← Chapters

အခန်း ၄၂၅

Vol. 41 Ch. 425

အခန်း ၄၂၅

Vol. 41 Ch. 425

အခန်း (၄၂၅) - ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့်

"ကျေးဇူးတင်ပါတယ် သခင်လေး"

မီရှန်းက ချန်ဖေးကို လှည့်ကြည့်၍ လေးလေးနက်နက် အရိုအသေပေးကာ ကျေးဇူးတင်စကား ပြောကြားလိုက်၏။

မီရှန်းက လမ်းပြအဖြစ် အကြိမ်များစွာ လုပ်ကိုင်ခဲ့ဖူးပြီး လူကောင်း အချို့နှင့် ဒေါသ အလွန်ကြီးသူများ အပါအဝင် လူအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ဖူးသည်။ အချို့က မီရှန်းကို နောက်ပြောင်ခြင်း သို့မဟုတ် ဆဲဆိုခြင်းများကိုပင် နှစ်သက်ကြ၏။ မီရှန်းက ဤအရာများကို သည်းခံနိုင်သော်လည်း အချို့လူများက ဆင်ခြေများ ပေးကာ သူမကို ငွေတစ်ပြားမျှ ပေးရန် ငြင်းဆန်တတ်ကြသည်။

အစပိုင်းကတည်းက သဘောတူထားပြီး မီရှန်းက လမ်းပြရန် အလေးအနက် တာဝန်ယူခဲ့သော်လည်း အဆုံးတွင် သူမက ငွေတစ်ပြားမျှ မရရှိခဲ့ချေ။ အကယ်၍ မီရှန်းက စကားအနည်းငယ် ပြောရဲပါက အကောင်းဆုံး အခြေအနေတွင် ဆဲဆိုခံရမည် ဖြစ်ပြီး အဆိုးဆုံး အခြေအနေတွင် ရိုက်နှက်ခံရမည် ဖြစ်၏။

မည်သူကမျှ မီရှန်းဘက်မှ ရပ်တည်ပေးမည် မဟုတ်ပေ။ ငွေကောက်ခံသော လမ်းညွှန်ဂိုဏ်းက ဤလမ်းပြများထံမှ ဝေစု တစ်ခုကိုသာ ယူပြီး ကျန်သည့် အရာများ အားလုံးအတွက် ဝင်ရောက် စွက်ဖက်မည် မဟုတ်ချေ။

ဤအကြောင်းကြောင့်ပင် ယနေ့ ချန်ဖေးနှင့် တွေ့ဆုံရခြင်းက မီရှန်းကို အလွန် ပျော်ရွှင်စေခဲ့ခြင်း ဖြစ်၏။

ချန်ဖေးက မီရှန်း အရိုအသေပေးသည်ကို ကြည့်ကာ မျက်နှာပေါ်တွင် သဲ့သဲ့ ပြုံးရောင်လေး ထွက်ပေါ်လာသည်။ ချန်ဖေးသည် ကြိုးစားအားထုတ်ခြင်းဖြင့် တိုးတက်နိုင်မည်ဟု ယုံကြည်ပြီး၊ လုံ့လရှိလျှင် အကျိုးအမြတ်ရမည်ဟု ခံယူထားသည့် လူတစ်ယောက် ဖြစ်သည်။

လက်တွေ့ကမ္ဘာကြီးက သေချာပေါက် ဤမျှ မရိုးရှင်းလှသော်လည်း ထိုသို့ တွေးခေါ်ခြင်းက မှားယွင်းသည်ဟု လုံးဝ ပြော၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ အောင်မြင်ရန် ကြိုးစားခြင်းသည်သာ လုပ်နိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်သောကြောင့် ဖြစ်၏။ ကျန်သည့် အရာများ အားလုံးအတွက်မူ သူတို့၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိနေသည်။

"သိုင်းပညာ သင်ချင်လား"

ချန်ဖေးက တိုးတိုးလေး မေးလိုက်၏။

မီရှန်း၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူမက ချန်ဖေးကို မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေပြီး ပြီးပြည့်စုံသော အခွင့်အရေး တစ်ခုက သူမ၏ မျက်စိရှေ့တွင် ရောက်ရှိနေသကဲ့သို့ ဖြစ်နေသည်။

အကယ်၍ ဤအခွင့်အရေးကို လွတ်သွားပါက သူမ အနေဖြင့် နောက်ထပ် ဤကဲ့သို့သော အခွင့်အရေးမျိုး ရရှိနိုင်မည် မဟုတ်တော့ချေ။

"သခင်လေး... ကျွန်မ သိုင်းပညာ သင်ချင်ပါတယ်"

မီရှန်းက အားပါးတရ ခေါင်းညိတ်လိုက်ပြီး သူမ နှေးကွေးသွားပါက အခွင့်အရေးက မျက်စိရှေ့မှ လွတ်ထွက်သွားမည်ကို စိုးရိမ်နေ၏။

"ဒါက အသက်ရှူ ကျင့်စဉ် တစ်ခုပဲ... မင်း ဒါကို ကျွမ်းကျင်သွားရင် ငါတို့ နောက်တစ်ကြိမ် တွေ့ဖို့ အခွင့်အရေး ရလာလိမ့်မယ်"

ချန်ဖေးက အနည်းငယ် ပြုံး၍ သူ၏ လက်ချောင်းကို ရှေ့သို့ ညွှန်ပြလိုက်ရာ အသက်ရှူ ကျင့်စဉ် တစ်ခု၏ ကျင့်ကြံနည်းက မီရှန်း၏ စိတ်ထဲတွင် ပေါ်လာ၏။

ယင်းက ချန်ဖေး မူလက သင်ယူခဲ့သော အဆုံးစွန်တောင်တန်း အသက်ရှူ ကျင့်စဉ် မဟုတ်ချေ။ အဆုံးစွန်တောင်တန်း အသက်ရှူ ကျင့်စဉ် မှာ တကယ်တမ်းတွင် အလွန် သာမန်မျှသာ ဖြစ်ပြီး ခန္ဓာကိုယ်ကို သန့်စင်ရာတွင် စွမ်းဆောင်ရည် အလွန် နိမ့်ကျသည်။ လူအများစုက အထွတ်အထိပ်အထိ နားလည်သဘောပေါက်လျှင်တောင် သူတို့ ရရှိသော အကျိုးသက်ရောက်မှုများမှာ အလွန် ကန့်သတ်ချက် ရှိ၏။

ထို့ကြောင့် ချန်ဖေးက အသက်ရှူ ကျင့်စဉ် တစ်ခုကို တိုက်ရိုက် ဖန်တီး၍ မီရှန်း၏ စိတ်ထဲသို့ ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။ ချန်ဖေး၏ လက်ရှိ ကျင့်ကြံမှုနှင့် ကျွမ်းကျင်မှုဖြင့် ဆိုလျှင် ဤအသက်ရှူ ကျင့်စဉ်ကို အတွေးတစ်ချက်ဖြင့် အားစိုက်စရာ မလိုဘဲ ဖန်တီးနိုင်ပေသည်။ ဤသည်က မြင့်မားသော အမြင်ရှိခြင်း၏ အဓိပ္ပာယ်ပင် ဖြစ်၏။

မီရှန်းက သူမ၏ စိတ်ထဲမှ ဝင်ရောက်လာသော သတင်းအချက်အလက်များကို စုပ်ယူရန် ပြင်းပြင်းထန်ထန် ကြိုးစားရင်း မျက်လုံးများကို မှိတ်ထားလိုက်သည်။ အသက်ရှူ ကျင့်စဉ် ၏ အကြောင်းအရာများကို အပြည့်အဝ စုပ်ယူပြီးနောက် မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်တွင် ချန်ဖေးက ပျောက်ကွယ်သွားပြီ ဖြစ်၏။

မီရှန်းက ချန်ဖေး ယခုလေးတင် ရပ်နေခဲ့သော နေရာသို့ နက်နက်ရှိုင်းရှိုင်း ထပ်မံ အရိုအသေပေးလိုက်သည်။ သူမ ပြန်မတ်တတ်ရပ်လိုက်ချိန်တွင် သူမ၏ မျက်လုံးများက နီရဲနေပြီ ဖြစ်ပြီး မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာ၏။

ယင်းက စိတ်လှုပ်ရှားမှု ဖြစ်သော်လည်း ပျော်ရွှင်မှုက ပို၍ များသည်။ ထိုအခိုက်အတန့်တွင် မီရှန်းက သူမ၏ ကံကြမ္မာသည် ခြားနားသော နည်းလမ်းဖြင့် ပြောင်းလဲသွားနိုင်ကြောင်း ခံစားလိုက်ရပုံ ရ၏။

မီရှန်းက သူမ၏ လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီးနောက် လှည့်ကာ သူမ၏ အိမ်ဆီသို့ ပြေးသွားသည်။ ကြာဖက်ထုပ် အတွင်းရှိ အစားအစာများသာမက သူမ၏ မိဘများကို ပြောပြလိုသော အခြားအရာများလည်း ရှိနေ၏။ မီရှန်းက သူမ၏ မိသားစုကို သူမ၏ နှလုံးသားထဲရှိ ပျော်ရွှင်မှုများကို ခံစားစေချင်သည်။

လျှို့ဝှက်ခန်း အတွင်း၌ ချန်ဖေးက တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ ပတ်လည်ရှိ သိပ်သည်းလှသော မူလချီစွမ်းအင်များဖြင့် ဝန်းရံခံထားရ၏။ ဤကဲ့သို့သော လျှို့ဝှက်ခန်း တစ်ခန်းအတွက် တစ်ရက်လျှင် အဆင့်နိမ့် မူလကျောက်တုံး တစ်တုံး ပေးရခြင်းမှာ အတော်လေး ဈေးကြီးသည်ဟု ဆိုရမည် ဖြစ်သည်။

သို့သော်လည်း ချန်ဖေး ယခင်က အစီအရင် တွင် မြင်တွေ့ခဲ့ရသကဲ့သို့ ဤနေရာတွင် လုံခြုံရေး ပြဿနာများ ရှိမည် မဟုတ်ချေ။ ထို့အပြင် လျှို့ဝှက်ခန်း အတွင်းရှိ ကောင်းကင်နှင့်မြေကြီး မူလချီစွမ်းအင်က အပြင်ဘက်ထက် သေချာပေါက် ပို၍ သိပ်သည်းနေပြီး ယင်းက ကျင့်ကြံခြင်းအပေါ် အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှု ရှိပေသည်။

ယွမ်ချန်ကြယ်စင် ဓားခန္ဓာ ၏ ကျင့်ကြံနည်းက သူ၏ စိတ်ထဲတွင် ပေါ်လာ၏။ ချန်ဖေး၏ ခန္ဓာကိုယ် အတွင်းရှိ မူလစွမ်းအားများက အနည်းငယ် တုန်ခါလာပြီး သီးခြား လမ်းကြောင်းတစ်ခု အတိုင်း လှည့်ပတ်နေကာ သူ၏ မျက်လုံးများက ဖြည်းညင်းစွာ မှိတ်ကျသွားသည်။

ယွမ်ချန်ကြယ်စင် ဓားခန္ဓာ အတွက် ဒွာရ ရှစ်ဆယ့်ရှစ်ခုကို ချန်ဖေးက အောင်မြင်စွာ ဖွင့်လှစ်ထားပြီး ဖြစ်ကာ ဒွာရ နှစ်ခုသာလျှင် ယွမ်ချန် ဓားကျမ်းစာ အတွင်းသို့ ပေါင်းစပ်ရန် လိုအပ်၏။ ဤသည်က ပြီးပြည့်စုံသော ကျင့်စဉ် တစ်ခုကို ပြီးစီးစေမည် ဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံခြင်း စတင်ချိန်တွင် ချန်ဖေးက မည်သည့် အဟန့်အတားနှင့်မျှ မကြုံတွေ့ရဘဲ ဒွာရ များမှတစ်ဆင့် ယွမ်စွမ်းအင်များ စီးဆင်းမှုက အလွန် ချောမွေ့နေ၏။ ယွမ်ချန်ကြယ်စင် ဓားခန္ဓာကို ချန်ဖေးက တစ်စတစ်စ ပုံဖော် ဖန်တီးခဲ့ရသောကြောင့် ဖြစ်နိုင်ပြီး သူက လုပ်ဆောင်ပုံနှင့် အဆင့်များကို အပြည့်အဝ သိရှိထားသဖြင့် ကျင့်ကြံခြင်းမှာ အလွန် ချောမွေ့နေခြင်း ဖြစ်သည်။ ချန်ဖေးက ယွမ်ချန်ကြယ်စင် ဓားခန္ဓာ ၏ ကျင့်စဉ်ကို အထွတ်အထိပ် အဆင့်ထိ အချိန်ကြာမြင့်စွာကတည်းက ကျွမ်းကျင်ထားပြီး ဖြစ်သကဲ့သို့ပင် ဖြစ်၏။

ချန်ဖေး၏ အသားများက ကျင့်စဉ် ၏ လုပ်ဆောင်မှုကြောင့် အနည်းငယ် တုန်ခါလာပြီး ထက်မြက်သော ချီစွမ်းအင် တစ်ခုက ချန်ဖေး၏ ခန္ဓာကိုယ် ပတ်လည်မှ ထွက်ပေါ်လာသည်။

ဤထက်မြက်မှုက သတ်ဖြတ်ခြင်းဓားသွား ဓားသိုင်း နှင့် ဆင်တူသော်လည်း အသေးစိတ် အချက်အလက်များမှာ လုံးဝ ကွာခြား၏။ ယွမ်ချန်ကြယ်စင် ဓားခန္ဓာက ချန်ဖေး၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအား အားလုံးကို ထိန်းသိမ်းထားရန် ကြိုးစားနေသည့် ခွက်တစ်ခုနှင့် တူသည်။ ယွမ်ချန် ဓားကျမ်းစာ ၏ ယေဘုယျ လမ်းညွှန်ချက်များအရ ယွမ်ချန်ကြယ်စင် ဓားခန္ဓာမှာ ကျင့်စဉ် တစ်ခုလုံး၏ အခြေခံအကျဆုံး အစိတ်အပိုင်း ဖြစ်ပြီး အခြေခံအုတ်မြစ်လည်း ဖြစ်၏။

ယခင်က ချန်ဖေးက အမွေအနှစ် ကျင့်စဉ် ခြောက်ခုကို ပေါင်းစပ်ရာတွင် ကျုံးယွမ် ဓားသိုင်း နှင့် ရေကျောက်စိမ်း ဓားသိုင်း တို့ကို ကျင့်စဉ် များ၏ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့ပြီး ကျင့်စဉ် ခြောက်ခုကို သဟဇာတဖြစ်စွာ ပေါင်းစပ်နိုင်စေခဲ့သည်။

ဤပေါင်းစပ်မှုက ပြဿနာ မရှိသော်လည်း အနည်းငယ် ပို၍ အလယ်အလတ်ကျ၏။ အဘယ်ကြောင့်ဆိုသော် ကျုံးယွမ် ဓားသိုင်း နှင့် ရေကျောက်စိမ်း ဓားသိုင်း တို့က ကျင့်စဉ် များကြားရှိ ပဋိပက္ခများကို ဟန်ချက်ညီစေရန်နှင့် သန့်စင်ပေးရန် လိုအပ်သောကြောင့် ဖြစ်သည်။

ဤအရာ၏ ရလဒ်တစ်ခုမှာ ချန်ဖေး အနေဖြင့် ကျင့်စဉ် အမျိုးမျိုး အကြားတွင် အားထုတ်မှု အချို့ ပြုလုပ်ရန်နှင့် အပေးအယူများ ပြုလုပ်ရန် လိုအပ်ခြင်းပင် ဖြစ်၏။

ဤအခိုက်အတန့်တွင် ယွမ်ချန်ကြယ်စင် ဓားခန္ဓာ ကို ကျင့်ကြံနေစဉ် ချန်ဖေး၏ ခန္ဓာကိုယ် အတွင်းရှိ အခြား ကျင့်စဉ် ခြောက်ခုက အစစ်အမှန် အခြေခံအုတ်မြစ် တစ်ခုကို ရှာတွေ့သွားပုံ ရသည်။ ယခင်က ချန်ဖေး၏ စွမ်းအင်များကို လိုအပ်ခဲ့သော ဟန်ချက်ညီမှု ပြဿနာက အလိုအလျောက် ဖြေရှင်းချက် တစ်ခုကို ရှာတွေ့သွားပုံ ရပြီး အကောင်းဆုံး ဖြေရှင်းချက်ပင် ဖြစ်၏။ အရာအားလုံးက သဘာဝကျကျ စီးဆင်းနေပြီး လုံးဝ ဟန်ချက်ညီနေသည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက် ကြာသောအခါ ချန်ဖေး၏ ချီစွမ်းအင်များက ဆက်လက် မြင့်တက်လာပြီး အရှိန်အဟုန်နှင့်အတူ သူ၏ ဒွာရ များက နောက်ထပ် တစ်ခု ထပ်မံ ပွင့်လာကာ ၁၀၇ ခု အဆင့်သို့ ရောက်ရှိသွား၏။

ယွမ်ချန် ဓားကျမ်းစာ သတ္တမအလွှာ။

ချန်ဖေးက ကြိုတင်၍ အထွတ်အထိပ်သို့ ကျင့်ကြံထားပြီး ဖြစ်သော်လည်း လိုအပ်နေသည့် တစ်ခုတည်းသော အရာမှာ ယွမ်ချန်ကြယ်စင် ဓားခန္ဓာ ပင် ဖြစ်၏။

ယခုအခါ ယွမ်ချန်ကြယ်စင် ဓားခန္ဓာ ကို မည်သည့် အဟန့်အတားမျှ မရှိဘဲ ကျင့်ကြံနိုင်ပြီး လုံလောက်သော ဆေးလုံးများ ထောက်ပံ့ပေးမှုဖြင့် ဒွာရ များက ချက်ချင်း ပွင့်ထွက်လာသည်။ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားများက ချန်ဖေး၏ ခန္ဓာကိုယ် အတွင်း၌ အဆက်မပြတ် မြင့်တက်လာပြီး ယွမ်ချန်ကြယ်စင် ဓားခန္ဓာ အထွတ်အထိပ် ၏ သဘောတရားကို ပို၍ ထင်ရှားလာစေ၏။

ယွမ်ချန်ကြယ်စင် ဓားခန္ဓာ က ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် တစ်ခု ဖြစ်ပြီး ချန်ဖေး အနေဖြင့် ယွမ်ချန်ကြယ်စင် ဓားခန္ဓာ ကို ကျင့်ကြံပါက ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုက တိုးတက်လာသင့်သည်ဟု ဆိုရမည် ဖြစ်သည်။

သို့သော်လည်း လက်တွေ့တွင် ယွမ်ချန်ကြယ်စင် ဓားခန္ဓာ က ချန်ဖေး၏ အတွင်းအားများကို ပို၍ ပြည့်ဝလာစေသော်လည်း သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက လုံးဝ တိုးတက်မလာခဲ့ပေ။

နဂါးဆင်နှိမ်နင်းခြင်း က ချန်ဖေး၏ ခန္ဓာကိုယ်ကို အဆင့်သစ် တစ်ခုသို့ မြှင့်တင်ပေးထားပြီ ဖြစ်၏။ ယွမ်ချန်ကြယ်စင် ဓားခန္ဓာ က ထူးခြားပြောင်မြောက်သော်လည်း နဂါးဆင်နှိမ်နင်းခြင်း နှင့် နှိုင်းယှဉ်ပါက များစွာ အားနည်းနေသေးသည်။

ရုပ်ပိုင်းဆိုင်ရာ ခွန်အားက တိုးတက်မလာသော်လည်း ယွမ်ချန်ကြယ်စင် ဓားခန္ဓာ က ချန်ဖေးအား ဓားသိုင်းကျင့်ကြံသူ၏ ဝိသေသလက္ခဏာများစွာကို ပေးစွမ်းခဲ့၏။

ထက်မြက်သော၊ စူးရှသော၊ အလွန် မြန်ဆန်သော ဓားဆန္ဒ ၏ စွမ်းအားက သဘာဝကျစွာ တိုးတက်လာသည်။

စတုတ္ထမြောက်၊ ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် နေ့များတွင် လုံလောက်သော သယံဇာတများဖြင့် ချန်ဖေးက ဂျယ်လီစေ့များ စားသကဲ့သို့ ဆေးလုံးများကို အလွယ်တကူ စားသောက်ခဲ့၏။

မိမိ၏ ကျင့်ကြံမှုကို မြှင့်တင်ရန် ဆေးလုံးများကို လွတ်လပ်စွာ စားသောက်နိုင်ခြင်းမှာ တကယ်ကို ကောင်းချီး တစ်ခုဟု ဆိုရမည် ဖြစ်သည်။ အကယ်၍ ဤလုံလောက်သော ဆေးလုံးများသာ မရှိပါက ချန်ဖေး အနေဖြင့် ယခုကဲ့သို့ ဒွာရ တစ်ခုကို အလွယ်တကူ ဖွင့်လှစ်နိုင်မည် မဟုတ်ချေ။

ဆဋ္ဌမမြောက်နေ့ ရောက်ရှိလာသည်နှင့်အမျှ နောက်ဆုံး ဒွာရ က ပြင်းထန်စွာ တုန်ခါလာ၏။ ယခင်က မည်သည့် ဒွာရ နှင့်မဆို နှိုင်းယှဉ်ပါက ဤနောက်ဆုံး ဒွာရ က ဖွင့်ရန် ခက်ခဲလှသည်။ ချန်ဖေးက သူ၏ မူလစွမ်းအားနှင့် စိတ်ကို ဒွာရ၏ ပတ်လည်တွင် အဆက်မပြတ် လှည့်ပတ်နေစေသော်လည်း ယင်းကို သက်ဝင်လှုပ်ရှားစေရန် ခက်ခဲပုံရ၏။

အနည်းငယ် ပို၍ အားစိုက်လိုက်လျှင်တောင် ဤနောက်ဆုံး ဒွာရ က ညှစ်ခြေခံရပြီး အက်ကွဲသွားတော့မည့်အလား ခံစားရသည်။ ခံနိုင်ရည်ရှိခြင်းနှင့် ကျိုးပဲ့လွယ်ခြင်း ဟူသော အလွန် ဆန့်ကျင်ဘက်ဖြစ်သော ခံစားချက် နှစ်ခုက တစ်ပြိုင်နက်တည်း ပေါ်ထွက်လာ၏။

ချန်ဖေးက လောတကြီး မလုပ်ဘဲ မူလစွမ်းအားကို အသုံးပြု၍ ဒွာရ ကို ဆေးကြောကာ မည်သည့် ထိခိုက်မှုမျှ မဖြစ်စေဘဲ တစ်စတစ်စ ညှစ်ထုတ်နေ၏။ အသေးစိတ် အချက်အလက်များအပေါ် အသေအချာ ဂရုစိုက်မှုက အထွတ်အထိပ် သို့ ရောက်ရှိနေသည်။ ထို့အပြင် ချန်ဖေး၏ ပြီးပြည့်စုံပြီးသား စိတ်စွမ်းအားကြောင့် ထိုအဆင့်ကို လွယ်ကူစွာပင် ထိန်းချုပ်နိုင်ခဲ့သည်။

‘ကျင့်စဉ် အထွတ်အထိပ်၊ စိတ် အထွတ်အထိပ်’

ဤနောက်ဆုံး ဒွာရ ကို ဖွင့်လှစ်ခြင်းက အခြားသူများ အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်နိုင်သော်လည်း ချန်ဖေး အတွက်မူ အရာအားလုံးက သဘာဝကျကျ ဖြစ်ပေါ်နေခြင်းမျှသာ ဖြစ်သည်။ အများဆုံး အချိန်အနည်းငယ် ပို၍ ကြာမည်ဖြစ်ပြီး ချန်ဖေးက ထိုအချိန်များကို အလဟဿ ဖြုန်းတီးရန် တတ်နိုင်၏။

သတ္တမမြောက်နေ့ ညနေပိုင်းတွင် အဆက်မပြတ် ဆန့်ကျင်ဘက် အခြေအနေတွင် ရှိနေသော ဒွာရ က နောက်ဆုံးတွင် သေးငယ်သော အက်ကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ ချန်ဖေး၏ မူလစွမ်းအားနှင့် စိတ်က အခွင့်အရေးကို ဆုပ်ကိုင်၍ ချက်ချင်းပင် ဒွာရ အတွင်းသို့ ဝင်ရောက်သွား၏။ ၁၀၈ ခုမြောက် ဒွာရ က နောက်ဆုံးတွင် စတင် ပွင့်လာပြီ ဖြစ်သည်။

ချန်ဖေး၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ ယွမ်စွမ်းအင်များက ဆွဲသွင်းခံလိုက်ရပြီး ရုတ်တရက် ဆူပွက်လာကာ သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဒွာရ ၁၀၈ ခုက ချိတ်ဆက်သွားသလို ခံစားလိုက်ရ၏။ ဤခံစားချက်ကို ချန်ဖေးက အလွန် ရင်းနှီးကျွမ်းဝင်နေပြီး ဒွာရ ၃၆ ခုနှင့် ၇၂ ခု ချိတ်ဆက်စဉ်က ပေါ်ထွက်ခဲ့ဖူးသည်။ ယခုအခါ ဒွာရ ၁၀၈ ခုဖြင့် ထိုခံစားချက်က ပြန်လည် ပေါ်ထွက်လာပြန်၏။

ချန်ဖေးက ဤဒွာရ ၁၀၈ ခုကို အတူတကွ ပေါင်းစပ် ပြီးစီးသွားသရွေ့ သူက ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့် သို့ အမှန်တကယ် ရောက်ရှိသွားမည် ဖြစ်သည်။ ဤသည်က ဒွာရပေါင်းစည်းခြင်း အဆင့် အောက်တွင် အစွမ်းထက်ဆုံးသော အခြေအနေ ဖြစ်လာမည် ဖြစ်ပြီး ဒွာရပေါင်းစည်းခြင်း အဆင့် သို့ တက်လှမ်းရန် ပဏာမ ပြင်ဆင်မှုလည်း ဖြစ်၏။

ဒွာရ များကို ချိတ်ဆက်ထားသော အခြေအနေနှင့် ရင်းနှီးကျွမ်းဝင်စေခြင်းဖြင့်သာ ဒွာရ များ အားလုံးကို ပေါင်းစည်းရန်နှင့် ဒွာရပေါင်းစည်းခြင်း ၏ အဆုံးစွန်သော နက်နဲမှုကို ရရှိရန် ဖြစ်နိုင်ပေမည်။

ချန်ဖေး၏ မျက်လုံးများက ပွင့်လာပြီး လက်သင်္ကေတများ ပြုလုပ်လိုက်၏။

"သက်ဝင်လှုပ်ရှားစေ!"

ယွမ်ချန် ဓားကျမ်းစာ တွင် မှတ်တမ်းတင်ထားသော ဒွာရ ၁၀၈ ခု ချိတ်ဆက်ခြင်း ဂါထာများက ခန္ဓာကိုယ် အတွင်း၌ မြင့်တက်လာပြီး ဒွာရ များ အားလုံးက အနည်းငယ် တုန်ခါလာကြသည်။ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် တွင် ဒွာရ ၇၂ ခုက ကြာမြင့်စွာကတည်းက ချိတ်ဆက်ပြီး ဖြစ်ကာ ယခု တာဝန်မှာ ကျန်ရှိနေသော ဒွာရ ၃၆ ခုကို အလုံးစုံ အတွင်းသို့ ပေါင်းစပ်ရန် ဖြစ်၏။

မူလစွမ်းအား လမ်းကြောင်း တစ်ခုက ဒွာရ ၇၂ ခုမှတစ်ဆင့် စီးဆင်းသွားပြီးနောက် အစွမ်းထက်သော ခွန်အားဖြင့် ပေါက်ကွဲထွက်လာကာ ၇၃ ခုမြောက် ဒွာရ ဆီသို့ ပြေးဝင်သွားသည်။ တားဆီး၍ မရနိုင်သော အရှိန်အဟုန်ဖြင့် ၇၃ ခုမြောက် ဒွာရ အတွင်းရှိ မူလစွမ်းအားများက အနည်းငယ်မျှပင် မရပ်တန့်ဘဲ ၇၄ ခုမြောက်ဆီသို့ ပြေးဝင်သွား၏။

တစ်ခုပြီးတစ်ခု၊ မျက်စိတစ်မှိတ် အတွင်းမှာပင် ဒွာရ ၉၀ ခု၏ မူလစွမ်းအားများ ချိတ်ဆက်သွားပြီ ဖြစ်သည်။ ဤအဆင့်တွင် ချိတ်ဆက်မှု အမြန်နှုန်းက များသောအားဖြင့် နှေးကွေးသွားတတ်ပြီး ဤသည်က ကိုယ်ပိုင် အခြေခံအုတ်မြစ်ကို စမ်းသပ်သည့် အချိန်ဖြစ်၏။

ချန်ဖေး၏ အခြေခံအုတ်မြစ်က မည်မျှခိုင်မာသနည်း။

သို့မဟုတ် ပြောရမည်ဆိုလျှင် ယွမ်ချန်ဓားကျမ်းစာမှ ဒွာရ ၁၀၈ ခု ဖွင့်ရန် ကျင့်ကြံထားသည့် အခြေခံအုတ်မြစ်သည် မည်သည့်အဆင့်မျိုး ဖြစ်မည်နည်း။

ကျင့်စဉ် ၇ ခု၊ ယွမ်ချန် ဓားကျမ်းစာ ၏ ကျင့်ကြံရသည့် အခက်အခဲက တူညီသော အဆင့်ရှိ အခြား ကျင့်စဉ် များထက် များစွာ ပို၍ မြင့်မား၏။ သို့သော် ဤအခက်အခဲက ကျင့်ကြံပြီးသည်နှင့် အမှန်တကယ် အကျိုးအမြတ်များ စတင် ပေးလာမည် ဖြစ်သည်။

‘၉၁... ၉၂... ၉၃...!’

အခြားသူများတွင် အဟန့်အတားများ ရှိနိုင်သော်လည်း ချန်ဖေး အတွက်မူ ယွမ်ချန် ဓားကျမ်းစာ ၏ ရှေ့တွင် ထိုသို့သော အဟန့်အတားများ ဖြစ်ပေါ်ရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် ချန်ဖေး၏ ဝိညာဉ်စွမ်းအားက ကြာမြင့်စွာကတည်းက အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဒွာရ နှင့် စိတ်ဝိညာဉ် နှစ်ခုစလုံးက ပြီးပြည့်စုံနေကာ ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့် သို့ အောင်မြင်စွာ ရောက်ရှိရန်မှာ မလွဲမသွေ ဖြစ်၏။

"ဝှစ်!"

ဒွာရ ၁၀၈ ခု၏ မူလစွမ်းအားများက ချက်ချင်း ချိတ်ဆက်သွားပြီး ချန်ဖေး၏ ခန္ဓာကိုယ် အတွင်း၌ အသစ်စက်စက် အလုံးစုံ တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ပြီးပြည့်စုံမှုက ပေါင်းစည်းသွားပြီး မသိမသာဖြင့် သူ၏ ကောင်းကင်နှင့်မြေကြီး အပေါ် သိမြင်နားလည်နိုင်စွမ်းက အလွန် ရှင်းလင်းလာ၏။

‘ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့်.. ရောက်သွားပြီ!’

ချန်ဖေးက သူ၏ ခန္ဓာကိုယ် အတွင်းရှိ ပြောင်းလဲမှုများကို တစ်ခဏမျှ အာရုံခံလိုက်ပြီး သူ နောက်ဆုတ်ရန် ပြင်လိုက်စဉ်မှာပင် ပုံမှန်အားဖြင့် တည်ငြိမ်နေသော နဂါးဆင်နှိမ်နင်းခြင်း က ရုတ်တရက် စတင် တုန်ခါလာသည်။

နဂါးဆင်နှိမ်နင်းခြင်း ၏ ခန္ဓာကိုယ် ဖိနှိပ်ခြင်း က တစ်ပြိုင်နက်တည်း အလုပ်လုပ်လာပြီး ချန်ဖေး၏ သွေးများကို ချက်ချင်း ဆူပွက်လာစေကာ ဒွာရ အထွတ်အထိပ် ၏ အဆက်မပြတ် လှုံ့ဆော်မှု အောက်တွင် နဂါးဆင်နှိမ်နင်းခြင်း နှင့် နတ်ဘုရားဖိနှိပ်ခြင်း သဏ္ဍာန် ၏ ကျွမ်းကျင်မှုက ထိုးတက်သွား၏။

အထွတ်အထိပ် အဆင့် သို့ နီးကပ်နေပြီ ဖြစ်ရာ ယခုအခါ လျင်မြန်သော လှုပ်ရှားမှု တစ်ချက်တည်းဖြင့် ရုတ်တရက် အဆင့်တက်သွားသည်။

"ဒက်!"

ဝိညာဉ် အတွင်းနှင့် ခန္ဓာကိုယ် အတွင်း၌ သို့မဟုတ် လေဟာနယ် အတွင်း၌ တုန်ခါမှု တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ဒွာရ တစ်ခုက ချန်ဖေး၏ ခန္ဓာကိုယ် အတွင်း၌ ဖြည်းညင်းစွာ ပေါ်ထွက်လာ၏။

All Chapters