည်။

ဤအရာများသာ မဖြစ်ပျက်ခဲ့ပါက သူ၏ ညီမလေးသည်လည်း သူမကဲ့သို့ပင် နှိမ့်ချစွာ နေထိုင်ရလိမ့်မည်ဟု စုယွမ် တစ်ခါတစ်ရံ တွေးတောမိလေ၏။

ရှောင်လီနှင့် စုယောင်းတို့တွင် ဆင်တူသော ကိုယ်ရည်ကိုယ်သွေးများ ရှိနေသဖြင့် စုယွမ်သည် ကျေးဇူးရှင်တစ်ဦးအဖြစ် သရုပ်ဆောင်ရသည်ကို ဝမ်းမြောက်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဤလောကတွင် မိမိ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုအပေါ်တွင်သာ မှီခိုနေ၍ မရနိုင်ချေ။ တစ်ခါတစ်ရံတွင် ကျေးဇူးရှင်တစ်ဦးနှင့် တွေ့ဆုံခြင်းကလည်း အောင်မြင်မှုပုံစံတစ်မျိုးပင် ဖြစ်ပေသည်။

ဆေးလိပ်နှင့် အရက်ဆိုင်မှ ထွက်ခွာလာပြီးနောက် စုယွမ်သည် ဖုန်းရှင်းထံသို့ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်ပြီး ပစ္စည်းများကို လက်ခံရယူကာ ခွဲဝေပေးရန် လူတစ်ဦး စေလွှတ်ခိုင်းလိုက်၏။

"သူဌေး… အခု ဘယ်သွားမလဲ"

စုယွမ်သည် ပေါ့ပေါ့ပါးပါး လျှောက်သွားနေသော်လည်း လီဟူမှာမူ ပစ္စည်းအပုံလိုက်ကြီးကို တစ်ပြိုင်နက်တည်း သယ်ဆောင်ထားရသဖြင့် အနည်းငယ် ဖရိုဖရဲ ဖြစ်နေပုံပေါ်ပေသည်။

"အင်း… မြို့ထဲကို သွားကြတာပေါ့… ဆေးလိပ်နဲ့ အရက်ပဲ ဝယ်လို့မရဘူးလေ… တခြားဟာတွေလည်း ဝယ်ရဦးမယ်"

All Chapters