← Chapters

အခန်း ၄၁၇

Vol. 41 Ch. 417

အခန်း ၄၁၇

Vol. 41 Ch. 417

အခန်း (၄၁၇) - ဝိညာဉ် ထိုးဖောက်ခြင်း

"မင်းရဲ့ ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာ ကျင့်ကြံမှု ဘယ်လိုနေလဲ"

ဖုန်းရှိုးဖူက ချန်ဖေး၏ ဘေးတွင် ရပ်ရင်း ရုတ်တရက် တိုးတိုးလေး မေးလိုက်သည်။

"အများစုကတော့ ပြီးပြည့်စုံနေပါပြီ"

ချန်ဖေးက ဖုန်းရှိုးဖူသည် အဘယ်ကြောင့် ဤအကြောင်းကို ရုတ်တရက် မေးလာသနည်းဟု မသိရှိသဖြင့် သူ့ဆရာကို အနည်းငယ် သိချင်စိတ်ဖြင့် ကြည့်လိုက်၏။

"ငါ့မှာ မေးခွန်းတစ်ခု ရှိတယ်... မင်းကို စမ်းသပ်ကြည့်ချင်လို့"

ဖုန်းရှိုးဖူက ချောင်းကို ဖွဖွလေး ဟန့်လိုက်သည်။

မကြာသေးမီက ချန်ဖေး ပေးထားသော ကျင့်ကြံဖျာကို အသုံးပြုပြီးနောက် ဖုန်းရှိုးဖူ၏ ကျင့်စဉ်အပေါ် နားလည်သဘောပေါက်မှုက အလျင်အမြန် ပြောင်းလဲလာခဲ့၏။ ချန်ဖေး ဤနယ်ပယ်သို့ စတင် ဝင်ရောက်လာချိန်က ဖုန်းရှိုးဖူ သွတ်သွင်းပေးခဲ့သော ခံယူချက်များကဲ့သို့ပင် ဖြစ်သည်။

'ပြင်းထန်တဲ့ တိုက်ခိုက်မှုက ကျွမ်းကျင်မှု မဟုတ်ဘူး... မြန်မြန်ပြေးပြီး အသက်ရှည်ရှည် နေနိုင်တာကမှ အစစ်အမှန် ကျွမ်းကျင်မှုပဲ...'

ထို့ကြောင့် ဖုန်းရှိုးဖူ၏ သီးသန့် အမွေအနှစ်မှာ ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာ ဖြစ်ပြီး ဦးစွာ မြှင့်တင်ရန် ရည်ရွယ်ထား၏။ မကြာသေးမီ ရက်များအတွင်း ဖုန်းရှိုးဖူမှာ ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာမှ ပြဿနာ အချို့ကြောင့် အကြပ်ရိုက်နေခဲ့သည်။ ဖုန်းရှိုးဖူက မူလက ရက်အနည်းငယ် ထပ်မံ စဉ်းစားရန် ရည်ရွယ်ထားသော်လည်း ယခုအခါ ချန်ဖေးက သူ့ဘေးတွင် ရှိနေ၏။

ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် သိုင်းပညာရှင် ဖြစ်သော ချန်ဖေး၏ လက်ရှိ ကျင့်ကြံမှုကို တွေးမိတိုင်း ဖုန်းရှိုးဖူမှာ ထူးဆန်းသော သူစိမ်းဆန်မှုကို မခံစားဘဲ မနေနိုင်ချေ။ ယင်းက မနာလိုဝန်တိုမှုကြောင့် မဟုတ်ပေ။ ဖုန်းရှိုးဖူက ထိုသို့သော ခံစားချက်မျိုးကို မည်သည့်အခါမျှ ခံစားရမည် မဟုတ်ချေ။ တပည့်က မိမိထက် ပို၍ စွမ်းအားကြီးမားနေခြင်းအပေါ် ဖုန်းရှိုးဖူ၏ တစ်ခုတည်းသော ခံစားချက်မှာ ဝမ်းသာပီတိဖြစ်မှုပင် ဖြစ်၏။

ဖုန်းရှိုးဖူက ချန်ဖေး ပြသခဲ့သော ပါရမီအရ ချန်ဖေးသည် သူ့ထက် သာလွန်သွားမည်မှာ အချိန်ကာလ တစ်ခုသာ ဖြစ်ကြောင်း သိရှိထားခဲ့သည်။ ဖုန်းရှိုးဖူ မျှော်လင့်မထားခဲ့မိသော တစ်ခုတည်းသော အရာမှာ ဤနေ့ရက်က မည်သူ့ကိုမျှ ကြိုတင် ပြင်ဆင်ချိန် မပေးဘဲ မြန်ဆန်စွာ ရောက်ရှိလာခြင်းပင် ဖြစ်၏။ ကြိုတင် ပြင်ဆင်မထားခဲ့မိခြင်းကြောင့်ပင် ဤသတင်းကို ရုတ်တရက် သိလိုက်ရချိန်တွင် ဖုန်းရှိုးဖူမှာ အနည်းငယ် အနေရခက်သွားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် မကြာသေးမီက ဖုန်းရှိုးဖူမှာ တဖြည်းဖြည်း လက်ခံနိုင်လာခဲ့ပြီး အထူးသဖြင့် ချန်ဖေး ပေးထားသော ကျင့်ကြံဖျာကို အသုံးပြုပြီးနောက်တွင် ပို၍ လက်ခံလာနိုင်ခဲ့၏။ ဖုန်းရှိုးဖူက သူ့ထက် သာလွန်သော တပည့်တစ်ဦး ရှိနေခြင်းမှာ တကယ်ကို ကောင်းမွန်သည်ဟု ခံစားခဲ့ရသည်။

ထို့ကြောင့် ယနေ့တွင် ချန်ဖေးက သူ့ဘေး၌ အားလပ်နေသဖြင့် ဖုန်းရှိုးဖူက သူ၏ ကျင့်ကြံခြင်းဆိုင်ရာ မေးခွန်းများကို တည့်တိုးပင် မေးလိုက်ခြင်း ဖြစ်၏။ သဘာဝကျစွာပင် အပြင်ပန်းတွင် ဖုန်းရှိုးဖူက ချန်ဖေးသည် ကျင့်ကြံမှု မြန်ဆန်လွန်းသဖြင့် သိုင်းပညာအပေါ် ပျင်းရိသွားခြင်း ရှိမရှိ သိရှိရန် ရည်ရွယ်ချက်ရှိရှိ စမ်းသပ်နေခြင်း ဖြစ်သည်။

"အို... ဆရာ... ပြောပါ"

ချန်ဖေးက တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် အလျင်အမြန် နားလည်သွားကာ အနည်းငယ် ရယ်ချင်စိတ်နှင့် စိတ်ပျက်ချင်စိတ်များ ဖြစ်ပေါ်လာသော်လည်း မပြရဲခဲ့ချေ။ ဤမျက်နှာပန်းလေးကို သူ၏ ဆရာအတွက် ဖယ်ချန်ထားဆဲပင် ဖြစ်၏။ နှစ်ယောက်သား မေးခွန်းများနှင့် အဖြေများကို အပြန်အလှန် ဖလှယ်ကြပြီး မကြာမီမှာပင် အားလုံးက ပန်းဖျင် တောင်ထိပ်သို့ စုရုံးရောက်ရှိလာကြသည်။

ဤအခိုက်အတန့်တွင် တစ္ဆေ မြို့က တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို အာရုံခံမိနေပြီ ဖြစ်၏။ ခမ်းနားထည်ဝါလှသော စွမ်းအင် အရှိန်အဝါများက အဆက်မပြတ် တုန်ခါနေသော်လည်း ဤအရှိန်အဝါများ မပြန့်နှံ့မီမှာပင် တုံးကျုံးချိုးနှင့် ယွီရှို့ချန်တို့ နှစ်ဦးက ပူးပေါင်း၍ ပိတ်ဆို့လိုက်ကြသည်။

တစ္ဆေ မြို့မှာ အလွန် အစွမ်းထက်လှ၏။ ယွီရှို့ချန်က အဆုံးမဲ့ ပင်လယ်မှ လာရောက်စဉ်က ယွီ မိသားစုဝင်များ ဖြတ်သန်းမသွားမီ တစ်စုံတစ်ယောက်ကို တစ္ဆေ မြို့သို့ ဦးစွာ စေလွှတ်၍ လမ်းကြောင်း ရှာဖွေစေခဲ့ရသည်။

သို့သော်လည်း ယခုအခါ ဒွာရပေါင်းစည်းခြင်း အဆင့် နှစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် တစ္ဆေ မြို့၏ စွမ်းအားမှာ တမုဟုတ်ချင်း ဖိနှိပ်ခံလိုက်ရ၏။ တုံးကျုံးချိုးနှင့် ယွီရှို့ချန်တို့က တစ္ဆေ မြို့ကို ချိုးဖျက်ရန် အစီအစဉ် မရှိကြချေ။ တစ္ဆေ မြို့က အလွန် ကြီးမားကျယ်ဝန်းလှပြီး ယင်းကို ချိုးဖျက်ခြင်းမှာ အချိန်တိုအတွင်း သူတို့ လုပ်ဆောင်နိုင်မည့် အရာ မဟုတ်ပေ။

တုံးကျုံးချိုးနှင့် ယွီရှို့ချန်တို့တွင် အခြား ရည်ရွယ်ချက်များ မရှိဘဲ တစ္ဆေ မြို့ကို အတင်းအကျပ် လမ်းကြောင်းမှ ဖယ်စေ၍ အဆုံးမဲ့ ပင်လယ်သို့ ချောမွေ့စွာ ရောက်ရှိနိုင်ရန်သာ အလိုရှိကြ၏။

"ဂျိမ်း!"

ဒွာရပေါင်းစည်းခြင်း အဆင့်၏ အစွမ်းထက်လှသော ချီစွမ်းအင်များက တစ္ဆေ မြို့ထဲသို့ အတင်းအကျပ် ဝင်ရောက်သွားပြီး တစ္ဆေ မြို့၏ အေးစက်လှသော ချီစွမ်းအင်များက ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားသည်။

တစ်ခဏအကြာတွင် တုန်ခါနေသော တစ္ဆေ မြို့၏ မြို့ရိုးများက ငြိမ်သက်သွား၏။ မြို့တံခါးများက ချက်ချင်း ပွင့်ဟသွားပြီး တုံးကျုံးချိုးနှင့် ယွီရှို့ချန်တို့ ဖန်တီးထားသော လမ်းကြောင်းတစ်ခုလုံးက ယခု လူတိုင်း၏ ရှေ့တွင် ပေါ်လာသည်။

"ဝင်ကြ!"

တုံးကျုံးချိုး၏ အသံက တစ္ဆေ မြို့ထဲမှ ထွက်ပေါ်လာပြီး ယွီ မိသားစုနှင့် နတ်တိမ်ဓားဂိုဏ်းဝင်များက ဦးစွာ ဝင်ရောက်သွားကာ ယွမ်ချန်ဓားဂိုဏ်း၊ ချန်ရွှေတောင်ကြားဂိုဏ်းနှင့် အခြား ဂိုဏ်းငယ်လေးများမှ လူများက နောက်မှ လိုက်ပါသွားကြ၏။

လူတိုင်းက စနစ်တကျ ရှိနေကြပြီး မကြာမီမှာပင် ပန်းဖျင် တောင်ပေါ်ရှိ လူအားလုံး ပျောက်ကွယ်သွားကြသည်။ ချန်ဖေးက လူအုပ်၏ နောက်ဆုံးတွင် ရပ်နေပြီး မြို့တံခါးကို ကျော်ဖြတ်ဝင်ရောက်လိုက်ရာ ယခင်ကဲ့သို့ပင် တစ္ဆေ မြို့မှ တူညီသော လမ်းမကြီးကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် လမ်းမကြီးပေါ်၌ လူသူကင်းမဲ့နေသော်လည်း ဆိုင်များကတော့ ဖွင့်လှစ်ထား၏။ တစ္ဆေ မြို့နေပြည်သူများက ဆိုင်များပေါ်တွင် ရပ်၍ အတင်းအကျပ် ဝင်ရောက်လာသူ အားလုံးကို အေးစက်စွာ ကြည့်ရှုနေကြသည်။

ချန်ဖေးက ကောင်းကင်သို့ မော့ကြည့်လိုက်ရာ တုံးကျုံးချိုး၏ ပုံရိပ်က လေထဲတွင် ဝဲပျံနေသည်ကို တွေ့လိုက်ရ၏။ သူတို့ နှစ်ဦး ပူးပေါင်း၍ ဖန်တီးထားသော ဤလမ်းကြောင်းက တစ္ဆေ မြို့ တစ်ခုလုံးကို ဖြတ်သန်းသွားသည်။ ဤလမ်းကြောင်း အတွင်း၌သာ လူတိုင်းက လုံခြုံနိုင်မည် ဖြစ်ပြီး ထိုသို့ မဟုတ်ပါက မည်သည့် အချိန်တွင်မဆို တစ္ဆေ မြို့၏ စွမ်းအားများက သူတို့၏ ဉာဏ်ပညာ အားလုံးကို ကန်းကွယ်သွားစေမည် ဖြစ်၏။

ချီတာဖုန်းက ကလေးကို ပွေ့ချီ၍ လန်ယွင်ကျစ်၏ လက်ကို တင်းကျပ်စွာ ကိုင်ထားပြီး ဘေးဘီဝဲယာသို့ လုံးဝ မကြည့်ရဲချေ။ လမ်းကြောင်း၏ အကာအကွယ် ရှိနေသော်လည်း ချီတာဖုန်းက ထိုမြို့သူမြို့သားများ၏ မျက်လုံးများမှ အေးစက်မှုကို အာရုံခံမိနေဆဲပင်။ ယင်းတို့က သက်ရှိလူသား တစ်ဦးတွင် ရှိသင့်သော အကြည့်မျိုး မဟုတ်ပေ။ ကျောပြင်တွင် ဆူးစူးနေသကဲ့သို့၊ ပါးလွှာသော ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားရသဖြင့် ချီတာဖုန်းမှာ အထိတ်တလန့် ဖြစ်နေ၏။

ချီတာဖုန်းက သူ၏ ကိုယ်ပိုင် ကလေးကို မျက်လုံး ဖွင့်ကြည့်ခွင့် မပေးဘဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ ရသွားမည်ကို စိုးရိမ်နေသည်။ သို့မဟုတ် ပို၍ တိတိကျကျ ဆိုရလျှင် ကိုယ့်ကိုယ်ကိုယ် ကောင်းစွာ မကာကွယ်နိုင်ပါက စိတ်ပိုင်းဆိုင်ရာ အမာရွတ်များ ကျန်ရစ်ရန်မှာ မလွဲမသွေပင် ဖြစ်၏။

ချီတာဖုန်း မိသားစု၏ တုန်လှုပ် ကြောက်ရွံ့မှုများနှင့် နှိုင်းယှဉ်ပါက စစ်ယွမ်ဟိုင်နှင့် စစ်ယီနန်တို့မှာ တစ္ဆေ မြို့ အတွင်းရှိ ဤထူးဆန်းသော ဖြစ်ရပ်များအပေါ် အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်နေကြသည်။ သူတို့က တစ္ဆေလမ်းပြ မျိုးဆက် ဖြစ်ပြီး သူတို့၏ စွမ်းအားက အတင်းအကျပ် ထိန်းချုပ်နိုင်သော ထူးဆန်းမှု အဆင့်အပေါ်တွင် ကြီးမားစွာ မူတည်နေ၏။

တစ္ဆေ မြို့ အတွင်းရှိ ထူးဆန်းမှုများနှင့် စွမ်းအားများက အားလုံး အလွန် အစွမ်းထက်လှပြီး စွမ်းအား ဝိသေသလက္ခဏာများက ဆန်းကြယ်လှသည်ကို စစ်ယွမ်ဟိုင်က ရှင်းလင်းစွာ အာရုံခံမိနိုင်သည်။ သို့သော်လည်း ထင်ရှားသည်မှာ ဤထူးဆန်းသော ဖြစ်ရပ်များက လက်ရှိတွင် သူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိခြင်းပင် ဖြစ်၏။

အဖွဲ့က အလျင်အမြန် ရွေ့လျားသွားကြသည်။ တစ္ဆေ မြို့ အတွင်းရှိ ချီစွမ်းအင်များက အေးစက်ပြီး မှိုင်းညို့နေသဖြင့် လူများက ဗီဇအရပင် ယင်းကို ရှောင်ရှားလိုကြ၏။

ချန်ဖေးက လမ်း၏ တစ်ဖက်တစ်ချက်စီကို ကြည့်လိုက်ရာ ရှေ့ရှိ ဆိုင်တစ်ဆိုင်ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားသည်။

ချန်ဖေးက တစ်ခဏမျှ စဉ်းစားလိုက်ပြီး ကိုယ်ပွားက သူ၏ အရိပ်နောက်မှ ထွက်လာသည်။ သူ၏ ကိုယ်ပွားက ဖွင့်လှစ်ထားသော အထူး လမ်းကြောင်းမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် အစွမ်းထက်လှသော အရှိန်အဝါ တစ်ခုက သူ၏ စိတ်နှင့် ဉာဏ်ပညာအပေါ် ဖိနှိပ်လာသည်။ ဤသည်က တစ္ဆေ မြို့၏ ဝိသေသလက္ခဏာ ဖြစ်ပြီး အသိဉာဏ်ကို အတင်းအကျပ် ဖုံးကွယ်သွားစေခြင်းပင် ဖြစ်၏။

သို့သော်လည်း ချန်ဖေး တစ္ဆေ မြို့သို့ ပထမဆုံး အကြိမ် လာရောက်ခဲ့စဉ်ကနှင့် နှိုင်းယှဉ်ပါက သူ၏ စိတ်ဝိညာဉ်နှင့် အသိဉာဏ်တို့က မှတ်မိနိုင်စွမ်း မရှိတော့လောက်အောင် ကြီးထွားလာခဲ့ပြီ ဖြစ်ရာ သူ့ကို လှည့်ဖြားရန် မဖြစ်နိုင်တော့ပေ။

လဝက်ခန့် အချိန်တို အတွင်းမှာပင် ချန်ဖေးက ဒွာရ ၁၀၃ ခုအထိ ဖွင့်လှစ်နိုင်ခဲ့၏။ ယင်းထက် ပို၍ မမြင့်မားနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် အမွေအနှစ် ယွမ်ချန် ဓားကျမ်းစာ ငါးခုကို ပေါင်းစပ်ခဲ့ပြီး ယခုအခါ အမြင့်ဆုံး ဖွင့်လှစ်နိုင်သော ဒွာရ အရေအတွက်မှာ ၁၀၃ ခု ဖြစ်နေသောကြောင့် ဖြစ်သည်။

သတ်ဖြတ်ခြင်းဓားသွား ဓားသိုင်းက အထွတ်အထိပ်သို့ ရောက်ရှိရန်သာ စောင့်ဆိုင်းရမည် ဖြစ်ပြီး ထိုအခါမှ ယွမ်ချန် ဓားကျမ်းစာ အတွင်းသို့ ပေါင်းစပ်လိုက်ပါက ချန်ဖေး၏ ဒွာရ ပါရမီက ဆက်လက် တိုးတက်လာမည် ဖြစ်၏။

ကန့်သတ်ချက်များ ရှိနေသော ဒွာရများနှင့် နှိုင်းယှဉ်ပါက ဝိညာဉ်စွမ်းအားတွင် ထိုသို့သော စိုးရိမ်ပူပန်မှုများ မရှိချေ။ ချန်ဖေးက နှလုံးသားနယ်မြေ အတွင်းရှိ အဆင့် ၂ နှလုံးသားမိစ္ဆာများကို သတ်ဖြတ်ခဲ့ပြီး နှလုံးသားမိစ္ဆာများ၏ မူလစွမ်းအင် အကူအညီကို ရရှိခဲ့ရာ ယခုအခါ သူ၏ ဝိညာဉ်မှာ ဒွာရသန့်စင်ခြင်း အဆင့်၏ စိတ်ပိုင်းဆိုင်ရာ အထွတ်အထိပ် ဖြစ်သော ၁၀၈ နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤဝိညာဉ်စွမ်းအား အဆင့်တွင် ဒွာရပေါင်းစည်းခြင်း အဆင့်သို့ မရောက်ရှိပါက ရှေ့ဆက်ရန် နည်းလမ်း မရှိတော့ချေ။

ချန်ဖေး၏ ကိုယ်ပွားက ခြေလှမ်းများ အနည်းငယ် တန့်သွားသော်လည်း မည်သည့် သက်ရောက်မှုမျှ မရှိဘဲ ရှေ့ဆက်သွား၏။ သူ၏ ပုံရိပ်က လင်းလက်သွားပြီး ဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်ရှိကာ တိုက်ရိုက် ဝင်ရောက်သွားသည်။

ဖုန်းရှိုးဖူက ချန်ဖေး၏ ဘေးတွင် ရှိနေသဖြင့် ချန်ဖေး၏ လုပ်ရပ်များကို ချက်ချင်း သတိပြုမိသွားပြီး ချန်ဖေး မည်သို့ လုပ်ဆောင်မည်ကို မသိရှိသဖြင့် ချန်ဖေးအား အနည်းငယ် သိချင်စိတ်ဖြင့် မကြည့်ဘဲ မနေနိုင်ခဲ့ချေ။

"ဟိုတုန်းက တစ္ဆေ မြို့မှာ ကျွန်တော် မပြီးသေးတဲ့ ကိစ္စတချို့ ရှိနေလို့ပါ"

ချန်ဖေးက တိုးတိုးလေး ရှင်းပြလိုက်သည်။

ဖုန်းရှိုးဖူက ခေါင်းညိတ်လိုက်ပြီး ထပ်မံ မမေးတော့ပေ။ ကိုယ်ပွားတစ်ခုသာ ဖြစ်ပြီး မည်သို့ပင် ဖြစ်စေကာမူ ချန်ဖေးအပေါ် သက်ရောက်မှု ရှိမည် မဟုတ်ပေ။ ဤသည်ကပင် လုံလောက်နေပြီ ဖြစ်၏။

ချန်ဖေး၏ ကိုယ်ပွားက ဆိုင်ထဲသို့ ဝင်ရောက်သွားသည်။ ဆိုင်ရှင်က ချန်ဖေးကို မြင်သောအခါ အံ့အားသင့်သွား၏။ ယခုလို အချိန်မျိုးတွင် လူသားတစ်ဦးက ဆိုင်ထဲသို့ ဝင်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ချန်ဖေးက စင်တစ်ခုဆီသို့ အေးအေးဆေးဆေး လျှောက်သွားပြီး ထျန်းဟွေ့ ကျောက်တုံးများကို စင်ပေါ်မှ လှမ်းယူကာ ဆိုင်ရှင်ရှေ့တွင် ချထားလိုက်သည်။

"ဘယ်လောက်နဲ့ ရောင်းမလဲ"

ချန်ဖေးက ဆိုင်ရှင်ကို ပြုံး၍ မေးလိုက်၏။

"ကြေးပြား သုံးထောင်" ဆိုင်ရှင်က ချန်ဖေးကို ကြည့်ရင်း တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားရသော်လည်း ဤအခိုက်အတန့်တွင် ချန်ဖေးထံ၌ ချီစွမ်းအင် အရိပ်အယောင်မျှ မရှိချေ။ ထူးဆန်းပြီး ဆန်းကြယ်သော သူများက ချီစွမ်းအင်အပေါ် အမြဲတမ်း အခြေခံလေ့ရှိပြီး အသွင်အပြင်မှာ အပေါ်ယံမျှသာ ဖြစ်ကာ အသုံးမဝင်လှပေ။

ဆိုင်ရှင်၏ စကားများကို ကြားသောအခါ ချန်ဖေး၏ မျက်နှာပေါ်တွင် သဲ့သဲ့ ပြုံးရောင်လေး ထွက်ပေါ်လာ၏။

မျှော်လင့်ထားသည့်အတိုင်း ဆိုင်ရှင်က အမြဲတမ်း လှည့်စားမှုများနှင့် ပြည့်နှက်နေသည်။ ချန်ဖေးက ဤဆိုင်သို့ ပထမဆုံး အကြိမ် လာခဲ့စဉ်က ဈေးနှုန်းမှာ ကြေးပြား နှစ်ထောင်သာ ရှိသည်။ ယခုအခါ ဈေးနှုန်းများ မြင့်တက်သွားပြီ ဖြစ်၏။

ချန်ဖေးက အခြား စင်များကို လှမ်းကြည့်လိုက်သည်။ ဆိုင်တစ်ခုလုံးတွင် တစ်ခုတည်းသော အစစ်အမှန် ပစ္စည်းမှာ ချန်ဖေး၏ လက်ထဲရှိ ထျန်းဟွေ့ ကျောက်တုံးပင် ဖြစ်၏။ ကျန်သည့်အရာ အားလုံးက အတုများသာ ဖြစ်သည်။ ယခင်က ချန်ဖေး ယင်းတို့ကို ခွဲခြားနိုင်စွမ်း မရှိခဲ့သော်လည်း ယခု သူ၏ ကျင့်ကြံမှု အဆင့်မြင့်လာသည်နှင့်အမျှ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်လာပြီ ဖြစ်၏။

"ငါ့မှာ ထျန်းဟွေ့ ကျောက်တုံး တစ်တုံး လိုနေလို့.. ဒါကိုပဲ ယူလိုက်မယ်"

ချန်ဖေးက ဆိုင်ရှင်ကို လှည့်ကြည့်၍ တိုးတိုးလေး ရယ်မောလိုက်သည်။ ချန်ဖေးက ဈေးပင် မဆစ်ကြောင်း ကြားသောအခါ ဆိုင်ရှင်၏ ရင်းနှီးဖော်ရွေသော မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများတွင် လောဘရိပ်များ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာ၏။

"ဒါက ပိုက်ဆံပဲ.. သေချာ သိမ်းထားလိုက်"

ချန်ဖေးက သူ၏ လက်ဖဝါးကို ဆန့်တန်းလိုက်ရာ လက်ထဲတွင် တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားသကဲ့သို့ ရှိပြီး ဆိုင်ရှင်ထံ ကမ်းပေးလိုက်သည်။ ဆိုင်ရှင်၏ မျက်လုံးများက ချန်ဖေး၏ လက်ဖဝါးကို ဗီဇအရ ကြည့်လိုက်ပြီးနောက် ချန်ဖေး၏ လက်ဖဝါး တဖြည်းဖြည်း ပွင့်လာသည်ကို မြင်လိုက်ရ၏။

အလင်းလုံး တစ်ခုက ဆိုင်ရှင်၏ မျက်လုံးများထဲတွင် ပွင့်အန်လာသကဲ့သို့ ဖြစ်သွားသည်။ သူက မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး အနီးကပ် ကြည့်လိုက်သောအခါ ကြေးပြားများ၏ တောက်ပမှုက အလွန် စူးရှနေကြောင်း သိလိုက်ရ၏။

"ပြဿနာ မရှိပါဘူး... ပြဿနာ မရှိပါဘူး"

ဆိုင်ရှင်က ကြေးပြားများကို ကြီးမားသော အပြုံးဖြင့် လက်ခံလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ချန်ဖေး လှည့်ထွက်သွားသည်ကို မြင်လိုက်ရသည်။

ဆိုင်ရှင်က ချန်ဖေး၏ ကျောပြင်ကို ကြည့်နေရင်း သူ၏ အမူအရာက အေးစက်ပြီး ကြောက်မက်ဖွယ် ကောင်းနေ၏။

ဤထျန်းဟွေ့ ကျောက်တုံးက အစစ်အမှန် ဖြစ်သည်။ သူက ချန်ဖေးကို ဤနေရာတွင် အတင်းအကျပ် ထားရှိသင့်သလား။ သို့သော်လည်း တစ်ဘက်လူက ကြေးပြား ၃၀၀၀ ကို ပေးချေပြီးဖြစ်ရာ သူတို့ကို အတင်းအကျပ် တားဆီးထားခြင်းမှာ တစ္ဆေ မြို့၏ စည်းမျဉ်းများအရ ခွင့်ပြုလောက်မည် မဟုတ်ပေ။

"ဝှစ်!"

ဆိုင်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။ ယင်းက ထွက်ခွာသွားပြီ ဖြစ်သော ချန်ဖေးပင် ဖြစ်၏။ ဆိုင်ရှင်က သူ၏ လက်ထဲရှိ ကြေးပြားများကို ပွတ်သပ်နေစဉ် သူ၏ လက်ထဲတွင် ထူးဆန်းသော တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ဆိုင်ရှင်က ရှုပ်ထွေးစွာဖြင့် ခေါင်းငုံ့၍ သူ၏ လက်ထဲရှိ ကြေးပြားများကို ကြည့်လိုက်၏။

ချီစွမ်းအင်က မှန်ကန်သော်လည်း အကြောင်းပြချက် တစ်ခုခုကြောင့် ကြေးပြားများကို သူ ပိုကြည့်လေ ပို၍ ထူးဆန်းလေ ဖြစ်ပြီး အလှမ်းကွာဝေးသော ခံစားချက် တစ်ခုက တဖြည်းဖြည်း ပေါ်ထွက်လာသည်။

ဆိုင်ရှင်က အခြား ကြေးပြားများကို သူ၏ မျက်လုံးများဖြင့် လှမ်းကြည့်လိုက်၏။ တဖြည်းဖြည်းနှင့် ကြေးပြားများက သူ၏ မျက်လုံးများထဲတွင် လိမ်ယှက်သွားပြီး အိပ်မက်ဆန်ဆန် ပုံရိပ်ယောင်များ ဖြစ်လာကာ မမှန်ကန်မှု ခံစားချက် တစ်ရပ်က သူ၏ နှလုံးသားထဲတွင် ရုတ်တရက် လွှမ်းမိုးလာသည်။ နောက်တစ်ခဏတွင် ကြေးပြား သုံးထောင်က ဆိုင်ရှင်၏ လက်ထဲမှ ပျောက်ကွယ်သွား၏။

ဆိုင်ရှင်မှာ အံ့အားသင့်သွားပြီး သူ၏ ကိုယ်ပိုင် လက်များကို ကြောင်အမ်းအမ်း ကြည့်နေမိသည်။

"ဝုန်း!"

ကြီးမားလှသော ဟိန်းဟောက်သံကြီး တစ်ခုက ဆိုင်ရှင်၏ ပါးစပ်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏ ယခင်က ရင်းနှီးဖော်ရွေသော မျက်နှာမှာ အစွယ်များဖြင့် ပြာနှမ်းနေသော မျက်နှာအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

လမ်းမကြီး၏ အပြင်ဘက်တွင် ချန်ဖေး၏ ကိုယ်ပွားက အစစ်အမှန် လူဆီသို့ ပြန်ရောက်နေပြီ ဖြစ်သည်။ ချန်ဖေးက သူ၏ လက်ထဲရှိ ထျန်းဟွေ့ ကျောက်တုံးကို ခါယမ်းလိုက်ရာ သူ၏ မျက်နှာပေါ်တွင် သဲ့သဲ့ ပြုံးရောင်လေး ထွက်ပေါ်လာ၏။

ဟိုတုန်းက တစ္ဆေ မြို့မှာ ဆိုင်ရှင်ရဲ့ လိမ်လည်မှုကို ခံရလုနီးပါး ဖြစ်ခဲ့တယ်။ သူက အချက်အလက်တချို့ကို ကြည့်ရုံမျှဖြင့် ငွေပေးချေရန် တောင်းဆိုခံခဲ့ရသည်။ အကယ်၍ ထိုအချိန်က သူ၏ ကိုယ်ပွားနှင့်အတူ ဆိုင်ထဲသို့ ဝင်ရောက်ခဲ့ခြင်း မဟုတ်ခဲ့ပါက ထိုနေရာမှ ပြန်ထွက်လာရန်ပင် အတော်လေး အခက်အခဲ ကြုံတွေ့ရမည် ဖြစ်သည်။

ယနေ့ တစ္ဆေ မြို့တွင် ချန်ဖေးက ဆိုင်ရှင်ကို သူ၏ အိပ်မက်ထဲသို့ ဆွဲခေါ်ရန် အိပ်မက်ဝင်ရောက်ခြင်း အတတ်ကို ရိုးရှင်းစွာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယခင်က ဆိုင်ရှင်သည် ကြေးပြားအမြောက်အမြား လဲလှယ်သံကို ကြားခဲ့ပြီးဖြစ်သလို၊ ချန်ဖေးကလည်း ငွေပေးချေခဲ့ပြီးသား ဖြစ်သည်။ ယခုတော့ ယာယီအပ်နှံထားသည့် ပစ္စည်းများကိုသာ ပြန်ယူသွားရန် လိုအပ်တော့သည်။

All Chapters