← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း (၁၃၆) နင့်ကို သဘောကျမိလို့

"ချန်ချန်... ကိုယ့်ရဲ့ အချစ်ကလေး... ဘယ်လောက် ရယ်စရာကောင်းတဲ့ ကိစ္စတစ်ခုကို ကိုယ် တွေ့လိုက်ရလဲ ဆိုတာ ခန့်မှန်းကြည့်စမ်းပါဦး..."

"ဒီတောသား နှစ်ယောက်က မင်းရဲ့ အဖိုးတန်ရတနာကြီးကို ယွမ် ခြောက်သန်းပဲ တန်တယ်လို့ တကယ်ကြီး ပြောနေကြတယ်... ဒါက တကယ့်ကို ရယ်စရာပဲ..."

သခင်လေး ဝမ်က အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်၏။

"ဒါက အရမ်းကို သပ်ရပ်ပြေပြစ်တဲ့ နေရာတစ်ခုပဲ... နောင်တချိန် ဒီကို လာပြီး ဈေးဝယ်မယ့်သူတွေကို အရင်ဆုံး စာရွက်စာတမ်း စစ်ဆေးသင့်တယ်လို့ ကိုယ် အကြံပြုချင်တယ်... ဒါမှ ဒီတောသားတွေ လာပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းအောင် မလုပ်နိုင်မှာ..."

ပိုင်ချန်သည် ၎င်းအား ရွံရှာဖွယ်ရာ အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ဖောက်သည်နှစ်ဦးအား တောင်းပန်ရန် လှည့်ကြည့်လိုက်သော်လည်း ၎င်းတို့မှာ စုယွမ် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရပေသည်။

ပိုင်ချန်က အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်၏။

"အို... စုယွမ်... ဘယ်လေလွင့်လို့ ဒီကိုရောက်လာတာလဲ..."

စုယွမ်က ပြုံး၍ ပြန်လည်ဖြေကြားလိုက်သည်။

"နောက်ရက်အနည်းငယ်နေရင် အိမ်ပြန်တော့မလို့ ပစ္စည်းတချို့ လာဝယ်တာပါ..."

"နင်က သိပ်မကောင်းပါလား... နင် ပြန်ရောက်တဲ့အချိန် ငါ့ကို ပြောလိုက်လို့ ရတာပဲကို... ဘာလို့ ဒီအထိ ကိုယ်တိုင် လာဝယ်နေရတာလဲ... ငါက နင့်ကို ပစ္စည်း နည်းနည်းပါးပါး လက်ဆောင်ပေးလိုက်လို့ ရတာကို..."

ပိုင်ချန်က အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောဆိုလိုက်၏။

"အင်း... ဒါက ဆိုးတာပဲ... နင်က ငါ့ရဲ့ ဆိုင်တစ်ဆိုင်ကို မတော်တဆ ရောက်လာတာကိုး..."

စုယွမ်က ဆက်လက်ပြောဆိုလိုက်သည်။

"အမြဲတမ်း နင့်ဆီကနေ အလကား ယူနေရတာ သိပ်မကောင်းပါဘူး..."

"မရဘူး... နင် ယူကိုယူရမယ်...''

ပိုင်ချန်က ယုံကြည်မှု အပြည့်ဖြင့် အမိန့်ပေးလိုက်လေ၏။

"ရှောင်လျို... ဒီမနက် ငါယူလာတဲ့ လက်ကောက်သစ် နှစ်ကွင်းကို ထုပ်ပိုးလိုက်စမ်း..."

ရှောင်လျို အမည်ရသော အရောင်းစာရေးမလေးသည် အံ့အားသင့်သွားခဲ့ပြီး ၎င်းတို့နှစ်ဦးကြားတွင် သာမန်မဟုတ်သော ဆက်ဆံရေးတစ်ခု ရှိနေကြောင်း ရှင်းလင်းစွာ သဘောပေါက်သွားချေသည်။ အခြေအနေကို နားလည်သွားပြီးနောက် သူမသည် ညွှန်ကြားထားသည့်အတိုင်း လုပ်ဆောင်ရန် အလျင်အမြန် သွားရောက်ခဲ့လေသည်။

ပိုင်ချန်သည် ဈေးနှုန်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သော်လည်း ဤလက်ကောက်နှစ်ကွင်း၏ ဈေးနှုန်းမှာ တစ်ကွင်းလျှင် ယွမ်တစ်သန်းထက် သေချာပေါက် လျော့နည်းမည် မဟုတ်ကြောင်း စုယွမ် ခံစားလိုက်ရပေ၏။

"ဒီလက်ကောက်နှစ်ကွင်းက အခြေအနေ အရမ်းကောင်းတယ်... နှစ်ကွင်းစလုံး အသစ်လုပ်ထားတာဖြစ်ပြီး ကုန်ကြမ်းတွေကလည်း အကောင်းစားတွေချည်းပဲ..."

စုယွမ်သည် အခွင့်ကောင်းယူရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိခဲ့ချေ။ သူသည် ဤလက်ကောက်နှစ်ကွင်းကို မဝယ်နိုင်၍မဟုတ်ဘဲ သူ မလိုအပ်သောကြောင့်သာ ဖြစ်ပေသည်။

"နင်က အရမ်း စိတ်လိုက်မာပါ လုပ်လွန်းတယ်... ငါ ဒီလောက် ဈေးကြီးတာတွေ မလိုပါဘူး... ဒါ့အပြင် ငါ ဝယ်ပြီးသွားပြီ မဟုတ်လား..."

ပိုင်ချန်က ဆက်လက်ပြောဆိုလိုက်၏။

"ဒါပေမဲ့ ငါ့ရဲ့ လက်ကောက်နှစ်ကွင်းစလုံးက အရမ်း လှတာလေ... တကယ်လို့ နင်က လက်ဆောင်အနေနဲ့ ပေးမယ်ဆိုရင် လူတွေကို သေချာပေါက် သဘောကျသွားစေမှာပဲ..."

သူတို့နှစ်ဦးသည် လူသူကင်းမဲ့သော အခန်းတစ်ခုထဲတွင် ရောက်နေသည့်အလား စကားစမြည် ပြောဆိုနေကြပြီး ထောင့်တစ်နေရာရှိ သခင်လေး ဝမ်အား လုံးဝ မေ့လျော့နေခဲ့ကြလေသည်။

သခင်လေး ဝမ်သည် ၎င်းတို့နှစ်ဦးက သူ့ကို လျစ်လျူရှုထားသဖြင့် အလွန်အမင်း ဒေါသထွက်သွားခဲ့ချေသည်။

"ချန်ချန်... မင်းက ဘာသဘောနဲ့ လုပ်နေတာလဲ... ငါ့ကို လျစ်လျူရှုထားတာလား... မင်းက ဘယ်သူနဲ့ ပိုသိလို့လဲ..."

သခင်လေး ဝမ်သည် အနည်းငယ် စိတ်မရှည် ဖြစ်နေပုံရပေ၏။

ထိုအခါမှသာ ဤရွံရှာဖွယ်ကောင်းသော ကောင်သည် ဤနေရာတွင် ရှိနေသေးကြောင်း ပိုင်ချန် သတိရသွားပြီး ၎င်း၏ မျက်နှာပေါ်ရှိ ချိုမြိန်သော အပြုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ပိုင်ချန်က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောဆိုလိုက်၏။

"အဲ့ဒါ ရှင့်အတွက် ဘာအရေးပါလို့လဲ..."

သခင်လေး ဝမ်က အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်သည်။

"မဟုတ်ဘူး... ဘာအရေးပါလို့လဲ ဆိုတာ ဘာအဓိပ္ပာယ်လဲ... ငါတို့ လက်ထပ်ပြီးသွားရင် ဒီဆိုင်က ငါတို့ရဲ့ ပူးတွဲပိုင်ဆိုင်မှု ဖြစ်လာမှာလေ... ငါ့ရဲ့ သဘောတူညီချက် မပါဘဲ ဒီတောသားကို ဒီလောက် ဈေးကြီးတဲ့အရာတွေ ပေးလိုက်တာ... မင်း ဘာတွေ စီစဉ်နေလဲဆိုတာ ငါက မေးသင့်တာ မဟုတ်ဘူးလား..."

ဤစကားကို ကြားလိုက်ရချိန်တွင် ယခုလေးတင် ဝင်လာခဲ့သော ဖောက်သည်အချို့က လှည့်ကြည့်လာကြပြီး အချို့က တီးတိုးပြောဆိုနေကြလေ၏။

"အိုကွယ်... ဒီဆိုင်ပိုင်ရှင်မကို ကြည့်စမ်း... သူ့ရဲ့ စေ့စပ်ထားတဲ့သူ ရှိနေရက်နဲ့ တခြား ယောက်ျားတစ်ယောက်ကို ဒီလောက် ဈေးကြီးတဲ့ လက်ဆောင်တွေ ပေးနေတယ်... တကယ်ပါပဲ..."

"ဟုတ်တယ်... ယုတ္တိတန်တန် တွေးကြည့်မယ်ဆိုရင် စေ့စပ်ထားတဲ့အချိန်မှာ ဒီလို အပြုအမူမျိုး မလုပ်သင့်ဘူးလေ... ဆန့်ကျင်ဘက် လိင်တွေနဲ့ နည်းနည်းလောက် အကွာအဝေး ထားသင့်တာ မဟုတ်ဘူးလား... အဲ့ဒီ လူငယ်လေးက ရုပ်ဖြောင့်ပေမဲ့ အဲ့ဒါက အမှားလုပ်ဖို့အတွက် ဆင်ခြေပေးစရာ အကြောင်းပြချက် မဟုတ်ပါဘူး..."

လူအချို့၏ တီးတိုးပြောဆိုသံများသည် ဤဘက်သို့ ရောက်ရှိလာခဲ့ပြီး စုယွမ်က သူ့ထက် ပိုမို ရုပ်ဖြောင့်သည်ဆိုသော အပိုင်းမှလွဲ၍ ကျန်စကားများကို ကြားရပြီးနောက် သခင်လေး ဝမ်သည် အတော်လေး ကျေနပ်အားရသွားခဲ့ချေသည်။

သခင်လေး ဝမ်သည် ဤအချက်ကို သဘောမတူခဲ့ချေ။

"ဟုတ်တယ် ချန်ချန်... ကြည့်စမ်း... လူအများရဲ့ မျက်လုံးတွေက ထိုးထွင်းသိမြင်နိုင်စွမ်း ရှိတယ်... ဒီတောသား နှစ်ယောက်က ဘယ်လိုလုပ်ပြီး မင်းရဲ့ သူငယ်ချင်းတွေ ဖြစ်လာနိုင်မှာလဲ..."

သခင်လေး ဝမ်၏ လေသံမှာ အမိန့်ပေးနေသည့်အလား ဖြစ်နေပေ၏။

"ဒါ့အပြင် သူတို့က ခုနက အရမ်းကို ရိုင်းစိုင်းပြီး ငါ့လူတစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်... သူတို့ကို အခုချက်ချင်း ဒီကနေ မောင်းထုတ်လိုက်စမ်း..."

"ကျွတ် ကျွတ် ကျွတ်... ဒီနှစ်ယောက်က လူကိုတောင် ရိုက်ရဲတယ်ပေါ့... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စည်းကမ်းမရှိရတာလဲ... ဒါ့အပြင် ဒါက လူငယ်စုံတွဲတစ်တွဲရဲ့ ဆိုင်လေ... သူတို့က တမင်သက်သက် သူတို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား..."

"အခုခေတ် လူငယ်တွေက ဘာက အရေးကြီးတယ် ဘာက အရေးမကြီးဘူး ဆိုတာကို တကယ်ကို မခွဲခြားတတ်ကြတော့ဘူး... ဘာပဲဖြစ်ဖြစ် မင်းက စေ့စပ်ထားပြီးပြီဆိုတော့ တခြားဟာတွေကို လျှောက်မတွေးနဲ့တော့..."

အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးက အလေးအနက် ပြောဆိုလိုက်သည်။

"မိန်းကလေး... ကျွန်မကလည်း အရင်က အဲ့ဒီလို ဖြတ်သန်းခဲ့ဖူးပါတယ်... ဒါကြောင့် သတိပေးချင်တယ်... အရာရာကို အလွန်အကျွံ မတွေးပါနဲ့... အဲ့ဒီလိုမဟုတ်ရင် လက်ထပ်ပြီးသွားတဲ့အခါ မင်းတို့ မိသားစုက ဘယ်လိုလုပ်ပြီး သဟဇာတ ဖြစ်တော့မှာလဲ... မင်းရဲ့ စေ့စပ်ထားတဲ့သူရဲ့ ခံစားချက်တွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်..."

အဒေါ်ကြီးနှင့်အတူ လာသော အသက်ကြီးပိုင်း အမျိုးသားတစ်ဦးက ပြောဆိုလိုက်၏။ တစ်ချိန်တည်းမှာပင် စုယွမ်အား ကြည့်လိုက်ချိန်၌ ၎င်း၏ မျက်လုံးများထဲတွင် မနာလိုမှုနှင့် နှာခေါင်းရှုံ့မှု အရိပ်အယောင်များ ပြည့်နှက်နေပေသည်။

"အင်း... မင်းရဲ့ စေ့စပ်ထားတဲ့သူက တကယ်တော့ ဒေါသတော်တော်လေး ထိန်းနိုင်တာပဲ... တကယ်လို့ တခြားလူတစ်ယောက်သာဆိုရင် မင်းက အဲ့ဒီ မျက်နှာချိုသွေးတဲ့ ကောင်လေးကို လက်ဆောင်တွေ ပေးနေတာကို သိရင် ဒေါသအမျက်ချောင်းချောင်း ထွက်သွားမှာပဲ... မင်းက ငယ်သေးလို့ပါ... အဲ့ဒီ မျက်နှာချိုသွေးတဲ့ ကောင်လေးက ဘာလုပ်နိုင်မှာလဲ... သူက မင်းရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး မင်းရဲ့ အဖိုးတန်ပစ္စည်းတွေကို လိမ်ညာယူသွားဖို့ ကြိုးစားနေတာပဲ..."

ဤစကားများကို ကြားလိုက်ရချိန်တွင် ပိုင်ချန်သည် ၎င်း၏ ပါးစပ်ထဲ၌ ခါးသီးသော အရသာတစ်ခုကို ခံစားလိုက်ရလေသည်။ ဝမ်ဖူကွေသည် အကြိမ်များစွာ လာရောက်ခဲ့ပြီး လာရောက်တိုင်း ဤကဲ့သို့သော ပြဿနာများကို ဖန်တီးလေ့ရှိရာ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

ပိုင်ချန်က ခါးသီးစွာ ပြုံးရင်း ပြောဆိုလိုက်၏။

"ဆောရီးပါ... နင်တို့ကို ရယ်စရာ ဖြစ်အောင် လုပ်မိသလို ဖြစ်သွားတယ်..."

"ဒါက ဘာ ရှုပ်ထွေးမှုတွေလဲ... နင့်အမှားမှ မဟုတ်တာ..."

စုယွမ်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

"နင်က ဒီလူနဲ့ အရမ်း ရင်းနှီးနေတာလား..."

ထိုနှစ်ဦး ပြန်လည်စကားပြောဆိုနေသည်ကို မြင်လိုက်ရသဖြင့် ဝမ်ဖူကွေသည် မကျေမနပ် ဖြစ်သွားခဲ့ချေသည်။

"အို အို... တစ်ယောက်ယောက်ကများ ငါ့ကို တရားမျှတမှုလေး ပေးနိုင်မလား... ငါ့ရဲ့ ကိုယ်ပိုင် မိန်းမက တခြား ယောက်ျားတစ်ယောက်နဲ့ အရမ်းကို ရင်းနှီးစွာ စကားပြောနေတယ်... ဒီကမ္ဘာပေါ်မှာ ကိုယ်ကျင့်တရားဆိုတာ မရှိတော့ဘူးလား..."

ဝမ်ဖူကွေ၏ ကျယ်လောင်သော အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် ဆိုင်ထဲရှိ ဖောက်သည်များ အားလုံး အနားသို့ ရောက်ရှိလာကြပြီး ၎င်းအား ကိုယ်ချင်းစာသနားစွာဖြင့် ကြည့်ရှုကာ သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြလေ၏။

ဝမ်ဖူကွေသည် လူပိုများလာသည်ကို မြင်လိုက်ရပြီး သက်ရောက်မှု ပိုမိုကောင်းမွန်သည်ဟု ခံစားလိုက်ရသဖြင့် ဆက်လက်ပြုမူရန် ပြင်ဆင်လိုက်ပေသည်။

"ဟူးးးး..."

ပိုင်ချန်က ဝမ်ဖူကွေအား စုရဲစွာ ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"တော်လောက်ပြီ..."

တစ်ချိန်တည်းမှာပင် ဤဧည့်သည်များထံမှ ရန်လိုသော မှတ်ချက်များကြောင့် သူမသည် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရ၏။ အကြောင်းရင်းနှင့် အကျိုးဆက်ကို မသိဘဲနှင့် သူတို့က အဘယ်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် ကောက်ချက်ချလိုက်ကြရသနည်း။

တကယ်ပါပဲ... သူတို့က လူတွေပြောသမျှကို အကုန်ယုံကြည်ကြတာပဲ...

"ဝမ်ဖူကွေ... ရှင် ဘယ်တော့လောက်မှ ရပ်တန်းက ရပ်မှာလဲ..."

"ဘယ်သူက ရှင့်ရဲ့ စေ့စပ်ထားတဲ့သူလဲ... ရှင်က ဘယ်သူနဲ့ စေ့စပ်ထားတာလဲ..."

"ရှင်က နေ့တိုင်း ဒီကိုလာပြီး ပြဿနာရှာနေတာ... ကျွန်မက အနိုင်ကျင့်ရ လွယ်တယ်လို့ ရှင် တကယ်ပဲ ထင်နေတာလား..."

ပိုင်ချန် တကယ်ပင် ဒေါသထွက်နေကြောင်း မြင်လိုက်ရချိန်၌ ဝမ်ဖူကွေသည် လန့်ဖြတ်သွားပြီး အလျင်အမြန် ပြောဆိုလိုက်လေသည်။

"ချန်ချန်... မင်းက ငါ့ကို ဘာလို့ ဒေါသထွက်နေတာလဲ..."

"ငါတို့ ဒါကို အထဲမှာ သီးသန့် ပြောကြတာပေါ့... ဒီနေရာမှာ ငါတို့ကိုယ်ငါတို့ အရှက်ခွဲနေစရာ မလိုပါဘူး..."

ဝမ်ဖူကွေက လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်၏။

"ဒီကိစ္စမှာ မင်းမှားခဲ့တာပဲ... ဒါပေမဲ့ ငါ မင်းကို ဘာမှ မပြောခဲ့ဘူးလေ... ဟုတ်တယ်မလား... ဒါ့အပြင် သူတို့က မင်းရဲ့ သူငယ်ချင်းတွေဆိုတော့ ငါက သူတို့ကို အပြစ်မယူတော့ပါဘူး... တကယ်လို့ မင်းက သူတို့ကို ဒီကနေ မောင်းထုတ်လိုက်မယ်ဆိုရင် ငါ ဘာမှ ထပ်မပြောတော့ဘူး... ပြီးတော့ ဒီကိစ္စလည်း ပြီးသွားလိမ့်မယ်..."

ဝမ်ဖူကွေ၏ စကားများကို ကြားလိုက်ရချိန်တွင် ဘေးပတ်လည်ရှိ လူများသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြပေသည်။ ဤအမျိုးသားသည် လိမ်လည်လှည့်ဖြားရန်သာ သိသော မျက်နှာချိုသွေးသည့် လူတချို့နှင့်မတူဘဲ ပိုမိုကြီးမားသော အခြေအနေကို နားလည်နိုင်စွမ်းနှင့် ကျယ်ပြန့်သော အမြင်ရှိကြောင်း အမှန်တကယ်ပင် ပိုင်ဆိုင်ထားပေ၏။

ပိုင်ချန်က ငြင်းခုံလိုက်လေသည်။

"ဝမ်ဖူကွေ... ရှင်က ရှင့်ကိုယ်ရှင် တကယ့်ကို ထူးခြားတဲ့သူလို့ ထင်နေတာလား... ကျွန်မ ရှင့်ကို မေးချင်တာက ကျွန်မတို့ ဘယ်တုန်းက စေ့စပ်ခဲ့လို့လဲ... ရှင်က ဒီနေရာမှာ ဘာအဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ..."

ပိုင်ချန်သည် သူမ၏ ကိုယ်ပိုင် စေ့စပ်ထားသူကိုပင် အသိအမှတ်မပြုကြောင်း မြင်လိုက်ရချိန်တွင် ဘေးပတ်လည်ရှိ လူများသည် သူမအား အထင်သေးစွာဖြင့် ကြည့်ရှုလိုက်ကြချေသည်။ သူမကဲ့သို့သော လူတစ်ဦးသည် ဤမျှ ကြီးမားသော စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို မည်သို့ တည်ဆောက်နိုင်ခဲ့သည်မှာ တကယ့်ကို နားလည်ရခက်လှပေ၏။

ပိုင်ချန်နှင့် စုယွမ်တို့အား အမြဲတစေ သဘောမကျခဲ့သော အသက်ကြီးပိုင်း လူနှစ်ဦးသည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဝမ်ဖူကွေအား ကာကွယ်ရန် စကားအနည်းငယ် ပြောဆိုလိုခဲ့သော်လည်း ၎င်းတို့ စကားမပြောနိုင်မီမှာပင် ဝမ်ဖူကွေက အရင်ဆုံး ပြောဆိုလိုက်သည်။

"မဟုတ်ဘူး... ချန်ချန်... မင်းက ငါ့ကို တကယ်ပဲ အသိအမှတ် မပြုချင်ဘူးလား..."

"အဲ့ဒီနေ့က ငါတို့ blind date သွားခဲ့ကြတယ် မဟုတ်လား... ငါတို့ သုံးမိနစ်လောက်ပဲ စကားပြောခဲ့ရပေမဲ့ ငါ မင်းကို သဘောကျတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်လေ... ဟုတ်တယ်မလား..."

"အို... ငါက မင်းကို သဘောကျနေပြီဆိုမှတော့ မင်းက ငါ့ရဲ့ စေ့စပ်ထားတဲ့သူ ဖြစ်သွားပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား..."

All Chapters