← Chapters

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း (၃၁၀)

ကျေးဇူးမသိတဲ့လူ

“နေဦး”

ဝူတယ်ရွှန်း သူမကို လှမ်းတားသည်။

“ကျွန်တော့်ကို ဆဲမလို့ မဟုတ်ဘူးလား”

ဟွာကျွင်း ဝေခွဲမရဖြစ်သွား၏။

“ကျွန်မ ရှင့်ကို ဘာလို့ ဆဲရမှာလဲ”

“ကျွန်တော် ခင်ဗျား ဟင်းက မစားကောင်းဘူးလို့ ပြောတာလေ၊၊ အဲဒါ အရမ်းလွန်လွန်းတာကို ခင်ဗျား ကျွန်တော့်ကို တစ်ခွန်းမှတောင် မဆဲတော့ဘူးလား”

ဟွာကျွင်း: “လူတိုင်း အကြိုက်ချင်း မတူကြဘူးလေ။ ရှင့်အတွက် မစားကောင်းဘူးလို့ ခံစားရတာက သဘာဝကျပါတယ်”

ဝူတယ်ရွှန်း စိုးရိမ်စိတ်များ တိုးပွားလာ၏။

“မရဘူး။ ခင်ဗျား ဒီနေ့ ကျွန်တော့်ကို သေချာပေါက် ဆဲရမယ်”

ဘေးနားရှိ ဧည့်သည်များ စိတ်မရှည်ကြတော့ပေ။ ဤလူသည် အစတည်းက ရည်ရွယ်ချက်ရှိရှိ ပြဿနာလာရှာနေခြင်း ဖြစ်သည်မှာ သိသာလှသော်လည်း ဆိုင်ရှင်ဟွာ စိတ်ရှည်လက်ရှည်ဖြင့် အပြုံးမပျက် သည်းခံပေးထားခဲ့ခြင်း ဖြစ်သည်။

“ဟေး... ကျွန်တော် ပြောပါရစေ။ ခင်ဗျား တကယ့်ကို လူရမ်းကားပဲ၊၊ ဒီတုန်ပိုဝက်သားက ဒီလောက်အထိ အရသာရှိတာကို ခင်ဗျားက အပြစ်ရှာနေသေးတယ်။ အခွင့်အရေးရတိုင်း အတင်းအဓမ္မမလုပ်နဲ့”

“ကျွန်တော် ထင်တာတော့ သူ တမင်သက်သက် ပြဿနာလာရှာတာပဲ။ ဆိုင်ရှင်ဟွာ စိတ်ကောင်းရှိလို့ ခင်ဗျားကို အရေးမလုပ်တာကို ခင်ဗျားက အလျှော့မပေးဘူး။ အားလုံးပဲ သူ့ကို အပြင်ကို မောင်းထုတ်ကြစို့”

“ကောင်းတယ်။ မောင်းထုတ်ပစ်”

ဝူတယ်ရွှန်းတွင် တစ်စုံတစ်ရာသော လျှို့ဝှက်ချက် ရှိနေပုံရကြောင်း ဟွာကျွင်း ရိပ်မိလိုက်၏။ ဤလူက ကြည့်ရသည်မှာ ကြောက်တတ်ပုံရပြီး ပွင့်ပွင့်လင်းလင်း ရန်စရဲမည့် သတ္တိမျိုး ရှိပုံမရသဖြင့် သူမ အားလုံးကို အလျင်စလို မလုပ်ကြရန် တားမြစ်လိုက်သည်။

“ရှင်က ဘာလို့ ကျွန်မဆီကနေ အဆဲခံချင်နေရတာလဲဟင်”

ဟွာကျွင်း ဝူတယ်ရွှန်းကို မေးလိုက်သည်။

ဝူတယ်ရွှန်း၏ မျက်နှာမှာ စိုးရိမ်စိတ်ကြောင့် နီမြန်းနေ၏။ “ကျွန်တော် ပြောပြလို့မရဘူး။ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို တစ်ကြိမ်တော့ ဆဲပေးရမယ်”

ဟွာကျွင်း: “ရှင့်ကို ဘာလို့ ဆဲရမှာလဲဟင်”

ဝူတယ်ရွှန်း: “ကျွန်တော် ပြောလို့မရဘူး။ ကြိုက်တာနဲ့သာ ဆဲလိုက်ပါတော့…”

သူ တမင်ဟန်ဆောင်နေခြင်း မဟုတ်သည်ကို မြင်ရသည့်အခါ ဟွာကျွင်း စမ်းသပ်သည့်အနေဖြင့် စကားလုံးတစ်လုံးကို ပြောလိုက်သည်။

“အမှိုက်ကောင်”

ဝူတယ်ရွှန်း ခေါင်းခါပြ၏။

“အစားကြူးကောင်း”

ဝူတယ်ရွှန်း ခေါင်းခါပြနေဆဲ ဖြစ်သည်။

“ဒါဆိုရင် လူယုတ်မာ၊ အရှက်မရှိသရက်စေ့၊ နှာဘူး” ဟွာကျွင်း စကားလုံးများကို ဖြစ်သလိုသာ လွှတ်ပြောလိုက်တော့သည်။

ဝူတယ်ရွှန်း: “တစ်ခုမှ မဟုတ်ဘူး”

သူ တိတ်တဆိတ်ဖြင့် လက်ချောင်းလေးချောင်း ထောင်ပြကာ အချက်ပြလိုက်သည်။

“စာလုံးလေးလုံးလား”

ဝူတယ်ရွှန်း ခေါင်းကို အပြင်းအထန် ငြိမ့်ပြလိုက်၏။

“စာလုံးလေးလုံး ဟုတ်လား…”

ဟွာကျွင်း ခဏတာမျှ စဉ်းစားပြီးနောက် ပြော၏။ “ကိုးယိုးကားယားလား”

“မှားပါတယ်”

“လူထူလူအလား”

“မှားပါတယ်”

ဘေးနားရှိ ဧည့်သည်တစ်ဦး ဝင်ပြောသည်။ “ဉာဏ်ထိုင်းသူလား”

အခြားဧည့်သည်တစ်ဦးက ဝင်ပြော၏။

“မတော်တဲ့ငှက် စောစောပျံတာ လားဗျာ”

ဝူတယ်ရွှန်း: “တစ်ခုမှ မဟုတ်ဘူး။ အဲဒီ ညံ့ဖျင်းတာ တွေနဲ့ လုံးဝမပတ်သက်ဘူး”

ဟွာကျွင်း: “ဒါဆိုရင်... ‘အလွန်အမင်း မိုက်မဲသူ’၊ ‘ခေါင်းမာပြီး မာနကြီးသူ’ ၊ ‘ပေါက်ကရပြောသူ’ ၊ ဒါမှမဟုတ် ‘အကြောင်းမရှိ ပြဿနာရှာသူ’ လားဟင်”

ဝူတယ်ရွှန်း ချွေးများကို သုတ်လိုက်ရင်း ပြော၏။ “တစ်ခုမှ မဟုတ်ပါဘူး”

ဟွာကျွင်း: “ဒါဆိုရင်တော့ ကျွန်မလည်း အခြားအရာ မတွေးမိတော့ဘူး”

ဘေးနားရှိ ဧည့်သည်တစ်ဦး ထပ်မံ၍ ပြော၏။ “ကျွန်တော် ပြောမယ်။ ဆိုင်ရှင်ဟွာ ကျွန်တော့်ကို ပြောခွင့်ပြုပါ၊ ဉာဏ်နီဉာဏ်နက်များသူ၊ ဆင်ခြင်တုံတရားမဲ့သူ၊ အမြင်ကျဉ်းမြောင်းသူ၊ ခေါင်းမာပြီး အလျော့မပေးသူ”

အခြားဧည့်သည်တစ်ဦးက ဝင်ပြော၏။ “ခေါင်းမာပြီး အလျော့မပေးသူက ပြောပြီးသွားပြီဗျ၊ ကျွန်တော့်ကို ပြောခွင့်ပြု”

ဝူတယ်ရွှန်း: “နေဦး၊၊ အားလုံး ခဏလောက် စောင့်ကြပါ။ ဒါက ဆိုင်ရှင်ဟွာ ကိုယ်တိုင် ခန့်မှန်းရမှာ”

ဟွာကျွင်း ခေါင်းကိုက်သွားသည်။

“ကျွန်မ တစ်သက်လုံးမှာ ဒီလောက်အထိ ဆဲဆိုရမဲ့ စကားလုံးတွေကို မတွေးခဲ့ဖူးဘူး”

ဝူတယ်ရွှန်း တောင်းပန်တိုးလျှိုးသော လေသံဖြင့် ပြော၏။ “ကျေးဇူးပြုပြီးတော့ပါ ဆိုင်ရှင်ဟွာ။ နောက်ထပ် စကားလုံးအချို့ကို ထပ်ပြီး စဉ်းစားပေးပါဦး”

ဟွာကျွင်း သူမ၏ ဦးနှောက်ကို အသုံးချကာ ညှစ်ထုတ်စဉ်းစားလိုက်သည်။ “ဒါဆိုရင် ကျွန်မ ထပ်တွေးကြည့်ဦးမယ်နော်။ အကျိုးအကြောင်းမရှိသူ၊ ကိုယ်ကိုယ့်ကိုယ် အထင်ကြီးသူ၊ သူတစ်ပါးကိစ္စ ဝင်စွက်ဖက်သူ၊ ကျေးဇူးကန်းသူ”

ဝူတယ်ရွှန်း ခေါင်းခါပြနေသော်လည်း ဟွာကျွင်း ကျေးဇူးကန်းသူဟု ပြောလိုက်သည့် အချိန်တွင်မူ သူသည် မျှော်လင့်မထားဘဲ ခေါင်းငြိမ့်ပြလိုက်တော့သည်။

“ကျေးဇူးကန်းသူလားဟင်”

ဟွာကျွင်း ထပ်မံမေးလိုက်သည်။

ဝူတယ်ရွှန်း ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ရုတ်တရက် ခေါင်းခါပြပြန်သည်။ ကြည့်ရသည်မှာ အလွန်ပင် ဝေခွဲမရ ဖြစ်နေပုံရ၏။

ဟွာကျွင်း: “ရှင် ဆိုလိုတာက အနဲ့စတဲ့ စကားလုံးကို ဆိုလိုတာလားဟင်”

ဝူတယ်ရွှန်း ခေါင်းကို အပြင်းအထန် ငြိမ့်ပြလိုက်ရင်း အားပေးသော အပြုံးမျိုး ပြုံးလိုက်သည်။

“အော်၊၊ ဒါဆိုရင်တော့ ခန့်မှန်းရတာ ပိုလွယ်သွားပြီပေါ့။ အကျိုးအကြောင်းမရှိသူ၊ အရှက်ကွဲခံသူ၊ အရေးမလုပ်သူ၊ အသရေဖျက်သူ၊ အဆင်မပြေသူ၊ အငွေ့ပျံပျောက်ကွယ်သူ၊ တစ်ခုမှ မဟုတ်ဘူးလား၊၊ ဒါဆိုရင်တော့ ကျွန်မလည်း မသိတော့ဘူး”

ဟွာကျွင်း သူမ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ရင်း ပြော၏။

“ကျွန်မ ဆက်ပြီး မခန့်မှန်းတော့ဘူး။ ရှင်တို့ဘာသာပဲ ကစားကြတော့”

ဝူတယ်ရွှန်း သူမ အင်္ကျီလက်စကို ဆွဲကိုင်လိုက်သည်။ “ကျေးဇူးပြုပြီးတော့ပါ ဆိုင်ရှင်ဟွာ နောက်ထပ်တစ်ခုလောက်ပဲ ထပ်ပြီး ခန့်မှန်းပေးပါဦး။ ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်”

မော့ချွမ်း မီးဖိုချောင်ထဲကနေ ထွက်လာပြီး ဝူတယ်ရွှန်း ဟွာကျွင်းကို ဆွဲကိုင်လှုပ်ယမ်းနေသည်ကို ကွက်တိ မြင်တွေ့သွား၏။ သူ အလွန်အမင်း ဒေါသထွက်သွားပြီး အင်္ကျီလက်ကို လိပ်တင်ကာ အပြေးအလွှား ရောက်ရှိလာတော့သည်။ “ခင်ဗျားကတော့ အကျိုးအကြောင်း နားမလည်ဘူး။ တကယ်ကို ကျေးဇူးမသိတဲ့လူ”

ဟွာကျွင်း ဤစကားကို ကြားလိုက်ရသည့်အခါ သူမ နှလုံးသား ဝမ်းသာအားရဖြင့် ခုန်ပေါက်သွားပြီး သူမက လှည့်ကြည့်ကာ မေးလိုက်၏။

“ဒါက ကျေးဇူးမသိတဲ့လူဆိုတဲ့ စကားလုံးလား”

ဝူတယ်ရွှန်း အလွန်အမင်း ဝမ်းသာသွားသည်။ သူ ခေါင်းငြိမ့်ပြရင်း ဖြေ၏။

“မှန်ပါတယ် ခင်ဗျား မှန်အောင် ခန့်မှန်းနိုင်ခဲ့ပြီ၊၊ ဒါက အ…”

“ဒုန်း”

အသံကျယ်ကြီးနှင့်အတူ မော့ချွမ်း၏ လက်သီးချက်သည် ဝူတယ်ရွှန်း၏ မျက်နှာပေါ်သို့ ကွက်တိ ကျရောက်သွားပြီး သူ့ကို မြေပြင်ပေါ်သို့ တန်းတန်းမတ်မတ် လဲကျသွားစေတော့သည်။

မော့ချွမ်း ကိုယ်ကိုညွှတ်ကာ သူ့အင်္ကျီကော်လာကို ဆွဲကိုင်လျက် မြေပြင်ပေါ်ကနေ ဆွဲထူလိုက်ပြီးနောက် ထပ်မံထိုးနှက်ရန် ပြင်ဆင်လိုက်စဉ် ဟွာကျွင်းနှင့် ဆိုင်အတွင်းရှိ ဧည့်သည်များ သူ့ကို အလျင်အမြန် ပြန်ဆွဲခေါ်လိုက်ကြသည်။

“ရှင် ဘာလုပ်နေတာလဲ” ဟွာကျွင်း မေးလိုက်သည်။

မော့ချွမ်း: “သူက ခင်ဗျားကို ဆွဲလားရမ်းလားလုပ်နေတာလေ။ ကျွန်တော် ခင်ဗျားအတွက် သူ့ကို သင်ခန်းစာ ပေးနေတာ”

“အထင်လွဲတာ။ ဒါက အထင်လွဲတာပါ”

ဟွာကျွင်းက ပြောလိုက်သည်။

မော့ချွမ်း သူ့လက်ကို ရပ်ပြီး မေး၏။

“ဒါက ဘယ်လိုလုပ် အထင်လွဲတာ ဖြစ်နိုင်မှာလဲ”

ဟွာကျွင်း: “ကျွန်မတို့ စကားလုံး ခန့်မှန်းတမ်း ကစားနေကြတာလေ၊၊ ရှင် ဘာလို့ သူ့ကို ရုတ်တရက်ကြီး ထိုးပစ်ရတာလဲ”

ဟွာကျွင်း ဝူတယ်ရွှန်းကို အလျင်အမြန် မေးလိုက်၏။ “ရှင် အဆင်ပြေရဲ့လား”

ဝူတယ်ရွှန်းသည် မြေပြင်ပေါ်ကနေ ဖြည်းဖြည်းချင်း ထရပ်လိုက်ရာ သူ့နှုတ်ခမ်းထောင့်ကနေ သွေးများ စိမ့်ထွက်နေ၏။

‘သေချာတယ် သူ အတော်လေး ဒဏ်ရာရသွားပြီ’

ဟွာကျွင်း အလျင်အမြန်ပင် တောင်းပန်လိုက်၏။ “ကျွန်မ တောင်းပန်ပါတယ်။ ဒါ အထင်လွဲသွားတာပါ။ ကျွန်မတို့ဆိုင်က ဝန်ထမ်းက စိတ်ဆတ်လွန်းလို့ပါ။ ရှင့်ရဲ့ ဆေးကုသစရိတ်တွေကို ကျွန်မ တာဝန်ယူပေးပါ့မယ်”

ဝူတယ်ရွှန်း စကားမပြောချေ။ သူ ခေါင်းငုံ့လျက် ပါးစပ်အတွင်းကို စမ်းသပ်ကြည့်ပြီးနောက် သွားတစ်ချောင်းကို ဆွဲထုတ်လိုက်၏။

ထို့နောက် သွေးချင်းချင်းနီနေသော အပြုံးကြီးဖြင့် သူ အော်ဟစ်ရယ်မောလိုက်တော့သည်။

“ကျွန်တော့် သွားက ကောင်းသွားပြီ။ ကျွန်တော့် သွားက မကိုက်တော့ဘူး၊၊ ဟားဟားဟားဟား။ ကျွန်တော့် သွားက မကိုက်တော့ဘူးဟေ့။ ရွှမ်ကျီဇီ လျှို့ဝှက်ချက်ကို ထိုးထွင်းသိမြင်တာပဲ”

ဟွာကျွင်းနှင့် မော့ချွမ်းတို့ တစ်ဦးကိုတစ်ဦး အပြန်အလှန် စိုက်ကြည့်လိုက်ကြသည်။

မော့ချွမ်း: “ဟေး ကျွန်တော် ဒါကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး”

သူ ရှေ့သို့ လှမ်းတက်လိုက်ရင်း ဝူတယ်ရွှန်း၏အနားသို့ တိုးကပ်သွား၏။

“ဘာရွှမ်ကျီဇီလဲ။ ဘာလျှို့ဝှက်ချက်လဲ။ ခင်ဗျား ကျွန်တော်နဲ့ လာပြီး ပြဇာတ်ကနေတာလား။ ကျွန်တော် ခင်ဗျားကို ကြက်နာတစ်ကောင်ဖြစ်အောင် ရိုက်နှက်ပြီးတော့မှ ထုပ်ပိုးပြီး ရွှမ်ကျီဇီဆီ ပို့ပေးလိုက်ရမလား။ ခင်ဗျားတို့နှစ်ယောက် ဘာတွေ လျှောက်လုပ်နေကြလဲဆိုတာ ကျွန်တော် သိချင်နေပြီ”

ဝူတယ်ရွှန်း ထိတ်လန့်တုန်ရင်သွား၏။ သူ လက်ကို ဆန့်ထုတ်ကာ မော့ချွမ်း၏ ရင်ဘတ်ကို ထိတွေ့လိုက်ရင်း ပြော၏။ “ညီလေး စိတ်အေးအေးထားပါ။ ကျေးဇူးပြုပြီး ကျွန်တော့် ရှင်းလင်းချက်ကို နားထောင်ပေးပါဦး”

သို့သော်လည်း သူ့လက်တွင် သွေးများ ပေကျံ နေသည်ဆိုသောအချက်ကို သူ လုံးဝ မေ့လျော့နေသည်။

မော့ချွမ်း ငုံ့ကြည့်လိုက်သည့်အခါ သူ့ရင်ဘတ်ပေါ်တွင် ဝူတယ်ရွှန်း သုတ်လိုက်သော သွေးကွက်ကြီး ပေကျံနေသည်ကို မြင်တွေ့လိုက်၏။ သူ အလွန်အမင်း ဒေါသထွက်သွားသဖြင့် သူ့ခေါင်းပေါ်ကနေ မီးခိုးများပင် ထွက်လာတော့မည့်အတိုင်း ဖြစ်နေရပြီး အံကြိတ်လိုက်မိသဖြင့် သွားချင်း ကြိတ်ချေသံများ ထွက်ပေါ်လာ၏။ “ခင်ဗျား... ကတော့... သေပြီ”

“မြန်မြန် သူ့ကို ပြန်ဆွဲထားကြပါ”

ဟွာကျွင်း အော်ဟစ်လိုက်ပြီး ဘေးနားရှိ အမျိုးသားဧည့်သည်များ အားလုံး ရှေ့သို့ အပြေးအလွှား လာရောက်ကြပြီး မော့ချွမ်းကို ဖက်ကာ ဝိုင်းဝန်းဖျန်ဖြေပေးကြတော့သည်။

“ညီအစ်ကိုမော့ချွမ်း ဒေါသမထွက်ပါနဲ့။ အေးအေးဆေးဆေး စကားပြောကြတာပေါ့”

ဟွာကျွင်း ပြော၏။

“မော့ချွမ်း ဒါက အင်္ကျီတစ်ထည်တည်းတင်ပါ။ လျှော်လိုက်ရင် ပျောက်သွားမှာပါ”

မော့ချွမ်း သန်မာသော အမျိုးသား ခုနစ်ယောက်၊ ရှစ်ယောက်ခန့်၏ ဖက်တွယ်ခြင်းကို ခံထားရသဖြင့် လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

“ကောင်းပြီ၊ ကျွန်တော် သူ့ကို ထပ်မရိုက်တော့ဘူး”

သူ ဧည့်သည်များ၏ လက်ထဲကနေ ရုန်းထွက်လိုက်ပြီး ဝူတယ်ရွှန်းကို ကြည့်ကာ မေး၏။

“ဒါပေမဲ့ ခင်ဗျား သေသေချာချာနဲ့ ရိုးရိုးသားသားဖြေ။ ရွှမ်ကျီဇီဆိုတာ ဘာလဲ”

ဝူတယ်ရွှန်း အလျင်အမြန်ပင် ပြောပြ၏။

“ရွှမ်ကျီဇီက ပစ္စည်းတစ်ခု မဟုတ်ပါဘူး။ သူက မြို့ထဲမှာ ဆိုင်ခန်းအသေးလေးတစ်ခု ဖွင့်ထားတဲ့ တာအိုဆရာတစ်ပါးပါ”

ဟွာကျွင်း: “ရှင် အခုပြောလိုက်တာကို ကြည့်ရသလောက်တော့... သူ ရှင့်ကို ဒီနေရာကို လာခိုင်းတာလား”

ဝူတယ်ရွှန်း ခေါင်းငြိမ့်ပြသည်။

‘ကျွန်တော် ဒီရက်ပိုင်းအတွင်းမှာ အရမ်းကံဆိုးနေခဲ့တာ။ ရွှမ်ကျီဇီက ခင်ဗျားတို့နေရာက ကံကောင်းခြင်းတွေ ပြည့်နှက်နေတဲ့ အောင်မြေတစ်ခုတဲ့။ ဆိုင်ရှင်ဟွာလည်း ကံကောင်းခြင်းတွေ အပြည့်ရှိတဲ့လူ ဖြစ်တယ်လို့ ပြောတယ်၊၊ အဲဒါကြောင့် မကောင်းတဲ့ ဝိညာဉ်တွေကို နှင်ထုတ်ဖို့အတွက် ကျွန်တော့်ကို ဒီကို လာခိုင်းတာပါ”

ဟွာကျွင်း ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

“ကျွန်မ မကောင်းတဲ့ ဝိညာဉ်တွေကို ဘယ်လိုလုပ် နှင်ထုတ်တတ်မှာလဲ။ ရှင် လိမ်ခံလိုက်ရတာ မဟုတ်ဘူးလား”

ဝူတယ်ရွှန်း:

“ခင်ဗျား ဘာမှလုပ်ဖို့ မလိုပါဘူး။ ခင်ဗျား ကျွန်တော့်ကို တစ်ကြိမ်လောက် ဆဲလိုက်ရုံနဲ့တင် ကျွန်တော့်ဆီက မကောင်းတဲ့ ဝိညာဉ်တွေက ကင်းစင်သွားလိမ့်မယ်”

မော့ချွမ်း: “ဒါက တကယ့်ကို ရယ်စရာကောင်းလွန်းတယ်။ လူတိုင်းကသာ အဲလိုမျိုး လာလုပ်ကြမယ်ဆိုရင် ကျွန်တော်တို့ စီးပွားရေးကို ဘယ်လိုလုပ် ဆက်လုပ်လို့ ဖြစ်တော့မှာလဲ။ အဲဒီ တာအိုဆရာ အပုပ်ကောင် ဘယ်မှာရှိလဲဆိုတာ ကျွန်တော့်ကို ပြောစမ်းပါ။ ဟွာကျွင်း ခင်ဗျားအတွက် မကောင်းတဲ့ ဝိညာဉ်တွေကို နှင်ထုတ်ပေးရမယ်လို့ သူ ဘယ်လိုနည်းနဲ့ တွက်ချက်လိုက်တာလဲဆိုတာ ကျွန်တော် ကိုယ်တိုင် သွားမေးလိုက်ဦးမယ်”

ဝူတယ်ရွှန်း နေရာကို ထစ်ငေါ့စွာ ပြောပြ၏။ မော့ချွမ်း သူ့အင်္ကျီလက်စကို ဆွဲယူကာ ရင်ဘတ်ပေါ်ရှိ သွေးကွက်များကို သုတ်လိုက်ရင်း ဟွာကျွင်းကို ကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော် အဲဒီ တာအိုဆရာကို သွားရှာလိုက်ဦးမယ်”

ဟွာကျွင်း သက်ပြင်းချလိုက်မိ၏။

“ဘယ်သူ့ကိုမှ သွားမရိုက်နဲ့ဦးနော်”

All Chapters