← Chapters

အခန်း ၁၂၃၁

Vol. 103 Ch. 1231

အခန်း ၁၂၃၁

Vol. 103 Ch. 1231

အခန်း ၁၂၃၁ -

ငရဲမီးတောက် ရေခဲကြာပန်း။

စုရီက ပြုံးလိုက်ပြီး တန်ယုယန်၏ သတိပေးချက်ကို လျစ်လျူရှုလိုက်လေသည်။ ထို့နောက်တွင် ကောင်းကင်နတ်ဆိုးတောင်သို့ အများနည်းတူ ပျံသန်းသွားတော့၏။

များမကြာမီ အချိန်အတွင်းမှာပင် သူတော်စင်အင်မော်တယ် ပုံရိပ်များစွာသည် ကောင်းကင်eတ်ဆိုးတောင်ကို ကာရံထားသည့် မကောင်းဆိုးဝါးမြူများအတွင်း ဝင်ရောက် ပျောက်ကွယ်သွားကြသည်။

ပြင်ပတွင် ကျန်ရစ်ခဲ့သော အင်အားစုအသီးသီးမှ အကြီးအကဲများသည် ထိုမြင်ကွင်းထံ ငေးကြည့်လျက် အနည်းငယ် တိတ်ဆိတ်ကုန်၏။

ဤကောင်းကင်ဘုံ အမဲလိုက်ပွဲသည် တစ်လတိတိ ကြာမြင့်မည် ဖြစ်လေသည်။ သာမန်လူများအတွက် ရှည်လျားသည်ဟု ထင်ရ သော်လည်း အင်မော်တယ် များအတွက်မူ တဒင်္ဂလေးပေပင်။

“ ယုယန်တစ်ယောက် ငါ့စကားတွေကို စိတ်ထဲမှာထားပြီး ပေါ့ဆမှုမလုပ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ။ ”

တန်လင်းချီက တိုးတိုးလေး ရေရွတ်လိုက်သည်။

ကောင်းကင်နတ်ဆိုးတောင် ပြင်ပနယ်မြေတွင် စုရီတစ်ယောက် ပြန်၍ ပေါ်လာသည်။

ပတ်ဝန်းကျင်သည် ကျယ်ပြန့်လွန်းသော လွင်တီးခေါင်ကြီးဖြစ်၏။ ကောင်းကင်သည်ပင် မကောင်းဆိုးဝါး မြူများဖြင့် မည်းမှောင်နေသည်။

မြေပြင်သည် သွေးများ စိုစွတ်နေသကဲ့သို့ ခြောက်သွေ့၍ မည်းနက်သော အနီရောင်အဖြစ် ပြောင်းလဲနေသည်။

လေတစ်ချက် တိုက်ခတ်ချိန်တွင် စူးရှပုပ်သိုးနေသည့် ရနံ့ဆိုးများ သယ်ဆောင် လာတတ်၏။

ရုတ်တရက် စုရီမှ မျက်မှောင်ကြုတ်သွားသည်။ ဤနယ်မြေသည် ရှေးခေတ်ကတည်းက ကျန်ရှိနေသည့် သွေးဆာမှု အငွေ့အသက်များ ပြည့်နှက်နေ၏။

၎င်းသည် အင်မော်တယ် တစ်ပါး၏ အသက်ဓာတ်နှင့် ဝိညာဉ်ကိုပင် တိုက်စားနေ တော့သည်။ ဤနေရာတွင် အချိန်အကြာကြီး နေထိုင်သော် သူတော်စင်အင်မော်တယ်ပင် အသက်ရှင်ရန် ခဲယဉ်းလှပေ၏။

ထိုသွေးဆာလောင်မှု ရောင်ဝါမှာ နတ်ဆိုးသားရဲများအတွက်မူ သုခဘုံကြီး တစ်ခု ပေပင်။

ဤသို့စဉ်းစားနေစဉ် ပတ်ဝန်းကျင်ရှိ အာကာသဟင်းလင်းပြင်ထဲ၌ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး အခြားသောလူရိပ်များ ထွက်ပေါ်လာ၏။

ထိုသူများသည် သတိကြီးစွာဖြင့် အချင်းချင်းလှည့်ပတ်ကြည့်ကာ အေးစက်သော အမူအရာများ ထုတ်ဖော်ထားသည်။

“ အားလုံးပဲ ... ငါက မာခွန်ပါ ... ထိုက်ယီဂိုဏ်းရဲ့ အမွေခံတပည့်ပဲ အစ်ကိုကြီး ဝမ်ချန်ဖန်ရဲ့ ဂျူနီယာအဖြစ်ခံယူထားတယ် မင်းတို့တွေ ငါနဲ့ပူးပေါင်းချင်လား။ ”

နက်ပြာရောင် တာအိုဝတ်ရုံနှင့် ကျင့်ကြံသူတစ်ဦးက အသံကျယ်ကျယ်ဖြင့် စည်းရုံးရေး ဆင်းလိုက်လေသည်။

“ အခြားအရာတွေကို အာမ မခံနိုင်ပေမယ့် ... အန္တရာယ်နဲ့ကြုံချိန်မှာတော့ အားလုံးပဲအတူတူ လက်တွဲနိုင်ပါလိမ့်မယ်၊ အရေးအကြီးဆုံးက အခွင့်အရေးတွေကိုလည်း ခွဲဝေနိုင်မယ်။”

သူ့စကားများကြောင့် ထိုနေရာရှိ ကျင့်ကြံသူများသည် ရုတ်ရုတ်သဲသဲ ဖြစ်သွား ရတော့သည်။

“ အစ်ကိုမာ ... ဒါ တကယ်ပဲလား။ ”

ကျင့်ကြံသူတစ်ဦးက မဝံ့မရဲ မေးလိုက်လေသည်။ မာခွန်မှ ဝင့်ကြွားစွာဖြင့် ခေါင်းညိတ်ပြ၏။

“ ငါ အာမခံပါတယ် ... ဒါ့ပြင် ငါတို့ မဖြေရှင်းနိုင်တဲ့ တစ်ခုခုရှိလာရင် ... ငါ့ဂိုဏ်းရဲ့ စီနီယာတွေဆီ အကူအညီတောင်းနိုင်မယ်။ ”

“ ကောင်းပြီ ... ဒါဆိုရင် ငါအစ်ကိုမာနဲ့ ပူးပေါင်းမယ်။ ”

“ ငါ့ကိုလည်း ထည့်တွက်ပါဦး။ ”

“ ငါလည်း အတူတူပဲ။ ”

ချက်ချင်းပင် မဟာမိတ်အဖွဲ့ကြီး ထွက်ပေါ်လာတော့သည်။ အချို့သည် ချက်ချင်း ခေါင်းမညိတ်ကြသဖြင့် မာခွန်က စိုက်ကြည့်လိုက်၏။

သို့သော် ထိုသူများသည် ဂရုမစိုက်ဘဲ မာခွန်ကိုလျစ်လျူရှုထား၏။ ထို့ကြောင့် မာခွန်မှ အေးစက်စွာ တစ်ချက်ကြည့်ကာ ထွက်ခွာ သွားလေသည်။

သူတို့ပုံရိပ်များ ပျောက်ကွယ် သွားချိန်တွင် ကျန်ရှိနေသော လူအချို့သည် နှာခေါင်းရှုံ့လိုက် ကြတော့၏။

“ ဟမ့် ... ထိုက်ယီဂိုဏ်းနဲ့ သွားပြီး ပူးပေါင်းတယ် ဟုတ်လား ... ဘာအကျိုးကျေးဇူး ရမှာလဲ အရိုးတစ်ရိုးကိုက်ရရင်တောင် ကံကောင်း ... ထွီ ... ။ ”

“မှန်တယ် ... မျှော်လင့်မထားတဲ့ အန္တရာယ်ကြီးကြီးမားမားတွေ လမ်းခရီးမှာ ပေါ်လာရင် သူတို့အသက်ကို ထိုက်ယီဂိုဏ်းရဲ့ တပည့်က အသုံးချသွားလိမ့်မယ်။ ”

“ အားလုံးပဲ ... ငါတို့တွေကော အတူတူ စုစည်းလှုပ်ရှားကြရင် မကောင်းဘူးလား ဒါဆို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စောင့်ရှောက်နိုင်မယ်။ ”

“ ကောင်းတယ် ... ဒါပေမယ့် ပစ္စည်းတွေခွဲဝေမယ့် စည်းမျဉ်းတွေကိုတော့ အရင်ဆုံး သဘောတူညီမှု ယူထားရမယ်။ ”

“ ဒါ သဘာဝပါပဲ။ ”

ချက်ချင်းပင် ကျန်ရှိနေသည့် သူတော်စင်အင်မော်တယ် အချို့သည် စုဝေး၍ စည်းမျဉ်းများတိုင်ပင်ကြတော့သည်။ ထိုစဉ် ကျင့်ကြံသူတစ်ဦးက စုရီကို မြင်သွားကာ၊

“ တာအိုမိတ်ဆွေ ... မင်းကော ငါတို့နဲ့အတူ ပူးပေါင်းဖို့ ဆန္ဒရှိလား။ ”

-ဟု ဖိတ်ခေါ်လေသည်။

“ မရှိဘူး ... ။ ”

စုရီမှ ခေါင်းခါပြကာ တစ်ကိုယ်တည်း ထွက်ခွာရန် လှည့်လိုက်သည်။ များမကြာမီ သူ့ ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွား၏။

နာရီဝက်ခန့် ကုန်လွန်ပြီးနောက် စုရီတစ်ယောက် သွေးပင့်ကူနတ်ဆိုးများနှင့် ထိပ်တိုက်တိုးလာသည်။

တစ်ကောင်ချင်းစီသည် ပေ(၃၀)ခန့်အရွယ်အစား ရှိကြပြီး တစ်ကိုယ်လုံး တောက်ပသော သွေးနီအဆင်းရှိချေပြီ။

သူတော်စင် အင်မော်တယ် အစောပိုင်းအဆင့် ခွန်အားမျိုး ပိုင်ဆိုင်ထား၏။ အကောင်ရေအားဖြင့် (၃၀)ကျော်သည်။

၎င်းတို့သည် မြေအောက်ထဲတွင် နက်ရှိုင်းစွာပုန်းအောင်းနေပြီး ရုတ်တရက် မြေပြင်ပေါ်သို့ ပေါက်ထွက်လာခြင်းဖြစ်၏။

“ ဝူး ... ။ ”

ချက်ချင်း စုရိကို ဗဟိုပြုလျက် ပေတစ်ထောင်ဧရိယာသည် သွေးနီရောင် မီးတောက်များဖြင့် ပြည့်လျှံသွားချေပြီ။

သာမန်ကျင့်ကြံသူတစ်ဦးသည်သာ ဤမီးတောက်ပင်လယ်ထဲတွင် ပိတ်မိသွားပါက ခဏချင်းအတွင်း အစာအဖြစ်သို့ ပြောင်းလဲ သွားပေမည်။

“ သွား ... ။ ”

စုရီမှာမူ ဂရုမစိုက်ဘဲ လက်လှိုင်းဖြင့် ဓားချီကိုပစ်လွှတ်ကာ မိုးရေစက်များအလား အရပ်မျက်နှာအနှံ့ ပက်ဖြန်းလိုက်၏။

“ ဘန်း ဘန်း ဘန်း ... ။ ”

သွေးပင့်ကူများသည် အသိဉာဏ်ကင်းမဲ့၏။ သည့်ပြင် ကျင့်ကြံသူများကဲ့သို့ တိုက်ပွဲဝင်နိုင်ရန် နည်းစနစ်များ မပိုင်ဆိုင်ချေ။

ထို့ကြောင့် ခဏချင်းမှာပင် အပိုင်းပိုင်းပြတ်တောက်လျက် ပျောက်ကွယ် ကုန်တော့သည်။ သွေးနီရောင် မိုးစက်များ ဧရိယာအတွင်း ရွာသွန်းလာ၏။

ထိုသွေးထဲတွင် အသက်ဓါတ်ကို တိုက်စားနိုင်သော ကြောက်စရာကောင်းသည့် လောင်မြိုက်ခြင်း အဆိပ်စွမ်းအားများပါရှိသည်။

ထို့ကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပင် အပေါက်များဖြစ်အောင် လောင်မြိုက်သွားတော့သည်။

မြေပြင်ရှိ မြက်ပင်များနှင့် ကျောက်တုံးကျောက်ခဲများပင် အရည်ပျော် ပျောက်ကွယ်ကုန်၏။

စုရီက တာအိုဥပဒေကို အကာအကွယ်အလွှာအဖြစ် ဖန်တီးလျက် ထိုဧရိယာအတွင်းမှ ဖြတ်သန်းလာခဲ့သည်။

လမ်းတလျှောက်တွင်လည်း သွေးပင့်ကူအချို့ထံမှ နတ်ဆိုးအမြုတေများကို သိမ်းဆည်းနိုင်ခဲ့၏။

ထိုသွေးပင့်ကူ နတ်ဆိုးအမြုတေသည် မက်မွန်သီးစေ့ခန့်ကြီးမားကာ ဖျော့တော့သော ရွှေရောင်အလင်းများ တောက်ပနေသည်။

အံ့ဩဖွယ်ကောင်းလောက်အောင် သန့်စင်သည့် သွေးစွမ်းအင်များနှင့် နတ်ဘုရား မီးတောက်စွမ်းအားများ ပါရှိနေ၏။

သန့်စင်ခြင်းဖြင့် အသက်ဓါတ်နှင့် နတ်မီးတောက်ကိုမြင့်တင်နိုင်မည်။ ဆေးဝါးများ ဖော်စပ်ရာတွင်လည်း အသုံးပြုနိုင်၏။

“ သွေးပင့်ကူ (၃၀)ကျော်ရှိထဲမှာ နတ်ဆိုးအမြုတေကို ဖန်တီးနိုင်တာ(၉)ကောင် မပြည့်ပါလား။ ”

ဤအရာက စုရီကို အနည်းငယ် ကူကယ်ရာမဲ့စေသည်။ အဆုံး၌သက်ပြင်းချကာ ရှေ့ဆက်လာခဲ့၏။ ဦးတည်ရာသည် တန်ယုယန် တံဆိပ်မှ ပြသနေသော လမ်းညွှန်ချက်ထံပင်။

“ ဝုန်း ... ။ ”

များမကြာမီ ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ချော်ရည်များ ကောင်းကင်ပေါ် ထိုးတက်လာ သည်ကို မြင်လိုက်ရသည်။

ဤသည်မှာ ပြင်းထန်စွာ ဆူပွက်နေသည့် မီးတောက်ဝကြီးပေပင်။ ထိုမီးတောင်ဝအတွင်း၌ ရေခဲကြာပန်းတစ်ပွင့် ပေါက်ရောက်နေသည်။

ရေခဲကြာပန်းကြောင့် ချောရည်များမှာ ဆူပွက်ပေါက်ကွဲနေခြင်းဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးကိုပါ တုန်လှုပ်နေစေသည်။ ဤသည်မှာ အလွန်ရှားပါးပြီး အဖိုးတန်လှသော သဘာဝ ရတနာတစ်ပါး ဖြစ်ချေ၏။

ပတ်ဝန်းကျင်၌ သူ‌တော်စင် အင်မော်တယ်များ ရောက်ရှိနေကြပြီး ထိုရေခဲ ကြာပန်းထံ ငေးကြည့်နေကြသည်။

“ ငရဲမီးတောက် ရေခဲကြာပန်းလား။ ”

စုရီတစ်ယောက် မျက်ဝန်းများ တောက်ပသွားတော့သည်။ ဤရတနာသည် တိုင်းတာ၍မရနိုင်သော တန်ဖိုးရှိချေ၏။

အင်မော်တယ်တစ်ပါး၏ ဝိညာဉ်နှင့် ရုပ်ခွန်အားကို ပြီးပြည့်စုံစွာ သန့်စင်ပေးသည်။ သို့သော် လူတိုင်းသည် မလှုပ်ရှားကြသည်မှာ အနည်းငယ် ထူးဆန်းနေ၏။

အနားချည်းကပ်လာသည်နှင့်အမျှ ထိုလူအုပ်ကြီးအဘယ့်ကြောင့် မလှုပ်ရှားကြဘဲ နေရသည့်အကြောင်းရင်ကို နားလည်လာ၏။

မီးတောင်ဝကြီးသည် အလွန်ပင် အန္တရာယ်များလှပြီး ကြောက်စရာကောင်းသော ဖျက်ဆီးခြင်း အငွေ့အသက်များဖြင့် ပြည့်နှက် နေခြင်းပေပင်။

ထိုစဉ် တစ်စုံတစ်ယောက်သည် စုရီရောက်ရှိလာသည်ကိုမြင်ချိန်၌ အနည်းငယ် စစ်ဆေးကြည့်ပြီးနောက် ပြုံးလျက်၊

“ ဟေး ... မိတ်ဆွေလေး၊ ငါ့ကို တစ်ခုလောက်ကူညီပေးပါ ဟိုးမီးတောင်ဆီက ကြာပန်းရတနာကို သွားယူပေးနိုင်မလား။ ”

-ဟု တောင်းဆိုလာတော့၏။

***

All Chapters