← Chapters

အခန်း ၃၃၆

Vol. 34 Ch. 336

အခန်း ၃၃၆

Vol. 34 Ch. 336

အခန်း(336)

ရှာလေ့က ညဉ့်မှောင်ရိပ်ကို အကာအကွယ်ယူပြီ ကျောင်းမှသူ၏ အဆောင်သို့ ပြန်လာခဲ့လေသည်။

ထို့နောက် မြေပဲကိုမြည်းစမ်းရင်း အရက်အနည်းငယ်ကို သောက်လိုက်လေ၏။

သူ၏ အဆောင်ပြတင်းပေါက်၏ အပြင်ရှိ ကျောင်းသားဆောင်အခန်းဆီသို့ သိမ်းငှက်ကဲ့သို့ ထက်မြက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။

ထို့နောက် အပေါ်ထပ်ခုတင်တွင် လှဲလျက် နံရံဘက်မှ အပြင်ဘက်သို့ လှည့်လိုက်သော ဟဲထန်ကို မြင်တွေ့လိုက်ရလေ၏။

လရောင်က သူ၏ မျက်နှာထက်သို့ ကျရောက်နေသောကြောင့် သူ့ပုံစံက အတော်လေး ရုပ်ရည်ချောမောပုံရသည်။

အဆောင်မှူးက တံတွေးကို တစ်ချက် ထွေးလိုက်ပြီး စိတ်ထဲမှ ကဲ့ရဲ့ရှုံ့ချလိုက်သည်။

‘ဒီရုပ်ရည်နဲ့ မိန်းကလေး အများကြီးကို ဆွဲဆောင်နိုင်တာကိုး’

ဟဲထန်တစ်ယောက် သူ့ကို ပစ်မှတ်ထားခြင်းကို ခံနေရသည်ကို လုံးဝ မသိရှိခဲ့ပေ။

နောက်တစ်နေ့ မနက်တွင် သူက ဆေးပုလင်းအသစ်တစ်လုံးကို ယူဆောင်ကာ အတန်းတက်ခဲ့သည်။

အတန်းနားချိန်တွင် သူက လီဟုန်မေ့၏ စာအုပ်ထဲသို့ တိတ်တဆိတ် စာတိုလေးတစ်စောင်ကို ညှပ်ထည့်လိုက်လေ၏။

သူ၏ လက်ရေးလက်သား သပ်ရပ်ပြီး ကျော့ရှင်းသည်။

သူ့ကို မမြင်တွေ့ရဘဲ သူ၏ လက်ရေးကို ကြည့်ရုံမျှဖြင့်ပင် သူ့အပေါ် ပိုမို၍ သဘောကျသွားစေနိုင်၏။

ထိုစာတိုလေးက သေးငယ်လွန်းပြီး အထဲရှိ အကြောင်းအရာကလည်း အနည်းငယ်မျှသာ ဖြစ်လေသည်။

သူက ဆေးရောက်ရှိလာပြီဖြစ်ကြောင်းနှင့် ကျောင်းဆင်းပြီးနောက် ကျောင်း၏ အနီးရှိ ရေကန်ဘေးတွင် တွေ့ဆုံရန်အတွက် ချိန်းဆိုထားကြောင်းသာ ပြောထားခြင်း ဖြစ်လေ၏။

လီဟုန်မေ့တစ်ယောက် စိတ်သက်သာရာ ရသွားခဲ့သော်လည်း နောက်တစ်ကြိမ် မျှော်လင့်တကြီး ဖြစ်လာခဲ့ရပြန်သည်။

သူမက မသိစိတ်ဖြင့် သူမ၏ ခေါင်းထိပ်ကို အသာထိတွေ့လိုက်ပြီးနောက်၊ အထဲဘကာရှိ ငွေမှင်ရောင် ဆံခြည်မျှင်များကို ဖုံးကွယ်ရန်အတွက် အပြင်ဘက်ရှိ နက်မှောင်သော ဆံပင်များကို အသုံးပြု၍ အကြိမ်နည်းငယ် သပ်တင်လိုက်လေ၏။

သူမက ခေတ္တမျှ အတွေးနက်ကာ ထိုင်နေပြီးနောက် ရုတ်တရက် ပြန်လှည့်ပြီး သူမ၏ အနောက်ဘက်ရှိ မိန်းကလေးငယ်တစ်ဦးကို မေးမြန်းလိုက်လေ၏။

“ရှောင်ဖန်း၊ ပြီးခဲ့တဲ့တစ်ခေါက်က နင့်ရဲ့ ဆံပင်ကို ဘယ်လိုထိန်းသိမ်းခဲ့တာလဲ”

“သစ်သားရွှေဘော်ဖတ်ကို ရေစိမ်ပြီး ရတဲ့အရည် သုံး”

လီဟုန်မေ့က အမှန်တကယ်ပင် စိတ်ဝင်စားနေသည်ကို မြင်လျှင် ရှောင်ဖန်းက ချက်ချင်းပင် သူမ၏ အနားသို့ တိုးလာခဲ့ပြီး ပြောလိုက်လေသည်။

“ငါတို့ ခြံဝင်းထဲမှာ အရင်က အိုပရာမင်းသမီး လုပ်ခဲ့ဖူးတဲ့ အဘွားအိုတစ်ယောက် ရှိတယ်၊

သူမတို့တွေ မင်းသမီးလုပ်တုန်းက ဆံပင်ကို သစ်သားရွှေဘော်ဖတ်စိမ်ရည်နဲ့ ဖီးကြတာ၊ ဆံပင်တွေဆိုတာ ပြောင်လက်နေတာပဲတဲ့ဘ၊

ငါ့ဆံပင်ကိုပဲ ကြည့်လေ၊ ဒါ သစ်သားရွှေဘော်ဖတ်စိမ်ရည်နဲ့ လုပ်ထားလို့ ဒီလောက်ကောင်းနေတာ”

လီဟုန်မေ့တစ်ယောက် မသိစိတ်ဖြင့် ရှောင်ဖန်း၏ ဆံပင်ကို လှမ်းကြည့်လိုက်မိသည်။

မှန်ပေသည်။ သူမ၏ ဆံပင်က နက်မှောင်တောက်ပနေပြီး ကျစ်ထားသည့်အချိန်တွင်လည်း ထူထဲရှည်လျားလွန်းသောကြောင့် အားကျစရာ ဖြစ်နေလေ၏။

ငယ်စဉ်ကတည်းက အာဟာရချို့တဲ့မှုဒဏ်ကို ခံခဲ့ရပြီး ယခုအချိန်တွင် ဆံပင်အရင်းအမြစ်များပင် ဖြူနေရသော သူမနှင့် လုံးဝ ကွာခြားလွန်းသည်။

သို့သော် သူမအနေဖြင့် မည်သူ့ကို အပြစ်တင်နိုင်ပါမည်နည်း။ ထိုနှစ်ကာလများတုန်းက မည်သူ့တွင်မှ စားစရာ မရှိခဲ့ကြပေ။

သူမ၏ မိထွေးက သူမကို ကြီးပြင်းအောင် ကျွေးမွေးပြီး ပညာသင်ပေးခဲ့သည်ကပင် အကောင်းဆုံး အခြေအနေ ဖြစ်နေခဲ့လေသည်။

သူမအနေဖြင့် မည်သည့်အရာကို ထပ်ပြီး ညည်းညူနိုင်ဦးမည်နည်း။

“ဒါဆိုရင် ဒီတပတ်ပိတ်ရက်ကျရင် ငါ နင်နဲ့အတူ သွားပြီး ဆံပင်လုပ်မယ်နော်”

“ရတယ်၊ ဒါပေမဲ့ ဈေးတော့မချိုဘူးနော်”

ဤသည်မှာ ထိုအဘွားအို၏ အသက်မွေးဝမ်းကျောင်း ပညာရပ် ဖြစ်လေသည်။

ထိုအလုပ်က တိတ်တဆိတ် လုပ်ကိုင်နေရသော စီးပွားရေးတစ်ခုဖြစ်သော်လည်း၊ ရှောင်ဖန်းအနေဖြင့် သူမ၏ ဂုဏ်သိက္ခာကို မထိခိုက်စေချင်ပေ။

သူမတွင် သားသမီးမရှိသကဲ့သို့ အလုပ်အကိုင်လည်း မရှိပေ။

ရိက္ခာထောက်ပံ့မှုများကို ရရှိနိုင်သော်လည်း တစ်ခါတရံတွင် ငွေကြေးလိုအပ်ချက်များက အမြဲရှိနေတတ်သောကြောင့် သူမ၏ ပညာရပ်တစ်ခုတည်းကိုသာ အားကိုး၍ အသက်မွေးနေရခြင်း ဖြစ်သည်။

လီဟုန်မေ့က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီးနောက် စာဖတ်နေသော ဟဲထန်ကို မျက်လုံးထောင့်မှ တိတ်တဆိတ် လှမ်းကြည့်လိုက်လေ၏။

ထို့နောက် အလေးအနက်ဖြင့်ခေါင်းညိတ်ပြလျက် ပြောလိုက်လေသည်။

“ဆံပင်ပြန်ကောင်းလာဖို့အတွက်ဆိုရင် ဈေးနည်းနည်းပေးရတာ ကိစ္စမရှိပါဘူး”

ရှောင်ဖန်းက သူမ၏ ဆံပင်ကို ကြည့်ပြီး စိုးရိမ်ပူပန်စွာဖြင့် သက်ပြင်းချလိုက်လေသည်။

“နင့်ရဲ့ ဆံပင်တွေက လွန်ခဲ့တဲ့ ရက်ပိုင်းကထက်တောင် ပိုပြီး ဖြူလာသလိုပဲ”

“မဖြစ်နိုင်တာ”

လီဟုန်မေ့က ပျာပျာသလဲဖြင့် သူမ၏ ဦးခေါင်းထိပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။

သူမက ကျောင်းမှရသော ထောက်ပံ့ကြေးအားလုံးကို စားသောက်ရေးတွင်ပင် အကုန်အကျခံခဲ့လေ၏။

ဤရက်ပိုင်းအတွင်း ညဉ့်နက်သည်အထိလည်း စာမကျက်ခဲ့ပါဘဲ သူမ၏ ဆံပင်များက အဘယ်ကြောင့် ပို၍ဖြူလာရသနည်း။

လီဟုန်မေ့၏ မျက်နှာက ဖြူလျော်သွားသည်ကို မြင်သည့်အချိန်တွင် ရှောင်ဖန်းက လေသံကို လျင်မြန်စွာ ပြောင်းလဲလိုက်လေ၏။

“ငါ မျက်စိမှားတာလည်း ဖြစ်မှာပါ၊ နေရောင်က အရမ်းပြင်းတော့ အလင်းပြန်သွားတာ ဖြစ်လိမ့်မယ်”

သူမက စကားကို လွှဲပြောလိုက်သော်လည်း လီဟုန်မေ့၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများကို ချန်ထားခဲ့လေ၏။

ထိုညတွင် လီဟုန်မေ့က မှန်တစ်ချပ်ကို ကိုင်ဆောင်လျက် စင်္ကြံလမ်းရှိ မီးရောင်အောက်တွင် သူမကိုယ်သူမ ကြည့်ရှုနေမိ၏။

မှိန်ပျပျ မီးရောင်အောက်တွင် သူမ၏ နွမ်းနယ်နေသော မျက်နှာနှင့် ဖြူဆွတ်နေသော ဆံပင်များကို တွေ့ရှိလိုက်ရသည်။

ထို့ကြောင့် လီဟုန်မေ့၏ စိတ်ထဲတွင် နက်ရှိုင်းသော ဝမ်းနည်းမှုတစ်ခုက ဖြစ်ပေါ်လာခဲ့ရ၏။

အထူးသဖြင့် နောက်တစ်နေ့တွင် ရှောင်ဖန်းတစ်ယောက် ဟဲထန်၏ ဘေးတွင် ရပ်နေခဲ့ကာ ပြုံးရယ်နေခဲ့ချိန်တွင် ဖြစ်လေ၏။

သူမ၏ နက်မှောင်တောက်ပသော ကျစ်ဆံမြီးကြီးက ခေါင်းနောက်ဘက်တွင် လှုပ်ခါနေသည်ကို မြင်တွေ့ရသည့်အချိန်တွင် သူမ၏ စိတ်ထဲတွင် ပိုမိုနာကျင်သွားရသည်။

အကယ်၍ သူမလည်း ရှောင်ဖန်းကဲ့သို့ ကောင်းမွန်သော မိသားစုမှ ပေါက်ဖွားလာပြီး၊ ကျန်းမာသန်စွမ်းကာ လှပနေခဲ့မည်ဆိုလျှင်...

*

ရန်ရှောင်နှင့် စုဝေ့ချင်းတို့က ပိတ်ရက်တွင် စုဝေ့ချင်းတို့၏အိမ်သို့ လာရောက်လည်ပတ်ရန်အတွက် သဘောတူထားခဲ့ကြသည်။

ထိုနေ့တွင် မိသားစုသုံးဦးလုံးက အတန်းမရှိကြသော်လည်း သူတို့အနေဖြင့် အိပ်ရာထဲတွင် ကြာကြာ လှဲမနေနိုင်ခဲ်ကြပေ။

စုဝေ့ချင်းက ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို ဝယ်ယူရန်အတွက် မနက်ဈေးသို့ သွားရောက်ရလိမ့်မည်။

လီရှန်းကတော့ စုရှောင်လော်ကို ခေါ်ဆောင်ကာ ဆန်နှင့် ဆီအရောင်းဆိုင်သို့ သွားပြီး ဆန်ချောများကို သွားရောက်ဝယ်ယူရမည်။

တခြားလူများကို အိမ်သို့ ဖိတ်ခေါ်ပြီးမှ ဆန်ကြမ်း၊ ဂျုံကြမ်းများနှင့် ဧည့်ခံရန် မသင့်တော်ပေ။

စုရှောင်လော်က လမ်းတစ်လျှောက်လုံးတွင် အဆက်မပြတ် ပြောဆိုလာခဲ့ပြီး မြင်သမျှအရာအားလုံးကို စိတ်ဝင်စားနေခဲ့သည်။

သာမန်ရှုခင်းများပင်လျှင် သူမ၏ ပါးစပ်မှ ထွက်ပေါ်လာသည့်အချိန်တွင် အလွန်ပင် စိတ်ဝင်စားစရာ ကောင်းသွားရ၏။

ထို့ကြောင့် စုရှောင်လော်က အနောက်တိုင်းသိပ္ပံပညာကို အားသန်သော မိန်းကလေးတစ်ဦးဖြစ်နေလျှင်ပင် သူမ၏ ဖခင်ထံမှ စာပေအနုပညာဆန်သော စရိုက်လက္ခဏာများကို အမွေရရှိထားကြောင်း တွေ့နိုင်သည်။

ဤကဲ့သို့သော ဘာသာစကား ဖော်ပြနိုင်စွမ်းဖြင့်မိုပါက လီရှန်းအနေဖြင့် ထိုမိန်းကလေးငယ်၏ ကျောင်းတွင်း စာစီစာကုံးများအတွက် နောက်ပိုင်းတွင် စိုးရိမ်နေရန် မလိုတော့ပေ။

“အမေ၊ သမီးတို့ မုန့်ဆိုင်ကို သွားပြီး ကောက်ညှင်းလိပ်မုန့်တချို့ ဝယ်ရအောင်”

ကုန်စုံမုန့်ဆိုင်ဘေးမှ ဖြတ်သန်းသွားသည့်အချိန်တွင် စုရှောင်လော်က သူမ၏ ခြေလှမ်းလေးများကိုရပ်လိုက်ပြီး လေးနက်သော လေသံဖြင့် တောင်းဆိုလိုက်လေ၏။

လီရှန်းက ခေါင်းငုံ့ကြည့်လိုက်ပြီးပြောလိုက်လေသည်။

“ဝယ်ပေးတာကို အကုန်စားရမယ်နော်၊ ကိုက်လိုက်ပြီးမှ မစားချင်တော့ဘူးဆိုပြီး လွှင့်ပစ်တာမျိုးမလုပ်ရဘူး၊ နောက်ဆုံးကျရင် အဖေပဲ လိုက်စားနေရတာ”

သူမကိုယ်တိုင်က အချိုမုန့်များကို မနှစ်သက်သောကြောင့် ဤကဲ့သို့သော မုန့်ပဲသရေစာများက သူမအတွက်အဆင်မပြေပေ။

စုရှောင်လော်က ငယ်ရွယ်ပြီး အစားနည်းသော်လည်း၊ အစားမက်သောကြောင့် အရာအားလုံးကို စားချင်နေတတ်သည်။

သူမက အနည်းငယ်မျှ စားပြီးလျှင်ပင် ငြီးငွေ့သွားတတ်သောကြောင့် နောက်ဆုံးတွင် ထိုမုန့်တို့အထဲမှ အများစုက စုဝေ့ချင်း၏ ဗိုက်ထဲသို့သာ ရောက်ရှိသွားရလေ၏။

ဆိုရလျှင် တစ်ခါတရံတွင် စုဝေ့ချင်း၏ စရိုက်ကိုပြန်တွေးကြည့်လျှင်၊ နောက်ပိုင်းတွင် အင်တာနက်ပေါ်၌ ဖော်ပြကြမည့် ‘အလိုလိုက်ခံထားရသော မင်းသမီးလေး’ များနှင့် အတော်လေး တူနေခဲ့၏။

သူက စိတ်ခံစားချက်ကြွယ်ဝသူ ဖြစ်လေ၏။ စိတ်လှုပ်ရှားစရာ ကောင်းသော စာမူတစ်ခုကို ဖတ်ရလျှင်ပင် ကွယ်ရာတွင် ပုန်းအောင်းပြီး တိတ်တဆိတ် မျက်ရည်သုတ်နေတတ်သည်။

သူက အချိုမုန့်များကို နှစ်သက်ပြီး၊ ဝတ်စားပြင်ဆင်ရခြင်းကိုလည်း သဘောကျကာ လှပသော အဝတ်အစားများကို ဝတ်ဆင်ရသည်ကို နှစ်သက်လေ၏။

ထို့အပြင် သူ၏ ဇနီးနှင့် ကလေးကို ပြင်ဆင်ပေးရသည်ကိုလည်း နှစ်သက်သေးသည်။

လီရှန်းတစ်ယောက် မြို့တော်သို့ ယူဆောင်လာခဲ့သော ဂါဝန်များအားလုံးက စုဝေ့ချင်းမှ ကောင်းမွန်သော ပိတ်စတချို့ကို မြင်တွေ့ပြီးနောက် အပ်ချုပ်ဆရာတစ်ဦးထံတွင် အပ်နှံချုပ်လုပ်ပေးခဲ့ခြင်း ဖြစ်လေ၏။

အကယ်၍ ယခုခေတ်ကာလတွင် ချုံဆန်း ဝတ်ဆင်ခြင်းကို တားမြစ်ထားခြင်း မရှိပါက၊ စုဝေ့ချင်းက သူမအတွက် ချုံဆန်းများကိုပါ ချုပ်လုပ်ခိုင်းချင်နေလောက်မည်။

နင်ပြည်နယ်၏ ဘိုးဘွားများမှာ ယခင်က ချမ်းသာကြွယ်ဝခဲ့ကြဖူး၏။

ထိုအချိန်က ရှန်ဟိုင်းမြို့၏ စည်ကားလွန်းသော နိုင်ငံခြားကုန်သွယ်ရေး အိမ်ရာများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ ထိုနေရာက လှပပြီး မြေသြဇာကောင်းမွန်သော နေရာတစ်ခု ဖြစ်ခဲ့သည်။

ရေတွက်၍မရနိုင်သော လူကြီးလူကောင်းများနှင့် အမျိုးသမီးများက နွေရာသီတွင် အပူဒဏ်မှ ရှောင်ကွင်းရန်နှင့် အပန်းဖြေရန်အတွက် နင်ပြည်နယ်ဘက်သို့ လာရောက်၍ အိမ်ခြံမြေများကို ဝယ်ယူခဲ့ကြ၏။

“သမီး ကတိပေးပါတယ်”

စုရှောင်လော်က ထပ်မံ၍ ခေါင်းညိတ်ပြပြီး အာမခံလိုက်လေ၏။

ထိုအချိန်မှသာ လီရှန်းက သူမကို ကုန်စုံဆိုင်ထဲသို့ ခေါ်ဆောင်သွားခဲ့ပြီး ကောက်ညှင်းလိပ်မုန့် တစ်ကျင်းခန့် ဝယ်ယူပေးခဲ့လေတော့၏။

တစ်ကျင်းဆိုသည်က အလွန်များလွန်းသည် မဟုတ်သော်လည်း၊ ထိုကလေးငယ်တစ်ယောက်အတွက်တော့ အတော်လေး များပြားလွန်းလေသည်။ ထို့အပြင် ထိုမုန့်

ကဗိုက်ပြည့်လွယ်သော မုန့်လည်း ဖြစ်လေ၏။

စုရှောင်လော်က လမ်းတစ်လျှောက်လုံးတွင် အနည်းငယ်မျှမြည်းစမ်းစားသောက်လာခဲ့သော်လည်း၊ အိမ်သို့ ရောက်ရှိချိန်တွင် လက်ထဲ၌ ဆုပ်ကိုင်ထားသော မုန့်အနည်းငယ်က ကုန်ဆုံးခြင်း မရှိသေးပေ။

သူမက အိမ်ထဲသို့ ဝင်လိုက်သည်နှင့် အိမ်မှ ရေကန်ဘေးတွင် ဆောင့်ကြောင့်ထိုင်၍ ငါးကို သန့်ရှင်းရေးလုပ်နေသော စုဝေ့ချင်းကို မြင်တွေ့လိုက်ရသည်။

သူမ၏ မျက်ဝန်းလေးများက ချက်ချင်းပင် တောက်ပလာပြီး စုဝေ့ချင်း၏ အနားသို့ အပြေးအလွှား သွားခဲ့လေသည်။

ထို့နောက် သူမ၏ လက်ထဲမှ နောက်ဆုံး ကောက်ညှင်းလိပ်မုန့်ကို စုဝေ့ချင်း၏ ပါးစပ်ထဲသို့ အတင်း ထိုးထည့်ပေးလိုက်လေတော့၏။

“အဖေ၊ ရှောင်လော်က အဖေ့အပေါ် အရမ်းကောင်းတယ်မလား”

စုဝေ့ချင်းက သူမကို လှမ်းကြည့်လိုက်လေသည်။ သူမ၏ လက်ထဲရှိ မုန့်မှုန့်များက ကပ်စေးနေခဲ့လေ၏။

“သမီး စားလို့မကုန်တော့လို့ အဖေ့ပါးစပ်ထဲကို အတင်းလာထည့်တာ မဟုတ်ဘူးလား”

စုရှောင်လော်က လျှာလေးကို ထုတ်ပြပြီး ထွက်ပြေးသွားလေတော့၏။

“ဒီမိန်းကလေးကတော့”

စုဝေ့ချင်းတစ်ယောက် ရယ်ရခက်၊ငိုရခက် ဖြစ်သွားခဲ့ရသည်။

*

All Chapters