← Chapters

အခန်း ၁၇၈

Vol. 16 Ch. 178

အခန်း ၁၇၈

Vol. 16 Ch. 178

အခန်း (၁၇၈) နောက်ဆုံး အဆင့်

လီယွမ်သည် ဘူးသီးခြောက် အတွင်းမှ ကူကောင်များ အားလုံးကို... ပြင်ပသို့ သွန်ထုတ် လိုက်၏။ အထဲတွင် ရှားပါးကူ အမျိုးအစား စုစုပေါင်း (၁၃) မျိုး... ပါဝင်နေ၏။

ကင်းခြေများ... ကင်းမြီးကောက်... ဖားပြုတ်... ပိုးတုံးလုံး... အိမ်မြှောင်... ပင့်ကူ နှင့် မြွေ... စသည်တို့ ပင်။

‘ဘိုးဘေးကြီး သာ သက်တမ်း မကုန်သေးဘဲ... ပျိုးထောင် နိုင်စွမ်း ရှိဦးမယ် ဆိုရင်... ထူးခြားကူ အသစ် တစ်ကောင်ကို... သေချာပေါက် ဖန်တီး နိုင်မှာပဲ...’

ကူသခင် လမ်းစဉ် မှေးမှိန် နေသည့် ခေတ်တွင်... အဆင့် (၉) နယ်ပယ်သို့ တက်လှမ်း နိုင်ခြင်းကပင်... ဘိုးဘေးကြီး၏ ကူလမ်းစဉ် ကျွမ်းကျင်မှုကို... သက်သေ ပြနေခြင်း ပင် ဖြစ်တော့သည်။

‘ငါ တစ်ချက်လောက် စမ်းကြည့် ရမှာပဲ...’

လီယွမ်သည် ကူကောင် သန့်စင်ခြင်း ကျမ်းပါ... နည်းလမ်းများ အတိုင်း ထိုရှားပါးကူ များကို... ထူးခြားကူ အဖြစ်သို့ ပြောင်းလဲရန် ကြံစည် လိုက်၏။ သာမန် ဆိုလျှင် အချိန်များစွာ ပေးရမည် ဖြစ်သော်လည်း... သူ၏ အနက်ရောင် အိုးကြီးက ထိုလုပ်ငန်းစဉ်ကို... သိသိသာသာ တိုတောင်း သွားစေမည် ဖြစ်သည်။

‘ကျမ်း ထဲမှာတော့... ဒီရှားပါးကူ တွေ တစ်ကောင်နဲ့ တစ်ကောင်... အပြန်အလှန် ဝါးမျို စေပြီးမှ... ထူးခြားကူ အဖြစ် ဆင့်ကဲ ပြောင်းလဲ စေတာပဲ...’

‘ဒါက အိပ်မက် ပိုးခြည်ကူ ကို... သန့်စင်တဲ့ နည်းလမ်းနဲ့ အတော်လေး ဆင်တူတယ်...’

ဘိုးဘေးကြီး၏ သီအိုရီမှာ များစွာ ပိုမို စေ့စပ်လှသည်။ သူ့ဆရာ ယွီဟန်ချွမ်း သင်ပေးခဲ့သော... အိပ်မက် ပိုးခြည်ကူ သန့်စင်နည်းမှာ... ရှေ့ပြေး ရှားပါးကူ (၃) ကောင်သာ လိုအပ်၏။ ယခုမူ (၁၃) မျိုး တောင်မှ မဟုတ်လား။

ခက်ခဲမှု အဆင့်မှာကား နှိုင်းယှဉ်၍ပင် မရနိုင်ချေ။ ဘိုးဘေးကြီးမှာ လုံးဝ အသစ်စက်စက်... ထူးခြားကူ တစ်ကောင်ကို ဖန်တီးနေခြင်း ဖြစ်ပြီး... အိပ်မက် ပိုးခြည်ကူ ကတော့... စာရင်းထဲတွင် ရှိပြီးသား ဖြစ်သည်။

“ချွီ... ချွီ...”

လီယွမ် တွေးတော နေစဉ်မှာပင်... ဝူမေ့က သူ၏ ရင်ခွင်ထဲမှ... ခေါင်းလေး ပြူထွက် လာ၏။

“ဝူမေ့... မင်းက စမ်းကြည့် ချင်တာလား...”

လီယွမ်က အံ့အားသင့်စွာ မေးလိုက်၏။

“ဒါတွေက ရှားပါးကူ (၁၃) ကောင်တောင် ရှိတာနော်...”

“ချွီ... ချွီ...”

ဝူမေ့က သူမ လုပ်နိုင်ကြောင်းနှင့်... တစ်ပြိုင်နက်တည်း (၁၃) ယောက်လုံးကို... ရင်ဆိုင် နိုင်ကြောင်း ကြွေးကြော် လိုက်၏။

ပြီးခဲ့သည့် အခေါက်က ရှောင်ချိုက်က အရင်ဦးသွား သဖြင့်... ယခုတစ်ကြိမ်တွင်မူ ဝူမေ့က အခွင့်အရေးကို... လက်လွတ် မခံလိုတော့ခြင်း ပင်။။

“ဟီး...”

ထိုအချိန်တွင် ရှောင်ချိုက်ကလည်း ခေါင်းလေး ပြူထွက် လာပြန်သည်။

“မဟုတ်မှလွဲရော... မင်းလည်း လိုချင် နေတာလား...”

လီယွမ်က သက်ပြင်း ချလိုက်၏။

“နောက်ထပ် ပဋိပက္ခ တစ်ခု... စတော့မှာ လား...”

ပြန်စဉ်းစားကြည့်မည် ဆိုပါက ဘိုးဘေးကြီး၏... ရှားပါးကူ (၁၃) ကောင်စလုံးမှာ... အဆိပ်ကူ အမျိုးအစားများ ဖြစ်ကြပြီး... မြွေနှင့် ပင့်ကူများလည်း ပါဝင်နေရာ... ဝူမေ့ နှင့် ရှောင်ချိုက် တို့နှင့်... ဆက်စပ် နေပြန်သည်။

“ဒါဆိုရင်လည်း... ငါတို့ စမ်းကြည့် ကြတာပေါ့...”

ကူကောင် သန့်စင်သည့် အခါတွင်... သက်စောင့်ကူ ကိုသာ ဦးစားပေး ရမည် ဖြစ်၏။ ရှောင်ချိုက် နှင့် ဝူမေ့ တို့တွင်... ထိုသို့သော ဆန္ဒ ရှိနေသဖြင့်... သခင် ဖြစ်သူ လီယွမ်က... လေးစားစွာဖြင့် ခွင့်ပြု လိုက်တော့သည်။

( မူလ ပစ္စည်းများကို ရွေးချယ် ပါ )

( သက်စောင့်ကူ - အိပ်မက်ရောင်စုံ နတ်မိမယ်... သက်စောင့်ကူ - ပင့်ကူဘုရင်မကူ )

( ရှားပါးကူ - သွေးအိပ်မက်ဆိုးကူ... လပုပ် ကြယ်ဝါးမျို ဖားပြုတ်... ခြေတစ်ထောင် ယင်နတ်ဆိုးကူ... ကိုးကပ်ဘေး ခြင်ဆီစားမြွေ... နှလုံးလောင် အရိုးဖောက် ကင်းမြီးကောက်... အရိပ်နံရံ လေလွင့် ဝိညာဉ်ကူ... စသည်တို့ကို ပေါင်းစပ်ပါ )

ပြင်းထန်လှသော အဆိပ်ကူ (၁၃) မျိုးမှာ... ရုပ်ခန္ဓာ မှသည်... ဝိညာဉ် အထိ အာနိသင် ရှိကြပြီး... ငါးပါးသော ဓာတ်ကြီးများ နှင့်... ကောင်းကင် မြေကြီး အနှစ်သာရများ... အားလုံး ပါဝင်နေ၏။

လီယွမ်မှာ ချွေးစေးများပင် ထွက်လာရတော့သည်။

အကယ်၍ ဝူမေ့ တစ်ကောင်တည်းကိုသာ... ပေါင်းစပ် စေမည် ဆိုပါက... သူ လုံးဝ စိတ်မချနိုင်ပါချေ။

ရှောင်ချိုက် ပါဝင် လာခြင်းကြောင့်... အောင်မြင်နိုင်ခြေ များစွာ ပိုမြင့်သွား၏။ အနက်ရောင် အိုးကြီး ထဲသို့... သက်စောင့်ကူ (၂) ကောင်ကို... တစ်ပြိုင်နက် ထည့်သွင်းခြင်းမှာ... ပထမဆုံး အကြိမ် ဖြစ်ရာ... မည်သို့သော အကျိုးဆက်များ ထွက်ပေါ်လာမည်ကို... သူ မသိနိုင်ပါ။

မကြာမီ မှာပင် အနက်ရောင် အိုးကြီးသည်... ပြင်းထန်စွာ တုန်ခါလာတော့သည်။

ခရမ်းရင့်ရောင် မြူခိုးများ အိုးအတွင်းမှ...တလူလူ တက်လာပြီး ပြင်းထန်သော... တိုက်စားသည့် အနံ့ဆိုးများ ပါလာ၏။ ထိုမြူခိုးများ ဝါးတောငယ် အပေါ်... လွင့်မျော သွားသည်နှင့် ထိတွေ့သမျှ... သစ်ပင်များမှာ ချက်ချင်းပင် ညှိုးနွမ်း သွားကြတော့သည်။

‘ငါ့ရဲ့ ဝူမေ့လေးကို အဆိပ်မလေး ဖြစ်အောင်... ရှောင်ချိုက် ကိုလည်း ခရမ်းရောင်လေး ဖြစ်အောင်... မင်း လုပ်ပစ်လိုက်တာ မဟုတ်ပါဘူး နော်...’

လီယွမ်မှာ အတန်ငယ် စိုးရိမ် နေမိ၏။ ပေါင်းစပ်သည့် လုပ်ငန်းစဉ်မှာ နာရီပေါင်း များစွာ... ကြာမြင့် ခဲ့၏။

နောက်ဆုံးတွင်တော့ စနစ်၏ အသိပေးချက်က... ထွက်ပေါ် လာခဲ့ချေပြီ။

( သင့်ရဲ့ သက်စောင့်ကူ - အိပ်မက်ရောင်စုံ နတ်မိမယ် က... ဆင့်ကဲ ပြောင်းလဲမှု ပြီးဆုံး ပါတယ်... အဆိပ် (၁၃) မျိုးကို ပေါင်းစပ်ပြီး... ထူးဆန်းတဲ့ မီးလုံး အမျိုးအစားသစ် ရရှိ ပါတယ် )

( သင့်ရဲ့ သက်စောင့်ကူ - ပင့်ကူဘုရင်မကူ က... ဆင့်ကဲ ပြောင်းလဲမှု ပြီးဆုံးပြီး... ပြောင်းပြန်သုံးဆင့် ရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိ ပါတယ်... ရုပ်သေး ထိန်းချုပ်ခြင်း စွမ်းရည်ကို ဆုံးရှုံး ပါတယ် )

အိပ်မက်ရောင်စုံ နတ်မိမယ် အတွက် အဆင့်မြှင့်တင်မှုမှာ... အပိုဆောင်း ကောင်းကွက် တစ်ခုသာ ဖြစ်၏။

ဝူမေ့၏ ဆင့်ကဲ ပြောင်းလဲမှု ကသာ... အရေးကြီးဆုံး ပင်။။ ပြောင်းပြန်သုံးဆင့် အခြေအနေ ပြီးဆုံး သွားသည်နှင့်... ဝူမေ့သည် ထူးခြားကူ အဖြစ်သို့... ပြောင်းလဲ နိုင်တော့မည် ဖြစ်သည်။

“ချွီ... ချွီ...”

ဝူမေ့က အနက်ရောင် အိုးကြီး ထဲမှ... ခုန်ထွက် လာပြီး ဝမ်းသာအားရ ဖြစ်နေ၏။

ရှောင်ချိုက် ကတော့ မျက်နှာလေး ညှိုးငယ် နေ၏။ ပြီးခဲ့သည့် အခေါက်က ဝူမေ့ကို အနိုင်ရ ခဲ့သော်လည်း... ယခု တစ်ကြိမ်တွင်မူ ပြန်လည် ရှုံးနိမ့် ခဲ့ရပြန်ပြီ မဟုတ်လား။

“အနိုင်နဲ့ အရှုံး ဆိုတာ ကူမျိုးနွယ်တွေ အတွက်... သာမန် ကိစ္စပါပဲ... ရှောင်ချိုက်... စိတ်ဓာတ် မကျပါနဲ့... ဝူမေ့... မင်းလည်း မာန မကြီးနဲ့ဦး... မင်းတို့ နှစ်ယောက်လုံး ထူးခြားကူ ဖြစ်အောင်... အတူတူ ကြိုးစား ကြရအောင်...”

“ငါတို့က ချစ်ခင်တဲ့ မိသားစုဝင်တွေ လေ... တစ်ယောက် အောင်မြင်ရင် အားလုံး အကျိုးရှိတာ ပေါ့...”

ဤကဲ့သို့သော အချိန်မျိုးတွင် လီယွမ်က... ခံစားချက် နှင့် ယုတ္တိ နှစ်မျိုးလုံးကို သုံးကာ... ကူသခင် လမ်းပြ ဆရာကြီး တစ်ဦးအလား... ချော့မော့ ပြောဆို လိုက်၏။

“ဟောဒီက ရစ်ပတ် နတ်ဘုရားကို ကြည့်ဦး... သူက အမြဲတမ်း အေးအေးဆေးဆေး နေပေမဲ့... တိုက်ပွဲ ဖြစ်ပြီ ဆိုရင်တော့ ရှေ့ဆုံးကပဲ... အနိုင်အရှုံးကိုလည်း သူ ဂရုမစိုက် ဘူး...”

“ဒုတိယ သားကြီး ရှင်သန်ခြင်းကို ကြည့်ဦး... သူက အမြဲတမ်း အပြင်းအထန် အရိုက်ခံ ရပေမဲ့... တစ်ချက်မှ ညည်းညူသံ မထွက်ဘူး လေ...”

“ပြီးတော့ ပက်ကျိလေး ကလည်း... လောကကို အာခံခြင်း မရှိဘဲ... တကယ့်ကို အေးချမ်းတဲ့သူ ပဲ...”

“ဓားနတ်သမီး ဆိုရင်လည်း... အဲ... သူကတော့...”

“ထားလိုက်ပါတော့... သူက လူအ သက်သက်ပဲ... ပုံမှန်အတိုင်း တိုင်းတာလို့ မရဘူး...”

သိပ်မဝေးလှသော သစ်ပင်ပေါ်တွင် ထိုင်ကာ... လိပ်ပြာများကို ငေးကြည့်နေသော ဓားနတ်သမီးသည်... ယခုအခါ ခြေထောက်များကို သစ်ကိုင်းတွင် ချိတ်လျက်... ဇောက်ထိုး ဆွဲနေပြီး လီယွမ်ကို... ဝေခွဲမရသော မျက်နှာပေးဖြင့် ကြည့်နေ၏။

“အဟမ်း... အဟမ်း...”

လီယွမ်က အကြောင်းအရာကို အမြန်ဆုံး... ပြောင်းလဲ လိုက်၏။

“ကိုင်း... ဝူမေ့... မင်းရဲ့ စွမ်းရည်ကို ထုတ်ပြစမ်းဦး...”

ပြောင်းပြန် ဆင့်ကဲ ပြောင်းလဲမှု (၂) ကြိမ် ပြီးနောက်... ဝူမေ့သည် သူမ၏ ပင်မစွမ်းရည် (၂) ခု ဖြစ်သော... ကုသခြင်း နှင့် ရုပ်သေး ထိန်းချုပ်ခြင်း တို့ကို... ဆုံးရှုံး ခဲ့ရပြီ ဖြစ်ကာ... ပင့်ကူမျှင် တိုက်ခိုက်မှု တစ်ခုသာ ကျန်ရှိတော့၏။

“ချွီ... ချွီ...”

ဝူမေ့က လီယွမ်၏ ရင်ဘတ်ပေါ်သို့... တွားတက် လာ၏။

‘မင်း ဘာလုပ်မလို့လဲ...’

စကားပင် မဆုံးသေးမီမှာပင် လီယွမ်သည်... ရင်ဘတ်ထဲ၌ ပြင်းထန်သော နာကျင်မှုကို... ခံစား လိုက်ရ၏။ ဝူမေ့၏ ပင့်ကူခြေထောက် (၈) ချောင်းက... သူ၏ ခန္ဓာကိုယ် ထဲသို့ ထိုးဖောက် ဝင်ရောက်သွားပြီး... တဖြည်းဖြည်း ပေါင်းစပ် သွားတော့သည်။

ထို့နောက် ချက်ချင်း ဆိုသလိုပင် သူ၏ ခြေလက်ရှိ... သွေးကြောများ ဖောင်းကား လာကာ... အရေပြားမှာ ခရမ်းရင့်ရောင် သို့ ပြောင်းသွား၏။ အဆိပ် မိသွားသည့် အလားပင်။

ထိုထူးဆန်းသော ဖြစ်စဉ်များမှာ... ခေတ္တအတွင်းမှာပင် ပြန်လည် ပျောက်ကွယ် သွားခဲ့သည်။

လီယွမ် သူ၏ အခြေအနေကို ပြန်လည် အာရုံခံ ကြည့်လိုက်ရာ... ဝူမေ့သည် သူနှင့် ပေါင်းစပ်သွားပြီ ဖြစ်ကြောင်း... အံ့အားသင့်စွာ ရှာဖွေ တွေ့ရှိ လိုက်ရ၏။ ရစ်ပတ်နတ်ဘုရားကူ နှင့် ရှင်သန်ခြင်းကူ တို့လို ဖြစ်သည်။

ကိုယ်တိုင် တိုက်ခိုက်သည့် ကူကောင်မှ... ခန္ဓာကိုယ် စွမ်းအားကို မြှင့်တင်ပေးသည့်... တိုက်ခိုက်ရေး ကူကောင် အဖြစ် ပြောင်းလဲ သွားသည်။

“ဒီလိုလည်း လုပ်လို့ ရတာလား... ငါ တစ်ချက်လောက် စမ်းကြည့်ရမယ်...”

လီယွမ် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး... လက် မြှောက်ကာ... ကောင်းကင်ယံသို့ ညွှန်ပြလျက် တိုးညင်းစွာ ရေရွတ်လိုက်၏။

“ကောင်းကင် ပိုက်ကွန်...”

မျက်တောင် တစ်ခတ် အတွင်းမှာပင် သူ၏ လက်ဖဝါးမှ... ပင့်ကူမျှင် အမြောက်အမြား ဖြာထွက် သွားတော့သည်။

သူ၏ ဆန္ဒအတိုင်း ကောင်းကင်ယံ တွင်... ဧရာမ ပင့်ကူအိမ်ကြီး တစ်ခုမှာ... အမိုးအကာ တစ်ခုအလား ရက်လုပ်ပြီးသား ဖြစ်သွား၏။

“အဆိပ် ထိုးသွင်းလိုက်...”

လီယွမ်၏ ဒုတိယ အတွေး ထွက်ပေါ် လာသည်နှင့်...

သူ၏ လက်ဖဝါးများမှာ ချက်ချင်းပင် ခရမ်းရင့်ရောင်... ပြောင်းသွားပြီး ပင့်ကူမျှင်များ ထဲသို့... အဆိပ် အမြောက်အမြား စီးဝင် သွားတော့သည်။ သူ၏ ပြင်းထန်သော စိတ်ဆန္ဒဖြင့်... ထိုကျယ်ပြန့်လှသော ပင့်ကူအိမ်ကြီး ထဲမှ...အမျှင်တစ်မျှင် ချင်းစီကိုပင် ထိန်းချုပ်ခြင်း သို့မဟုတ်... အားဖြည့်ခြင်းများ ပြုလုပ် နိုင်၏။

“စိတ်ဝင်စားဖို့ ကောင်းတာပဲ... ဝူမေ့... မင်းက အချိန်ကိုက် ဆင့်ကဲ ပြောင်းလဲ ခဲ့တာပဲ...”

ခန္ဓာကိုယ်ကို မြှင့်တင်ပေးသော သက်စောင့်ကူ များမှာ... ပြင်ပတွင် တိုက်ခိုက်သော ကူများထက်... ဖုံးကွယ်ရန် ပိုမို လွယ်ကူလှသည်။

လီယွမ်၏ ပြီးပြည့်စုံသော နယ်မြေအဆင့် စိတ်စွမ်းအား နှင့်... ဆန်းကြယ်ပုံရိပ်ကူ ၏ ဖုံးကွယ်မှုတို့ ပေါင်းစပ်လိုက်ပါက... တိုက်ပွဲ အတွင်း သူ၏ မွေးရာပါ စွမ်းရည် များစွာကို... မည်သူမျှ ခွဲခြားနိုင်မည် မဟုတ် ပါချေ။

ဒါကို သိုင်းသူတော်စင် နှင့် တိုက်ပွဲတွင်... သက်သေ ပြခဲ့ပြီး ဖြစ်၏။

သူသည် အလားတူ လက်အောက်ခံ ကူကောင်များကို... အကာအကွယ် အဖြစ် သုံးကာ လူအများကို... လှည့်စားပြီး လွတ်မြောက် နိုင်သည်။

လီယွမ်မှာ ပို၍ပင် စိတ်လှုပ်ရှား လာရ၏။

ဝူမေ့ ထူးခြားကူ ဖြစ်လာမည့် နေ့တွင်... သူ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ သေချာပေါက်... နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက် သွားမည် ဖြစ်သည်။

ယခုအခါ သူသည် စွမ်းအားကြီးမားမှု... ပြန်လည် ရှင်သန်မှု... ကိုယ်ယောင်ဖျောက်မှု... သေစေလောက်သော တိုက်ခိုက်မှု နှင့် ကံကြမ္မာ... ဟူသော အဆင့် (၅) ဆင့်ကို ပိုင်ဆိုင်ထားချေပြီ။

အရာရာကို ထိန်းချုပ်နိုင်သည့် နယ်ပယ် တစ်ခုသာ... လိုအပ်တော့ပြီး ထိုအခါမှသာ ဆဌဂံပုံစံ ကူသခင် စစ်စစ်... ဖြစ်လာပေလိမ့်မည်။

ထို ဟာကွက်ကို ဖြည့်ဆည်း ပေးနိုင်မည့်သူမှာ... ဆင့်ကဲ ပြောင်းလဲမည့် ဝူမေ့ သာလျှင် ရှိတော့၏။

ထိုနေ့ကား အဝေးကြီး မဟုတ်တော့ကြောင်း... လီယွမ် ယုံကြည် နေတော့သည်။

တစ်ချိန်တည်း မှာပင် နယ်စပ် ဒေသများ၌...

မရေမတွက်နိုင်သော ကျန်းဟူ သိုင်းသမားများကို... စိတ်လှုပ်ရှား စေမည့် ကိစ္စရပ် တစ်ခု... ဖြစ်ပျက်နေလေ၏။

အလယ်ပိုင်းလွင်ပြင် သူရဲကောင်း လေးယောက်... သူတို့ အားလုံး သူတော်စင် နယ်ပယ်သို့... တက်လှမ်းသွားကြလေပြီ။

All Chapters