အခန်း ၁၄၁၅
Vol. 142 Ch. 1415
အခန်း (၁၄၁၅) ကောင်းကင်တာအိုကို လှည့်ဖြားခြင်း
ကြီးမြတ်သော ဘိုးဘေးနတ်ဘုရား ကိုးပါးက မိုးကောင်းကင်နှင့် မြေပြင်၏ဓာတ်ကြီးငါးပါး၊ ယင်နှင့်ယန်၊ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ကို ကိုယ်စားပြုသည်။
သူတို့က လောကကြီးလည်ပတ်မှု၏အခြေခံအုတ်မြစ်များဖြစ်သည်။
ဂိုဏ်းနှစ်ခုစလုံးအတွက်မူ၊ ဤဘိုးဘေးနတ်ဘုရား ကိုးပါးက အမှန်တကယ်ပင် လွန်စွာဒုက္ခပေးတတ်သူများဖြစ်သည်။
ယွီချင်းနှင့် ပစ္စုပ္ပန် ဗုဒ္ဓတို့ နှစ်ပါးစလုံးက လွတ်မြောက်ခြင်းသို့ရောက်ရှိထားပြီး သူတို့၏နယ်ပယ်က ဘိုးဘေးနတ်ဘုရားများထက် သာလွန်နေသော်လည်း၊အကယ်၍ သူတို့ကသာ ၎င်းတို့အား အမှန်တကယ်ဆန့်ကျင်လှုပ်ရှားပြီး ထိခိုက်မှု တစ်စုံတစ်ရာဖြစ်စေခဲ့ပါက၊ မိုးကောင်းကင်နှင့် မြေပြင်က ဖရိုဖရဲဖြစ်သွားပေလိမ့်မည်။
ဤအသက်သွေးကြောကိုးခုအား မရှိမဖြစ် လိုအပ်လှ၏။
အကယ်၍ မီးဓာတ်ပျောက်ဆုံးသွားပါက၊ ဓာတ်ကြီးငါးပါးသည် မပြည့်စုံတော့ပေ။ ပျက်စီးခြင်းမရှိပါက၊ ဖရိုဖရဲဖြစ်မှုများ ပေါ်ပေါက်လာမည်ဖြစ်ပြီး၊ ယင်နှင့်ယန်နှင့် ပတ်သက်၍မူ အနည်းငယ်မျှ မှားယွင်း၍မရပေ။
ဂိုဏ်းနှစ်ခုစလုံးက အစစ်အမှန် နတ်ဘုရား ဂိုဏ်း၏အဆင့်အတန်းကို အစားထိုးရန်သာ ဆန္ဒရှိပြီး၊ မိုးကောင်းကင်နှင့် မြေပြင်ကို မဖျက်ဆီးဘဲ ဤဘိုးဘေးနတ်ဘုရားများကို သူတို့၏နေရာမှန်သို့ ပြန်လည်ပို့ဆောင်လိုကြ၏။
၎င်းတို့သည် ကောင်းကင်ဘုံဥပဒေသ၏ပြယုဒ်များဖြစ်သောကြောင့်၊ သူတို့သည် သေမျိုးလောကတွင် လှည့်လည်ကာ လောက၏လမ်းကြောင်းကို ညွှန်ကြားနေမည့်အစား၊ မသေမျိုးခုံရုံး၏ထိန်းချုပ်မှုအောက်ရှိ သက်မဲ့အရာများအဖြစ်သို့ နာခံမှုရှိစွာ ပြောင်းလဲသွားသင့်သည်။
ဂိုဏ်းချုပ်နှစ်ပါး လွတ်မြောက်ခြင်းသို့ ရောက်ရှိကတည်းက၊ သူတို့၏အတွေးများက ဤကိစ္စအပေါ်တွင်သာ အမြဲရှိနေခဲ့၏။
ခေတ်အဆက်ဆက်သိမ်မွေ့စွာ လွှမ်းမိုးမှုများအပြင်၊ ဘိုးဘေးနတ်ဘုရားကိုးပါး၏ အိပ်စက်ခြင်းကို နှစ်သက်မှုတို့နှင့် ပေါင်းစပ်လိုက်သောအခါ၊ သူတို့နောက်ဆုံးတွင် သိသိသာသာတိုးတက်မှုများကို ရရှိခဲ့ကြသည်။
ဘိုးဘေးနတ်ဘုရားအများစုမှာ တစ်ရေးအိပ်ပျော်သွားသည်နှင့် နောက်တစ်ကြိမ် ပြန်လည်နိုးထလာခြင်းမရှိတော့ပေ။
လွတ်မြောက်ပြီးသော ခွန်အားကြီးသူ နှစ်ဦး၏ကျင့်ကြံခြင်းဖြင့် မမြင်ရသောလက်တစ်ဖက်အလား၊သူတို့ကို အဆုံးမရှိသောအိပ်မက်ကမ္ဘာထဲသို့ ညင်သာစွာချော့သိပ်သွားစေခဲ့ပြီး၊ ပြီးပြည့်စုံရန် တစ်ပါးတည်းသာ လိုအပ်တော့သည်။
တောင်ပိုင်းတိုက်ကြီးရှိ အရေးမပါသော ကိစ္စရပ်အချို့က လောကတွင် ရှိနေဆဲဖြစ်သော ထိုအစစ်အမှန်နတ်ဘုရားများကို ရုတ်တရက် သတိပေးလိုက်ပြီး၊ သူတို့က ကြီးမားသော အားထုတ်မှုများဖြင့် ထာဝရအိပ်စက်ခြင်းသို့ ကျရောက်တော့မည့် နောက်ဆုံး ဘိုးဘေးနတ်ဘုရားကို ပြန်လည်နိုးထလာစေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
ဤအရာကို တွေးမိသောအခါ၊ ပစ္စုပ္ပန်ဗုဒ္ဓက အနာဂတ်ဗုဒ္ဓအား အကူအညီမဲ့နေသော မျက်နှာဖြင့် မကြည့်ဘဲမနေနိုင်ခဲ့ပေ။
ဤကိစ္စက တစ်ဖက်လူနှင့် မသက်ဆိုင်ဟု ပြောရန် ခက်ခဲလှပါသည်။
သို့သော် ဤပြဿနာက အလွန်အမင်း ဆိုးရွားလှခြင်း မရှိပေ။ မည်သို့ပင်ဆိုစေ မီးဘိုးဘေးနတ်ဘုရားက ထူးခြားမှုတစ်စုံတစ်ရာကို သတိမထားမိသေးဘဲ၊ အစစ်အမှန်နတ်ဘုရားဂိုဏ်းအတွက် ရပ်တည်ပေးရန်သာ ရည်ရွယ်ထားခြင်းဖြစ်သည်။
သူ့ကိုလုံလောက်အောင် မျက်နှာသာပေးကာပြန်လည်ချော့မော့လိုက်ရုံဖြင့် လုံလောက်သင့်သည်။
"ဒါဆိုရင် ဒီဘုန်းကြီးအိုက လောလောဆယ် ရပ်ထားလိုက်ပါမယ်"
ပစ္စုပ္ပန်ဗုဒ္ဓက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်၏။ ယခုအခါ မိုးကောင်းကင်နှင့် မြေပြင်ကိုအနှောင့်အယှက်ပေးနေသော နတ်ဆိုးဧကရာဇ်ကို ဖမ်းဆီးရန်အတွက် သူထွက်ခွာရန်လိုအပ်နေပြီး၊ မူလက ဂိုဏ်းချုပ်နှစ်ပါး၏ ပူးပေါင်းအားထုတ်မှုဖြင့် ဖိနှိပ်ထားသော ဘိုးဘေးနတ်ဘုရားရှစ်ပါးကို ယခုအခါ ယွီချင်းဂိုဏ်းချုပ်ထံသို့ လွှဲပြောင်းပေးလိုက်ရသည်။
ဤလုပ်ငန်းစဉ်က အနည်းငယ်မျှသောပေါ့ဆမှုကိုပင် ခွင့်မပြုနိုင်ပေ။
အကယ်၍ ဤဘိုးဘေးနတ်ဘုရားများက နိုးထသွားပြီး ဂိုဏ်းနှစ်ခုစလုံး၏ရည်ရွယ်ချက်များကို သိမြင်သွားစေပါက၊ သူတို့က မျှော်လင့်ချက်မဲ့စွာဖြင့်ပင် ပြန်လည်တိုက်ခိုက်လာမည်မှာ သေချာပါသည်။
အကယ်၍ အတင်းအကျပ်ထပ်မံဖိနှိပ်လိုက်ပြီး တစ်ပါး သို့မဟုတ် နှစ်ပါးကို မတော်တဆ ထိခိုက်မိသွားစေပါက... သို့မဟုတ် အသက်သွေးကြောကိုးခုအနက်မှ တစ်ခုခုကိုပြိုကွဲသွားစေပါက၊ နောက်ဆက်တွဲဆိုးကျိုးများမှာ ထိုအရေးမပါသော နတ်ဆိုးဧကရာဇ်ထက် အဆပေါင်းများစွာ ပိုမို ဆိုးရွားပေလိမ့်မည်။
"စိတ်ချပါ ဗုဒ္ဓ။ ကျွန်တော်တို့ ဂိုဏ်းတူအစ်ကိုကြီးကို ကူညီပေးပါ့မယ်"
ဆန်းချင်းနှင့် ထိုက်ချင်း ဂိုဏ်းချုပ်နှစ်ပါးက သူတို့၏လက်ဖဝါးများကို အနည်းငယ်မြှောက်လိုက်ပြီး၊ သူတို့၏နတ်ဝိညာဉ်များကို ကောင်းကင်တာအိုသားရဲကြီးထံသို့ စုစည်းလိုက်ကာ၊အထူထပ်ဆုံးသော အသက်သွေးကြောကိုးခုကို ဂရုတစိုက်အာရုံခံလိုက်ကြ၏။
အကယ်၍ ဒုတိယအဆင့်ရှိ အခြားသူများမှာ သက်တမ်းတိုသော ပိုးကောင်များဖြစ်သည်ဆိုလျှင်၊ ဂိုဏ်းချုပ်သုံးပါးကို ကောင်းကင်တာအို၏မျက်လုံးများအဖြစ် သတ်မှတ်နိုင်ပြီး၊ အတိတ်၊ပစ္စုပ္ပန်နှင့် အနာဂတ်ဗုဒ္ဓတို့မှာတော့ ၎င်း၏နားများ ဖြစ်လာကြပြီး၊ ကောင်းကင်တာအို၏အမြင်နှင့် အကြားအာရုံတို့ကို စုပေါင်း၍ လှည့်စားထားကြခြင်း ဖြစ်သည်။
ဤဘိုးဘေးနတ်ဘုရားကိုးပါးကတော့ ဤသားရဲကြီး၏ခန္ဓာကိုယ်ကို ထောက်ပံ့ပေးထားသော အရိုးများဖြစ်ကြ၏။
မျက်လုံးများနှင့်နားများ လှုပ်ရှားရာသို့ ခန္ဓာကိုယ်ကလိုက်ပါရမည်ဖြစ်ပြီး၊ ၎င်းကိုဆန့်ကျင်ခြင်းက ကောင်းကင်အစီအစဉ်ကို ပြောင်းပြန်လှန်ပစ်ခြင်းပင်။
"ဒါဆိုရင်လည်း လုပ်လိုက်တော့"
လွဲပြောင်းမှုက အချိန်အနည်းငယ်ယူရပါသည်။ ပစ္စုပ္ပန်ဗုဒ္ဓ၏အမူအရာက အနည်းငယ် ပို၍ လေးနက်သွားခဲ့၏။
သူဖိနှိပ်ရန်တာဝန်ယူထားသော အသက်သွေးကြောလေးခုထံမှ သူ၏နတ်ဝိညာဉ်ကို ဂရုတစိုက် ရုပ်သိမ်းလိုက်ပြီး၊ ဂိုဏ်းချုပ်သုံးပါးလွှဲပြောင်းရယူနိုင်ရန် ပြင်ဆင်ပေးလိုက်သည်။
"..."
အနာဂတ်ဗုဒ္ဓက ဤအရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။
တစ်ဖက်လူက ဤခေတ်၏လွတ်မြောက်ခြင်းကို ရရှိထားသူဖြစ်ပြီး၊ သူကဲ့သို့သော ဂိုဏ်းချုပ်ပင် မမီနိုင်သောစွမ်းအားကိုကိုင်စွဲထားသည်။
လက်ရှိအချိန်မှာ ပစ္စုပ္ပန် ဗုဒ္ဓ၏အမူအရာ ပိုမို လေးနက်လေလေ၊ သူ၏လုပ်ရပ်များအားပိုမိုသတိထားလေလေဖြစ်ရာ၊ ၎င်းက ပြဿနာအားလုံးကိုတစ်ကြိမ်တည်းဖြင့်ဖြေရှင်းရန် သူ၏ပြတ်သားသော ဆုံးဖြတ်ချက်ကိုပြသနေသည်။
ရှန်းယီက ဤအရာကိုသိရှိသွားသောအခါ၊ ဝမ်းသာမှု သို့မဟုတ် ထိတ်လန့်မှုတစ်ခုခုကို ခံစားရပေလိမ့်မည်။
ပထမအဆင့် ဧကရာဇ်တစ်ပါးအနေဖြင့်၊ လွတ်မြောက်ခြင်းသို့ ရောက်ရှိနေသော ဗုဒ္ဓတစ်ပါးထံမှ ဤကဲ့သို့သောအာရုံစိုက်မှုကို ရရှိခြင်းက တစ်ဖက်လူအတွက် အသက်ရှင်ရန် အခွင့်အလမ်းမှာ အနည်းဆုံးအထိကျဆင်းသွားပြီဖြစ်ကြောင်းကိုဆိုလိုပါသည်။
"အပြင်မှာ ကျန်နေသေးတဲ့ တစ်ယောက်နဲ့ ပတ်သက်ပြီးတော့..."
ပစ္စုပ္ပန်ဗုဒ္ဓက မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်၏။ သူမထွက်ခွာမီ ယခုလောကတွင် ရှိနေသေးသော ဘိုးဘေးနတ်ဘုရားကို အိပ်စက်ခြင်းသို့ ပြန်လည် မပို့ဆောင်နိုင်လျှင်ပင်။ အခြားဘိုးဘေး နတ်ဘုရားများပြန်လည်နိုးထလာခြင်း နှင့် ဤလွဲပြောင်းမှုကို အနှောင့်အယှက်မပေးခံရစေရန် အနည်းဆုံးတော့ ထိန်းချုပ်ထားရပါလိမ့်မည်။
"သူက ငါ့ကိုအမြဲတမ်းရှာနေခဲ့တာ မဟုတ်ဘူးလား။ ငါ့ဆီသာ ထားခဲ့လိုက်ပါ။"
အနာဂတ် ဗုဒ္ဓပ အေးအေးလူလူမတ်တပ်ရပ်လိုက်ပြီး၊ သူ၏မျက်နှာပေါ်တွင် အေးစက်သောအပြုံးတစ်ခု ရှိနေခဲ့သည်။
ရှန်းယီနှင့် နှိုင်းယှဉ်ပါက၊ ဘိုးဘေးနတ်ဘုရားက ပိုမိုကြီးမားသောပြဿနာတစ်ခုဖြစ်ကြောင်းကို မည်သူ့ထက်မဆို သူပိုသိထားသည်။
တနည်းအားဖြင့် ဆိုရလျှင်၊ ထိုကိုးပါးကို ကောင်းမွန်စွာဖြေရှင်းမထားနိုင်ပါက၊ ပစ္စုပ္ပန်ဗုဒ္ဓက နတ်ဘုရားမင်းဆက်ဆီသို့ စိတ်အေးလက်အေး ဆက်လက် သွားရောက်ရန် ဝံ့ရဲမည်မဟုတ်ပေ။
၎င်းက ထိုသူအတွက် သူနောက်ချေးငှားပေးနိုင်မည့် နောက်ဆုံးအချိန်လေးဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
သို့သော် ဤအချိန်တိုလေးက မည်ကဲ့သို့အသုံးဝင်လာမည်ကို မည်သူမျှမသိနိုင်ပေ။
"..."
သို့သော် ပစ္စုပ္ပန်ဗုဒ္ဓသာမက ဤနေရာတွင်ရှိနေသော အခြားဂိုဏ်းချုပ်များပင်လျှင် သူ့ကို အနည်းငယ်ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ကြပြီး၊ သူ့စကားကို လုံးဝမကြားခဲ့သည့်အလား မည်သို့မျှတုံ့ပြန်ခြင်းမရှိခဲ့ကြပေ။
လူတိုင်းက ၎င်းတို့အချင်းချင်း၏အတွေးများကို သိရှိနေကြ၏။
မည်သူကမျှ ၎င်းကိုထုတ်ဖော်မပြောဆိုရခြင်း အကြောင်းရင်းမှာ ဤအနာဂတ်ဗုဒ္ဓအတွက် မျက်နှာမပျက်စေချင်၍ဖြစ်သည်။
ဂိုဏ်းချုပ်များစွာ၏နှလုံးသားထဲတွင်၊ ဤသူနှင့် ဟိုထူဧကရီတို့က အခြေခံအားဖြင့် အတူတူပင်ဖြစ်ပြီး၊ နှစ်ဦးစလုံးမှာ မှားယွင်းသောဘက်တွင် ရပ်တည်နေသည့် ဧကရီ နှင့် ဗုဒ္ဓများဖြစ်ကြသည်။
သာမန်အချိန်များတွင်မူ တစ်ဖက်လူ၏ဖျော်ဖြေမှုနောက် အသေးအဖွဲပြဿနာများနှင့် လျှို့ဝှက်သောလုပ်ရပ်များကို လျစ်လျူရှုထားနိုင်သော်လည်း၊ အရေးကြီးသော ကိစ္စရပ်များကိုမူ သူ့ထံသို့ လုံးဝအပ်နှံထား၍မရနိုင်ပေ။
"အဟမ်း"
အနာဂတ်ဗုဒ္ဓက ကြာပန်းပလ္လင်ပေါ်တွင် အနည်းငယ်အနေရခက်စွာရပ်နေပြီး၊ ထပ်မံရှင်းပြရန်ပြင်လိုက်သော်လည်း၊ ပစ္စုပ္ပန်ဗုဒ္ဓ၏ဖြတ်ပြောခြင်းကို ခံလိုက်ရ၏။
"ဒါဆိုရင် ဒီကိစ္စကို အတိတ်ဗုဒ္ဓဆီအပ်နှံလိုက်ပါမယ်။ ကျန်နေသေးတဲ့ အစစ်အမှန်ဗုဒ္ဓတွေနဲ့အတူ အလျင်အမြန်ဆောင်ရွက်လိုက်ပါ။"