← Chapters

အဆင့်မြင့်လာသည့် ဓမ္မအသုံးအဆောင်ပစ္စည်း ကြာပစ်ခွင်း သေနတ်

Vol. 6-10 Ch. 115

အဆင့်မြင့်လာသည့် ဓမ္မအသုံးအဆောင်ပစ္စည်း ကြာပစ်ခွင်း သေနတ်

Vol. 6-10 Ch. 115

အခန်း (၁၁၅) : အဆင့်မြင့်လာသည့် ဓမ္မအသုံးအဆောင်ပစ္စည်း ကြာပစ်ခွင်း သေနတ်

ယခင်တုန်းက ရှန်ထျန်းအနေနှင့် ဓာတ်ငါးပါး ယင်ယန်ဓာတ်နှော နတ်မိုးကြိုးကို ကိုယ်တိုင် အသုံးမပြုနိုင်ခဲ့ပေ။ ဓာတ်နှော မိုးကြိုးစွမ်းအားတွေကို အသုံးမပြုခင် နတ်မိုးကြိုးငါးပါးကျင့်စဉ်ကို အသက်သွင်းဖို့ လိုအပ်သည်။

ရှန်ထျန်းက သူ့ဓမ္မအုတ်မြစ်ကို ကိုယ်တိုင်တည်ဆောက်နိုင်သည်နှင့်  သာမာန် ဝိညာဉ်ချီစွမ်းအားများလည်း ဓမ္မစွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ထိုအခြေအနေနှစ်ခုကြားတွင် ထင်ရှားသော ကွာခြားချက် တစ်ခု ရှိ၏။ ယခု သူမျက်ခုံးစပ်၌ သိုလှောင်ထားသော ယင်ယန် ဓာတ်နှော နတ်မိုးကြိုးသည်လည်း သူ့ကို မှတ်မိပြီး  ခစားချင်နေကြောင်း ခံစားမိနေသည်။

ရှန်ထျန်း ဖြည်းဖြည်းချင်း မျက်စိမှိတ်လိုက်တာနဲ့ သူ၏ မျက်ခုံးစပ်နေရာ တစ်ဝိုက်မှ ရွှေရောင်အလင်းတန်းတို့ ထွက်ပေါ်လာသည်။

နတ်မိုးကြိုးငါးပါး ကျင့်စဉ်၏ လက်ဟန်များကို အသင့်ပြင်ပြီးနောက် အော်ပြောလိုက်သည်

“ တိုက်ခိုက်တော့ …”

ထို့နောက် သူ့ဆီတွင် ရွှေရောင်အလင်းတန်းတွေ ဆန္ဒရှိသလောက် လွှတ်ထုတ်နိုင်သည့် ကောင်းကင်မျက်လုံး ရှိနေသလိုမျိုး သူ့ မျက်ခုံးစပ်မှ ရွှေရောင်အလင်းတန်းတွေ ချက်ချင်း ထွက်လာသည်။

တစ်ချိန်တည်းမှာ ရှန်ထျန်း၏ အရေပြားအထက်၌ ရွှေရောင် မိုးကြိုးလွှာ ဖြစ်ပေါ်လာသည်။ ယင်ယန် ဓာတ်နှော နတ်မိုးကြိုး၏ စွမ်းအားက စွဲမက်ဖွယ်ကောင်းလှ၏။

ရှန်ထျန်း အသက်ပြင်းပြင်ရှူလိုက်သည့်အခါ ခရမ်းရွှေတူက သူ့လက်ထဲ ရောက်ရှိလာသည်။ သူ့လက်ထဲရှိ တူဆီ ရွှေရောင်မိုးကြိုးတွေ ဝင်ရောက်သွားပြီး အတော်လေး တောက်ပလာသည်။

ယခု ရှန်ထျန်းတွင် ဓမ္မစွမ်းအားတွေ ရှိနေပြီဖြစ်သည့်အတွက် သူ့လက်ထဲက ခရမ်းရွှေတူက ပြောင်းလဲသွားပြီး ဓာတ်နှော နတ်မိုးကြိုးစွမ်းအားကိုပင် သုံးစွဲနိုင်တော့မည့်ဟန် ပေါ်လာသည်။

ခရမ်းရွှေတူက သာမာန်လက်နက်တစ်ခုလိုမျိုး နှစ်ပေါင်းများစွာ ကြာသည်အထိ အသုံးချခံရပြီးနောက် အိပ်စက်ရာကနေ နိုးထလာသလိုမျိုး သင့်တော်သော ဓမ္မအသုံးအဆောင် ပစ္စည်းတစ်ခုအဖြစ် တောက်ပရမည့် နေ့ရက်များသို့ ပြန်လည်ရောက်ရှိလာလေပြီ။

ခရမ်းရွှေတူက ဓာတ်နှော နတ်မိုးကြိုးစွမ်းအားကို စုပ်ယူပြီးနောက် အရွယ်အစားလည်း ကြီးလာကာ အရောင်အဝါလည်း ပိုမိုတောက်ပလာသည်။

တစ်မီတာ၏ သုံးပုံတစ်ပုံလောက်သာ ရှိခဲ့သော ခရမ်းရွှေတူက ယခု အရွယ်ရောက်ပြီးသားသူ တစ်ယောက်၏ အရပ်အမြင့်လောက် ရှိသွားပြီး ဖိနှိပ်ထားနိုင်တော့မည့်ဟန် ပေါ်လာသည်။

စိတ်ဝင်စားစရာပဲ…ဒါက မင်းရဲ့ တကယ့်ပုံစံလား

ရှန်ထျန်းက နောက်ထပ် တစ်ခါ အသက်ပြင်းပြင်ရှူလိုက်ပြီး ခရမ်းရွှေတူကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး အပေါ်သို့ မြှောက်လိုက်သည်။

ခရမ်းရွှေတူနှင့် ရှန်ထျန်း၏ ခန္ဓာကိုယ် မျက်နှာပြင်မှ ရွှေရောင်မိုးကြိုးတို့ လင်းလက်နေသည်။ ထိုအခိုက်အတန့်လေး၌ သူ့ကို ကြည့်ရသည်မှာ မြင့်မြတ်ကာ စွမ်းအားကြီးမားသော မိုးကြိုးနတ်ဘုရားဟုပင် ထင်မှတ်ရသည်။

ရုတ်တရက် ရှန်ထျန်းက ဉာဏ်အလင်းပွင့်ကျောက်တုံးပေါ်မှ ခုန်ချကာ မြေပြင်ကို တူကြီးဖြင့် အားပြင်းစွာ ထုရိုက်လိုက်သည်။

ဝုန်း….

ကျယ်လောင်သော အသံထွက်ပေါ်လာပြီးနောက် မြေပြင်မှ အလင်းတန်းတစ်ခု ထွက်လာပြီး ရေမျက်နှာပြင်ပေါ်မှ လှိုင်းဂယက်လိုမျိုး အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ရှန်ထျန်းက သူတော်စင်တောင်မှာ ကာကွယ်ရေးအစီအရင်ကို အသက်သွင်းခဲ့တာကို မှတ်ထားရပေမည်။ ထိုအစီအရင်က ဤနေရာရှိ အရာအားလုံးကို ကာကွယ်ပေးထားပြီး ရွှေအမြုတေကျွမ်းကျင်သူပင် တိုက်ခိုက်ပြီး အမှတ်အသား ကျန်ရစ်စေနိုင်ခဲ့မည် မဟုတ်ချေ။

သို့သော် ယခု ရှန်ထျန်း၏ တူ လက်ချက်ကြောင့် သူတော်စင်တောင်၏ မြေပြင်တွင် ရေအိုင်တစ်ခုစာ ချိုင့်ခွက် ဖြစ်သွားလေသည်။

ဒါက ဘာအဓိပ္ပါယ်လဲ …  ရှန်ထျန်းရဲ့ တိုက်ခိုက်မှုက ရွှေအမြုတေအဆင့် စံပြပုဂ္ဂိုလ်တွေရဲ့ တိုက်ခိုက်မှုထက် ပိုမိုပြင်းထန်တယ်ဆိုတဲ့ သဘောပဲ

ယခုမှ  အခြေတည်အဆင့်သို့ ရောက်ရှိလာသော ကျင့်ကြံသူတစ်ယောက်အတွက်တော့ စိတ်ကူးပင် မယဉ်နိုင်သော အရာ ဖြစ်၏။

ဒါကြောင့် ရုတ်ရုတ်သည်းသည်း ဖြစ်လာနိုင်ခြေကို စဉ်းစားကြည့်စမ်းပါ …  ဒီကိစ္စကို တခြား အခြေတည်အဆင့် ကျင့်ကြံသူတွေဆီ ပြောပြသင့်လား

ထိုထုနှက်ချက် ပြီးမြောက်သွားဖို့ရာ ရှန်ထျန်း  မှန်းဆထားသည့်အတိုင်း ထိန်းချုပ်ထားသော စွမ်းအားတွေ အကုန်လုံးကို အသုံးချလိုက်ရသည်။

ရှန်ထျန်းက အရွယ်အစား ပြန်လည်သေးငယ်သွားသော ခရမ်းရောင်ရွှေတူကို ကိုင်ထားရင်း ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။

အာ….ဒီနည်းလမ်းကို အသုံးချရတာလည်း မမှန်သေးဘူး။ စွမ်းအားတွေ အကုန်လုံး သုံးပြီးသွားရင် ပင်ပန်းသွားတယ်

တိုက်ပွဲထဲရောက်သွားရင် ငါ သဘောအတိုင်း ဓာတ်နှော နတ်မိုးကြိုးစွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လို့ မရလောက်သေးတဲ့ပုံပဲ။ နောက်ဆုံး လိုအပ်မှ ဒီစွမ်းအားကို ထုတ်သုံးနိုင်လိမ့်မယ် …

ရှန်ထျန်းက ဉာဏ်အလင်းပွင့်ကျောက်တုံးပေါ်မှာ နားနေရင်း ချင့်ချိန်စဉ်းစားနေသည်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးအားထားရမဲ့ စွမ်းအားလေးရှိတော့ တော်သေးတာပေါ့

စဉ်းစားကြည်စမ်းပါ... ပြိုင်ဘက်တစ်ယောက်က အဝေး လက်သီးပစ်ခွင်းချက်နဲ့ ယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ် နှစ်ခုလုံးကို ရှောင်နိုင်ပါ့မလား…

တခြားသူတွေအနေနဲ့ ရှန်ထျန်းက လေးသမား မဟုတ်ဘဲ အနီးကပ် တိုက်ခိုက်သူ ဖြစ်နေမှန်း သတိပြုမိသည့်အခါ ရှန်ထျန်းကတော့ အောင်မြင်မှုကို လက်ဦးမှု ရသွားမှာပဲ …

ငါကတော့ သူ့ကို ကြည့်ပြီး ‘တကယ်တော့ ငါက အနီးကပ် တိုက်ခိုက်ရေးမှာ အကျွမ်းဆုံး’ ဆိုပြီးတော့ ပြုံးပြုံးလေး ပြောလိုက်မယ်။ ပြိုင်ဘက်ရဲ့ မျက်နှာ ဘယ်လိုဖြစ်သွားမလဲဆိုတာသာ ကြည့်ကြတာပေါ့

ကြည့်ရတာ စိတ်ကျေနပ်ဖို့ မကောင်းလောက်ဘူးလား …

ရှန်ထျန်းက ခရမ်းရောင်ရွှေတူကို ပြန်သိမ်းထားလိုက်ကာ အားအင်ကုန်ခမ်းမှုကို ပြန်လည် ဖြည့်တင်းဖို့အတွက် ခန်းမင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံးတွေကို ထုတ်ယူလိုက်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူတော်စင်တောင်ထဲသို့ ဝင်ချင်ကြောင်း သူတော်စင် အမှတ်အသားပြားမှ အချက်ပြလာသည်။

ရှန်ထျန်းက စွမ်းအားအချို့ကို သူတော်စင်အမှတ်အသားပြားထဲသို့ ထည့်လိုက်သည့်အခါ သူ့မျက်စိရှေ့တွင် ရုပ်ကြွပုံရိပ်တချို့ ပေါ်လာသည်။

နေရောင်ကြောင့် မျက်မှောင်ကြုတ်ကာ မတ်တပ်ရပ်နေသည့် ရွှေရောင်ဆံသားပိုင်ရှင် ကောင်ကလေးကို တွေ့လိုက်ရသည်။

သူက တကယ်ကို သဘောကျစရာကောင်းတယ်

ဟုတ်တယ်… သူက ကျင့်ကြံရေးလောကမှာ  သိပ္ပံပညာရပ် သုတေသနကို စွဲလမ်းနေတဲ့ ချင်ယွင်တိပဲ

ချင်ယွင်တိနဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ခုက ထူးဆန်းနေတယ်

နေရောင်ကြောင့် သူ့မျက်လုံးထဲမှာ ကောက်ကျစ်မှုလိုမျိုး ဖြစ်နေတာလားဆိုတာ ရှန်ထျန်း မသေချာသော်လည်း ဂရုမစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

အင်း…ငါ အလုပ်တွေ အရမ်းကြိုးစားထားလို့ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်နိုင်တယ်

သူက သူတော်စင် အမှတ်အသားပြားထဲ စွမ်းအားတချို့ကို ထည့်လိုက်ပြီးနောက် ချင်ယွင်တိကို ဝင်ခွင့်ပြုလိုက်သည်။

သိပ်မကြာလိုက်ခင်မှာပဲ ချင်ယွင်တိက ဓားပျံစီးနင်းကာ ဝင်ရောက်လာပြီး ရှန်ထျန်းရှေ့သို့ ရောက်ရှိလာသည်။

“ ဂိုဏ်းတူ အစ်ကိုရှန် ကျွန်တော် မိုးကြိုးလည်ပတ်စက်ကို ဖန်တီးပြီးတော့ နတ်ဆိုးဖောက်ခွင်း သေနတ်ကို အဆင့်မြှင့်လိုက်ပြီ။ ကြည့်ကြည့်ပါဦး”

ချင်ယွင်တိ ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ့လက်ပေါ်ရှိ လက်စွပ်က တောက်ပသွားကာ ရှန်ထျန်း၏ ရှေ့သို့ ရွှေရောင် သုံးချောင်းထောက်အိုးနှင့် သေနတ်တစ်လက် ထွက်ပေါ်လာသည်။

သုံးချောင်းထောက်အိုးတွင် ထိုက်ချီသင်္ကေတနှင့် ယင်ယန် သင်္ကေတတို့ ရေးထွင်းထားလေ၏။ အပေါ်မျက်နှာပြင်အထက်၌ အချိုုင့်များစွာလည်း ပါရှိနေသေးသည်။

ချင်ယွင်တိက ပြောလိုက်၏  “ ဂိုဏ်းတူ အစ်ကိုရှန် … ကျွန်တော်တို့ မတွေ့တဲ့အချိန်လေးအတွင်း စဉ်းစားဖြစ်ခဲ့တာလေးပါ။ ကျွန်တော်တို့ရဲ့ တပည့်တွေကို မိုးကြိုး စွမ်းအားတွေ ထောက်ပံ့ခိုင်းတာထက်စာရင် ဝိညာဉ်ချီကို စုပ်ယူပြီး လိုအပ်တဲ့ စွမ်းအင် ပြောင်းပေးနိုင်မဲ့ သုံးချောင်းထောက်အိုးပေါ်မှာ မိုးကြိုးကာကွယ်ရေး အစီအရင်ကို ထွင်းထားလိုက်တာ မကောင်းဘူးလား။

ကျွန်တော်ရဲ့ အမေကလည်း ဒီအကြံကို ထောက်ခံလို့ ဒီ ယင်ယန် သုံးချောင်းထောက်အိုးကို ဖန်တီးခဲ့လိုက်တာ … တစ်ချက်လောက် ကြည့်ကြည်ပါဦး။ အစ်ကိုကြီး လိုအပ်တဲ့အရာနဲ့ အံဝင်ခွင်ကျ ဖြစ်ရဲ့လား”

ဝိုး…..

ချင်ယွင်တိ ရှင်းပြတာကို ကြားပြီးနောက် ရှန်ထျန်း သူ့ကို အထင်ကြီးသွားမိသည်။

သူ့နာမည် “ ကျင့်ကြံရေးလောကရဲ့ လားဗိုးစီယား” နဲ့ လိုက်ပါပေတယ် …

ရက်ပိုင်းလေးအတွင်း ငါ့ဖန်တီးမှုကို ဘယ်လိုအဆင့် ထပ်မြင့်ရမလဲဆိုတာ သိသွားတာပဲ

ရှန်ထျန်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြရင်း ပြောလိုက်သည်

“ ဂိုဏ်းတူ ညီလေး ဒါက ဘယ်လို အလုပ်လုပ်လဲဆိုတာ ပြောပြလေ”

ချင်ယွင်တိက ပြုံးကာ သုံးချောင်းထောက်အိုးရှေ့ ရောက်လာပြီး ဝိညာဉ်ကျောက်တုံးအမျိုးမျိုးကို ထိုအချိုင့်ရာများအတွင်း ထည့်သွင်းလိုက်သည်။ ထို့နောက် သူက သုံးချောင်းထောက်အိုး အပြင်ဘက်၌ ချီစုစည်းရေး အဆောင်များကို ထည့်သွင်းလိုက်ပြီး ပိတ်လိုက်လေ၏။

ထို့နောက် ချင်ယွင်တိက ထိုက်ချီ ယင်ယန် သုံးချောင်းထောက်အိုးထဲတွင် ရှိသော အစီအရင်ကို အသက်သွင်းရန်အတွက် ဓမ္မစွမ်းအားများ ထည့်သွင်းလိုက်သည်။

ဓမ္မစွမ်းအား ထည့်သွင်းပြီးနောက် သုံးချောင်းထောက်အိုး တစ်ခုလုံး စတင်တုန်လှုပ်လာပြီး အထဲမှ မိုးကြိုးအချို့လည်း ထွက်လာသည်။

ခဏအကြာတွင်  မိုးကြိုးတွေ ထုတ်လွှတ်ပေးနေသော မိုးကြိုးအဆောင်က သုံးချောင်းထောက်အိုး ထဲမှ ကျည်ဆန်လိုမျိုး အရှိန်ဖြင့် ထွက်သွားသည်။

ရှန်ထျန်းက ထို မိုးကြိုးအဆောင်ကို ဖမ်းဆုပ်ထားကာ မြေပြင်ပေါ်သို့ လမ်းလွှဲလိုက်သည်။

ဝုန်း..

မြေပြင်ပေါ်တွင် ပျက်စီးခြင်း အများအပြား မရှိသော်လည်း ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်ကိုတော့ ကောင်းကောင်း ခံစားမိလိုက်ကြသည်။

စွမ်းအင်လှိုင်းဂယက်၏ ပြင်းထန်မှုကို ကြည့်ပြီး ထို မိုးကြိုးအဆောင်၏ စွမ်းအားက အရင် မိုးကြိုးအဆောင်ဟောင်းများ၏ သက်ရောက်မှုနှင့် တူညီလုနီးပါးဖြစ်ကြောင်း ရှန်ထျန်း ခန့်မှန်းလိုက်မိသည်။

ဒါကို ကြည့်ပြီးတော့ ကောင်းကင်အသျှင် ရွှေကြာက ဓမ္မအသုံးအဆောင်ပစ္စည်းတွေ ဖန်တီးတဲ့နေရာမှာ ကျွမ်းကျင်တယ်လို့ ပြောလို့ရတယ်။ သူမက အလိုအလျောက် မိုးကြိုးအဆောင် လည်ပတ်စက်ကိုတောင် ဖန်တီးနိုင်ခဲ့ပြီပဲ

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ မဆိုးပါဘူး။ ဒီဓမ္မ အသုံးအဆောင်ပစ္စည်းနဲ့သာဆိုရင် လိုအပ်တဲ့ မိုးကြိုးစွမ်းအားတွေ ဖန်တီးဖို့အတွက်ရော ငါတို့ လုပ်ဆောင်ချက်ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖို့ရော အဆင်ပြေသွားပြီ”

ချင်ယွင်တိက ကျေနပ်စွာဖြင့် ပြောလိုက်သည်

“ ဟုတ်တယ် … ဒါကြောင့် အစ်ကိုရှန်ကို ပေးဖို့ ရွှေကြာတောင်ကနေ ဒီတစ်ခုကို အထူးတလည် ယူလာခဲ့တာ။  ရှေ့လျှောက် ဂိုဏ်းတူအစ်ကိုရှန်က ယင်ယန် မိုးကြိုးဖောက်ခွဲရေး အဆောင်ကို ကိုယ်တိုင် အများကြီး လုပ်နိုင်တော့မှာ။

အစ်ကိုကြီးရှန် ဘယ်လိုသဘောရလဲဟင်” ချင်ယွင်တိက ရှန်ထျန်းကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်ရင်း မေးလိုက်သည်။

ဂိုဏ်းတူ အစ်ကိုရှန်သာ ငါပေးတဲ့ လက်ဆောင်ကို ကြိုက်သွားရင် ယင်ယန် ဆန့်ကျင်ဘက် တာအိုအကြောင်း ဘယ်လိုအဆင့်မြှင့်ရမလဲဆိုတာကို လမ်းပြပေးနိုင်မှာပဲ

ထို့ကြောင့် ဓမ္မအသုံးအဆောင်ပစ္စည်းကို ပြုလုပ်ပြီး ရှန်ထျန်းကို ပေးရတာ ထိုက်တန်သည်ဟု ချင်ယွင်တိ ခံစားမိသည်။ ထို့အပြင် သူက ဝိညာဉ်ကျောက်တုံး ဘယ်နှစ်တုံး ပြန်လည်ချီးမြှင့်ခံရဖို့ကို လုံးဝ စိတ်မဝင်စားဘဲ လေ့လာရတာကိုသာ ပျော်နေမိသည်။

ရှန်ထျန်းက ထိုက်ချီ ယင်ယန် သုံးချောင်းထောက်အိုးကို ခန်းမင်လက်စွပ်ထဲသို့ ထည့်ကာ ပြန်ဖြေလိုက်သည်

“ မင်းရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းတူညီလေး”

ထို့နောက် မြေပြင်ပေါ်ရှိ သေနတ်ကို ကြည့်ကာ ပြောလိုက်သည်

“ ဒါက နတ်ဆိုး ဖောက်ခွင်း သေနတ်ကို အဆင့်မြှင့်ထားတာလား”

ချင်ယွင်တိက သေနတ်ကို ရှန်ထျန်းဆီ ပေးလိုက်ပြီး ပြောသည်

“ ဂိုဏ်းတူအစ်ကိုရှန် …  ဒါက ကျွန်တော်ရဲ့ အမေ နှစ်တစ်သောင်း သံမဏိအဆီအနှစ်ကနေ ပြုလုပ်ထားတာပါ။

သာမာန် နတ်ဆိုး ဖောက်ခွင်း သေနတ်နဲ့ ယှဉ်လိုက်ရင် ဒီသေနတ်က ပိုပြီးတော့ အားပြင်းတာမလို့ ဆက်တိုက်တောင် ပစ်လွှတ်လို့ ရတယ်။ ကျွန်တော်ရဲ့ အမေက အဲဒါကို ကြာပစ်ခွင်း သေနတ်ဆိုပြီးတော့ နာမည်ပေးထားသေးတယ်”

All Chapters