← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

“ဒါက ဘာကြီးလဲ။”

ကျန်းဟန် လှည့်ကြည့်လိုက်သည်။ ထိုအရာမှာ လမ်းကြားလေး၏ ထောင့်တစ်နေရာသို့ ပြုတ်ကျသွားပုံရသည်။

“သွားကြသို့။ သွားကြည့်ကြည့်မယ်။”

သူ အနည်းငယ် စဉ်းစားပြီးနောက် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် အနံ့ဆိုးများ ထွက်နေသော အမှိုက်ပုံကြီးကို ကျော်ဖြတ်ကာ လမ်းကြားထောင့်သို့ အမြန်လျှောက်သွားလိုက်၏။

“ကျိီီီီးးး w(゚Д゚)w”

သို့သော်လည်း သူ လမ်းထောင့်ကို ကွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်စိမ်းပိုးကောင်လေး ပိုင်လင်းမှာ ပထမဆုံးအကြိမ် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ကျန်းဟန်နောက်သို့ ပုန်းအောင်းသွားတော့သည်။

“မကြောက်ပါနဲ့။ သူ သတိလစ်နေပြီ။”

ကျန်းဟန်က သူ့နောက်က ပိုင်လင်းကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

၎င်းမှာ မီးခိုးဖြူရောင် အပြောက်များပါသော ဇီးကွက်တစ်ကောင် ဖြစ်သော်လည်း ကမ္ဘာမြေပေါ်တွင် မြင်တွေ့ရလေ့ရှိသည့် ဇီးကွက်များထက် များစွာပိုမိုကြီးမားပြီး သာမန်အရွယ်ရောက်ပြီးသား ငန်းတစ်ကောင်နီးပါး အရွယ်အစားရှိသည်။

သို့သော် ၎င်းမှာ ဒဏ်ရာရရှိထားပုံရပြီး အမွှေးအမျှင် အတော်များများ ကျွတ်ထွက်နေကာ ၎င်း၏ အတောင်ပံတစ်ဝိုက်မှ သွေးစိမ်းရှင်ရှင်များ စီးကျနေလေသည်။

ကျန်းဟန်သည် ၎င်းကို ချက်ချင်း လက်ဖြင့် မဆင်မခြင် သွားမထိရဲဘဲ ပိုကီဒက်စ် (Pokedex) ဖြင့် စကင်ဖတ်ရန် သူ၏ ဖုန်းကို ထုတ်ယူလိုက်သည်။

နှစ်ပေါင်းတစ်ရာကျော် ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ပိုကီဒက်စ်များသည် အလွန်ခေတ်စားလာပြီး မိုဘိုင်းလ်ဖုန်းများနှင့် ပေါင်းစပ်ထားပြီး ဖြစ်သည်။

မကြာမီမှာပင် ဖုန်းမျက်နှာပြင်ပေါ်၌ သက်ဆိုင်ရာ အချက်အလက်များ ပေါ်လာခဲ့တော့သည်။

[အမည်] : သွေးအရိပ်ညဇီးကွက်

[ဓာတ်သဘာဝ] : အမှောင်၊ သွေး

[အဆင့်] : လက်ရွေးစင်အဆင့် အစောပိုင်းနီးပါး

[ပါရမီ/အလားအလာ] : ကြယ် ၁ ပွင့်

[စွမ်းရည်] : သွေးထွက်စေခြင်း - (သွေးအရိပ်ညဇီးကွက်သည် ပြိုင်ဘက်ကို ဒဏ်ရာရအောင် တိုက်ခိုက်မိပါက စဉ်ဆက်မပြတ် သွေးထွက်စေသည့် အာနိသင်ကို ဖြစ်ပေါ်စေပြီး ထိုဒဏ်ရာမှာ ကုသရန် ခက်ခဲသည်။)

[ကျွမ်းကျင်မှု] : ဆုတ်ဖြဲလက်သည်း

[ထိန်းချုတတ်သောအမျိုးအစား] : ပိုးကောင်

[အားနည်းချက်] : စိတ်စွမ်းအင်

[ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်း] : အခပေး (Paid)

[ဖော်ပြချက်] : ဝါးကြွက်၊ တောယုန်၊ ဟမ်းစတားကြွက်နှင့် ပုတ်သင်ညိုများကို လိုက်လံရှာဖွေအမဲလိုက်တတ်သော သွေးအရိပ်ညဇီးကွက်ပေါက်လေး ဖြစ်သည်။ ညဘက်တွင် တိုက်ခိုက်နိုင်စွမ်း ပိုမိုမြင့်မားပြီး ပျံသန်းမှုနှုန်း ပိုမိုမြန်ဆန်ကာ တိုက်ခိုက်မှုစွမ်းအားလည်း တိုးပွားလာတတ်သည်။

ကျန်းဟန်သည် သူ့ဖုန်းတွင် ပြသထားသည့် အချက်အလက်များကို ကြည့်လိုက်သည်။ ဤမျှအထိ တိကျနေရခြင်းမှာ သူ့ဖုန်းတွင် အထူးထောက်လှမ်းရေးကိရိယာတစ်ခု တပ်ဆင်ထားသောကြောင့်ဖြစ်ပြီး ၎င်းမှာ ဖုန်းနှင့် ပေါင်းစပ်ထားသည့် ခေတ်မီနည်းပညာ ထုတ်ကုန်တစ်ခုဖြစ်သည်။

“အမှောင်နဲ့ သွေး နှစ်မျိုးစပ် ဇီးကွက်ပဲ။ ဒါကြောင့်လည်း ဒီလောက်ကြီးနေတာကိုး။”

ကျန်းဟန်တစ်ယောက် ထိုကောင်လေးသည် သွေးထွက်လွန်ပြီး အမှန်တကယ် သတိလစ်နေခြင်းဖြစ်ကြောင်း သေချာစေရန် သစ်သားတုတ်တစ်ချောင်းဖြင့် တို့ကြည့်လိုက်သည်။

“ပိုင်လင်း မကြောက်နဲ့တော့။ ပိုးမျှင်ပစ်လွှတ်ခြင်းကို သုံးပြီး သူ့ကို ပတ်လိုက်။ ပြီးရင် ငါတို့ ပြန်ယူသွားမယ်။”

ကျန်းဟန်သည် သူ့နောက်က ကျောက်စိမ်းပိုးကောင်လေးကို ကြည့်ကာ ပြောလိုက်သည်။ ဇီးကွက်ကဲ့သို့သော ငှက်သားရဲများသည် ပိုးကောင်များကို စားခဲသော်လည်း ကျောက်စိမ်းပိုးကောင်လေးမှာမူ ကြောက်ရွံ့နေဆဲပင်။

သို့သော်လည်း ကျန်းဟန်၏ အမိန့်ပေးမှုအောက်တွင် ၎င်းသည် သွေးအရိပ်ညဇီးကွက်ကို ဝါးမြိုဖုံးလွှမ်းရန် ပိုးမျှင်ပစ်လွှတ်ခြင်းကို အသုံးပြုခဲ့သည်။ ထို့နောက်တွင် ကျန်းဟန်သည် ၎င်းကို ကုသပေးရန်အတွက် ကျောပိုးအိတ်ထဲသို့ ထည့်လိုက်တော့သည်။

သူသည် ဤမျက်နှာဝိုင်းဝိုင်းနှင့် ဖက်တီးကြက်ကြီးကို သဘောကျသွားမိသည်။ ၎င်း၏ အချက်အလက်များက ကောင်းမွန်ပြီး ပါရမီကလည်း မနိမ့်လှပေ။ သို့သော် ၎င်းသည် သားရဲထိန်းချုပ်ခြင်းဈေးကွက်မှ ထွက်ပြေးလာခြင်းလား သို့မဟုတ် တောရိုင်းထဲမှ ရောက်လာခြင်းလား ဆိုသည်ကိုမူ သူ မသိချင်ယောင်ဆောင်ထားလိုက်သည်။

ကျန်းဟန်သည် ၎င်းကို ဆရာဝန်ဆီသို့ မခေါ်သွားခဲ့ဘဲ ဆေးအချို့ဝယ်ကာ အိမ်သို့သာ တန်းပြန်ခဲ့လိုက်သည်။ သူသည် ဤမျက်နှာဝိုင်းဖက်တီးကြက်ကြီးကို သူ၏ ဒုတိယမြောက် သားရဲအဖြစ် စာချုပ်ချုပ်ဆိုလိုသောကြောင့် လောလောဆယ်တွင် ဤအကြောင်းကို မည်သူ့ကိုမျှ မသိစေချင်ပေ။ အကြောင်းမှာ အစပိုင်းမှာတင် သားရဲထိန်းချုပ်ခြင်း မျိုးစေ့နှစ်ခု ပိုင်ဆိုင်ထားသူဟူ၍ မည်သည့်မှတ်တမ်းမှ မရှိခဲ့ဖူးသောကြောင့်ပင်။

ထိုလူများသည်လည်း သူ့ကဲ့သို့ပင် ဖုံးကွယ်ထားကြခြင်း ဖြစ်နိုင်သော်လည်း မည်သို့ပင်ဖြစ်စေ လောလောဆယ်တွင် အခြားသူများကို မသိစေခြင်းက ပိုကောင်းပေသည်။

ထို့ပြင် ဤမျက်နှာဝိုင်းဝိုဖက်တီးကြက်ကြီးကို ကောက်ရထားခြင်းဖြစ်ပြီး မည်သည့်ဝယ်ယူမှုမှတ်တမ်းမှလည်း မရှိချေ။

အိမ်သို့ ရောက်လာပြီးနောက် ကျန်းဟန်သည် ၎င်း ရုတ်တရက် ရန်မမူနိုင်ကြောင်း သေချာစေရန် မေ့ဆေးတစ်လုံး ထပ်ကျွေးလိုက်ပြီးနောက် ၎င်း၏ အမွှေးအမျှင်များကို စတင်ညှပ်ပေးလိုက်သည်။

ဒဏ်ရာရနေသော နေရာတစ်ဝိုက်မှ အမွှေးများကို ညှပ်ပြီးနောက်တွင်မူ ကျန်းဟန်သည် ဒဏ်ရာမှာ အတွင်းကလီစာများအထိ နက်ရှိုင်းစွာ ထိုးဝင်သွားသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းသည် တစ်ခုခု၏ ဆိတ်ဆွခြင်းကို ခံထားရပုံရပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများတွင်လည်း လက်သည်းရာများစွာ ရှိနေလေသည်။

“ဒုက္ခပဲ။ ဒီဒဏ်ရာကို ငါ မကုတတ်ဘူး။”

ကျန်းဟန် ကြောင်အမ်းသွားမိသည်။ ဒဏ်ရာက ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ပွန်းပဲ့ပြတ်ရှဒဏ်ရာ အမြောက်အမြားကြောင့် သွေးထွက်လွန်နေခြင်းသက်သက်သာ ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။

သူ အနည်းငယ် စဉ်းစားပြီးနောက် သူ၏ အတန်းပိုင်ဆရာမဖြစ်သူ ဆရာမ ဝမ်ယိထံသို့ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။

“ဆရာမ ကျောင်းမှာ ရှိသေးလား။”

ခဏအကြာတွင် ဆရာမ ဝမ်ယီက စာပြန်ပို့လာခဲ့သည်။

“ဘာဖြစ်လို့လဲ။ ကိစ္စတစ်ခုခု ရှိလို့လား။”

ကျန်းဟန် - “ကျွန်တော် ဒဏ်ရာအပြင်းအထန်ရထားတဲ့ မျက်နှာဝိုင်း ဖက်တီးကြက်ကြီးတစ်ကောင်ကို တွေ့ထားလို့ပါ။ ဆရာမကို လာကုသပေးဖို့ အကူအညီတောင်းချင်ပါတယ်။”

သူသည် ဆရာ ခယ်လုံကို သွားမရှာဘဲ ဆရာမ ဝမ်ယိကိုမှ လာရှာရခြင်း အကြောင်းရင်းမှာ ဆရာမ ဝမ်ယိက ပိုပြီး လှည့်စားရလွယ်သည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။

ဆရာမ ဝမ်ယိ - “မျက်နှာဝိုင်း ဖက်တီး ကြက်ကြီး ဟုတ်လား။”

ကျန်းဟန် - “အော... ညဇီးကွက်တစ်ကောင်ပါ။ သွေးအရိပ်ညဇီးကွက်ပါ။”

“မင်းရှိတဲ့တည်နေရာကို ပို့လိုက်ပါ။ ငါ မင်းအိမ်ကို လာခဲ့မယ်။ ငါ ကျောင်းကနေ ထွက်လာပြီး မြို့ထဲရောက်နေပြီ။ အခုတင် ပြန်တော့မလို့ လုပ်နေတာ။”

ခဏအကြာတွင် ဆရာမ ဝမ်ယိက ပြန်ဖြေလာခဲ့သည်။

ကျန်းဟန် သူ၏တည်နေရာကို ပို့ပေးလိုက်၏။ သုံးမိနစ်ခန့်အကြာတွင် ဆရာမ ဝမ်ယိသည် တောင်ပံခြောက်ခုပါသော မြင်းဖြူတစ်ကောင်ကို စီးနင်းလျက် ရောက်ရှိလာခဲ့သည်။

ကျောင်းတွင် မဟုတ်တော့သဖြင့် ဆရာမ ဝမ်ယိသည် အားကစားဝတ်စုံကို ဝတ်ဆင်မထားတော့ဘဲ သူမ၏ အချိုးအစားကျနသော ခန္ဓာကိုယ်အလှကို ပေါ်လွင်စေသည့် ဂျင်းဘောင်းဘီအကျပ်တစ်ထည်နှင့် လည်ဟိုက် လက်တိုအင်္ကျီအဖြူတစ်ထည်ကို ဝတ်ဆင်ထားသည်။

“ဒါ ကျောင်းသား ကျန်းဟန်ရဲ့ အိမ်ပေါ့။ အတော်လေး သပ်သပ်ရပ်ရပ် သန့်ရှင်းထားတာပဲ။”

ကျန်းဟန်၏ အိမ်ထဲသို့ လှမ်းဝင်လာရင်း ဆရာမ ဝမ်ယိက ကျေနပ် အားရစွာ ပြောလိုက်သည်။ အိမ်လေးက ရိုးရှင်းသော်လည်း ရှုပ်ပွနေခြင်း သို့မဟုတ် ထူးဆန်းသော အနံ့အသက်များ လုံးဝမရှိချေ။

“အဟား... အဓိကကတော့ ဒီမှာ ကျွန်တော်တစ်ယောက်တည်း နေတာမို့လို့ အမှိုက်သိပ်မထွက်တာပါ။”

ကျန်းဟန်က ရယ်မောရင်း ဖျော်စပ်ထားသော ပန်းခြောက်လက်ဖက်ရည်တစ်ခွက်ကို ကမ်းပေးလိုက်သည်။ ဆရာမ ဝမ်ယ်ကိုယ်တိုင် လာရောက်လည်ပတ်ပေးသည့်အတွက် သူ အလွန် ကျေးဇူးတင်မိသည်။

“လက်ဖက်ရည်က သောက်လို့ကောင်းသားပဲ။”

ဆရာမ ဝမ်ယိက တစ်ငုံ သောက်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်ရှိ ဇီးကွက်ကို ကြည့်လိုက်သည်။

“သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကို ကြည့်ရသလောက်တော့ ဒီသွေးအရိပ်ညဇီးကွက်က လူတွေမွေးထားတာ ဟုတ်ပုံမရဘူး။ တောရိုင်းထဲကနေ ပြေးဝင်လာတာ ဖြစ်ရမယ်။”

ကြမ်းပြင်ပေါ်ရှိ သွေးအရိပ်ညဇီးကွက်ကို ကြည့်ရင်း ဆရာမ ဝမ်ယိ၏ မျက်နှာတွင် စိတ်ဝင်စားဟန် အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။

“ကျွန်တော် သူ့ကို အမှိုက်ပုံနားမှာ တွေ့ခဲ့တာပါ။ ဒဏ်ရာက သိပ်မပြင်းထန်ဘူး ထင်နေတာ။ ဒါပေမဲ့ နောက်မှ သူ့ရဲ့ အတွင်းကလီစာတွေ ပျက်စီးနေတာကို တွေ့လိုက်ရတယ်။”

ကျန်းဟန်က ပြောလိုက်သည်။

“ဒါက အတော်လေးကောင်းမွန်တဲ့ သားရဲတစ်ကောင်ပဲ။ ငါ မင်းအတွက် ကုသပေးပြီးရင် မင်း ဒါကို ပြန်ရောင်းလို့ရတယ်။ အနည်းဆုံးတော့ မင်းရဲ့ ချေးငွေတချို့တလေကို ဆပ်နိုင်သွားတာပေါ့။”

ဆရာမ ဝမ်ယိက ခေါင်းညိတ်လိုက်သည်။ သူမ လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ အစီအရင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ လှည့်ပတ်စီးဆင်းနေသော အရောင်စုံ ဝိညာဉ်စွမ်းအင်များထဲမှနေ၍ လှပသော ပန်းနတ်သမီးလေး တစ်ပါး လေထုထဲမှ ထွက်ပေါ်လာတော့သည်။

သူမသည် လူတစ်ကိုယ်စာ၏ ထက်ဝက်ခန့်သာ မြင့်သော်လည်း ချွန်ထက်သော နားရွက်များ၊ ရွှေရောင်ဆံပင်များနှင့် ထူးကဲလှပပြီး ပြီးပြည့်စုံသော မျက်နှာလေးဖြင့် အလွန်ပင် လှပလွန်းလှသည်။ သို့သော် သူမတွင် ခြေထောက်များ မရှိချေ။ ခါးအောက်ပိုင်း တစ်ခုလုံးမှာ ဝိညာဉ်အသွင်ဖြင့်သာ ရှိနေသည်။

၎င်းသည် ပန်းပွင့်များမှ မွေးဖွားလာပြီး ကြယ် ၅ ပွင့် ပါရမီအဆင့်ရှိသော အလွန်ရှားပါးသည့် သားရဲအမျိုးအစား ဖြစ်သည်။ ကျန်းဟိးန်သည် ၎င်းကို စာအုပ်များထဲတွင်သာ မြင်ဖူးခဲ့ပြီး သူ၏ အတန်းပိုင်ဆရာမ ဝမ်ယိတွင် အမှန်တကယ် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

“တကယ့်ကို လှပတဲ့ နတ်သမီးလေးပဲ။”

ကျန်းဟန်က အားကျစိတ်ဖြင့် ပြောလိုက်သည်။

“မင်းရဲ့ ချီးကျူးစကားကို ကြားရင် သူ အရမ်းပျော်သွားတော့မှာပဲ။”

ဆရာမ ဝမ်ယိက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ အခြားတစ်ဖက်တွင်မူ ပန်းနတ်သမီးလေးသည် အစိမ်းရောင် ဝိညာဉ်စွမ်းအင်တန်းများကို ဖြန်းပက်ပေးနေပြီ ဖြစ်သည်။ သွေးအရိပ်ညဇီးကွက်၏ ဒဏ်ရာများသည် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည့် အရှိန်အဟုန်ဖြင့် ပြန်လည်ကောင်းမွန်လာနေသည်။

ဤသည်မှာ သားရဲထိန်းချုပ်ခြင်း ကမ္ဘာ၏ ဆန်းကြယ်မှုပင် ဖြစ်သည်။ ကုသရေးအမျိုးအစား သားရဲတစ်ကောင်အတွက်မူ ယခုကဲ့သို့ အသက်အန္တရာယ်စိုးရိမ်ရသော ဒဏ်ရာမျိုးမှာ အပန်းမကြီးလှပေ။

“ကုသပြီးသွားပြီ။ လောလောဆယ်တော့ သူ့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားအောင် လုပ်ထားပေးတယ်။ မင်း သွားပြီး မနှိုးသရွေ့တော့ သူ တစ်ရက်အတွင်း နိုးလာမှာ မဟုတ်ဘူး။”

မကြာမီမှာပင် ဆရာမ ဝမ်ယိသည် ပန်းနတ်သမီးလေးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ကျန်းဟန်ကို ကြည့်လိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာမ။”

ကျန်းဟန်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ကြိုးစားထား။ ငါ မင်းကို အများကြီး မျှော်လင့်ထားတယ်။”

ဆရာမ ဝမ်ယိက ကျန်းဟန်၏ ပုခုံးကို ပုတ်ကာ နွေးထွေးသော အပြုံးတစ်ခုကို ပြသလိုက်သည်။

ထို့နောက် သူမသည် လှည့်ထွက်သွားပြီး အပြင်ဘက်သို့ လျှောက်လှမ်းကာ တောင်ပံခြောက်ခုပါ မြင်းဖြူကြီးပေါ်သို့ ထပ်မံစီးနင်း၍ ကောင်းကင်ယံသို့ ပျံသန်းသွားတော့သည်။

“လမ်းခရီးဘေးကင်းပါစေ ဆရာမ။”

ကျန်းဟန်သည် ဆရာမ ဝမ်ယိ ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးမှ အိမ်ထဲသို့ ပြန်ဝင်ကာ တံခါးပိတ်လိုက်သည်။ ဆရာမ ဝမ်ယိကဲ့သို့သော အဆင့် ၅ ဘွဲ့ရ သားရဲထိန်းချုပ်သူ တစ်ယောက်အဖို့ ဆရာမလုပ်ခြင်းမှာ အရံအလုပ်တစ်ခုသက်သက်သာ ဖြစ်ရမည်။

အိမ်ထဲပြန်ရောက်သောအခါ သူသည် ပန်းနတ်သမီးလေး၏ ကုသပေးမှုကြောင့် ညှပ်ထားသော အမွှေးအမျှင်များပင် ပြန်လည်ပြည့်စုံသွားသည့် မျက်နှာဝိုင်းဖက်တီး ကြက်ကြီးကို ကြည့်လိုက်သည်။ ကမ္ဘာမြေတွင်ဆိုလျှင် ဤသတ္တဝါမျိုးမှာ ကာကွယ်စောင့်ရှောက်ထားသည့် တိရစ္ဆာန်ဖြစ်သဖြင့် ထိတွေ့ကိုင်တွယ်ရန်ပင် မဖြစ်နိုင်ချေ။

ယခုမူ တစ်ကောင်ကို အလကား စာချုပ်ချုပ်ဆိုခွင့် ရရှိတော့မည်ဖြစ်ရာ တကယ့်ကို ဝမ်းသာစရာ ကောင်းလှပေသည်။

All Chapters