← Chapters

ဝန်ထုပ်ဝန်ပိုးကိုခံနိုင်ရည်မရှိ

Vol. 35 Ch. 487

ဝန်ထုပ်ဝန်ပိုးကိုခံနိုင်ရည်မရှိ

Vol. 35 Ch. 487

အခန်း (၄၈၇) ဝန်ထုပ်ဝန်ပိုးကိုခံနိုင်ရည်မရှိ

အရှေ့ပင်လယ်တွင် စစ်မီးက တောက်လောင်နေဆဲပင်။

လူသားသိုင်းသမားများနှင့် မီးတောက်မိစ္ဆာများသည် အရှေ့ပင်လယ်ရှိ မီးတောက်မိစ္ဆာကမ္ဘာသို့ဦးတည်သော ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်အနီးတွင် အပြင်းအထန် တိုက်ခိုက်ရင်း ပိတ်မိနေကြသည်။ မဟာမီးတောက်မိစ္ဆာဘုရင်ဦးဆောင်ပြီး စွမ်းအားမြင့်မားသော မီးတောက်မိစ္ဆာများစွာသည် နယ်နိမိတ်ဝင်ပေါက်ကို ပိတ်ဆို့လျှက် စောင့်ကြပ်တိုက်ခိုက်နေကြ၏။

ကအမ္ဘာဖြတ်လမ်းကြောင်း ဝင်ပေါက်အနီးတွင် ရန်တိ ၊ အဘိုးအို’မော့’ ၊ ဟွမ်ကွမ်လီ နှင့် စုန့်ဝူလျန်တို့က ထိုက်ယီချိုးဖျက်အစီအရင်ကို ထုတ်လွှတ်ပြီး မီးတောက်နတ်ဆိုးများကို အရှိန်အဟုန်ဖြင့် ဖိအားပေးတိုက်ခိုက်နေကြသည်။ မိုးမြေတစ်ခုလုံး အဖြူရောင်အလင်းတန်းများ လွှမ်းခြုံလျှက် တောင်များကိုပြိုလဲစေပြီး ပင်လယ်ကို ထိုးခွင်းနိုင်သောစွမ်းအားဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာဘက်မှ မီးတောက်မိစ္ဆာများကို တိုက်ခိုက်နေသည်။

ထူးကဲယင်သရဖူကို ဆောင်းထားသော မန်ဝမ်နှင့် လှိုင်းနက်ဂေဟာမှ အန်းချင်လင်တို့သည်လည်း ထိုက်ယီချိုးဖျက်အစီအရင်ကို ထောက်ပံ့ကူညီပေးရင်း မီးတောက်မိစ္ဆာများကို တိုက်ခိုက်လျှက်ရှိသည်။

အရှေ့ပင်လယ်၏ အခြားသောဒေသများတွင်လည်း တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည်။

ပန်းချီဆရာသူတော်စင်လက်အောက်ရှိ ‘စိမ်းလန်းဆေးလုံးကျွန်း’ မှ သိုင်းသမားများသည်လည်း မီးတောက်မိစ္ဆာများကို တိုက်ခိုက်သုတ်သင်လျှက် ရှိသည်။

မီးတောက်မိစ္ဆာများကလည်း သူတို့၏ အပြင်းထန်ဆုံးစွမ်းအားကို နှိုးဆွကာ လူသားကျင့်ကြံသူများနှင့် သွေးစွန်းတိုက်ပွဲ ဆင်နွှဲလျှက်ရှိ၏။

ဓားဝိညာဉ်တစ်ခုက လေထဲတွင် လင်းလက်သွားပြီး မီးတောက်မိစ္ဆာတစ်ကောင်ကို သုတ်သင်ပစ်လိုက်သည်။

ဓားအလင်းတန်ပျောက်ကွယ်သွားသည်နှင့် ပန်းချီကားချပ်ထဲမှ မိန်းမပျိုတစ်ယောက်ပမာ ချောမောလှပပြီး ထက်မြက်ဟန်ရှိသော အမျိုးသမီးတစ်ယောက်၏ပုံရိပ် ပေါ်လာသည်။

သူမက မီးတောက်မိစ္ဆာများကို သတ်ဖြတ်ပြီးသည်နှင့်  ပင်လယ်ရေမျက်နှာပြင်ထက်တွင် ရှိနေသော မိန်းမပျိုလေးနှစ်ယောက်ကို ခေါင်းငုံ့ကြည့်လိုက်၏။

သူမက ခေါင်းတစ်ချက်ညိတ်ရင်း...

“ယွင်ရှန်း... လျိုဟွား”

ပင်လယ်ရေမျက်နှာပြင်ထက်တွင် ရှိနေသူနှစ်ယောက်မှာ ဝါဒတောင်၏ ထူးကဲယင်မိန်းမပျိုများဖြစ်သော ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့ ဖြစ်ကြသည်ပင်။

သူတို့နှစ်ယောက်က ဖူအန်းစုကို ဦးညွှတ်ဂါရဝပြုရင်း...

“ဆရာ...”

ဖူအန်းစုက သူတို့အနားသို့ ဆင်းသက်လာပြီး...

“လျိုဟွား... မင်း တွေ့ခဲ့တဲ့သူက နေသူတော်စင်ဂိုဏ်းက ဟွမ်ကျိဆိုတာ သေချာလား”

ယင်လျိုဟွားက...

“ဒီတပည့်က သူ့ကို ပန်းချီကားတွေထဲမှာပဲ မြင်ဖူးတာပါ ၊ အခု အဝေးကလှမ်းမြင်လိုက်ရတယ်ဆိုပေမယ့် အဲဒီလူက အလင်းမင်းသား’ဟွမ်ကျိ’ ဆိုတာ သေချာပါတယ် ၊ တပည့် အမြင်မမှားပါဘူး”

သူမက အနည်းငယ် စိတ်မသက်မသာ ခံစားရဟန်ဖြင့်...

“ကျွန်မနဲ့သူနဲ့က အရမ်းဝေးနေတာ့ သူက ကျွန်မကို မမြင်ပါဘူး ၊ အဲဒါ အဆင်ပြေတယ်မဟုတ်လား ဆရာ”

ယင်လျိုဟွားစကားကိုကြားတော့ ဖူအန်းစုက ခဏမျှ စဉ်းစားရင်း...

“အင်း... လျိုဟွား... ငါတို့က မင်းကို တခြားထိပ်သီးသိုင်းဂိုဏ်းကြီးတွေရှေ့မှ ချမပြရသေးဘူးဆိုတော့ သူက မင်းကို သိမှာမဟုတ်ဘူး ၊ ဒါပေမဲ့ သတိထားတာ အကောင်းဆုံးပဲ ၊ နောက်ဆို တစ်ယောက်တည်း မလှုပ်ရှားနဲ့”

ယင်လျိုဟွားက...

“ဟုတ်ကဲ့ပါ ဆရာ”

ဟု ကမန်းကတန်း ဖြေလိုက်သည်။

ဖူအန်းစု ခေါင်းညိတ်လိုက်သည်။

သူမက ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့ကို တောင်ပေါ်ပြန်ပို့လျှင်ကောင်းမည်လားဟု စဉ်းစားမိသည်။ သို့သော် သူမစဉ်းစားနေစဉ်မှာပင် မီးလျှံလှိုင်းလုံးများ မြင့်တက်လာပြီး မီးတောက်မိစ္ဆာများ ထပ်မံတိုက်ခိုက်လာပြန်သည်။

ဖူအန်းစုမှာ အတွေးများကိုရပ်တန့်ပြီး ရန်သူကို ရင်ဆိုင်လိုက်ရ၏။

သူမက သိုင်းပညာရှင်အဆင့်နှင့်ညီမျှသော မီးတောက်မိစ္ဆာများကို တိုက်ခိုက်သတ်ဖြတ်လိုက်စဉ် ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့သည်လည်း ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။

ဖူအန်းစုက တပည့်နှစ်ယောက်တိုက်ခိုက်သည်ကို သေသေချာချာ အကဲခတ်ရင်း မျက်မှောင်ကြုတ်လိုက်၏။

မီးတောက်မိစ္ဆာများကို သတ်ဖြတ်ပြီးနောက် သူမက ယင်လျိုဟွားကိုကြည့်ရင်း...

“လျိုဟွား... မင်း ကျင့်ကြံခြင်းမှာ အများကြီးအားစိုက်ဖို့ လိုသေးတယ်နော်”

ယင်လျိုဟွားက တိုးလျသောလေသံဖြင့်...

“ဟုတ်ကဲ့ပါ ဆရာ”

ဟု ပြန်ဖြေလေသည်။

ဒါကိုမြင်တော့ ဖန်းယွင်ရှန်းက သက်ပြင်းချရင်း အသံပို့လွှတ်စနစ်ဖြင့် ဖူအန်းစုကို လှမ်းပြီး စကားပြောလိုက်၏။

“ဆရာ... ဂိုဏ်းတူညီမလေး’ယင်လျိုဟွား’ ကို အချိန်နည်းနည်းလောက် ထပ်မပေး‌တော့ဘူးလား”

ဖူအန်းစုက ယင်လျိုဟွားကို တစ်ချက်လှမ်းကြည့်ရင်း...

“ငါ သူ့ကိုကျင့်ကြံခိုင်းတာတွေက မင်းနဲ့ယှဉ်ရင်အများကြီးနိမ့်တယ် ၊ ဒါတောင် သူက တိုးတက်မလာဘူး”

သူမက ဆက်ပြောသည်။

“ဒီကလေးမလေးက ပင်ကိုယ်ဗီဇကိုက သောက်ပျင်းထူတာ ၊ ကြိမ်နဲ့မတို့ရင် ရှေ့ဆက်မသွားတော့ဘူး ၊ သူ့ကို ငါကတွန်းအားပေးတယ်ဆိုရင် (၇၀) ရာနှုန်း (၈၀) ရာနှုန်းလောက်တော့ ကျင့်ကြံရမှာပေါ့ ၊ ဒါပေမဲ့ သူက အစားလေးစားလိုက် ၊ သူလုပ်ချင်တာလေးလုပ်လိုက်နဲ့ နေတာလေ”

“ငါက နည်းနည်းဖိအားပေးလိုက်ရင် သူက နှစ်ရက်လောက်တော့ ကြိုးစားလိုက်တယ် ၊ ပြီးရင် ဒုံရင်းက ဒုံရင်းပဲ ၊ ဒါကို ငါ မသိဘူးလို့ ထင်နေသလား”

စကားပြောနေရင်း ဖူအန်းစု ဒေါသထွက်လာပြီး...

“တောင်ပေါ်ပြန်ရောက်ရင်တော့ သူ့ကို ကောင်းကောင်းကြပ်မတ်ပေးရမယ် ၊ ဒါမှ သူ ပိုပြီးကြိုးစားမှာ”

ဖန်းယွင်ရှန်းက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ...

“ဆရာ... ဂိုဏ်းတူညီမလေး’ယင်’ ကို ထူးကဲယင်မိန်းမပျိုအဖြစ် တောင်ပေါ်ကိုခေါ်လာပြီးတဲ့နောက် အချိန်တိုအတွင်း တိုးတက်လာဖို့နဲ့ ကျွန်မနဲ့ မန်ဝမ်ကို အမီလိုက်နိုင်ဖို့ပဲ ဖိအားပေးခဲ့ကြတယ် ၊ ဒါပေမဲ့ သူ့ရဲ့ ဘဝရည်မှန်းချက်ပန်းတိုင်က ဘာလဲဆိုတာ ဘယ်သူမှ မေးမကြည့်ခဲ့ကြဘူးလေ”

ဖန်းယွင်ရှန်း၏ ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအားက ယင်လျိုဟွားထက် များစွာသာလွန်ပြီး ယင်လျိုဟွားအနေဖြင့် ဖန်းယွင်ရှန်းကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဖန်းယွင်ရှန်း၏စကားများက ယင်လျိုဟွားကို မနာလိုသဖြင့် ပြောနေခြင်းမဟုတ်ကြောင်း ဖူအန်းစု နားလည်သည်ပင်။

ဖူအန်းစုက မျက်မှောင်ကြုတ်ရင်း...

“သူ့ရဲ့ပြဿနာက သောက်ပျင်းထူတာပဲ ၊ ဘယ်တော့မှ ကျင့်ကြံခြင်းမှာ အာရုံမစိုက်ဘူး ၊ ထူးကဲယင်မိန်းမပျိုတစ်ယောက် မဟုတ်ရင်တောင် ကျင့်ကြံသူတစ်ယောက်အနေနဲ့ အောင်မြင်နိုင်မှာ မဟုတ်ဘူး”

ဖန်းယွင်ရှန်း သက်ပြင်းချလိုက်သည်။

ဖူအန်းစုက...

“လျိုဟွားက အရင်တုန်းက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပဲ ၊ တစ်ကိုယ်တော် ကျင့်ကြံသူတွေက ရင်းမြစ်တွေ ချို့တဲ့ကြတယ် ၊ အခွင့်အရေးတစ်ခုရဖို့အတွက် ကိုယ့်အားကိုယ်ကိုးတိုက်ပွဲဝင်ရင်း ကြီးမားတဲ့ အန္တရယ်တွေ ရင်ဆိုင်ကြရတယ် ၊ တကယ်ဆိုရင်... အကျပ်အတည်းတွေကြားမှာရှင်သန်ရတဲ့ သူတို့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် တိုးတက်ချင်တဲ့ဆန္ဒက ထိပ်သီးသိုင်းဂိုဏ်းကြီးက တပည့်တွေထက်တောင် အားကောင်းနေသင့်တာ”

သူမက စကားပြောနေစဉ် ရန်ကျောက်ကဲပြောခဲ့သော စကားကို ရုတ်တရက် သတိရသွားသည်။

“ကြည့်ရတာ ဂိုဏ်းတူညီမလေး ‘ယင်လျိုဟွား’က အေးအေးဆေးဆေး နေချင်တာလည်း ဖြစ်နိုင်တယ်”

ဆိုသောစကားဖြစ်၏။

ဖူအန်းစု ချက်ချင်းပင် ယင်လျိုဟွားကို လှည့်ကြည့်ပြီး မျက်ခုံးများ တွန့်ချိုးလိုက်သည်။

ဖန်းယွင်ရှန်းနှင့် ဖူအန်းစု အသံပို့လွှတ်စနစ်ဖြင့် ပြောဆိုနေကြသောစကားများကို မသိရှာသော ယင်လျိုဟွားသည် ဖူအန်းစုအကြည့်ကြောင့် နားမလည်နိုင် ဖြစ်သွားသည်။

“ဆရာ... ဘာဖြစ်လို့လဲ”

ဖူအန်းစု သက်ပြင်းချရင်း အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ယင်လျိုဟွားကို ကြည့်နေသောအကြည့်များ တဖြည်းဖြည်း ပျော့ပြောင်းသွားသည်။

ဆရာဖြစ်သူ၏မျက်ဝန်းများ ပျော့ပြောင်းသွားတော့မှ ယင်လျိုဟွား အနည်းငယ် စိတ်သက်သာရာရသွား၏။ သူမကို ဖူအန်းစု လုံးလုံးလျားလျား စိတ်ပျက်သွားမည်ကို ယင်လျိုဟွား စိုးရိမ်ပူပန်လေသည်။

သူမနှင့်မျိုးဆက်တူသူများထဲတွင် သူမကဲ့သို့ အကောင်းဆုံးသော ရင်းမြစ်ပစ္စည်းရရှိသူဆို၍ အနည်းငယ်သာရှိသည်။ သူမရရှိထားသော ပံ့ပိုးမှုများက ရွှီဖေး ၊ လုဝမ်နှင့် အခြားသော ပင်မတိုက်ရိုက်တပည့်များထက်ပင် သာလွန်သည်။

ဝါဒတောင်က သူမကဲ့သို့ မည်သူ့ကို ဆက်ဆံခဲ့ပါသနည်း။

ရန်ကျောက်ကဲက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် နံပါတ် (၁) အဖြစ် လူသိရှင်ကြား သတ်မှတ်ခံထားရသူ ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲက ဂိုဏ်း၏အထောက်အပံ့ကိုပင် ရယူခြင်းမရှိဘဲ သူရရှိထားသော ရင်းမြစ်များကိုပင် ဂိုဏ်းကို ပြန်လည်ခွဲဝေပေးနေသည်ဖြစ်ရာ ယင်လျိုဟွားအပါအဝင် အခြားသူများနှင့် တူညီသူ မဟုတ်ပေ။

ဖန်းယွင်ရှန်း မည်သူဖြစ်သည်ဆိုခြင်းကတော့ ပြောနေစရာပင်မလိုပေ။

ယင်လုန်ထူက အသက် (၁၅)နှစ်မှာပင် သိုင်းပညာရှင်ဖြစ်လာပြီး မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အသက်အငယ်ဆုံး သိုင်းပညာရှင်ဆိုသည့် ရန်တိ၏ သမိုင်းမှတ်တမ်းကို ချိုးဖျက်ခဲ့သည်။

ဆိုရလျှင် ယင်လျိုဟွားနှင့်အတူတူ ထောက်ပံ့မှုကောင်းများ ရရှိသူများမှာ ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူ သာလျှင် ရှိ၏။

ဖူအန်းစု၏ တပည့်တစ်ယောက်ဖြစ်ပြီး ကျင့်ကြံခြင်းတွင်လည်း အလွန်တရာ ပါရမီရှိသော စစ်ခုန်ချင်းသည်ပင် သူမလောက် ဂိုဏ်း၏ထောက်ပံ့မှုကို မရရှိခဲ့ပေ။

ဂိုဏ်းက သူမကိုပံ့ပိုးပေးနေသည်မှာ သူမ တော်လွန်းသောကြောင့် မဟုတ်သည်ကို ယင်လျိုဟွား အပြည့်အဝ နားလည်သည်။

သူမက ထူးကဲယင်မိန်းမပျိုဖြစ်‌သောကြောင့် သူမကို ပံ့ပိုးပေးနေခြင်း ဖြစ်၏။

ထို့ကြောင့် လက်ရှိအချိန်တွင် ဘဝက သက်သောင့်သက်သာဖြင့် အကောင်းဆုံးအရင်းအမြစ်များကို ခံစားနေနိုင်သည်။

သို့သော် ဂိုဏ်းက သူမအား ထူးကဲယင်မိန်းမပျိုအဖြစ် ဆက်လက်ပျိုးထောင်မပေးတော့ပါက သူမသည် ဝါဒတောင်၏ တပည့်တစ်ယောက်ဖြစ်နေဦးတော့ ဘက်ပေါင်းစုံမှ ရင်းမြစ်ထောက်ပံ့ပေးမှုများ မလွဲမသွေ ကျဆင်းသွားမည် ဖြစ်သည်။

ဂိုဏ်းထဲသို့ရောက်စက ယင်လျိုဟွားအနေဖြင့် ဖန်းယွင်ရှန်းကိုအမီလိုက်ပြီး ထူးကဲယင်ပြိုင်ပွဲတွင်ပါဝင်လျှက် ထူးကဲယင်သရဖူကို ဆွတ်ချူရန် စိတ်ကူးအချို့ ရှိနေခဲ့သည်။ သို့သော် ယခုတော့ ထိုစိတ်ကူးများက အားနည်းသွားပေပြီ။

သူမအတွက် ‘ထူးကဲယင်သရဖူ’ က ရည်မှန်းချက်ပန်းတိုင် မဟုတ်တော့ပေ။ ထိုအစား သူမရရှိထားသည့် ထူးကဲယင်ခန္ဓာက လက်ရှိခံစားနေရသော ဦးစားပေးဆက်ဆံမှုနှင့် အခွင့်ထူးခံဘဝအတွက် အသုံးချရန် ကိရိယာတစ်ခု ဖြစ်လာခဲ့သည်။

သူမကို အမြဲတမ်းအပြစ်ရှာနေသော တင်းကြပ်သည့်ဆရာတစ်ယောက်ရှိနေသော်လည်း ထူးကဲယင်ပြိုင်ပွဲရှိနေသရွေ့ ၊ သူမက ထူးကဲယင်ခန္ဓာပိုင်ဆိုင်ထားသရွေ့ အလွန်အားရကျေနပ်ဖွယ်ရာ အကျိုးကျေးဇူးများကို ခံစားနေရဦးမည် ဖြစ်၏။

သူမက သိုင်းပညာထူးချွန်သည်ဟု ယူဆနိုင်သော်လည်း ပျင်းရိခြင်းကြောင့် အရည်အချင်းများ ဆုံးရှုံးခဲ့ရသည်။

အခြားသောပင်မတိုက်ရိုက်တပည့်များကြားတွင် သူမက အောက်ခြေတွင်မရပ်တည်ဘဲ ဂိုဏ်းမှပံ့ပိုးပေးသည့် ရင်းမြစ်များက အတိုင်းအတာတစ်ခုအထိ ကြီးမားခဲ့သည်။

ထိုသို့သောပံ့ပိုးပေးမှုများသာမရှိလျှင် သူမ၏နေ့ရက်များ မည်သို့ဖြစ်လာမည်လဲဟုတွေးတောရင်း ယင်လျိုဟွား ထိတ်လန့်သွားရသည်။

သို့ပေသိ ဖူအန်းစု၏ နူးညံ့သောမျက်နှာအမူအရာကို တွေ့မြင်လိုက်ရတော့ သူမက စိတ်သက်သာရာရစွာ သက်ပြင်းချရင်း...

“ဒီတစ်ခါတော့ လွတ်ပြီထင်တယ်”

ဟု တွေးလိုက်လေ၏။

All Chapters