အခန်း ၂၅
Vol. 3 Ch. 25
အခန်း ၂၅
ဟုတ်ဟုတ်ကို အစာကျွေးပြီးနောက် ကျန်းဟန်သည် သူ၏ တရားထိုင်ခြင်းအတတ်ပညာကို စတင်လေ့ကျင့်လိုက်တော့သည်။ တရားထိုင်ခြင်းသည် သားရဲထိန်းချုပ်သူတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်သည်။ မိမိ၏ အာရုံငါးပါးနှင့် အသိစိတ်ခြောက်ပါးကို အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှသာ စစ်မှန်သော အစွမ်းထက် သားရဲထိန်းချုပ်သူတစ်ဦး ဖြစ်လာနိုင်မည် ဖြစ်သည်။
ကျန်းဟန်တို့ကဲ့သို့ အဆင့်ရှိသော ဆယ်ကျော်သက်လူငယ်များသည် ၎င်းတို့၏ သားရဲများကဲ့သို့ပင် လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးသည့် ကာလတွင် ရှိနေကြသဖြင့် လေ့ကျင့်ရေးသင်ခန်းစာများကို လျစ်လျူရှုထား၍ မရပေ။
အတတ်ပညာပိုင်း၌ ကနဦးတိုးတက်မှု ရရှိထားပြီးဖြစ်သော သူ့အတွက် ဤစွမ်းအင်လည်ပတ်မှုကို လုပ်ဆောင်ရန် မခက်ခဲတော့ဘဲ ပတ်လမ်းတစ်ခုလုံးကို အပြည့်အဝ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
သို့သော် သူ၏ စိတ်ဝိညာဉ်စွမ်းအင် သန်မာလှသည့်တိုင်အောင် ဆက်တိုက် တရားမထိုင်နိုင်သည်ကို သူ သတိပြုမိလိုက်သည်။ ဤလုပ်ငန်းစဉ်အတွင်း သူ၏ စိတ်ဝိညာဉ်စွမ်းအင်များမှာ စဉ်ဆက်မပြတ် ကုန်ဆုံးနေပုံရသည်။
မျက်လုံးများကို ပိုမိုစူးရှပွင့်လင်းလာစေရန် အသုံးပြုသည့် အစိတ်အပိုင်းအနည်းငယ်မှလွဲ၍ ကျန်ရှိသော အစိတ်အပိုင်းအများစုမှာ လမ်းတစ်ဝက်တင် ပျောက်ကွယ်သွားသဖြင့် တစ်နာရီ သို့မဟုတ် နှစ်နာရီခန့် တရားထိုင်ပြီးတိုင်း လေ့ကျင့်မှုကို ခေတ္တရပ်နားကာ စိတ်စွမ်းအားကို ပြန်လည်ဖြည့်တင်းရလေ့ရှိသည်။
သူ၏ နားလည်သဘောပေါက်မှုအရ ယခုလိုဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သူသည် မိမိ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်း မပြည့်ဝသေးခြင်းကြောင့် ဖြစ်ပြီး အခြားအချက်တစ်ခုမှာမူ ယခုတရားထိုင်ခြင်းအတတ်ပညာမှာ အကောင်းဆုံးအဆင့် မဟုတ်သေးခြင်းကြောင့် ဖြစ်သည်။
လေးနာရီအချိန် လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် ကျန်းဟန်သည် သူ၏ တည်ငြိမ်သောစိတ်ဝိညာဉ် အခြေအနေမှ နိုးထလာကာ အနည်းငယ် မောပန်းနွမ်းနယ်နေသည့် ပုံစံ ဖြစ်နေခဲ့သည်။
“အခုမှ စတင်လေ့ကျင့်သူတစ်ယောက်အတွက် တစ်ကြိမ် တရားထိုင်ရင် အချိန်ဘယ်လောက်ကြာမှ အရည်အချင်းပြည့်မီတယ်လို့ သတ်မှတ်တာလဲ မသိဘူး။”
ကျန်းဟန်သည် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသည့် မျက်နှာဝိုင်း ကြက်ဝတုတ် ဟုတ်ဟုတ်ကို လှမ်းကြည့်ရင်း မိမိကိုယ်မိမိ ရေရွတ်လိုက်၏။
“ဟုတ်ဟုတ်...။”
ဟုတ်ဟုတ်က သူ့ကို အမှိုက်တစ်စကို ကြည့်သည့် မျက်လုံးများဖြင့် လှမ်းကြည့်လာခဲ့သည်။ ၎င်း၏ အကြည့်မှာ “ဟဲ… နှစ်နာရီတောင် မခံဘူးလား။ တော်တော်တိုတာပဲ” ဟု ပြောနေသကဲ့သို့ပင်။
ကျန်းဟန်သည် ထိုအကြည့်ကြောင့် ချက်ချင်းပင် စိတ်တိုသွား၏။
“ဟေး… မင်း အဲလောက်တောင် တော်နေရင် မင်းကိုယ်တိုင် လာလုပ်ကြည့်ပါလား။”
ဤကောင်လေးသည် ကြောင်တစ်ကောင်ကဲ့သို့ မျက်နှာရှိရုံသာမက ၎င်း၏ စိတ်နေစိတ်ထားတွင်လည်း ကြောင်များ၏ မာနခဲဆန်သော အမူအရာမျိုး ပါဝင်နေသည်။
“ဟုတ်။”
ဟုတ်ဟုတ်က ကျန်းဟန်ကို အထင်သေးသလို တစ်ချက်ကြည့်ပြီးနောက် သူ့ကို ကျောခိုင်းလိုက်တော့သည်။
ကျန်းဟန်သည် ချက်ချင်းပင် အင်တာနက်ပေါ်တက်၍ ရှာဖွေကြည့်လိုက်၏။ ထို့နောက် အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။
“သောက်ကျိုးနည်း…ဟုတ်ဟုတ် မင်းက ငါလို ပါရမီရှင်တစ်ယောက်ကို တကယ်ကြီး အထင်သေးရဲတာပေါ့ ဟုတ်လား။”
အင်တာနက်ပေါ်ရှိ အချက်အလက်များအရ သားရဲထိန်းချုပ်သူအသစ်တစ်ဦးသည် တစ်နာရီဆက်တိုက် တရားထိုင်နိုင်လျှင်ပင် ရာစုနှစ်တစ်ခုမှာ တစ်ယောက်သာ ပေါ်ထွန်းသည့် ပါရမီရှင်ဟု သတ်မှတ်ကြရာ သူကမူ အကြိမ်တိုင်း နှစ်နာရီခွဲခန့်အထိ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
“ဟုတ်ဟုတ်....”
ကျန်းဟန် အော်ဟစ်လိုက်စဉ်မှာပင် ဟုတ်ဟုတ်သည် ကျန်းဟန်၏ ပုခုံးပေါ်သို့ ရုတ်တရက် ပျံတက်လာပြီး ၎င်း၏ အတောင်ပံကို ဆန့်ထုတ်ကာ ကျန်းဟန်၏ ပါးစပ်ကို ပိတ်ပစ်လိုက်သည်။ ထို့နောက် သူ့ကို ငတုံးတစ်ယောက်အား ကြည့်သကဲ့သို့ စိုက်ကြည့်လိုက်တော့သည်။
၎င်း၏ မျက်လုံးများက “တောအုပ်ထဲမှာ အများထက် ထင်ရှားတဲ့ သစ်ပင်က လေမုန်တိုင်းဒဏ်ကို အရင်ဆုံး ခံရတတ်တယ်ဆိုတဲ့ သဘောတရားကို မင်းမသိဘူးလား။ ငါတို့တွေ လူမသိအောင် နေဖို့လိုတယ် ငါ့ရဲ့ ငတုံးသခင်ကြီးရဲ့။ မင်းသေတာက အကြောင်းမဟုတ်ဘူး။ ငါ့ကိုပါ ဆွဲမထည့်နဲ့။” ဟု ပြောနေသည့်အတိုင်းပင်။
“ဝူး… ဝူး… ငါသိပြီကွ။”
ကျန်းဟန်က ဟုတ်ဟုတ်၏ အတွေးများထံမှ တစ်ဆင့် စီးဆင်းလာသော အထင်သေးမှုများကို ခံစားမိရင်း ညည်းတွားကာ ပြောလိုက်ရသည်။
“ဟုတ်… ~(¬_¬)ノ”
ဤမျက်နှာဝိုင်း ကြက်ဝတုတ်သည် အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်သွားပုံရပြီး ကျန်းဟန်ထံမှ ပျံသန်းထွက်ခွာသွားကာ ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်ရင်း အတော်လေး စိတ်ဓာတ်ကျနေသည့်ပုံ ပေါက်နေခဲ့သည်။
“မင်းက ငါ့နောက်ကို လိုက်နေရတာ အနာဂတ်မရှိဘူးလို့ ခံစားနေရတာလား။”
ကျန်းဟန်က သူ့ကို ကြည့်ရင်း ဆိုလိုက်သည်။
“အခုက သန်းခေါင်ယံတိတိအချိန်ပဲ။ မင်းကို ငါ့ရဲ့ အစွမ်းထက်တဲ့ ပါရမီစွမ်းရည်အကြောင်း မြည်းစမ်းပြရသေးတာပေါ့။”
သူသည် ဤမျက်နှာဝိုင်း ကြက်ဝတုတ်အား အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို သိရှိစေရန် လုပ်ဆောင်ဖို့ လိုအပ်သည်ဟု ခံစားလိုက်ရသည်။ သူသည် သခင်တစ်ယောက်အနေဖြင့် မိမိ၏ သိက္ခာကို ပြန်လည်ဆယ်ယူရမည် မဟုတ်ပါလော။
သူသည် ဟုတ်ဟုတ်၏ အနားသို့ ချက်ချင်း လျှောက်သွားပြီး အရင်ဆုံး စိတ်ဝိညာဉ်စွမ်းအင် ပါရမီကို ထည့်သွင်းလိုက်ပြီးနောက် အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်း ပါရမီစွမ်းရည်ကိုပါ တိုက်ရိုက် အသက်သွင်းလိုက်တော့သည်။
ပါရမီစွမ်းရည်များ၏ ပံ့ပိုးမှုနှင့်အတူ ကျန်းဟန်၏ မျက်စိရှေ့၌ ပိုးစုန်းကြူးကဲ့သို့ စာတန်းအသစ်များ ထွက်ပေါ်လာခဲ့သည်။
[သင်၏ သားရဲ သွေးအရိပ်ညဇီးကွက်သည် ဝီရိယရှိသော်လည်း ထူးခြားစွာ လူမသိအောင် နေတတ်သော ဆန်းကြယ်သားရဲ ဖြစ်သည်။ အံ့ဖွယ်ဒြပ်စင်များ လုံလောက်စွာ ရရှိစေရန်အတွက် ၎င်းကို ကြိုးစားပမ်းစား လေ့ကျင့်ရန် တိုက်တွန်းပေးပါ။]
“ငါ့လခွမ်း… ဒါကို အသက်သွင်းဖို့အတွက် တကယ်ပဲ လေ့ကျင့်နေတဲ့ အချိန် ဖြစ်ရမှာလား။”
ကျန်းဟန်သည် မိမိရှေ့ရှိ ပိုးစုန်းကြူးစာတန်းကို ကြည့်ကာ အနည်းငယ် သက်ပြင်းချမိလိုက်သည်။ ဟုတ်ဟုတ်သည် သူ့ကို ကနဦးအနေဖြင့် လက်ခံထားပြီ ဖြစ်သော်လည်း ၎င်းကို လိမ္မာယဉ်ကျေးစွာဖြင့် လေ့ကျင့်ခန်းလုပ်ခိုင်းရန်မှာမူ လုံးဝ ဖြစ်နိုင်ခြေမရှိသလောက်ပင်။
“ဟုတ်ဟုတ်… ငါမင်းကို ငါ့ရဲ့ ပါရမီစွမ်းရည်တွေနဲ့ ကောင်းချီးပေးထားပြီးပြီ။ အခုကစပြီး မင်းသာ ကြိုးစားပမ်းစား လေ့ကျင့်မယ်ဆိုရင် တောက်လျှောက် ပိုပြီး သန်မာလာနိုင်တယ်။ မင်း စမ်းကြည့်ချင်လား။”
ကျန်းဟန်က မျက်နှာဝိုင်း ကြက်ဝတုတ်လေးကို ကြည့်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ဟုတ်ဟုတ် - “ဟုတ် (.ヘ° )”
(မင်းက ငါ့ကို ဟိုပိုးကောင်လို ငတုံးမှတ်နေလား။ လေ့ကျင့်ရင် သန်မာလာမယ်ဆိုတာ မင်းပြောမှ ငါက သိရမှာလား။)
ကျန်းဟန် - “...”
ပိုင်လင်း - 。◔ ‸ ◔ 。
“မဟုတ်ဘူး။ ငါတကယ်ပြောနေတာ။ အခု မင်းလေ့ကျင့်ရင် ရမယ့်ရလဒ်က အရင်ကထက် အဆပေါင်းများစွာ သာလွန်နေလိမ့်မယ်။ မင်း မယုံရင် စမ်းကြည့်လိုက်။ မင်းသိသွားလိမ့်မယ်။”
ကျန်းဟန်က ပျာပျာသလဲ ရှင်းပြလိုက်သည်။
“ဟုတ်...”
ဟုတ်ဟုတ်က ၎င်း၏ခေါင်းကို တိုက်ရိုက် လွှဲပစ်လိုက်သည်။ ၎င်း၏ အမူအရာမှာ (ငါ့ကို လှည့်စားပြီး လေ့ကျင့်ခန်းလုပ်ခိုင်းချင်ရင် ဒီထက်ကောင်းတဲ့ ဆင်ခြေရှာလိုက်။ ငါက ဟိုပိုးကောင်လို ငတုံးဟုတ်ဘူးကွ သိရဲ့လား) ဟု ပြောနေသည့်အတိုင်းပင်။
ပိုင်လင်းမှာမူ ဘာမှနားမလည်ဘဲ ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်ပြီး ဟုတ်ဟုတ် ဘာတွေးနေသည်ကို မသိပေ။ မဟုတ်လျှင်မူ ၎င်းက (ပိုးကောင်ဖြစ်တော့ ဘာဖြစ်လဲ။ ပိုးကောင်တွေက မင်းဆန်ကို လာစားနေလို့လား) ဟု သေချာပေါက် ပြန်ပြောပေလိမ့်မည်။
“မင်း နည်းနည်းလေးပဲဖြစ်ဖြစ် လေ့ကျင့်ပေးမယ်ဆိုရင် ငါမနက်ဖြန်ကျရင် မင်းအတွက် အဆင့်မြင့် သားရဲအသား ဝယ်ပေးမယ်လေ... ဘယ်လိုလဲ။”
ကျန်းဟန်တစ်ယောက် အသည်းအသန် ဖြစ်နေရချေပြီ။ သူသည် ဟုတ်ဟုတ်အား သူ၏ အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်း စွမ်းအားကို နားလည်စေချင်နေသည်။
“ဟုတ်”
ဟုတ်ဟုတ်သည် ၎င်း၏ လုံးဝန်းသော ခေါင်းကြီးကို နောက်တစ်ကြိမ် လွှဲပစ်လိုက်ပြန်ပြီး ဗီရိုအပေါ်သို့ ပျံတက်သွားတော့သည်။
…
မိနစ်သုံးဆယ်ခန့် ကုန်လွန်သွားသောအခါ ကျန်းဟန်သည် ဆိုဖာပေါ်သို့ ပစ်လှဲချလိုက်၏။
“အေးပါကွာ… တော်ပြီ။ မင်းနိုင်တယ်။ မင်းက တကယ်တော်ပါတယ်။ ငါသွားအိပ်တော့မယ်။”
အကုန်လုံး ပျက်စီးသွားပါစေတော့။ သူ တကယ် ပင်ပန်းနေပြီ။ ဒီလောက် ခေါင်းမာတဲ့ ဇီးကွက်မျိုး ဘယ်လိုလုပ် ရှိနေရတာလဲ။
တရားထိုင်ခြင်းကြောင့် အစကတည်းက အမောဆို့နေခဲ့သော ကျန်းဟန်သည် အခန်းထဲသို့ ပြန်ဝင်ကာ ချက်ချင်းပင် အိပ်ပျော်သွားခဲ့တော့သည်။
ပိုင်လင်းသည် ဟုတ်ဟုတ်ကို ကြောက်သောကြောင့် ကျန်းဟန်၏ အခန်းထဲသို့ လိုက်လံပူးကပ်ကာ အိပ်စက်လိုက်၏။
မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် မှောင်မိုက်သော ညဉ့်သန်းခေါင်ယံတွင် ဟုတ်ဟုတ်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။
(နောက်ဆုံးတော့ ငတုံးသခင်ကြီးတော့ အိပ်ပျော်သွားပြီပဲ။ ငါ့ရဲ့ ကိုယ်ပိုင်ညဥ့်ဘဝကို စတင်ဖို့ အချိန်တန်ပြီ။)
ဟုတ်ဟုတ်သည် စိတ်ထဲမှ တခစ်ခစ် ရယ်မောလိုက်ပြီး ချက်ချင်းပင် အိမ်ထဲမှ ပျံထွက်ကာ ကတ္တရာစေးကဲ့သို့ မှောင်မိုက်နေသော ညကောင်းကင်ထက်၌ ဖြည်းညှင်းစွာ ဝဲပျံတော့သည်။
(ဒီနေ့ ငါ့ရဲ့ ဝေဟင်လုပ်ကြံသတ်ဖြတ်မှု စွမ်းရည်ကို လေ့ကျင့်ပြီး ဟိုအမှိုက် ညအရိပ်လင်းနို့အုပ်ကို ဆက်ပြီး စမ်းသပ်ရမယ်။ ကျန်းဟန်က တကယ့်ငကြောင်ပဲ။ ဟိုပိုးကောင်ပဲ သူ့လှည့်ကွက်ထဲ မိမှာ။)
ဟုတ်ဟုတ်သည် ပျံသန်းရင်း ကျန်းဟန်၏ ယနေ့ ထူးဆန်းသော အပြုအမူများကို တွေးတောနေမိသည်။
တော်သေးသည်မှာ သူ၏ ဤသခင်ကြီးက လုံးဝ အသုံးမကျသည်တော့ မဟုတ်ပေ။ သူ၏ ပါရမီစွမ်းရည်မှာ အတော်လေး ကောင်းမွန်လှသည်။
သူက လူမသိအောင် နေတတ်သည့် သဘောတရားကို မသိရုံသာ ရှိသည်။ ၎င်းအနေဖြင့် သူ့ကို လူမသိအောင် နေတတ်စေရန် သင်ခန်းစာပေးဖို့ နည်းလမ်းရှာရမည်ဟု ခံစားလိုက်ရသည်။ မဟုတ်လျှင် စွန်ရဲတစ်ကောင်အနေဖြင့် သခင့်အတွက် တကယ်ကို စိတ်ပူစရာပင်။
ပျံသန်းနေစဉ်အတွင်း ညအရိပ်လင်းနို့တစ်ကောင်သည် ကျောက်စိမ်းပိုးကောင်တစ်ကောင်ကို ဖမ်းဆီးကာ ကောင်းကင်ခပ်နိမ့်နိမ့်မှ ဖြတ်ပျံသွား၏။ အတွေးကမ္ဘာထဲ နစ်မျောနေခဲ့သော ဟုတ်ဟုတ်သည် ရုတ်တရက် အသံတိတ် အရှိန်မြှင့်လိုက်ပြီး အောက်ခြေဘက်သို့ တဖြည်းဖြည်း တိုးကပ်သွားလိုက်သည်။
ထိုအခိုက်အတန့်တွင် ညအရိပ်လင်းနို့မှာ ကျောက်စိမ်းပိုးကောင်တစ်ကောင်ကို ဖမ်းမိထားသဖြင့် စိတ်ထဲတွင် ‘ဒီနေ့တော့ အမေ ဟင်းချက်ပေးဖို့ မလိုတော့ဘူး’ ဟု တွေးကာပျော်ရွှင်နေစဉ် ရုတ်တရက် နောက်ကျောဘက်မှ အေးစက်စက် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရပြီး ၎င်း၏ ဆိုနာစနစ်အတွင်းသို့ တစ်စုံတစ်ခု အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်ကို သိရှိလိုက်ရသည်။
သို့သော်လည်း ၎င်း ပြန်လည်တုံ့ပြန်ရန် ပြင်ဆင်လိုက်ရုံရှိသေးသော်လည်း စူးရှထက်မြက်သောအရာတစ်ခုက သူ၏ ခန္ဓာကိုယ်ထံသို့ ထိုးဖောက်သွားသည်ကို ခံစားလိုက်ရသည်။ ၎င်း မော့ကြည့်လိုက်သောအခါ အေးစက်ပြီး ရက်စက်လှသည့် သွေးရောင်လွှမ်းနေသော မျက်ဝန်းတစ်စုံကို တွေ့လိုက်ရတော့သည်။
(ဟူး… အမေရေ သား ဒီနေ့ညစာ အိမ်ပြန်မစားဖြစ်တော့ဘူး ထင်တယ်။)
အမဲလိုက်ခြင်းကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ပြီးနောက် ဟုတ်ဟုတ်သည် သစ်ပင်တစ်ပင်၏ထိပ်ဖျားပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။ ၎င်းသည် သေဆုံးသွားသော ညအရိပ်လင်းနို့ကို တစ်ချက်ကြည့်ကာ ဤတိုက်ခိုက်မှုအပေါ် အလွန် အားရကျေနပ်သွားခဲ့သည်။ ၎င်းသည် ခေါင်းငုံ့ကာ ညအရိပ်လင်းနို့၏ နှလုံးသားကို တစ်လုပ်တည်းဖြင့် ကိုက်စားလိုက်ပြီး ကျန်ရှိသော ခန္ဓာကိုယ်အစိတ်အပိုင်းများကိုမူ ပေါ့ပေါ့ဆဆပင် လွှင့်ပစ်လိုက်တော့သည်။
“ဟုတ်...”
ညအရိပ်လင်းနို့၏ နှလုံးသားကို စားပြီးနောက် ဟုတ်ဟုတ်သည် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပူနွေးသော စွမ်းအင်စီးကြောင်းအချို့ ရုတ်တရက် ပေါ်ပေါက်လာသလို ခံစားလိုက်ရ၏။ ၎င်းမှာ ရောင်စုံလင်းလက်နေသော အမှုန်အမွှားလေးများ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်ပေါင်းစပ်သွားသည့်အတိုင်းပင်။
“ဟမ့်… ကြိုးစားရင် အောင်မြင်မယ်ဆိုတာ ငတုံးတောင် သိတယ်။ ကျန်းဟန်က တကယ့်ကို ငတုံးပဲ။”
ဟုတ်ဟုတ်က နှာမှုတ်လိုက်ပြီး ညကောင်းကင်ယံထဲသို့ ပြန်လည်ပျံသန်းသွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကောင်းမွန်မွန် အိပ်ပျော်နေသော ကျန်းဟန်၏ မျက်စိရှေ့၌ ပိုးစုန်းကြူးကဲ့သို့ စာတန်းများ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
[သင်၏ သားရဲကောင် သွေးအရိပ်ညဇီးကွက်သည် ကြိုးစားပမ်းစား လေ့ကျင့်နေပြီး အံ့ဖွယ်ဒြပ်စင် အမြောက်အမြားကို ရရှိခဲ့သည်။ အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်း စတင်ပါပြီ။]
[လမ်းကြောင်း (၁) - သွေးအရိပ်ညဇီးကွက် အသွင်ပြောင်းလဲခြင်း- နေ့စဉ် အစေခံအဆင့် သားရဲ ၃၀၀ ကို ခုနစ်ရက်တိုင်တိုင် ပြီးပြည့်စုံအောင် သတ်ဖြတ်ရမည်။ သို့မှသာ ပြီးပြည့်စုံသော သွေးအရိပ်ညဇီးကွက် ရုပ်ခန္ဓာကို ရရှိမည်ဖြစ်ပြီး ပျံသန်းမှုစွမ်းရည် ဖြစ်သည့် အရှိန်အဟုန်ပြင်းစွာ ပျံသန်းခြင်းကို နားလည်သဘောပေါက်နိုင်မည့် အခွင့်အရေး ရရှိလိမ့်မည်။]
[လမ်းကြောင်း (၂) : သွေးနတ်ဆိုးစွမ်းရည်၏ အခြေခံအုတ်မြစ် - နေ့စဉ် ပျံသန်းမှုလေ့ကျင့်ခန်း အကြိမ် ၁၀၀၀၊ လက်တွေ့တိုက်ခိုက်သတ်ဖြတ်မှု အကြိမ် ၁၀၀၀ နှင့် သွေးထိန်းချုပ်မှုလေ့ကျင့်ခန်း အကြိမ် ၁၀၀၀ ကို ရက်ပေါင်း ၂၀ တိုင်တိုင် ပြီးမြောက်အောင် လုပ်ဆောင်ရမည်။ သို့မှသာ သွေးနတ်ဆိုးစွမ်းရည်ကို ရရှိမည် ဖြစ်သည်။]
[သွေးနတ်ဆိုးစမ်းရည် - သွေးအပေါ် လုံးဝဥဿုံ ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ပြိုင်ဘက်၏ သွေးလှည့်ပတ်မှုစနစ်ကို အပြင်းအထန် နှောင့်ယှက်ဖျက်ဆီးနိုင်ပြီး ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို များစွာ လျော့ကျစေနိုင်သည်။ ထို့ပြင် မိမိကိုယ်ပိုင်သွေးကို လှုံ့ဆော်ကာ သွေးနတ်ဆိုးအသွင်သို့ ဝင်ရောက်နိုင်သည်။]
[ဤအသွင်တွင် ပြိုင်ဘက်ကို အဆက်မပြတ် သွေးထွက်သံယို ထိခိုက်ဒဏ်ရာရစေရုံသာမက မိမိ၏စွမ်းရည် အားလုံးကို သုံးဆအထိ မြင့်တက်လာစေနိုင်ပြီး သွေးကို စားသုံးခြင်းဖြင့် ထိုသွေးနတ်ဆိုးအသွင်ကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်။]
[လမ်းကြောင်း (၃) - ညဉ့်၏ လူဝင်စား -...]