← Chapters

ဂိုဏ်းတူအစ်ကိုကြီး…..ဂိုဏ်းတူအစ်မကြီးက သူတော်စင်အသစ် အနိုင်ကျင့်တာကို ခံနေရပြီ

Vol. 6-10 Ch. 113

ဂိုဏ်းတူအစ်ကိုကြီး…..ဂိုဏ်းတူအစ်မကြီးက သူတော်စင်အသစ် အနိုင်ကျင့်တာကို ခံနေရပြီ

Vol. 6-10 Ch. 113

အခန်း (၁၁၃) : ဂိုဏ်းတူအစ်ကိုကြီး…..ဂိုဏ်းတူအစ်မကြီးက သူတော်စင်အသစ် အနိုင်ကျင့်တာကို ခံနေရပြီ

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ နဂါးနက်တောင်တွင်…

ထိုတောင်သည် အထွတ်အမြတ်မြေရှိ စိတ်ဝိညာဉ်တောင် ၃၆လုံး အနက်  သစ်သားဓာတ်ရှိသော တောင် ဖြစ်၏။

ဤတောင်တွင် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် အကြီးအကဲ မရှိသော်လည်း အိပ်ပျော်နေသော အကြီးအကဲချုပ်တစ်ယောက်တော့ ရှိသည်။

ထိုနေရာက အစ်ကိုကြီး ဖန်ချန်းနှင့် အစ်ကို(၂) ကျန်းယွင်ထင်တို့ နှစ်ကိုယ်တူ ကျင့်ကြံရေး ကျင့်ခဲ့သော နေရာလည်း ဖြစ်သည်။

ကျန်းယွင်ထင်၏ ဓာတ်က သစ်သားဓာတ်ဖြစ်ပြီး ဖန်ချန်းကတော့ မီးဓာတ်နှင့် မြေဓာတ်တွင် ပါရမီအထုံ ပါလာသည်။

သတ္တုက ရေနှင့် အလုပ်ဖြစ်သလို၊ ရေနှင့်သစ်သား၊ သစ်သားနှင့်မီး၊ မီးနှင့်မြေ၊ မြေနှင့် သတ္တု ဆိုပြီး ဓာတ်ကြီးငါးသွယ်အချင်းချင်း ထောက်ပံ့ပေးသလိုမျိုး ကျန်းယွင်ရှီးက ရှန်ထျန်းကို ကူညီပေးနိုင်သလို ဖန်ချန်းကိုလည်း ကူညီပေးနိုင်သည်။

သူတို့က သွေးသားတော်စပ်သော ညီအစ်ကို မဟုတ်သော်လည်း အချင်းချင်းရင်းနှီးပြီး သူတို့၏ အဖေများနှင့် လုံးဝမတူပေ။

သူတို့က သုံးလတာ တံခါးပိတ်လေ့ကျင့်နေရင်း ဖန်ချန်း၏ ကျင့်ကြံရေးအဆင့် တစ်ဆင့် ချိုးဖျက်နိုင်အောင် ကူညီပေးနေခြင်း ဖြစ်၏။

ရွှေအမြုတေ ကျင့်ကြံခြင်းအဆင့်က အရည်အချင်းရှိသော ကျင့်ကြံသူများနှင့် သာမာန်ကျင့်ကြံသူများကြားထဲတွင် ကြီးမားသော ာခြားနားမှုတစ်ခု ဖြစ်နေသည်။

ထိုအဆင့်တွင် ချီသန့်စင်ခြင်းနှင့် အခြေတည်ကျင့်ကြံခြင်းအဆင့်ကလိုမျိုး အဆင့်ငယ်များ မပါဝင်တော့ပေ။

ရွှေအမြုတေအဆင့်တွင် ကျင့်ကြံသူများကို ဓမ္မအခြေတည်အဆင့်ကတည်းက ရွှေအမြုတေကို တည်ဆောက်ပြီး ပိုပြီးတော့ အားကောင်းလာအောင် ပြင်းထန်သော ကျင့်ကြံနည်းများဖြင့် ကျင့်ကြံရသည်။

ကျင့်စဉ်တစ်ခုပြီးတိုင်း ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲရှိ ရွှေအမြုတေက ဖြည်းဖြည်းချင်း သန့်စင်လာသည်။ ထို့နောက် ပိုပြီးအားကောင်းလာကာ တူဖြင့် အကြိမ် တစ်ထောင်လောက် ထုထားပြီး စတီးအဖြစ် သွင်းလုပ်ထားသော သံမဏိသတ္တုရိုင်းတုံးလိုမျိုး မာကြောလာသည်။

ရွှေအမြုတေ သန့်စင်သွားသည့်အခါတိုင်း အမြုတေပေါ်တွင် နတ်သင်္ကေတတစ်ခု ပေါ်လာသည်။ နတ်သင်္ကေတ ပေါ်လာတာနှင့်တပြိုင်နက် ကျင့်ကြံသူ၏ စွမ်းအားလည်း အလျင်အမြန် တိုးတက်လာသည်။

ထိုဖြစ်စဉ်ကို ရွှေအမြုတေ သန့်စင်ခြင်းဟု ခေါ်သည်။

ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ယောက်သည် တတိယအကြိမ်မြောက် သန့်စင်ခြင်း ပြီးဆုံးသွားပါက ကနဦးဝိညာဉ်အဆင့်အတွက် ပြင်ဆင်နိုင်သော်လည်း ဤသို့ ကနဦးဝိညာဉ်အဆင့်ကျင့်ကြံသူတွေက အရမ်းအားနည်းလှသည်။

အားကောင်းသော ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်က ဤသို့ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူ ၁၀ယောက်ကို အလွယ်လေး အနိုင်ယူနိုင်သည်။

ရွှေအမြုတေအဆင့်တွင် သန့်စင်ခြင်း သုံးကြိမ်သာ ဖြတ်ကျော်ထားသော ကနဦးဝိညာဉ်အဆင့်ကျင့်ကြံသူ တစ်ယောက်အနေဖြင့် အားနည်းသော အခြေတည်အဆင့်ရှိမှာ သေချာလှသည်။ ရွှေအမြုတေအဆင့်တွင် သန့်စင်ခြင်း ခြောက်ကြိမ် မဖြတ်ကျော်သ၍ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ မရောက်ရှိနိုင်ပေ။

ရွှေအမြုတေအဆင့်တွင် သန့်စင်ခြင်း ခြောက်ကြိမ်ကျော်ဖြတ်နိုင်ဖို့အတွက် အရည်အချင်းတွေ အများကြီးလိုအပ်ပေမဲ့ ပိုပြီး အားနည်းသော ကနဦးဝိညာဉ်အဆင့်ကျင့်ကြံသူတွေကိုတော့ အလွယ်တကူ အနိုင်ယူနိုင်သည်။

ရွှေအမြုတေအဆင့်တွင် သန့်စင်ခြင်း ခုနစ်ကြိမ် ဖြတ်ကျော်နိုင်သူက သာမာန်ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူကို လွယ်လွယ်လေး အနိုင်ယူလို့ရသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် ကျန်းယွင်ထင်နှင့် သူ၏ ညီမဖြစ်သူတို့က ခုနစ်ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေဖြစ်ကြသည်။

အရှေ့ပိုင်းလွင်ပြင်တွင် ရှစ်ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်ကို ကျင့်သည့် ရှားပါးသောကျင့်ကြံသူရှိပြီး သူ့နာမည်က ဖန်ချန်း ဖြစ်သည်။

အရှေ့ပိုင်းလွင်ပြင်တစ်ခွင်လုံးရှိ ထိပ်ဆုံးသုံးယောက်တွင် ဖန်ချန်းလည်း အပါအဝင် ဖြစ်၏။

ဖန်ချန်းနှင့် ကျန်းယွင်ထင်က သူ၏ ရွှေအမြုတေသန့်စင်ခြင်း နောက်ဆုံးအပိုင်းကို ဖြတ်ကျော်ပြီး ကိုးဆင့်မြောက်ရောက်အောင် ကျင့်ကြံနေကြသည်။

ရွှေအမြုတေအဆင့်တွင် ကိုးဆင့်မြောက်သန့်စင်ခြင်းက ကျင့်ကြံသူတစ်ယောက် လုပ်နိုင်သည့် အမြင့်ဆုံးကျင့်စဉ်တစ်ခုလည်း ဖြစ်ပေသည်။

အရှေ့ပိုင်းလွင်ပြင်၏ သက်တမ်းတစ်လျှောက်လုံး ကျင့်ကြံသူ အနည်းငယ်သာလျှင် ကိုးဆင့်မြောက် သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနိုင်သည်။

ဖန်ချန်းသာ သူ၏ တစစီဖြစ်နေသော အံ့ဖွယ်မိုးကောင်းကင် တော်ဝင်မိုးကြိုးကျမ်းနှင့် ကိုးဆင့်မြောက် သန့်စင်ခြင်းကို ဖြတ်ကျော်နိုင်ပါက ဒဏ္ဌာရီသဖွယ်ဖြစ်သွားလိမ့်မည်။

ရွှေအမြုတေစာရင်းတွင် နံပါတ်တစ်ချိတ်သော မကောင်းဆိုးဝါးနှင့်ပင် ယှဉ်ပြိုင်နိုင်လာလိမ့်မည်။ ထိုသူကား ခရမ်းစံအိမ် အထွတ်အမြတ်မြေ၏ သူတော်စင် ချီရှောက်ရွှင်ဖြစ်သည်။

သူက အဆုံးမသတ်သော ကံကောင်းမှုတွေကို ပိုင်ဆိုင်ထားသည့် မကောင်းဆိုးဝါးဖြစ်သည့်အတွက် သူ၏ အထွတ်အမြတ်မြေကို ကံကောင်းမှုများဖြင့် စောင့်ရှောက်ထားသည်။ ယခု အရှေ့ပိုင်းလွင်ပြင်တွင် ကိုးဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့် ကျင့်ကြံသူက သူ တစ်ယောက်တည်းသာ ရှိသည်။ ထို့ကြောင့် သူ နံပါတ်တစ်ဖြစ်နေရသည့် အကြောင်းအရင်းကို မေးစရာ မလိုတော့ပေ။

နယ်ပယ်အသီးသီးရှိ စီနီယာတွေကလည်း သူ့ကံကောင်းမှုက ဘယ်လောက်အထိ အားကောင်းကြောင်းကို မြင်တွေ့ပြီးပြီဖြစ်သည့်အတွက် သူက ဧကရာဇ်အဆင့် တစ်ယောက် ဖြစ်လာနိုင်သည့် အလားအလာရှိသည်ဟု အားလုံးက ယုံကြည်လက်ခံထားကြသည်။

သို့သော် ဖန်ချန်းက ထိုဒဏ္ဌာရီကို ကျော်လွန်ဖို့အတွက် အရမ်း စိတ်အားထက်သန်နေသည်။ သူသာ ရွှေအမြုတေသန့်စင်ခြင်းကို နောက်ထပ်တစ်ကြိမ် ထပ်ပြီးကျင့်ကြံလိုက်ပါက ဘယ်သူ့ထက်မှ အားမနည်းနိုင်တော့ကြောင်း သူယုံကြည်သည်။

ကံကောင်းမှုတွေ အများကြီးရှိပြီးတော့ လုံလောက်တဲ့ ကျင့်ကြံမှုမရှိရင် ဘာလုပ်မှာလဲ။ နံရံပေါ်မှာ အလှတပ်ထားတဲ့ အလှဆင် ပစ္စည်းတွေလိုမျိုးပဲ ဖြစ်နေမှာပေါ့

ငါသာ ကိုးဆင့်မြောက် သန့်စင်ခြင်းကို အောင်မြင်ရင် မင်းက ဒီထက်ပိုပြီး ဒဏ္ဌာရီလာ တစ်ယောက် မဟုတ်တော့ပါဘူး

နဂါးနက်တောင်တွင် အပြာရောင်အင်္ကျီကိုဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်သည် ပေါင်ပေါ်မှာ ကုချင်းကို တင်ထားပြီး တီးခတ်နေသည်။

သူ တီးခတ်သောသံစဉ်တွေက အရမ်းလှပသည့်အတွက် စိတ်ဝိညာဉ်တောင်ပေါ်ရှိ ငှက်များကိုပင် ဆွဲဆောင်နေသည်။ သစ်ပင်များနှင့် ဆေးဖက်ဝင်အပင်များပင် သူ၏ သံစဉ်ကြောင့် ပိုပြီးတော့ စိမ်းစိုလာရသည်။

နဂါးပြာက သူ့အပေါ်မှာ လွှမ်းမိုးထားပြီး ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် အမျိုးသားက သူနှင့် ကန့်လန့်ဖြတ် အနေအထားဖြင့် ထိုင်နေသည်။

ထိုအမျိုးသားတွင် ထူထဲသောမျက်ခုံးနှင့် ဝိုင်းစက်သော မျက်လုံးတို့ ပိုင်ဆိုင်ထားသည်။ ရွှေနီရောင် မိုးကြိုးများဖြင့် တောက်ပနေသော  မီးတောက်နီ နဂါးလှံကို ပေါင်ပေါ်မှာ တင်ထားသည်။

ကြက်သွေးရောင် ဇာမဏီက သူ့နောက်မှာရှိနေပြီး ကောင်းကင်ကို နီစေလောက်သည်အထိ မီးကို ထုတ်လွှတ်နေသည်။ ထိုဇာမဏီ၏ ဘေးတွင် ရွှေချီလင်လည်းရှိသည်။

ထွားကျိုင်းသန်မာသော အမျိုးသား၏ ခေါင်းပေါ်တွင် ရွှေအမြုတေလွှမ်းခြုံထားကာ ဘေးတွင် ရွှေနီမိုးကြိုးတို့ ဝန်းရံထားသည်။

ရွှေအမြုတေကို သင်္ကေတရှစ်မျိုးက လွှမ်းခြုံထားပြီး ကိုးခုမြောက်သင်္ကေတကလည်း ဖြည်းဖြည်းချင်း ပုံစံပေါ်လာသည်။

ထိုအမျိုးသားက အသက်ပြင်းပြင်းရှူကာ နတ်မိုးကြိုးနှစ်သွယ်ကို ရွှေအမြုတေထဲသို့ သွတ်သွင်းလိုက်သည်။

ကြက်သွေးရောင် ဇာမဏီနှင့် ချီလင်တို့ ရွှေအမြုတေထဲသို့ ဝင်သွားကာ ဖြည်းဖြည်းချင်း နစ်မြုပ်သွားကြသည်။

ထိုအမျိုးသားက ရွှေအမြုတေကို စုပ်ယူလို့ ပြီးမြောက်သွားချိန် မျက်လုံးဖွင့်လာပြီး ပြောလိုက်သည်

“ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူညီလေး”

ထိုအမျိုးသားက သူ့အပေါ်ရှိ ကောင်းကင်မှ တိမ်တိုက်တွေ လွင့်စင်သွားအောင်ထိ အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ဖန်ချန်းက သူ၏ မီးတောက်နီနဂါးလှံကို ကိုင်ထားရင်း ပြုံးကာ ပြောလိုက်သည်

“ ငါ့မှာ အခြေခံ သင်္ကေတတော့ ပေါ်လာပြီ။ ကိုးဆင့်မြောက် သန့်စင်ခြင်းကို ကျော်ဖြတ်နိုင်ဖို့ နည်းနည်းပဲ လိုတော့တယ်”

အပြာရောင်အင်္ကျီဝတ်ထားသော အမျိုးသားက နွေးထွေးစွာ ပြုံးရင်း ပြောလိုက်သည်

“ ဂုဏ်ပြုပါတယ်နော် ဂိုဏ်းတူ အစ်ကိုကြီး”

ဖန်ချန်းက ပြုံးကာ ပြောလိုက်သည်

“ ဂိုဏ်းတူညီလေး….မင်းရဲ့ ကြင်နာမှုကို မှတ်သားထားပါ့မယ်။ မင်း အနာဂတ်မှာ သူတော်စင်ရာထူးကို လိုချင်ရင် မင်းကို အင်တိုက်အားတိုက် ထောက်ခံပေးပါ့မယ်နော်”

ကျန်းယွင်ထင်က သူ၏ ကုချင်းကို ကျောပေါ်တင်ကာ တည်ငြိမ်စွာ ပြောလိုက်သည်

“ အစ်ကိုကြီး ကျွန်တော့်ကို အဲလိုမျိုး မလှောင်ပါနဲ့ဗျာ။ ရွှေအမြုတေစာရင်းမှာ ကျွန်တော်က အဆင့်ခုနစ်ပဲရှိသေးတာပါ။ ကျွန်တော်က ကျွန်တော်တို့အထွတ်အမြတ်မြေရဲ့ သူတော်စင်ဖြစ်ဖို့ အရည်အချင်းမပြည့်မှီသေးဘူး။ အစ်ကိုကြီးက ရွှေအမြုတေစာရင်းမှာ အဆင့်သုံးချိတ်ထားတဲ့အပြင် မကြာခင်မှာပဲ ကိုးဆင့်မြောက်သန့်စင်ခြင်း ပြီးမြောက်တော့မှာလေ။ ဒါဆိုရင် အစ်ကိုကြီးက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဖြစ်တော့မှာပဲ”

ဖန်ချန်းက ပြုံးရင်း လက်ယမ်းပြကာ ပြောလိုက်သည်

“ ဂိုဏ်းတူညီလေး…..အစ်ကိုက အဲလိုမျိုးသူတော်စင်ရာထူးကို စိတ်မဝင်စားဘူးဆိုတာ မင်းလည်း ကောင်းကောင်းသိမှာပါ။

ပြီးတော့ မင်းက ငါတို့ရဲ့တပည့်တွေကိုလည်း ကောင်းကောင်းသင်ပြပေးခဲ့တယ်။ သူတို့တွေကလည်း မင်းကို ဒီရာထူးနဲ့ ထိုက်တန်တယ်လို့ ပြောနေကြတယ်။

ဒီအခွင့်အရေးကို လက်လွတ်မခံနဲ့နော်။ မင်း သေချာပေါက် သူတော်စင် ဖြစ်လာရမယ်။ နောက်ကျ မင်းကို ဂိုဏ်းချုပ် ဖြစ်လာအောင်ထိ ကူညီပံ့ပိုးပေးမယ်။

အဟင်း…ဟင်း….ငါတောင်းဆိုချင်တာက ငါ့ကို ယွင်ရှီးရှေ့မှာ များများချီးကျူးပေးပါလို့။ အဲလိုဆိုရင် ငါ့အတွက် အထောက်အကူဖြစ်တယ်”

ထိုအမျိုးသားက ပြောနေရင်း မျက်နှာနီရဲလာသည်။

ကျန်းယွင်ထင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်

“ အမ်…..ကျွန်တော် အဲလိုမျိုး လုပ်နေတာ ကြာပြီလေ”

အစ်ကိုကြီးက သန်မာပြီး အရည်အချင်းရှိတာကြောင့် ကျန်းယွင်ထင်က အမြဲတမ်းလေးစားနေခဲ့သည်။

ဖန်ချန်းကိုသာ ကျန်းယွင်ရှီးက သဘောကျပါက သူ၏ ယောက်ဖဖြစ်လာမည်ဖြစ်သလို ကျန်းယွင်ထင်လည်း အရမ်းဝမ်းသာမိမည် ဖြစ်သည်။

သို့သော် သူ့စကားတွေက အိမ်မှာ အရေးမပါသလို အမြဲဆက်ဆံခံရသည်။

သူက အစ်ကိုကြီးအကြောင်းကို ညီမဖြစ်သူရှေ့တွင် အမြဲကြွားသော်လည်း ကျန်းယွင်ရှီးက တာအိုလက်တွဲဖော် မလိုအပ်ဘူးဟု အမြဲပြောလေ့ရှိသည်။

ထို့ကြောင့် သူလည်း ဘာလုပ်ရမယ်မှန်းမသိ ဖြစ်နေမိသည်။

ဖန်ချန်းက ပြုံးကာ ပြောလိုက်သည်

“ ငါတို့ ကျင့်ကြံတာ အချိန်အရမ်းကြာနေပြီ။ ရက်ပိုင်းလောက် အပြင်ထွက်ပြီးတော့ အနားယူရအောင်။ ပြန်လာမှ အပြီးသတ်လိုက်ရအောင်”

ကျန်းယွင်ထင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ကျွန်တော်ကတော့ အစ်ကိုကြီးပြောတဲ့အတိုင်းပဲ လုပ်မှာပါ”

သူတို့နှစ်ယောက် ခဏနားပြီးနောက်မှာတော့ နဂါးနက်တောင်မှ ထွက်ခွာသွားသည်။

သူတို့ တောင်၏ ကန့်သတ်နယ်မြေမှ ထွက်လာသည့်အခါ အမျိုးသားတစ်ယောက်က သူတို့ရှေ့ရောက်လာပြီး ပြောသည်

“ ဂိုဏ်းတူ အစ်ကိုကြီးနဲ့ အစ်ကို(၂)…နောက်ဆုံးတော့ ထွက်လာပြီပေါ့။ ဂိုဏ်းတူ အစ်မကြီးက သူတော်စင်အသစ် အနိုင်ကျင့်တာကို ခံနေရတယ်”

All Chapters