← Chapters

အခန်း ၁၂၂၈

Vol. 103 Ch. 1228

အခန်း ၁၂၂၈

Vol. 103 Ch. 1228

အခန်း ၁၂၂၈ -

တန်ယုယန် ... ။

ရှေးဟောင်းတန်မျိုးနွယ်သည် အင်မော်တယ်နယ်မြေတစ်ခွင်၌ ဩဇာအာဏာ ကြီးမားလှသော အင်အားစုကြီးတစ်ခု ဖြစ်ပေသည်။

ကျင့်ကြံမှုအဆင့် မြင့်မားလှသော အင်မော်တယ်ဘုရင်များပင်လျှင် တန်မျိုးနွယ်၏ နယ်မြေအတွင်း၌ ပေါ့ပေါ့ဆဆ မပြုမူရဲကြချေ။

အထူးသဖြင့် ကောင်းကင်ဘုံ အမဲလိုက်ပွဲစတင်မည်ဖြစ်ရာ အင်မော်တယ် နယ်မြေအနှံ့အပြားမှ ထိပ်တန်းပုဂ္ဂိုလ်များစွာ ရောက်ရှိနေချိန်ဖြစ်၏။

ပုံမှန်အချိန်များတွင် အထိန်းအကွပ် မဲ့တတ်ကြသော လူအများသည်ပင် ယခုအချိန်၌ ထိန်းထိန်းသိမ်းသိမ်း ပြုမူလာကြချေပြီ။

သို့သော် ယခုအခါတွင်မူ လူငယ်တစ်ယောက်သည် တန်ပေါင်အာခြံဝင်း၌ လူအချို့ကို ရိုက်နှက်ကာ ဒဏ်ရာရအောင်ပင် လုပ်ဝံ့နေချေပြီ။

ဤလုပ်ရပ်တစ်ခုတည်းဖြင့်ပင် အစောင့်များမှ သတ်ဖြတ်လိုသည့်ရောင်ဝါများ စုရီထံ ကျဆင်းလာတော့၏။

အဝေးမှ စောင့်ကြည့်နေကြသော အထက်တန်းစား ဧည့်သည်တော်များသည် ပို၍ပင် စိတ်လှုပ်ရှားလာသည်။

“ မြန်မြန် ... ဒီလူယုတ်မာက မိန်းကလေးပေါင်အာကို ဂရုမစိုက်ဘဲ ဒီခြံဝင်းမှာ လူတွေကိုရိုက်နှက်ရဲတယ်။ ”

စူးယွမ်ရှမှ ရောင်ရမ်းနေသော သူ့ပါးပြင်ကိုဆုပ်ကိုင်လျက် အော်ဟစ်လာ၏။ တစ်ဖက်တွင် စုရီသည် ဤအချင်းအရာများကို လုံးဝလျစ်လျူရှုထားသည်။

သူသည် ကောင်းကင်ဘုံ အမဲလိုက်ပွဲထံ ဝင်ရောက်ကာ လျှို့ဝှက်နယ်မြေထံစုံစမ်းရန် စိတ်ကူးထားခြင်းဖြစ်၏။

အကယ်၍သာ တစ်ဖက်လူသည် ပြဇာတ်တစ်ပုဒ်ဖန်တီးလျက် အကျပ်ရိုက်အောင် ပြုမူလာသေည် ဤနေရာမှ လှည့်ထွက်ရုံသာ ရှိပေတော့မည်။

“ မင်း ... လက်နက်ချပြီး နာခံမှုရှိရှိ အဖမ်းခံမလား ... ဒါမှမဟုတ် ခါးသီးတဲ့အဆုံးထိ ဆက်ပြီး ခုခံဖို့ ကြံစည်နေတာလား။ ”

တန်မိသားစု အစောင့်တပ်ဖွဲ့ခေါင်းဆောင် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လေးနက်သောအသံဖြင့် မေးလိုက်သည်။

သူ့မျက်ဝန်းများထဲတွင် မိုးကြိုးအလား တောက်ပသောအလင်းများစွာ ဖြာထွက်လျက် သူတော်စင်အင်မော်တယ်တစ်ပါး၏ ရောင်ဝါကို ထုတ်ပြလာလေသည်။

“မင်း အမှားတစ်ခု မလုပ်မိချင်ရင် ... အခုတန်ပေါင်အာဆီသွားပြီး ဘာလုပ်သင့်လဲ တိုင်ပင်သင့်ပြီ။ ”

စုရီမှ အကြံပြုလိုက်၏။ အစောင့်ခေါင်းဆောင်ခမျာ မျက်မှောင်ကြုတ် သွားတော့သည်။

စုရီ၏ ကြောက်ရွံ့မှုကင်းမဲ့သော အမူအရာမျိုးသည် သူ့ကို တွေဝေလာစေသည်။ သို့သော်ငြားလည်း ဤနေရာသည် မိန်းကလေး ပေါင်အာ၏ခြံဝင်းဖြစ်ရာ ပြဿနာရှာသူများကို ခွင့်လွှတ်၍ မရချေ။

“ မင်း ဘယ်သူပဲဖြစ်ဖြစ် ... မင်းရဲ့နောက်ခံက ဘာပဲရှိရှိ ... ဒီနေ့ပူးပေါင်းပြီး ဆောင်ရွက်ပေးပါ ငါတို့နဲ့လိုက်ခဲ့။ ”

“ ရပ်စမ်း ... ။ ”

ထိုစဉ် ဒေါသများ ရောပြွမ်းနေသည့် သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။ များမကြာခင် လူတစ်စု အလျင်အမြန် ချဉ်းကပ်လာ၏။

သူတို့ကို ဦးဆောင်လာသူမှာ လှပပြီး ဆွဲဆောင်မှုရှိလှသော မိန်းကလေးငယ်တစ်ဦး ဖြစ်လေသည်။

ကြာပန်းရောင် ရိုးရာဝတ်လုံပေါ်တွင် လိမ္မော်ရောင်ခြုံထည်ကို အလှဆင်ထားလျက် မူးမိုက်ငေးမောဖွယ်ကောင်းချေ၏။

“ မိန်းကလေးပေါင်အာ ... ။ ”

လေထုမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။ ကြည့်ရှုနေကြသည့် ဧည့်သည်တော်များအားလုံး စိတ်လှုပ်ရှားလာ၏။ စုရီအတွက် အခြေအနေ ဆိုးရွားပေတော့မည်။

“ မင်္ဂလာ သခင်မလေး ... ။ ”

အစောင့်များက လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ကာ တန်ပေါင်အာကို ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။ တန်ပေါင်အာသည် သူတို့ကိုလုံးဝလျစ်လျူရှုလျက် စုရီထံ မျက်မှောင်ကြုတ်ကာ စစ်ဆေးသည်။

စုရီလက်ထဲရှိ ဝိုင်ဘူးကို မြင်ချိန်မှသာ ချက်ချင်းမှတ်မိသွားပြီး၊

“ ကောင်လေး ... မင်းရောက်လာပြီ။ ”

-ဟု နှုတ်ဆက်လိုက်တော့သည်။

ဤအသုံးအနှုန်းကြောင့် စုရီခမျာ မျက်ခုံးပင့်လျက် နဖူးကိုကုပ်ခြစ်လိုက်‌တော့၏။ ထို့နောက် ချက်ချင်း ပြုံးလျက် ခေါင်းခါပြလိုက်သည်။

“ ကောင်းပြီ ... ငါနောက်ကျသွားတာ ငါ့အမှားပါမဟုတ်ရင် မင်းကိုဘယ်လိုမတရားမှုမှ ပြုလုပ်ခွင့် မပေးဘူး။ ”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အစောင့်ခေါင်းဆောင် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် အံ့အားသင့်သွား၏။

“ သခင်မလေး... သူက ... ။ ”

အစောင့်ခေါင်းဆောင်က အလျင်အမြန် ရှင်းပြရန် ကြိုးစားလိုက်လေသည်။ သို့သော် တန်ပေါင်အာ၏ လှပသော မျက်နှာလေးသည် ချက်ချင်း မည်းမှောင်သွားပြီး၊

“ ရှင်းပြစရာမလိုဘူး ငါ့ရဲ့မိတ်ဆွေကို ဘယ်သူက စော်ကားလိုက်တာလဲဆိုတာပဲ ငါ သိချင်တယ်။ ”

-ဟု အေးစက်ကာ ဒေါသထွက်နေသောအသံဖြင့် မေးလိုက်သည်။

အစောင့်ခေါင်းဆောင်နှင့် အဖွဲ့သည် ချွေးစေးများ ထွက်လာကြပြီး စူးယွမ်ရှထံပါးသို့ လှည့်ကြည့်လိုက်ကြ၏။

စူးယွမ်ရှအမူအရာမှာ ချက်ချင်း ပျက်ယွင်းသွားကာ၊

“ ဝမ်းကွဲ ... ငါ ... ။ ”

-ဟု ထစ်ထစ်ငေါ့ငေါ့ဖြင့် ရှင်းပြရန် ကြိုးစားတော့သည်။

တန်ပေါင်အာမှ လက်ဝှေ့ရမ်းလျက်၊

“ အဲဒီနှစ်ယောက်လုံးကို ခေါ်ပြီး ပိတ်လှောင်ထားပါ ပြီးရင်အပြစ်ပေးဖို့အတွက် အကြီးအကဲဝူဆီ အပ်လိုက် ... ငါ့ရဲ့မိတ်ဆွေကို စော်ကားမိတယ်လို့ပြောလိုက် ကျန်တာတွေ အကြီးအကဲဝူ ကိုယ်တိုင် ကိုင်တွယ်ပါစေ။ ”

-ဟု ပြတ်သားစွာ အမိန့်ပေးလိုက်တော့သည်။

“ နားလည်ပါပြီ သခင်မလေး။ ”

အစောင့်ခေါင်းဆောင်က အမိန့်ကို ချက်ချင်းခံယူတော့၏။ တစ်ဆက်တည်းမှာပင် သူ့ရင်ထဲတွင် ကြောက်ရွံ့မှုလှိုင်းလုံးကြီးတစ်ခု ဖြတ်သန်းသွားသည်။

မိမိသည်သာ အလျင်စလို အရေးယူလိုက်မိသော် ကြီးမားသောအမှားကို ကျူးလွန်မိပေတော့မည်။ ဤရိုးရှင်းလှသော လူငယ်လေးက အမှန်တကယ်တွင် ရိုးရှင်းပုံ မရချေ။

စူးယွမ်ရှနှင့် သူ့အစေခံသည် ဤတစ်ကြိမ်တွင် အကြီးအကျယ် ဒုက္ခရောက် ရပေတော့မည်။

တစ်ဖက်တွင် စူးယွမ်ရှမျက်နှာသည် သေမင်းကဲ့သို့ ဖြူဖျော့သွားပြီး ရှင်းပြနိုင်ရန် ချက်ချင်းကြိုးစား၏။

“ ဝမ်းကွဲအစ်မ ... ကျေးဇူးပြုပြီး နားထောင်ပါဦး ဒါတွေအားလုံးက အထင်အမြင် လွဲမှားမှုပါ ... ငါ ... ။ ”

“ ဘန်း ...။ ”

သို့သော် အစောင့်ခေါင်းဆောင်မှ စူးယွမ်ရှစကားများကို နားထောင်ရန်ဆန္ဒမရှိဘဲ တစ်ချက်တည်းဖြင့် မေ့မြောသွားအောင် ရိုက်နှက်လိုက်တော့သည်။

ထို့နောက် အစောင့်ခေါင်းဆောင်မှ နောက်ထပ်အမိန့်များကို စောင့်ဆိုင်းရန်ရပ်ပြီး ကျန်ရစ်ခဲ့သည်။

“ ဘယ်သူရှိသေးလဲ ... ။ ”

တန်ပေါင်အာက အဝေးမှ ကြည့်ရှုနေကြသည့် လူအုပ်ကြီးထံသို့ လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။

လူတိုင်း မျက်နှာများ ဖြူဖျော့သွား၏။ ဤအချိန်တွင် အခြေအနေအပေါ် မည်သူသည် နားမလည်ဘဲ နေမည်နည်း။ အစောင့်ခေါင်းဆောင်က၊

“ သခင်မလေး သူတို့တွေက တိုက်ရိုက်မစော်ကားခဲ့ပါဘူး ဒါပေမယ့် သူတို့ရဲ့ မျက်နှာအမူအရာတွေကတော့ နည်းနည်းလေး မလေးမစားဖြစ်ခဲ့ပါတယ်။ ”

-ဟု သတင်းပို့လာ၏။ တန်ပေါင်အာမှ မျက်ခုံးပင့်လျက် ထပ်မံ၍အမိန့်ပေးလိုက်သည်။

“ ဒါဆို ... သူတို့အားလုံးကို နှင်ထုတ်လိုက်တော့ ငါ့မျိုးနွယ်စုရဲ့နယ်မြေမှာ နောက်တစ်ခါ ထပ်ပြီး ပေါ်ခွင့်မပေးနဲ့။ ”

“ နားလည်ပါပြီ။ ”

အစောင့်ခေါင်းဆောင်က နာခံကာ လူအုပ်ကြီးထံ မော့ကြည့်လိုက်‌တော့သည်။ ဤလူများအတွက် ကံဆိုးမှုအပေါ် သူ သည်လည်း မကူနိုင်ချေ။

“ ကောင်လေး ကျေနပ်ပြီလား ... ။ ”

တန်ပေါင်အာက လုံးဝဂရုမစိုက်ဘဲ စုရီထံပြုံးပြကာ မေးမြန်းလိုက်သည်။ စုရီမှ ပုခုံးတွန့်ပြလျက်၊

“ ကျေနပ်တာထက် နည်းနည်းတော့ ပျင်းစရာကောင်းနေတယ်လို့ ခံစားရတယ် ဒါနဲ့ မင်းငါ့ကို ရှန့်မူလို့ခေါ်နိုင်ပါတယ်။ ”

-ဟု ပေါ့ပေါ့ပါးပါး တုန့်ပြန်၏။

တန်ပေါင်အာမှ သဘောကျစွာ ရယ်မောလိုက်လေသည်။ ထို့နောက် သူမသည် စုရီကို အဆောက်အအုံတစ်ခုဆီသို့ ဦးဆောင် ခေါ်သွားတော့၏။

သူမ၏နောက်တွင် အစေခံငယ်များစွာနှင့် အစောင့်များသည် လမင်းကြီးကို ဝိုင်းရံနေသော ကြယ်ပွင့်များအလား လိုက်ပါလာကြသည်။

နေအိမ်အတွင်း လက်ဖက်ရည်နှင့် အစာပြေမုန့်အမျိုးမျိုးကို စီစဉ်ပေးပြီးနောက်၌ တန်ပေါင်အာက အစေခံများနှင့်အစောင့်များကို ထွက်ခွာရန်အမိန့်ပေးလိုက်သည်။

“ တာအိုစု ... လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ငါနဲ့ငါ့အဖိုးတိုတွေ မင်းအကြောင်း စကားပြောမိသေးတယ် ...

... အဖိုးက အဖြူရောင်မြက်ခင်းပြင် ဒေသအထိ မင်းကိုလာရှာဖို့တောင် စိတ်ကူး ရှိနေတယ်။ ”

တန်ပေါင်က ပြုံးရွှင်စွာဖြင့် စကားစမြည်ပြောကြားလာ၏။ စုရီမှ ပြုံးလျက် ရေနွေးကြမ်းခွက်ကို ကောက်ကိုင်ကာ တိတ်ဆိတ်နေခဲ့သည်။

“ ဒါနဲ့ ... မင်း ဘာလို့ ရုပ်ဖျက်ပြီး ရောက်လာတာလဲ ... နေဦး ငါနားလည်ပြီ မင်း အမည်ကို လူမသိစေချင်လို့ မဟုတ်လား။ ”

“ လွန်ခဲ့တဲ့ လအနည်းငယ်က သတ္တမမြောက်ကောင်းကင်တံခါးမှာ ဖြစ်ခဲ့တဲ့ ကိစ္စဟာ အင်မော်တယ်နယ်မြေတစ်ခုလုံးကို ပျံ့နှံ့နေခဲ့ပြီးပြီ ငါ့ရဲ့ဘိုး‌ဘေးကတောင် ပြောနေသေးတယ် ...

... လက်ရှိ မုန်တိုင်းရဲ့ထိပ်ဆုံးမှာ မင်းကရပ်နေတာမို့ မလွဲမသွေ ဒုက္ခအများကြီး ရင်ဆိုင်ရလိမ့်မယ်တဲ့ ... ။ ”

တန်ပေါင်အာက စိတ်လှုပ်ရှားစွာဖြင့် ပြောကြားလာသည်။ ထို့နောက်တွင် သူမသည် ကောင်းကင်ဘုံ အမဲလိုက်ပွဲနှင့် ပတ်သတ်သည့် အချက်အလက်အချို့ကို ပြောပြလာခဲ့၏။

ဤပွဲတော်သည် ဂိုဏ်းအသီးသီးမှ ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်များ အပါအဝင် ထိပ်တန်းကျွမ်းကျင်သူ များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

ပါဝင်ရန် စာရင်းပေးထားသူ စုစုပေါင်း တစ်ထောင်ကျော်၏။ ယင်းသည် မကြုံစဖူး ကြီးကျယ်ခမ်းနားသော အခါသမယပေပင်။

သို့သော် လူများအတွင်း ပြိုင်ဘက်ကင်းဟု ခေါ်ဆိုနိုင်သည့် ထိပ်တန်းပါရမီရှင်မှာ (၃၀)ခန့် ပါရှိသည်။ ၎င်းတို့အနက် အထင်ရှားဆုံးသော သူများသည် ထိုက်ချင်းဂိုဏ်း၊ ထိုက်ယီဂိုဏ်းနှင့် လျန်ဟွာဘုံကျောင်းကဲ့သို့သော ရှေးဟောင်း အင်အားစုကြီးများမှလာချေ၏။

ဥပမာအားဖြင့် ထိုက်ချင်းဂိုဏ်းမှ ကုန်းနန်ဖန်နှင့် ရှန့်ပိုင်လီ၊ ထိုက်ယီဂိုဏ်းမှ ဝမ်ချောင်ဖန်နှင့်ဖေကျန်း၊ လျန်ဟွာဘုံကျောင်းမှ ကျစ်ယွမ်ကဲ့သို့သော ပုဂ္ဂိုလ်များပေပင်။

ထိုသူများအားလုံးသည် အင်‌မော်တယ်‌မြေတစ်လုံး၌ ကျော်ကြားသော ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြလေသည်။

တန်မျိုးနွယ်စုရှိ တန်ပေါင်အာ၏ ဒေါ်လေးဖြစ်သူ တန်ယုယန်သည် ထိုကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင်စာရင်းဝင်၏။

သူမကဲသို့ပင် အခြားသော မျိုးနွယ်စုများတွင်လည်း ထူးချွန်ထက်မြက်သည့် ပါရမီရှင်များပါရှိနေချေပြီ။

စုရီမှ ထိုအကြောင်းအရာများကို သာမန်စကားဝိုင်းတစ်ခုအဖြစ် သဘောထားပြီး စိတ်ဝင်စားမှု အနည်းငယ်သာ ပြသခဲ့သည်။

“ တာအိုစု ... ငါ့အဖိုးက အခု လောလောဆယ် ... တခြားဧည့်သည်တွေကို ဧည့်ခံနေရတာမို့ ခဏစောင့်ပေးပါ။ ”

တန်ပေါင်အာမှ ပြောကြားလာသည်။

“ ဒါပေမယ့် စိတ်ချပါ ... ငါနဲ့ငါ့အဖိုးက မင်းရဲ့အကြောင်းကို ဘယ်သူ့ကိုမှ တစ်ခွန်းမှ မဟထားပါဘူး။ ”

စုရီမှ ခေါင်းညိတ်ပြလျက်၊

“ ကောင်းတယ် ... အခုကစပြီး ငါ့ကိုရှန့်မူအဖြစ် ခေါ်လို့ရတယ်။ ”

-ဟု ပြောကြားလိုက်သည်။

သူသည် ဒုက္ခများကို ရှောင်ရှားပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ရန် အမည်ဝှက်တစ်ခုကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။

“ ရှန့်မူလား ... ဒီနာမည်မှာ ထူးခြားတဲ့ ဇာတ်လမ်းတစ်ခုခု ရှိလား။ ”

“ ဒါက နာမည်လေးတစ်ခုပါ။ ”

ထိုစဉ် တံခါးခေါက်သံနှင့်အတူ လူတစ်ယောက် တံခါးဖွင့်ကာ ဝင်ရောက် လာတော့၏။

“ ပေါင်အာ ... မင်းက အရေးကြီးတဲ့ သူငယ်ချင်းတစ်ယောက် ဧည့်ခံနေတယ်လို့ ငါ ကြားတယ် မိတ်ဆက်ပေးပါဦး။ ”

ဤသည်မှာ အနက်ရောင်ဝတ်စုံကို ဆင်မြန်းထားသည့် ကြော့ရှင်းလှပလွန်းသော အမျိုးသမီးတစ်ဦးပေပင်။ ဆံပင်ရှည်များကို စနစ်တကျ ထုံးဖွဲ့ထားပြီး၊ သွယ်လျသော လည်ပင်းနှင့် ဆွဲဆောင်မှုနေချေ၏။

စိတ်နေစိတ်ထားနှင့် အရှိန်အဝါမှာ တောင်စောင်းချိုင့်ဝှမ်းထဲတွင် တစ်ကိုယ်တည်း ပွင့်လန်းနေသည့် သစ်ခွပန်းတစ်ပွင့်ကဲ့သို့ ထူးခြားပြီး အေးစက်လွန်းသည်။

“ ဒေါ်လေးတန်ယုယန် ... ။ ”

တန်ပေါင်အာမှ အံ့အားသင့်စွာ ထရပ်လိုက်လေသည်။ တစ်ဖက်လူသည် သူမ မျိုးရိုး၌ ပါရမီရှင်အဖြစ် ဂုဏ်ယူရသော တန်ယုယန်ပေပင်။

တန်လင်းချီသည်ပင် ရာထူးအဆင့်အတန်းအရ တန်ယုယန်ထက် မျိုးဆက်တစ်ခု နိမ့်ကျနေသေး၏။

တန်လင်းချီဟူသည် ဂိုဏ်း၌ အကြီးအကဲတစ်ဦးအဆင့်သာဖြစ်ပြီး သူမ၏ အဖိုးမဟုတ်ချေ။ ငယ်စဉ်တည်းက သူမကို စောင့်ရှောက်ရန် တာဝန်ပေးအပ်ခံထားရသဖြင့် တန်ပေါင်အာမှ အဖိုးအဖြစ် ရိုသေစွာ ခေါ်ဆိုနေခြင်းပေပင်။

***

All Chapters