အခြေတည်အဆင့်ကျင့်ကြံသူ ရှန်ထျန်း
Vol. 6-10 Ch. 114
အခန်း (၁၁၄) : အခြေတည်အဆင့်ကျင့်ကြံသူ ရှန်ထျန်း
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ သူတော်စင်တောင်ပေါ်၌…
ထိုတောင်သည် အထွတ်အမြတ်မြေရှိ တောင်များထဲမှာ ဝိညာဉ်ချီအများဆုံးရှိသောတောင်ဖြစ်သည်။
ရာစုနှစ်တစ်ခု ပြီးဆုံးသွားတိုင်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် သူတော်စင်အသစ်တစ်ယောက် ပေါ်ထွက်လာသည်။ သူ့အနေနှင့် သူတော်စင်တောင်ပေါ်တွင် နှစ်၉၀ကြာ ကျင့်ကြံခွင့် ရရှိ၏။
နှစ်ပေါင်း ၉၀ ကုန်ဆုံးသွားပြီးသည့်နောက်တွင် ထိုသူတော်စင်က သူတော်စင်ဟောင်းဖြစ်သွားပြီး တောင်က သူ၏ ပိုင်ရှင်အသစ်ကို စောင့်မျှော်နေရသည်။
သူတော်စင်ဟောင်းက သူတော်စင်တောင်မှ ထွက်ခွာသွားတာ ရှစ်နှစ်ကြာပြီဖြစ်သည့်အတွက် နောက်ထပ် နှစ်နှစ်အတွင်း သူတော်စင်အသစ် ရောက်ရှိလာမည်ဖြစ်သည်။
ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် ကျန်းယွင်ထင်၊ ဖန်ချန်းတို့ နှစ်ယောက်မှာ တစ်ယောက်က ကျော်ကြားပြီး တစ်ယောက်က စွမ်းအားကြီးသည့်အတွက် ရွေးချယ်ဖို့ ခက်ခဲနေသည်။
သို့သော် မမြင်နိုင်သော ကံကြမ္မာအရ သိပ်ပြီးမကျော်ကြားသလို စွမ်းအားလည်းမကြီးသော ရှန်ထျန်းက တောင်၏ ပိုင်ရှင်အသစ် ဖြစ်လာလေသည်။
တခြားသူတွေက သူ့ကို သူတော်စင်အဖြစ် လွယ်လွယ်လက်ခံမှာ မဟုတ်တာကို ရှန်ထျန်း သိသည့်အတွက် အခုတလော ဂရုစိုက်နေနေသည်။
သူတော်စင်တောင်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် အကာအကွယ်အတွက် မိုးကြိုးအစီအရင်သင်္ကေတကို အသက်သွင်းလိုက်သည်။
အကာအကွယ်လုပ်ပြီးနောက် ဘယ်အရာမှ ရှန်ထျန်း၏ ခွင့်ပြုချက်မရှိပဲ ပိုင်နက်ထဲသို့ ဝင်လာခွင့် မရှိတော့ပေ။
အစီအရင်ကို အသက်သွင်းပြီးနောက် ရှန်ထျန်းက လဝက်လောက် သီးသန့်နေကာ ကျင့်ကြံအားထုတ်ခဲ့သည်။ နှစ်ပတ်ကြာ ကြိုးစားကျင့်ကြံပြီးနောက် စွမ်းအားတွေ အံ့ဩဖွယ်ကောင်းလောက်အောင်အထိ တိုးတက်လာသည်။
သူတော်စင်တောင်ပေါ်ရှိ ကောင်းကင်ထက် အရောင်အသွေးတို့ စုံလင်နေသည်။ တောင်ထိပ်တွင် ထာဝရကျောင်းဆောင် တစ်ခု ရှိ၏ ထိုကျောင်းဆောင်၏ ရှေ့ရှိ ဉာဏ်အလင်းပွင့်ကျောက်တုံးပေါ်တွင် ရှန်ထျန်းက မျက်လုံးမှိတ်လျက်း ထိုင်နေသည်။ တစ်ချိန်တည်းမှာပဲ မိုးကြိုးငါးပါးက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေလေသည်။
သူ့ နဖူးပေါ်ရှိ ရွှေရောင်မိုးကြိုးသင်္ကေတက အချိန်မရွေး ခုန်ထွက်လာတော့မည့် ပုံစံဖြင့် တောက်ပနေလေ၏။
ရှန်ထျန်းက ထိုတောက်ပနေသော သင်္ကေတဖြင့် မိုးကြိုးငါးပါးကို အလျင်အမြန်ဖန်ဆင်းလိုက်သည်။
သတ္တမ အဖြူရောင် နတ်မိုးကြိုး (သတ္တု)၊ ပထမ စိမ်းပြာရောင် နတ်မိုးကြိုး (သစ်သား)၊ နဝမ အနက်ရောင် နတ်မိုးကြိုး (ရေ)၊ တတိယ ကြက်သွေးရောင် နတ်မိုးကြိုး (မီး) နှင့် ပဉ္စမ အဝါရောင် နတ်မိုးကြိုး (မြေ)တို့ပင် ဖြစ်သည်။
မတူညီသော နတ်မိုးကြိုးငါးပါးက ရှန်ထျန်း၏ ခန္ဓာကိုယ်ကို ချပ်ဝတ်တန်ဆာလိုမျိုး ကာပေးထားသည်။ အရိုးရှင်းဆုံး ပြောရမည်ဆိုပါက သူ့နောက်က သဏ္ဌာန်ပေါက်စ လေး၊ ငါးခုသာ မရှိပါက အတော်လေး စွမ်းအားကြီးပုံပေါ်လိမ့်မည်။
နဂါးပြာ၊ ကျားဖြူ၊ ကြက်သွေးရောင် ဇာမဏီ၊ လိပ်နက်နှင့် အံ့ဖွယ်ချီလင်တို့၏ သဏ္ဌာန်ငယ်လေးတွေ ဖြစ်သည်။ သို့သော် ထိုသဏ္ဌာန်များ၏ တူညီသော အရာတစ်ခုက သူတို့၏ သေးငယ်သော အရွယ်အစားပင် ဖြစ်၏။
ရှေးဦးအဆီအနှစ် လေးလံရေစင်ကြောင့် လိပ်နက်က သဏ္ဌာန်ငယ် ငါးခုထဲမှာ အရွယ်အစား အကြီးဆုံး ဖြစ်နေသည်။
လိပ်နက်သဏ္ဌာန်က ဟင်းချက်သည့်အိုး အရွယ်အစားလောက်ရှိပြီး သူ့ဆီမှာရှိသော သဏ္ဌာန်ငယ်ငါးခုထဲအနက် ပုံမှန်ဖြစ်သည့် တစ်ခုတည်းသော သဏ္ဌာန် ဖြစ်သည်။
ကျန်ရှိသည့် သဏ္ဌာန်တွေကို ကြည့်ပြီး ရှန်ထျန်း စိတ်ညစ်နေမိသည်။
အပြာရောင် မြွေပေါက်၊ အဖြူရောင် ကြောင်ပေါက်လေး၊ ခွေးဝါလေးနှင့် မီးတောက် ကြက်ပေါက်တို့ ဖြစ်နေသည် မဟုတ်ပါလော။
သူ လဝက်ကြာ ကြိုးစား ကျင့်ကြံပြီးနောက် ပေါ်ထွက်လာသော သဏ္ဌာန်ငါးခုကို ကြည့်ပြီး သူ့ဘဝကို ရှန်ထျန်း စတင် သံသယဝင်လာမိသည်။
သူတို့က ဒဏ္ဍာရီလာ သတ္တဝါတွေရော ဟုတ်ရဲ့လား။ အထူးသဖြင့် ကျားဖြူ…..ကျန်းယွင်ရှီးရဲ့ ကျားတောင် ငါ့ကျားထက် အများကြီး ကြီးတယ်။ ငါ့ကျားက ဘာလို့ ဒီလောက်ထိ သေးနေရတာလဲ
“ ပြီးတော့ ငါက နတ်မိုးကြိုးငါးပါး ကျင့်စဉ်ရဲ့ နဝမမြောက် လိပ်နက်မိုးကြိုးကျင့်စဉ်မှာ ဆရာတစ်ဆူပဲလေ။ တခြား နတ်မိုးကြိုးလေးသွယ်မှာဆိုရင်လည်း ဒီထက်ပိုပြီးတော့ ကျွမ်းကျင်နေတာပဲလေ”
ရှန်ထျန်းက ဉာဏ်အလင်းပွင့်ကျောက်တုံးပေါ်တွင် ထိုင်ကာ အာရုံစိုက်ထားသည်။
သူတောင်စင်တောင်ပေါ်တွင် ထိုကျောက်တုံးက ရတနာတစ်ပါးဖြစ်သည့်အပြင် ထိုကျောက်တုံးပေါ်တွင် ထိုင်ကာ ကျင့်ကြံသည့် ကျင့်ကြံသူတွေကိုလည်း ကြီးမားသော အကူအညီပေးနိုင်သည်။
ရှန်ထျန်းက အသက်ပြင်းပြင်းရှူကာ ကျင့်ကြံမှုကို စတင်လိုက်တော့သည်။
သူက ယခု ကိုးဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်အထိ ရောက်ရှိနေလေပြီ။ သူ၏ နတ်မိုးကြိုးငါးပါး ကျင့်စဉ်မှ ဓာတ်ငါးမျိုး ဓမ္မအခြေခံအုတ်မြစ်ကို တိုးတက်အောင်လုပ်ဖို့ အချိန်ရောက်ပြီ ဖြစ်၏။
ရှန်ထျန်းက ဓမ္မအက္ခရာတွေကို ဓမ္မ အခြေခံအုတ်မြစ်ပေါ်မှာ အောင်မြင်စွာ ထွင်းနိုင်ပါက သူ၏ အတွင်းစွမ်းအားတွေကို ဓမ္မစွမ်းအားအဖြစ်သို့ ပြောင်းလဲနိုင်မည်ဖြစ်သည်။
ထို့အခါ ရှန်ထျန်းက စိတ်စွမ်းအား ထုတ်လွှတ်ပြီး ဓားပျံစီးနင်းမှုကိုလည်း အသုံးပြုနိုင်လိမ့်မည်။
စိတ်ကူးယဉ်ဝတ္ထုတွေကို ကြိုက်နှစ်သက်သော ပရိသတ်တစ်ယောက်အနေနှင့် ဓားပျံစီနင်းမှုကို ရှန်ထျန်း အရမ်းစိတ်ဝင်စားနေမိသည်။
ကွေ့ကုန်းကုန်းနှင့် ချင်ကောင်းက ဉာဏ်အလင်းပွင့်ကျောက်တုံးဘေးမှာ ရပ်နေကာ ရှန်ထျန်းကို စောင့်ပေးရင်း စကားပြောနေကြသည်။
“ ဦးလေးကွေ့ ကျွန်တော်တို့ရဲ့ သူတော်စင်က ဒီတစ်ခါ ဝိညာဉ်ကျောက်တုံး ဘယ်နှစ်တုံး သုံးမယ်လို့ ထင်လဲ”
“ ဘယ်သူသိနိုင်မလဲ။ ဝိညာဉ်ကျောက်တုံး ၁သောင်းအောက်တော့ ရောက်မှာ မဟုတ်လောက်ဘူး”
လွန်ခဲ့သောနှစ်ပတ်အတွင်း ရှန်ထျန်း သုံးခဲ့သော ဝိညာဉ်ကျောက်တုံးအရေအတွက်ကြောင့် သူတို့ လန့်နေကြသေးသည်။
မူလနတ်မိုးကြိုး၏ အကူအညီကြောင့် ရှန်ထျန်းက ချီသန့်စင်ခြင်းကို အလွန်းချော့မွေ့စွာ ကျော်ဖြတ်နိုင်သွားသည်။
သူ ကိုးဆင့်မြောက် ချီသန့်စင်ခြင်းအဆင့်ကို ရောက်ရှိဖို့အတွက် ဝိညာဉ်ကျောက်တုံး ၁သောင်းသာ ကုန်ခဲ့သည်။
ရှန်ထျန်းက သဏ္ဌာန်တွေ အကုန်လုံးကို စုမိနေချိန် တပည့်ရင်းအများစုက အခြေတည်အဆင့်ရောက်နေလျက်ပင် သဏ္ဌာန်တစ်ခုမှ မထုတ်နိုင်တာမျိုးလည်း ရှိသည်။
ကွေ့ကုန်းကုန်း၏ စကြဝဠာ ဒုတိယ နတ်မိုးကြိုး(သစ်သား)နှင့် ချင်ကောင်း၏ ပျံဝဲမြွေ စတုတ္ထ (မီး)တို့ပင် သဏ္ဌာန်ထွက်ပေါ်မလာကြသေးပေ။
ရှန်ထျန်းက ကျင့်ကြံဖို့အတွက် ဝိညာဉ်ကျောက်တုံးတွေ အများကြီး အသုံးပြုခဲ့တာကြောင့် သူ၏ တိုးတက်နှုန်းက အရမ်းလျင်မြန်နေသည်။
ရှန်ထျန်းကို အကုန်အကျများစေသည့်အရာက ချီသန့်စင်ခြင်းအဆင့် မဟုတ်ဘဲ မီးစာကျမ်း ကျင့်ကြံခြင်း ဖြစ်၏။
ကျင့်ကြံနည်း၏ ကုန်ကျစရိတ်က စိတ်ကူးထားသည်ထက် ကျော်လွန်နေသည်။ ရှန်ထျန်းက ကိုးဆင့်မြောက် ကိုယ်ထည်မာ ကျင့်ကြံခြင်းအဆင့်သို့သာ ရောက်ရှိသေးသော်လည်း ဝိညာဉ်ကျောက်တုံး ၁သိန်းသုံးပြီးလေပြီ။
သာမာန်မိသားစုမှ သာမာန်ကျင့်ကြံသူတစ်ဦးအနေနှင့် သူ့လိုမျိုး အကုန်အကျခံနိုင်မည် မဟုတ်ပေ။
သူ သုံးလိုက်သော ပိုက်ဆံတွေကလည်း အကျိုးရှိသော အရာအတွက်ပင် ဖြစ်သည်။
ရှန်ထျန်းက မီးစာကျမ်း၏ ကိုယ်ထည်မာအဆင့်ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် သူ့ခန္ဓာကိုယ်က ပိုပြီးတော့ အားကောင်းလာသည်။
သူ၏ ခွန်အား၊ မြန်ဆန်မှု၊ သွက်လက်မှုနှင့် ခုခံမှုတို့က အရင်ကထက် ပိုပြီးတော့ ကောင်းလာသည်။ ယခု ရှန်ထျန်းသာ အားကုန်စိုက်ထုတ်လိုက်ပါက သူ၏မြန်ဆန်မှုက ကွေ့ကုန်းကုန်း၏ ဟရူးဂါနတ်ဆိုးကျမ်းနှင့်ပင် ယှဉ်လို့ရနိုင်သည်။
သူက အခုထိ အခြေတည်အဆင့်သို့ မရောက်ရှိသေးသော်လည်း သူ့ဆီမှာရှိနေသော နတ်မိုးကြိုးငါးပါးနှင့် ကိုယ်ထည်မာပညာရပ်ကို အသုံးချပါက နောက်ပိုင်းအဆင့် အခြေတည်ကျင့်ကြံသူကိုပင် အနိုင်ရနိုင်သည်။
သို့သော် ရှန်ထျန်းက ရွှေအမြုတေ ကျင့်ကြံသူများကိုပင် အထင်မကြီးသော အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ရောက်နေတာကြောင့် သူ့ကိုယ်သူ လုံလုံလောက်လောက် မသန်မာသေးဘူးဟု ခံစားနေရသည်။
ရှန်ထျန်းက စိတ်ကို ပြန်ရှင်းကာ ထပ်ပြီး စတင်ကျင့်ကြံတော့သည်။
နတ်မိုးကြိုးတွေက သူ့ခန္ဓာကိုယ်ထဲမှာ အသက်ဝင်ပြီး သူ၏ စွမ်းအင်ဗဟိုချက်ထဲသို့ လှည့်ပတ်စီးဝင်သွားသည်။ သဏ္ဌာန်ငါးခုလုံးလည်း ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် ဝင်သွားကြသည်။
သူ နတ်မိုးကြိုးငါးပါးကျင့်စဉ်ဖြင့် သူ၏ ကိုယ်ပိုင်ဓမ္မအုတ်မြစ်ကို တည်ဆောက်ဖို့ ကြိုးစားနေသည်။
အချိန်တွေ ကုန်လွန်သွားသည်နှင့်အမျှ ဉာဏ်အလင်းပွင့် ကျောက်တုံးအောက်ရှိ ဝိညာဉ်ကျောက်တုံးတွေက အရောင်အသွေး ပျောက်ဆုံးသွားကာ ရှန်ထျန်းကတော့ ပိုပြီးတော့ သန်မာလာသည်။
နောက်ဆုံးတွင် ရှန်ထျန်းက အင်အားအထွတ်အထိပ် ရောက်ရှိသွားကာ သူ့အတွင်းအားဗဟိုချက်၌ သုံးလက်မအရွယ် ရွှေပလ္လင်လေး ပေါ်လာလေသည်။ ထိုပလ္လင်လေးက သလင်းကျောက်သဖွယ် ကြည်လင်နေကာ သဏ္ဌာန်ငါးခုလည်း အမှတ်အသား ပါလာ၏။ ယင်ယန် ဓာတ်နှော နတ်မိုးကြိုးက ထိုပလ္လင်နားတွင် တောက်ပလျက် ရှိနေသည်။
ဒီဓမ္မအုတ်မြစ်က တစ်ခုခုတော့ ထူးဆန်းတယ်
စွမ်းအားကြီးမားလိုက်တာ
ရှန်ထျန်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
သူ့ခန္ဓာကိုယ်က အရင်ကနှင့် မတူတော့ဘဲ မျက်လုံးမှိတ်ထားရင်းပင် ပတ်ဝန်းကျင်ကို ခံစားသိရှိလာနိုင်သည်။
ဒါက စိတ်စွမ်းအားရဲ့ ကိုယ်ထင်ပြမှုပဲ။ အာရုံငါးပါးအကြောင်း မဟုတ်တော့ဘူး
သူ့ဓမ္မအုတ်မြစ် ပေါ်ထွက်လာသည့်အခါ နဖူးပေါ်ရှိအမှတ်သည်လည်း စတင်ပြောင်းလဲလာတော့သည်။
နတ်မိုးကြိုးစာရင်းမှာ နံပါတ်၈၈ ချိတ်သော ယင်ယန်ဓာတ်နှော နတ်မိုးကြိုးက အခုတော့ သူ့ကို ခစားနေရပြီလေ