← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

ပြိုင်ပွဲများ ဆက်လက်ကျင်းပလာခဲ့ရာ မကြာမီမှာပင် အားကစားမှူး လျူရှန်း ကွင်းထဲသို့ တက်လှမ်းရမည့်အလှည့်သို့ ရောက်ရှိလာခဲ့သည်။ သူ၏ အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၀ ဖြစ်ပြီး သူ၏ပြိုင်ဘက်မှာ နံပါတ်တစ်ဆယ်နေရာမှ ဖြစ်ကာ သားရဲမှာ သစ်သားဒြပ်စင် အမျိုးအစားဖြစ်သည့် လက်တစ်ထောင်နွယ်ပင် ဖြစ်သည်။

နှစ်ဖက်စလုံး၏ စွမ်းအားမှာ ကွာခြားမှုမရှိလှသော်လည်း သစ်သားဒြပ်စင် လက်တစ်ထောင်နွယ်ပင်တွင် ငွေရောင်ချပ်ဝတ်မိကျောင်းကို ပိတ်ဆို့ချုပ်တည်းနိုင်သည့် သက်ရောက်မှု ရှိနေသည်။

တိုက်ပွဲစတင်ပြီး မကြာမီမှာပင် ငွေရောင်ချပ်ဝတ်မိကျောင်းသည် ကောက်ညှင်းထုပ်ကဲ့သို့ အထပ်ထပ် ရစ်ပတ်ချုပ်နှောင်ခြင်းကို ခံလိုက်ရသဖြင့် ၎င်း၏အစွမ်းကို လုံးဝ ထုတ်မပြနိုင်တော့ပေ။

စိတ်ရိုင်းဝင်စေခြင်း ပါရမီကို ထုတ်သုံးခဲ့လျှင်ပင် ထိုအထဲမှ ရုန်းထွက်ရန်မှာ ခက်ခဲနေဆဲပင်။ လူတိုင်းသိကြသည့်အတိုင်း မိကျောင်းများတွင် ကြောက်မက်ဖွယ်ကောင်းသော ကိုက်ခဲအား ရှိသော်လည်း ၎င်းတို့၏ မေးရိုးကို ပြန်ဖွင့်သည့်အားမှာမူ သိပ်မကောင်းလှပေ။

ထို့အတူပင် ဤကွင်းမြေပြင် ပတ်ဝန်းကျင်သည်လည်း ငွေရောင်ချပ်ဝတ်မိကျောင်းအတွက် အဆင်မပြေလှချေ။

မကြာခင်မှာပင် အားကစားမှူး လျူရှန်းသည် ဝမ်းနည်းဖွယ်ရာ အရေးနိမ့်သွားခဲ့ရတော့သည်။

ပွဲတွင် ရှုံးနိမ့်သွားခဲ့ပြီးနောက် အားကစားမှူး လျူရှန်းသည် ကျန်းဟန်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူ၏မျက်နှာတွင် စိတ်ပျက်အားငယ်မှုနှင့် ရှက်ရွံ့မှုတို့ ရောပြွမ်းနေခဲ့ပြီး အခြားသူများ၏မျက်လုံးထဲတွင် မိမိကိုယ်ကိုယ် လူပြက်တစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

မနေ့ကတင် သူသည် ကျန်းဟန်ကို အနိုင်တိုက်မည်ဟု ကြုံးဝါးနေခဲ့သေးသော်လည်း ယနေ့တွင်မူ ကျန်းဟန်နှင့်ပင် ထိပ်တိုက်မတွေ့ရသေးဘဲ အခြားတစ်ယောက်၏ လက်ချက်ဖြင့် အရင်ဦးစွာ အရေးနိမ့်သွားခဲ့ရပြီ ဖြစ်သည်။

သူသည် ချက်ချင်းပင် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ပြီး နောက်သို့ပင် လှည့်မကြည့်တော့ဘဲ လှည့်ထွက်သွားခဲ့တော့သည်။

“ငွေရောင်ချပ်ဝတ်မိကျောင်းက အခုလို တိုက်ပွဲမျိုးတွေအတွက် တကယ်ကို မသင့်တော်သေးဘူး။”

လီဇီဝေက မှတ်ချက်ပေးလိုက်သည်။

ငွေရောင်ချပ်ဝတ်မိကျောင်းသည် ရွှံ့နွံများနှင့် ရေပြင်ထဲတွင် ရှိနေချိန်၌သာ အသန်မာဆုံး ဖြစ်သည်။ ထိုအချိန်တွင်မှသာ ၎င်း၏ ရေအသွင်ပြောင်းလဲခြင်းထူးခြားချက်က သက်ရောက်မှုရှိလာပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်း ပုန်းကွယ်သွားနိုင်မည် ဖြစ်သည်။

ကျန်းဟန်ကမူ ဘာမှမပြောခဲ့ပေ။ ယခုအချိန်တွင် လူတိုင်း၌ သားရဲတစ်ကောင်စီသာ ရှိကြသေးသဖြင့် အပြန်အလှန် ပိတ်ဆို့ချုပ်ကိုင်မှု သက်ရောက်မှုများမှာ အလွန်ထင်ရှားလှသည်။ မိမိကို နှိမ်နင်းနိုင်သည့် ပြိုင်ဘက်နှင့် ဆုံတွေ့ရသည်နှင့် ဘာမှမတတ်နိုင်တော့ပေ။

သို့သော် အနာဂတ်တွင် သားရဲအရေအတွက် ပိုမိုများပြားလာသည်နှင့်အမျှ ဤပြဿနာမှာ စိုးရိမ်စရာ ရှိတော့မည်မဟုတ်ပေ။

“ပထမဆုံးအနေနဲ့ ကွင်းထဲမှာ အနိုင်ရရှိသွားခဲ့ကြတဲ့ ပြိုင်ပွဲဝင် ဆယ်ယောက်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ တိုက်ပွဲအခြေအနေတွေ ဘယ်လိုပဲဖြစ်ပျက်ခဲ့ပါစေ...သင်တို့အားလုံးဟာ ကျွန်တော်တို့ ချင်းယွမ် လေ့ကျင့်ရေးကွင်းရဲ့ တစ်လစာ အခမဲ့ မန်ဘာဝင်ခွင့်ကို ရရှိမှာဖြစ်ပြီး အဲ့ဒီထဲမှာ ကျွမ်းကျင်ဆရာတွေရဲ့ လမ်းညွှန်မှုကို ခံယူနိုင်မယ့်အပြင် လေ့ကျင့်ရေးကွင်းအတွင်းက ဘယ်လိုအသုံးအဆောင်ပစ္စည်းတွေကိုမဆို အခမဲ့ အသုံးပြုပြီး လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။”

ဤအဆင့် ပြီးဆုံးသွားသည်နှင့်အမျှ လေ့ကျင့်ရေးကွင်း၏ စာရင်းကိုင်မန်နေဂျာက လူတိုင်းကို ဂုဏ်ပြုစကား ပြောကြားရန် ထွက်ပေါ်လာခဲ့သည်။

“နောက်တစ်ဆင့်အနေနဲ့ ကျန်ရှိနေတဲ့ ၁၁ ယောက်က မဲပြန်နှိုက်ရမှာ ဖြစ်ပြီး နံပါတ်၁၁ ကို နှိုက်မိတဲ့သူက မဲလွတ်ရရှိပြီး နောက်တစ်ဆင့် ပြိုင်ပွဲကို တိုက်ရိုက်တက်လှမ်းခွင့် ရမှာဖြစ်ပါတယ်။”

မဲနှိုက်ခြင်း အစီအစဉ်မှာ လျင်မြန်စွာ စတင်ခဲ့သည်။

“ငါက နံပါတ် ၁၀ နှိုက်မိတယ်။ နင်ရော ဘယ်နှနံပါတ် ရခဲ့လဲ။”

လီဇီဝေက မဲနှိုက်ပြီးနောက် ကျန်းဟန်ကို အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

“ငါ့ကံက တော်တော်ကောင်းတယ်ပြောရမယ်။ ငါက နံပါတ် ၁၁ ပဲ။”

ကျန်းဟန်က သူ၏ နံပါတ်ပြားလေးကို ထုတ်ပြရင်း ပြောလိုက်သည်။

“ဝိုး... အခုလိုအချိန်မျိုးမှာ နံပါတ် ၁၁ နှိုက်မိဖို့ တော်တော်ကံကောင်းတာပဲ။”

လီဇီဝေက အားကျစိတ်ဖြင့် ပြောလိုက်သည်။

“တကယ်ကို ကံကောင်းတာပဲ။”

ကျန်းဟန်ကိုယ်တိုင်လည်း ဤသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဤအဆင့်အတွက် ပြိုင်ပွဲများမှာ လျင်မြန်စွာ ပြန်လည်စတင်ခဲ့သည်။ လူတိုင်းကို အံ့အားသင့်စေသည်မှာ ကွင်းထဲသို့ ပထမဆုံး တက်လှမ်းလာသူမှာ ကြယ်လေးပွင့်အဆင့် အလားအလာရှိသော မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲကို ပိုင်ဆိုင်ထားသည့် လူငယ် ချင်းယွမ် ဖြစ်နေခြင်းပင်။

“ငါ့ရဲ့ဒီနေ့ပြိုင်ပွဲကတော့ ဒီအဆင့်အထိပဲ သွားနိုင်တော့မယ့်ပုံပဲ။”

လီဇီဝေက နှမြောတသစွာဖြင့် ပြောလိုက်သည်။ သူမက နံပါတ် ၁၀ ဖြစ်သဖြင့် ချင်းယွမ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

“ရပါတယ်။ မင်း အစွမ်းကုန်ပဲ ကြိုးစားကြည့်လိုက်ပါ။”

ကျန်းဟန်က သူမကို အားပေးလိုက်သည်။

ပွဲစဉ်မှာ လျင်မြန်စွာ စတင်ခဲ့သည်။ ဒိုင်လူကြီး၏ ကြေညာချက်နှင့်အတူ မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲသည် ကောင်းကင်သို့ ပျံတက်သွားခဲ့ပြီး ခရမ်းရောင်အလင်းတန်းတစ်ခုအသွင်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ၎င်း ပြန်လည်ပေါ်ထွက်လာသည့် အချိန်တွင်မူ ၎င်း၏ ပုစဉ်းရင်ကွဲဓားလက်ရုံးတစ်စုံမှာ မီးတောက်ခွေးလေး၏ လည်ပင်းသို့ တိုက်ရိုက် ရောက်ရှိဖိကပ်နေပြီ ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လီဇီဝေမှာ တုန်လှုပ်ခြောက်ခြားသော အမူအရာကို မပြသဘဲမနေနိုင်တော့ပေ။ သူမအနေဖြင့် ကွာဟချက် ကြီးမားသည်ကို သိရှိထားသော်လည်း ဤမျှအထိ ကွာခြားလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် စိတ်ထဲတွင် ချက်ချင်းပင် ခါးသီးမှုကို ခံစားလိုက်ရတော့သည်။

“ချင်းယွမ် အနိုင်ရရှိပါတယ်။”

“သေစမ်း... ဒီမိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲက အရမ်း မြန်လွန်းတယ်။ အဲ့ဒီမီးတောက်ခွေးလေးက ခြေနှစ်လှမ်းပဲ လှမ်းရသေးတယ်။ ချက်ချင်း ရှုံးသွားပြီ။”

“ဟုတ်ပါ့...။ ဒါက ကြယ်လေးပွင့်အဆင့် အလားအလာရှိတဲ့ သားရဲတစ်ကောင်ရဲ့ ကြောက်မက်ဖွယ်ကောင်းမှုလား။”

ဘေးနားရှိ လူအချို့မှာ ဤမျှမြန်ဆန်လှသော ဇာတ်သိမ်းကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကြရသည်။

“ဒီနေ့ပြိုင်ပွဲရဲ့ ပထမနေရာကတော့ ကြိုတင်သတ်မှတ်ထားပြီးသား ဖြစ်သွားပုံရတယ်။”

“အဲ့ဒါက သူက သန်မာလွန်းလို့ပါ။ ကြိုတင်သတ်မှတ်ထားတာ မဟုတ်ဘူး။”

...

“ငါ ရှုံးသွားပြီ။ နင်ပဲ အစွမ်းကုန် ကြိုးစားလိုက်တော့။”

လီဇီဝေက စိတ်ပျက်လက်ပျက် ဖြစ်နေသော ပုံစံဖြင့် ကွင်းထဲမှ ဆင်းလာရင်း ပြောလိုက်သည်။ သူမ၏ စိတ်ရိုင်းဝင်စေခြင်း ပါရမီမှာ တစ်နေ့လျှင် သားရဲတစ်ကောင်အပေါ် တစ်ကြိမ်သာ အသုံးပြုနိုင်၏။ မဟုတ်ပါက သားရဲ၏ အလားအလာကို ထိခိုက်စေနိုင်သဖြင့် သူမအနေဖြင့် ချင်းယွမ်ကို ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ပေ။

“မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရမ်း ပြင်းထန်လို့ပါ။ ဒါက မင်းအပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ မီးတောက်ခွေးလေး လက်ရွေးစင်အဆင့် ဒါမှမဟုတ် ခေါင်းဆောင်အဆင့်ကို ရောက်သွားပြီဆိုရင်တော့ တစ်မျိုးဖြစ်သွားလိမ့်မယ်။ မီးဒြပ်စင်ရဲ့ အပြန်အလှန် နှိမ်နင်းနိုင်စွမ်းက မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲကို အကြီးအကျယ် ဒုက္ခပေးနိုင်လိမ့်မယ်။”

ကျန်းဟန်က မှတ်ချက်ပေးလိုက်သည်။

“အတန်းဖော် ကျန်းဟန်က လူကို အားပေးနှစ်သိမ့်တတ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ငါ အခု စိတ်မပျက်တော့ဘူး။”

လီဇီဝေက ရုတ်တရက် ခေါင်းမော့ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ ကျန်းဟန်က ပခုံးတွန့်ပြလိုက်သည်။

“မင်း အပယ်ခံရလို့ ငိုယိုနေတဲ့အသံက ငါ့ကို စိတ်အနှောင့်အယှက် ပေးမှာစိုးလို့လေ။”

လီဇီဝေ: “……”

ဤအဆင့် ပြိုင်ပွဲများမှာလည်း လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး ယခုအခါ ကွင်းအတွင်း၌ လူခြောက်ယောက်သာ ကျန်ရှိတော့သည်။

“မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြိုင်ပွဲက ဒီအဆင့်အထိ ရောက်ရှိလာခဲ့ပါပြီ။ နောက်တစ်ဆင့်အနေနဲ့ ကျွန်တော်တို့ရဲ့ ထိပ်သီး ခြောက်ယောက်ဟာ မဲပြန်နှိုက်ပြီး ပွဲစဉ်သုံးပွဲကို ဆင်နွှဲရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ထိပ်သီး သုံးယောက်ဆုရှင်တွေကို သတ်မှတ်ဖို့အတွက် သူတို့အချင်းချင်း အလှည့်ကျ ပတ်လည်ပြိုင်ပွဲကို ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။”

ဒိုင်လူကြီးက ထပ်မံကြေညာလိုက်သည်။

အဘယ်ကြောင့်ဆိုသော် စတုတ္ထနေရာမှ ဒသမနေရာအထိ ရရှိမည့် ဆုကြေးများမှာ အတူတူပင်ဖြစ်သဖြင့် တိကျသော အဆင့်သတ်မှတ်ချက်များကို ရှာဖွေနေရန်မလိုဘဲ ထိပ်သီး သုံးယောက်ကိုသာ သတ်မှတ်လျှင် လုံလောက်သောကြောင့်ပင်။

“ကံကောင်းပါစေ။”

ဘေးမှနေ၍ လီဇီဝေက အားပေးစကား ဆိုလိုက်သည်။ သူမသည် ချက်ချင်း ပြန်မသွားသေးပေ။

ကျန်းဟန်က ခေါင်းငြိတ်ပြလိုက်ပြီး ကျန်သော လူငါးဦးနှင့်အတူ ရှေ့သို့ လျှောက်သွားလိုက်သည်။ ဤအဆင့်အထိ တက်လှမ်းလာနိုင်ခဲ့ကြသည့် ခြောက်ယောက်စလုံးမှာ အားနည်းသူများ မဟုတ်ကြသော်လည်း လူတိုင်းက ချင်းယွမ်နှင့် ဆုံရမည်ကို အလွန် ကြောက်ရွံ့နေကြသည်။

ချင်းယွမ်နှင့် ဆုံတွေ့ရခြင်းမှာ သေချာပေါက် အရေးနိမ့်ခြင်းကို ဆိုလိုသဖြင့် ထိပ်သီး သုံးယောက်စာရင်းမှ ပယ်ထုတ်ခြင်း ခံရမည် ဖြစ်သည်။

ချင်းယွမ်သည် ကျန်းဟန်ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း သူ၏နှုတ်ခမ်းထောင့်၌ အပြုံးရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိပ်သီး ခြောက်ယောက်ထဲတွင် ဤကဲ့သို့ ထူးဆန်းသောကောင်တစ်ကောင် ပါဝင်နေဆဲဖြစ်သည်ကို သူကိုယ်တိုင်လည်း အနည်းငယ် အံ့အားသင့်နေမိသည်။

ထို့နောက် သူသည် လက်လှမ်း၍ မဲတစ်ခုကို နှိုက်လိုက်သည်။

“ချင်းယွမ်... နံပါတ်တစ်။”

သူ နံပါတ်တစ်ကို ထပ်နှိုက်မိပြန်သည်။

နောက်တစ်ယောက်မှာ လက်တစ်ထောင်နွယ်ပင်နှင့် ကျောက်ချင်းရှန်း ဖြစ်သည်။ သူသည် စိတ်ထဲမှ ခေတ္တဆုတောင်းလိုက်ပြီးနောက် မဲပုံးထဲသို့ လက်နှိုက်ကာ မဲတစ်ခုကို ဆွဲထုတ်လိုက်သည်။

“အား... မစားရ ဝခမန်းပဲ။”

နံပါတ်ကို မြင်လိုက်ရပြီးနောက် ကျောက်ချင်းရှန်း၏ မျက်နှာမှာ မည်းမှောင်သွားခဲ့ရသည်။

“ကျောက်ချင်းရှန်း... နံပါတ်ခြောက်။”

“ကျွန်မ လက်လျှော့တယ်။”

ကျောက်ချင်းရှန်းသည် မတိုက်ခိုက်တော့ကြောင်း တိုက်ရိုက်ကြေညာလိုက်ပြီး ကိုယ်ကိုလှည့်ကာ ပွဲကြည့်ပရိသတ်နားနေဆောင်ဆီသို့ လျှောက်လှမ်းသွားတော့သည်။

ကျန်းဟန်မှာမူ ယခုတစ်ကြိမ်တွင် နံပါတ်ငါးကို နှိုက်မိခဲ့ပြီး သူ၏ပြိုင်ဘက်မှာ နံပါတ်နှစ် ဖြစ်ကာ အဖြူရောင် အားကစားအင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်ကို အမြင့်တွင် မြင်းမြီးပုံစံ စည်းနှောင်ထားသည့် မိန်းကလေးတစ်ဦး ဖြစ်သည်။

ကျောက်ချင်းရှန်းက လက်လျှော့သွားခဲ့သဖြင့် သူတို့ပွဲစဉ်မှာ ပထမဆုံးပွဲ ဖြစ်လာခဲ့သည်။

“နံပါတ်နှစ် ချန်ရှန်းရွှယ်နဲ့ နံပါတ်ငါး ကျန်းဟန်။”

ဒိုင်လူကြီး၏ ကြေညာချက်နှင့်အတူ ကျန်းဟန်နှင့် ဆံပင်ကို မြင်းမြီးကေ စည်းထားသည့် မိန်းကလေးတို့ ကွင်းအလယ်သို့ တက်လှမ်းလာခဲ့ကြသည်။

ချန်ရှန်းရွှယ်၏ သားရဲမှာလည်း သာမန်မဟုတ်ချေ။ ၎င်းမှာ မြက်ပင်နတ်သမီးဖြစ်ပြီး လူသားဆန်သော ကိုယ်အထက်ပိုင်းနှင့် မြက်ပင်များဖြင့် ဖွဲ့စည်းထားသော ကိုယ်အောက်ပိုင်း ရှိကာ ချစ်စရာကောင်းသော မိန်းကလေးငယ်တစ်ဦးနှင့် တူသည့် သားရဲတစ်မျိုး ဖြစ်သည်။

ဤသည်မှာ ပန်းပွင့်သားရဲနှင့် ဆင်တူသော သားရဲတစ်မျိုး ဖြစ်ပြီး နှစ်ဦးစလုံးမှာ ပန်းများနှင့် မြက်ပင်များမှ မွေးဖွားသန့်စင်လာကြခြင်း ဖြစ်သော်လည်း မြက်ပင်နတ်သမီးမှာ ပန်းပွင့်သားရဲထက် သန္ဓေတည်ပေါက်ဖွားရန် ပိုမိုလွယ်ကူကာ ၎င်း၏ အလားအလာမှာလည်း ပိုမိုနိမ့်ကျသည်။

“ပြိုင်ပွဲ စတင်ပြီ။”

“ပိုင်လင်း...မြန်မြန် တိုက်စစ်ဆင်လိုက်။”

ကျန်းဟန်သည် ယခုတစ်ကြိမ်တွင် သူ၏တိုက်ခိုက်ရေးစတိုင်ကို ပြောင်းလဲလိုက်ပြီး ကျောက်စိမ်းပိုးကောင်ကို တိုက်ရိုက်ပြေးဝင် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ချန်ရှန်းရွှယ်၏ ယခင်ပွဲစဉ်များကို စောင့်ကြည့်ခဲ့ဖူးသောကြောင့်ပင်။ သူမ၏ မြက်ပင်နတ်သမီးသည် အိပ်မွေ့ချ ဝတ်မှုန်များကို အသုံးပြုနိုင်ပြီး ၎င်း၏ ထူးခြားချက်မှာ ပြန်လည်ကုသခြင်း ဖြစ်သည်။ ၎င်းသည် နေရောင်ခြည်အောက်တွင် ရှိနေသရွေ့ နေရောင်ခြည်ကို စုပ်ယူခြင်းဖြင့် မိမိ၏ဒဏ်ရာများကို ပြန်လည်ကုသနိုင်စွမ်း ရှိပေသည်။

“အိပ်မွေ့ချ ဝတ်မှုန်များ...။”

ချန်ရှန်းရွှယ်သည် ယခင်ပွဲစဉ်များကအတိုင်း သူမ၏ နည်းဗျူဟာဟောင်းကိုသာ ထပ်မံအသုံးပြုလိုက်သည်။

သို့သော် ယခုတစ်ကြိမ် ရလဒ်မှာမူ တူမနေခဲ့ပေ။ ကျောက်စိမ်းပိုးကောင်သည် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီးနောက် ပိုးမျှင်ပစ်လွှတ်ခြင်းကို အဆက်မပြတ် အသုံးပြုကာ ကြီးမားသော ပိုက်ကွန်အများအပြားကို ဖန်တီးလိုက်ရာ မြက်ပင်နတ်သမီးမှာ မည်သည့်နေရာမှ ပုန်းကွယ်၍မရတော့ဘဲ ချက်ချင်းပင် အဖမ်းခံလိုက်ရတော့သည်။

၎င်း ပိုက်ကွန်အတွင်း အမိခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ကျောက်စိမ်းပိုးကောင်သည် အရှိန်ပြင်းတိုက်ခြင်းစွမ်းရည်ကို အသုံးပြုပြီး မြက်ပင်နတ်သမီးကို တိုက်ရိုက် သတိမေ့မြောသွားအောင် အလဲထိုးပစ်လိုက်သဖြင့် ချန်ရှန်းရွှယခအနေဖြင့် လက်လျှော့အရှုံးပေးကြောင်း အော်ပြောခွင့်ပင် မရလိုက်ချေ။

“နင်... နင် တော်တော် ရက်စက်တာပဲ။”

ချန်ရှန်းရွှယ်က ကျန်းဟန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

အခြားသော သားရဲများနှင့်မတူဘဲ ကျောက်စိမ်းပိုးကောင်သည် သစ်သားဒြပ်စင်သားရဲတစ်ကောင် ဖြစ်သည့်အပြင် မာကျောခြင်း စွမ်းရည်လည်း ရှိထားသဖြင့် အိပ်မွေ့ချ ဝတ်မှုန်များကဲ့သို့ စွမ်းရည်များအပေါ် အတိုင်းအတာတစ်ခုအထိ ဒဏ်ခံနိုင်ရည် ရှိသည်။

ထို့ကြောင့်လည်း ၎င်းက ထိုကဲ့သို့ အကြောက်အလန့်မရှိ တိုးဝင်တိုက်ခိုက်ရဲခြင်း ဖြစ်သည်။

“နင်ကတော့ ပန်းပွင့်လေးတွေအပေါ်မှာတောင် တကယ်ကို အညှာအတာကင်းမဲ့တာပဲ။”

ကျန်းဟန် ကွင်းထဲမှ ဆင်းလာချိန်၌ လီဇီဝေက ရယ်မောကာ ပြောလိုက်သည်။

“ဒီချန်ရှန်းရွှယ်က အတန်း (၃) ရဲ့ အတန်းအလှမယ်ပဲ။”

“ဟမ့်...သူ ဘယ်သူပဲဖြစ်ဖြစ် ငါ ညှာနေမှာ မဟုတ်ဘူး။”

ကျန်းဟန်က ပခုံးတွန့်ပြလိုက်သည်။

“နင်နဲ့တွေ့ရင်လည်း ဒီအတိုင်းဖြစ်မှာပဲ။”

လီဇီဝေ တစ်ခုခု ထပ်ပြောတော့မည့်ဆဲဆဲတွင် ကျန်းဟန်က ကြိုတင်၍ ဖြတ်ပြောလိုက်သည်။

လီဇီဝေ: “……”

နောက်ဆုံးပွဲစဉ်မှာ လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ အနိုင်ရရှိသူမှာ ဝတုတ်တုတ်ကောင်လေးတစ်ဦးဖြစ်ပြီး သူ၏သားရဲမှာ လေလွင့်လိပ်ဖြစ်ကာ လေ၊ အဆိပ် နှင့် ရေ ဒြပ်စင် သုံးမျိုး ပိုင်ဆိုင်ထားသော သတ္တဝါတစ်ကောင် ဖြစ်သည်။ ၎င်းသည် ၎င်း ထွေးထုတ်လိုက်သည့် အားအင်ချည့်နဲ့စေသော အဆိပ်ရေများအပြင် လေပေါ်ပျံသန်းနိုင်သည့် အားသာချက်ကိုပါ ပေါင်းစပ်အသုံးပြုသဖြင့် ပြိုင်ဘက်များအနေဖြင့် ရင်ဆိုင်ရခက်ခဲလှပေသည်။

All Chapters