← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

ကျန်းဟန် ကျောင်းဂိတ်ဝသို့ ရောက်ရုံရှိသေးစဉ်မှာပင် မီးတောက်ကဲ့သို့ ရဲရဲနီသော အစင်းကြောင်းများရှိသည့် မီးတောက်ခွေး တစ်ကောင် ပြေးလာပြီး သူ့ကို လျှာထုတ်ပြကာ နှုတ်ဆက်လာခဲ့သည်။

မကြာမီမှာပင် ၎င်း၏ပိုင်ရှင်ဖြစ်သူ လီဇီဝေသည်လည်း အပြေးအလွှား လျှောက်လာခဲ့သည်။

“မင်္ဂလာနံနက်ခင်းပါ ကျန်းဟန်။ နင် မနေ့က ချင်းယွမ် လေ့ကျင့်ရေးကွင်းက အလားအလာပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့သေးလား။”

“မပြိုင်ဖြစ်ဘူး။ စည်းမျဉ်းတွေ ပြောင်းသွားတော့ ငါ အရည်အချင်းမပြည့်မီတော့ဘူးလေ။”

ကျန်းဟန်က လက်နှစ်ဖက်ကို ဖြန့်ပြရင်း ပြောလိုက်သည်။ သူသည် ပိုက်ဆံအချို့ ထပ်မံရှာဖွေရန်အတွက် ထိုပြိုင်ပွဲတွင် အမှန်တကယ် ပါဝင်ချင်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီ ချင်းယွမ် လေ့ကျင့်ရေးကွင်းက တကယ်ကောက်ကျစ်တာပဲ။ နင်နဲ့ ချင်းယွမ်ရဲ့ ပွဲကလည်း မပြီးသေးတာကို သူတို့က နင့်ကို ဒုတိယနေရာပဲ ပေးလိုက်တယ်။ ပြီးတော့ ဒုတိယအဆင့်အတွက် စည်းမျဉ်းတွေကိုပါ ပြောင်းပစ်လိုက်သေးတယ်။ ဒါက နင့်ကို တမင်သက်သက် ရည်ရွယ်ပြီး တိုက်ခိုက်တာလို့ ငါခံစားရတယ်။”

လီဇီဝေသည် ထိုအကြောင်းကို ကြားရသောအခါ ကျန်းဟန်အတွက် စိတ်မကောင်းဖြစ်ကာ မကျေမနပ် ဖြစ်နေမိသည်။

“ဒါတွေက ပြီးသွားတဲ့ကိစ္စတွေပဲလေ။ ထားလိုက်ပါတော့။”

ကျန်းဟန်သည် ဤကိစ္စကို ထပ်ပြီး အစဖော်မနေချင်တော့ပေ။ ပြောနေလည်း ထူးမည်မဟုတ်သလို လူသာ ပိုပြီး ပင်ပန်းလာလိမ့်မည် ဖြစ်သည်။

လီဇီဝေ : “...”

“ဒီနေ့ ကျောင်းမှာ သေချာပေါက် အစည်းအဝေးတစ်ခု လုပ်လိမ့်မယ်။ အခုတစ်ကြိမ် ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ လှုပ်ရှားမှုက သားရဲထိန်းချုပ်သူ မဟာမိတ်အဖွဲ့ကိုပါ ထိတ်လန့်သွားစေခဲ့ပြီ။”

လီဇီဝေက ပြောပြလိုက်သည်။

“ငါတို့အတန်းက အားကစားမှူး လျူရှန်းပါ ပျောက်သွားတာလား။”

ကျန်းဟန်က မေးလိုက်သည်။

“ဟုတ်တယ်။ ခဏနေရင် ဆရာက အဲအကြောင်း ထည့်ပြောလိမ့်မယ်။ သူက ပြိုင်ပွဲကျင်းပတဲ့နေရာကနေ ထွက်လာပြီးတာနဲ့ ချက်ချင်း ပျောက်သွားတာ။ ကောင်းကင်မဟာမိတ်အဖွဲ့ဝင်တွေ ဖမ်းခေါ်သွားတာ ဖြစ်ဖို့ ရာခိုင်နှုန်း အတော်များတယ်။”

လီဇီဝေက ခေါင်းညိတ်ပြရင်း ရင်တမမ ဖြစ်နေမိသည်။ သူမကိုယ်တိုင်ပင်လျှင် ဖမ်းခေါ်ခံရလုနီးပါး ဖြစ်ခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့် သူမ၏ မိခင် ရောက်ရှိလာခဲ့၍သာ ဖြစ်သည်။

မကြာမီမှာပင် သူတို့နှစ်ဦးသည် စာသင်ခန်းသို့ ရောက်လာခဲ့ကြသည်။ ကျန်းဟန်နှင့် လီဇီဝေတို့ အတူတူ ဝင်လာခြင်းက လူအများ၏ အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သော်လည်း အားလုံးက ချက်ချင်းပင် အကြည့်များကို လွှဲဖယ်သွားကြသည်။

မနက်ခင်း စာကျက်ချိန် စတင်သည်နှင့်အမျှ အတန်းပိုင်ဆရာမ ဝမ်ယိတစ်ယောက် ဝင်လာခဲ့သည်။

“အားလုံးပဲ တိတ်တိတ်နေပေးကြပါ။ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ငါတို့ ရှန်းဟွာမြို့မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ အားလုံး သိကြလိမ့်မယ်လို့ ငါထင်တယ်။ အခု ငါတို့ ယာယီအစည်းအဝေးတစ်ခု လုပ်မှာဖြစ်ပြီး ပြီးရင်တော့ တစ်ကျောင်းလုံး အစည်းအဝေး ရှိပါတယ်။”

အားလုံး ငြိမ်သက်သွားပြီးနောက် ဆရာမ ဝမ်ယိက ဆက်ပြောလိုက်သည်။

“ပထမဦးဆုံးအနေနဲ့ ငါတို့အတန်းက အားကစားမှူး လျူရှန်းဟာ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ လက်ထဲကို ကံဆိုးစွာနဲ့ ကျရောက်သွားခဲ့ပြီလို့ ပြောရမယ်။ ကျောင်းအနေနဲ့ သူ့ကို ကယ်တင်နိုင်ဖို့အတွက် သက်ဆိုင်ရာ ဌာနတွေနဲ့ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမှာပါ။”

“ဒုတိယအချက်အနေနဲ့ကတော့ ဒီနေ့ကစပြီး ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ထပ်ပြီးအန္တရာယ်ပြုတာကို မခံရလေအောင် အားလုံးပဲ ကျောင်းအိပ်ကျောင်းစား နေထိုင်ကြရပါမယ်။”

“ဒီနေ့မှာပဲ လူတိုင်းအတွက် အဆောင်တွေကို စီစဉ်ပေးမှာဖြစ်ပြီး နေ့စဉ်သုံးပစ္စည်းတွေကိုလညိး ကိုယ်တိုင် ပြင်ဆင်လာစရာ မလိုဘူး။ ကျောင်းကနေ အကုန် ထောက်ပံ့ပေးသွားမယ်။”

“ဒီကျောင်းပိတ်ဆို့မှုက နောက်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မတိုင်ခင်အထိ ကြာမြင့်မယ်။ အကယ်၍ မေးစရာ မေးခွန်းတွေရှိရင် ငါ့ဆီလာပြီး ဆွေးနွေးနိုင်ပါတယ်။”

ဆရာမ ဝမ်ယိ စကားပြောပြီးနောက် လူတိုင်း ထိုအကြောင်းကို အုန်းအုန်းကျွက်ကျွက် ဆွေးနွေးငြင်းခုံကြတော့သည်။ လူအများစုမှာ သားရဲထိန်းချုပ်ရေး ကျူရှင်တက်ရန် သို့မဟုတ် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အပြင်သို့ ထွက်ရဦးမည်ဖြစ်သဖြင့် လက်မခံနိုင်ကြပေ။

သို့သော် ကျန်းဟန်ကမူ ဤအရာသည် အမှန်တကယ်ပင် အလွန်ကောင်းမွန်သည်ဟု တွေးလိုက်မိသည်။ ကျောင်းအပြင်သို့ မထွက်ရခြင်းဖြင့် ထိုအတိုးကြီးစားသော အကြွေးရှင်ကုမ္ပဏီများသည် သူ့ကို ရှာတွေ့နိုင်တော့မည် မဟုတ်သလို သူလည်း ပိုက်ဆံပြန်ဆပ်ရန် မလိုတော့ပေ။ တကယ်ကို စိတ်အေးရသော ကိစ္စပင်။

သားရဲထိန်းချုပ်ခြင်း သင်တန်းများနှင့် ပတ်သက်၍လည်း သူသည် မည်သို့ပင်ဆိုစေ ထိုသင်တန်းကြေးများကို မတတ်နိုင်ပါချေ။ ထို့အပြင် သူ့၌ အဆင့် ၇ ဆင့်ကဲဖြစ်စဉ် ပါရမိ ရှိနေသဖြင့် ကြိုးစားလေ့ကျင့်ရန်သာ လိုအပ်သည်။

တစ်ခုတည်းသော အဆင်မပြေမှုမှာ ဟုတ်ဟုတ်အတွက် ဖြစ်သည်။ အနာဂတ်တွင် ဟုတ်ဟုတ်အနေဖြင့် အပြင်ထွက်ရန် အလွန်ခက်ခဲသွားပေလိမ့်မည်။

ကျောင်းတွင် သားရဲလေ့ကျင့်ရေးကွင်း ပုံစံမျိုးစုံ စုံစုံလင်လင် ရှိသော်လည်း ၎င်းတို့အားလုံးတွင် စောင့်ကြည့်ရေးကင်မရာများ တပ်ဆင်ထားသဖြင့် ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက်မူ အဆင်မပြေလှပေ။

မကြာမီ ကျောင်းဘက်မှ မနက်ခင်း လူစုခွဲအစည်းအဝေးကို ကြေညာခဲ့သည်။ ကျောင်းအာဏာပိုင်များက အချိန်အတော်ကြာ လေရှည်ပြီးနောက် နောက်ဆုံးတွင် အချက်နှစ်ချက်ကို ကြေညာခဲ့သည်။

ပထမအချက်မှာ ဤကျောင်းပိတ်ဆို့မှုသည် အနည်းဆုံး အနီးနားရှိ ကောင်းကင်မဟာမိတ်အဖွဲ့ကို အမြစ်ပြတ် ရှင်းလင်းပြီးသည်အထိ ကြာမြင့်မည် ဖြစ်သည်။

ဒုတိယအချက်မှာ ကျောင်းသားများ၏ တောတွင်းရှင်သန်မှု စွမ်းရည်များကို မြှင့်တင်ရန်အတွက် ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ တောရိုင်းထဲတွင် သားရဲထိန်းချုပ်သူများ၏ လိုက်လျောညီထွေရှိမှု စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရန် တစ်လလျှင် တစ်ပတ်ကြာ တောတွင်းရှင်သန်မှု လေ့ကျင့်ရေးကို မဖြစ်မနေ ပြုလုပ်ရမည် ဖြစ်သည်။

“ဒါတော့ ခက်ပြီ။ ငါတို့သာ သားရဲထိန်းချုပ်သူ အင်အားကို အမြန်ဆုံး မမြှင့်တင်နိုင်ရင် တောတွင်းရှင်သန်မှု လေ့ကျင့်ရေး သွားရတာက သားရဲတွေဆီ သွားပြီး အစာကျွေးသလိုပဲ ဖြစ်သွားလိမ့်မယ်။”

စာသင်ခန်းထဲ ပြန်ရောက်သောအခါ ကျောင်းသားများက စတင်ညည်းညူကြတော့သည်။

“ဟုတ်ပါ့။ အရင်က သုံးလမှ တစ်ကြိမ်ပဲ လုပ်ရတာကို အခုတော့ တစ်လတစ်ကြိမ် ပြောင်းပစ်လိုက်ပြီ။ တောတွင်းလေ့ကျင့်ရေးက လူကို တကယ်ကို နှိပ်စက်လွန်းတာပဲ။”

“အတိအကျပဲ။ ဘွဲ့ရပြီးရင် လူတိုင်းက တောထဲသွားပြီး စွန့်စားကြမှာမှ မဟုတ်တာ။”

“ပြီးတော့ အခု ငါတို့မှာ သားရဲ တစ်ကောင်တည်းပဲ ရှိသေးတယ်။ တောထဲသွားတာက အရမ်းအန္တရာယ်များတယ်။ နောင်ကျလို့ သားရဲတွေ ပိုများလာရင်တော့ ဒီလိုပြဿနာ ရှိမှာမဟုတ်ပါဘူး။ ပညာရေးဝန်ကြီးဌာနက လူတွေက တကယ် ဦးနှောက်မရှိတာပဲ။”

ကျောင်းသားများ၏ ညည်းညူသံများကို ကြည့်ခြင်းအားဖြင့် အားလုံးက တောတွင်းလေ့ကျင့်ရေးကို ယေဘုယျအားဖြင့် သဘောမကျကြကြောင်း သိသာသည်။ အကြောင်းမှာ သူတို့သည် ယခင်က ၎င်းကြောင့် အတော်လေး ဒုက္ခရောက်ဖူးကြ၍ ဖြစ်သည်။

“ဘာပြဿနာရှိလို့လဲ။ တောတွင်းစွန့်စားမှုက ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဒီလို စိတ်လှုပ်ရှားမှုမျိုးသာ မရှိရင် ဘာလို့ သားရဲထိန်းချုပ်သူ လုပ်နေတော့မှာလဲ။ သားရဲမွေးမြူရေးသမားပဲ လုပ်လိုက်တာမှ ပိုကောင်းသေးတယ်။”

“မှန်တယ်။ တစ်ခါတလေကျရင် ငါတို့ တောထဲမှာ စီနီယာ သားရဲထိန်းချုပ်သူကြီးတွေ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေနဲ့ ကြုံချင်ကြုံရနိုင်တာပဲ။”

သားရဲထိန်းချုပ်သူ အမွေအနှစ်ဆိုသည်မှာ အဆင့် (၅) ဘွဲ့ရအဆင့် သို့မဟုတ် ထိုထက်မြင့်သော သားရဲထိန်းချုပ်သူများ ချန်ထားခဲ့သော အမွေအနှစ်ကို ဆိုလိုခြင်း ဖြစ်သည်။ အဆင့် (၅) သို့ ရောက်ရှိပြီး အာရုံငါးပါးလုံး အပြည့်အဝ ပွင့်သွားပြီးနောက်တွင် ၎င်းတို့သည် အမွေအနှစ်အချို့ကို ချန်ထားရစ်နိုင်စွမ်း ရှိကြသည်။

အမွေအနှစ်တိုင်းသည် ရတနာတိုက်တစ်ခုကဲ့သို့ပင် ဖြစ်ပြီး မိမိ၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်သည့် အခွင့်အရေးလည်း ဖြစ်သည်။

“ဟုတ်တယ်။ ငါတို့ တကယ်ကြုံချင်ကြုံရမှာ။ သားရဲထိန်းချုပ်သူ ရတနာတိုက်ကို ရှာမတွေ့ရင်တောင်မှ သားရဲရတနာတိုက်တွေ ရှိသေးတာပဲ။”

သားရဲထိန်းချုပ်သူ အမွေအနှစ်များအကြောင်း ပြောမိကြသောအခါ လူအများအပြားမှာ စမ်းသပ်ကြည့်ချင်စိတ်ဖြင့် တက်ကြွလာကြသည်။

လွန်ခဲ့သည့် ရာစုနှစ်အတွင်း သားရဲထိန်းချုပ်သူ အမြောက်အမြားသည် တောရိုင်းထဲတွင် သေဆုံးခဲ့ကြသဖြင့် တောထဲ၌ ရတနာတိုက်များစွာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် အချို့သော အဆင့် (၄) အရှင်သခင်အဆင့် သားရဲများသည်လည်း ၎င်းတို့ သေဆုံးပြီးနောက် လျှို့ဝှက်နယ်မြေ ရတနာတိုက်များကို ချန်ထားခဲ့တတ်ကြရာ ဤအရာသည်လည်း တောတွင်းစွန့်စားမှု၏ ပျော်ရွှင်စရာ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ကျန်းဟန်သည်လည်း ဤတောတွင်းရှင်သန်မှု လေ့ကျင့်ရေးကို အလွန်ပင် စိတ်ဝင်စားနေမိသည်။ သို့မဟုတ် စွန့်စားရှာဖွေမှုကို အလွန်စိတ်ဝင်စားသည်ဟု ဆိုရမည်။ သူ အမုန်းဆုံးအရာမှာ နေရာတစ်ခုတည်းတွင် မလှုပ်မယှက် အောင်းနေရခြင်း ဖြစ်သည်။

ကြယ်တာရာများနှင့် ပင်လယ်ပြင်သည် ယောက်ျားသားတို့၏ ရိုမန့်စ်ပင် မဟုတ်ပါလား။

မကြာမီ အတန်းချိန် ရောက်ရှိလာသဖြင့် လူတိုင်းသည် စိတ်တည်ငြိမ်မှုရယူခြင်း စာသင်ခန်းသို့ စောစောစီးစီး ရောက်ရှိလာကြသည်။

“အခုဆို ငါတို့အတန်းရဲ့ တစ်ဝက်လောက်က စိတ်တည်ငြိမ်မှုရယူခြင်း နည်းလမ်းကို ကိုယ်ပိုင်အစွမ်းနဲ့ ပြီးမြောက်အောင် လုပ်နိုင်နေပြီ။ ဒီကျောင်းသားတွေအနေနဲ့ ဘေးတစ်ဖက်ကို သွားပြီးတော့ တစ်ယောက်တည်း စိတ်တည်ငြိမ်မှုရယူတာကို လေ့ကျင့်လို့ရတယ်။ အကယ်၍ ကိုယ့်ကိုယ်ကိုယ် သေချာကျွမ်းကျင်မှုမရှိသေးဘူးလို့ ခံစားရရင်လည်း ငါနဲ့အတူတူ အတန်းထဲမှာပဲ ဆက်ပြီး လေ့ကျင့်နိုင်တယ်။”

ဆရာမ ဝမ်ယိက ဝင်လာပြီးနောက် ပြောလိုက်သည်။

သူမ စကားဆုံးသည်နှင့် အတန်းခေါင်းဆောင် ချန်းလန်နှင့် အခြား စိတ်တည်ငြိမ်မှုရယူခြင်းကို ကိုယ်တိုင် လုပ်ဆောင်နိုင်နေပြီဖြစ်သော ကျောင်းသားအချို့က ဘေးတစ်ဖက်သို့ လျှောက်လှမ်းသွားကြသည်။

“ကျန်းဟန် နင် ဟိုဘက်ကို မလာဘူးလား။”

လီဇီဝေက ကျန်းဟန်ကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။ ကျန်းဟန်က သူမကို တစ်ချက်ကြည့်ကာ ခေါင်းခါပြလိုက်သည်။

“ငါ မလုပ်နိုင်သေးဘူး...”

သို့သော် သူ၏ စကားမဆုံးသေးခင်မှာပင် အတန်းခေါင်းဆောင် ချန်းးလန်က ကြားဖြတ်၍ ရက်ရက်စက်စက် ကန့်ကွက်လိုက်၏။

“ဟန်ဆောင်မနေစမ်းပါနဲ့။ နင်က ငါတို့ကို အရူးတွေများ အောက်မေ့နေတာလား။”

ကျန်းဟန် : “...”

သို့သော်လည်း သူသည် ဘေးတစ်ဖက်သို့ သွားခြင်းမရှိဘဲ ထိုနေရာတွင်သာ ဆက်ထိုင်နေခဲ့သည်။

သူ မသွားသည်ကို မြင်သောအခါ အတန်းခေါင်းဆောင် ချန်းးလန်သည် သူ့ကို ခဏကြာအောင် စိုက်ကြည့်ပြီးနောက် လျှောက်လာကာ သူ၏ ဘယ်ဘက် ဘေးတွင် ဝင်ထိုင်လိုက်သည်။

“နင်တောင် မလုပ်နိုင်ဘူးလို့ ပြောနေမှတော့ ငါလည်း သေချာပေါက် မလုပ်နိုင်ဘုး။”

ဤမျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးသည် ကျန်းဟန်က သူမ၏ ပထမနေရာကို လုယူသွားမည်ကို အလွန်ပင် စိုးရိမ်နေပုံရပြီး ဤစကားကို တမင်သက်သက် ပြောလိုက်ခြင်း ဖြစ်သည်။

အတန်းခေါင်းဆောင် ချန်းးလန် ထိုနေရာတွင် ထိုင်လိုက်ပြီးနောက် လီဇီဝေသည်လည်း အနည်းငယ် စဉ်းစားကာ သူ၏ ညာဘက်ဘေးတွင် ဝင်ထိုင်လိုက်သည်။

အခြားသူများသည်လည်း အနည်းငယ် ဝေခွဲမရဖြစ်နေပြီးနောက် လျှောက်လာကာ ကျန်းဟန်၏ ရှေ့နှင့် နောက်တို့တွင် ဝင်ထိုင်လိုက်ကြသည်။ အမှန်စင်စစ် သူတို့သည် ဘေးတစ်ဖက်သို့သွားကာ လွတ်လွတ်လပ်လပ် လှုပ်ရှားချင်ကြသော်လည်း အတန်းခေါင်းဆောင်နှင့် သင်ကြားရေးကော်မတီဝင် လီဇီဝေတို့ပင် မလှုပ်မယှက် ထိုင်နေကြသဖြင့် သူတို့လည်း မဝံ့မရဲ ဖြစ်သွားကြခြင်း ဖြစ်သည်။

ကျန်းဟန် : “...”

ဆရာမ ဝမ်ယိ : “...ကောင်းပြီ။ ဒါဆိုရင် ငါတို့ အတန်းစရအောင်။”

မကြာမီ ဆရာမ ဝမ်ယိ၏ စိတ်ဝိဉာဉ်လှိုင်းများ ပြန့်လွင့်လာပြီး လူတိုင်း မျက်စိမှိတ်ကာ ဆရာမ၏ စည်းချက်နောက်သို့ လိုက်ပါလျက် မိမိတို့၏ စိတ်စွမ်းအင်များကို စတင်လှုပ်ရှားစေလိုက်ကြတော့သည်။

သို့သော် သူ၏ ဘယ်ဘက်ဘေးရှိ အတန်းခေါင်းဆောင် ချန်းးလန်မှာမူ ကျင့်ကြံခြင်းထဲသို့ အပြည့်အဝ စိတ်မရောက်ဘဲ ရှိနေသည်။ သူမသည် မျက်လုံးထောင့်မှနေ၍ ကျန်းဟန်ကို ခိုးကြည့်လိုက်၏။

ဒီမှာ အမြဲတမ်း လာပြီး ဟန်ဆောင်နေတယ်။ နင့်ရဲ့ စိတ်စွမ်းအင် ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာ ငါ ဒီနေ့ သေချာ ကြည့်ရသေးတာပေါ့။

မည်သူမျှ သတိမထားမိသည့် အခွင့်အရေးကို ရယူကာ သူမသည် သူမ၏ ဖခင်ထံမှ သင်ယူထားခဲ့သော စိတ်စွမ်းအင် ပုံရိပ်ထုတ်လွှတ်မှု စုံစမ်းစစ်ဆေးခြင်းနည်းလမ်းကို တိတ်တဆိတ် အသုံးပြုလိုက်ပြီး သူမ၏ စိတ်စွမ်းအင်ကို မမြင်နိုင်သော အာရုံခံမျှင်တစ်ခုအသွင် ပြောင်းလဲကာ ကျန်းဟန်ထံသို့ စမ်းသပ်ကြည့်ရှုရန် စေလွှတ်လိုက်တော့သည်။

All Chapters