အခန်း ၁၂၃၃
Vol. 103 Ch. 1233
အခန်း ၁၂၃၃ -
ဆွမ်းခံထွက်နေသည့် ဘုန်းကြီးတစ်ပါး။
ကောင်းကင်ဘုံ နတ်ဆိုးတောင်တန်း အပြင်ဘက်တွင် လေဟာနယ်လှိုင်းတွန့်များ ထွက်ပေါ်လာပြီး လူနှစ်ဦးထွက်ပေါ်လာ၏။
ဤမြင်ကွင်းကြောင့် ပြင်ပတွင် စကားဝိုင်းဖွဲနေသော အကြီးအကဲများစွာသည် မျက်ခုံးပင့်လျက် မော့ကြည့်လာကြသည်။
ပြိုင်ပွဲစတင်ခဲ့သည်မှာ နှစ်နာရီပင် မပြည့်သေးချေ။ တစ်စုံတစ်ယောက်က ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း ခံလိုက်ရသည်လော။
“ ဂိုဏ်းချုပ် ... စီနီယာအစ်ကိုကျင်းဖုန် အသတ်ခံလိုက်ရပြီ။ ”
သူတော်စင်အင်မော်တယ်တစ်ပါးက ချက်ချင်းသတင်းပို့လေသည်။ ကျီဖုန်းဟူသည် ချော်ရည်အိုင်တွင် စုရီသတ်လိုက်သော အပြာဝတ် အမျိုးသားဖြစ်၏။
“ ဟမ့် ... အသေးစိတ်ရှင်းပြစမ်း။ ”
လူတိုင်း စိတ်ဝင်စားလာသည်။ နှစ်နာရီအတွင်း ပြိုင်ပွဲဝင်တစ်ယောက်သေဆုံး ခဲ့ခြင်းသည် သမိုင်းတလျှောက် မကြုံဖူးချေ။ မည်သို့သော အန္တရာယ်များမည်နည်း။
“ ဒီတပည့် မမှားရင် ... စီနီယာအစ်ကိုကျင်းဖုန်းကို သတ်လိုက်တာ ရှန့်မူပဲ။ ”
“ ရှန့်မူလား ... ။ ”
ဤအမည်နာမကြောင့် လူအများမှာ ဇဝေဇဝါ ဖြစ်သွားကြရသည်။ အကြောင်းမှာ သူတို့အားလုံးသည် ရှန့်မျိုးရိုးကိုမသိချေ။
တန်လင်းချီက စကားဝိုင်းကို နားထောင်နေရာမှ ကူကယ်ရာမဲ့စွာ နဖူးထံ ကုပ်ခြစ်လိုက်လေသည်။ တာအိုစုသည် တဆိတ် ရက်စက်လွန်းချေ၏။
နှစ်နာရီအတွင်း သူတော်စင် အင်မော်တယ်တစ်ပါးကိုသတ်ကာ သူ့အဖော် နှစ်ပါးအပေါ် ပြင်ပသို့မောင်းထုတ်ခဲ့သည်။
“ ရှန့်မူဆိုတာ ငါ့မျိုးရိုးရဲ့ ဧည့်သည်ပါ ... ဒီနေ့ပြိုင်ပွဲဟာ ... ကောင်းကင်ဘုံအမဲလိုက်ပွဲပဲ အသေအပျောက်ရှိတာ သဘာဝမို့ ဒါကိုပြင်ပမှာ လက်စားချေတာမျိုးကို ခွင့်မပြုနိုင်ဘူး ...
တန်လင်းချီက လေးနက်သောအသံဖြင့် ဝင်ရောက်သတိပေးသည်။ ထိုစကားများအပေါ် အခြားသောအင်အားစုများမှ အကြီးအကဲများမှာ ခေါင်းညိတ်ထောက်ခံလာ၏။
ဤသည်မှာ စည်းမျဉ်းပေပင်။ စည်းမျဉ်းများမရှိသော် လောကကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားပေမည်။
“ တာအိုတန် ... ငါသိသလောက် အဲဒီရှန့်မုဆိုတဲ့လူငယ်က မင်းတို့တန်မိသားစုရဲ့ ထောက်ခံချက်နဲ့ ဝင်ရောက်ပြိုင်ခဲ့တာပါ ... ဒါပေမယ့် အင်မော်တယ်မြေမှာ ရှန့်မျိုးရိုးကို ငါတို့ဘာလို့ မသိရတာလဲ။ ”
သန့်စင်သောဘုံကျောင်းမှ အကြီးအကဲဝူလင်းခုန်က တန်ကျင်းဟုန်ထံ မော့ကြည့်ကာ မေးမြန်းလိုက်သည်။
တန်ကျင်းဟုန်ဟူသည် တန်မိသားစု၌ အလွန်အမင်း သြဇာကြီးမားလှသော အဖိုးကြီး တစ်ဦးဖြစ်ပြီး ဓမ္မအဆုံးခေတ် ကပ်ဘေးကိုပင် ဖြတ်သန်းခဲ့ဖူးသည်။
ဤတစ်ကြိမ်တွင် တန်မိသားစုမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသောကြောင့် ထိုအဖိုးအိုကို ဦးစီးရန်စေလွှတ်ခဲ့ခြင်းပေပင်။
တန်ကျင်းဟုန်က တည်ငြိမ်စွာဖြင့်၊
“ ဒီရှန့်မူတဲ့ လူငယ်က ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ သူ့ရဲ့စွမ်းပကားက ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ် တွေထက် မနိမ့်ကျဘူး ...
... ဒါကြောင့် သူ့ရဲ့လက်ထဲမှာ ရှုံးနိမ့်ခဲ့ရတာက အံ့သြစရာတော့ မရှိပါဘူး မကြာခင် မင်းတို့နားလည်လာလိမ့်မယ်။ ”
-ဟု ဖြေကြားလိုက်သည်။
လူတိုင်း တိတ်ဆိတ်သွားတော့၏။ ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်ထက် မနိမ့်ကျသည်လော။ ထိုသို့ဆိုသော် သူတို့သည် အဘယ့်ကြောင့် တစ်ဖက်လူအမည်ကို မကြားဖူး ရသနည်း။
“ တကယ်ပဲ တန်မိသားစုက ရှေးဟောင်းမိသားစုကြီးတစ်ခု ပီသပါပေတယ် နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေနဲ့ မမြင်နိုင် လောက်အောင်ပါပဲ။ ”
ထိုစဉ် တစ်စုံတစ်ယောက်မှ သတိရသွားပြီး၊
“ ဒါဆို အဲဒီရှန့်မူကို တန်မိသားစုက စည်းရုံးသိမ်းသွင်းထားနိုင်ပြီလား။ ”
-ဟု မေးမြန်းလိုက်သည်။ တန်ကျင်းဟုန်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းရမ်းပြကာ၊
“ ငါလုပ်ချင်တယ် ... ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက အဲဒီရှန့်မူရဲ့ရည်မှန်းချက်တွေက မြင့်မားလွန်းနေတယ် ... ဒါကြောင့် ငါ့မိသားစုရဲ့ လက်အောက်မှာနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ”
-ဟု ဆိုလိုက်သည်။
ဤတစ်ကြိမ်တွင် အခြားသော အကြီးအကဲများမှာ အံ့အားသင့်သွားကြပြီး မျက်နှာအမူအရာများ ပြောင်းလဲသွား၏။
တစ်စုံတစ်ယောက်သည် တန်မိသားစု ကမ်းလှမ်းချက်ကို ငြင်းပယ်နိုင်ခဲ့သည်လော။ တန်လင်းချီသာလျှင် ထူးဆန်းလှသော အမူအရာဖြင့် တိတ်ဆိတ်နေခဲ့သည်။
အကြီးအကဲ တန်ကျင်းဟုန် ပြောကြားခဲ့သောစကားများမှာ မှားယွင်းခြင်း မရှိချေ။ စုရီသည် တန်မိသားစုကို ငြင်းပယ်ခြင်း မဟုတ်ဘဲ တန်မိသားစုသည်သာ စည်းရုံးရန် မဝံ့ခြင်းဖြစ်လေသည်။
လက်ရှိတန်မိသားစုတွင် သူနှင့် ဤအကြီးအကဲတန်ကျင်းဟုန်တို့သာလျှင် စုရီ၏ မူလကို ခန့်မှန်နိုင်ခဲ့၏။
အကယ်၍သာ တစ်စုံတစ်ယောက်မှ ရှန့်မူသည် စုရီဖြစ်ကြောင်းကို သိရှိသွားပါက သတ်ဖြတ်ပွဲကြီး ပေါ်ပေါက်လာနိုင်မည်။
“ ဒါဆို စိတ်ဝင်စားစရာပဲ .... ဒီလိုမြင်နက်တစ်ကောင်ကို ကောင်းကင်ဘုံ အမဲလိုက်ပွဲမှာ မြင်ရလိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားမိဘူး။ ”
အကြီးအကဲတစ်ဦးမှ ပြုံးလျက် မှတ်ချက်ပေးလိုက်သည်။ တန်ကျင်းဟုန်က စကားမဆိုတော့ဘဲ တိတ်ဆိတ်သွား၏။
ထိုအချိန်တွင် ကောင်းကင်ဘုံ နတ်ဆိုတောင်တန်းတစ်နေရာ၌ စုရီသည် ခရီးဆက်လာစဉ် ငွေရောင်လင်းနို့များနှင့် တိုက်ပွဲတစ်ခုဖြစ်ပွားနေသည်။
ငွေရောင်လင်းနို့များသည် အရေအတွက် များပြားလွန်းသောကြောင့် ကောင်းကင်ယံပင် ငွေရောင်အဆင်းပြောင်းလာ၏။
အဝေးမှကြည့်သော် ငွေရောင် မုန်တိုင်းတစ်စင်းအလား စုရီပေါ် ပြိုကျနေသလို ဖြစ်နေသည်။ စုရီသည် မုန်တိုင်းကို ဖြတ်ကျော် နေသည့် လှေငယ်လေးအလားပေပင်။
ခဏအကြာတွင် လေဟာနယ်တစ်ခုလုံး သွေးမြူများပြည့်နှက်နေပြီး ငွေရောင်လင်းနို့ အလောင်းများ တောင်ပုံရာပုံ ဖြစ်လာ၏။
တစ်ရက်ကုန်လွန်သွား၏။ နေရာအနှံ့အပြားတွင် အလားတူမြင်ကွင်းများ ဖြစ်ပွားနေသည်။ လူတိုင်း နတ်ဆိုးသားရဲများကို အမဲလိုက်ကာ သားရဲအမြုတေများ စုဆောင်းနေတော့၏။
စုရီတစ်ယောက် နက်မှောင်သောမြူများ ဖုံးလွှမ်းနေသည့် တောင်ကြားတစ်ခု၏ရှေ့တွင် ခြေလှမ်းများ ရပ်တန့်သွားသည်။
အဘယ့်ကြောင့်ဆိုသော် တောင်ကုန်း တစ်ခုပေါ်တွင် ဘုန်းကြီးတစ်ပါးမှသပိတ်ကိုင်ပြီး ရပ်နေသောကြောင့်ဖြစ်သည်။
သူ့ရှေ့တွင် လူအချို့ အံကြိတ်လျက် ရပ်နေကြချေပြီ။ ဘုန်းကြီးက ထိုသူများထံ ပြုံးပြကာ၊
“ ဗုဒ္ဓက ကရုဏာကြီးမားပါတယ် ... ငါ့ရဲ့နှလုံးသားကလည်း ကောင်းမြတ်ခြင်းကိုသာ ရှေးရှုပါတယ် သက်ရှိသတ္တဝါတွေအပေါ် သတ်ဖြတ်ခြင်းအမှုကို ကျူးလွန်ဖို့ လုံးဝ ...
... ရှောင်ရှားထားတယ် ... ဒါကြောင့် ခြေထောက်အောက်မှာ ပုရွက်ဆိတ်တစ်ကောင် ဖြတ်သွားရင်တောင် ငါ မနင်းရက်ပါဘူး ...
... ဒကာကြီးတို့အနေနဲ့ ဘုန်းကြီးကိုမြင်ရတာကို ဒီလောက်အထိတောင် ကြောက်ရွံ့နေဖို့ မလိုပါဘူး ... ဒီဘုန်းကြီးက အလှူခံနေတာပါ။ ”
-ဟု ပြောကြားလိုက်သည်။
ဤသည်မှာ ဘုန်းကြီးတစ်ပါး ဆွမ်းခံထွက်နေသည့် မြင်ကွင်းဖြစ်လေသည်။ သို့သော် လေထုသည် တစ်စုံတစ်ရာမှားယွင်း နေကြောင်း မြင်နိုင်၏။
ဘုန်းကြီးသည် ပြုံးနေကာ အလှူခံရသောလူများသည် ဒေါသတကြီးဖြင့် အံကြိတ်ကာ တိတ်ဆိတ်နေသည်။
“ ဘုန်းကြီးကျိုးယွင် ... မင်းရဲ့ နှလုံးသားမှာကရုဏာတရား ပြည့်နှက်နေတယ် ဆိုရင် ... ဘာလို့ ငါတို့ကိုဘာလို့အတင်းအကျပ် လုပ်နေရတာလဲ။ ”
ကျိုးယွင်ဟူသည်မှာ ကြာပန်းကျောင်းတိုက်၏ ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်တစ်ပါးပေပင်။
ဗုဒ္ဓဉာဏ်အလင်း ရှာဖွေရာတွင် ထူးချွန်လွန်းပြီး ခွန်အားအမှု၌ မယုံနိုင်အောင် ပြင်းထန်လွန်းချေပြီ။
“ ဒကာကြီးတို့ နားလည်မှုလွဲနေပြီ ... ဒီသနားစရာကောင်းလွန်းတဲ့ ဘုန်းကြီးလေးက ဒကာကြီးတို့ကို အတင်းအကျပ်လုပ်နေတာ မဟုတ်ပါဘူး အလှူခံနေတာပါ ...
... အဲဒီ ညစ်ညမ်းလွန်းတဲ့ နတ်ဆိုးသားရဲအမြုတေတွေမှာ မကောင်းဆိုးဝါး စွမ်းအင်တွေပါရှိပါတယ် ဒကာကြီးတို့အတွက် မသင့်လျော်ပါလူး ဒီဘုန်းကြီးဆီ လှူဒါန်းပေးဖို့ တောင်းပန်ချင်ပါတယ်။ ”
“ ဟမ့် ... အရှက်မဲ့လိုက်တာ။ ”
ဘုန်းကြီးစကားကြောင့် လူအုပ်ကြီးမှာ သွေးအန်မတတ် ဒေါသများထွက်လာလေသည်။ တစ်စုံတစ်ဦးသည် သူတို့ထံမှ လုယက်ခြင်းဖြင့် သူတို့အပေါ် ကောင်းကျိုးများပေးနေသကဲ့သို့ ဟန်ဆောင်ပြနေချေပြီ။
“ ကတုံးကောင် ဒါက လုယက်နေတာ မဟုတ်လို့ဘာလဲ ... မင်းမှာ အရှက်မရှိဘူးလား မင်းဦးခေါင်းလိုပဲ မျက်နှာပြောင် တိုက်ချင် နေတာလား။ ”
“ ခွပ် ... ။ ”
“ အား ... ။ ”
“ အော်မီတော်ဖော ... ။ ”
ဘုန်းကြီးကျိုးယွင်မှ လက်ထဲမှ သပိတ်ဖြင့် ထိုသူကိုခေါင်းရိုက်ခွဲလိုက်သည်။ ထို့နောက်တွင် နူးညံ့ကြင်နာသော အမူအရာဖြင် သူ့လက်ဖဝါး တစ်ဖက်ကို လက်အုပ်ချီဟန်ပြုလုပ်တော့၏။
အရိုက်ခံရသည့် သူတော်စင် အင်မော်တယ်ခမျာ ဘုန်းခနဲလဲကျသွားပြီး အမြင်အာရုံထဲ ကြယ်တာရာများ လွင့်ပျံသွားလေသည်။
နဖူးထက်တွင် ကြီးမားလှသော အဖုကြီးတစ်ခု ထွက်ပေါ်လာကာ နာကျင်စွာဖြင့် မျက်နှာရှုံမဲ့နေတော့၏။
လူအုပ်ကြီးသည်ပင် ထိတ်လန့် သွားကြရသည်။ ဤအပြုအမူမှာ အုတ်ခဲဖြင့် ခေါင်းရိုက်ခွဲနေသလိုပေပင်။ စရိုက်ဆန်နေ၏။
စုရီသည်ပင် မည်သို့ ပြောရမည်မှန်း မသိတော့ချေ။ ဤဘုန်းကြီးသည် အမှန်ပင် ပြောင်မြောက်လွန်းနေသည်။ သူ့ဆွမ်းသပိတ်ကို ကျောက်တုံးတစ်တုံးအဖြစ် ရှုမြင်လာမိ၏။
“ ဒကာတော်တို့ ... ကျေးဇူးပြုပြီး သဒ္ဒါတရားပြည့်ပြည့်ဝဝထားပါ နတ်ဆိုးသားရဲ အမြုတေတွေကို လှူဒါန်းပြီး ကုသိုလ်ယူပါ။ ”
ထို့နောက် ဘုန်းကြီးက သူ့သပိတ်ကို လူတိုင်းရှေ့သို့ ထိုးပေးကာ အလှူခံနေတော့၏။ အဆုံးတွင် လူအုပ်ကြီးသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းရိုက်ခွဲမခံရစေရန် သားရဲအမြုတေများကို ဒါနပြုလိုက်ရလေသည်။
“ သာဓု ... သာဓု ... သာဓု ... ဒကာတော်တို့က တကယ့်ကို စိတ်နှလုံးမွန်မြတ် သဒ္ဒါတရားပြည့်လျှံနေတဲ့ သူတော်ကောင်း သူမြတ်လောင်းတွေပါပဲ ...
... အနာဂတ်မှာ သေချာပေါက် ကောင်းကျိုးချမ်းသာတွေ ရရှိနိုင်အောင်လို့ ဘုန်းကြီးဆုတောင်းပေးလိုက်ပါတယ်။ ”
( သောက်ခွေး သဒ္ဒါတရားပြည့်လျှံ ... ။)
( သောက်ခွေး ... ကောင်းကျိုးချမ်းသာရ။ )
( သောက်ခွေး ... မွန်မြတ်တဲ့ သူတော်ကောင်း။ )
ထိုစဉ် ဘုန်းကြီးကျိုးယွင်သည် စုရီကိုသတိထားမိကာ ပြုံးလျက် ရုတ်ချည်းပင် ရွေ့လျားလာတော့၏။
“ ဒကာလေး ... လောကကြီးမှာ လူနှစ်ယောက်ဆုံတွေ့ရတယ်ဆိုတာ ဘဝပေါင်း များစွာရဲ့ ရေစက်ကြောင့်ပါ ... ကျေးဇူးပြုပြီး ခဏလောက် ရပ်နေပေးပါဦး။ ”
စုရီတစ်ယောက် ထွက်ပြေးမည်ကို စိုးရိမ်နေသည့်အလား လေဟာနယ်ထံ ချက်ချင်း ပိတ်ချကာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ကြာပန်းတစ်ပွင့် ထင်ရှားလာစေခဲ့သည်။
***