← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အပိုင်း ၂၁

စီအန်း ဘုရားကျောင်း။

မယ်တော်ကြီးသည် မျက်လုံးများကို မှေးစင်းကာ သံဃာတော်များ၏ ပရိတ်ရွတ်သံကို နားထောင်နေခဲ့သည်။

ယခုနှစ်တွင် တိုင်းပြည်အတွင်း ဘေးဒုက္ခများ ကျရောက်နေသဖြင့်၊ သူမသည် စီအန်း ဘုရားကျောင်းသို့ လာရောက်ကာ ဆုတောင်းခြင်း၊ ပိဋကတ်တော်များ ကူးယူခြင်းနှင့် သက်သတ်လွတ် စားသုံးခြင်းတို့ဖြင့် မြတ်စွာဘုရားမှ တချီပြည်ကြီးအား ရာသီဥတု ကောင်းမွန်စေရန် ဆုတောင်းပေးနေခဲ့ခြင်းဖြစ်သည်။

သူမသည် နိုဝင်ဘာလဆန်းအထိ ထိုနေရာ၌ နေထိုင်ခဲ့သည်။ ယခုအခါ ဒီဇင်ဘာလတွင် နန်းတော်သို့ ပြန်ရန် စီစဉ်နေခဲ့ပြီဖြစ်သည်။

အန္တရာယ်ကင်း လက်ဖွဲ့များစွာကို ရရှိထားပြီး၊ ၎င်းတို့က သူမ၏ သားသမီး မြေးမြစ်များ၏ ကျန်းမာရေးနှင့် ပျော်ရွှင်မှုကို ကာကွယ်ပေးလိမ့်မည်ဟု ယုံကြည်နေသည်။

ဝတ်ပြုဆုတောင်းပြီးနောက် မယ်တော်ကြီးသည် သူ၏အဆောင်သို့ အနားယူရန် ပြန်လာခဲ့၏။

သူမ လက်ဖက်ရည် တစ်ငုံသောက်လိုက်စဉ်မှာပင် ‌‌အထိန်းတော်လီ ရောက်ရှိလာခဲ့ပြီး၊ သူမ၏မျက်နှာမှာ ဖြူဖျော့ကာ သိသိသာသာ တုန်လှုပ်နေလေသည်။

မယ်တော်ကြီးထံတွင် ဆယ်စုနှစ်နှင့်ချီ၍ အမှုထမ်းခဲ့သဖြင့် အထိန်းတော်လီမှာ လောကဓံကို ခံနိုင်ရည်ရှိသူ ဖြစ်သော်လည်း၊ မြို့တော်မှ သတင်းတစ်ခုခုက သူမကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပုံရသည်။

မယ်တော်ကြီး၏ ဘေးတွင်ရပ်နေသော အထိန်းတော် ကျိုးက မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှမပြောဘဲ နေလိုက်သည်။

မယ်တော်ကြီး၏ ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရ၏။ "မြို့တော်က သတင်းတွေ ရောက်လာပြီလား"

အထိန်းတော် လီသည် ဒူးထောက်ကျလိုက်ပြီး ငိုသံကို ထိန်းထားရှာသည်။ "မယ်တော်ကြီး... သခင်ကြီး ကွပ်မျက်ခံလိုက်ရပါပြီ"

သခင်ကြီး ဟုတ်လား။ မယ်တော်ကြီး၏ လက်အစုံမှာ တင်းကျပ်သွားပြီး လက်ထဲမှ ပုတီးလုံးများမှာ ပြတ်ကျကာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။

"ဒါ တကယ်ပဲလား။ ဘယ်တုန်းက ဖြစ်သွားတာလဲ"

အထိန်းတော် လီမှာ ကုမိသားစုမှ လာသူဖြစ်ပြီး၊ သူမ၏ အငယ်ဆုံးသားမှာလည်း မြို့စားမင်းထံတွင် အမှုထမ်းနေသူဖြစ်သည်။ သူမ၏ သစ္စာရှိမှုမှာ ပင်မမိသားစုဘက်သို့ အမြဲတမ်း ရှိနေခဲ့၏။

သူမ ရရှိခဲ့သော သတင်းမှာ သူမ၏သားသည်လည်း မြို့စားမင်း၏ ပြစ်မှုများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ပြစ်ဒဏ်စီရင်ခြင်း ခံခဲ့ရပြီး၊ ကောင်းမွန်စွာ သင်္ဂြိုဟ်ခွင့်ပင် မရရှိခဲ့ချေ။

သူမသား၏ ကံကြမ္မာကို တွေးမိရင်း သူမမှာ အလွန်ပင် ဝမ်းနည်းကြေကွဲနေခဲ့ရသည်။ ဧကရာဇ်က တကယ့်ကို ရက်စက်လှချည်လား! ဩဇာကြီးသော မိသားစုများ မြေသိမ်းယူကြသည်မှာ မြို့တော်တွင် သာမန်ကိစ္စသာ ဖြစ်သည်။ သူမ၏သားမှာ အခြားသူများ လုပ်ဆောင်သလိုသာ လုပ်ခဲ့ခြင်းဖြစ်ရာ ဘာကြောင့် သေဒဏ်ပေးခံရရပါသနည်း။

သူမ၏ အသံမှာ နာကျင်မှုများဖြင့် တုန်ရီနေခဲ့သည်။ "ဧကရာဇ်က သခင်ကြီးကို လွန်ခဲ့တဲ့ နှစ်လကတည်းက စွဲချက်တင်ခဲ့တာပါ။ လွန်ခဲ့တဲ့ လဝက်လောက်က ခေါင်းဖြတ်ကွပ်မျက်ခံလိုက်ရပါပြီ။ ဒါကို ဒီအ‌စေခံတို့ကို ဖုံးကွယ်ထားခဲ့ကြတာ"

မြို့တော်မှ ရိက္ခာများ စီအန်း ဘုရားကျောင်းသို့ ပုံမှန်ရောက်ရှိသော်လည်း၊ ထိုကိစ္စကို တစ်ခွန်းမျှ မဟခဲ့ကြပေ။ ပင်မမိသားစုမှ အစေခံများက သတင်းများ ပေးပို့ခဲ့သည်ဟု ဆိုသော်လည်း သူမထံသို့ တစ်စောင်မျှ မရောက်ရှိခဲ့ချေ။ ယခုတစ်ကြိမ်တွင်မူ မြို့စားကတော်က အစေခံတစ်ဦးကို သံဃာအဖြစ် အသွင်ပြောင်းကာ စာကို ခိုးဝင်ပေးခိုင်းခဲ့ခြင်း ဖြစ်သည်။

မယ်တော်ကြီး၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားခဲ့သည်။ သူမသည် သူမ၏မောင်ကို တစ်ခါမျှ မျက်နှာသာမပေးခဲ့သော်လည်း၊ သူသေဆုံးသွားသည့် သတင်းမှာ သူမကို မမျှော်လင့်ဘဲ ဝမ်းနည်းစေခဲ့သည်။

အထိန်းတော် လီက စာတစ်စောင်ကို ထုတ်ပေးလိုက်သည်။ "မယ်တော်ကြီး... ဒါ မြို့စားကတော် ပေးလိုက်တဲ့ စာပါ"

အထိန်းတော် ကျိုးက ကြားဖြတ်ပြောလိုက်၏။ "မယ်တော်ကြီး... ကျွန်တော်မျိုးမ အရင် စစ်ကြည့်ပါရစေဦး"

အထိန်းတော် လီက သူမကို ဒေါသတကြီး ကြည့်လိုက်သော်လည်း၊ အထိန်းတော် ကျိုးက ဂရုမစိုက်ဘဲ စာတွင် တစ်စုံတစ်ရာ ပါဝင်ခြင်း ရှိမရှိ သေချာစစ်ဆေးပြီးမှ မယ်တော်ကြီးထံ ကမ်းပေးလိုက်သည်။

မယ်တော်ကြီးသည် စာကို ဖတ်ကြည့်ရင်း အသက်ရှူသံများ ပြင်းထန်လာခဲ့သည်။ "ပစ္စည်းတွေ သိမ်းကြတော့။ ငါတို့ အခုချက်ချင်း နန်းတော်ကို ပြန်မယ်"

သူမ မရှိခိုက်မှာ ကိစ္စတွေ အများကြီး ဖြစ်ခဲ့တာပဲ! ဒီယွီကျဲယွီက ဘယ်သူလဲဆိုတာကို သူမ ကိုယ်တိုင် သွားကြည့်မှ ရတော့မည်။

.....

နောက်ထပ် ခမ်းနားထည်ဝါသော ညီလာခံတစ်ခု ကျင်းပပြန်သည်။

ညီလာခံအစည်းအဝေး ပြီးဆုံးခါနီးအချိန်တွင်၊ ဖေးလင်ယွဲ့သည် သူ၏မျက်နှာတွင် ရွှင်ပျသောအပြုံးတစ်ခုဖြင့် နဂါးပလ္လင်ပေါ်မှ ထလိုက်သည်။

"အမတ်မင်းတို့၊ ငါကိုယ်တော်နှင့်အတူ အရှေ့ဘက်ဥယျာဉ်တော်ဆီ လိုက်ခဲ့ကြ"

အမတ်များမှာ ဧကရာဇ်မင်းမြတ်၏ စိတ်ထဲတွင် မည်သည့်အစီအစဉ်ရှိနေသည်ကို မသိသဖြင့် တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်လိုက်ကြသည်။ သို့သော် သူ၏မျက်နှာ အမူအရာအရဆိုလျှင် တစ်ခုခုတော့ ကောင်းလိမ့်မည် မဟုတ်ပါလား။

သူတို့ ဖေးလင်ယွဲ့၏ နောက်မှ လိုက်ပါသွားကြသည်။

ဖေးချီယန်သည် ဧကရာဇ်၏ နောက်မှ တစ်လှမ်းအကွာတွင် လိုက်ပါလာပြီး၊ ယနေ့တွင် အဝါတောက်တောက် အိမ်ရှေ့စံ ညီလာခံဝတ်စုံကို ဝတ်ဆင်ထားသည်—ထိုအရောင်မှာ ဧကရာဇ်၏ နဂါးဝတ်ရုံထက် အနည်းငယ် ပိုဖျော့သော်လည်း၊ ယင်းပေါ်တွင် ပန်းထိုးထားသော ခြေသည်းငါးခုပါ နဂါးများမှာ မည်သည့်အချိန်တွင်မဆို ကောင်းကင်သို့ ပျံတက်တော့မည့်အလား အသက်ဝင်လှသည်။

သူ၏ခမည်းတော်က သူတို့ကို အရှေ့ဘက်ဥယျာဉ်တော်သို့ ခေါ်ဆောင်သွားရသည့် အကြောင်းရင်းကို သူသိလေသည်—၎င်းမှာ ဝါဂွမ်း ကိစ္စပင် ဖြစ်၏။ ဤအရာမှာလည်း ယွီမြောင်ဟွာ ရှာဖွေတွေ့ရှိခဲ့သည့် အံ့ဖွယ်အပူထိန်းပစ္စည်းတစ်ခုပင် ဖြစ်သည်။

ယွီမြောင်ဟွာ။

ထိုအမည်နာမမှာ သူ၏စိတ်ထဲတွင် တစ်ဖန်ပြန်လည် ပေါ်လာပြန်သည်။ လွန်ခဲ့သောတစ်နှစ်ကသာ တစ်စုံတစ်ယောက်က အမျိုးသမီးတစ်ဦးတည်းကြောင့် တချီပြည်ကြီးတွင် ကမ္ဘာပျက်မတတ် ပြောင်းလဲမှုများ ဖြစ်လာလိမ့်မည်ဟု ပြောခဲ့ပါက၊ သူသည် ယင်းကို စိတ်ကူးယဉ်မှုသက်သက်အဖြစ်သာ ပယ်ချခဲ့မိပေလိမ့်မည်။

သို့သော်လည်း၊ ထိုသို့သောအရာမှာ ငြင်းမရနိုင်အောင်ပင် အမှန်တကယ် ဖြစ်ပျက်လာခဲ့လေပြီ။

သူ၏ခမည်းတော်က ယွီမြောင်ဟွာအပေါ် အထူးမျက်နှာသာပေးမှုကို သူနားလည်နိုင်သည်—သူမသည်လည်း ထိုသို့သော ဆက်ဆံမှုနှင့် တကယ်ပင် ထိုက်တန်ပေသည်။

သို့ပေမဲ့လည်း…

သူ၏စိတ်ထဲတွင် ငယ်ဘဝမှ မြင်ကွင်းတစ်ခု ပြန်လည်ပေါ်လာပြီး၊ သူ၏ခန့်ညားသော မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်အချို့ ဖြတ်ပြေးသွားသည်။

["ကျေးဇူးပါ! ကျွန်မရဲ့ စွန်ကို ဖမ်းပေးတဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ရှင်နဲ့ လက်ထပ်ပါ့မယ်! ရှင့်ကို ကျွန်မရဲ့ ရှစ်ယောက်မြောက် ကိုယ်လုပ်တော်အဖြစ် ခန့်အပ်ပါတယ်!"]

အကယ်၍သာ ယွီမြောင်ဟွာ၏ နောက်ကြောင်းကို စုံစမ်းမကြည့်ခဲ့ပါက၊ သူမကို ထိုအချိန်က မိန်းကလေးငယ်လေးနှင့် လုံးဝ ဆက်စပ်မိမည်မဟုတ်ပေ။ သူမသည် ကြီးပြင်းလာပြီး ‌‌တော်ဝင်သို့ ရောက်ရှိလာကာ ခမည်းတော်၏ မျက်နှာသာပေးခံရသော ကိုယ်လုပ်တော် ဖြစ်လာလိမ့်မည်ဟုလည်း သူ စိတ်ကူးမိမည် မဟုတ်ပေ။

ဒါက သူမ ကျေးဇူးဆပ်တဲ့ နည်းလမ်းလား။

တကယ်ကို အံ့ဩစရာပင်။

အမှန်တရားမှာ ဖေးချီယန်သည် သူမအနေဖြင့် ထိုကိစ္စကို မေ့လျော့သွားပြီဟုသာ ပို၍ ယုံကြည်နေသည်။ သူကိုယ်တိုင်ပင်လျှင်—မကြာသေးမီက ကိုယ်လုပ်တော်များ သစ်ပင်တက်သည့် မြင်ကွင်းကိုသာ မမြင်ခဲ့ရပါက၊ ထိုအမှတ်တရကို အတိတ်တွင် မြှုပ်နှံထားမိပေလိမ့်မည်။

အချို့သောအရာများကို မေ့ပျောက်ထားခြင်းကသာ ပိုကောင်းပေသည်။

ဖေးချီယန်သည် သူ၏အတွေးများကို ပြန်လည်စုစည်းလိုက်ပြီး၊ သူ၏တည်ကြည်သော မျက်နှာအမူအရာတွင် မည်သည့်ခံစားချက်မျှ ပေါ်မလာစေရန် ထိန်းသိမ်းထားလိုက်သည်။

မကြာမီမှာပင် သူတို့သည် အရှေ့ဘက်ဥယျာဉ်တော်သို့ ရောက်ရှိလာကြသည်။

အရှေ့နှင့် အနောက် ဥယျာဉ်တော်နှစ်ခုလုံးမှာ ‌‌တော်ဝင်အပန်းဖြေစခန်းများဖြစ်ပြီး၊ တော်ဝင်မိသားစုဝင်များ အပန်းဖြေရန်အတွက် အသုံးပြုလေ့ရှိသည်။

ချန်ပါ စပါးနှင့် ဝါဂွမ်းအကြောင်း သိရှိပြီးနောက်၊ ဖေးလင်ယွဲ့သည် ၎င်းတို့ကို စိုက်ပျိုးရန် နန်းတော်အတွင်း၌ မြေကွက်တစ်ကွက် သတ်မှတ်ပေးလိုခဲ့သည်။ နောက်ဆုံးတွင် သူသည် အရှေ့ဘက်ဥယျာဉ်တော်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော လဝက်က လိုင်ဝူ နယ်စားမင်းသည် ရှန်ယွဲ့တိုင်းပြည်မှ ဝါဂွမ်းများကို အောင်မြင်စွာ ရရှိခဲ့ပြီး၊ မြို့တော်သို့ ပမာဏအတော်အတန် သယ်ဆောင်လာနိုင်ခဲ့သည်။ ထို့ပြင် ဧကရာဇ်၏ လျှို့ဝှက်အမိန့်အရ သူသည် ဝါဂွမ်းလှည်းပေါင်းများစွာကိုလည်း စုဆောင်း သယ်ဆောင်လာခဲ့သည်။

ယွီမြောင်ဟွာ ပေးအပ်ထားသော ပုံစံကားချပ်များကို အသုံးပြု၍၊ ဖေးလင်ယွဲ့သည် ဝါကြိတ်စက်များနှင့် ခြေနင်းချည်ငင်စက်များကို တည်ဆောက်ရန် အမိန့်ပေးခဲ့သည်။

‌‌နန်းတွင်းအစေခံများသည် ချည်ငင်စက်များကို အသုံးပြုကာ ဂွမ်းထိုးအနွေးထည်များနှင့် ချည်ထည်များကို စတင်ထုတ်လုပ်နေပြီဖြစ်သည်။

ဝါဂွမ်းမှာ ရှားပါးရတနာတစ်ခုဖြစ်ကြောင်း ဖေးလင်ယွဲ့ သိထားသော်လည်း၊ ဂွမ်းထိုးအနွေးထည်ကို ကိုယ်တိုင်ဝတ်ဆင်ကြည့်ပြီးနောက်တွင်မူ သူသည် ၎င်း၏တန်ဖိုးကို လျှော့တွက်မိနေသေးကြောင်း သိရှိသွားခဲ့သည်။

ယခုအချိန်တွင် သူသည် ယွီမြောင်ဟွာနှင့် နတ်ဘုရားတို့၏ စကားပြောဆိုမှုများကို ကြားနိုင်စွမ်းရှိသည့်အတွက် အလွန်ပင် ကျေးဇူးတင်မိနေသည်။

ယခုအခါ သူသည် ဝါဂွမ်းနှင့် ချန်ပါ ဆန်ကို အသုံးပြု၍ သူမ၏ "နတ်သမီး" ဟူသော အမှတ်အသားကို ခိုင်မာအောင် လုပ်ဆောင်တော့မည်ဖြစ်သည်။

ဖေးလင်ယွဲ့သည် အုပ်စုကို ဝါဂွမ်းပင်များ စိုက်ပျိုးထားသည့် စိုက်ခင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ အကိုင်းအခက်များပေါ်မှ ဝါသီးများမှာ ပွင့်အာနေပြီး အတွင်းမှ ဖြူဖွေးနူးညံ့သော အမျှင်များကို တွေ့မြင်နေရသည်။

အမှန်စင်စစ်၊ ဝါဂွမ်းများကို လွန်ခဲ့သည့် နှစ်လကတည်းက ရိတ်သိမ်းနိုင်သော်လည်း၊ ဖေးလင်ယွဲ့သည် အမတ်များ ကိုယ်တိုင်မြင်တွေ့နိုင်စေရန် တမင်တကာ ချန်ထားခဲ့ခြင်း ဖြစ်သည်။

"ခမည်းတော်၊ ဒါက ဘာလဲဟင်" ဒုတိယမင်းသားက ပထမဆုံး မေးမြန်းလိုက်သည်။

သူ၏အကြည့်မှာ သူ၏နောင်တော်ထံသို့ မသိစိတ်ဖြင့် ရောက်သွားသည်၊ နောင်တော်၏ မျက်နှာတွင်မူ မည်သည့်ဝေခွဲမရသည့် ပုံစံမျှ မရှိပေ—သူ ကြိုတင်သိရှိထားပုံရသည်။

ထင်ထားသည့်အတိုင်းပင်၊ ခမည်းတော်သည် အိမ်ရှေ့စံကို မျက်နှာသာပေးပြီး မည်သည့်လျှို့ဝှက်ချက်မျှ ဖုံးကွယ်ထားခြင်း မရှိပေ။

ဖေးလင်ယွဲ့က တည်ကြည်စွာဖြင့် ပြောလိုက်သည်။ "ဒါက ဝါဂွမ်းပဲ။ ဒါကို အထည်အဖြစ် ရက်လုပ်လို့ရရုံတင်မကဘဲ၊ အအေးဒဏ်ကို ကာကွယ်ဖို့ ဂွမ်းထိုးအင်္ကျီတွေလည်း လုပ်လို့ရတယ်"

‌‌တော်ဝင်အစေခံတစ်ဦးသည် ဂွမ်းထိုးအင်္ကျီများနှင့် ချည်ထည်များကို ကိုင်ဆောင်ကာ ချဉ်းကပ်လာခဲ့သည်။

ဖေးလင်ယွဲ့သည် ရောက်ရှိနေသော အမတ်တစ်ဦးချင်းစီအား အနွေးထည် တစ်ထည်စီ ဝေငှပေးလိုက်သည်။

အမတ်များမှာ အင်္ကျီများကို ဝတ်ဆင်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့၏မျက်လုံးများမှာ အံ့အားသင့်မှုဖြင့် တောက်ပသွားကြသည်။

နွေးထွေးမှုအပိုင်းတွင် ဤအင်္ကျီများသည် သားမွှေးထည်များကို မမီနိုင်သော်လည်း၊ သားမွှေးမှာ ဈေးကြီးလှသဖြင့် သာမန်အရပ်သားများ လက်လှမ်းမမီနိုင်ပေ။ ဝါဂွမ်းကမူ ထိုသို့မဟုတ်ပေ! အကယ်၍သာ အများအပြား စိုက်ပျိုးနိုင်ပါက ဝတ်စုံပေါင်းများစွာအတွက် လုံလောက်သော အထည်များကို ထုတ်လုပ်နိုင်လိမ့်မည်။

သူတို့သည် ချည်ထည်ကို လက်ဖြင့် ပွတ်သပ်ကြည့်ကြသည်—ခိုင်ခံ့သော်လည်း နူးညံ့ကာ၊ ကြမ်းတမ်းသော လျှော်တေထည်များထက် များစွာ ပို၍ ကောင်းမွန်လှသည်။

"ဒီရတနာကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် အရှင်မင်းကြီးကို ဂုဏ်ယူဝမ်းမြောက်ကြောင်း လျှောက်တင်ပါတယ်။ အကယ်၍ ဝါဂွမ်းကို လူအများ စိုက်ပျိုးနိုင်အောင် လုပ်နိုင်မယ်ဆိုရင် တချီပြည်သူတွေအတွက် ကြီးမားတဲ့ ကောင်းကျိုးတွေ ဖြစ်ထွန်းလာမှာပါ"

"ဒီဝါဂွမ်းကို ဘယ်သူ ရှာတွေ့တာများလဲ"

ဒေသဆိုင်ရာ အရာရှိတစ်ဦးဦးက တိုက်တိုက်ဆိုင်ဆိုင် ရှာတွေ့ခဲ့ပြီး ဧကရာဇ်ထံ လျှို့ဝှက်တင်ပြခဲ့ခြင်းဖြစ်မည်ဟု သူတို့က ခန့်မှန်းကြသည်။ ထိုသူမှာ တကယ်ပင် ကံကောင်းလှသည်! ဝါဂွမ်းသည် တချီပြည်တစ်ဝန်း ပျံ့နှံ့သွားသည်နှင့်အမျှ၊ ထိုအရာရှိ၏အမည်မှာ သမိုင်းတွင် ကျန်ရစ်ပေတော့မည်။

ဘာလို့ သူတို့ဆီမှာ အဲဒီလို ကံကောင်းမှုမျိုး မရှိရတာလဲ။

ဖေးလင်ယွဲ့သည် ယွီမြောင်ဟွာ၏ အမည်ကို ချက်ချင်း ထုတ်မပြောဘဲ၊ အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကိုသာ ပြုံးနေခဲ့သည်။

ဟန်လင်းအကယ်ဒမီမှ ပညာရှိကြီး ရွှယ်ပင်းသည် သူ၏မျက်နှာအမူအရာကို ကြည့်ပြီးနောက်၊ ရုတ်တရက် လျှပ်စီးလက်သကဲ့သို့ အသိတစ်ခု ဝင်လာခဲ့သည်။

သူ၏မျက်လုံးများမှာ အနည်းငယ် ပြူးသွားကာ လွှတ်ခနဲ မေးလိုက်မိသည်။ "အဲဒါ... ကိုယ်လုပ်တော်ယွီလား"

အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက မအောင့်နိုင်ဘဲ ရယ်မောလိုက်၏။ "အမတ်မင်း ရွှယ်ရာ၊ ခင်ဗျားကတော့ အတွေးလွန်နေပြီ။ အဲဒါ ဒေသဆိုင်ရာ အရာရှိတစ်ယောက်ယောက် ဖြစ်မှာပါ။ ဘယ်လိုလုပ်ပြီး ကိုယ်လုပ်တော်ယွီ ဖြစ်နိုင်မှာလဲ"

ကိုယ်လုပ်တော်ယွီက ‌‌နန်းတော်ထဲမှာပဲ နေနေတာ၊ ဝါဂွမ်းကို ဘယ်မှာသွားရှာတွေ့မှာလဲ။

ရွှယ်ပင်းသည် သူမက သကြားဖြူနှင့် ကျောက်သကြား ထုတ်လုပ်နည်းများကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက်၊ သူမအပေါ် အလွန်အမင်း မျှော်လင့်ချက်များ ထားရှိနေခဲ့ပုံရသည်။

ဖေးလင်ယွဲ့က ကျေနပ်စွာ ပြုံးလိုက်၏။ "ဝါဂွမ်းကို ရှာတွေ့ခဲ့တာက ယွီကျဲယွီရဲ့ ကျေးဇူးကြောင့်ပါပဲ"

အမတ်များမှာ အံ့အားသင့်သွားကြသည်။ တကယ်ပဲ ကိုယ်လုပ်တော်ယွီနဲ့ ပတ်သက်နေတာလား။

ရွှယ်ပင်းကမူ သူ၏ထင်မြင်ချက် မှန်ကန်သွားသည့်အတွက် ကျေနပ်သွားသည်။ မျက်လုံးပြူးနေသော သူ၏လုပ်ဖော်ကိုင်ဖက်များကို ကြည့်ရင်း၊ သူသည် အနည်းငယ် သာလွန်သည်ဟု ခံစားလိုက်ရသည်—သူတို့မှာ ကိုယ်လုပ်တော်ယွီ၏ နတ်ဘုရားကောင်းချီးပေးခံရသော ကံတရားအကြောင်းကို ဘာမှမသိကြသည်မှာ ထင်ရှားလှသည်။

"ဒါပေမဲ့ ကျဲယွီက မကြာသေးမီက စာကြည့်တိုက်ကနေ ဘာစာအုပ်မှ မငှားခဲ့ပါဘူးနော်" ဟန်လင်းအကယ်ဒမီမှ အရာရှိ ဟွမ်ကျန့်ချင်းက မယုံကြည်နိုင်သော မျက်နှာဖြင့် ပြောလိုက်သည်။

ဖေးလင်ယွဲ့သည် မေးခွန်းထုတ်သည့်အရာရှိအား ကြည့်ကာ ပြုံးလိုက်မိသည်။ ယွီကျဲယွီ၏ လှုပ်ရှားမှုတိုင်းကို သူတို့ စောင့်ကြည့်နေကြသည်မှာ သူမသည် သူတို့အပေါ် အတော်လေး လွှမ်းမိုးထားနိုင်ပုံရသည်။

ဖေးလင်ယွဲ့က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ "လွန်ခဲ့တဲ့ သုံးလက၊ သူမ မင်တဲ့ နားနေဆောင်ကနေ စာအုပ်တချို့ကို ငှားခဲ့တယ်။ အဲဒီထဲက တစ်အုပ်မှာ ဝါဂွမ်းအကြောင်း မှတ်တမ်းတွေ ပါနေတယ်"

"နောက်ပိုင်းကျတော့ သူမက အဆောင်ကို ပြန်သွားပြီး ဝါကြိတ်စက်နဲ့ ခြေနင်းချည်ငင်စက်ရဲ့ ပုံစံကားချပ်တွေကို ရှာတွေ့ခဲ့ပြန်တယ်"

အမတ်များကြားတွင် လေးလံသော တိတ်ဆိတ်မှုတစ်ခု ဖုံးလွှမ်းသွားခဲ့သည်။

ထိုအချိန်တွင်၊ မဖြစ်နိုင်လောက်သော အတွေးတစ်ခုမှာ သူတို့အားလုံး၏ စိတ်ထဲသို့ ဝင်လာခဲ့သည်။

ယွီကျဲယွီက ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသော သမီးတော်များလား။ ကောင်းကင်ဘုံကပဲ သူမနောက်ကို လိုက်နေပြီး၊ ကောင်းကျိုးတွေ အတင်းပေးနေသလိုပင်။

ဤအောင်မြင်မှုများထဲမှ တစ်ခုခုသာ ရှိခဲ့လျှင်ပင် အရာရှိတစ်ဦးအား နာမည်ကြီးစေရန် လုံလောက်လှသည်။

ဒုတိယမင်းသား ဖေးချီယောင်သည် ရှုပ်ထွေးသော ခံစားချက်များကို ခံစားလိုက်ရသည်။ ဘာလို့ အမြဲတမ်း ယွီကျဲယွီပဲ ဖြစ်နေရတာလဲ။

သူမအနေဖြင့် မျက်နှာသာပေးခံရသော်လည်း၊ ကြီးမားသော တိုးတက်မှုများ မရှိသေးဟု သူကိုယ်တိုင် နှစ်သိမ့်နေခဲ့သည်။ အကယ်၍သာ သူမတွင် ကလေးရလာပါက၊ ထိုကလေးမှာ နတ်ဘုရားကောင်းချီးပေးခံရသူ ဖြစ်လာမည်ဖြစ်ရာ အခြားသော မင်းသား၊မင်းသမီးများထက် သာလွန်သွားပေလိမ့်မည်။

ဖေးလင်ယွဲ့က ဆက်ပြောလေသည်။ "ယွီမြောင်ဟွာက စာအုပ်ကို ရှာတွေ့ခဲ့တာမို့၊ ငါကိုယ်တော်က ဒီအခွင့်အရေးကို အလဟဿ အဖြစ်မခံဘဲ အစွမ်းကုန် ကြိုးစားခဲ့တယ်။ စာအုပ်ထဲမှာပါတဲ့ တည်နေရာတွေအတိုင်း ဝါဂွမ်းတွေကို လိုက်ရှာဖို့ အမိန့်ပေးခဲ့တယ်—ငါ အံ့သြသွားတာက စာအုပ်ထဲက အသေးစိတ်အချက်အလက်တွေ အားလုံးက မှန်နေတာပဲ"

"ကျိုးရှင်းအန်း ဒီမှာရှိလား" ဖေးလင်ယွဲ့၏ အကြည့်မှာ စိုက်ပျိုးရေးဝန်ကြီးထံသို့ ရောက်သွားပြီး၊ ဝန်ကြီးမှာ ဦးညွှတ်လျက် ရှေ့သို့ ထွက်လာခဲ့သည်။

"ဝါဂွမ်းစိုက်ပျိုးမှုကို တိုးချဲ့ဖို့အတွက် ကျိုးရှင်းအန်းကို တာဝန်ပေးတယ်"

ကျိုးရှင်းအန်း၏မျက်နှာမှာ စိတ်လှုပ်ရှားမှုဖြင့် ဝင်းပသွားတော့သည်။ "ကျွန်တော်မျိုး အရှင်မင်းကြီး အမိန့်တော်အတိုင်း နာခံပါမည်!"

အကယ်၍ ဤတာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါက၊ သူ၏ကောင်းကျိုးမှာ ငြင်းမရနိုင်အောင်ပင် ကြီးမားပေလိမ့်မည်။

ယွီကျဲယွီကို ကျေးဇူးတင်ရမယ်! ပြီးတော့ ဒီလို ထူးချွန်တဲ့ သမီးလေးကို မွေးထုတ်ပေးခဲ့တဲ့ ညီအစ်ကိုယွီကိုလည်း ကျေးဇူးတင်ရမှာပဲ!

ဖေးလင်ယွဲ့သည် အမတ်များ၏ မျက်နှာအမူအရာကို ကြည့်ပြီးနောက် ကြေညာလိုက်သည်။ "ယွီကျဲယွီကို ‌ကိုယ်လုပ်တော်ဟွေ့အဖြစ် ရာထူးတိုးမြှင့်ပေးဖို့ ငါကိုယ်တော် ဆုံးဖြတ်လိုက်တယ်"

ကိုယ်လုပ်တော်ဟွေ့သည် ချန်ပါ ဆန်ကို မိတ်ဆက်ပေးခြင်းဖြင့် ထူးခြားသော အောင်မြင်မှုကို ရရှိထားပြီးဖြစ်သည်—သူမ၏ ဝင်းအတွင်းရှိ ရိတ်သိမ်းမှုမှာ လပိုင်းအတွင်းမှာပင် တစ်ရာသီစာ ထွက်ရှိခဲ့သည်။

နွေဦးပေါက်ချိန်တွင် နောက်ထပ်တစ်ရာသီ ထပ်မံစိုက်ပျိုးပြီးပါက၊ သူမသည် နောက်ထပ် ရာထူးတိုးရန်အတွက်ပင် အရည်အချင်း ပြည့်မီပေလိမ့်မည်။

အကယ်၍ တစ်စုံတစ်ယောက်က ကန့်ကွက်လိုလျှင်... အင်း၊ ချန်ပါ စပါး (သို့မဟုတ်) ဝါဂွမ်းနှင့် ယှဉ်နိုင်သော သီးနှံများကို အရင်ထုတ်လုပ်ပြကြပါလေ။ ထိုအခါကျလျှင် သူသည် ဘွဲ့ထူးများ ပေးအပ်ရန် ဝန်လေးမည်မဟုတ်ပေ။

ဝါဂွမ်းရှာဖွေတွေ့ရှိမှုဟူသော ကြီးမားသည့် ကောင်းကျိုးမှာ သူတို့ရှေ့တွင် ပေါ်လွင်နေသဖြင့်၊ မည်သူက ကန့်ကွက်ရဲပါမည်နည်း။ မည်သူ့မှာကော ကန့်ကွက်နိုင်စွမ်း ရှိပါသနည်း။

ထို့ကြောင့် အမတ်များမှာ တညီတညွတ်တည်း ဟစ်ကြွေးလိုက်ကြတော့သည်။ "အရှင်မင်းကြီးက အတော်ကို ဉာဏ်ပညာ ကြီးမားလှပါသည်!"

...

ယခင်က ဘွဲ့အမည်မရှိဘဲ ‌‌ဖေးတစ်ဦး၏ အခွင့်အရေးများကိုသာ ခံစားခဲ့ရသော ယွီမြောင်ဟွာသည် ယခုအခါ သူမ ပိုင်ဆိုင်သော နန်းဆောင်၏ သခင်မအဖြစ် တရားဝင် တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

ဧကရာဇ်မင်းမြတ်သည် သူမအား "ဟွေ့" (ဉာဏ်ပညာ) ဟူသော ဘွဲ့တော်ကို အပ်နှင်းခဲ့ပြီး၊ ယခုမှစ၍ သူမကို "ကိုယ်လုပ်တော်ဟွေ့" ဟု ခေါ်ဝေါ်စေသည်။ သူမ၏အဆင့်အတန်းမှာ ‌‌ကိုယ်လုပ်‌ေတာ်သာ ဖြစ်သော်လည်း၊ သူမ၏ အခွင့်အရေးများမှာ ဖေး တစ်ပါးနှင့် တန်းတူ ဖြစ်လာခဲ့သည်။

[စနစ်၊ ဧကရာဇ်က ငါ့ရဲ့ အလှတရားနောက်ကွယ်က ဉာဏ်ပညာကို မြင်သွားလို့ ဒီဘွဲ့ကို ပေးတာဖြစ်ရမယ်]

[ဒီ 'ဟွေ့' ဆိုတဲ့ ဘွဲ့က တစ်ဝက်က ငါ့ကြောင့် ရတာနော်။ မင်းအတွက် အဲဒီတာဝန်တွေကို ပြီးအောင် ငါ အများကြီး ကြိုးစားခဲ့ရတာ။]

[အေးပါ၊ အေးပါ၊ တစ်ဝက်က မင်းကျေးဇူးပါပဲ]

[ဂုဏ်ယူပါတယ် Host ! အခုဆိုရင် မင်းဟာ တကယ့် နန်းဆောင်သခင်မတစ်ယောက် ဖြစ်လာပြီ၊ ‌‌တော်ဝင်ထဲက အရေးမပါတဲ့ နယ်ရုပ်တစ်ရုပ် မဟုတ်တော့ဘူး။ ဒါဟာ ဒီကစားပွဲမှာ ကစားသမားတစ်ယောက် ဖြစ်လာဖို့အတွက် ပထမဆုံး ခြေလှမ်းပဲ]

[Host သည် လျှို့ဝှက်တာဝန်တစ်ခုကို ပြီးမြောက်ခဲ့သည်- တစ်နှစ်အတွင်း နန်းဆောင်သခင်မအဖြစ် တက်လှမ်းခြင်းဖြင့် ဒဏ္ဍာရီအသစ်တစ်ခုကို ဖန်တီးခဲ့သည်။ ဆုလာဘ်- အစွမ်းထက် အဆိပ်ဖြေဆေး သုံးလုံးနှင့် အမှတ် ၅၀၀]

စနစ်အရောင်းဆိုင်တွင် အဆိပ်ဖြေဆေးတစ်လုံးလျှင် အမှတ် ၂၀၀၀ ပေးရသည်—ထို့ကြောင့် ဤလျှို့ဝှက်တာဝန်မှ ရရှိသည့် ဆုလာဘ်များမှာ အလွန်ပင် ကောင်းမွန်လှသည်!

ဤဆေးများ ရှိနေသဖြင့် သူမသည် အဆိပ်ခတ်ခံရခြင်းမှ ကာကွယ်ရန် အာမခံချက် ရရှိသွားပြီဖြစ်သည်။

နှင်ထုတ်ခံရသော ကိုယ်လုပ်တော်ဘဝမှ နန်းဆောင်သခင်မအဖြစ်သို့ နှစ်ဝက်အတွင်း တက်လှမ်းနိုင်ခြင်းသည်—ကိုယ်တိုင်သာ မကြုံတွေ့ခဲ့ရလျှင် ယွီမြောင်ဟွာသည်လည်း ဤမျှအထိ ရဲရဲဝံ့ဝံ့ အိပ်မက်မက်ရဲမည် မဟုတ်ပေ။

ငါးဆားနယ် ကိုယ်လုပ်တော်

All Chapters