အခန်း ၄၂၃
Vol. 41 Ch. 423
အခန်း (၄၂၃) - လက်လှမ်းမီရာ အတွင်း၌
အချိန်များ ကုန်လွန်သွားပြီး နေ့တစ်ဝက်မျှ ကုန်လွန်သွား၏။ အချို့က ဉာဏ်အလင်းပွင့် မျှော်စင်မှ ထွက်ခွာသွားကြပြီး အချို့က တစ်ဖန် ပြန်လာကြသည်။
ဉာဏ်အလင်းပွင့် မျှော်စင်က ကောင်းမွန်သော်လည်း ဒွာရများနှင့် စိတ်က အချိန်ကြာမြင့်စွာ အဆက်မပြတ် ပဋိပက္ခ ဖြစ်နေခြင်းက လွယ်ကူစွာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဉာဏ်အလင်းပွင့် မျှော်စင်ရှိ ဖိအားများက တိုးလာမည်သာ ဖြစ်၏။
ဤတိုးလာသော ဖိအားက နားလည်သဘောပေါက်နိုင်စွမ်းကို တိုးတက်စေမည်ဟု မဆိုလိုပေ။ ယင်းက အခြေခံအားဖြင့် ဉာဏ်အလင်းပွင့် မျှော်စင်က လူများကို နှင်ထုတ်နေခြင်း ဖြစ်ပြီး သို့မှသာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းမှုကြောင့် အတွင်း၌ ဒဏ်ရာမရစေဘဲ ရေရှည် သက်ရောက်မှုများကို ချန်ရစ်မထားစေရန် ဖြစ်၏။
ဆဋ္ဌမအလွှာတွင် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် နှစ်ဦးက အောက်တစ်လွှာသို့ ဆင်းသွားပြီး ပဉ္စမအလွှာတွင် ဆက်လက် ကျင့်ကြံနေကြပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဉာဏ်အလင်းပွင့် မျှော်စင်၏ သတ္တမအလွှာ အတွင်း၌ ယန်ဇယ်စုန်းက အဋ္ဌမအလွှာသို့ ဦးတည်နေသော လှေကားများကို ကြည့်ရင်း သူ၏ အကြည့်များက အနည်းငယ် ရှုပ်ထွေးနေ၏။ ထိုလူက အဋ္ဌမအလွှာတွင် ကျင့်ကြံနေဆဲ ဖြစ်သည်။
ယန်ဇယ်စုန်းက ချန်ဖေးတွင် အထူး အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက် တစ်ခု ရှိနေခြင်းကြောင့် အဋ္ဌမအလွှာတွင် ကျင့်ကြံနိုင်ခြင်း ဖြစ်သည်ဟု မူလက ခန့်မှန်းခဲ့၏။ သို့သော်လည်း နေ့တစ်ဝက်မျှ ကုန်လွန်ပြီးနောက် ဤခန့်မှန်းချက်က လုံးဝ အလေးချိန်မဲ့သွားခဲ့ပြီ ဖြစ်သည်။
အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက် တစ်ခုကို ဝိညာဉ် ရတနာ နှင့် နေ့တစ်ဝက်မျှ ယှဉ်ပြိုင်ခိုင်းခြင်းသည် ဤအထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက်တွင်လည်း အလားတူ ကွာဟချက် တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပြီး ယင်းက အဆင့်ကို အဆင့်မြင့် ဝိညာဉ်လက်နက် သို့မဟုတ် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် စံနှုန်းသို့ပင် တိုက်ရိုက် ကျဆင်းသွားစေမည် ဖြစ်၏။ မည်မျှပင် ချမ်းသာသော သိုင်းပညာရှင် တစ်ဦး ဖြစ်ပါစေ ဤမျှ ဖြုန်းတီးသော အလုပ်မျိုးကို ပြုလုပ်မည် မဟုတ်ပေ။ ထို့ကြောင့် ထင်ရှားသည်မှာ ထိုလူက အဋ္ဌမအလွှာတွင် ကျင့်ကြံနိုင်စွမ်း ရှိခြင်းမှာ သူ၏ ကိုယ်ပိုင် စွမ်းအားအပေါ် အမှန်တကယ် အားကိုးနေခြင်း ဖြစ်၏။
ဒါက ဘယ်လို ဆန်းကြယ်တဲ့ ကျင့်စဉ်မျိုးလဲ။
သူက ဒွာရများနှင့် စိတ်ကို အချိန်အတော်ကြာအောင် ကာကွယ်ပေးထားနိုင်ပြီး ဤအခြေအနေကို ကြည့်ရလျှင် အားနည်းသည့် လက္ခဏာ အနည်းငယ်မျှပင် မရှိပေ။
ယန်ဇယ်စုန်းမှာ သိချင်စိတ် ပြင်းပြနေသော်လည်း အခြားသူများအား သူတို့၏ ကျင့်စဉ်အကြောင်း မေးမြန်းခြင်းမှာ သိုင်းပညာရှင်များကြားတွင် ကြီးမားသော တားမြစ်ချက် တစ်ရပ် ဖြစ်၏။ မည်သူကမျှ ပြောပြမည် မဟုတ်ပေ။
ယန်ဇယ်စုန်းက အနည်းငယ် ခါးသီးသလို ခံစားလိုက်ရပြီး ချန်ဖေးအကြောင်း ဆက်မတွေးတော့ချေ။ စည်းမျဉ်းများအတိုင်း မကစားသော သူတစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် မည်သူကမျှ ဘာမျှ မတတ်နိုင်ပေ။
ဤအခိုက်အတန့်တွင် ဉာဏ်အလင်းပွင့် မျှော်စင်၏ အဋ္ဌမအလွှာ၌ ချန်ဖေးသည် ပုံဖော်ကြည့်မှုအပေါ် သူ၏ အာရုံစိုက်မှု အားလုံးကို အပြည့်အဝ ပေးအပ်ထားပြီး အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို လုံးဝ တုံ့ပြန်မှု မရှိချေ။
ယွမ်ချန်ကြယ်စင် ဓားခန္ဓာ ၏ ပုံဖော်ကြည့်မှုက ချန်ဖေး၏ မျှော်လင့်ချက်များထက် ကျော်လွန်ကာ အလွန် ချောမွေ့စွာ ပြီးဆုံးသွား၏။
ဉာဏ်အလင်းပွင့် မျှော်စင်၏ အခန်းကဏ္ဍမှာ ထင်ရှားသော်လည်း အဓိက အကြောင်းရင်းမှာ ယွမ်ချန် ဓားကျမ်းစာကို ချန်ဖေးက သူ၏ လက်ရှိ အဆင့်အထိ ကျင့်ကြံထားပြီး ဖြစ်သောကြောင့်ဟု ချန်ဖေး ခန့်မှန်းမိသည်။
အစောပိုင်း ကာလများတွင် ယွမ်ချန် ဓားကျမ်းစာမှာ ကျင့်စဉ်တစ်ခုတည်းသာ ဖြစ်သော်လည်း နောက်ပိုင်းတွင် ယွမ်ချန်ဓားဂိုဏ်း၏ မျိုးဆက်တည်ထောင်သူ အရှင်သခင်က ယွမ်ချန် ဓားကျမ်းစာကို ကျင့်ကြံရန် အလွန် ခက်ခဲကြောင်း သတိပြုမိသဖြင့် ယင်းကို ကျင့်စဉ် ခုနစ်ခုအဖြစ် ခွဲထုတ်လိုက်ခြင်း ဖြစ်၏။
ထို့ကြောင့် ဤကျင့်စဉ် ခုနစ်ခုမှာ အခြေခံအားဖြင့် နက်ရှိုင်းစွာ ဆက်စပ်နေပြီး ယွမ်ချန် ဓားကျမ်းစာ၏ အကြမ်းဖျင်း ပုံစံမှာ ပြီးပြည့်စုံနေပြီ ဖြစ်ရာ သဘာဝကျစွာပင် ဤဆက်စပ်မှုများက ပို၍ပင် နက်ရှိုင်းနေ၏။
ပုံမှန်အားဖြင့် ဤကဲ့သို့သော ဆက်စပ်မှုများကို ချိတ်ဆက်ရန် ခက်ခဲနိုင်သော်လည်း ယခုအခါ ဉာဏ်အလင်းပွင့် မျှော်စင်၏ တွန်းအားကြောင့် အသေးစိတ် အချက်အလက်များစွာနှင့် ယခင်က လျစ်လျူရှုထားခဲ့သော နေရာများက ချန်ဖေး၏ စိတ်ထဲတွင် ပေါ်လာသည်။
ထို့ကြောင့် ယွမ်ချန်ကြယ်စင် ဓားခန္ဓာ ၏ ပုံဖော်ကြည့်မှုမှာ နေ့တစ်ဝက်မျှသာ ကြာမြင့်ခဲ့ပြီး ချန်ဖေးက ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိကာ ဒွာရ ရှစ်ဆယ့်ငါးခု အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် ယွမ်ချန်ကြယ်စင် ဓားခန္ဓာ၏ အပြည့်အဝပုံစံနှင့် ကျင့်ကြံခြင်းတွင် ဒွာရ ရှစ်ဆယ့်ရှစ်ခုသာ ရှိသည်။ နောက်ထပ် သုံးခုသာ လိုအပ်ပြီး ချန်ဖေးက ယွမ်ချန်ကြယ်စင် ဓားခန္ဓာ ၏ ပုံဖော်ကြည့်မှုကို ပြီးစီးနိုင်ခဲ့ပြီ ဖြစ်၏။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ချန်ဖေးက ဉာဏ်အလင်းပွင့် မျှော်စင်၏ အဋ္ဌမအလွှာမှ ဖိအားများ တဖြည်းဖြည်း တိုးလာနေသည်ကို ခံစားလိုက်ရသည်။ သို့သော်လည်း နဂါးဆင်နှိမ်နင်းခြင်း၏ အကာအကွယ်ဖြင့် ချန်ဖေးက အထိတ်တလန့် ဖြစ်သည့် လက္ခဏာ တစ်စုံတစ်ရာမျှ မပြသခဲ့ပေ။
‘ရှစ်ဆယ့်ခြောက်... ရှစ်ဆယ့်ခုနစ်...!’
ချန်ဖေးက နောက်ထပ် ဒွာရ နှစ်ခု ဖွင့်လှစ်မည့် နည်းလမ်းကို ပုံဖော်ကြည့်လိုက်၏။ ချန်ဖေးက မပြုံးဘဲ မနေနိုင်ခဲ့ချေ။ နောက်ထပ် တစ်ခုသာ လိုတော့ပြီး ယွမ်ချန်ကြယ်စင် ဓားခန္ဓာက ပြီးပြည့်စုံသွားမည် ဖြစ်သည်။ သို့သော်လည်း နောက်ဆုံး ဒွာရ၏ တည်နေရာမှာ အပင်ပန်းဆုံးလည်း ဖြစ်၏။
ချန်ဖေးက လောတကြီး မလုပ်ခဲ့ပေ။ သူက အသိစိတ်ပင်လယ် အတွင်းရှိ အယူအဆ အမျိုးမျိုးကို ဆက်လက် ပုံဖော်ကြည့်နေစဉ် ယခင်က ပုံဖော်ခဲ့သော ယွမ်ချန်ကြယ်စင် ဓားခန္ဓာ တွင် အမှားအယွင်းများ ရှိမရှိ အတည်ပြုရန်ကိုလည်း အာရုံစိုက်နေ၏။
အမှားအယွင်းများနှင့် ချန်လှပ်မှုများ ရှိနိုင်ချေမှာ နည်းပါးလှသည်။ အဘယ်ကြောင့်ဆိုသော် ချန်ဖေးက ယွမ်ချန်ကြယ်စင် ဓားခန္ဓာကို တစ်ခုချင်းစီ အတည်ပြုရန် အခြားသော ကျင့်စဉ် ခြောက်ခုအပေါ် အားကိုးခဲ့သောကြောင့် ဖြစ်၏။ ဤသည်က သူတို့၏ ကိုယ်ပိုင် အယူအဆများကို အခြေခံ၍ ဗလာထဲမှ ဖန်တီးယူရသော အခြားသူများနှင့် ကွာခြားပြီး ကျင့်စဉ်များတွင် သိသာထင်ရှားသော ကွာခြားချက်များ ရှိနေဆဲပင် ဖြစ်သည်။
အချိန်များ တစ်စတစ်စ ကုန်လွန်သွားပြီး ချန်ဖေး၏ အသိစိတ်ပင်လယ် အတွင်းရှိ အယူအဆများက ပို၍ များပြားလာကာ ချန်ဖေး၏ အသိစိတ် အတွင်း၌ ကြီးမားသော စက်ဝိုင်းကြီး တစ်ခု ဖွဲ့စည်း၍ လေထဲတွင် ရူးသွပ်စွာ လှည့်ပတ်နေ၏။
"ဝှစ်!"
အချိန်အတိုင်းအတာ တစ်ခုအရောက်တွင် ချန်ဖေး၏ အသိစိတ်ပင်လယ်က ရုတ်တရက် တုန်ခါသွားပြီး ထိုအတွေးများဖြင့် ဖွဲ့စည်းထားသော စက်ဝိုင်းကြီးက ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ ချန်ဖေး၏ မျက်လုံးများက အလိုအလျောက် ပွင့်လာပြီး စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ၏။
‘ရှစ်ဆယ့်ရှစ်ခုမြောက် ဒွာရ! ပြီးသွားပြီ!’
‘ယွမ်ချန်ကြယ်စင် ဓားခန္ဓာ’ အတွင်းကလီစာသန့်စင်ခြင်း အဆင့်မှ စတင်ကာ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်တိုင်အောင် ပြီးပြည့်စုံသော ကျင့်ကြံနည်းက ယခုအခါ ချန်ဖေး၏ စိတ်ထဲသို့ အပြည့်အဝ ဝင်ရောက်လာပြီ ဖြစ်၏။
တစ်ရက်မပြည့်မီ အချိန်အတွင်းမှာပင် ချန်ဖေးက ပျက်စီးနေသော ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် အမွေအနှစ်ကို အမှန်တကယ် ပြန်လည် ထူထောင်နိုင်ခဲ့ပြီ ဖြစ်သည်။
ချန်ဖေး၏ အကောင်းမြင်ဆုံးသော ယခင် တွေးထင်သိမြင်မှုကပင် ဤမျှ ထိရောက်မှု ရှိမည် မဟုတ်ပေ။ သို့သော်လည်း လက်တွေ့တွင် ယင်းက အမြဲတမ်း ကြီးမားသော အံ့အားသင့်မှုများကို ယူဆောင်လာလေ့ ရှိ၏။
[ ကျင့်စဉ် - ယွမ်ချန်ကြယ်စင် ဓားခန္ဓာ ]
စနစ်က ယွမ်ချန်ကြယ်စင် ဓားခန္ဓာ အမွေအနှစ်ကို ရှင်းလင်းစွာ ပြသနေပြီး ပျောက်ဆုံးနေသော စကားလုံးများ သို့မဟုတ် အလားတူ အမှတ်အသားများ မရှိချေ။ ထင်ရှားသည်မှာ ချန်ဖေး ဖန်တီးယူခဲ့သော ယွမ်ချန်ကြယ်စင် ဓားခန္ဓာက အမှန်တကယ် ပြီးပြည့်စုံနေပြီး ကျင့်ကြံနိုင်ပြီ ဖြစ်၏။
ထို့အပြင် ယွမ်ချန်ကြယ်စင် ဓားခန္ဓာကို ကျင့်ကြံရာတွင် သူ၏ တိုးတက်မှုမှာ အလွန် မြန်ဆန်နိုင်သည်ဟု ချန်ဖေး ခံစားနေရသည်။
ယွမ်ချန်ကြယ်စင် ဓားခန္ဓာကို ဖန်တီးယူစဉ်အတွင်း ယွမ်ချန် ဓားကျမ်းစာနှင့် အခြား ကျင့်စဉ် ခြောက်ခုက ချန်ဖေးအား ထိုးထွင်းသိမြင်မှု များစွာ ပေးစွမ်းခဲ့၏။ သို့သော်လည်း ယွမ်ချန်ကြယ်စင် ဓားခန္ဓာ ဖန်တီးယူမှုကို သိမ်မွေ့စွာ တွန်းအားပေးနေသော ကျင့်စဉ်တစ်ခုလည်း ရှိနေသေးသည်။ ဤအချိန်တစ်လျှောက်လုံး ချန်ဖေးကို ထောက်ပံ့ပေးနေသော နဂါးဆင်နှိမ်နင်းခြင်း ပင် ဖြစ်သည်။
ယွမ်ချန်ကြယ်စင် ဓားခန္ဓာက ဓားသိုင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံသို့ တိမ်းညွှတ်သော ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် တစ်ခု ဖြစ်၏။ ခန္ဓာကိုယ် သန့်စင်ခြင်းနှင့် ပတ်သက်၍ ပြောရလျှင် နဂါးဆင်နှိမ်နင်းခြင်းက ချန်ဖေး ကြုံတွေ့ဖူးသမျှထဲတွင် အစွမ်းထက်ဆုံးသော ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် ဖြစ်သည်မှာ သေချာလှသည်။
နဂါးဆင်နှိမ်နင်းခြင်း၏ ခန္ဓာကိုယ် ဖိနှိပ်ခြင်း အပိုင်းတွင် ချန်ဖေးက အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံထားပြီး ဖြစ်၏။ ဤအစမှတ်ဖြင့် ယွမ်ချန်ကြယ်စင် ဓားခန္ဓာကို ကျင့်ကြံရန် သွားခြင်းက ချန်ဖေးအတွက် ပို၍ပင် ကြီးမားသော အံ့အားသင့်မှု တစ်ခုကို ယူဆောင်လာပေးနိုင်ပေသည်။
ဤအချက်ကို တွေးမိသောအခါ ချန်ဖေးက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ယွမ်ချန်ကြယ်စင် ဓားခန္ဓာကို ကောင်းမွန်စွာ ကျင့်ကြံရန် နေရာတစ်ခု ရှာဖွေရန် ပြင်ဆင်လိုက်၏။
ဉာဏ်အလင်းပွင့် မျှော်စင်ကို အဓိကအားဖြင့် ကျင့်စဉ်များကို နားလည်သဘောပေါက်ရန်နှင့် လေ့ကျင့်ရန် အသုံးပြုကြသည်။ ဤနေရာရှိ မူလချီစွမ်းအင်ကလည်း ပေါကြွယ်ဝသော်လည်း အများစုက ဤနေရာတွင် ကျင့်ကြံလေ့ မရှိကြချေ။ ဤသည်က ထောင်ချီ ငှက်မွေး မဟာမိတ်အဖွဲ့ ခေါင်းဆောင်၏ ဝိညာဉ် ရတနာ ဖြစ်၏။
ယင်းက ဌာနခွဲတစ်ခုမျှသာ ဖြစ်သော်လည်း အဆုံးတွင် တောင်ပင်လယ် အဆင့် အစွမ်းထက်သူနှင့် သက်ဆိုင်နေသည်။ ဉာဏ်အလင်းပွင့် မျှော်စင် အတွင်း၌ ကျင့်စဉ်များကို ပုံဖော်ကြည့်ရန် ဉာဏ်အလင်းပွင့် မျှော်စင်၏ စွမ်းအားကို အသုံးပြုခြင်းက မှန်ကန်သော ချဉ်းကပ်မှု ဖြစ်၏။
သို့သော်လည်း အကယ်၍ ဤနေရာရှိ ဉာဏ်အလင်းပွင့် မျှော်စင်၏ မူလချီစွမ်းအင်ကို အခွင့်ကောင်းယူရန် ရည်ရွယ်ထားပါက နှစ်ကြိမ်လောက် စဉ်းစားပြီး မိမိ၏ခန္ဓာကိုယ် သေးသေးလေးက တောင်ပင်လယ် အဆင့် အစွမ်းထက်သူ၏ လှုပ်ရှားမှု တစ်ချက်ကို ခံနိုင်ရည် ရှိမရှိ ကြည့်ခြင်းက ပိုကောင်းပေလိမ့်မည်။
အဋ္ဌမအလွှာမှ ဆင်းလာပြီးနောက် ချန်ဖေးက ဉာဏ်အလင်းပွင့် မျှော်စင်၏ သတ္တမအလွှာသို့ ရောက်ရှိလာပြီး မော့ကြည့်နေသော ယန်ဇယ်စုန်းကို အမှတ်မထင် တွေ့လိုက်ရ၏။
ချန်ဖေးက အသိအမှတ်ပြုသည့် အနေဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ဆက်လျှောက်သွားသည်။
ချန်ဖေး ဤသို့ ထွက်သွားသည်ကို ယန်ဇယ်စုန်းက အနည်းငယ် အံ့အားသင့်သွား၏။ အားလုံးကို တွက်ကြည့်လျှင် သူ ဤနေရာတွင် တစ်ရက်တောင် မပြည့်သေးပေ။
သို့သော် သူ ဤကဲ့သို့ ထွက်သွားပြီလား။ ဒါက ဘယ်လို ကျင့်စဉ်မျိုးလဲ.. ဤမျှ မြန်ဆန်ပြီး လက်ချည်းသက်သက်ဖြင့် ထွက်သွားခြင်းလား...။
ဉာဏ်အလင်းပွင့် မျှော်စင်၏ ဆဋ္ဌမအလွှာရှိ လူအချို့က ချန်ဖေးကို မြင်သောအခါ သူက ဆဋ္ဌမအလွှာတွင် ထိုင်၍ ကျင့်စဉ်များကို ဆက်လက် လေ့ကျင့်မည်ဟု ထင်ခဲ့ကြသော်လည်း ချန်ဖေးက လှည့်၍ မျှော်စင်အောက်ခြေဆီသို့ ဆက်လျှောက်သွားသည်ကို တွေ့လိုက်ရ၏။
ဤလူများမှာ ချန်ဖေး၏ လုပ်ရပ်များကြောင့် အနည်းငယ် ရှုပ်ထွေးသွားကြသော်လည်း အလျင်အမြန်ပင် အာရုံမစိုက်ကြတော့ချေ။ ဤသည်က အခြားသူ၏ ကိစ္စဖြစ်ပြီး အများကြီး စိုးရိမ်နေရန် မလိုအပ်ပေ။
ချန်ဖေးက ဉာဏ်အလင်းပွင့် မျှော်စင်၏ ပထမအလွှာသို့ ဆင်းသွားပြီး မျှော်စင်တံခါးမှ ထွက်ခွာသွား၏။ နေရာအနှံ့ ထိုးဖောက်ဝင်ရောက်နေသော ထိုဖိအားများက ချက်ချင်း ပျောက်ကွယ်သွားပြီး ချန်ဖေး၏ ခန္ဓာကိုယ်တွင် အစစ်အမှန် သက်သာရာရမှု တစ်ခုဖြင့် အစားထိုး နေရာယူသွားသည်။
စောစောက သူ ဉာဏ်အလင်းပွင့် မျှော်စင် အတွင်း၌ ရှိနေစဉ်က သိပ်မခံစားရသော်လည်း ယခုအခါ ချန်ဖေးက ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင် အချို့ကို စတင် ခံစားလာရ၏။ ဉာဏ်အလင်းပွင့် မျှော်စင်၏ အဋ္ဌမအလွှာတွင် ကျင့်ကြံရခြင်းက အမှန်တကယ်တွင် ကြီးမားသော ဖိအားအောက်တွင် ရှိနေခြင်းပင် ဖြစ်သည်။ အကယ်၍ နဂါးဆင်နှိမ်နင်းခြင်းကျင့်စဉ် သာ မရှိပါက ချန်ဖေး အနေဖြင့် ထိုနေရာတွင် နေ့တစ်ဝက်နီးပါး နေနိုင်မည် မဟုတ်ချေ။
ကြီးကြပ်ရေးမှူး တပည့်က ချန်ဖေးကို အံ့အားသင့်စွာ ကြည့်နေ၏။ ချန်ဖေးက နေ့တစ်ဝက်ခန့်ကမှ ဝင်သွားခြင်း ဖြစ်ရာ သဘာဝကျစွာပင် ကြီးကြပ်ရေးမှူး တပည့်က သူ့ကို မှတ်မိနေသည်။
‘သူက အဆင့်နိမ့် မူလကျောက်တုံး ငါးဆယ်ကို သုံးစွဲပြီး နေ့တစ်ဝက်လောက်သာ နေပြီး ထွက်လာတာလား.. ဒါက အရမ်း ဖြုန်းတီးလွန်းတယ် မဟုတ်လား’
"ဘာတွေများ ရလိုက်လဲ"
ကြီးကြပ်ရေးမှူး တပည့်က သိချင်စိတ်ဖြင့် မေးလိုက်၏။
"အများကြီး သင်ယူခဲ့ရပါတယ်"
ချန်ဖေးက လက်ယှက်ဂါဝရပြုပြီး ပြုံးပြကာ အစွန်းဘက်သို့ လျှောက်သွားသည်။
ကြီးကြပ်ရေးမှူး တပည့်က ချန်ဖေး၏ အပြုံးကို အာရုံခံမိလိုက်၏။ ယင်းက အတုအယောင် မဟုတ်ဘဲ သူ တစ်ခုခု ရရှိခဲ့ကြောင်း ရှင်းလင်းစွာ ပြသနေသည်။ နေ့တစ်ဝက်အတွင်း တစ်ခုခု ရရှိခြင်းသည် ဤသည်က တာဝန်ထမ်းဆောင်လာခဲ့သည့် နှစ်များအတွင်း ကြီးကြပ်ရေးမှူး တပည့် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်၏။
ရင်ပြင်၏ အစွန်အဖျားတွင် မီရှန်းက မြေပြင်ပေါ်၌ ခေါင်းငုံ့ထိုင်နေစဉ် ရုတ်တရက် သူမ၏ ရှေ့တည့်တည့်တွင် အရိပ်တစ်ခု ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။ မီရှန်းက ဗီဇအရပင် မော့ကြည့်လိုက်၏။
"သခင်လေး... အပြင်ထွက်လာပြီလား"
မီရှန်းက အလျင်အမြန် မတ်တတ်ရပ်လိုက်ရာ သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးမှု အချို့ ပြည့်နှက်နေ၏။ မီရှန်းက ဉာဏ်အလင်းပွင့် မျှော်စင်အကြောင်း သိပ်မသိသော်လည်း လူအများအပြားက ထိုနေရာတွင် ရက်ပေါင်းများစွာ နေလေ့ရှိကြောင်း ကြားဖူးသည်။
မီရှန်း ထွက်မသွားရခြင်း အကြောင်းရင်းမှာ ချန်ဖေးထံမှ ငွေဆယ်ကျပ်ကို လက်ခံရယူထားပြီး တစ်ရက်နေ၍ အချိန်ပြည့်မှသာ ထွက်သွားမည်ဟု သဘောတူထားသောကြောင့် ဖြစ်၏။
"မင်းပြောတဲ့ ဟိုင်ယန် မြို့က အကောင်းဆုံး နေရာကို သွားကြတာပေါ့"
ချန်ဖေးက မီရှန်းကို ကြည့်၍ တိုးတိုးလေး ရယ်မောလိုက်သည်။
ဤကောင်မလေးက ဤနေရာတွင် စောင့်နေဆဲ ဖြစ်လိမ့်မည်ဟု ချန်ဖေး မမျှော်လင့်ထားခဲ့သဖြင့် အနည်းငယ် အံ့အားသင့်သွား၏။
"ကောင်းပါပြီ သခင်လေး... ဒီဘက်ကို ကြွပါ"
ချန်ဖေး၏ စကားများကို ကြားသောအခါ မီရှန်းမှာ နှုတ်ခမ်းကို မသပ်ဘဲ မနေနိုင်တော့ဘဲ သူမ၏ ဗိုက်ကလည်း တိုးတိုးလေး မြည်ဟည်းနေ၏။ လွန်ခဲ့သည့် နေ့တစ်ဝက်ကျော် အချိန်အတွင်း မီရှန်းက အခြောက်အခြမ်း အချို့နှင့် ရေကိုသာ စားသောက်ထားပြီး အခြား ဘာမျှ မစားထားချေ။
ဆယ့်ငါးမိနစ် အကြာတွင် မီရှန်းက ချန်ဖေးကို စားသောက်ဆိုင် တစ်ဆိုင်သို့ ခေါ်ဆောင်လာသည်။ အခြား စားသောက်ဆိုင်များနှင့် နှိုင်းယှဉ်ပါက ဤဆိုင်က သေချာပေါက် ပို၍ လူသူကင်းဝေးသော်လည်း ဤနေရာသို့ လာရောက် စားသောက်သူများမှာ အဆုံးအစ မရှိပေ။ အဝေးမှနေ၍ ချန်ဖေးက စားသောက်ဆိုင် အတွင်းမှ ထွက်ပေါ်လာသော မွှေးပျံ့သည့် ရနံ့ကို ရနေပြီ ဖြစ်၏။
"သခင်လေး... ကျွန်မ အပြင်ဘက်ကနေ စောင့်နေပါ့မယ်"
မီရှန်းက တံခါးဝတွင် ရပ်ကာ ချန်ဖေးကို မော့ကြည့်၍ ပြုံးပြလိုက်သည်။
"အတူတူ လိုက်ခဲ့ပါ... လူများလေ ပိုပျော်စရာကောင်းလေလေပေါ့"
ချန်ဖေးက အနည်းငယ် ပြုံး၍ စားသောက်ဆိုင်၏ ပင်မတံခါးဆီသို့ လျှောက်သွား၏။
မီရှန်းမှာ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ချန်ဖေး၏ နောက်မှ ပျော်ရွှင်မှု အပြည့်ဖြင့် လိုက်ပါသွားသည်။ သူမက ယခင်က အနံ့ကိုသာ ရခဲ့ဖူးပြီး တစ်ကြိမ်မျှပင် မြည်းစမ်းကြည့်ခွင့် မရခဲ့ချေ။
မီရှန်း၏ အိပ်မက်တစ်ခုမှာ ဤနေရာတွင် လာရောက် စားသောက်ရန် ဖြစ်၏။ ဤအိပ်မက်က ဤမျှ အလျင်အမြန် တကယ်ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ချန်ဖေးက အကျင့်ပါနေသည့်အတိုင်း ပြတင်းပေါက်နားရှိ နေရာတစ်ခုကို ရှာဖွေလိုက်ပြီး စားပွဲထိုးကို ဆိုင်၏ နာမည်ကြီး ဟင်းလျာ အချို့ကို တည်ခင်းခိုင်းလိုက်သည်။ မီရှန်းက ထိုင်ခုံတွင် ကြောက်ရွံ့စွာ ထိုင်နေပြီး ဘေးဘီဝဲယာကို မကြည့်ရဲဘဲ လက်များကို စားပွဲအောက်တွင် ထားကာ စိတ်လှုပ်ရှားစွာဖြင့် ပွတ်သပ်နေ၏။ သူမ၏ နှာခေါင်းလေးသာ ပတ်ဝန်းကျင်မှ မွှေးပျံ့သော ရနံ့များကို တိတ်တဆိတ် ရှူရှိုက်နေပြီး ပါးစပ်ထဲတွင် တံတွေးများကို အကြိမ်ကြိမ် မျိုချနေသည်။
မီရှန်းကို ကြည့်ရင်း ချန်ဖေး၏ မျက်နှာပေါ်တွင် သဲ့သဲ့ ပြုံးရောင်လေး ထွက်ပေါ်လာ၏။ မီရှန်း၏ အသွင်အပြင်က ချန်ဖေးအား အမှတ်တရ အချို့ကို ပြန်လည် သတိရလာစေသည်။ ဖျင်ရင် ခရိုင်တွင် ချန်ဖေး၏ ယခင်ဘဝမှာ တကယ်တမ်းတွင် မီရှန်းထက် သိပ်မသာလွန်လှပေ။
သို့သော်လည်း ယနေ့တွင် ချန်ဖေးက များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာကြောင့်ပင် ဖြစ်၏။
ယွမ်ချန် ဓားကျမ်းစာက မကြာမီ အထွတ်အထိပ်သို့ ရောက်ရှိတော့မည် ဖြစ်ပြီး ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့်မှာလည်း လက်လှမ်းမီရာ အတွင်း၌ ရှိနေပြီ ဖြစ်သည်။