← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

ပွဲမစတင်မီ လေ့ကျင့်ကွင်းတာဝန်ရှိသူများက ကျန်းဟန်နှင့် ကျန်နှစ်ဦးကို ၎င်းတို့၏ သားရဲများ အမောပြေစေရန်အတွက် သားရဲထိန်းချုပ်သူ သက်လုံပြည့်ဆေးရည်များကို ထုတ်ပေးခဲ့ကြသည်။

၎င်းတို့သုံးဦး သားရဲများ၏ သက်လုံကို ပြန်လည်ဖြည့်တင်းနေစဉ် ဘေးမှကြည့်ရှုနေသူများမှာ တိတ်ဆိတ်နေကြ၏။ ကျန်းဟန်သည် ကျောက်စိမ်းပိုးကောင်လေးတစ်ကောင်ဖြင့် ထိပ်သီးသုံးယောက်စာရင်းထဲသို့ မည်သို့မည်ပုံ ရောက်ရှိလာသည်ကို သူတို့ လုံးဝနားမလည်နိုင်ဘဲ ဖြစ်နေကြပုံရသည်။

၎င်းမှာ တကယ်ကို မယုံနိုင်စရာပင်။

အချို့ဆိုလျှင် ပိုကီဒက်စ်ကဲ့သို့ စက်ပစ္စည်းများကို ထုတ်ယူကာ အဝေးမှ လှမ်း၍ စကန်ဖတ်ကြည့်ကြရာ ရလဒ်မှာ အမှန်တကယ်ပင် ကျောက်စိမ်းပိုးကောင် ဖြစ်နေလေသည်။

မိမိကိုယ်မိမိ ယုံကြည်ချက် ပျောက်ဆုံးသွားသူများမှာမူ ရှုံးနိမ့်သွားခဲ့သည့် ဆယ်ကျော်သက်များပင် ဖြစ်သည်။ သူတို့သည် အဘယ်ကြောင့် ယခုလို ဖြစ်ရသည်ကို အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။

သို့သော်လည်း ယခုအချိန်တွင် မည်သူမျှ ကျန်းဟန်ကို အရှုံးသမားဟု မခေါ်ရဲကြတော့ပေ။ အကယ်၍ ထိပ်သီးသုံးယောက်စာရင်းဝင်သူတစ်ယောက်က အရှုံးသမားဆိုလျှင် ၎င်းတို့မှာ ထိုသူထက်ပင် ပို၍ အမှိုက်တစ်စဖြစ်ရာ မကျပေဘူးလား။

“ပတ်လည်အစီအစဉ် ပြိုင်ပွဲကို အခုစတင်ပါတော့မယ်။ အရင်ရလဒ်တွေအပေါ် မူတည်ပြီး ပတ်လည်ပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ်ကတော့ ကျန်းဟန် နဲ့ ချူကောတို့ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်နှစ်ယောက်လုံး ကွင်းထဲကို ဝင်ရောက်ပေးပါ။”

ဒိုင်လူကြီး၏ ကြေညာသံအပြီးတွင် ကျန်းဟန်နှင့် ချူကောတို့သည် ကွင်းထဲသို့ အလျင်အမြန်ရောက်ရှိလာကြ၏။ သို့သော် အားလုံးအတွက် ထူးဆန်းသွားသည်မှာ ကျန်းဟန်သည် သူ၏သားရဲကို ခေါ်ထုတ်ပြီးနောက် ကွင်း၏အစွန်းဘက်သို့ ဖြည်းညှင်းစွာ နောက်ဆုတ်သွားခြင်းပင် ဖြစ်သည်။

ချူကောကမူ ထိုအချက်ကို သိပ်ဂရုမစိုက်ဘဲ ကျန်းဟန်တစ်ယောက် လေလွင့်လိပ်၏ အဆိပ်မိုးဒဏ်ကို ခံရမည်စိုးသဖြင့် ကြောက်လန့်နေခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်လိုက်သည်။

“ပြိုင်ပွဲ စတင်ပြီ။”

ပြိုင်ပွဲစတင်လိုက်သည်နှင့် တစ်ပြိုင်နက် လေလွင့်လိပ်သည် အပေါ်သို့ ပျံတက်သွားပြီး ကျောက်စိမ်းပိုးကောင် မမီနိုင်သည့် ကောင်းကင်ထက်တွင် ဝဲပျံနေခဲ့သည်။

“ဟီးဟီး... မင်း အရှုံးပေးလိုက်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းရဲ့ ကျောက်စိမ်းပိုးကောင်က အမောဆို့ပြီး သေသွယးလိမ့်မယ်နော်။”

ဖက်တီးကောင် ချူကောက တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။

“အို… ဟုတ်လား။”

ကျန်းဟန် သူ့ကို တစ်ချက်ကြည့်လိုက်၏။ ဤကောင်မှာ မြေခွေးအိုကြီးတစ်ကောင်ကဲ့သို့ လည်ပတ်လွန်းသူဖြစ်ပြီး ယခင်ကလည်း ဤနည်းလမ်းဖြင့် ပြိုင်ဘက်များကို အနိုင်ယူခဲ့ဖူးသည်။

“ပိုင်လင်း သားရဲကို မမှီရင် လူကို တိုက်ခိုက်လိုက်။”

ကျန်းဟန်က အေးစက်စွာ နှာမှုတ်ရင်း အမိန့်ပေးလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းပိုးကောင်သည် အဖြူရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ချူကောရှိရာ အနီးအနားသို့ ခုန်အုပ်လိုက်တော့သည်။

“ချီးပဲ...။ မင်းက တကယ်ကြီး အသက်နဲ့လဲပြီး ကစားချင်တာ သေချာလား။ ငါ့ရဲ့ လေလွင့်လိပ်မှုတ်ထုတ်လိုက်တဲ့ ရေက အဆိပ်တွေပါတယ်ကွ။”

၎င်းကို မြင်သောအခါ ချူကောက လန့်ဖျန့်ကာ အော်ဟစ်လိုက်၏။

သို့သော်လည်း ကျောက်စိမ်းပိုးကောင်ကမူ တုံ့ဆိုင်းသွားခြင်းမရှိဘဲ ရှေ့သို့သာ တိုးဝင်လာခဲ့ရာ ချူကောတစ်ယောက် ပြာယာခတ်သွားတော့သည်။

သို့သော် မမျှော်လင့်ဘဲ သူသည် လေလွင့်လိပ်ကို တားဆီးခြင်း မပြုသည့်အပြင် “လေလွင့်လိပ် သူ့ကို အဆိပ်နဲ့ပက်ပစ်စမ်း။ မညှာနဲ့....” ဟု အော်ဟစ်လိုက်၏။

ပြောပြောဆိုဆိုဖြင့် သူကိုယ်တိုင်လည်း နောက်သို့ လှည့်ပြေးတော့သည်။

ဤပွဲ၏ သဘောသဘာဝမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် သားရဲများ၏ တိုက်ခိုက်ရေးစွမ်းရည် ပြိုင်ပွဲမဟုတ်တော့ဘဲ သားရဲထိန်းချုပ်သူများ၏ ထွက်ပြေးနိုင်စွမ်း ပြိုင်ပွဲတစ်ခု ဖြစ်သွားခဲ့ရသည်။

ကျန်းဟန်နှင့် ချူကောတို့သည် သင်တန်းကွင်း၏ အစွန်းဘက်သို့ တစ်ပြိုင်နက်တည်း ထွက်ပြေးလိုက်ကြ၏။

ကျန်းဟန်သည် ဤတိုက်ပွဲဗျူဟာကို ကြိုတင်စီမံထားခြင်းဖြစ်သောကြောင့် အစကတည်းက လေလွင့်လိပ်နှင့် ဝေးရာ ကွင်းအစွန်းတွင် နေရာယူထားခဲ့ခြင်း ဖြစ်သည်။

လေလွင့်လိပ်က ကျန်းဟန်၏ ရင်ဘတ်ဆီသို့ ငုံ့ဆင်းတိုက်ခိုက်တော့မည့် ဆဲဆဲတွင် အားတစ်ခုက သူ့ကို တားဆီးလိုက်သည်။

“ကျန်းဟန် အနိုင်ရရှိတယ်။”

အခြားတစ်ဖက်တွင်မူ ချူကောမှာ ကျောက်စိမ်းပိုးကောင်၏ တုပ်နှောင်ခြင်းကို ခံထားရပြီး ဖြစ်သည်။

“သောက်ကျိုးနည်းဟေ့...။ ဒီကျန်းဟန်က တကယ်ကို ကောက်ကျစ်တာပဲ။ သူက အစကတည်းက ထောင်ချောက်ဆင်ထားတာပဲ။ အဲ့ဒါကြောင့် သူက လေ့ကျင့်ရေးကွင်းရဲ့အစွန်းကို တမင်တကာ လမ်းလျှောက်သွားတာ။”

အနီးနားရှိ ပရိသတ်များက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

“သေစမ်း… သူက တကယ်ကြီး အသက်နဲ့လဲပြီး လုပ်သွားတာပဲ။ တကယ့်လူလည်ပဲ။”

အားလုံးက ကျန်းဟန်၏ အသက်စွန့်ရဲသော ဗျူဟာကို ကြည့်ပြီး ဆွံ့အကာ အံ့ဩမှင်သက်ကုန်ကြသည်။

ပြိုင်ပွဲစည်းမျဉ်းများတွင် သားရဲထိန်းချုပ်သူကို တိုက်ခိုက်ခြင်း မပြုရဟု အတိအလင်း ပိတ်ပင်ထားခြင်းမရှိပါက တိုက်ခိုက်၍ ရသည်မှာ မှန်သော်လည်း လူတိုင်းမှာ မိမိတို့၏ သားရဲများကို လေ့ကျင့်ပေးရန်အတွက် ပြိုင်ပွဲဝင်နေကြခြင်း ဖြစ်သဖြင့် သားရဲထိန်းချုပ်သူကို တိုက်ရိုက်တိုက်ခိုက်ခြင်းမှာ တကယ်ကို အနိုင်ရဖို့အတွက် ဘာမဆိုလုပ်မည့် ပုံစံမျိုး ဖြစ်နေပေသည်။

“မင်းက ကျန်းဟန် ဟုတ်တယ်မလား။ ကောင်းတယ်…အရမ်းကောင်းတယ်။ မင်းက တကယ် ရက်စက်တတ်တာပဲ။ ငါက အခန်း ၁ က ချူကောပဲ။ တွေ့ရတာ ဝမ်းသာပါတယ်။”

ပွဲပြီးဆုံးသွားသောအခါ ချူကောသည် ကျန်းဟန်ထံ လျှောက်လာပြီး လက်ဆွဲနှုတ်ဆက်ရန် ကမ်းပေးရင်း ပြုံးကာ ပြောလိုက်သည်။

သူသည် ရှုံးနိမ့်သွားခြင်းကို စိုးစဉ်းမျှ ဂရုမစိုက်သည့်အပြင် ကျန်းဟန်၏ လုပ်ရပ်ကိုပင် သဘောကျနေပုံရသည်။ ၎င်းမှာ မြေခွေးအိုကြီးချင်း အပြန်အလှန် အသိအမှတ်ပြု နားလည်ပေးလိုက်သည့် သဘောမျိုးပင်။

“အခန်း (၅) က ကျန်းဟန်။”

ကျန်းဟန်က အပြုံးတစ်ခုဖြင့် သူ၏ ဝတုတ်တုတ်လက်ကို ပြန်ဆွဲနှုတ်ဆက်လိုက်သည်။

“ကောင်းပြီ။ ပြိုင်ပွဲဝင်နှစ်ယောက်လုံး ခဏနားပြီး သားရဲတွေရဲ့ သက်လုံကို ပြန်ပြီးဖြည့်တင်းကြပါ။ နောက်တစ်ပွဲက ချငယွမ်နဲ့ ချူကော့ တို့ပွဲ။”

ဒိုင်လူကြီးက ကြေညာလိုက်သည်။

“ကျွန်တော် အရှုံးပေးတယ်ဗျာ။ ဘာလို့ အပင်ပန်းခံ တိုက်နေတော့မှာလဲ။ ချင်းယွမ်က ဟိုးအရင်ကတည်းက အလုပ်သင်အဆင့် သားရဲမာစတာဖြစ်နေလောက်ပြီ။ အခု ဒီကိုလာပြိုင်တာက လူအများကို သက်သက် အနိုင်ကျင့်တာပဲ။”

ဖက်တီးချူကောက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

အကယ်၍ ချင်းယွမ်၏ မိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲသာ မပျံသန်းနိုင်လျှင် ကိစ္စမရှိသော်လည်း ထိုကောင်က ပျံသန်းနိုင်သည့်အတွက် သူ့မှာ အနိုင်ရမည့် အခွင့်အရေး လုံးဝမရှိပေ။

ဒိုင်လူကြီး - “...”

“ဒါဆိုရင် မိနစ်သုံးဆယ် နားကြတာပေါ့။ ပြီးရင်တော့ ချင်းယွမ် နဲ့ ကျန်းဟန်တို့ ယှဉ်ပြိုင်ရမယ်။”

ဒိုင်လူကြီးက ဆိုသည်။

“ကျန်းဟန် မင်းလည်း အရှုံးပေးလိုက်တာ ပိုကောင်းမယ်။ ငါတို့ အဲ့ဒီမိစ္ဆာဓားလက်ရုံးပုစဉ်းရင်ကွဲကို လုံးဝ အနိုင်မယူနိုင်ဘူး။”

ချူကောက အနားသို့ လျှောက်လာပြီး အပြုံးတစ်ခုဖြင့် ပြောသည်။ လီဇီဝေကလည်း ခေါင်းညိတ်လိုက်သည်။

“ချင်းယွမ်က အရမ်းသန်မာတယ်။ ဒါပေမဲ့ ကျန်းဟန်… နင်လည်း ဝင်စမ်းကြည့်သင့်တယ်။ အတွေ့အကြုံချင်း ဖလှယ်တာလည်း ကောင်းတာပဲလေ။”

“အင်း… ငါသိပါတယ်။”

ကျန်းဟန်သည် ငွေပိုးစာရွက်များကို ကျောက်စိမ်းပိုးကောင်လေးအား ကျွေးရင်း ခေါင်းညိတ်ပြလိုက်သည်။

အမှန်တော့ သူသာ သူ၏ သားရဲထိန်းချုပ်ခြင်း ဟင်းခးခင်းပြင်ထဲရှိ မျက်နှာဝိုင်းကြက်ဝတုတ်ကို ထုတ်သုံးလိုက်ပါက ဧကန်မုချ အနိုင်ရမည်ဖြစ်သည်။

“ဟုတ်… ဟုတ်”

ထိုစဉ် သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲတွင် တစ်နေ့လုံး အိပ်ပျော်နေခဲ့သော မျက်နှာဝိုင်းကြက်ဝတုတ်သည် မျက်လုံးများကို ဖွင့်လာပြီး အပြင်သို့ ထွက်ချင်ကြောင်း အချက်ပြလာခဲ့သည်။

ကျန်းဟန်က သူသည် ပြိုင်ပွဲအလယ် ရောက်နေသဖြင့် မရနိုင်ကြောင်း ပြောလိုက်ရာ ချက်ချင်းပင် ၎င်း၏ မျက်စောင်းထိုးခြင်းကို ခံလိုက်ရ၏။

၎င်းက ကျန်းဟန်ကို အားနည်းလွန်းသည်ဟု ထင်နေပုံရသည်။

မကြာမီ ကျောက်စိမ်းပိုးကောင်လေးမှာ သက်လုံပြန်ပြည့်သွားခဲ့၏။ ထိုစဉ် ဒိုင်လူကြီးက လျှောက်လာကာ မေးလာခဲ့သည်။

“အဆင်သင့်ဖြစ်ပြီလား။”

“ကျုပ် အရှုံးပေးချင်ပါတယ်။”

ကျန်းဟန်က ဒိုင်လူကြီးကို ကြည့်ကာ ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ။”

ဒိုင်လူကြီးမှာ အနည်းငယ် နားမလည်နိုင် ဖြစ်သွား၏။ သူသည် ကျန်းဟန်သည် ဤမျှ လွယ်လွယ်ကူကူ လက်လျှော့မည့်သူမျိုး မဟုတ်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

“ကျုပ် တက်ပြိုင်လည်း နိုင်မှာမဟုတ်ဘူး‌လေ။ ပြီးတော့ သူ့အတွက် ခြေနင်းကျောက် အဖြစ်ပဲ အသုံးချခံရမှာ။ ဒါက ကျုပ်ကို အများကြီး ထိခိုက်စေတယ်။ အဲ့အတွက် ကျုပ် ပြိုင်ပွဲဝင်ဖို့ဆိုရင် နစ်နာကြေးအဖြစ် နောက်ထပ် အပို ၅၀၀၀၀ လိုချင်တယ်။”

ကျန်းဟန်က အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။

ဒိုင်လူကြီး - “...”

ကျန်းဟန် ပြုံးလိုက်၏။

“ဒိုင်လူကြီး…ခင်ဗျားတို့ ဒီပြိုင်ပွဲကြီးကို ဒီလိုပုံစံနဲ့ ပြီးဆုံးသွားစေချင်တာတော့ မဟုတ်ဘူးမလား ဟင်။”

ဒိုင်လူကြီး - “... မင်း ဒီမှာ ခဏစောင့်နေ။ ငါ သူတို့နဲ့ သွားညှိနှိုင်းပေးမယ်။”

မထွက်ခွာရသေးသည့် ချူကောနှင့် လီဇီဝေတို့မှာမူ ဆွံ့အသွားကြ၏။

∑ ( ゚ Д ゚ ノ )

“သောက်ကျိုးနည်း…မင်း တကယ်ကြီးလား။ ဒီလိုလည်း လုပ်လို့လည်း ရတာပဲလား။”

သူတို့နှစ်ဦးလုံး အံ့ဩမှင်သက်သွားကြသည်။

ကျန်းဟန်သည် အမှန်ပြန်ရလာပြီး အရှုံးပေးတော့မည်ဟု သူတို့ ထင်ထားခဲ့ကြသော်လည်း သူက နစ်နာကြေး တောင်းလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ ဤလုပ်ရပ်က သူတို့၏ စိတ်ကူးကို လုံးဝ ရိုက်ချိုးလိုက်သကဲ့သို့ပင်။

ကျန်းဟန်ကမူ မည်သည့် ရှက်ရွံ့မှုကိုမျှ မခံစားရပေ။ သူ ပွဲစဉ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ပြီးမှ ၁၀၀၀၀ သာ ရမည်ဆိုလျှင် မထိုက်တန်ပေ။

သူသိရသရွေ့ ဤလေ့ကျင့်ရေးကွင်း၏ နောက်ကွယ်မှ အကြီးအကဲမှာ အဆင့် (၅) ရှိ သားရဲမာစတာတစ်ဦး ဖြစ်သော်လည်း ဒုတိယဆုအတွက် ၁၀၀၀၀ သာ ပေးခြင်းမှာ အလွန်စေးနဲလွန်းလှသည်။ မဟုတ်လျှင် သူလည်း ယခုကဲ့သို့ ထင်ရာစိုင်းသည့် နည်းလမ်းကို အသုံးပြုမည်မဟုတ်ပေ။

သူသည် ချူကောနှင့် ပွဲအပြီး၌ ချက်ချင်း ဤသို့ မပြောရသည့် အကြောင်းရင်းမှာ ထိုအချိန်က ပြောပါက ထိရောက်မှုရှိမည်မဟုတ်ဘဲ လူများက သူ့ကို အမှိုက်ကောက်၊ အရှုံးသမားတစ်ယောက်ဟုသာ ထင်ကြမည် ဖြစ်သောကြောင့်ပင်။

သို့သော် ယခုမူ သူတို့သည် မိနစ်သုံးဆယ်ခန့် စောင့်ဆိုင်းခဲ့ပြီးဖြစ်ကာ ဖိုင်နယ်ပွဲစဉ်ကို လာရောက်ကြည့်ရှုသူဦးရေမှာလည်း ယခင်ကထက် များစွာ တိုးပွားလာခဲ့ပြီ ဖြစ်သည်။ အကယ်၍ ကျန်းဟန်သည် ယခုအချိန်တွင် အရှုံးပေးလိုက်မည်ဆိုပါက ရလဒ်မှာ လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။

သူ၏ တွက်ချက်မှုအရ လေ့ကျင့်ရေးကွင်းဘက်မှ ငြင်းဆန်လိမ့်မည်မဟုတ်ပေ။ ၅၀၀၀၀ ဆိုသည်မှာ သူတို့အတွက် ဘာမှမဟုတ်သလို ဤပွဲစဉ်မှ ရရှိမည့် ဝင်ငွေမှာ ထိုပမာဏထက်ပင် များစွာ ပိုသေးသည်။

မကြာမီ ဒိုင်လူကြီး ပြန်ရောက်လာပြီး ကျန်းဟန်ကို နက်နက်နဲနဲ စိုက်ကြည့်ကာ ပြောလိုက်သည်။

“အသက်ငယ်ငယ်လေးနဲ့ ဒီလို လည်လွန်းပတ်လွန်းတာ သိပ်တော့ မကောင်းဘူးနော်။”

“သူတို့ သဘောတူလိုက်တယ်မလား။”

ကျန်းဟန်က ပြုံးကာ မေးလိုက်သည်။

“... အင်း ဒါပေမဲ့ မင်းကို ၃၀၀၀၀ ပဲ ပေးနိုင်မယ်။ တစ်ပြားမှ ပိုမပေးနိုင်ဘူး။”

ဒိုင်လူကြီးမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေ၏။

ဤကျန်းဟန်မှာ ဆယ်ကျော်သက်လေးတစ်ယောက်နှင့် လုံးဝတူမနေပေ။

“ဒါဆိုလည်း ကောင်းပြီလေ။ အရင်ဆုံး ပိုက်ဆံပေးပါ။ ကျုပ် ပိုက်ဆံကို ကြည့်ချင်တယ်။”

ကျန်းဟန်က ဈေးထပ်မဆစ်တော့ဘဲ ခေါင်းညိတ်လိုက်သည်။

ဒိုင်လူကြီး - “... ပွဲပြီးမှ အားလုံး စာရင်းတစ်ခုတည်း ပေါင်းရှင်းပေးမယ်။”

“အဲဒါတော့ မရဘူး။”

ကျန်းဟန်က ခေါင်းခါပြလိုက်သည်။

ဒိုင်လူကြီးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ဖုန်းကို ထုတ်ကာ ကျန်းဟန်ထံသို့ ၃၀၀၀၀ တိုက်ရိုက် လွှဲပြောင်းပေးလိုက်တော့သည်။

“အဆင်သင့်ပြင်ထား။ ပွဲ စတော့မယ်။”

ဒိုင်လူကြီး ထွက်သွားပြီးနောက် ကျန်းဟန်သည်လည်း ပိုင်လင်းကို ခေါ်ကာ ရှေ့သို့ တက်လာခဲ့လိုက်သည်။

ချူကောနှင့် လီဇီဝေတို့မှာမူ ကျန်းဟန်ကို မယုံနိုင်စရာ ကောင်းသည့် မျက်နှာပေးများဖြင့် စိုက်ကြည့်နေကြသည်။

“လခွမ်း… တကယ်ကြီး အဆင်ပြေသွားတာပဲ။ မိုက်တယ်ဟ။ ငါ ဒါကို အတုယူရမယ်။ ဒါကမှ တကယ့် လူလည်လမ်းစဉ်ရဲ့ ဆရာကြီးပဲ။”

ချူကောက အံ့ဩတုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

“တကယ့်ကို မယုံနိုင်စရာပဲ။”

လီဇီဝေသည် ကျန်းဟန်၏ ကျောပြင်ကို ကြည့်ကာ မျက်လုံးအဝိုင်းသားဖြင့် အတော်လေး အံ့အားသင့်နေမိတော့သည်။

All Chapters