← Chapters

အခန်း ၃၃၈

Vol. 34 Ch. 338

အခန်း ၃၃၈

Vol. 34 Ch. 338

အခန်း(338)

တပည့်ခံသည့်အခန်းအနားပြီးနောက်တွင် မိသားစုနှစ်စုကြားရှိ ဆက်ဆံရေးက ပို၍ရင်းနှီးသွားခဲ့လေပြီ။

စုဝေ့ချင်းက တပည့်၏ ခင်ပွန်းအနေဖြင့် အရှေ့သို့ တိုးလာခဲ့ပြီး သိချင်နေသည့်ကိစ္စအတွက် မေးမြန်းလိုက်လေသည်။

“ဆရာ၊ ကျွန်တော့်ဆီမှာ လူနာတစ်ယောက် ရှိတယ်၊ ဆရာ့အနေနဲ့ ရောဂါရှာဖွေကုသပေးဖို့အတွက်ဘ ကူညီပေးနိုင်မလား”

ရန်ကျိမင် အံ့အားသင့်သွားခဲ့ရသည်။ တပည့်ခံပြီးပြီးချင်း ဤမျှအထိ လျင်မြန်စွာ အလုပ်လုပ်ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော် ကောင်းမွန်သော ဆရာဝန်တစ်ဦးက လူနာနှင့် တွေ့ဆုံရသည့်အချိန်တွင် အမြဲတစေ စိုးရိမ်ပူပန်တတ်ပေ၏။

ထို့ကြောင့် သူက ပြန်လည် မေးမြန်းလိုက်လေတော့၏။

“အခြေအနေက ဘယ်လိုမျိုးလဲ”

“ဒီလိုပါ.. လူနာက ဒီနှစ်ထဲမှာ အသက် (၁၂) နှစ် ရှိပြီဖြစ်ပြီး မွေးရာပါ ဝက်ရူးပြန်ရောဂါ ရှိနေခဲ့တယ်၊

လွန်ခဲ့တဲ့ နှစ်နည်းနည်းတုန်းကတော့ ရောဂါထကြွတဲ့အကြိမ်ရေ အတော်လေး များခဲ့ပေမဲ့ ဒီနောက်ဆုံး နှစ်နှစ်အတွင်းမှာတော့ အတော်လေး သက်သာလာပါတယ်”

စုဝေ့ချင်းအနေဖြင့် ပြောဆိုနေသော လူနာက ကျန်းရိကော်၏ မြေးဖြစ်သူ ကျန်းကျိပင် ဖြစ်လေသည်။

ရန်ကျိမင်က အနောက်တိုင်းဆေးပညာကို သင်ယူခဲ့ဖူးသော်လည်း လက်တွေ့တွင် တရုတ်ရိုးရာ ဆေးပညာဘက်၌ ပိုမိုကျွမ်းကျင်နှံ့စပ်သူ ဖြစ်လေ၏။

ရိုးရာဆေးပညာ အယူအဆအရ ဝက်ရူးပြန်ရောဂါဆိုသည်က စိတ်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်မှု သို့မဟုတ် ဦးနှောက်အာရုံကြောဆိုင်ရာချို့ယွင်းမှု တစ်မျိုးပင် ဖြစ်သည်။

ထို့အပြင် မွေးရာပါ ဝက်ရူးပြန်ရောဂါဆိုသည်က မိခင်၏ ဝမ်းဗိုက်ထဲတွင် ရှိနေချိန်ကပင် သန္ဓေသားအာဟာရ မပြည့်စုံခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်ဖြစ်သူက အာဟာရချို့တဲ့ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်ချိန်တွင် ထိတ်လန့်တုန်လှုပ်မှုကြောင့် သန္ဓေသား၏ ဦးနှောက်ကို ထိခိုက်စေခြင်းတို့ကြောင့်ဖြစ်ပွားရခြင်းဟု ယူဆကြလေသည်။

ထိုဝက်ရူးပြန်ရောဂါက အမြစ်ပြတ်ကုသရန်အတွက် ခဲယဉ်းလွန်းသော နာတာရှည်ရောဂါဆိုးတစ်မျိုးလည်း ဖြစ်သည်။

ရန်ကျိမင်က လူနာကို ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ရသေးသောကြောင့် မဆုံးဖြတ်ရဲပေ။

သို့သော် စုဝေ့ချင်း၏ ပြောစကားအရ ထိုကလေးငယ်၏ အခြေအနေက ကုသရန်အတွက် အလွန်ပင် ခက်ခဲလွန်းကြောင်းကို သိရှိလိုက်သည်။

ဤရောဂါဆိုးက အမြစ်ပြတ်ရန်အတွက် ခဲယဉ်းလွန်းသည်။ အကောင်းဆုံး အခြေအနေက ရောဂါဝေဒနာကို လျှော့ချသက်သာစေရန်သာ ဖြစ်လေ၏။

ထို့အပြင် ဤရောဂါက မျိုးရိုးလိုက်ရန်လည်း လွယ်ကူလွန်းသည်။

သမားတော်များက ဤရောဂါအခံရှိသူများကို အိမ်ထောင်မပြုကြရန်အတွက် အကြံပြုလေ့ရှိကြ၏။

အိမ်ထောင်ပြုခြင်းက ထိုလူ့အနေဖြင့် အိမ်ထောင်ပြုမည့် ဇနီးသည်နှင့် နောက်ပိုင်းတွင် မွေးဖွားလာမည့် သားသမီးများအပေါ်တွင် တာဝန်မဲ့လွန်းသကဲ့သို့ ဖြစ်စေလိမ့်မည်။

ကလေးငယ်များထံသို့ ရောဂါလက်ဆင့်ကန်းလာမည့် ရာခိုင်နှုန်း အလားအလာအပေါ် မည်သူကမျှ စိန်ခေါ်မကစားရဲကြပေ။

မျိုးရိုးဗီဇတစ်ဆက်ကျော်မှ ရောဂါပြန်ပေါ်လာတတ်ခြင်းလည်းဖြစ်တတ်သည်။

“ရိုးရာဆေးနည်းနဲ့ နည်းနည်းလောက်ပဲဖြစ်ဖြစ် သက်သာအောင် လုပ်ပေးလို့ မရဘူးလား ဆရာ၊

အဲဒီမိသားစုက သူတို့ရဲ့ကလေးကို နောက်ပိုင်းကျရင် သားသမီးတွေ ထပ်ရဖို့အထိ မမျှော်လင့်ပါဘူး၊

အခု ရောဂါထလာတဲ့အချိန်တိုင်း အရမ်းနာကျင်ပြီး ခံရခက်လွန်းလို့ ကလေးကို သက်တောင့်သက်သာ ရှိသွားဖို့ပဲ မျှော်လင့်ကြတာပါ”

စုဝေ့ချင်းက စကားမပြောမီမှာပင် လီရှန်းက စိုးရိမ်ပူပန်စွာဖြင့် ဝင်ရောက်မေးမြန်းလိုက်လေသည်။

ရန်ကျိမင်က ခေါင်းကို ခါယမ်းပြလျက် ပြောလိုက်လေ၏။

“လူနာကို ကိုယ်တိုင် စမ်းသပ်မကြည့်ရဘဲနဲ့တော့ ပြောရခက်လိမ့်မယ်”

“ဒါဆိုရင် ကျွန်မ အဲဒီကလေးကို ဒီကို ခေါ်လာခဲ့ပါ့မယ်၊ ဆရာ ကူညီပြီး ကြည့်ရှုပေးပါဦး”

လီရှန်း၏ စကားကိုကြားလျှင် ရန်ကျိမင်က သူမကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်လေ၏။

“မင်းက အခု ငါ့ရဲ့ တပည့်ဖြစ်နေပြီလေ”

သူက ဆရာတစ်ဦးဖြစ်နေပြီဖြစ်၍ အဘယ်ကြောင့် ကူညီခြင်းမပြုဘဲ နေပါမည်နည်း။

ထို့အပြင် သူက လွန်ခဲ့သော နှစ်ကာလများအတွင်း ဝက်ရူးပြန်ရောဂါဝေဒနာရှင်အမြောက်အမြားကို တွေ့ကြုံဖူးခဲ့ပြီး စစ်တပ်ထဲရှိ လူများကိုလည်း ကုသပေးခဲ့ဖူး၏။

အမြစ်ပြတ် ပျောက်ကင်းစေလိမ့်မည်ဟု အာမမခံနိုင်သော်လည်း၊ အပျော့စား ဝက်ရူးပြန်ရောဂါဝေဒနာကို လျှော့ချပေးနိုင်ရန်အတွက်တော့ သူက ယုံကြည်ချက် အပြည့်ရှိသည်။

စိတ်ချရသော ကတိကဝတ်ကို ရရှိပြီးနောက်တွင်၊ စုဝေ့ချင်းက ရပ်ကွက်ရုံးဆီသို့ အပြေးအလွှား သွားပြီး ဆေးဝါးစက်ရုံဆီသို့ ဖုန်းဆက်သွယ်လိုက်လေတော့၏။

သေချာပေ၏။ ထိုဖုန်းက သုတေသနဌာနထဲသို့ တိုက်ရိုက်ဆက်သွယ်ခြင်း မဟုတ်ဘဲ သူ၏ ဖခင်ဖြစ်သူ စုဝေ့မင်ထံသို့ ဆက်သွယ်ခြင်းဖြစ်သည်။

ထိုသတင်းကို ရရှိသည်နှင့် စုဝေ့မင်က သုတေသနဌာနဆီသို့ အပြေးအလွှား သွားကာ ကျန်းရိကော်ကိုရှာဖွေပြီး အကြောင်းစုံကို ပြောပြခဲ့လေ၏။

“..အဲဒီ သမားတော်ကလည်း အမြစ်ပြတ် ပျောက်ကင်းဖို့ကတော့ မဖြစ်နိုင်လောက်ဘူးလို့ ပြောတယ်၊

လက်ရှိမှာ ပြည်တွင်းရော ပြည်ပမှာပါ ဝက်ရူးပြန်ရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တဲ့ဆေးမျိုး မရှိသေးဘူး၊

ဝေဒနာကို လျှော့ချပေးနိုင်ဖို့ ကိစ္စကိုလည်း သူ အာမမခံရဲသေးဘဲ လူနာကို ကိုယ်တိုက် စမ်းသပ်ကြည့်ချင်တယ်လို့ တောင်းဆိုနေတယ်”

ကျန်းရိကော်အနေဖြင့် ပထမတွင် ဝမ်းမြောက်သွားခဲ့သော်လည်း၊ နောက်ပိုင်းတွင် စိုးရိမ်ပူပန်မှုများကြောင့် နှုတ်ခမ်းကို တင်းတင်း စေ့လိုက်မိ၏။

အိမ်တွင်လည်း တခြားလူ မရှိသကဲ့သို့၊ သူကိုယ်တိုင်လည်း ကလေးကို ပစ်ထားခဲ့၍ မရပေ။

ထို့အပြင် စက်ရုံဘက်ကလည်း သူ့ကို ကလေးနှင့်အတူ နှစ်ယောက်တည်း ခရီးဝေးသွားခွင့်ပြုရန် စိတ်ချနိုင်လိမ့်မည် မဟုတ်ပေ။

“မင်းအနေနဲ့ ခဏလောက်တော့ အလုပ်နားလို့ ရနိုင်ပါတယ်”

မိဘတိုင်းတွင် တူညီသော မေတ္တာစိတ် ရှိကြသည့်အတွက် စုဝေ့မင်လည်း ကျန်းရိကော်က မည်သည့်အရာကို တွေးနေကြောင်းကို နားလည်လေသည်။

“ကျွန်တော် သွားနိုင်ပါတယ်၊ ဒါပေမဲ့ ကလေးနဲ့အတူ နှစ်ယောက်တည်း ခရီးသွားရမှာဆိုတော့ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော် တကယ်ကို စိတ်မချဘူး ဖြစ်နေတာ”

ကျန်းရိကော်က စိတ်မသက်မသာဖြစ်နေသော အပြုံးတစ်ခုနှင့် သူ၏ အခက်အခဲကို ထုတ်ဖော်ပြောလိုက်လေ၏။

“အဲဒါက ကိစ္စမရှိပါဘူး၊ ငါ မင်းနဲ့အတူ လိုက်သွားဖို့အတွက် လူတစ်ယောက် စီစဉ်ပေးမယ်၊

ကလေးရဲ့ ကျန်းမာရေးက ပထမဆုံး အရေးကြီးဆုံးပဲလေ၊ မင်း အခုလုပ်လက်စ အလုပ်တွေကို ခဏချထားလိုက်၊

အရေးကြီးတဲ့ ကိစ္စတွေကိုတော့ ဒီရက်ပိုင်းအတွင်း ပိုပြီးကြိုးစားလုပ်မလား၊

ဒါမှမဟုတ် ပြန်လာမှပဲ ဆက်လုပ်မလားဆိုတာ မင်းကိုယ်တိုင် ဆုံးဖြတ်ပေါ့၊

စုစုပေါင်း ဆယ်ရက်လောက်ပဲ ကြာလိမ့်မယ်၊ အဲဒီအချိန်ကျရင် ဒီကိစ္စက ပြေလည်သွားမှာပါ”

စုဝေ့ဟိုင်က သုတေသနဌာနတွင် ရှိနေသူဖြစ်၍၊ စုဝေ့မင်က ဌာနတွင်း အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မရှိသော်လည်း တိုးတက်မှု အခြေအနေများကို စုဝေ့ဟိုင်ထံမှ ကြားသိနေခဲ့သည်။

လက်ရှိတွင် သိပ်ပြီး အလုပ်ရှုပ်နေခြင်းမျိုး မရှိသေးပေ။

ကျန်းရိကော်က ချက်ချင်းပင် ဝမ်းသာစွာ ပြုံးလိုက်ပြီး စုဝေ့မင်၏ လက်ကို ဆုပ်ကိုင်လျက် ပြောလိုက်လေသည်။

“ကျွန်တော့်အတွက်အတော်လေး ဒုက္ခများရပြီ”

“အင်း”

စုဝေ့မင်က ခေါင်းကို ညိတ်လိုက်လေသည်။

သူ၏ ပုံရိပ်အခြေအနေများကြောင့်၊ ဤကဲ့သို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်ပေးရန်အတွက် သူဘက်ကလည်း အနည်းငယ်တော့ ခဲယဉ်းပေသည်။

မြေးဖြစ်သူအတွက် နောက်တစ်ကြိမ် ပြန်လည်၍ နိုးထလာသော မျှော်လင့်ချက်များကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ကျန်းရိကော်က သုတေသနဌာနတွင် ကောင်းစွာစီမံနိုင်ခဲ့သည်။

အချိန်အတော်ကြာ ကတည်းက ပိတ်ဆို့နေခဲ့သော သူ၏ သုတေသနလုပ်ငန်းများပင်လျှင် သေးငယ်သော အောင်မြင်မှု လမ်းစတစ်ခု ပေါ်ထွက်လာခဲ့သောကြောင့် သူ့ကို မျှော်လင့်ချက်များ ပိုမို ပြည့်နှက်သွားစေခဲ့၏။

သူက တစ်ညလုံးအိပ်ရေးပျက်ခံပြီး အထုတ်အပိုးများကို ပြင်ဆင်ခဲ့သည်။

ဤပေကျင်းခရီးစဉ်တွင် ကလေးကို ဆေးကုသရန်အတွက် ခေါ်ဆောင်သွားရင်းနှင့်ပင် ထို အိမ်ဝန်း၏ ပိုင်ဆိုင်မှုစာချုပ်ကို စုဝေ့ချင်းတို့ထံသို့ လွှဲပြောင်းပေးအပ်ရန် သူ ဆုံးဖြတ်ထားခဲ့လေ၏။

ထို့ကြောင့် သူက အိမ်ခြံမြေစာချုပ်ကို လျင်မြန်စွာပင် အဝတ်ဖြင့်ပတ်ပြီး သူ၏ ရင်ဘတ်အင်္ကျီအတွင်းသားတွင် အရေပြားနှင့် ကပ်နေအောင် သေသေချာချာ ချုပ်လုပ်ကာ ဝှက်ထားခဲ့လေတော့၏။

နောက်တစ်နေ့ မနက်တွင်တော့ ကျန်းရိကော်တစ်ယောကတစ်ယောက် သူ၏ အရှေ့၌ ရပ်နေသော ရင်းနှီးလွန်းသည့် အမျိုးသမီးကို မြင်တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားပြီးမှ ရယ်မောရင်း ပြောလိုက်လေသည်။

“လောင်လျို့၊ ပေကျင်းကို ကျွန်တော်တို့နဲ့အတူ သွားမယ့်သူက မင်းဖြစ်နေတာကိုး”

“ဟုတ်တယ်၊ ကျွန်မနဲ့ ရှောင်လီက မိတ်ဆွေဟောင်းတွေပဲလေ၊ သူမနဲ့ တွေ့တဲ့အချိန်ကျရင် စကားတွေ ပြောလို့ရတာပေါ့၊

ပြီးတော့ ငါ့ရဲ့ အထက်လူကြီးဟောင်းကလည်း အခု ပေကျင်းမှာပဲ ရှိနေတာ”

အစ်မလျို့က ကျန်းရိကော်ကို ရိုးသားစွာ ပြုံးပြလိုက်လေ၏။

သူမက လက်ရှိတယ်အဖြူရောင် ယူနီဖောင်းဝတ်စုံကို ချွတ်ပယ်လိုက်ပြီး စစ်ဝတ်စုံကို ပြန်လည် ဝတ်ဆင်ထားလေပြီ။

အစ်မလျို့၏ အရှိန်အဝါက အရင်ကထက် ထက်မြက်တည်ကြည်နေခဲ့လေ၏။

အစ်မလျို့က အသိဟောင်းတစ်ဦး ဖြစ်ရုံသာမက စစ်တပ်ထဲတွင်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ထို့ကြောင့် ကျန်းရိကော်က မည်သည့် ကန့်ကွက်စရာမျှ မရှိခဲ့ရုံမျှမက စိတ်သက်သာရာ ရရှိသွားခဲ့လေတော့၏။

အနည်းဆုံးတော့ လမ်းခရီးတစ်လျှောက် ဘေးကင်းလုံခြုံမှုအတွက် လုံးဝ စိုးရိမ်ရန် မလိုတော့ပေ။

ထိုနှစ်ဦးက ကျန်းကျိကို ခေါ်ဆောင်၍ကာ ပေကျင်းသို့ သွားမည့် ရထားပေါ်သို့ တက်ရောက်ခဲ့ကြ၏။

ရထားပေါ်သို့ မတက်မီ ကျန်းရိကော်က သူက ပေကျင်းသို့ ရောက်ရှိမည့် အချိန်ကာလကို စုဝေ့ချင်းထံသို့ ကြေးနန်းရိုက်၍ ကြိုတင်အကြောင်းကြားခဲ့လေသည်။

ရထားပေါ်တွင် ရက်အနည်းငယ်ခန့် ကုန်လွန်ပြီးနောက် သူတို့နှစ်ဦးက ကျန်းကျိကို ဦးဆောင်လျက် ရထားပေါ်မှ ဆင်းသက်ခဲ့ကြလေ၏။

မြေပြင်ပေါ်သို့ ခြေချမိလိုက်သည့် ထိုအခိုက်အတန့်တွင် သုံးဦးလုံးက စိတ်သက်သာရာစွာဖြင့် သက်ပြင်းချလိုက်မိကြလေတော့သည်။

ဘုရားသခင်ကို ကျေးဇူးတင်ရမည်။ ကျန်းကျိက ရထားပေါ်တွင် ရောဂါထကြွခြင်း လုံးဝ မရှိခဲ့ပေ။

အစ်မလျို့အနေဖြင့် အရေးပေါ် ရှေးဦးသူနာပြုစုခြင်းကို ပြုလုပ်ပေးနိုင်သည် ဆိုလျှင်ပင် ရထားပေါ်တွင် အဆင်မပြေနိုင်ပါချေ။

ရထားဘူတာရုံ၏ အပြင်ဘက်သို့ ထွက်လိုက်သည့်အချိန်တွင် လျို့ဖန်ယွင်ဟု ရေးသားထားသော ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ထားသည့် လူငယ်လေးတစ်ဦးကို မြင်တွေ့လိုက်ရလေ၏။

ထိုဆိုင်းဘုတ်က ကျန်းရိကော် သို့မဟုတ် ကျန်းကျိ၏ နာမည်ကို ရေးသားထားခြင်း မဟုတ်ပေ။

ဤသည်က လူအများက သတိမထားမိစေရန်အတွက် တိတ်တဆိတ် လုပ်ဆောင်ထားခြင်းသာဖြစ်သည်။

အစ်မလျို့က သူမ၏ နာမည်ကို မြင်သည့်အချိန်တွင် ခေတ္တမျှ တုံ့ဆိုင်းသွားရ၏။

ထို့နောက် ကျန်းရိကော်နှင့် သူ၏မြေးဖြစ်သူကို ဦးဆောင်လျက် ထိုဆိုင်းဘုတ်ရှိရာဆီသို့ လျှောက်လှမ်းသွားလေတော့၏။

“မင်္ဂလာပါ ရဲဘော်၊ ကျွန်မက လျို့ဖန်ယွင်ပါ”

ထိုလူငယ်လေး ဝမ်တုန်က ဆိုင်းဘုတ်ပေါ်ရှိ စာလုံးများကို တစ်ချက်ကြည့်လေသည်။

ထို့နောက် အစ်မလျို့နှင့် သူမ၏ အနောက်ရှိ အမျိုးသားနှင့် ကလေးငယ်ကို ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် နွေးထွေးလွန်းသော အပြုံးတစ်ခုကို ဆင်မြန်းလျက် ပြောလိုက်လေ၏။

“အစ်မလျို့၊ ဦးလေးကျန်း၊ မင်္ဂလာပါ၊ ကျွန်တော့်နာမည်က ဝမ်တုန်ပါ၊ ကျွန်တော်က ဆရာစုဝေ့ချင်းရဲ့ တပည့်ပါ၊

ကျွန်တော့်ရဲ့ ဆရာနဲ့ ဆရာကတော်တို့နှစ်ယောက်လုံးက ကျောင်းမှာ စာသင်နေကြရလို့ ကိုယ်တိုင် လာမကြိုနိုင်ကြဘူး၊

ဒါကြောင့် ရထားလွတ်မသွားရအောင် ကျွန်တော့်ကို စောစောစီးစီး လာကြိုခိုင်းလိုက်တာ”

*

All Chapters