← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းဟန်သည် သူ၏ စိတ်စွမ်းအင်များ ပြန်ပြည့်လာပြီး လန်းဆန်းတက်ကြွစွာဖြင့် အိပ်ရာမှ နိုးလာခဲ့သည်။

မျက်နှာသစ် သန့်စင်ပြီးနောက် ကျန်းဟန်သည် ပထမဦးဆုံးအနေဖြင့် ပိုင်လင်းအတွက် ရွှေရောင်ပိုးစာရွက်တစ်ပန်းကန် ယူဆောင်လာပေးလိုက်သည်။

“ကျိ”

မစောင့်နိုင်မတည်နိုင် ဖြစ်နေရှာသော ပိုင်လင်းသည် ပိုးစာရွက်များကို မြင်မြင်ချင်း အားပါးတရ စတင်စားသုံးတော့သည်။

“မြန်မြန်စား။ ဗိုက်ဝတာနဲ့ ငါတို့ သင်တန်းပရောဂျက်အသစ်ကို စတော့မယ်။”

ကျန်းဟန်က ပိုင်လင်းကို ကြည့်ပြီး ပြောလိုက်သည်။

“မင်းသာ ကြိုးကြိုးစားစား လေ့ကျင့်မယ်ဆိုရင် အနာဂတ်မှာ မင်းအတွက် နဂါးအသွင်ပြောင်းလဲခြင်းကို ဖြတ်သန်းနိုင်မယ့် အခွင့်အရေးရှိတယ်။”

သူသည် ပိုင်လင်းကို ဒုတိယမြောက် လျှပ်စစ်ဗီဇပြောင်းလဲခြင်းအစား နဂါးအသွင်ပြောင်းလဲခြင်းဟုခေါ်သည့် တတိယမြောက် အံ့ဖွယ်ဆင့်ကဲဖြစ်စဉ် လေ့ကျင့်ခန်းကို ချက်ချင်း စတင်ခိုင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ကျိ”

ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်လင်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပုံရ၏။ ၎င်းသည် ယခုအခါ ကျန်းဟန်ကို လုံးဝအကြွင်းမဲ့ ယုံကြည်နေပြီး ကြိုးစားလေ့ကျင့်သရွေ့ ပိုမိုသန်မာလာနိုင်သည်ဟု အခိုင်အမာ ယုံကြည်ထားသည်။

“ကူး”

အနီးအနားတွင် ရှိနေသော ဟုတ်ဟုတ်သည် လူသားနှင့် ပိုးကောင်သေးသေးလေးတို့၏ စကားဝိုင်းကို ကြားသောအခါ အထင်သေးသည့်အမူအရာ ပြုလုပ်လိုက်သည်။ ၎င်းက [ဒီငကြောင်ပိုးကောင်တော့ အလွယ်တကူ လှည့်စားခံလိုက်ရပြန်ပြီပဲ။ ကြိုးစားလေ့ကျင့်ရင် သန်မာလာဆိုတာ လူတိုင်းသိိတယ်] ဟု ဆိုလိုနေသကဲ့သို့ပင်။

ကျန်းဟန်က ထိုမျက်နှာဝိုင်း ကြက်ဝတုတ်ကြီးကို မကျေမနပ် ကြည့်လိုက်သည်။

“မင်းလည်း ကြိုးစားမလေ့ကျင့်ဘဲနဲ့ သူများရဲ့ လေ့ကျင့်ချင်စိတ်ကို လာပြီး ဖျက်ဆီးနေမနေနဲ့...။”

ကျန်းဟန် စကားမဆုံးခင်မှာပင် ထိုဟုတ်ဟုတ်ထံ၌ တစ်ခုခု ထူးဆန်းနေသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။ ၎င်း၏ အံ့ဖွယ်ဆင့်ကဲဖြစ်စဉ် လမ်းကြောင်းသည် အမှန်တကယ်ပင် ပွင့်သွားခဲ့ပြီဖြစ်ပြီး ယနေ့အတွက် လေ့ကျင့်ရေးတာဝန်ကိုလည်း ပြီးမြောက်အောင်မြင်ထားပြီး ဖြစ်နေသည်။

“မင်း... မနေ့ညက ငါအိပ်ပျော်သွားပြီးတော့ အပြင်ထွက်သွားတာလား။ ပြီးတော့ အစေခံအဆင့် သားရဲအကောင် သုံးရာကို သတ်ခဲ့တယ်ပေါ့။”

ကျန်းဟန်သည် မယုံကြည်နိုင်သော အမူအရာဖြင့် ထိုမျက်နှာဝိုင်း ကြက်ဝတုတ်ကြီးကို ကြည့်လိုက်မိသည်။

“ကူး”

ဟုတ်ဟုတ်၏ မျက်နှာဝိုင်းကြီးမှာ ဝေခွဲမရဖြစ်ခြင်းများဖြင့် ပြည့်နှက်သွား၏။ ၎င်းသည် မိမိကိုယ်ကို ပြန်လည်စစ်ဆေးကြည့်ပြီး သွေးညှိနံ့များနှင့် တိုက်ပွဲဝင်ခြေရာလက်ရာများကို သေချာသန့်စင်ခဲ့ပါလျက်နှင့် ဤငတုံး ကျန်းဟန်က မည်သို့သိသွားသနည်းဟု တွေးတောနေပုံရသည်။

“ဟင်း၊း နောက်ဆုံးတော့ မင်း ငါ့ရဲ့ အံ့ဖွယ်ဆင့်ကဲဖြစ်စဉ် အရည်အချင်းရဲ့ စွမ်းအားကို သိသွားပြီမလား။ မနေ့ညက လေ့ကျင့်မှုရလဒ်တွေက အရင်ကထက် အများကြီး ပိုကောင်းနေတာကို မင်း သတိထားမိတယ်မလား။”

ကျန်းဟန်သည် ဟုတ်ဟုတ်၏ ဝေခွဲမရဖြစ်နေမှုကို ရိပ်မိပြီး ချက်ချင်းပင် မာနထောင်လွှားသွားကာ ‘နောက်ဆုံးတော့ မင်း ငါ ဘယ်လောက်တော်လဲဆိုတာ မင်း သိသွားပြီပေါ့’ ဟု တွေးလိုက်သည်။

သို့သော်လည်း သူ၏ရင်ထဲတွင်မူ အလွန်အံ့အားသင့်နေမိသည်။ ဤကောင်စုတ်လေးသည် တစ်ညတည်းနှင့် အစေခံအဆင့် သားရဲ သုံးရာကို အပြတ်ရှင်းနိုင်ခဲ့ခြင်းမှာ အမှန်တကယ် အံ့မခန်းပင် ဖြစ်သည်။

အစေခံအဆင့် သားရဲများသည် တိုက်ခိုက်ရေးစွမ်းရည် မမြင့်မားသော်လည်း ၎င်းသည် သာမန် လက်ရွေးစင်အဆင့် သားရဲထိန်းချုပ်သူများပင် တစ်ညတည်းနှင့် မလုပ်ဆောင်နိုင်သည့် အရာမျိုးဖြစ်သည်။ ဇီးကွက်တစ်ကောင်သည် မှောင်မိုက်သောည၏ လူသတ်သမားဟူသော ဘွဲ့နှင့် အမှန်တကယ် ထိုက်တန်လှပေသည်။

“ကူး”

ဒါက မင်းကြောင့် ဟုတ်လို့လား။

ကျန်းဟန်၏ စကားကို ကြားသောအခါ ဟုတ်ဟုတ်သည် အလွန်ဇဝေဇဝါ ဖြစ်သွားခဲ့၏။ မနေ့ညက သားရဲများကို သတ်လေလေ ပိုပြီး တက်ကြွလန်းဆန်းလာလေလေ ဖြစ်နေရခြင်းမှာ ကျန်းဟန်ကြောင့် ဖြစ်နေလေသည်။

သို့သော် မကြာမီမှာပင် ၎င်းသည် ခေါင်းကို အခြားတစ်ဖက်သို့ လွှဲလိုက်ပြီး ၎င်းမှာ မဖြစ်နိုင်ကြောင်းနှင့် မိမိ၏ ကြိုးစားအားထုတ်မှုကြောင့်သာ ဖြစ်ရမည်ဟု ခံစားမိကာ ယနေ့ညတွင်လည်း ထပ်မံစမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“ယုံချင်ယုံ မယုံချင်နေ။ မင်းသာ ခုနစ်ရက်ဆက်တိုက် နေ့တိုင်း အစေခံအဆင့် သားရဲအကောင် သုံးရာကို သတ်နိုင်မယ်ဆိုရင် မင်းရဲ့ ရုပ်ခန္ဓာက ပြီးပြည့်စုံတဲ့ ရုပ်ခန္ဓာ ဖြစ်လာလိမ့်မယ်။ ပြီးတော့ အရင်က ဒဏ်ရာတွေကြောင့် ဆုံးရှုံးသွားတဲ့ အလားအလာ တွေအားလုံးကို အပြည့်အဝ ပြန်လည်ကုစားပေးနိုင်ရုံတင်မကဘူး၊ အတိတ်ကထက်တောင် အများကြီး ပိုပြီးကျော်လွန်သွားလိမ့်မယ်။”

ဟုတ်ဟုတ်က သူ့ကို မယုံကြည်သည့်ပုံပေါ်နေသေးသဖြင့် သူ အနည်းငယ် စဉ်းစားပြီးနောက် ၎င်းကို ပြောပြလိုက်သည်။

သူကောက်ရလာသော ဤမျက်နှာဝိုင်း ကြက်ဝတုတ်ကြီးသည် ကိုယ်ပိုင်စိတ်ကူးအတွေးအခေါ်များ ရှိပုံရသည်ကို သူတွေ့ရှိခဲ့၏။ ၎င်းက သူနှင့်အတူ မလေ့ကျင့်လိုသဖြင့် ညဘက်တွင် ၎င်းဘာသာ ၎င်းလေ့ကျင့်ပါစေဟုသာ လွှတ်ထားလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

“ကူး ကူး”

ဟုတ်ဟုတ်သည် အသံတိုးတိုးဖြင့် အော်မြည်လိုက်ပြီး ၎င်းအိပ်ချင်နေပြီဖြစ်၍ ကျန်းဟန်အနေဖြင့် ၎င်းကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်ထည့်ပေးရန် တောင်းဆိုလိုက်သည်။

“ကောင်းပြီလေ။ ဒါဆိုရင်လည်း ကောင်းကောင်း အနားယူလိုက်ပါဦး။”

ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး ဟုတ်ဟုတ်၏ ချောမွေ့လှသော အမွှေးအတောင်များကို ပွတ်သပ်ရန် လက်လှမ်းလိုက်သော်လည်း သူ မထိမိခင်မှာပင် ဟုတ်ဟုတ်သည် အမွှေးအတောင်များ ထောင်ထွက်သွားလျက် အပေါ်သို့ ပျံတက်သွားခဲ့သည်။

“ကူး ကူး”

ဟုတ်ဟုတ်သည် ဘီဒိုပေါ်သို့ ခုန်တက်သွားပြီး ကျန်းဟန်ကို ဒေါသတကြီး စိုက်ကြည့်နေ၏။

“အေးပါကွာ...။ ဒါဆိုလည်း ငါ မင်းကို မကိုင်တော့ဘူး။”

ကျန်းဟန်က ပခုံးတွန့်ပြလိုက်ပြီး ဤကောင်လေးအနေဖြင့် နောင်အနာဂတ်တွင်လည်း ယခုကဲ့သို့ပင် ဆိုးသွမ်းရုန်းကန်နိုင်ပါစေဟု စိတ်ထဲမှ မျှော်လင့်လိုက်မိသည်။

ထိုသို့ပြောပြီးနောက် သူသည် သူ၏စိတ်အာရုံကို လှုပ်ရှားလိုက်ပြီး အမွှေးများ ရှုပ်ပွနေသော မျက်နှာဝိုင်း ကြက်ဝတုတ်ကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်ထည့်လိုက်တော့သည်။

ဤအချိန်တွင် ပိုင်လင်းသည်လည်း သူ၏နံနက်စာကို စားသောက်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ အချိန်မှာ ခုနစ်နာရီမျှသာ ရှိသေးသဖြင့် ကျန်းဟန်သည် ပိုင်လင်းကို လေ့ကျင့်ရေးအသစ်အတွက် ခေါ်ထုတ်ရန် ပြင်ဆင်နေစဉ်မှာပင် သူ၏ဖုန်းထဲသို့ မက်ဆေ့ခ်ျအချို့ ဝင်လာသဖြင့် အသံမြည်လာခဲ့သည်။

ဖုန်းကိုဖွင့်ကြည့်လိုက်ရာ ပထမဆုံးမက်ဆေ့ခ်ျမှာ လီဇီဝေထံမှ ဖြစ်သည်။

“ကိစ္စအကြီးကြီး ဖြစ်သွားပြီ။ မနေ့က ငါတို့မြို့မှာ အလုပ်သင် သားရဲထိန်းချုပ်သူ ငါးဆယ်ကျော် ပျောက်သွားတယ်။ သတင်းကို မြန်မြန်ကြည့်လိုက်ဦး။ ချင်းရှန်းနဲ့ ဆရာခယ်လုံတို့အဖွဲ့က ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အာရုံလွှဲတဲ့လှည့်ကွက်ထဲ မိသွားပြီး စီနီယာ ခေါ်တဲ့နောက်ကို ပါသွားကြတယ်။”

ကျန်းဟန်သည် ထိုမက်ဆေ့ခ်ျကို မြင်မြင်ချင်း သူ့ဖုန်းထဲ၌ ချက်ချင်းရှာဖွေကြည့်လိုက်ရာ ထိုကိစ္စသည် ဘရောက်ဇာ၏ ရှာဖွေမှုအများဆုံး သတင်းခေါင်းစဉ် ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်သည်။

ကောင်းကင်မဟာမိတ်အဖွဲ့၏ ယခုတစ်ကြိမ် အကြီးအကျယ် လှုပ်ရှားမှုသည် သားရဲထိန်းချုပ်သူ မဟာမိတ်အဖွဲ့နှင့် အမျိုးသား သားရဲထိန်းချုပ်ရေးဗျူရိုတို့၏ အာရုံစိုက်မှုကို တိုက်ရိုက်ရရှိသွားခဲ့သည်။ နှစ်ဖက်စလုံးက စုံစမ်းစစ်ဆေးရေး သံတမန်များကို စေလွှတ်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ကောင်းကင်မဟာမိတ်အဖွဲ့၏ ပြန်ပေးဆွဲခြင်းကို ခံထားရသော အလုပ်သင် သားရဲထိန်းချုပ်သူများကို ကယ်တင်ရန် နည်းလမ်းရှာဖွေသွားမည်ဟု သတင်းထုတ်ပြန်ထားကြသည်။

ကျန်းဟန် သေသေချာချာ ကြည့်လိုက်သောအခါ ချင်းရှန်းနှင့် ဆရာခယ်လုံတို့သည် ချင်းယွမ်ကို မကယ်တင်နိုင်ခဲ့ရုံသာမကဘဲ သူတို့ကိုယ်တိုင်ပင် ဒဏ်ရာရရှိသွားခဲ့ကြောင်း တွေ့လိုက်ရလေသည်။ ယခုတစ်ကြိမ်တွင် ကောင်းကင်မဟာမိတ်အဖွဲ့သည် ဤဇာတ်ကွက်ကို တမင်တကာ ဖန်တီးရန်အတွက် အလွန် အင်အားတောင့်တင်းသော ဇာတ်ကောင်များကို စေလွှတ်ခဲ့ပုံရသော်လည်း တိကျသော အတွင်းရေး အသေးစိတ်အချက်အလက်များကိုမူ သတင်းထဲတွင် လုံးဝမတွေ့ရပေ။

သို့သော်လည်း ပျောက်ဆုံးနေသော ဆယ်ကျော်သက်များ၏ အမည်စာရင်းတွင် ရင်းနှီးနေသော နာမည်အချို့ကို သူတွေ့လိုက်ရသည်။ ထိုသူများသည် မနေ့က သူနှင့် တိုက်ခိုက်ခဲ့ကြသူများ ဖြစ်သည်။

“အမှန်ပဲ...။ ဘေးဒုက္ခနဲ့ ကံကောင်းခြင်းဆိုတာ ဒွန်တွဲနေတာပဲ။”

ကျန်းဟန်သည် ယခုအခါ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ မနေ့က သူဆုံခဲ့သော ထိုလူသည် ကောင်းကင်မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသာ ဖြစ်ရပေမည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ကျောက်စိမ်းပိုးကောင်နှင့် စာချုပ်ချုပ်ဆိုထားသဖြင့် ၎င်းတို့၏မျက်လုံးထဲတွင် အလွန်အဖိုးမတန်လွန်းလှသောကြောင့် သူ့ကို ဘာမှမလုပ်ခဲ့ခြင်း ဖြစ်သည်။

လီဇီဝေ၏ မက်ဆေ့ခ်ျအပြင် ကျန်းဟန်သည် သူ၏အတန်းပိုင်ဆရာမ ဖြစ်သူ ဆရာမ ဝမ်ယိထံမှ မနက်အစောပိုင်း တစ်နာရီတွင် ပေးပို့ထားသော မက်ဆေ့ခ်ျကိုလည်း တွေ့လိုက်ရပြီး သူ့ကို အဆင်ပြေရဲ့လားဟု မေးမြန်းထားခြင်း ဖြစ်သည်။

သူက ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်ပြီး လေ့ကျင့်ရေးကွင်းဘက်မှ သတင်းများကို လီဇီဝေအား မေးမြန်းကာ ယနေ့တွင် အလားအလာ စမ်းသပ်မှု ရှိသေးသလားဟု မေးလိုက်သည်။

လီဇီဝေက ချက်ချင်းပင် ပြန်စာပို့လာခဲ့သည်။

“ရှိတာပေါ့။ ဒါပေမဲ့ စည်းမျဉ်းတွေ ပြောင်းသွားတယ်လို့ ပြောကြတယ်။ ပြီးတော့ နင် နင့်ရဲ့ ဆုကြေးငွေကို သွားထုတ်လို့ရပြီ။ မနေ့က ပြိုင်ပွဲရလဒ်တွေကို ကြေညာပေးထားတယ်။ ချင်းယွမ် လေ့ကျင့်ရေးကွင်းက တကယ်ကို အရှက်မရှိတာပဲ။ နင်နဲ့ ချင်းယွမ်ရဲ့ ပွဲစဉ်က မပြီးသေးတာတောင်မှ....။”

ထို့နောက် လီဇီဝေသည် မနေ့ကပြိုင်ပွဲမှ အဆင့်သတ်မှတ်ချက်များကို ကြေညာထားသည့် လေ့ကျင့်ရေးကွင်း အပြင်ဘက်ရှိ ကြေညာချက် ပိုစတာဓာတ်ပုံတစ်ပုံကို ပေးပို့လာခဲ့သည်။ ပထမနေရာမှာ ချင်းယွမ် ဖြစ်ပြီး ဒုတိယနေရာမှာ သူ ဖြစ်နေသည်။

သူသည် ဤရလဒ်အပေါ် အံ့သြခြင်း မရှိပေ။ လေ့ကျင့်ရေးကွင်းဘက်မှ သူ့ကို ပထမနေရာ ပေးပြီး ငွေကျပ်သုံးသိန်းတန် သားရဲပေါက်တစ်ကောင်ကို အလကား ပေးအပ်ရန် မဖြစ်နိုင်သည်ကို သူသိသည်။

သို့သော် သူ မမျှော်လင့်ထားသည်မှာ အလားအလာ ပြိုင်ပွဲအတွက် စည်းမျဉ်းများ ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။ ယခုအခါ ယခင်ပြိုင်ပွဲ အစီအစဉ်များအပြင် အလားအလာ ရမှတ်တစ်ခုကိုပါ ထပ်မံဖြည့်စွက်ထားသည်။

ထိုအလားအလာ ရမှတ်သည် သားရဲ၏ အလားအလာ စမ်းသပ်ချက်အပေါ်တွင် လုံးဝအခြေခံထားပြီး အချိုးအစား အမြောက်အမြား ပါဝင်နေသည်။ ဤအချက်သည် သာမန်လူများအတွက် သက်ရောက်မှု မရှိသော်လည်း ကျန်းဟန်အတွက်မူ သူ ပြိုင်ပွဲဝင်ရန်ပင် မလိုတော့ဟု ဆိုလိုခြင်း ဖြစ်သည်။

အကြောင်းမှာ သူ၏ ကျောက်စိမ်းပိုးကောင်သည် အလားအလာ ရမှတ်ကို လုံးဝရရှိနိုင်မည် မဟုတ်သောကြောင့်ပင်။

စည်းမျဉ်းများ ကမူးရှူးထိုး ပြောင်းလဲသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူသည် ယနေ့ သူ၏ သားရဲနှစ်ကောင်အတွက် အစာဝယ်ရန် ငွေအနည်းငယ် ထပ်မံရှာဖွေချင်ခဲ့သော်လည်း ယခုအခါ ထိုအစီအစဉ်မှာ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်သည်။

“သွားကြစို့။ ငါတို့ အပြင်သွားကြမယ်။”

သူသည် သူ၏စိတ်ကို ပြန်လည်စုစည်းပြီးနောက် ပိုင်လင်းကို ခေါ်ဆောင်ကာ ချင်းယွမ် လေ့ကျင့်ရေးကွင်းသို့ ထွက်လာခဲ့လိုက်သည်။ ထိုလေ့ကျင့်ရေးကွင်း၏ သူဌေးသည် အဆင့်မရှိသူ ဖြစ်သော်လည်း သူရထိုက်သည့် ဆုလာဘ်ကိုမူ သွားရောက်ထုတ်ယူရမည်ပင် ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့တွင် အခမဲ့ မန်ဘာဝင်ခွင့် ရှိနေသဖြင့် ပိုင်လင်းကို လေ့ကျင့်ပေးရန်အတွက် လေ့ကျင့်ရေးကွင်းကို အသုံးပြုနိုင်သည်။ လက်ရှိတွင် ပိုင်လင်း၏ လေ့ကျင့်မှုများကို တောရိုင်းထဲတွင် ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်တော့ဘဲ သင့်တော်သော ပတ်ဝန်းကျင်ရှိသည့် လေ့ကျင့်ရေးကွင်းတစ်ခုတွင်သာ လုပ်ဆောင်ရမည် ဖြစ်သည်။

All Chapters