← Chapters

အခန်း ၁၄၁၆

Vol. 142 Ch. 1416

အခန်း ၁၄၁၆

Vol. 142 Ch. 1416

အခန်း (၁၄၁၆) အနာဂတ် ဗုဒ္ဓ

"ဒီဘုန်းကြီးအို အခုထွက်ခွာလိုက်ပါမယ်။"

ခြောက်သွေ့နေသော သစ်ကိုင်းတစ်ချောင်းအလား ပိန်ချုံးနေသည့် ထိုဘုန်းကြီးက ခေါင်းကိုညင်သာစွာ ညိတ်လိုက်ပြီး၊ ကြာပန်းပလ္လင်ပေါ်မှနေ၍ ကျယ်ပြောလှသော တိမ်ပင်လယ်ထဲမှ အေးအေးလူလူ ထွက်ခွာသွားခဲ့သည်။

"မင်းနဲ့ ပတ်သက်ပြီးတော့" ပစ္စုပ္ပန်ဗုဒ္ဓက အနာဂတ် ဗုဒ္ဓဆီသို့လှမ်းကြည့်ရင်း ခံစားချက်ကင်းမဲ့စွာပြောလိုက်သည်။

"ငါ အရင်ကပြောခဲ့သလိုပဲ။ မင်းက အလုပ်ရှုပ်တယ်ဆိုမှတော့။ ဘိုးဘေး နတ်ဘုရားနဲ့ ပတ်သက်တဲ့ကိစ္စတွေကို စိတ်ပူစရာမလိုပါဘူး။ လုပ်စရာ ဘာမှမရှိရင်တော့ မြောက်ဘက်အစွန်းဧကရာဇ်ဆီ သွားပြီး အခြေအနေတွေကိုစောင့်ကြည့်နေလိုက်ပါ။ ဒါဆိုရင် ဟိုထူဧကရီက ထပ်ပြီးပြဿနာရှာလာရင် တားဆီးနိုင်လိမ့်မယ်။"

"ဒါက..."

အနာဂတ်ဗုဒ္ဓက သူ၏နှလုံးသားထဲတွင် တိတ်တဆိတ် လှောင်ပြောင်လိုက်၏။ တစ်ဖက်လူက ဟိုထူပြဿနာရှာမည်ကို ကြောက်ရွံ့နေခြင်း မဟုတ်ဘဲ သူက ကွယ်ရာတွင်တိတ်တဆိတ် ရှုပ်ထွေးအောင်လုပ်မည်ကို စိုးရိမ်နေသဖြင့် သူ့ကို မောင်းထုတ်ရန်ဆင်ခြေရှာနေခြင်းသာ ဖြစ်ကြောင်း ထင်ရှားလှသည်။

ထားလိုက်ပါ ထိုလူငယ်အနေနှင့် သူ့ဘာသာသူသာ ရပ်တည်ရတော့မည်။

ဂိုဏ်းချုပ်များက သူတို့၏ရည်ရွယ်ချက်များကို သူတို့၏မျက်နှာပေါ်တွင် အထင်းသားဖော်ပြနေကြ၏။ အကယ်၍ အနာဂတ်ဗုဒ္ဓက ဤကိစ္စကိုဆက်လက်အငြင်းပွားနေပါက၊ ၎င်းမှာ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချရာကျပါလိမ့်မည်။

သူက အနေရခက်စွာဖြင့်နှစ်ကြိမ်ခန့် ရယ်မောလိုက်ပြီး သူ့တပည့်ဖြစ်သူ၏ခေါင်းကို ခေါက်လိုက်သည်။

"မင်းက ဘာလို့ဒီမှာရပ်နေသေးတာလဲ။ သူတို့ ငါတို့ကိုမောင်းထုတ်နေတာ မမြင်ဘူးလား။ မြန်မြန် သွားကြစို့ ပြီးတော့အေးအေးဆေးဆေးနေရမယ့်နေရာ သွားရှာကြမယ်။"

ဘုန်းကြီးလေး ကျစ်ခုန်းက အနာဂတ်ဗုဒ္ဓ၏နောက်သို့လိုက်ကာ တိမ်ပင်လယ်ထဲမှ တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။

ဤမြင့်မြတ်သောဖြစ်တည်မှုများက သူ၏ထူးဆန်းမှုများကို ရိပ်မိသွားမည်ကိုစိုးရိမ်သဖြင့် မည်သည့် စိုးရိမ်ပူပန်မှုအရိပ်အယောင်ကိုမျှ သူမပြသဝံ့ခဲ့ပေ။

မြောက်ပိုင်းတိုက်ကြီးမှ ထွက်ခွာလာပြီးနောက်မှသာ ကျစ်ခုန်းက သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး စိတ်လှုပ်ရှားမှုများဖြင့်လွှမ်းမိုးသွားခဲ့သည်။

အနာဂတ်ဗုဒ္ဓနှင့်အတူ နေထိုင်ရသောအချိန်ကာလအတွင်း သူက စိတ်ကူးဖြင့်ပင်မတွေးဝံ့လောက်သောဖြစ်ရပ်များစွာကို မျက်မြင်တွေ့ရှိခဲ့ရ၏။ ဧကရာဇ်များပင် မဆန့်ကျင်နိုင်သောဖြစ်တည်မှုဖြစ်သည့် လွတ်မြောက်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို သူ နားလည်လာခဲ့သည်။

ထိုနေ့ကကဲ့သို့ပင် ဟိုထူဧကရီမည်သို့ ဖိနှိပ်ခံခဲ့ရသည်ကို သူကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့ရပြီး၊ ထို လေးစားဖွယ်ကောင်းသော ဧကရီကလှိုင်းဂယက်လေးအနည်းငယ်ကိုပင် မဖန်တီးနိုင်ခဲ့ပေ။

ကျစ်ခုန်းက သူ၏အသက်ကို စတေးရမည်ဆိုလျှင်ပင်။ လက်ရှိအချိန်မှာ သတင်းကိုပေးပို့ရန် အလွန်အမင်းဆန္ဒရှိနေခဲ့၏။

သို့သော် အရှေ့ရှိထိုပုံရိပ်ကို လှမ်းကြည့်လိုက်ရင်း သူ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှု အရိပ်အယောင်တစ်ခုဖြတ်သန်းသွားခဲ့သည်။

ဤဆရာသခင်က အခြားသော ဗုဒ္ဓများနှင့် တစ်စိတ်တစ်ဝမ်းတည်းမရှိကြောင်းကို ကျစ်ခုန်း မြင်တွေ့နိုင်သော်လည်း သူနှင့် ဟိုထူဧကရီတို့ကြားရှိ ကွာခြားချက်များကိုလည်း သူ မြင်တွေ့ခဲ့ရ၏။

အခြားမည်သည့်အရာအတွက်မျှ မဟုတ်ဘဲ အနာဂတ်အလားအလာများအတွက်ဖြင့် သူက အရာအားလုံးကိုမစွန့်လွှတ်နိုင်ခဲ့ပေ။

ဘေးမှနေ၍ မှတ်ချက်ပေးရုံသာဆိုလျှင် အဆင်ပြေသော်လည်း၊ အနာဂတ်ဗုဒ္ဓအား လွန်ကဲသော လုပ်ရပ်တစ်ခုခုကို အမှန်တကယ် လုပ်ဆောင်စေရန်မှာ မျှော်လင့်ချက်မရှိသလောက်ပင်။

ထိုအခိုက်အတန့်တွင် အနာဂတ်ဗုဒ္ဓက ပျင်းရိပျင်းတွဲစွာသမ်းဝေလိုက်သည်။

"ငါ အရမ်း ပင်ပန်းနေပြီ။ အနားယူဖို့ နေရာတစ်ခု ရှာရဦးမယ်။ မင်းဟိုဘက်ကိုသွားပြီး စောင့်ကြည့်နေလိုက်။ ပြီးတော့အခြေအနေတစ်ခုခုဖြစ်လာရင်ပေါ့..."

ဘုန်းကြီးအိုက နောက်သို့လှည့်ကြည့်လိုက်ပြီး ကျစ်ခုန်းအား နက်ရှိုင်းသောအကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ "အဲဒီကျရင် မင်းငါ့ကိုသတင်းလာပေးလို့ ရတယ်။"

ဤစကားများ ဆုံးသွားသည်နှင့်တပြိုင်နက်။

ကျစ်ခုန်း၏အမြင်အာရုံများ မှုန်ဝါးသွားပြီး၊ ကောင်းကင်ကြီးချာချာလည်ကာ မြေကြီးများ ရွေ့လျားသွားသကဲ့သို့ သူခံစားလိုက်ရသည်။

သူသတိပြန်လည်လာသောအခါ မသေမျိုးများစွာ စုဝေးနေသည့်နေရာနှင့် မျက်နှာချင်းဆိုင်လျက် တောင်ထွတ်တစ်ခုပေါ်တွင် သူရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

"..."

ဘုန်းကြီးကျစ်ခုန်းက အချိန်အတော်ကြာ မှင်သက်စွာ ရပ်နေခဲ့ပြီး၊အထက်သို့ မယုံကြည်နိုင်စွာဖြင့် မော့ကြည့်နေခဲ့သည်။

ဤကဲ့သို့ ဖြစ်လာစေသောအပြောင်းအလဲမှာ ဟိုထူဧကရီဂဏာမငြိမ်ဖြစ်လာပြီး၊ ချုပ်နှောင်မှုကို အတင်းအကျပ်ချိုးဖျက်ကာ ထွက်ပေါ်လာမည့် အခြေအနေကိုဆိုလိုခြင်းဖြစ်သည်။

သို့သော် အရာရှိ ရှန်းအတွက် အကျိုးရှိစေမည့် ကိစ္စရပ်တစ်ခုဖြစ်လာမည်ဆိုလျှင်ပင် သူက အနာဂတ်ဗုဒ္ဓကို သတင်းသွားပေးနိုင်မည် မဟုတ်ပေ။

ကျစ်ခုန်းက လူမိုက်တစ်ယောက် မဟုတ်ပေ။ ယခုအချိန်အထိအရာအားလုံးကို ဖုံးကွယ်ထားခဲ့လျှင်ပင် အနာဂတ်ဗုဒ္ဓက ဂိုဏ်းချုပ်တစ်ပါးဖြစ်ပြီး သိမ်မွေ့သောအပြောင်းအလဲများကို လုံးဝမသိရှိဘဲ နေမည်မဟုတ်ပေ။

ယခုအခါ ဤကိစ္စကို သူ့ထံအပ်နှံလိုက်ပြီး သူ့ကို လွတ်လပ်စွာလှုပ်ရှားခွင့် ပေးလိုက်ခြင်းမှာ၊ ဂိုဏ်းနှစ်ခုစလုံး၏အကြံအစည်များကို ပေါက်ကြားစေရန် အခွင့်အရေးဖန်တီးပေးခြင်းဖြစ်ရာ၊ သူဘက်ကလည်း တိတ်တဆိတ်သဘောတူညီမှုပေးခြင်း တစ်မျိုးပင်။

ကောင်းကင်ယံတွင်ရှိနေသော ဘုန်းကြီးအိုက အောက်ဘက်မှအကြည့်ကို အာရုံခံမိသောအခါ သိမ်မွေ့သောအပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့သော် ယခင်က သူတမင်တကာပြသခဲ့သော အေးစက်မှုနှင့် နှိုင်းယှဉ်ပါက၊ ယခုအခါသူကအလွန်တည်ငြိမ်စွာပြုံးနေခဲ့ပြီး သူ၏မျက်လုံးများ၏နက်ရှိုင်းသောနေရာများတွင် ဖုံးကွယ်ထားသောကြမ်းကြုတ်မှုအရိပ်အယောင် အနည်းငယ်သာ ရှိနေခဲ့သည်။

ရိုးရိုးသားသားပြောရလျှင်၊ အကယ်၍ ကပ်ဘေးကြီးတစ်ခုလုံးက မည်သည့်လှိုင်းဂယက်မျှမရှိဘဲအောင်မြင်သွားပါက မကျေနပ်လျှင်ပင် အနာဂတ် ဗုဒ္ဓက ကြီးမားသောအခြေအနေကြီးနှင့်အညီ လိုက်လျောညီထွေစွာနေရမည်သာဖြစ်သည်။

ထို့ကြောင့် တစ်ချိန်ကသူလုပ်ဆောင်ခဲ့ဖူးသော အကြမ်းတမ်းဆုံးလုပ်ရပ်မှာ အစစ်အမှန်နတ်ဘုရားကို ဆန့်ကျင်လှုပ်ရှားရန်ဘုန်းကြီးများအား သွယ်ဝိုက်သောနည်းလမ်းဖြင့် အရိပ်အမြွက်ပေးခဲ့ခြင်းသာဖြစ်ပြီး ၎င်းမှာထိုနေရာတွင်ပင် အဆုံးသတ်သွားခဲ့၏။

တစ်စုံတစ်ဦးက သူ့ကိုမျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုပြသလာသောအခါတွင် ပြဿနာများ စတင်လာခဲ့ခြင်းဖြစ်သည်။

ရှည်လျားသောညဉ့်ယံမှ အလင်းရောင်တစ်ခုအလား ၎င်းမှာအလွန်ပင်စူးရှတောက်ပနေခဲ့သည်။

ထို့နောက် အခြားသူများက ဤအလင်းတန်းလေးကို သူ၏မျက်စိရှေ့တွင်ပင် ငြိမ်းသတ်ပစ်လိုခဲ့ကြ၏။

သူ၏နှလုံးသားထဲတွင် ထိုလောဘအရိပ်အယောင်လေးထွက်ပေါ်လာပြီးသည်နှင့် ၎င်းကိုထပ်မံဖိနှိပ်ရန် အလွန်ပင်ခက်ခဲသွားခဲ့သည်။

တစ်သက်လုံး အမည်ခံဂိုဏ်းချုပ်တစ်ပါးအဖြစ် ဆက်နေမည်လော သို့မဟုတ် စွန့်စားကာ အစစ်အမှန်ဗုဒ္ဓတစ်ပါး ဖြစ်လာမည်လော။ သူချက်ချင်းဆုံးဖြတ်ချက်တစ်ခုချလိုခဲ့သော်လည်း၊ သူ့ကိုနောက်တစ်ကြိမ်တွန်းအားပေးမည့် အခြားသူများလိုအပ်နေဆဲဖြစ်သည်။

ယခုအခါတွင်မူ ၎င်းမှာလုံလောက်မှုနှင့် အလှမ်းဝေးနေသေးပုံရပေ၏။

သို့သော် သူက ထိုအလင်းတန်းလေးကို ဤနေရာတွင်ငြိမ်းသတ်သွားစေသည့်ခွင့်ပြုပေးလိုစိတ် မရှိသေးပေ။

"ဒီဘုန်းကြီးက မသေမျိုးတွေကိုဂါရဝပြုပါတယ်။"

ဘုန်းကြီး ကျစ်ခုန်းက ဘုန်းကြီးအိုထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက်၊ နောက်ဆုံးတွင် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ကာ၊အရှေ့ရှိ လူအုပ်ကို ဦးညွှတ်လိုက်၏။

ရွှေပုစဉ်းရင်ကွဲလမ်းကြောင်းကို ရယူပြီးနောက် ဧရာမပုဂ္ဂိုလ်ကြီးနှင့်အတူ နေထိုင်ကာ၊ ထိုပုဂ္ဂိုလ်ကြီး၏ကူညီမှုဖြင့် ၎င်းကိုသန့်စင်ပြီးနောက်တွင်။

သူ၏ကျင့်ကြံခြင်းက နေ့စဉ်နှင့်အမျှ မိုးမြေကို တုန်လှုပ်စေသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် အလွန်နိမ့်ကျသောအစပြုရာ နေရာကြောင့်၊ ဤရွှေမသေမျိုးများနှင့် နှိုင်းယှဉ်ပါက သူကသတိမပြုမိနိုင်သော အရေးမပါသည့် ကျင့်ကြံသူလေးတစ်ဦးမျှသာ ဖြစ်နေဆဲပင်။

မသေမျိုးများက ခေတ္တကြာတုံ့ဆိုင်းသွားကြသော်လည်း မောက်မာစွာမပြုမူဝံ့ကြပေ။

အစစ်အမှန်အရှင် ရွှမ်ဝေ့၏ဦးဆောင်မှုဖြင့် သူတို့အားလုံးက ရိုသေစွာပြန်လည်တုံ့ပြန်ရန် မတ်တပ်ရပ်လိုက်ကြသည်။

"ဂါရဝပြုပါတယ်။ မိတ်တွေ ရွှေပုစဉ်းရင်ကွဲ။"

"မိတ်ဆွေ ရွှေပုစဉ်းရင်ကွဲ။ ခင်ဗျား အရမ်း ယဉ်ကျေးလွန်းနေပါပြီ။"

ဂိုဏ်းချုပ်နှစ်ပါးစလုံး ပြန်လည်သင့်မြတ်သွားကြပြီဖြစ်ရာ၊ သူတို့၏ဂိုဏ်းများကလည်း ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သည်။

ဤဘုန်းကြီးလေးက သာမန်လူ တစ်ယောက် မဟုတ်ပေ။

အနာဂတ်ဗုဒ္ဓက ယခင်က တပည့်များကိုလက်ခံပြီး လမ်းကြောင်းများပေးအပ်ခဲ့ဖူးသော်လည်း၊ သူ၏ကိုယ်ပိုင်သားသမီးတစ်ဦးအလား သဘောထားကာတစ်စုံတစ်ယောက်ကို သူ၏ဘေးတွင် အချိန်တိုင်းထားရှိခဲ့ခြင်းမျိုးဘယ်သောအခါမှ မရှိခဲ့ဖူးပေ။

နှိုင်းယှဉ်ကြည့်လျှင် ကျဆုံးသွားသော ထိုရွှေဖားပြုတ်ဘုန်းကြီးကို တပည့်တစ်ဦးဟုပင် ခေါ်ဆို၍ မရနိုင်ပေ။

အနာဂတ် ဗုဒ္ဓ၏ကြာပန်းပေါ်တွင် ဤသူအတွက် နေရာတစ်ခုသေချာပေါက်ရှိနေသည်ဟု ဆိုနိုင်ပါသည်။

ဤကဲ့သို့ကြီးမားသော အခွင့်အရေးများက လူအများအပြားကိုမနာလိုဖြစ်သွားစေခဲ့သည်။

ဝမ်းနည်းစရာမှာ၊ ဘုန်းကြီး ကျစ်ခုန်းက သူ၏ကံကောင်းမှုများ ကောင်းကင်အထိထိုးတက်သွားသည်ကို လုံးဝသတိမထားမိပုံရသည်။

ထိုကဲ့သို့သော ကိစ္စရပ်များကို သူလုံးဝဂရုမစိုက်ခဲ့ပေ။ သူက သူ၏အတွေးများကို စုစည်းလိုက်ပြီး၊ သူလာရောက်ရသည့် ရည်ရွယ်ချက်ကိုရိုးရှင်းစွာ ရှင်းပြလိုက်သည်။

"ဂိုဏ်းချုပ်တွေက ဂရုစိုက်ကြသေးတာပဲ။"

ရွှေပုစဉ်းရင်ကွဲ အဘယ်ကြောင့်ရောက်လာရသနည်းဆိုသည်ကို သိရှိသွားသောအခါ မြောက်ဘက်အစွန်းဧကရာဇ်က ခေါင်းကိုအနည်းငယ်ညိတ်လိုက်ပြီး၊ ချောက်နက်ကြီးအောက်ရှိ နေအိမ်ဆီသို့ သူ၏ အာရုံကို ပြန်လည်စုစည်းလိုက်သည်။

All Chapters