← Chapters

အခန်း ၁၇၆

Vol. 16 Ch. 176

အခန်း ၁၇၆

Vol. 16 Ch. 176

အခန်း (၁၇၆) လူ့အရေခွံ မျက်နှာဖုံး

လီယွမ်သည် မူလက မဟာကန္တာရ နှင့် ပတ်သက်လျှင်... သာမန် ကိစ္စရပ် တစ်ခုအဖြစ်သာ သဘောထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စီနီယာအစ်မကြီး နင်ဟုန်ယွီ ကိုသာ... သူ ပို၍ အာရုံစိုက်ခဲ့သောကြောင့် ပင်။။

ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့ချေပြီ။ ကန္တာရ သံတမန်အဖွဲ့သည် မုရုံစု နှင့် ပူးပေါင်းကာ... ထျန်းဝေ့ထျန်း မှ ပန်ရှန်း သိုင်းသူတော်စင် ကို ငှားရမ်းလျက်... သူ့အား လုပ်ကြံရန် ကြိုးပမ်းခဲ့ကြ၏။ ဤလုပ်ရပ်က နှစ်ဖက် ရပ်တည်ချက်ကို လုံးဝ ပြောင်းလဲသွားစေတော့သည်။

အငြိုးအတေးကို အမှတ်မထားဘဲ... လက်စားမချေဘဲ နေတတ်ခြင်းမှာ... လီယွမ် ၏ စရိုက် မဟုတ်ပေ။

“စီနီယာ ဒေါ်လေး ယန်... ကန္တာရက အဖွဲ့ ထွက်သွားပြီးတဲ့နောက်... သူတို့ တာ့ယန် ရဲ့ နယ်မြေတွေမှာ... ထပ်ပေါ်လာသေးလား... ပြီးတော့ သူတို့နဲ့ အရမ်း ရင်းနှီးတဲ့... မုရုံစု ဆိုတာကရော ဘယ်သူပါလဲ...”

“အင်း...”

ယန်ဝူရုန် က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်...

“နှစ်ပေါင်းများစွာ တစ်လျှောက်... ကန္တာရ သံတမန်တွေက တာ့ယန် မှာ... အမြဲတမ်း လှုပ်ရှားနေခဲ့ကြတာပဲ... ဒါပေမဲ့ သူတို့က အတော်လေးတော့ ထိန်းထိန်းသိမ်းသိမ်း ရှိကြတယ်... တာ့ယန်က အင်အားစု အမျိုးမျိုးနဲ့... အပြန်အလှန် အကျိုးပြုတဲ့ အရောင်းအဝယ်တွေ လုပ်ကြတာကို... နန်းတွင်းကလည်း မသိချင်ယောင် ဆောင်ပေးထားခဲ့တာပဲ...”

“မုရုံစု နဲ့ ပတ်သက်လို့တော့...”

“သူက မကြာသေးခင်ကမှ ထွက်ပေါ်လာတာ ဆိုပေမဲ့... သူ့ရဲ့ နောက်ခံကတော့ မသေးလှဘူး... ဖြစ်နိုင်တာက သူဟာ ကျဆုံးသွားတဲ့ အင်ပါယာဟောင်း ရဲ့... မျိုးဆက် တစ်ဦး ဖြစ်လိမ့်မယ်...”

ဆဌမကူနန်းတော် တွင် အနောက်တောင်ဘက် နယ်စပ်ဒေသကြီး နှစ်ခုလုံး၌... မရေမတွက်နိုင်သော မျက်လုံးများနှင့် နားများ ရှိနေသည်။ ၎င်းအား နဝမကူနန်းတော် ၏ ကောင်းကင်မျက်လုံး ဟု ခေါ်ဆိုလျှင်ပင်... လွန်အံ့ မထင်ပါချေ။

ထို့အပြင် ယန်ဝူရုန် ၏ အခြားသူများအဖြစ်... ရုပ်ဖျက်နိုင်သော စွမ်းရည်က... ပစ်မှတ် တစ်ခုကို အနီးကပ် ထောက်လှမ်းရန်... အလွန်ပင် လွယ်ကူစေ၏။

“ဒါဆို မဟာကန္တာရ ထဲမှာကော... ကျွန်တော့် စီနီယာအစ်မကြီး နဲ့ ပတ်သက်တဲ့... သတင်းတွေများ ရှိမလား... အစ်မ ဟုန်ယွီ ရဲ့ သတင်း တစ်ခုခုများ ကြားမိပါသလား...”

လီယွမ် က ထပ်မံ မေးမြန်းလိုက်၏။

“ရှိတော့ ရှိတယ်... ဒါပေမဲ့ သိပ်မများလှဘူး... ပြီးတော့ အဲဒီ သတင်းတွေရဲ့ မှန်ကန်မှုကိုလည်း... အာမမခံနိုင်ဘူး...”

ယန်ဝူရုန် က ပြန်ဖြေ၏။

“ဟုန်ယွီ က ငါတို့ ကူနန်းတော် ကပဲလေ... သူ ကန္တာရကို သွားခဲ့ရင်တောင်... ဂိုဏ်းက သူ့ကို အမြဲတမ်း ဂရုစိုက်နေမှာပဲ... မင်းရဲ့ဆရာ ယွီဟန်ချွမ်း ကလည်း... ငါ့ဆီမှာ ဟုန်ယွီ့ အခြေအနေကို... အကြိမ်ကြိမ် လာမေးဖူးတယ်...”

“မင်း သိပ်ပြီး စိတ်မပူပါနဲ့... ဟုန်ယွီ က ကန္တာရမှာ... အဆင်ပြေပြေ ရှိနေလောက်မှာပါ...”

“ကန္တာရက လူတွေ ပြောတာတော့... ဟုန်ယွီ ဟာ သူတို့ သမိုင်းတစ်လျှောက်... သွေးမျိုးဆက် အစင်ကြယ်ဆုံး သူတော်စင်လေး တဲ့... ဘာမှ ထူးထူးခြားခြား မဖြစ်လာဘူးဆိုရင်... သူမဟာ ကန္တာရရဲ့ ဧကရီ အဖြစ်... နန်းတက်ရလိမ့်မယ်...”

“အကယ်၍ ဟုန်ယွီ သာ ဧကရီ ဖြစ်လာခဲ့ရင်... ငါတို့ ကူနန်းတော် နဲ့ တောင်ပိုင်းနယ်စပ် အတွက်... တကယ့်ကို ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရှိလာလိမ့်မယ်... လောကကြီးရဲ့ အခြေအနေကတောင်... လုံးဝ ဦးတည်ချက်အသစ် တစ်ခုဆီကို... ပြောင်းလဲသွားနိုင်တယ်...”

ဤနေရာသို့ ရောက်သောအခါ ယန်ဝူရုန် က... အတော်လေး စိတ်လှုပ်ရှားနေပုံ ရသည်။ လီယွမ် ကမူ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။

“သမိုင်းတစ်လျှောက် အစင်ကြယ်ဆုံး သွေးမျိုးဆက်...”

စီနီယာအစ်မကြီး ၏ သွေးမျိုးဆက်တွင်... ဝိညာဉ်စွမ်းအား (၁၆) မျိုး ပါဝင်နေကြောင်း... သူ သိရှိထားပြီး ဖြစ်ပါသည်။ ၎င်းက အလွန် ထူးခြားလှသည်မှာ သေချာသော်လည်း... သမိုင်းတစ်လျှောက် အစင်ကြယ်ဆုံး ဖြစ်လိမ့်မည်ဟု... သူ မထင်ထားခဲ့မိပေ။

ထိုသို့ဆိုလျှင် ကန္တာရက လူတွေက... အစ်မကြီးအပေါ် လုံးဝကို အရူးအမူး ဖြစ်ကုန်ကြတော့မှာ မဟုတ်လား။

ယန်ဝူရုန် က ဆက်ပြောလိုက်၏။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘိုးဘေးကြီး နဲ့ ငါ ဆွေးနွေးဖူးတယ်... သူ ခံစားရတာကတော့ တစ်ခုခု လွဲနေသလိုပဲ တဲ့... ဟုန်ယွီ က တောင်ပိုင်းနယ်စပ်မှာပဲ ကြီးပြင်းခဲ့တာလေ... လင်းရွှီ (ဝိညာဉ် အပျက်အစီး နယ်မြေ) နဲ့လည်း တစ်ခါမှ မထိတွေ့ခဲ့ဖူးဘူး... သူ ကျင့်ကြံခဲ့တာက ကူလမ်းစဉ် ပဲ... ကန္တာရမှာ ကြီးပြင်းလာပြီး (၁၆) နိုင်ငံက... သေချာ ပြုစုပျိုးထောင်ပေးခဲ့တဲ့... တခြား သူတော်စင်တွေထက်... သူ့ရဲ့ သွေးမျိုးဆက်က ပိုစင်ကြယ်နေတယ်ဆိုတာ... ဖြစ်နိုင်ခြေ မရှိသလောက်ပဲ...”

“ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်…”

လီယွမ် က ခေါင်းညိတ် ထောက်ခံလိုက်၏။

“ဘိုးဘေးကြီး သံသယရှိတာကတော့... ဝိညာဉ်ဟင်းလင်းပြင် ရဲ့ စွမ်းအားနဲ့ ကူလမ်းစဉ် တို့... အချင်းချင်း ပေါင်းစပ်သွားရာကနေ... တစ်စုံတစ်ရာ ထူးခြားတဲ့ ပြောင်းလဲမှု ဖြစ်ပေါ်သွားပြီး... ဟုန်ယွီ့ သွေးမျိုးဆက် ထဲက... အညစ်အကြေးတွေကို ဖယ်ရှားပေးလိုက်တာ ဖြစ်နိုင်တယ် တဲ့...”

ယန်ဝူရုန် က ရှင်းပြလိုက်၏။

‘အဲဒါက သဘာဝကျပါတယ်...’

လီယွမ် လည်း ထိုသို့ပင် တွေးတောမိလိုက်၏။

လမ်းစဉ် နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံသူက... အလွန် ရှားပါးလှသည်။ ထိုလမ်းစဉ် နှစ်ခုလုံးမှာ... ထူးကဲသော ပါရမီ ပါလာသူ ဆိုသည်မှာကား... ပို၍ပင် ရှားပါးလှတော့သည်။

အမျိုးမျိုးသော ကန့်သတ်ချက်များကြောင့်... အရာများစွာကို ရှာဖွေတွေ့ရှိရန် ခက်ခဲနေခြင်း ဖြစ်ပေမည်။

ဖြစ်နိုင်တာက စီနီယာအစ်မကြီး က... ကံကြမ္မာက ရွေးချယ်လိုက်တဲ့သူများလား။

ယန်ဝူရုန် က ထပ်မံ ပြောဆိုလိုက်ပြန်၏။

“နှမြောစရာ ကောင်းတာက... ငါတို့ ဟုန်ယွီ နဲ့ အခုလောလောဆယ်... ဆက်သွယ်လို့ မရသေးတာပဲ... ဒါကြောင့် အချို့သော ကိစ္စရပ်တွေကို... အတည်မပြုနိုင်သေးဘူး... သင့်တော်တဲ့ အခွင့်အရေးကိုပဲ စောင့်ရတော့မယ်...”

“ဟုန်ယွီ နဲ့ ပတ်သက်တဲ့ သတင်း တစ်ခုခု ရတာနဲ့... မင်းကို ငါ ချက်ချင်း အကြောင်းကြားပါ့မယ်...”

နင်ဟုန်ယွီ ၏ သက်စောင့်ကူကောင်မှာ... စစ်မှန်သောချစ်ခြင်းကူ ဖြစ်ပြီး... သူမ၏ နှလုံးသားက လူတစ်ယောက်တည်းကိုသာ... ပေးအပ်ထားကြောင်း ယန်ဝူရုန် သိရှိထားသည်။

ထိုနှလုံးသားက လီယွမ် ထံသို့သာ... ပေးအပ်ထားခြင်း ဖြစ်ရန် ရာခိုင်နှုန်း အလွန်များနေသည်။

ယခင်က သူမ ဘာမှ မှတ်ချက်မပေးနိုင်ခဲ့သော်လည်း... ယခုအခါတွင်မူ သူတို့နှစ်ဦးမှာ... တကယ့်ကို လိုက်ဖက်ညီလှကြောင်း သူ မြင်တွေ့လိုက်ရလေပြီ။ ဟုန်ယွီ တကယ်ပဲ ကန္တာရဧကရီ ဖြစ်လာခဲ့လျှင်ပင်... လီယွမ် ၏ ပါရမီက သူမနှင့် ထိုက်တန်စေရန်... လုံလောက်လှသည်။

“ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ ဒေါ်လေး ယန်...” လီယွမ် က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေ ပေးလိုက်၏။

“တခြား သိချင်တာ ရှိသေးလား...”

“လောလောဆယ်တော့ ဒါပါပဲ... ကျေးဇူးတင်ပါတယ် ဒေါ်လေး...”

ကျန်းဟူ ပဋိပက္ခများနှင့်... ကူလမ်းစဉ်၏ အာဏာကို တည်ဆောက်ရန် ကြိုးပမ်းမှုများအကြောင်းကို... လီယွမ် က နှုတ်ဆိတ်နေခဲ့၏။

ယန်ဝူရုန် က သိရှိနားလည်ဟန်ဖြင့် ပြုံးလိုက်ပြီး... သူမက ထိုလျှို့ဝှက်ချက်ကို မဖော်ထုတ်ခဲ့ချေ။ ဤလူငယ်လေးမှာ အလွန် ပါးနပ်လှပြီး... မည်သည့် အချိန်တွင် မိမိဘက်မှ စတင် လှုပ်ရှားရမည်... မည်သည့် အချိန်တွင် ငြိမ်နေရမည် ဆိုသည်ကို... ကောင်းစွာ သိရှိထားကြောင်း တွေးတောမိလိုက်၏။

သူက ကြည့်လိုက်လျှင် ရိုးသားပုံရသော်လည်း... တကယ်တမ်းမှာတော့ အလွန်ကို စဉ်းလဲ ဉာဏ်များတတ်သူ ပင်။။

နောင်အနာဂတ်မှာ မင်းကတော့... ဘယ်တော့မှ အရှုံးခံမယ့်သူ မဟုတ်ဘူးပဲ။

“တခြား ကိစ္စမရှိတော့ရင်... ငါ သွားတော့မယ်...”

ယန်ဝူရုန် ၏ မျက်နှာသွင်ပြင်များ ပျောက်ကွယ်သွားပြီး... ဟင်းလင်းပြင် ထဲသို့ ကိုယ်ယောင်ဖျောက် ဝင်ရောက်သွားတော့သည်။

“ကောင်းကောင်း သွားပါ စီနီယာ ဒေါ်လေး...”

လီယွမ် က လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက် လိုက်၏။

ယန်ဝူရုန် ထွက်သွားပြီးနောက်... သူက လူ့အရေခွံ မျက်နှာဖုံး ကို ပြန်လည် ကောက်ယူလိုက်ပြီး... သေချာစွာ စစ်ဆေးကြည့်လိုက်၏။

‘စီနီယာ ဒေါ်လေး ယန် က တကယ့်ကို... အံ့မခန်း စွမ်းရည်ရှိတဲ့သူပဲ...’

မျက်နှာတစ်ထောင်ကူ သည် ထူးခြားကူ မဟုတ်သော်ငြားလည်း... ရှားပါးကူ များထဲတွင် အလွန် ဆန်းကြယ်လှသော... ကူကောင် အမျိုးအစား တစ်ခု ဖြစ်သည်။

မျက်နှာတစ်ထောင်ကူ ကို သန့်စင်ရန် ကုန်ကျစရိတ်မှာ... အလွန်ပင် ကြီးမားလှပြီး သာမန်လူများ မခံစားနိုင်ချေ။

စာအုပ်ထဲရှိ မှတ်တမ်းများအရ မျက်နှာတစ်ထောင်ကူ သန့်စင်ခြင်း၏ တန်ဖိုးမှာ... မိမိ၏ မူလ မျက်နှာသွင်ပြင်များ ပျောက်ဆုံးသွားခြင်း ပင်။။ မျက်နှာတစ်ထောင်ကူ က အတိုင်းအတာ တစ်ခုအထိ... ဖွံ့ဖြိုးလာမှသာလျှင် သက်စောင့်ကူကောင် ၏ စွမ်းအားဖြင့်... မျက်နှာသွင်ပြင်များကို လွတ်လပ်စွာ ပြောင်းလဲနိုင်မည့်... စွမ်းရည်ကို ရရှိမည် ဖြစ်သည်။

ထိုကြားကာလအတွင်း သူတို့တွေ ဘယ်လိုမျိုး... ဝေဒနာတွေကို အံတုခဲ့ရမလဲ။

ထိုသို့သော ဆင်းရဲဒုက္ခနှင့် ခါးသီးမှုများကို... ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများသာ နားလည်နိုင်ပေလိမ့်မည်။

မျက်နှာတစ်ထောင်ကူ သည်ပင်လျှင် တိုက်ခိုက်ရေးတွင်... သိပ်ပြီး အစွမ်းမထက်လှချေ။ သူသည် မိမိ၏ ကူလမ်းစဉ် ကို ထက်မြက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး... ခြေကုပ်ယူနိုင်ရန်အတွက် သင့်တော်သော လက်အောက်ခံ ကူကောင်များကို... သေချာစွာ ရွေးချယ်ရမည် ဖြစ်သည်။

ယန်ဝူရုန် သည် မျက်နှာတစ်ထောင်ကူ ကို အသုံးပြုကာ... ဆဌမကူနန်းတော် သခင် နေရာသို့ တက်လှမ်းနိုင်ခြင်းကပင်... သူမ၏ စွမ်းအားကို သက်သေပြရန် လုံလောက်နေခဲ့လေပြီ။

‘ဒီမျက်နှာဖုံးကို တစ်ချက်လောက် စမ်းကြည့်ရအောင်...’

လီယွမ် က လူ့အရေခွံ မျက်နှာဖုံးကို ဖြန့်လိုက်ပြီး... သူ၏ မျက်နှာပေါ်သို့ တင်လိုက်၏။

သူ၏ အရေပြားနှင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက်... မျက်နှာဖုံးသည် သူ၏ မျက်နှာထဲသို့... လျင်မြန်စွာ ပျော်ဝင်သွားပြီး... အနားသတ်များမှာ လုံးဝ အပြစ်အနာအဆာ ကင်းစင်ကာ... မည်သည့် ထူးခြားမှုကိုမျှ ရှာမတွေ့နိုင်တော့ချေ။

အရှိန်အဝါများပင် ပြောင်းလဲသွားခဲ့လေပြီ။

လူ့အရေခွံ မျက်နှာဖုံး တစ်ခုတည်းကပင် ဤမျှလောက်... ရုပ်ဖျက်ရာတွင် ထိရောက်နေခြင်းက... ယန်ဝူရုန် ၏ ‘အသွင်ပြောင်း’ နည်းပညာ မည်မျှ အစွမ်းထက်ကြောင်း... ပြသနေခြင်းပင် ဖြစ်တော့သည်။

လီယွမ် က ကြေးမှန်ရှေ့တွင် ရပ်ကြည့်လိုက်ရာ... မှန်ထဲ၌ ပေါ်နေသော ‘ချီလင်’ ကို မြင်လိုက်ရ၏။

ချီလင် ၏ ရုပ်သွင်မှာ အလွန် ကြမ်းတမ်းပြီး... မျက်နှာက လေးထောင့်ကျကျ... မျက်ခုံးထူထူ... မျက်လုံးကြီးကြီး နှင့်... ပြတ်သားသော အသွင်ရှိကာ... ဖြောင့်မတ်ခြင်းနှင့် ယုတ်မာခြင်း တို့... ရောယှက်နေသည့် ပုံစံမျိုး ဖြစ်သည်။

‘ဒါက ရစ်ပတ်နတ်ဘုရားကူ ရဲ့ ပုံရိပ်နဲ့ တော်တော်လေး လိုက်ဖက်တာပဲ...’

လီယွမ် အလွန် ကျေနပ် သွားရ၏။

ဆန်းကြယ်ပုံရိပ်ကူ ၏ ရုပ်ဖျက်နိုင်စွမ်းနှင့်... သူ၏ ကြွယ်ဝလှသော စိတ်စွမ်းအားတို့ ပေါင်းစပ်လိုက်ပါက... သူသည် လုံးဝ ကွဲပြားခြားနားသော အထောက်အထား တစ်ခုကို ပိုင်ဆိုင်သွားပြီ ဖြစ်ကာ... နဝမနယ်ပယ် ပညာရှင် တစ်ဦးပင်လျှင်... သူ၏ အစစ်အမှန်ကို ခွဲခြားနိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

ထိုအချိန်မှာပင် ဝါးတောပြင်ပမှ မိန်းကလေးငယ် တစ်ဦး... သီချင်းညည်းနေသော အသံကို ကြားလိုက်ရ၏။

“အစ်ကိုယွမ်... ညီမ ပြန်လာပြီ...”

ဝမ်ကျောက်ကျောက် သည် ယနေ့ရက်ပိုင်းအတွင်း... အလွန် စိတ်အခြေအနေ ကောင်းမွန်နေပြီး... ပူပင်ကြောင့်ကြကင်းသော မိန်းကလေးငယ် တစ်ယောက်အလား ပျော်ရွှင်နေခဲ့၏။

‘ရှောင်ကျောက် ကို တစ်ချက်လောက် စမ်းကြည့်ရင် အကောင်းဆုံးပဲ...’

လီယွမ် စိတ်ထဲမှ တွေးလိုက်သည်နှင့်... ဆန်းကြယ်ပုံရိပ်ကူ ကို အသုံးပြုကာ... သူ၏ ဝတ်စုံတစ်ခုလုံးကို အသွင်ပြောင်းလိုက်ပြီး... သူ၏ သွေးချီများကို ဖောင်းကားစေလျက်... ခန္ဓာကိုယ်ကို ပိုမို ကြံ့ခိုင်တောင့်တင်းစေကာ... ကြွက်သားများကို ထွက်ပေါ်လာစေလိုက်သည်။

“ဟင်...”

ဝမ်ကျောက်ကျောက် က မျက်စိမမြင်သော်လည်း... သူမ၏ အာရုံခံစားမှုများက အလွန် ထက်မြက်လှသည်။ ဝါးတောထဲတွင် သူစိမ်းတစ်ယောက် ရှိနေသည်ကို... သူမ သတိပြုမိသွားပြီး ချက်ချင်းပင် သတိထားလိုက်တော့သည်။

“ရှင် ဘယ်သူလဲ... ကျွန်မတို့ အမှတ် (၁၂) ဂူစံအိမ် ဝါးတောထဲကို... ဘယ်လို သတ္တိနဲ့ ကျူးကျော်ဝင်ရောက်လာတာလဲ...”

“ဟဲဟဲဟဲ...”

လီယွမ် က ယုတ်မာမည့်ဟန်ဖြင့် မဲ့ပြုံး ပြုံးလိုက်ကာ...

“ငါက ထျန်းဝေ့ထျန်း က ရွှေဦးချိုဘုရင် ပဲ... ငါ့တူ ပန်ရှန်း သိုင်းသူတော်စင် အတွက်... လက်စားလာချေတာ...”

ဝမ်ကျောက်ကျောက် မှာ ချွေးစေးများ ထွက်လာရတော့သည်။ သူမ၏ ပြိုင်ဘက်မှာ သူမထက် များစွာ ပိုမို အစွမ်းထက်ပြီး... လုံးဝ မယှဉ်နိုင်ကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရသောကြောင့်ပင်။

ပန်ရှန်း သိုင်းသူတော်စင် အတွက် လက်စားချေရဲသောသူ ဆိုလျှင်... အထွတ်အထိပ် သူတော်စင် တစ်ပါး ဖြစ်ရန် ရာခိုင်နှုန်း အလွန်များလှသည်။

ထိုကဲ့သို့သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရပါက... သူမ အနိုင်ရရန် မျှော်လင့်ချက် မရှိတော့ချေ။

အစ်ကိုယွမ် ပင် ထွက်မလာသေး... ဖြစ်နိုင်တာက သူ ပုန်းနေပြီး... စစ်ကူကို စောင့်နေတာများလား။

‘ငါ စိတ်တည်ငြိမ်အောင် ထားမှ ဖြစ်မယ်...’

ထိုအခိုက်အတန့်တွင် ဝမ်ကျောက်ကျောက် ၏ စိတ်ထဲ၌... အတွေးပေါင်း တစ်သန်းခန့် ဖြတ်ပြေးသွားခဲ့လေပြီ။

သူမ အရေးနိမ့်လျှင်ပင် အစ်ကိုယွမ် အတွက်... ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်မသွားစေရန်... သူမ သတိထားရမည် ဖြစ်သည်။ ထိုကဲ့သို့သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရပါက... သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် အခွင့်အရေးများ ရှိနိုင်ပါ့မလား။

“ပြောစမ်း... လီယွမ် ဘယ်မှာလဲ...”

လီယွမ် က ခပ်ကြမ်းကြမ်း မေးမြန်း လိုက်၏။

“ဝှီး”

စကားပင် မဆုံးသေးမီမှာပင် ဝမ်ကျောက်ကျောက် သည်... သူမ၏ မျက်လုံးမှ ကာကွယ်ရေး ပိုးမျှင်များကို ဖယ်ရှားလိုက်ပြီး... လှည့်ထွက် ထွက်ပြေး သွားတော့သည်။

သူမ၏ နောက်ကွယ်တွင် သွေးနီရောင် အရုပ်ကြီးတစ်ခု... စုစည်းလာပြီး သူမအား အဝေးသို့ ပျံသန်းသွားစေရန်... ကာကွယ်ပေးလိုက်လေတော့၏။

All Chapters