အခန်း ၁၄၁၃
Vol. 142 Ch. 1413
အခန်း (၁၄၁၃) လင်ရှူးယာ၏ သေဆုံးမှု
တောက်ပခမ်းနားသော ခန်းမဆောင်အတွင်း၊ ရုတ်တရက် အေးစက်သောလေပြေတစ်ခု တိုက်ခတ်သွားခဲ့သည်။
တဖျပ်ဖျပ်လင်းလက်နေသော မီးရောင်များအောက်တွင်၊ ရှန်းယီ၏အရိပ်က ရှည်ထွက်လာပြီး၊ အရှေ့တွင်မျှော်လင့်ချက်မဲ့စွာဒူးထောက်နေသော လင်ရှူးယာကို လွှမ်းခြုံသွားခဲ့၏။
လူတိုင်း၏နှလုံးသားထဲရှိ ယခင်က သံသယများ အားလုံးက ယခုအခါရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
ရှန်းယီက ဧကရာဇ်အသစ်၏ဦးခေါင်းခွံကို ခြေတစ်လှမ်းတည်းဖြင့် ချေမွပစ်လိုက်သည်ကို ဗောဓိသတ္တများက အဘယ်ကြောင့် စောင့်ကြည့်နေခဲ့ကြသနည်း။ ထို့အတူ မည်သည့်ဆန့်ကျင်မှုမျှမရှိဘဲ၊ ထိုလွင့်ဝဲနေသော အနက်ရောင်တာအိုဝတ်ရုံအောက်တွင်နှိမ့်ချစွာ မျက်နှာချိုသွေးကာ ဒူးထောက်ခဲ့ကြပြီးနောက်၊ အရှက်တကွဲအကျိုးနည်းဖြင့် အဘယ်ကြောင့်ထွက်ပြေးသွားခဲ့ကြသနည်း။
ထို့အတု အဘယ်ကြောင့် မသေမျိုးဗုဒ္ဓကို စော်ကားပြီးနောက်တွင်၊ ဤအဆင်ခြင်မဲ့သော လူငယ်လေးက ဂိုဏ်းနှစ်ခုစလုံး၏အပြစ်ပေးခြင်းကို မခံရရုံသာမက ဧကရာဇ်တစ်ပါးအဖြစ် တက်လှမ်းလာမှုကို ကြိုဆိုရန်ကောင်းကင်ကို တုန်လှုပ်စေသော အခြွေအရံများဖြင့် အဘယ်ကြောင့်ကြိုဆိုခံရသနည်း။
ဤအကြောင်းရင်းများ အားလုံးက ၎င်းအတွင်း၌ ရှိနေခဲ့သည်။
ယခင် ဧကရာဇ်ကျဆုံးသွားပြီးနောက်၊ နတ်ဘုရားမင်းဆက်က ကျဆင်းသွားခြင်းမရှိရုံသာမက၊ ပိုမိုကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ပါးကို မွေးဖွေးပေးလိုက်ခြင်း ဖြစ်သည်။
သူက ရွှေရောင်ခန်းမဆောင်၏အရှေ့တွင် တစ်ကိုယ်တည်းရပ်နေရန်သာလိုအပ်ပြီး၊ လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့်၊ကောင်းကင်ကို တုန်လှုပ်စေကာ အစစ်အမှန်ဗုဒ္ဓကို သတ်ဖြတ်နိုင်သည်။
ဗုဒ္ဓများလည်း သွေးချောင်းစီးရမည်ဖြစ်ပြီး၊ ဧကရာဇ်များကလည်း ကျဆုံးရလိမ့်မည်။
တိမ်တိုက်များထဲတွင် မြင့်မားစွာရှိနေသော ဤ သတ္တဝါများကလည်း ကြောက်ရွံ့တတ်ကြပြီး၊ တောင်းပန်တတ်ကြကာ၊ သူတို့၏အောက်ရှိ သာမန် သေမျိုးလူသားများနှင့် မကွာခြားပုံရပါသည်။
"..."
ရှန်းယီရှေ့သို့ ခြေလှမ်းလိုက်သောအခါ၊ခန်းမဆောင်အတွင်းရှိ အရာရှိများအားလုံး နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားကြ၏။
မိုးကောင်းကင်နှင့် မြေပြင်၏ဧကရာဇ်ချီကို စုစည်းနိုင်သည့် သူ၏စွမ်းရည်ကို ကြည့်ခြင်းအားဖြင့်၊ သူက နတ်ဘုရားမင်းဆက် နှင့် မဟာမိတ်ဖွဲ့ထားခြင်းမဟုတ်ဘဲ ယခင် ဧကရာဇ်၏ ဘက်တွင် ရပ်တည်နေသောကြောင့် သွေးကျောက်စိမ်းကို ရယူနိုင်ခဲ့သည်ဟုဆိုခြင်းက ပို၍တိကျပေလိမ့်မည်။
ထို့အတူ လွန်ခဲ့သာ့် ရက်အနည်းငယ်ပင်။ ခုံရုံးတစ်ခုလုံးက ဧကရာဇ်ခုံရုံး၏ကံကြမ္မာကို အသုံးချကာ၊ ဧကရာဇ်ဂူဗိမာန်တွင် ဂါရဝပြုရန်အိမ်ရှေ့မင်းသား နှင့် သခင်ကြီးလင်တို့၏နောက်သို့ လိုက်ခဲ့ကြရာ၊ ၎င်းမှာ ယခင်ဧကရာဇ်အပေါ် အကြီးမားဆုံးသော သစ္စာဖောက်မှုဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ။
ယခုအခါ ဤအပြစ်များ သူတို့အပေါ်သို့ ကျရောက်လာဖွယ် ရှိသည်။
မသေမျိုး ဗုဒ္ဓကို သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော ရှန်းယီ၏ယခင်က ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများနှင့်အတူ၊တစ်ပါးမှာ အသားတုံးအဖြစ်သို့ ရိုက်နှက်ခံခဲ့ရသည်။ အခြားတစ်ပါးမှာတော့ ဦးခေါင်းခွံကို ရက်စက်စွာချေမွခံခဲ့ရ၏။
သို့သော် သူတို့ မခုခံဝံ့ကြပေ။ ထို အနက်ရောင်တာအိုဝတ်ရုံဖြတ်သန်းသွားသောအခါ၊ အားလုံးက ဆွံ့အသွားကြပြီး တောင်းပန်ရန်သတ္တိပင်ကင်းမဲ့သွားကာ လှိုင်းလုံးများအလား ဒူးထောက်လိုက်ကြ၏။ သူတို့၏နဖူးများကို အေးစက်သော ကျောက်ပြားများထဲသို့ ထည့်မြုပ်ထားလိုသည့် မျှော်လင့်ချက်မဲ့သောဆန္ဒဖြင့် မှောက်ခုံဝပ်တွားနေကြသည်။
သူတို့ အဆုံးတိုင်အညံ့ခံနေချိန်တွင်၊ ရှန်းယီက တုန်လှုပ်ခြင်းမရှိဘဲ ဖြတ်လျှောက်သွားခဲ့သည်။
သူ၏အဆင့်အတန်းကြောင့် သာမန် သေမျိုးလူသားများကို ပစ်ပယ်ထားခြင်း မဟုတ်ဘဲ၊ လူတိုင်းက မတူညီသောနေရာများတွင် ရပ်တည်နေကြရာ ထို့ကြောင့်မတူညီသော အရာများကို ခံစားရကြောင်းကို သူ နားလည်ထားသောကြောင့် ဖြစ်သည်။
တောင်ထိပ်မှ မြင်ကွင်းက တောင်ခြေရှိ သူများ မြင်ရသောမြင်ကွင်းနှင့် အခြေခံအားဖြင့် ကွဲပြားပါသည်။
အိမ်ရှေ့မင်းသား၏ အမိန့်ပေးမှုကို ခံရသော တစ်ဖက်အရာရှိများ ကဲ့သို့ပင်။ ကြီးမားသော အစီအစဉ်ကြီးများအပေါ် သူတို့၏နားလည်နိုင်စွမ်းက မသေမျိုး ဌာနထံမှ အတင်းအဖျင်းသတင်းအစအနများကိုသာ အားကိုးနိုင်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတို့ထံမှ မှန်ကန်သောရွေးချယ်မှုကို တောင်းဆိုခြင်းမှာ အနည်းငယ် ယုတ္တိမတန်လှပေ။ ရေစီးကြောင်းအတိုင်းလိုက်ပါသွားခြင်းက ၎င်းတို့အတွက် အကောင်းဆုံးတုံ့ပြန်မှုပင်။
သို့သော်...
လူတစ်ယောက်ကတော့ ချွင်းချက်ပင်။
အမြင့်ဆုံးနေရာတွင် ရပ်နေပြီး၊ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသော်လည်း သူက သာမန်ပြည်သူများကို မသေမျိုးဗုဒ္ဓထံသို့ ရောင်းစားရန် ရွေးချယ်ခဲ့၏။
ရှန်းယီ ရပ်တန့်လိုက်ပြီး သူ၏ရှေ့တွင် ဒူးထောက်နေသော လူလတ်ပိုင်းအရွယ်အမျိုးသားကို ငုံ့ကြည့်လိုက်သည်။
"မင်း... ငါ..."
လင်ရှူးယာ၏ နှုတ်ခမ်းများက ခြောက်သွေ့ပြီး ကွဲအက်နေကာ၊ သူ၏မျက်နှာတစ်ခုလုံးက နတ်ဆိုးအလောင်းတစ်ကောင်အလား ပိန်ချုံးနေပြီး၊ သူ၏အသံက အက်ကွဲနေသည့် ဗုံတစ်လုံးအလား စူးရှနေခဲ့သည်။
အခြားသူများက ရှန်းယီ၏ စွမ်းအားကို ကြောက်ရွံ့နေကြသော်လည်း၊ သူကမူ ဤစွမ်းအားက ဧကရာဇ်ချီ၏အကူအညီ လုံးဝမပါဘဲ၊ သူ့ကိုယ်တိုင်ထံမှထွက်ပေါ်လာခြင်း ဖြစ်မည်ကို ကြောက်ရွံ့နေခဲ့သည်။
တနည်းအားဖြင့် ဆိုရလျှင် အခြားမည်သည့်အရာကိုမျှအားမကိုးလျှင်ပင်။၊ အရှေ့ရှိ ဤလူငယ်လေးက ကောင်းကင်ယံထိပ်ရှိထိပ်တန်း ဧရာမပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်နေဆဲဖြစ်သည်။
သို့သော် ဤကဲ့သို့သော သတ္တဝါက သေမျိုးလောကဘက်တွင် မြဲမြံစွာ ရပ်တည်နေခဲ့၏။
အခြားသူများက ရှန်းယီကို ယခင်ဧကရာဇ်၏ဖုံးကွယ်ထားသော လျှို့ဝှက်လက်နက် ဟု ယုံကြည်ခဲ့ကြသော်လည်း၊ ဤလူငယ်လေးက ထိုအမျိုးသားနှင့် ပထမဆုံး တွေ့ဆုံခဲ့သည့်ညတွင် သူတို့၏စကားပြောဆိုမှုက စိတ်ဝင်စားစရာလုံးဝမကောင်းဘဲ၊ အခြေခံအားဖြင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်းကို လင်ရှူးယာတစ်ဦးတည်းသာ သိရှိခဲ့သည်။
ဤအကြောင်းကပင် သူ့ကိုဆွဲဆောင်နိုင်မည်ဟူသောမျှော်လင့်ချက်ဖြင့် လမ်းမများပေါ်တွင် ရှက်ရွံ့ခြင်းကင်းမဲ့စွာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ဤသူက လူသားဧကရာဇ်ကို အစေခံနေခြင်း မဟုတ်ဘဲ၊သာမန်ပြည်သူများအတွက် အသက်စွန့်ပေးနေခြင်း ဖြစ်သည်။
"ဟူး။"
ရှန်းယီက ညင်သာစွာသက်ပြင်းချလိုက်ပြီး၊ အေးအေးလူလူဆောင့်ကြောင့်ထိုင်လိုက်ကာ၊ လူလတ်ပိုင်းအရွယ် အမျိုးသား၏မျက်နှာဆီသို့ လက်လှမ်းလိုက်ပြီး၊လက်မဖြင့် သူ၏တုန်လှုပ်နေသောမျက်ခုံးကိုပွတ်သပ်လိုက်ကာ၊ ထို့နောက် အထက်သို့ဆွဲတင်လိုက်ရာ၊ လင်းရှူယာကို မျက်လုံးပြူးကျယ်သွားစေရန် အတင်းအကျပ် ပြုလုပ်လိုက်၏။
သူ၏လက်လှုပ်ရှားမှုမှာ ရပ်တန့်မသွားခဲ့ပေ။
ဆုတ်ဖြဲသံတစ်ခုနှင့်အတူ၊ လင်ရှူးယာ၏ နဖူးပေါ်ရှိ အရေပြားက ပြဲသွားပြီး၊တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူရော်နေသောအရိုးများထွက်ပေါ်လာကာ၊ စေးကပ်နေသောသွေးများက သူ၏မျက်နှာကို စိုရွှဲသွားစေပြီး၊ သူ၏အမြင်အာရုံကို မှုန်ဝါးသွားစေ၏။
သူ့ခန္ဓာကိုယ်က ခုခံနိုင်စွမ်းမရှိဘဲ တောင့်တင်းလျက်ဖြင့် သူ၏ရှေ့ရှိကြောက်မက်ဖွယ်ကောင်းသောမျက်နှာကို မှင်သက်စွာ စိုက်ကြည့်နေခဲ့သည်။
"မင်း သေချာမြင်ရပြီလား။" ရှန်းယီတိုးတိုးလေး မေးလိုက်၏။
"..."
လင်ရှူးယာ စကားမပြောသော်လည်း၊ သူ၏နှုတ်ခမ်းမှ တုန်ယင်မှုများကပိုမိုသိသာလာခဲ့သည်။
"ငါ မသေမျိုးဗုဒ္ဓကို အနိုင်ယူနိုင်လား။" ရှန်းယီ ထပ်မေးလိုက်သည်။
လင်ရှူးယာ၏နှလုံးသားကို အကြောက်တရားများ အပြည့်အဝဖုံးလွှမ်းသွားခဲ့၏။ သူ့ကိုယ်သူ လိမ်လည်ရန် မည်သည့်ဆင်ခြေကိုမျှ ရှာမတွေ့နိုင်တော့သလို မည်မျှပင်လှပစွာ ဖန်တီးထားစေကာမူ၊ ဤလူငယ်လေး၏ရှေ့တွင် အကာအကွယ်အားလုံးက အားနည်းနေပုံရသည်။
သူ၏နှလုံးသားက သူ၏နားထဲတွင် ဗုံတစ်လုံးအလားသီးနေသည့်အလားခုန်ပေါက်နေပြီး၊ သူ၏မျက်နှာကို နီရဲသွားစေကာ၊ နာကျင်ဖွယ်ရာ အော်ဟစ်သံတစ်ခုဖြင့် အဆုံးသတ်သွားခဲ့၏။
"အနိုင်ယူနိုင်ပါတယ်"
"ပြီးတော့ မင်းကရော။" ရှန်းယီ သူ၏ဆုပ်ကိုင်ထားမှုကို လွှတ်လိုက်ပြီးမတ်မတ် ရပ်လိုက်ကာ ခံစားချက်ကင်းမဲ့စွာ ငုံ့ကြည့်လိုက်သည်။
လင်ရှူးယာ၏ နှုတ်ခမ်းများတွင် မှိုင်းညို့သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။ မသေမျိုးခုံရုံးကို ဆန့်ကျင်ရာတွင် သေမျိုးလောကကို ကူညီခြင်းက ဤမျှရိုးရှင်းလိမ့်မည်ဟု သူဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
သူဘာမှလုပ်စရာမလိုဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေရုံမျှဖြင့် လုံလောက်သည်အထိ ရိုးရှင်းလွန်းလှသည်။
သူ၏ပြဲနေသောနဖူးမှ နာကျင်မှုက တဖြည်းဖြည်း မှေးမှိန်လာခဲ့၏။ သူ၏နှလုံးသား သေဆုံးသွားသောအခါ၊ သူ၏ခန္ဓာကိုယ်မှာလည်း ခံစားချက်များကိုဆုံးရှုံးသွားပုံရသည်။
အချိန်အတော်ကြာ စဉ်းစားတွေးတောပြီးနောက်၊ သူက သူ၏အကြည့်ကို အနည်းငယ်နိမ့်ချလိုက်ပြီး ခြင်တစ်ကောင်အလား တိုးညှင်းစွာရေရွတ်လိုက်သည်။
"ငါ သေသင့်တယ်။"
သူ၏နှာခေါင်းမှ သွေးများက ကျောက်သားများပေါ်သို့ တစ်စက်စက်ကျဆင်းလာခဲ့ပြီး၊ ပိန်သွယ်သော လူလတ်ပိုင်းအရွယ်အမျိုးသားက ရွှေရောင်ခန်းမဆောင်တွင် ဒူးထောက်ကာ နတ်ဘုရားနယ်မြေကိုမျက်နှာမူလျက်ဖြင့် ခန္ဓာကိုယ် တောင့်တင်းသွားပြီးငြိမ်သက်သွားခဲ့တော့သည်။