အခန်း ၁၄၁၂
Vol. 142 Ch. 1412
အခန်း (၁၄၁၂) လွတ်မြောက်ခြင်းအောက်တွင် တုနှိုင်းမဲ့
သူ၏ကျင့်ကြံခြင်းက ဧကရာဇ်ချီကြောင့် ဖိနှိပ်ခံထားရသော်လည်း၊ သူက လွန်စွာအင်အားကြီးသောလက်နက်တစ်ခုကို အသုံးပြုခဲ့ဆဲပင်။ ၎င်းက အဘယ်ကြောင့် ဤမျှအလွယ်တကူဖမ်းဆုပ်ခံလိုက်ရသနည်း။
သူခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ရာ၊ အရိပ်၏မျက်ခုံးကြားတွင် အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။ ၎င်းမှာ မျက်လုံးတစ်လုံးပွင့်လာသည့်အလား သို့မဟုတ် ထာဝရ ညဉ့်ယံတွင် အရုဏ်ဦး၏လင်းလက်မှုတစ်ခုအလား ပင်။
အဖြူရောင်အလင်းတန်းက လုံးဝန်းပြီးကြည်လင်ကာ ပုတီးစေ့တစ်ခု၏ပုံသဏ္ဌာန်ရှိသည်။
သန့်စင်သော ဗုဒ္ဓပုတီးစေ့
၎င်းကို သဘောပေါက်သွားလျှင် အရှေ့ဘက်အစွန်းဧကရာဇ်က ဒေါသကြောင့်ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။ ရှန်းယီ ဗောဓိဂိုဏ်းကို ဖိနှိပ်နိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ သူ၏စွမ်းရည်အများစုမှာ ထိုဘုန်းကြီးများအုပ်စုကြောင့်ပင်။
ပထမအဆင့်ဧရာမပုဂ္ဂိုလ်ကြီး တစ်ဦးသာကိုင်ဆောင်ရန် အရည်အချင်းပြည့်မီသော မွေးရာပါ ရတနာကိုပင် သူတို့က ပေးအပ်ခဲ့ကြသေး၏။
ဧရာမပုံရိပ်ကြီးနှစ်ခုက လေထဲတွင် လွင့်မျောနေပြီး လောကကြီးကို တိတ်ဆိတ်သွားစေခဲ့သည်။
"ဟူး....ဟူး"
ရွှင်ပျော်အစစ်အမှန်ဗုဒ္ဓက အသက်ကိုပြင်းပြင်းရှူနေခဲ့ပြီး၊ သူ၏ခမ်းနားသောသင်္ကန်းက သူ၏ကျောပြင်စိုရွှဲနေသည်ဟူသော အချက်ကို မဖုံးကွယ်နိုင်ခဲ့ပေ။
သူသည် သူ့ကိုအထက်စီးမှကြည့်နေသော ရှန်းယီ၏မျက်နှာကို စူးစိုက်စွာကြည့်နေခဲ့ရာ လူငယ်လေး၏နှုတ်ခမ်းများရှိ သိမ်မွေ့သောလှောင်ပြောင်မှုကို သတိပြုမိလိုက်သည်။
သူ၏အကြည့်က ကောင်းကင်သမျှကြီးမားသော အရိပ်ကြီးထံသို့ ရောက်ရှိသွားပြီး၊ ၎င်း၏လက်များက ဧရာမမျှော်စင်ကြီးကို တည်ငြိမ်စွာ ထောက်ခံထားသည်ကို မြင်တွေ့လိုက်ရသည်။
သူတို့ နှစ်ဦးစလုံး မျှော်စင်၏ အောက်တွင် ရှိနေသော်လည်း၊ တစ်ဖက်လူက နောက်သို့လှည့်ကြည့်ရန်ပင် ဂရုမစိုက်ခဲ့ပေ။
ယခင်က သူ၏ကိုယ်ပိုင် ထိတ်လန့်မှုနှင့်အတူ ဗုဒ္ဓ၏နားထဲတွင် လှောင်ပြောင်သံတစ်ခု ပဲ့တင်ထပ်နေ၏။
အစစ်အမှန် ဗုဒ္ဓ၏ ဂုဏ်သိက္ခာကို စော်ကားလို့မရနိုင်ပေ။
သို့သော် လက်ရှိအချိန်မှာတော့ ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက သူနှင့် ရှန်းယီကြားရှိ ကွာဟချက်ကိုရှင်းလင်းစွာ အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။ အကယ်၍ သူတို့က နတ်ဘုရားနယ်မြေ၏အပြင်ဘက်တွင်၊ ဧကရာဇ်ချီ၏ ဖိနှိပ်ခြင်းမရှိပါက၊ သူနှင့် အရှေ့ဘက်အစွန်းဧကရာဇ်တို့ ပူးပေါင်းလုပ်ဆောင်ခြင်းက အနည်းငယ်အသာစီးရနိုင်သေး၏။
သို့သော် အင်ပါယာမြို့တော် အတွင်း၌မူ အနိုင်ရရန် မည်သည့်အခွင့်အရေးမျှ သူ မမြင်တွေ့ခဲ့ရပေ။
ရှန်းယီက ကျောက်သားလှံရှည်ကို နောက်တစ်ကြိမ် မြှောက်လိုက်စဉ်၊ လူငယ်လေး၏အေးစက်သော အကြည့်အောက်တွင်၊ ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက တစ်ကိုယ်လုံးတုန်ယင်သွားပြီး၊ သူ၏စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ကျန်ရှိတော့သည်။
အသက်ရှင်ရန်အတွက် ထွက်ပြေးဖို့ပင်။
ယခင်က သူက ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း၊ ဤနေရာမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ရွှင်ပျော်အစစ်အမှန်ဗုဒ္ဓက နောက်ဆုံးအားထားရာကိုသာ ရွေးချယ်နိုင်တော့သည်။
သူက လက်ဖဝါးကိုရုတ်တရက်ဆုပ်လိုက်ရာ၊ ဆွဲဆောင်မှုရှိသော ပန်းရောင်ကြာပန်းပွင့်ဖတ်များက တောက်ပသော ကြာပန်းတစ်ပွင့်အဖြစ်သို့ စုစည်းသွားခဲ့သည်။
ဤမဟာစွမ်းရည်ကို သူ နောက်ဆုံးအသုံးပြုခဲ့သည်မှာ အရှေ့ပိုင်းတိုက်ကြီးရှိ တာအိုဓမ္မဆွေးနွေးပွဲတွင် ဖြစ်ပြီး၊ ရှန်းယီကို ဖိနှိပ်ရန် ဤအရာကို အသုံးပြုရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ကြာပန်းက ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓကို တိုက်ရိုက် ဝါးမျိုသွားခဲ့၏။
သူ၏ရှေ့ရှိ လူငယ်လေးကို ရှောင်လွှဲရန်သက်သက်ဖြင့် သူက အနီရောင်ငရဲအတွင်းသို့ မိမိကိုယ်ကို လိုလိုလားလား ထိုးချလိုက်ခြင်းဖြစ်သည်။
"..."
ရှန်းယီ သူ၏အောက်ရှိ ဟာလာဟင်းလင်းနေရာကို ကြည့်လိုက်ရာ၊ သူ၏ကြည်လင်သော မျက်လုံးများက အနည်းငယ်မျှလှုပ်ခတ်သွားခြင်း မရှိပေ။
သူက လှံရှည်ကိုဆက်လက် ရိုက်ချလိုက်၏။
ရှုပ်ထွေးသောသင်္ကေတများပါရှိသည့် လှံရှည်၏ အရှေ့တွင် မြူခိုးများဖုံးလွှမ်းနေသောလောကတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး၊ လှံကတိမ်များနှင့် မြူများကို အရည်ပျော်စေကာ အဆုံးမရှိသော တောင်တန်းကြီးများကိုဆုတ်ဖြဲသွား၏။ အဆုံးအစမရှိသောကြာပန်းများကို ပြင်းထန်စွာမှောက်ချပစ်လိုက်ရာ၊ထိုနေရာရှိ နူးညံ့ပြီးစင်ကြယ်သော ခန္ဓာကိုယ်များက ချက်ချင်းပင်အမှုန့်အဖြစ်သို့ ချေမွခံလိုက်ရသည်။
လှံရှည်က အဆုံးမရှိရှည်နိုင်ပုံရပြီး၊ နောက်ဆုံးတွင် ထွက်ပြေးနေသောပုံရိပ်ကို လိုက်မီသွားခဲ့၏။ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ပရမ်းပတာ အခြေအနေအောက်တွင် ထိုပုံရိပ်မှာကိုယ်ပိုင်ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။
"ဘာလို့ ဒီဘုန်းကြီးအိုကိုပဲ လိုက်ဖမ်းနေရတာလဲ။"
ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက ထိတ်လန့်တကြား နောက်သို့ လှည့်ကြည့်လိုက်ရင်း စူးရှသောငိုကြွေးသံတစ်ခုကိုထုတ်ဖော်လိုက်သည်။
သူနားမလည်နိုင်ခဲ့ပေ။ ၎င်းသည် ဂိုဏ်းနှစ်ခုစလုံးမှ ဖန်တီးခဲ့သော ကပ်ဘေးတစ်ခုဖြစ်ကြောင်း ရှင်းလင်းနေပါလျက်နှင့် ဤ ကျောက်စိမ်း ဧကရာဇ်က အဘယ်ကြောင့်သူ့ကိုသာ လိုက်လံ ဖမ်းဆီးနေပြီး အရှေ့ဘက်အစွန်းဧကရာဇ်ကို မမြင်ရသည့်အလား ပြုမူနေရသနည်း။
လှံရှည်က သူ၏ကျောပြင်ပေါ်သို့ တည့်မတ်စွာ ကျရောက်သွားခဲ့သည်။
ဘန်း..
အနီရောင် ငရဲ တစ်ခုလုံး မျက်တောင်တစ်ခတ်အတွင်းပြိုကျသွားခဲ့ပြီး၊ရွှင်ပျော်အစစ်အမှန်ဗုဒ္ဓ၏ ပုံရိပ်က အင်ပါယာမြို့တော်၏ အထက်တွင် ပြန်လည်ပေါ်လာကာ၊ လေထဲမှ လှံရှည်တစ်ချောင်းဖြင့် အကြမ်းပတမ်းရိုက်ချခံလိုက်ရသည်။
ဘုန်း..
၎င်းက စုတ်ပြဲနေသောအိတ်တစ်လုံးအလား ပြုတ်ကျလာခဲ့ပြီး၊ ကျောက်စိမ်းဖြူလှေကားထစ်ရှည် များကိုကြေမွသွားစေကာ၊ ထရန်ကြိုးစားရင်း တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။
မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ရင်း မော့ကြည့်လိုက်ရာ၊ နတ်ဘုရားမင်းဆက်မှ အရာရှိ အုပ်စုကြီး သူ့ကိုစိုက်ကြည့်နေသည်ကို သူမြင်တွေ့လိုက်ရ၏။
လင်ရှူးယာကလည်း မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး အောက်ဘက်ရှိစုတ်ပြတ်နေသော သင်္ကန်းနှင့် သွေးများဖုံးလွှမ်းနေသော အစစ်အမှန် ဗုဒ္ဓကို မှင်သက်စွာ စိုက်ကြည့်နေခဲ့သည်။
သူ၏မျက်လုံးသူငယ်အိမ်များက အနည်းငယ် တုန်ယင်နေပြီး မှေးမှိန်ကာလမ်းပျောက်နေသကဲ့သို့ ဖြစ်နေ၏။ သူ့အတွက် အိပ်မက်တစ်ခုထဲတွင် ရောက်နေသည့်အလားခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
"အစစ်အမှန် ဗုဒ္ဓကို တိုက်ရိုက်ကြည့်ရဲတယ်ပေါ့လေ။"
ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက သူ၏ရင်ဘတ် တစ်ဆို့နေသည်ကိုသာ ခံစားရပြီး၊ သွေးတစ်လုတ်ထွေးထုတ်လိုက်ကာ ဒေါသတကြီးဖြင့်ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။
ပထမအဆင့် ဧရာမ ပုဂ္ဂိုလ်ကြီး၏ ဂုဏ်သိက္ခာက လွန်စွာလွှမ်းမိုးနိုင်လွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
သူ ဤကဲ့သို့အဆုံးသတ်သွားသော်လည်း လူအုပ်၏မျက်လုံးများက တစ်ပြိုင်နက်တည်း တဖျပ်ဖျပ်လင်းလက်သွားဆဲဖြစ်ပြီး၊ ထို့နောက် ပြင်းထန်သောအကြောက်တရားဖြင့် လွှမ်းမိုးသွားကာ အစစ်အမှန် ဗုဒ္ဓ၏ အနောက်ကို ကြည့်ရန် မျက်လုံးများကို ရွေ့ကြည့်လိုက်ကြ၏။
"..."
ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက တစ်ခုခုမှားယွင်းနေကြောင်းကို အာရုံခံမိလိုက်ပြီး၊ ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်သည်။
သူ၏အမြင်အာရုံထဲတွင် ထွက်ပေါ်လာသောအရာမှာ လွင့်ဝဲနေသော အနက်ရောင်တာအိုဝတ်ရုံဖြစ်သည်။
ရှန်းယီက ကျောက်သားလှံရှည်ကို ပေါ့ပေါ့ပါးပါး ဆွဲလာရင်း ချဉ်းကပ်လာခဲ့သည်။ လှံရှည်၏အသွားက ကွဲအက်နေသောကျောက်စိမ်းဖြူ လှေကားထစ်ရှည်များ တစ်လျှောက် စူးရှသောသွေးကြောင်းတစ်ခုကို ထွင်းထုသွားခဲ့သည်။
"အရှေ့ဘက်အစွန်းဧကရာဇ် မင်းရဲ့မျှော်စင်စုတ်ကို ဂရုစိုက်နေတာ ရပ်လိုက်တော့။"
ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓ၏အသံက အက်ကွဲသွားပြီး၊ သူ၏အတွင်းစိတ်မှအကြောက်တရားကို ပြသလိုက်သည်။
သူ၏စကားမဆုံးမီမှာပင်။ လှံရှည်က သူ၏ကျောပြင်ကို ပြင်းထန်စွာရိုက်ချလိုက်ပြီဖြစ်သည်။
ဗုဒ္ဓက ဤမျှပြင်းထန်သောနာကျင်မှုကို နှစ်ပေါင်းများစွာအတွင်း မခံစားခဲ့ရဖူးပေ။ သူ၏တစ်ကိုယ်လုံး ပြင်းထန်စွာတုန်ယင်သွားပြီး ထရန်ပင်အားအင်မရှိတော့ဘဲ ဒဏ်ရာရနေသော သားရဲတစ်ကောင်အလား လှေကားထစ်များပေါ်သို့ အလိုအလျောက်တွားသွားနေခဲ့သည်။
သူ့ကို မည်သူကကာကွယ်ပေးနိုင်မည်ကို သူ မသိပေ။ ဤလူငယ်လေးနှင့် ဝေးရာတွင် နေရန်သာ မသိစိတ်က အလိုရှိနေခဲ့သည်။
ရိုက်ချက်များ အဆက်မပြတ်ကျရောက်လာခဲ့၏။
ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက တိုးညှင်းသောညည်းတွားသံတစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏ စိတ်ထဲတွင် ထိုညကိုရုတ်တရက်ပြန်လည်သတိရသွားပြီး ထိုပိန်ပါးသော သက်ကြီးအမျိုးသားကလည်း ဤကဲ့သို့ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ထိုစဉ်က တစ်ဖက်လူက လူသားဧကရာဇ်ဖြစ်ပါလျက်နှင့် ဤကဲ့သို့သော စော်ကားမှုနှင့် အရှက်တကွဲအကျိုးနည်းမှုကို အဘယ်ကြောင့် သည်းခံနိုင်ရသနည်း။ ဧကရာဇ်ချီကိုအသုံးပြုကာ အဘယ်ကြောင့် လွတ်မြောက်ခြင်းကို မရယူခဲ့ရသနည်းဆိုသည်ကို သူ နားမလည်နိုင်ခဲ့ပေ။
ယခုအခါ သူ ပို၍ပင်နားမလည်နိုင်တော့ပေ။
ကံမကောင်းစွာဖြင့် အခြေအနေကို ပြောင်းပြန်လှန်ရန် ထိုကြွယ်ဝသော ဧကရာဇ်ချီကို သူ မပိုင်ဆိုင်ထားပေ။
ကျောက်သားလှံရှည်က ပင်လယ်ရှစ်ခု၏ရေကို ဖိနှိပ်ထားနိုင်သော်လည်း၊ ၎င်းကိုယ်တိုင်တွင် မှော်ဆန်သော အကျိုးသက်ရောက်မှုများများစားစား မရှိပေ။
အစစ်အမှန် ဗုဒ္ဓ၏ ခန္ဓာကိုယ်က အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး၊ အကြိမ်ကြိမ် ရိုက်နှက်ခံရပြီးနောက်တွင်ပင်။ သူက အထက်သို့ ဆက်လက် တွားသွားနိုင်စွမ်း ရှိနေသေးသည်။
ရှန်းယီက ဤဗုဒ္ဓ၏အနောက်မှ ဖြည်းညှင်းစွာနှင့် တည်ငြိမ်စွာ လိုက်ပါလာခဲ့သည်။ သူက ပင်ပန်းနွမ်းနယ်ပုံမပေါ်ဘဲ လှံတံကိုလွှဲယမ်းသည့် လှုပ်ရှားမှုကိုသာ ထပ်ခါတလဲလဲ လုပ်ဆောင်နေပြီး ကောင်းကင်တာအိုက ဖန်တီးထားသော ဗုဒ္ဓ၏ခန္ဓာကိုယ်ကို တဖြည်းဖြည်း ချေမွပစ်နေခဲ့သည်။
လောကကြီးမှာ တကယ်ကို အဓိပ္ပာယ်မရှိပေ။
ဤလေးစားဖွယ်ကောင်းသော မသေမျိုး နှင့် ဗုဒ္ဓများက သူတို့၏ပုံမှန် မြင့်မြတ်သောဟန်ဆောင်မှုများအောက်တွင် လေလွင့်ခွေးများအလား ဤမျှ ရွံရှာဖွယ်ကောင်းသော မျက်နှာစာများကို ဖုံးကွယ်ထားကြ၏။
နေ့စဉ် အရက်ကန်ထဲတွင် စိမ်နေခဲ့ပြီး ဧကရာဇ် တစ်ပါး၏ဟန်ပန် အနည်းငယ်မျှမရှိသည့် ရူးသွပ်သူတစ်ဦးနှင့် တူသောသက်ကြီးအမျိုးသားက နောက်ဆုံးတွင် သူ၏အတွင်းစိတ်ကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခဲ့ပြီး သူ၏စွမ်းရည်မဲ့ကို သတိပြုမိကာ သူသေဆုံးရမည်ဆိုလျှင်ပင် သေမျိုးလောက၏ နောက်ဆုံး မျှော်လင့်ချက်ကိုစွန့်လွှတ်ရန် ငြင်းဆန်ခဲ့သည်။
လေလွင့်ခွေးတစ်အုပ်၏ဆုတ်ဖြဲသတ်ဖြတ်ခြင်းကို ခံခဲ့ရသော ဤကဲ့သို့သော လူသားဧကရာဇ် တစ်ပါးက ရှန်းယီကို ရှင်းပြ၍မရနိုင်လောက်အောင် ဝမ်းနည်းမှုကို ခံစားရစေခဲ့သည်။
"မလုပ်ပါနဲ့..."
တိုးညှင်းသော တောင်းပန်သံကို ရှန်းယီ က အလိုအလျောက် လျစ်လျူရှုထားခဲ့ပြီး၊ လှံရှည်ဖြင့် ရိုက်ခတ်လိုက်ရင်း သူ၏အကြည့်ကို ဖြည်းညှင်းစွာ နိမ့်ချလိုက်သည်။
ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက နောက်ဆုံးတွင် ရွှေရောင်ခန်းမဆောင်အတွင်းသို့ တွားသွားနိုင်ခဲ့သည်။ သို့သော် အသားတုံးအနေဖြင့်သာ ဖြစ်သည်။
"ဟူး။"
ရှန်းယီက အသက်ပြင်းပြင်း ရှူထုတ်လိုက်၏။
အဝေးရှိ ကောင်းကင်ယံတွင် အရှေ့ဘက်အစွန်းဧကရာဇ်၏မျက်နှာက အချိန်အတော်ကြာကတည်းက ထုံကျင်သွားခဲ့ပြီး အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။
ဤကဲ့သို့သော ပထမအဆင့်ဧရာမပုဂ္ဂိုလ်ကြီး တစ်ပါးက ဤမျှအရှက်ရဖွယ် ကောင်းသော နည်းလမ်းဖြင့် အဘယ်ကြောင့်သေဆုံးနိုင်ရသနည်း။
လောက၏အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အတွက်၊ အကယ်၍ သူအမှန်တကယ် ယာယီကျဆုံးရန် လိုအပ်လျှင်ပင်။ ၎င်းသည် မိုးကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေမည့်ကိစ္စရပ်တစ်ခု ဖြစ်သင့်သည်။
အကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ... ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓက ၎င်းအတွင်းတွင် ဘယ်သောအခါမှ မတည်ရှိခဲ့ဖူးသည့်အလား၊ ကောင်းကင်တာအိုတစ်ခုလုံးအတွင်း မည်သည့် လှုပ်ရှားမှုမျှမရှိခဲ့ခြင်းပင်။
'အဲဒီ ဘုန်းကြီးအို ဘယ်ရောက်သွားတာလဲ။'
အရှေ့ဘက်အစွန်းဧကရာဇ်က ရှန်းယီကို ရွှင်ပျော် အစစ်အမှန် ဗုဒ္ဓအား ဤမျှရက်စက်စွာရိုက်နှက် သတ်ဖြတ်ခွင့် တမင်တကာပေးခဲ့ခြင်း မဟုတ်ပေ။
အဓိကပြဿနာမှာ တစ်ဖက်လူက သူ၏လက်ရှိ အခြေအနေကို သတိမထားမိခြင်းပင်။
သူက အရှေ့ရှိ ဧရာမအရိပ်ကြီးဆီသို့ နောက်ပြန်လှည့်ကြည့်လိုက်ရာ၊ ထိုတောင့်တင်းသော လက်မောင်းကြီးများကြားတွင် အလွန်လှပသော ရတနာမျှော်စင်တစ်ခုလုံးက တုန်ယင်ပြီး ငိုကြွေးနေခဲ့ပြီဖြစ်သည်။
ဘုန်း...
ရုတ်တရက်ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး၊ မျှော်စင်၏အောက်ခြေ အလွှာနှစ်ခုက ထို ဧရာမလက်ဖဝါးများအတွင်း၌တိုက်ရိုက် ကြေမွသွားခဲ့၏။
ဧကရာဇ်ချီ၏ ဖိနှိပ်မှုအောက်တွင် အရှေ့ဘက်အစွန်းဧကရာဇ်၏စွမ်းအားက သုံးဆယ်ရာခိုင်နှုန်းသာကျန်ရှိတော့ရာ၊ သူအစွမ်းကုန်ကြိုးစားလျှင်ပင် ရှုံးနိမ့်မှုကို သူမတားဆီးနိုင်ခဲ့ပေ။
သူ၏နှလုံးသားထဲရှိ မငြိမ်မသက်ဖြစ်မှုက ကျရှုံးမှုကို ပိုမိုအရှိန်မြှင့်ပေးခဲ့သည်။
မယိုင်းမယိုင်လှုပ်ရှားခြင်းမဲ့ဧကရာဇ်ဗုဒ္ဓ၏ ပုံရိပ်ယောင်က ရုတ်တရက် မျှော်စင်ကို ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်၏။ ထို့နောက်ပြင်းထန်စွာ ထိုးကြိတ်လိုက်ရာ သန့်စင်သောဗုဒ္ဓပုတီးစေ့၏ အကူအညီအောက်တွင် မျှော်စင်တစ်ခုလုံးနောက်တစ်ကြိမ် တကျွတ်ကျွတ် မြည်သံများကို ထုတ်ဖော်လာခဲ့သည်။
"ကျောက်စိမ်းဧကရာဇ် မင်းက မသေမျိုးသုံးပါးဂိုဏ်းရဲ့မျိုးဆက်ပဲ။ မင်းနဲ့ ငါက အရင်းအမြစ် တူညီတဲ့ညီအစ်ကိုတွေပါ ငါ့ကို လွှတ်ပေးလိုက်ပါ။ မင်းအတွက် ငါသေချာပေါက်အလုပ်လုပ်ပေးပါ့မယ်။ မင်းကို စိတ်နှလုံးအပြည့်အဝနဲ့ကူညီဖို့ မသေမျိုးဂိုဏ်းတစ်ခုလုံးရဲ့စွမ်းအားကို အသုံးပြုပါ့မယ်။"
အရှေ့ဘက်အစွန်းဧကရာဇ်က မျှော်စင်အကြောင်းကိုတွေးရန်ပင် မစွမ်းဆောင်နိုင်တော့ဘဲ လှည့်ကာ ဧကရာဇ်စံအိမ်တော်ဆီသို့ ထွက်ပြေးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်။ ကြောက်မက်ဖွယ်ကောင်းသောအရိပ်ကြီးက အရှေ့တွင်ပိတ်ဆို့နေသော ဧရာမမျှော်စင်ကို နောက်ဆုံးတွင် ဖယ်ရှားလိုက်ပြီး အဝေးသို့ ဆုတ်ခွာသွားသော ထိုပုံရိပ်ကို ခံစားချက်ကင်းမဲ့စွာကြည့်လိုက်၏။ ထို့နောက် ညာဘက်လက်ဖဝါးကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်။
ကောင်းကင်ကို ဖုံးလွှမ်းနိုင်သော ဧရာမလက်တစ်ဖက်ပင်။
ကျယ်ပြန့်သော ဧရာမလက်ဖဝါးကြီးက ခမ်းနားကြီးကျယ်သော ဧကရာဇ်စံအိမ်တော်ထံသို့ တိုက်ရိုက်ထိုးဝင်သွားပြီး၊ တောင်တန်းကြီးတစ်ခုအလား လက်ချောင်းငါးချောင်းကြားတွင်၊တောက်ပသော စံအိမ်တော်ကြီးက ချက်ချင်းပင် အပိုင်းပိုင်း အစစကွဲအက်သွားကာ၊ ဆူညံသံနှင့်အတူ ပြိုကျသွားခဲ့သည်။
ရှီမုထက် ကျင့်ကြံခြင်းမနိမ့်ကျသော၊ ယပ်တောင် ကိုင်ဆောင်ထားသည့် ကလေးအစေခံနှစ်ဦးလည်း လက်ချောင်းထိပ်နှင့်ထိမိရုံဖြင့် လောကကြီးထဲမှ ပျောက်ကွယ်သွားခဲ့ကြသည်။
မကြာမီတွင် ဧရာမလက်ဖဝါးကြီးက ဖြည်းညှင်းစွာ ပိတ်သွားပြီး ထိတ်လန့်တကြားဖြစ်နေသော ဧကရာဇ်ကို အတွင်း၌တင်းကျပ်စွာ ချုပ်နှောင်ထားလိုက်သည်။
"ရှန်းယီ။ ငါ ပြောတာ နားထောင်...။"
အရှေ့ဘက်အစွန်းဧကရာဇ်က ရူးသွပ်စွာရုန်းကန်ရင်း ဒေါသတကြီး အော်ဟစ်လိုက်၏။ "မင်းက လွတ်မြောက်ခြင်းအတွက် တစ်ခုတည်းသော လမ်းကြောင်းကို ကိုယ်တိုင်ကိုယ်ကျဖြတ်တောက်လိုက်ပြီ။ အဲဒီဂိုဏ်းချုပ်နှစ်ပါး၊ မိုးကောင်းကင်နဲ့ မြေပြင်ရဲ့ဂိုဏ်းနှစ်ခုစလုံးကို မင်းအနိုင်မယူနိုင်ဘူး။ မင်းက အစစ်အမှန်ဗုဒ္ဓကို သတ်လိုက်ပြီ။ မသေမျိုးသုံးပါးဂိုဏ်းကပဲ မင်းကိုလက်ခံဖို့သတ္တိရှိမှာ။ တကယ်လို့ မင်းငါ့ကိုပါသတ်လိုက်မယ်ဆိုရင်၊ အနာဂတ်က လုံးဝပြတ်တောက်သွားလိမ့်မယ်။"
ရွှေရောင်ခန်းမဆောင် အတွင်း၌...
ရှန်းယီက အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားပြီး ဘေးသို့ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်လိုက်၏။ "မင်းပြောစရာရှိတာ နောက်မှ။"
စကားဆုံးသည်နှင့် သူက ကျောက်သားလှံရှည်ကို လွှဲယမ်းပြီး ပစ်ပေါက်လိုက်၏။
လှံရှည်က လေထုကိုဖြတ်သန်းသွားခဲ့သည်။
ရှန်းယီက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းအထဲရောက်မှ ဒူးထောက်ပြီးဖြည်းဖြည်းချင်းပြော။"
သေမျိုးလောက၏ စောင့်ကြည့်မှုအောက်တွင် လှံရှည်က အရှေ့ဘက်အစွန်းဧကရာဇ်၏နဖူးကို တိကျစွာထိုးဖောက်သွားပြီး သူ၏ခေါင်းတစ်ခုလုံးကို ပေါက်ကွဲထွက်သွားစေခဲ့သည်။