အခန်း ၃၃၃
Vol. 34 Ch. 333
အခန်း(333)
တစ်ဖက်တွင် ရန်ရှောင်က လက်တွေ့လုပ်ဆောင်တတ်သော အမျိုးသားတစ်ဦး ဖြစ်၏။
သူက စုဝေ့ချင်းထံမှ သတင်းကို ရရှိပြီးနောက် ထိုညတွင် အိမ်သို့ပင် မပြန်တော့ဘဲ ဘေးနားမှ အိမ်ရာဝန်းဆီသို့ ဦးတည်သွားခဲ့လေ၏။
တကယ်တမ်းတွင် သူက စုဝေ့ချင်းတစ်ယောက် တွေးထားသည်ထက် ပိုမိုတွေးတောခဲ့သည်။
နင်ပြည်နယ် ဆေးဝါးစက်ရုံမှာ ပိုင်မားခရိုင် ဆေးဝါးစက်ရုံအဖြစ် ရှိနေခဲ့ချိန်ကတည်းက ထိုနေရာတွင် သူလျှိုအရေးအခင်းတစ်ခု ဖြစ်ပွားခဲ့ဖူး၏။
သို့သော် ရှုရှင်းလန်တစ်ယောက် ဖမ်းဆီးခံရကတည်းက စိတ်မမှန်သကဲ့သို့ ပြုမူနေခဲ့သောကြောင့်၊ သူမထံမှ အသုံးဝင်သော အချက်အလက်တစ်စုံတစ်ရာ မရရှိနိုင်ခဲ့ပေ။
ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော လောင်မာကလည်း လွန်ခဲ့သော တစ်နှစ်ကပင် သူ၏ ဒဏ်ရာဟောင်းများက ပြန်လည်၍ ထွက်ပေါ်လာမှုကြောင့် ကွယ်လွန်သွားခဲ့လေ၏။
သူ သတိရနေချိန်ကာလက ထွက်ဆိုချက်အမြောက်အမြားကို ချန်ထားခဲ့သော်လည်း၊ သူက အကျိုးအမြတ်ကြောင့်သာ လှုံ့ဆော်ခံခဲ့ရသူဖြစ်ပြီး အဓိက အဖွဲ့ဝင်မဟုတ်ခဲ့ပေ။
ထို့ကြောင့် လက်တွေ့တွင် ထိုအချိန်က သူလျှို စစ်ဆင်ရေးမှာ ရှုရှင်းလန်ကို ဖမ်းဆီးရမိခြင်းမှလွဲ၍ တခြား မည်သည့်ရလဒ်မျှ ထွက်ပေါ်မလာခဲ့ပေ။
နင်ပြည်နယ်က နှစ်ပေါင်းများစွာ အေးချမ်းသာယာနေခဲ့လေ၏။
ထိုသူလျှိုများက အသည်းရောင် အသားဝါ ကာကွယ်ဆေး ဖော်မြူလာကို မရရှိဘဲ ထွက်ခွာသွားကြပုံရသည်။
သို့သော် လူတိုင်းက ထိုသူလျှိုများ လက်မလျှော့သေးဟု ခံစားနေရဆဲပင်။
ယမန်နှစ်က PCT (အပြည်ပြည်ဆိုင်ရာ မူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်) ကို သောကြောင့် တရုတ်နိုင်ငံကလည်း PCT သို့ ဝင်ရောက်နိုင်မည့်အခွင့်အရေးကို ရှာဖွေရန်အတွက် မူပိုင်ခွင့်ရုံးတစ်ခုကို ချက်ချင်း တည်ထောင်ခဲ့သည်။
သို့သော် ဥရောပနှင့် အမေရိကရှိ ထို မူပိုင်ခွင့် အဓိကနိုင်ငံကြီးများက တရုတ်နိုင်ငံကို အထင်သေးကြသောကြောင့် ဝင်ရောက်ခွင့်ကို ငြင်းပယ်နေခဲ့ကြလေ၏။
ဤကိစ္စကြောင့်ပင် အသည်းရောင်အသားဝါ ကာကွယ်ဆေးများကို တီထွင်ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုထိတိုင် မူပိုင်ခွင့်မရှိသော အခြေအနေတွင်သာ ရှိနေသေး၏။
သို့သော် တရုတ်နိုင်ငံက လက်ပိုက်ကြည့်ပြီး အလိုအလျောက် အရှုံးပေးမည့်သူမျိုး မဟုတ်ပေ။
PCT ကို စတင်တည်ထောင်ခဲ့ချိန်ကတည်းက ကိုယ်ပိုင်မူပိုင်ခွင့်ရုံးတစ်ခုကို တည်ထောင်ရန်အတွက် ပြင်ဆင်ခဲ့လေ၏။
ယခုအချိန်တွင်တော့ အခြေခံအားဖြင့် အဆင်သင့်ဖြစ်နေခဲ့လေပြီ။
ထိုမူပိုင်ခွင့်ရုံးကို အပြီးသတ်တည်ထောင်ပြီးပါက အသည်းရောင်အသားဝါကာကွယ်ဆေးက တရုတ်နိုင်ငံ မူပိုင်ခွင့်ရုံး၌ ပထမဆုံး မူပိုင်ခွင့်လျှောက်ထားနိုင်ပေလိမ့်မည်။
မူပိုင်ခွင့်ကို သူတို့၏ လက်ထဲသို့ ရောက်ရှိအောင် ရယူနိုင်မည်ပင်။
နောက်ပိုင်းတွင် PCT သို့ ဝင်ရောက်သည့်အချိန်၌လည်း အသည်းရောင်အသားဝါကာကွယ်ဆေး၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် အောင်မြင်စွာ တီထွင်နိုင်ခဲ့သည့် အချိန်ကာလတို့ကို သက်သေပြရန်အတွက် လုံလောက်သော စာရွက်စာတမ်း အထောက်အထားများ ရှိနေပေလိမ့်မည်။
ရန်ရှောင်က နင်ပြည်နယ်မှ အချက်အလက်များကို နောက်တစ်ကြိမ်ပြန်ထုတ်၍ ကြည့်ရှုလိုက်လေ၏။
အမှန်အတိုင်းပြောရလျှင် သူ၏ အာရုံစိုက်မှုက ဆေးဝါးစက်ရုံပေါ်တွင်သာ ရှိနေခဲ့မိသည်။ ပိုင်မားခရိုင်၏ ယခင်ခေါင်းဆောင်များအကြောင်းကို မည်သည့်အချိန်ကမှ လေ့လာခဲ့ခြင်းမရှိပေ။
သို့သော် ယနေ့ စုဝေ့ချင်း လာရောက်တွေ့ဆုံပြီးနောက်တွင် သူက တခြားသော လမ်းကြောင်းတစ်ခုဆီသို့ အာရုံပြောင်းလဲလိုက်လေသည်။
သေချာပေ၏။ စုဝေ့ချင်းက လိမ်ညာနေသည်ဟု သူ သံသယမဝင်သကဲ့သို့၊ လီရှန်းက တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်ဟုလည်း မထင်မှတ်ပေ။
မည်သို့ပင်ဖြစ်စေ မည်သူကမှ ကိုယ့်ကိုယ်ကိုယ် ရွှံ့နှင့်ပက်ချင်ကြမည် မဟုတ်ပေ။
ထို့အပြင် ဤဟဲထန်ဆိုသူက အမှန်တကယ်ပင် ထူးဆန်းလွန်းသည်။
ပိုင်မားခရိုင်ရှိ ကေဒါအရာရှိများနှင့် ပတ်သက်သော အချက်အလက်များက အလွန်ပင် နည်းပါးလွန်းလေ၏။
ရန်ရှောင်အနေဖြင့် ဤအချက်ကို မှတ်သားပြီးနောက် ပင်းချန်ဘက်သို့လည်း အာရုံစိုက်လိုက်သည်။
စုဝေ့ချင်း ပြောပြခဲ့သော ဟဲထန်၏ ဇနီးဟောင်းနှင့် ပတ်သက်၍လည်း တစ်စုံတစ်ခု မမှန်ကန်ကြောင်းကို စိတ်ထဲမှ ခံစားနေရသည်။
တိုက်ဆိုင်လွန်းလေ၏။
သူ၏ အတွေးစများကို ရှင်းလင်းပြီးနောက် ရန်ရှောင်က ဖုန်းတစ်လုံးကို ထုတ်ယူလိုက်ပြီးနောက် ထောင့်စွန်းတစ်ခုမှ ဖုန်းလိုင်းကို ဆွဲယူလိုက်ကာ လျှို့ဝှက်နံပါတ်တစ်ခုသို့ ဆက်သွယ်လိုက်လေတော့၏။
သူတို့ကြားတွင် ဆက်စပ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ တစ်စုံတစ်ခုက လွဲချော်နေသည်ဟု ထင်ရသောကြောင့် သူ့အနေဖြင့် သေသေချာချာ စောင့်ကြည့်ရန် လိုအပ်သည်။
လီရှန်းမှာတော့ ရန်ရှောင်ကို ဒုက္ခပေးမိသည့်အတွက အားနာနေမိသောကြောင့် နောက်တစ်နေ့ မနက်စောစောတွင် လေ့ကျင့်ရေးစခန်းသို့ အရောက်လာခဲ့လေ၏။
ယခုအချိန်တွင် လေ့ကျင့်ရေးစခန်း၌ နေထိုင်ကြသော ကျောင်းသားများက မျက်နှာသစ်ခြင်း၊ စားသောက်ဆောင်သို့ သွားရောက်ကာ မနက်စာ စားသောက်ခြင်းတို့ကို ပြုလုပ်နေကြဆဲ ပင်။
ဆရာများ၏ အဆောင်ကလည်း တိတ်ဆိတ်နေလေသည်။
ဆရာကြီးရန်က စာသင်နှစ် စတင်ကတည်းက ဆရာများအဆောင်တွင်သာ နေထိုင်ခဲ့ပြီး သူ၏အိမ်ရာဝန်းဆီသို့ လုံးဝ ပြန်မသွားခဲ့ပေ။
လီရှန်းက မနက်စောစောကတည်းက သွားခဲ့ပြီးနောက် ဆရာကြီးရန်အတွက် အိမ်တွင် သူမကိုယ်တိုင်လုပ်ခဲ့သော ဖက်ထုပ်ကြော်တချို့ကို ယူဆောင်လာခဲ့လေ၏။
ထိုဖက်ထုပ်များထဲတွင် တရုတ်နံနံနှင့် ဝက်သားတို့ကို အစာသွတ်ထားပြီး အတော်လေးလည်း ကြီးမားလွန်းသည်။
ထိုဖက်ထုပ်တို့ကို ဆီဖြင့် ဒယ်အိုးပူပူတွင် ကြော်ထားခြင်းဖြစ်၍ ရနံ့က သင်းပျံ့လွန်းကာ ဗိုက်ဆာလာစေ၏။
ဆရာကြီးရန်မှာ သတင်းစာကို ဖတ်ချင်ယောင်ဆောင်နေသော်လည်း၊ ထိုသင်းပျံ့နေသော အနံ့ကို ရရှိပြီးနောက်တွင် ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။
သူက သတင်းစာကို ချလိုက်ပြီးနောက် လီရှန်းကို အပြစ်တင်လိုသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်လေသည်။
သို့သော် သူ၏အကြည့်က အလူမီနီယံ ထမင်းဘူးဆီသို့ မသိစိတ်ဖြင့် ကျရောက်သွားရလေ၏။
အနံ့တို့က အဖုံးပိတ်ထားသော အလူမီနီယံ ထမင်းဘူး၏ အပြင်ဘက်အထိပင် ရရှိနေခြင်းဖြစ်၍ အဖုံးကို ဖွင့်လိုက်ပါက မည်မျှပင် မွှေးကြိုင်လိုက်မည်နည်း။
ဆရာကြီးရန်မှာ သွားရည်ပင် အနည်းငယ် ကျလာခဲ့ရလေသည်။
“မင်္ဂလာ မနက်ခင်းပါ ဆရာ၊ မနက်စာ သုံးဆောင်ပြီးပြီလား၊ တကယ်လို့ မသုံးဆောင်ရသေးရင် ကျွန်မ ဖက်ထုပ်ကြော်တွေ လုပ်လာလို့၊ မြည်းစမ်းကြည့်ပါဦးမလား”
လီရှန်း၏ လေသံက အနည်းငယ် စနောက်နေသကဲ့သို့ ရှိနေသော်လည်း ရင်းနှီးမှုအပြည့် ရှိနေသည်။
ဤရက်ပိုင်းအတွင်း ဆရာကြီးရန်နှင့် သူမတို့အကြားတွင် အတော်လေး ရင်းနှီးသွားခဲ့ကြလေပြီ။
ဆရာကြီးရန်က သတင်းစာကို ချက်ချင်းပင် ဘေးသို့ ချလိုက်လေသည်။
“မစားရသေးဘူး၊ မစားရသေးဘူး၊ ရန်ရှောင်က ပေါက်စီတွေ လုပ်ထားတာ၊ မင်းရော စားပြီးပြီလား၊ ငါတို့နဲ့အတူ ထိုင်စားပါလား”
သူက ပြောနေရင်းနှင့်ပင် လီရှန်း၏ အလူမီနီယံ ထမင်းဘူးကို ချထားနိုင်ရန်အတွက် စားပွဲပေါ်ရှိ ပစ္စည်းများကို အမြန် ဖယ်ရှားပေးလိုက်လေတော့၏။
သူက အလွန် စားချင်နေချိန်တွင်ပင် မာနကြီးပြီး ဟန်ဆောင်နေတတ်သော ရှေးရိုးစွဲ လူကြီးမျိုး မဟုတ်ပေ။
လူ့ဘဝဆိုသည်က စားသောက်ခြင်းနှင့် ဝါသနာပါရာကိုလုပ်နေခြင်းစာအရေးကြီးသည် မဟုတ်ပါလား။
လီရှန်းက အလူမီနီယံ ထမင်းဘူးကို စားပွဲ၏ အလယ်တွင် လျင်မြန်စွာ ချထားလိုက်ပြီးနောက် အဖုံးကို ဖွင့်လိုက်လေ၏။ အထဲဘက်ဖက်ထုပ်ကြော်အမြောက်ကြော်ရှိနေခဲ့သည်။ကို တွေ့ရှိလိုက်ရလေ၏။
ထိုဖက်ထုပ်များက ပြည့်လျှံနေသော်လည်း ကြော်ထားခြင်းဖြစ်၍ တစ်ခုနှင့်တစ်ခု ကပ်ညှပ်မနေကြပေ။
ရန်ရှောင်ကတော့ ဆန်ပြုတ်က အပူရှန်လျော့သွားခဲ့ပြီဖြစ်၍ မီးဖိုချောင်ထဲမှအိုးကို သယ်ဆောင်လာခဲ့လေသည်။
ရန်ရှောင်လည်း လီရှန်းကို မြင်သည့်အချိန်တွင် အံ့အားသင့်သွားပြီး ပြောလိုက်လေသည်။
“မင်း ဒီလောက်တောင် အစောကြီး ရောက်လာတာလား”
“ဟုတ်တယ်၊ ရဲဘော်ရန်နဲ့လည်း စကားနည်းနည်း ပြောစရာရှိလို့၊ ရဲဘော်ရန် အလုပ်မစခင် လာခဲ့ရတာ”
ဤစကားကို ကြားလိုက်ရသည့်အချိန်တွင် ရန်ရှောင်လည်း ဟဲထန်နှင့် ပတ်သက်သော ကိစ္စဖြစ်ကြောင်းကို သိရှိလိုက်လေသည်။
သူ့တွင်လည်း သံသယတချို့ ရှိနေသောကြောင့် ခေါင်းညိတ်ပြီးပြောလိုက်လေ၏။
“မင်း စားပြီးပြီလား၊ မစားရသေးရင် အတူစားရအောင်”
“ကျွန်မ စားပြီးပါပြီ”
လီရှန်းက လျင်မြန်စွာပင် ငြင်းပယ်လိုက်လေ၏။
“ရှောင်လီ့အတွက် ပန်းကန်လုံးတစ်လုံး ယူပေးလိုက်ဦး၊ သူမလည်း ဆန်ပြုတ်တစ်ဝက်လောက်တော့ သောက်နိုင်မှာပါ”
ဆရာကြီးရန်က ရန်ရှောင်ကို ညွှန်ကြားလိုက်လေသည်။
ရန်ရှောင်လည်း ချက်ချင်းပင် မီးဖိုချောင်ထဲသို့ဝင်ကာ လီရှန်းအတွက် ပန်းကန်လုံးနှင့် တူတို့ကို ယူဆောင်ပေးခဲ့လေ၏။
လီရှန်းက ပန်းကန်လုံးအောက်ခြေမှ ဆန်ပြုတ်ကို ခပ်ယူပြီး ဖြည်းညှင်းစွာ သောက်နေခဲ့သည်။
သူမ ယူဆောင်လာခဲ့သော ဒယ်အိုးကြော် ဖက်ထုပ်များက အမှန်တကယ်ပင် လူကြိုက်များနေခဲ့ကာ ထိုမြေးအဖိုးနှစ်ဦးက ပျော်ရွှင်စွာ စားသောက်ကြလေ၏။
အထူးသဖြင့် ရန်ရှောင်က စစ်တပ်တွင် စားသောက်ခဲ့သည့် အလေ့အထ ရှိခဲ့သောကြောင့် လျင်မြန်စွာ စားသောက်တတ်သည်။
အနည်းငယ်မျှ စားလိုက်ရုံဖြင့် အလူမီနီယံထမင်းချိုင့်၏ ထောင့်စွန်းတစ်ခုက အလွတ်ဖြစ်သွားခဲ့လေ၏။ ထို့ကြောင့် ဆရာကြီးမကမကျေမနပ်ဖြစ်သွားစေခဲ့သည်။
“တော်ပြီ၊ တော်ပြီ၊ ဒါက စစ်တပ်မဟုတ်တော့ဘူး၊ မင်း အဲလိုမျိုး မြန်မြန် စားလို့မရဘူး၊
ဖြေးဖြေးစားမှ ကျန်းမာရေးနဲ့ ညီညွတ်မှာ၊ မင်း အဲလိုမျိုး စားနေရင် အသက်ငါးဆယ်မပြည့်ခင် မင်းရဲ့ ဗိုက်က ပျက်စီးသွားလိမ့်မယ်၊
မင်းက ငယ်သေးလို့သာ ခံနိုင်ရည်ရှိနေတာ”
သူက ရန်ရှောင်ကို ဆူပူအပြစ်တင်နေခဲ့လေသည်။
ရန်ရှောင်ကလည်း သူ၏ အဘိုးကို စနောက်နေခြင်းသာ ဖြစ်လေသည်။
အဘိုးဖြစ်သူတစ်ယောက် အမှန်တကယ် ဒေါသထွက်လာသည်ကို မြင်သည့်အချိန်တွင်တော့ သူက တူကို ချလိုက်ပြီး ဘေးရှိ ပေါက်စီကိုသာ ချဉ်ဖတ်နှင့်အတူ တွဲဖက်၍ စားသောက်လိုက်သည်။
ထိုနှစ်ဦး၏ ချစ်စဖွယ်ကောင်းသော အပြန်အလှန် ဆက်ဆံမှုကို မြင်တွေ့ရသောကြောင့် လီရှန်းလည်း ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
“ရဲဘော်ရန်၊ ဆရာကြီးရန်ကို စမနေပါနဲ့တော့”
“ဘာလို့ စနောက်နေရမှာလဲ ၊ ငါ ပြောတာ အမှန်မဟုတ်လို့လား”
“ကောင်းပြီ၊ ကောင်းပြီ၊ အခု မြန်မြန်မစားတော့ဘူး”
ရန်ရှောင်က စကားအနည်းငယ်ဖြင့် ချော့မြှူလိုက်ပြီးနောက် လီရှန်းဘက်သို့ လှည့်ကြည့်လျက် ပြောလိုက်လေ၏။
“မင်း ဒီကို လာတာက မနေ့ညက ဝေ့ချင်း ပြောပြတဲ့ ကိစ္စကြောင့်မလား၊ မစိုးရိမ်ပါနဲ့၊
ကျွန်တော့်ရဲ့ အရင်ရဲဘော်ဟောင်း တချို့ဆီကို စာတွေ ရေးပို့ထားပြီးပြီ၊ သူတို့ထဲက တချို့က နင်ပြည်နယ်မှာ ရှိပြီး တချို့က ပင်းချန်မှာ ရှိကြတာ၊ သူတို့က ကူညီပြီး စုံစမ်းပေးကြလိမ့်မယ်”
လီရှန်းလည်း ချက်ချင်းပင် စိတ်အေးသက်သာရာ ရသွားခဲ့လေ၏။
“ ကျေးဇူးတင်ပါတယ် ရဲဘော်ရန်”
“ ဒါက ဘာမှမဟုတ်ပါဘူး၊ တကယ်လို့ မင်းအနေနဲ့ ဟဲထန်အကြောင်းကို ပိုပြီး ပြောပြနိုင်ရင်တော့ ပိုကောင်းတာပေါ့”
*