← Chapters

အခန်း ၁၈၅

Vol. 16 Ch. 185

အခန်း ၁၈၅

Vol. 16 Ch. 185

အခန်း (၁၈၅) လူလိမ်ကြီး

အန်းမူယောင် သည် သူမအား သူရဲကောင်းမလေး ဟု ခေါ်ဆိုလိုက်သံကို ကြားသောအခါ ရုတ်တရက် တုန်လှုပ်သွားရ၏။

ရှောင်လင်းအာ နှင့် ပထမဆုံး ဆုံတွေ့ခဲ့ရသော မြင်ကွင်းက သူမ၏ မှတ်ဉာဏ်ထဲတွင် တဖန်ပြန်လည် ပေါ်လာတော့၏။

ရှောင်လင်းအာ သူမအား ပထမဆုံး ပြောခဲ့သော စကားမှာ “ခဏလေး စောင့်ပါဦး... သူရဲကောင်းမလေး...” ဟူ၍ ပင်။

သူမနှင့် ရှောင်လင်းအာ တို့သည် တစ်ယောက်ကို တစ်ယောက် မှတ်မိခဲ့ကြသော်လည်း... တစ်ယောက်၏ အထောက်အထားကို တစ်ယောက် လျှို့ဝှက်ထားကြရန် နားလည်မှု ယူထားခဲ့ကြပြီး... ထိုညက ဝါးတောထဲတွင် တစ်ညလုံး စကားစမြည် ပြောဆိုခဲ့ကြ၏။

မိုးလင်းခါနီး အချိန်လေးတွင်... ရှောင်လင်းအာ က သူမအား လိုက်ပို့ပေးခဲ့ပြီး... ကူကောင် တစ်ကောင်ကို အသုံးပြုကာ သူမထံသို့ အသံလှိုင်း ပို့လွှတ်ခဲ့လေ၏။

“ဒေါ်လေး... သူရဲကောင်းမလေး...” ဟူ၍။

ထို့ကြောင့်ပင် သူရဲကောင်းမလေး ဟူသော အခေါ်အဝေါ်သည်... သူမ၏ ရင်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေခဲ့ပါ၏။

ယုတ္တိကျကျ တွေးကြည့်မည် ဆိုပါက... လောကရှိ အင်အားကြီး မိသားစုများမှ လူများအားလုံးသည်... အန်းမူယောင် မှာ မြောက်ပိုင်း ရေခဲပြင် မျိုးနွယ်စု၏... ကံကြမ္မာ အငယ်စား သခင်မလေး ဖြစ်ကြောင်း ကောင်းစွာ သိရှိထားကြသည်။

ရှောင်လင်းအာ မှလွဲ၍ မည်သူကမျှ သူမအား သူရဲကောင်းမလေးဟု မခေါ်ဆိုခဲ့ဖူးပါချေ။

‘မဖြစ်နိုင်တာ...’

အန်းမူယောင် က ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို... ရိပ်မိသွားခဲ့ပြီ ဖြစ်သော်လည်း... အပြင်ပန်းတွင်မူ တည်ငြိမ်စွာပင် နေပြီး... ခပ်ယဲ့ယဲ့လေး ပြုံးလိုက်၏။

“အနိုင်ရတဲ့သူက... အပို စကားလေး နည်းနည်းပါးပါး ပြောခွင့်ရှိတာ... သဘာဝ ကျပါတယ်...”

ထိုသို့ ပြောပြီးနောက် သူမက နှုတ်ဆိတ် နေလိုက်တော့၏။

သူမ၏ အကြည့်များက 'ချီလင်' ၏ အပေါ်သို့... တစ်ခဏမျှသာ ကျရောက်သွားပြီး... ကြာရှည်စွာ စူးစိုက် ကြည့်မနေခဲ့ပါချေ။

“ဟား ဟား ဟား ဟား...”

လီယွမ် က အားရပါးရ ရယ်မော လိုက်၏။

“ငါ သိသားပဲ... ရုပ်ရည် ချောမောတဲ့ သူတွေက... အမြဲတမ်း တရားမျှတမှု ကို လိုလားတဲ့ စိတ်ဓာတ် အပြည့်နဲ့... စကား ပြောတတ်ကြတယ် လို့...”

သူ ပေးလိုက်သော အရိပ်အမြွက်များ လုံလောက်သွားပြီဟု... သူ ယုံကြည် လိုက်လေ၏။

ထို့ကြောင့် ပစ်မှတ် ကို ထပ်မံ ပြောင်းလဲ လိုက်ပြန်သည်။

ယခုတစ်ကြိမ် တွင်မူ သူ၏ အကြည့်များက... ဓားအင်မော်တယ် ကြီး လေးဦး ထဲမှ တစ်ဦးဖြစ်သော... ဖူးချူ ထံသို့ ရောက်ရှိ သွားတော့၏။

“ဒီ မိန်းကလေး ကလည်း တကယ့်ကို လှပပြီး... တရားမျှတမှု တွေ အပြည့်ရှိတဲ့... ပုံစံမျိုး ပါပဲလား... ဒီကိစ္စကို အဆုံးအဖြတ် ပေးဖို့... ကျေးဇူးပြုပြီး ကူညီပေးပါဦး...”

“ရှင် နိုင်တာပဲ... ရှင် ပြောတာ အကုန် မှန်ပါတယ်...”

ကြာပန်း ဓားအင်မော်တယ် ဖူးချူ က ပြုံးလျက် ဆိုလိုက်၏။

သူမ၏ အဆင့်အတန်း အရ... တာအို ခေါင်းဆောင် နှစ်ဦး ကြားမှ တိုက်ပွဲ ဟူသော... ဂုဏ်ပုဒ် များကို သူမ လုံးဝ ဂရုမစိုက် တော့ပါချေ။ ဤလောကတွင်... ထာဝရ အနိုင်ရသူ သို့မဟုတ် ထာဝရ အရှုံးပေးသူ ဆိုသည်မှာ... မရှိပါချေ။

ထို့နောက်တွင်တော့...

ချီလင် က ကျန်းဟူ မှ အင်အားကြီး ပုဂ္ဂိုလ်ကြီး များ အားလုံးကို... လိုက်လံ မေးမြန်း နေတော့သည်။

အစောပိုင်းက လီယွမ် ကို မတ်တပ်ရပ်၍ ဆဲရေးခဲ့သော... ပိုင်လျန်ဂိုဏ်း မှ မဟာ အကြီးအကဲကြီး မှာမူ... အလွန်အမင်း အရှက်ရပြီး နေရာမှ တိတ်တဆိတ် ထွက်ပြေး သွားခဲ့ရလေ၏။ အခြားသော သိုင်းပညာရှင်ကြီးများ နှင့် ယှဉ်လိုက်လျှင်... သူ၏ လုပ်ရပ်က တကယ့်ကို သေးသိမ်လွန်းသွားစေတော့သည်။

“ဒီ ကောင်လေး က... ဘာတွေ လုပ်နေတာလဲ..”

စင်မြင့် အောက်တွင် ဘိုးဘေးကြီး ချီယန် သည်... လီယွမ် ၏ သရုပ်ဆောင် မှုကို ကြည့်ကာ... လုံးဝကို နားမလည် နိုင်အောင် ဖြစ်နေရလေ၏။

“အခုမှပဲ ငါ နားလည် တော့တယ်... ဘာလို့ သူက ဘိုးဘေးကြီး ကို ကိုယ်တိုင် လာခေါ်ခိုင်း ပြီး... ညဇီးကွက်ဘုရင် မရှိတဲ့ အချိန်ကို သေချာ ရွေးချယ်ခဲ့လဲ ဆိုတာကို...”

“အကယ်၍ ငါသာ ညဇီးကွက်ဘုရင် ဖြစ်ခဲ့ရင်... သူ့ကို တကယ်ပဲ မသတ်ဘဲ နေနိုင်မှာ မဟုတ်ဘူး...”

“တကယ့်ကို အရိုက်ခံချင်စရာ ကောင်းလွန်းတယ်...”

ယန်ဝူရုန် က သွားများကို တင်းတင်း ကြိတ်လျက်... ရေရွတ် လိုက်၏။

“ဟားဟား...”

ချီယန် က ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

“ချီလင် က မင်းရဲ့ စိတ်ခံစားမှု တွေကိုတောင်... ဆွဲဆောင် နိုင်တယ် ဆိုတာက... သူ့ရဲ့ သရုပ်ဆောင်မှု က လုံးဝကို ပြီးပြည့်စုံ နေပြီး... လူတွေရဲ့ ရင်ထဲကို နက်နက်ရှိုင်းရှိုင်း ရောက်သွားတယ် ဆိုတာကို... သက်သေ ပြနေတာပဲ...”

“ဒီလို နည်းလမ်း နဲ့ ဆိုရင်... 'လီယွမ်' ဆိုတဲ့ သူ့ရဲ့ အစစ်အမှန် အထောက်အထား နဲ့... ဆက်စပ်မှု အားလုံးကို အကောင်းဆုံး ဖြတ်တောက် နိုင်သွားပြီ ပေါ့...”

“ငါ ဝန်ခံ ရမယ်... ဒီ ကောင်လေး က တကယ့်ကို ပါးနပ် လွန်းတယ်... လူတွေက သူ အရမ်း ရူးသွပ် နေတယ် လို့ ထင်ပြီး ရယ်မော နေကြ ပေမဲ့... သူကတော့ လူတွေက သူ့ရဲ့ အစစ်အမှန် ကို... မမြင်နိုင် ကြဘူး ဆိုပြီး ပြန်ရယ် နေတာပဲ...”

လီယွမ် ဤသို့ သရုပ်ဆောင် လေလေ... ချီယန် က သူ့ကို ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ဟု... ခံစားရလေလေ ပင်။ သွေးဆူ လွယ်သော ဤ လူငယ်လေး သည်... သူ၏ အစစ်အမှန် စရိုက် ကို... အလွန်အမင်း ကောင်းမွန်စွာ ဖုံးကွယ် ထားနိုင်လွန်း သည်။

ကံကောင်း ထောက်မစွာ ဖြင့် ဤလူငယ်လေး မှာ... ကူသခင် မျိုးဆက် မှ ဖြစ်နေခြင်း ပင်။။

“အားလုံးပဲ...”

အဆက်မပြတ် ရန်စ ပြောဆို ပြီးနောက်... စင်မြင့် ပေါ်ရှိ လီယွမ် က အကြောင်းအရာ ကို... ရုတ်တရက် ပြောင်းလဲ လိုက်လေ၏။

“အမှန်တကယ် တော့... ကျွန်တော် တကယ် ပြောချင်တာ က... ဒီလို မာနကြီး တဲ့ စကားတွေ မဟုတ်ပါဘူး...”

“အဲဒီ စကားတွေ က... ကြာမြင့်စွာ ဖိနှိပ် ခံခဲ့ရတဲ့ ကျွန်တော်တို့ ကူလမ်းစဉ် ရဲ့... နာကြည်းချက် တွေကို ရူးသွပ်စွာ ပေါက်ကွဲ ထုတ်လိုက် တာပဲ ဖြစ်ပါတယ်...”

“ဒါဟာ ကူသခင် မျိုးဆက် အပေါ်... ကြိုတင် အစွဲအလမ်း ကြီးနေကြ တဲ့ သူတွေကို... ပုန်ကန် အာခံ လိုက်တာပါပဲ...”

“နောက်ထပ် ကျွန်တော် တကယ် ပြောချင်တဲ့ စကားတွေ ကတော့... ကျွန်တော့် ရင်ဘတ် ထဲက အစစ်အမှန် စကားတွေ ပါ...”

ရုတ်တရက် အခြေအနေ ပြောင်းလဲ သွားမှု က... ကျန်းဟူ မှ လူများစွာ ကို အငိုက်မိ သွားစေခဲ့သည်။

“ယနေ့ တွင်... ကျွန်တော် ဟာ အလယ်ပိုင်း လွင်ပြင် သူရဲကောင်း လေးယောက် ထဲက တစ်ဦးဖြစ်တဲ့... ချင်းချန် ကို ကူလမ်းစဉ် တွေနဲ့ အနိုင်ယူ နိုင်ခဲ့တာ က... ကူသခင် မျိုးဆက် တွေလည်း... အထွတ်အထိပ် ကို ရောက်နိုင်တယ် ဆိုတာကို... အားလုံး သိအောင် ပြသ လိုက်တာ ပါပဲ...”

“လူတွေက ကူလမ်းစဉ် ဟာ... ယုတ်မာပြီး မိစ္ဆာ ဆန်တယ်... အယူမှား ဂိုဏ်း တစ်ခုပဲ လို့ ပြောကြ ပေမဲ့... ဒီလောက ကြီးထဲမှာ တာအို အင်မော်တယ် အဖြစ် ပြောင်းလဲ ပြီး... ဟင်းလင်းပြင် ကို ခွဲဖြာ ထွက်သွား နိုင်တဲ့... လမ်းကြောင်း တွေနဲ့ နည်းလမ်း တွေ... မရေမတွက် နိုင်အောင် ရှိနေတယ် ဆိုတာကိုတော့... သူတို့ မသိကြဘူး...”

“လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင် တုန်းက... ကူအင်မော်တယ် က အကောင်းဆုံး သက်သေ ပဲ... ပြီးတော့ ဒီလောက ကြီးထဲမှာ ကူအင်မော်တယ် ဆိုတာ... သူ တစ်ယောက်တည်း သာလျှင် ထာဝရ ဖြစ်နေမှာ မဟုတ်ပါဘူး...”

“သိုင်း ပညာ ဆိုတာ ကျယ်ပြန့် နက်ရှိုင်း တယ်... ကိုယ့်ကိုယ်ကိုယ် သန်မာ အောင် လုပ်ပြီး... လက်နက် တွေ အားလုံးကို ထိန်းချုပ် တာက မဟာ တာအို ပဲ... ဒါပေမဲ့ ကူလမ်းစဉ် ကလည်း မဖြစ်နိုင်တာ မဟုတ်ဘူး... ပိုးမွှား တွေနဲ့ သားရဲ တွေကို ထိန်းချုပ် တယ်... ကောင်းကင် နဲ့ မြေကြီး ရဲ့... သိမ်မွေ့တဲ့ အရာတွေကို သိမြင် နားလည် ပြီး... သက်ရှိ သတ္တဝါ အားလုံး နဲ့ ဆက်သွယ် ကြတယ်...”

“သေးငယ်တဲ့ ကူကောင် လေးတွေ ထဲမှာ... အဆုံးမဲ့တဲ့ သက်စောင့် စွမ်းအင် တွေနဲ့ ခွန်အား တွေ ပါဝင် နေပြီး... လူတွေကို မျှော်လင့်ချက် ကင်းမဲ့ နေတဲ့ အခြေအနေ တွေ ကနေ... အသက်ရှင် သန်နိုင်အောင်... ဘေးဒုက္ခ တွေ ကနေ ရုန်းထွက် နိုင်အောင်... စွမ်းဆောင် ပေးနိုင်တယ်...”

“လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ တုန်းက... ကျွန်တော် ဟာ...”

“ကျန်းဟူ က လူတွေလို ပဲ... အသိအမှတ် ပြု မခံရဘဲ ရုန်းကန် ခဲ့ရပြီး... နတ်ဆိုး တွေရဲ့ အစာ ဖြစ်လုနီးပါး အထိ ဖြစ်ခဲ့ ရတယ်... သေးငယ်တဲ့ သွေးချီကူကောင် လေး တစ်ကောင် ကို စပြီး မွေးမြူ ခဲ့ရာ ကနေ... အခုဆိုရင် ကူလမ်းစဉ် နဲ့... သိုင်း အတားအဆီး တွေကို ဖောက်ထွက် နိုင်ခဲ့ပြီ... ကူလမ်းစဉ် က ကျွန်တော့်ကို ဘဝသစ် တစ်ခု ပေးခဲ့တာ ပဲ...”

လီယွမ် ၏ အသံမှာ စိတ်လှုပ်ရှား ဖွယ်ရာ ကောင်းပြီး... ပြင်းထန်သော ခံစားချက် များဖြင့် ပြည့်နှက် နေကာ... နားထောင် နေသူ များ၏ ရင်ထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက် သွားတော့သည်။

ဤစကား များက သာမန် ဘဝမှ စတင်ကာ... ကြီးပွား တိုးတက် လာခဲ့ ကြသော... ကျန်းဟူ သူရဲကောင်း များစွာ ကို အံ့အားသင့် သွားစေခဲ့ပြီး... ဤမျှ မာနကြီး သော သူ တစ်ယောက် တွင်... ဤကဲ့သို့ ခက်ခဲ ကြမ်းတမ်း သော အတိတ် တစ်ခု ရှိခဲ့ လိမ့်မည် ဟု... မည်သူ ကမျှ မမျှော်လင့် ထားခဲ့ ကြပါချေ။

လူတိုင်း သည် အတန်ငယ် တွေဝေ ငေးမော သွားကြ လေ၏။

ချီယန် နှင့် ယန်ဝူရုန် တို့ ပင်လျှင်... အံ့အားသင့် သွားကြ ရသည်။

ဤမျှ အသက်ဝင် လှသော အဖြစ်ဆိုး ကြီးကို... ပုံဖော် ပြောပြ နေခြင်းက... အစစ်အမှန် ခံစားချက် များကို ဖော်ထုတ် နေခြင်း လား... သို့မဟုတ် ရုတ်တရက် ဖန်တီး လိုက်သော... သရုပ်ဆောင် မှု တစ်ခု လား။

လီယွမ် သည် အချို့သော နယ်လှည့် ဇာတ်သဘင် အဖွဲ့ တစ်ခု မှ... နာမည်ကြီး သရုပ်ဆောင် တစ်ဦး အမှန်တကယ် ပင် ဖြစ်ရမည်ဟု... ချီယန် လုံးဝ ကို သံသယ ဝင်သွား မိတော့သည်။

သို့သော် လည်း ဤစကား များက... အကျိုး သက်ရောက် မှု အမှန်တကယ် ရှိခဲ့သည် မှာတော့... ယုံမှားဖွယ် မရှိပါချေ။

ဤသည်မှာ သူ အတိအကျ မြင်တွေ့ ချင်ခဲ့သော... မြင်ကွင်း ပင်။။

“မြန်မြန်... မြန်မြန် လုပ်စမ်း...”

ချီယန် က ယန်ဝူရုန် ကို တံတောင် ဖြင့် တွတ်လိုက်ပြီး…

“ဒီ အဖြစ်အပျက် တွေ အားလုံးကို သေချာ မှတ်တမ်း တင်ထား... ပြီးရင် အရိပ်ပြ ကူကောင် ကို သုံးပြီး ကျန်းဟူ တစ်ခွင်လုံး မှာ... ပြန်လည် ပြသ ပြီး အကြီးအကျယ် ကြေညာ လိုက်စမ်း...”

“ကူလမ်းစဉ် ရဲ့ လေပြင်း တွေ... တောင်ပိုင်း နယ်စပ် ကနေ တိုက်ခတ် ပြီး... လောက တစ်ခွင်လုံး ကို ပျံ့နှံ့ သွားပါစေ...”

အခြေအနေ မှာ အနက်ရှိုင်း ဆုံးသော အခိုက်အတန့် သို့... ရောက်ရှိ သွားချိန် တွင်... လီယွမ် က နောက်တစ်ကြိမ် ထပ်မံ စကား ဆိုလိုက် ပြန်၏။

“လူကြီးမင်းတို့... ဘဝ ဆိုတာ တိုတောင်း လွန်းပါတယ်... အကယ်၍ ကျွန်တော်တို့ သာ လမ်းကြောင်း တစ်ခုတည်း ရဲ့... ကျဉ်းမြောင်း တဲ့ အမြင် ထဲမှာပဲ ပိတ်လှောင် ခံထား ရမယ် ဆိုရင်... ကျင့်ကြံ ခြင်း အတွက် အဖိုးတန် တဲ့... အချိန် တွေကို ဖြုန်းတီး နေသလို ဖြစ်မနေ ဘူးလား...”

“ဘယ် လမ်းကြောင်း က မင်းတို့ အတွက် အသင့်တော် ဆုံး လဲ... လူကြီးမင်းတို့ တကယ် ပဲ... သေချာ စဉ်းစား ကြည့်ဖူး ကြရဲ့လား...”

“ဖြစ်နိုင်တာ က... ခင်ဗျားတို့ ဟာ သိုင်း ပညာ နဲ့ ပတ်သက် ပြီး... ဘာမှ မသိပေမဲ့... ကျွန်တော့်လို ပဲ ကူလမ်းစဉ် မှာတော့... ပါရမီရှင် တွေ ဖြစ်နေ နိုင်တယ် လေ...”

သူ စကားပြော ပြီးသည် နှင့် တစ်ပြိုင်နက်... လီယွမ် ၏ ကိုယ်ပေါ်ရှိ ဘူးသီးခြောက် ထဲမှ... ကူကောင် အမြောက်အမြား ပျံသန်း ထွက်လာ ကြ၏။

ဧရာမ ကူကောင် အုပ်ကြီး က... လီယွမ် ၏ ပတ်ဝန်းကျင် တွင် ကောင်းကင်ယံ မှ... ဆင်းသက် လာသော သက်တံ့ ကြီး တစ်ခု အလား... သူတို့၏ ဘုရင် ကို ဝန်းရံ လျက် ပျံသန်း နေကြတော့သည်။

ဤ မြင်ကွင်း က အလွန်အမင်း ခံစားမှု ပါဝင် ပြီး... ရင်သပ် ရှုမော ဖွယ် ကောင်းလှ ကာ... မရေမတွက် နိုင်သော သာမန် သိုင်းသမား များ၏ ရင်ထဲသို့... တိုက်ရိုက် ထိမှန် သွားစေ တော့သည်။

ဤစကား များသည် မျိုးစေ့ များ အလား... ကျန်းဟူ သိုင်းသမား များစွာ ၏ နှလုံးသား ထဲတွင်... တိတ်တဆိတ် အမြစ် တွယ် သွားကြ ပြီး... ကူလမ်းစဉ် အပေါ် ထားရှိ သော သူတို့၏ အစွဲအလမ်း များကို... စတင် တုန်လှုပ် သွားစေ ခဲ့ချေပြီ။

“နောက်ဆုံး အနေဖြင့်... ခင်ဗျားတို့ အားလုံးကို ကျွန်တော်.. စကား နည်းနည်း လောက်... လက်ဆောင် ပေးချင် ပါတယ်”

“ဒီ လောက ကြီးထဲမှာ... အရာရာ က ကိုယ် စိတ်ကူး ထားသလို... ဖြစ်လာ ခဲပါတယ်... တချို့ လူတွေ က စီးပွားရေး မှာ ရှုံးနိမ့် ကြတယ်... တချို့ က ပညာရေး မှာ ရုန်းကန် နေရတယ်... ပြီးတော့ တချို့ ကလည်း သိုင်း ပညာ ကို မသင်ယူ နိုင်ကြဘူး... ခင်ဗျား ဟာ အချိန် တစ်ခု အထိ တော့... ရှုံးနိမ့် သူ တစ်ယောက် ဖြစ်ချင် ဖြစ်နေ ပါလိမ့်မယ်... ဒါပေမဲ့ ထာဝရ ရှုံးနိမ့် သူ တစ်ယောက် တော့... လုံးဝ မဖြစ်နိုင် ပါဘူး...”

“လူတိုင်း မှာ သူတို့ ရဲ့ ကိုယ်ပိုင် ထူးခြား တဲ့... ပါရမီ တွေ ရှိကြ တာပဲ…

ဒီနေ့ ကျွန်တော်တို့ ရှုံးနိမ့် သွားတယ် ဆိုတာ က... ဘာအရေး ကြီးလို့လဲ”

“တစ်နေ့ ကျရင်... နေရောင်ခြည် တွေ လင်းလက် နေတဲ့... ကောင်းကင်ယံ ထဲကို မင်း ခြေချ လိုက်တဲ့ အခါ...”

“ဒီ လောက တစ်ခွင်လုံး မှာ... မင်းကို မသိတဲ့ သူဆိုတာ... ဘယ်သူ များ ရှိတော့ မှာလဲ...”

ထိုသို့ ပြောပြီးနောက် လီယွမ် သည်... လှည့်ကာ သိုင်း စင်မြင့်ပေါ်မှ ခုန်ချ သွားပြီး... လူတိုင်း ၏ ရှေ့မှောက် တွင်... အထီးကျန် ဆန်လှသော ပုံရိပ်လေး တစ်ခု ကိုသာ... ချန်ရစ် ထားခဲ့ လေတော့သည်။

ကျန်းဟူ သူရဲကောင်း များစွာ မှာ... ဆွံ့အ ငေးမော ကျန်ရစ် ခဲ့ကြ လေ၏။

ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက်... လူအုပ် ထဲမှ လူငယ်လေး တစ်ဦး က... ကျယ်လောင်စွာ အော်ဟစ် လိုက်၏။

“သိပ် ကောင်းတဲ့ စကား ပဲ... နေရောင်ခြည် တွေ လင်းလက် နေတဲ့... လမ်းမ ပေါ်ကို မင်း.. ခြေချ လိုက်တဲ့ နေ့ တစ်နေ့ ကျရင်... ဒီ လောက တစ်ခွင်လုံး မှာ... မင်းကို မသိတဲ့ သူဆိုတာ... ဘယ်သူ များ ရှိတော့ မှာလဲ... ငါက စွမ်းရည် မရှိတာ မဟုတ်ဘူး... ဒီ သိုင်း လမ်းကြောင်း က ငါနဲ့ မကိုက်ညီ တာပဲ ဖြစ်ရမယ်...”

“ငါ... ကူ... ကောင်... သန့်... စင်... ချင်... တယ်...”

ထို လူငယ်လေး သည် ယိုင်တိယိုင်တိုင် ဖြင့်... လူအုပ် ထဲမှ ထွက်လာ ပြီး... ဘိုးဘေးကြီး နှင့် အခြား သူများ ရှိရာသို့ ရောက်လာ ကာ... ဒူးထောက် ချလိုက် ပြီး... ခေါင်းကို ကြမ်းပြင် နှင့် အကြိမ်ကြိမ် ဆောင့်၍... အရိုအသေ ပေးလိုက် တော့သည်။

“စီနီယာ ကြီးများ ခင်ဗျာ... ကျေးဇူးပြု ပြီး ကျွန်တော့် ကို... ကူသခင် မျိုးဆက် ထဲကို ဝင်ခွင့် ပြုပါ ”

ထိုသို့ ပြောပြီးနောက် သူက ခေါင်းကို... အဆက်မပြတ် ဆောင့်ကာ အရိုအသေ ပေးနေ ပြန်၏။

ဘိုးဘေးကြီး ချီယန် ၏ မျက်နှာ ပေါ်တွင်... ထူးဆန်းသော အမူအရာ တစ်ခု ပေါ်လာ ပြီး... ယန်ဝူရုန် ထံသို့ ချက်ချင်း ပင်... အသံ လွှင့်လိုက် လေ၏။

“ဒါက... မင်း စီစဉ် ထားတာ လား... ဒါမှမဟုတ် တကယ် ပဲ... သွေးဆူနေတဲ့ အရူး လေး တစ်ယောက်... အလိမ် ခံလိုက် ရတာ လား...”

ယန်ဝူရုန် ၏ နှုတ်ခမ်း များက... တွန့်လိမ် သွားရတော့သည်။

“အဲဒါ... အစစ်... ဖြစ်ဖို့ များပါတယ်... ဟုတ်တယ် မလား...”

ထို အခိုက်အတန့် တွင်... သူတို့ နှစ်ဦး စလုံး ပင်... လာရောက် သူမှာ လီယွမ် ငှားရမ်း ထားသော... ဇာတ်ပို့ တစ်ဦး လား... သို့မဟုတ် အလိမ်ခံလိုက်ရ သော... အရူး တစ်ယောက် လား ဆိုသည် ကို... မခွဲခြားတတ်တော့ပါချေ။

သို့သော် လည်း ငြင်းဆန် ၍ မရနိုင် သည့်... အချက် တစ်ချက် ကတော့...

လီယွမ် ဟာ ပါရမီရှင် တစ်ယောက် ပင်။

သူဟာ ကူလမ်းစဉ် မှာ ပါရမီရှင်... ဖြစ်ရုံ သာမကဘဲ... သရုပ်ဆောင်သည့် နေရာ မှာလည်း... ထူးကဲသော ပါရမီ ကို... ပိုင်ဆိုင်ထားသေး၏။

Book 16 End.

All Chapters