ဂိုဏ်းတူညီမလေးအတွက် မျှတသော ယှဉ်ပြိုင်မှု
Vol. 6-10 Ch. 120
အခန်း (၁၂၀) : ဂိုဏ်းတူညီမလေးအတွက် မျှတသော ယှဉ်ပြိုင်မှု
သူတော်စင်တောင် အပြင်ဘက်ရှိ ဂိုဏ်းသားများ၏ စိတ်အားထက်သန်နေမှုကြောင့် မခံမရပ်နိုင် ဖြစ်နေသည့် ဖန်ချန်းကို မကြည့်ခင် ရှန်ထျန်းတစ်ယောက် ချွေးစေးတွေ ပြန်လာမိသည်။
သူက မဟာယနအဆင့်ထိ ရောက်အောင် ကျင့်ကြံပြီးတော့ ဘဝကို အေးအေးဆေးဆေးလေး လူမသိသူမသိ သိုသိုသိပ်သိပ်လေးပဲ နေချင်တာပါ
ဒါပေမဲ့ လူတွေက ဘာလို့ ပြဿနာလာရှာနေရတာလဲ။ ငါ့ရဲ့ ခေါင်းပေါ်က ရောင်ဝါစက်ဝန်းကလည်း အစိမ်းရောင် ပြောင်းနေပြီလေ
ဆရာလည်း တပည့်အကြောင်းကို ကြွားတဲ့အခါ အပိုပြောတာလေးကို နည်းနည်းလောက် လျှော့ပေးနိုင်မလားဟင်
ကျွန်တော်က ပြိုင်ဘက်ကင်း ဓမ္မအုတ်မြစ်ကို တည်ဆောက်ပြီးတော့ အထွတ်အမြတ်မြေကို ကြီးပွားချမ်းသာအောင် လုပ်ပေးမဲ့ စံပြလူငယ်လေး ဟုတ်လား
ကျွန်တော်က စံထားလောက်တဲ့သူ ဖြစ်လာပြီး အထွတ်အမြတ်မြေကို ကောင်းကင်ခုံရုံးအဖြစ် အဆင့်မြင့်ပေးဖို့ပဲ မျှော်လင့်လိုက်ပါတော့လား ...
ကျွန်တော် အခု ဘာလုပ်သင့်တာလဲ …
ရှန်ထျန်းက လူတွေ အားလုံးကို ကြည့်ရင်း သူ့တည်ရှိမှုကို လျှော့ချနိုင်မည့် နည်းလမ်းကို အသည်းအသန် စဉ်းစားနေသည်။
ဂိုဏ်းချုပ်က သူ့အရည်အချင်းက ပြိုင်ဘက်ကင်း ဖြစ်ကြောင်း ပြောလိုက်တော့ တစ်ယောက်ယောက်က သူ့ကို လာပြီး စိန်ခေါ်ရင် ဘယ်လိုလုပ်မလဲ
‘ရှားပါးတဲ့ ပြိုင်ဘက်ကင်း သူတော်စင်’ ဖြစ်တဲ့သူသာ အရင်ဆုံး လှုပ်ရှားလိုက်ရင် တခြား ပါရမီရှင်တွေ တိုက်ခိုက်တာကို အလွယ်လေး မခံရနိုင်ဘူးလား
ဟုတ်ပြီ … အရင်ဆုံး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ရှိနေတဲ့ ဂိုဏ်းသားတွေရဲ့ စွမ်းအားကို အရင်ဆုံး တိုးမြှင့်ပေးရမယ်။ ဒါဆိုရင် ရှေ့လျှောက် ငါ အန္တရာယ်နဲ့ ကြုံတွေ့တာဖြစ်ဖြစ်၊ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့တာဖြစ်ဖြစ် ငါ့အစား ရင်ဆိုင်ပေးဖို့ သူတို့ကို လွှတ်လို့ရတယ်
ဘာ… ငါ့ကို စိန်ခေါ်ချင်တယ် ဟုတ်လား
အရင်ဆုံး ငါ့ကို ရှုံးနိမ့်ခဲ့တဲ့ ဖန်ချန်းနဲ့ တိုက်ခိုက်ကြည့်လိုက်ပါဦး။ မင်းက ဖန်ချန်းကိုတောင် နိုင်အောင်မတိုက်နိုင်ရင် ငါ့ကို စိန်ခေါ်ဖို့ အရည်အချင်း မပြည့်မှီဘူးကွ
ဖန်ချန်းနဲ့ တစ်ခြားသူတွေရဲ့ စွမ်းအားကို သေချာပေါက် မြှင့်တင်ပေးရမယ်။ တကယ်လို့ စိန်ခေါ်တဲ့သူက ဖန်ချန်းကို အနိုင်ရသွားပြီးတော့ သူတော်စင်ကို စိန်ခေါ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ
ထိုနေရာအထိသာ စဉ်းစားပြီးနောက် ရှန်ထျန်းက ကာကွယ်ရေး အစီအရင် အပြင်ဘက်သို့ ထွက်လာကာ ဂိုဏ်းချုပ်ကို ထပ်မံအရိုအသေပေးရင်း ပြောလိုက်သည်
“ ဆရာ…”
ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ထျန်းအာ မင်းက ငါတို့ဂိုဏ်းအတွက် မိုးကြိုးဖောက်ခွဲရေးအဆောင် လုပ်တဲ့နေရာမှာ အများကြီး အကူအညီ ပေးထားတယ်။ မင်းမှာ ပြောချင်တာ တစ်ခုခုများ မရှိဘူးလား”
ရှန်ထျန်းက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်
“ ဆရာ….ကျွန်တော် တကယ်လည်း တောင်းဆိုစရာတစ်ခု ရှိတယ်။ ဆရာလည်း သဘောတူမယ်လို့ မျှော်လင့်ပါတယ်”
မိုးကြိုးအရှိန်အဝါ လွှမ်းခြုံထားသော ဂိုဏ်းချုပ်က ပြောလိုက်သည်
“ ပေါ့ပေါ့ပါးပါး ပြောပါ။ မင်းရဲ့ တောင်းဆိုချက်ကို သဘောတူပါတယ်”
ရှန်ထျန်း၏ တောင်းဆိုချက်ကိုပင် မကြားရသေးဘဲ ဂိုဏ်းချုပ်က သူ၏ သဘောတူညီမှုကို ထုတ်ဖော်ပြသနေသည်။
မျက်နှာသာပေးသော အခြေအနေကို ကြည့်ပြီး ဖန်ချန်း စိတ်ဓာတ်ကျနေမိသည်။
ဘာလို့လဲ…ငါလည်း ကျင့်ကြံတဲ့နေရာမှာ ကြိုးစားနေတာပဲလေ ဒါပေမဲ့ ဆရာက ငါ့ကို ဘယ်တော့မှ စိတ်တိုင်းမကျဘူး
ဒီသူတော်စင်အသစ်ကတော့ အထွတ်အမြတ်မြေကို ရောက်ရောက်ချင်း ဆရာ ချစ်မြတ်နိုးတာကို အများကြီး ခံယူနေရတယ်
ဒီကောင်လေးက ခံ့ညားပြီး ကြည့်ကောင်းလို့လား…..သည်းခံတတ်ပြီးတော့ ပြိုင်ဘက်ကင်းတဲ့ ချောမောမှု ရှိလို့လား
တရားမျှတမှု မရှိဘူး
ထိုအခိုက်အတန့်ကို ဖန်ချန်း အားကျနေမိသည်။ သူက ရှန်ထျန်းကို အေးစက်စက် အပြုံးဖြင့် စိုက်ကြည့်ကာ သူတော်စင်အသစ်က ဘာများတောင်းဆိုမလဲ ဆိုပြီး စောင့်စားနေလိုက်သည်။
အကုန်လုံး၏ အာရုံစိုက်မှုအောက်တွင် ရှန်ထျန်း ပြောလိုက်သည်
“ ဆရာ ကျွန်တော်တို့ဂိုဏ်း ကျယ်ပြန့်ပြီး သန်မာလာဖို့အတွက် ဘယ်အရာက အရေးကြီးဆုံးလို့ ဆရာ ထင်လဲ”
ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်
“ ကျင့်ကြံရေးမှာ… ကျင့်ကြံနည်း ကျင့်စဉ်၊ တာအို လက်တွဲဖော်၊ ပိုက်ဆံ နဲ့ နေရာတွေ လိုအပ်တယ်။ အဲဒီအထဲမှာမှ ကျင့်ကြံဆင့်က အရေးအကြီးဆုံးပဲ”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ကျွန်တော်တို့ဂိုဏ်းရဲ့ ဆက်တိုက် အားနည်းလာမှုက တားမြစ်ကျင့်စဉ်ကို ဆုံးရှုံးသွားလို့ပဲ။
မိုးကြိုးတော်ဝင်ကျမ်းရဲ့ နောက်ဆုံးအခန်းဆက် ပျောက်သွားတော့ ကျွန်တော်တို့ဂိုဏ်းရဲ့ ပါရမီရှင်တွေက မိုးကြိုးပညာရပ်မှာ အမြင့်ဆုံးအဆင့်ကို မရောက်ရှိနိုင်တော့ဘူး။ အဲဒါကြောင့် ရွှေအမြုတေ သန့်စင်ခြင်း ကိုးဆင့်မြောက်ကို ဖြတ်ကျော်နိုင်မဲ့သူတွေက ရှစ်ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းမှာပဲ ရပ်တန့်နေရတယ်လေ။
သူတော်စင်နယ်ပယ်အဆင့်ကို တက်လှမ်းပြီး ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေနိုင်ဖို့ အခွင့်အရေးရှိတဲ့ ကောင်းကင်အသျှင်တွေကလည်း အတိဒုက္ခစမ်းသပ်ချက် ဖြတ်ကျော်တုန်း အသက်ဆုံးရှုံးသွားကြရတယ်။ အခု မိုးကြိုးတော်ဝင်ကျမ်းရဲ့ တားမြစ်အခန်းဆက်လည်း ပြန်ရလာပြီဆိုတော့ အဲဒီကျင့်စဉ်ရဲ့ အသုံးဝင်မှုကို အပြည့်အဝ ဖော်ထုတ် ပြောကြားဖို့အတွက် ဆရာကို တောင်းဆိုပါတယ်”
ရှန်ထျန်း၏ စကားမဆုံးခင် ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ တုန်ခါလာရသည်
“ မင်း ဘာတွေပြောနေတယ်ဆိုတာကိုရော သိရဲ့လား။ ကပ်ဘေးတဖန်လို့ အမည်ရတဲ့ မိုးကြိုးတော်ဝင်ကျမ်းရဲ့ တားမြစ်အခန်းကို သူတော်စင်နဲ့ သူတော်စင်မတွေပဲ ကျင့်ကြံဖို့ အရည်အချင်း ရှိတယ်။
ဒါက ငါတို့ရဲ့ ဘိုးဘေးတွေ သတ်မှတ်ထားတဲ့ စည်းမျဉ်းပဲ။ ဒါဆို မင်း ဆိုလိုချင်တာက ငါက စည်းမျဉ်းကို ချိုးဖောက်ပြီးတော့ တားမြစ်ပညာရပ်ကို ဖြန့်ပေးရမှာလား”
ရှန်ထျန်းက ဆက်ပြီး ပြောပြလိုက်သည်
“ ဖြန့်တာမျိုး မဟုတ်ဘဲနဲ့ အရည်အချင်းရှိပြီး စွမ်းအားကြီးတဲ့သူတွေကို ရွေးပြီး ကျင့်ကြံခွင့် ပေးစေချင်ပါတယ်။
ဆရာ… ကျွန်တော်တို့ဂိုဏ်းရဲ့ စိတ်ဝိညာဉ်တောင် ၃၆ လုံးထဲမှာ သူတို့ အသက်ရှည်ဖို့အတွက် စိတ်ဝိညာဉ်တောင်တွေပေါ် မှီခိုရတဲ့ အကြီးအကဲတွေ မနည်းလှပါဘူး။ စိတ်ဝိညာဉ်တောင်ရဲ့ ချီစွမ်းအားက အသက်ကြီးတာကို နှေးသွားစေပေမဲ့ ဒါက ယာယီ ဖြေရှင်းနည်းတစ်ခုပဲလေ။
အဲဒီအကြီးအကဲတွေက သူတို့ဘဝတစ်လျှောက်လုံး အထွတ်အမြတ်မြေအတွက် အကူအညီတွေ အများကြီး ပေးခဲ့တာ။ ပြီးတော့ သူတို့က ဂိုဏ်းအတွင်းမှာရှိတဲ့ သစ္စာအရှိဆုံး အကြီးအကဲတွေပဲလေ။ အဲဒါကြောင့် သူတို့ကို မိုးကြိုးတော်ဝင်ကျမ်းရဲ့ တားမြစ်အခန်းဆက်ကို ကျင့်ကြံခိုင်းလိုက်ရင် သူတို့ သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ။
ဒါဆိုရင် သူတို့လည်း သက်တမ်း ရှည်ပြီးတော့ ကျွန်တော်တို့ရဲ့ ဂိုဏ်းကို နှစ်ထောင်ပေါင်းများစွာ ကာကွယ်နိုင်မယ်လေ။ ကျွန်တော်တို့ဂိုဏ်းရဲ့ အင်အားလည်း ကြီးလာတယ်လို့ ပြောလို့ ရတာပေါ့။
ဂိုဏ်းတူအစ်ကိုကြီးဖန်နဲ့ ဂိုဏ်းတူအစ်ကိုကြီး ယွင်ထင်လိုမျိုး အကြောင်းအမျိုးမျိုးကြောင့် သူတော်စင် ဖြစ်မလာတဲ့ လူတော်တွေလည်း ရှိသေးတယ်လေ။
သူတို့သာ ကျွန်တော်နဲ့ ကာလတူတစ်ခုအတွင်း မမွေးဖွားခဲ့ရင် သူတို့ဆီမှာလည်း ကျွန်တော်တို့ဂိုဏ်းရဲ့ သူတော်စင် ဖြစ်လာနိုင်တဲ့ အရည်အချင်းတွေ အပြည့်အဝ ရှိတာပဲ။
သူတို့သာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ချမှတ်ထားတဲ့ စည်းမျဉ်းကြောင့် ကျွန်တော်တို့ဂိုဏ်းရဲ့ အထွတ်အထိပ် ကျင့်စဉ်ပညာရပ်ကို ကျင့်ကြံဖို့ မဖြစ်နိုင်ဘူးဆိုရင် သူတို့ရဲ့ အမြင့်ဆုံး ရောက်နိုင်တဲ့ စွမ်းရည်ကို ရပ်တန့်ပစ်လိုက်တာနဲ့ အတူတူပဲ ဖြစ်မနေဘူးလား။
အပေါက်သေးသေးလေး ရှိရင်တောင် သင်္ဘောက မြုပ်တာပဲလေ။ သူတို့ ထာဝရဧကရာဇ်တစ်ပါး ဖြစ်လာဖို့အတွက် ဒီတစ်ချက်လေးပဲ လိုတော့တာလည်း ဖြစ်နိုင်တယ်လေ။
အဲဒါကြောင့် ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေရဲ့ စည်းမျဉ်းက ကျွန်တော်တို့ အထွတ်အမြတ်မြေရဲ့ လက်ရှိအခြေအနေနဲ့ မသင့်တော့်ဘူးလို့ ထင်မိတယ်။
ခြွင်းချက်အနေနဲ့ သတ်မှတ်ပေးပြီးတော့ တခြားသူတွေကိုလည်း ကျင့်ကြံလို့ ရအောင် ခွင့်ပြုပေးပါလို့ ဆရာကို တောင်းဆိုပါရစေ။ စည်းမျဉ်းတွေကို မလိုက်နာလို့ အပြစ်ပေးခံရမယ်ဆိုရင် ကျွန်တော် သူတော်စင်ရာထူးကနေ ဆင်းပေးလို့ ရပါတယ်”
ရှန်ထျန်း ပြောတာတွေကို နားထောင်ပြီးနောက် ဂိုဏ်းချုပ်က ပြန်ဖြေလိုက်သည်
“ ထျန်းအာ…ဒီတောင်းဆိုချက်က မင်းအတွက် လုံးဝ အကျိုးအမြတ် မရှိဘူးဆိုတာကိုရော မင်း သိရဲ့လား”
အထွတ်အမြတ်မြေတွင် အထွတ်အထိပ်အဆင့် တားမြစ်ပညာရပ်ကို ကျင့်ကြံဖို့အတွက် သူတော်စင်မှလွဲပြီး တစ်ခြားသူတွေကို ခွင့်ပြုထားခြင်း မရှိပေ။ သူတော်စင် ကျင့်ကြံထားသော ကျင့်စဉ်ဖြင့် ရွယ်တူတွေကို စိုးမိုးခြယ်လှယ်နိုင်ပါက သူက ထိုသူတွေထဲမှာ အထူးချွန်ဆုံးသူ ဖြစ်လာလိမ့်မည်။ ထိုအခါ အထွတ်အမြတ်မြေရှိ တခြားဂိုဏ်းသားတွေကလည်း သူ့ကို စိတ်နှလုံးသားတစ်ခုလုံးဖြင့် လေးစားလိုက်နာကြလိမ့်မည်။
လူတိုင်းရဲ့ ကျင့်စဉ်က တူသွားပြီးတော့ တခြားတပည့်တွေက ပိုကံကောင်းသွားပြီး သူတော်စင်ကို အနိုင်ယူကြရင် ဘယ်လိုလုပ်မလဲ
ဒါဆိုရင် နှစ်၁၀၀အတွင်း သူတော်စင်ရဲ့ ရာထူးနဲ့ ပြောဆိုခွင့်ကိုလည်း ခြိမ်းခြောက်ပြီးသား ဖြစ်သွားလိမ့်မယ်
ရှန်ထျန်းရဲ့ အကြံနဲ့သာဆိုရင် အထွတ်အမြတ်မြေရဲ့ အင်အားက အချိန်အတိုအတွင်း ကြီးမားလာမှာဆိုပေမဲ့ သူ့အတွက်တော့ ဆိုးကျိုးတွေပဲ ရှိတယ်
ထိုအချိန်တွင် လူတိုင်း၏ အာရုံက ရှန်ထျန်းဆီမှာသာ စုနေပြီး သူတို့အကြည့်ထဲ၌ အံ့အားသင့်မှု၊ နားမလည်နိုင်မှုတို့နှင့် ပြည့်နှက်နေသည်။
ရှန်ထျန်းက ခဏလောက် တွေးကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်
“ ကျွန်တော်က နောက်လိုက်ဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ဖြစ် ကိစ္စမရှိပေမဲ့ ဖြစ်နိုင်ရင်တော့ အထွတ်အမြတ်မြေကသူတွေ အကုန်လုံးကို ခေါင်းဆောင်တွေပဲ ဖြစ်ပြီးတော့ သူတို့ရဲ့ ကျင့်ကြံရေးလမ်းစဉ်မှာ အောင်မြင်စေချင်တယ်။
တားမြစ်ပညာရပ်ကို ကျင့်ကြံပြီးသွားလို့ ဂိုဏ်းတူအစ်ကိုကြီးဖန်က ကျင့်ကြံဆင့် တက်လာပြီး အဆင့်တူတွေထက် ပိုပြီးတော့ စွမ်းအားကြီးလာမယ်ဆိုရင် ကျွန်တော်အနေနဲ့ သူတော်စင်ရာထူးကို သူ့ဆီကို လွှဲပေးဖို့ ဆန္ဒရှိပါတယ်။ လုံးဝ နောင်တမရပါဘူး”
ရှန်ထျန်းက သူတော်စင်တောင်ပေါ်မှာ ဂုဏ်ယူစွာဖြင့် ပြောလိုက်ပြီး စကားလုံးတိုင်းက ဩဇာအာဏာဖြင့် ပြည့်စုံနေသည်။
ထိုအချိန်တွင် ချင်ယွင်တိက ကြောင်အနေပြီး ကျန်းယွင်ထင်က ဘာစကားမှ မပြောနိုင်တော့ပေ။ ဖန်ချန်းကတော့ အံ့အားအသင့်ဆုံး ဖြစ်နေသည်။
သူတော်စင်တောင်ဝန်းကျင်ရှိ တပည့်အားလုံးကလည်း အံ့အားသင့်သွားတာကြောင့် ရှန်ထျန်းကို တောက်တောက်ပပ မျက်လုံးများဖြင့် ကြည့်နေကြသည်။
သူ့တိုကို အရှက်ရစေသော အလင်းရောင်က ရှန်ထျန်းကို လွှမ်းခြုံထားသလိုမျိုး သူတို့ ခံစားနေရသည်။
ချင်ယွင်တိ၏ မျက်နှာမှာ လေးစားမှုအပြည့် ထင်ဟပ်နေပြီး ကျန်းယွင်ထင်က ရှန်ထျန်းကို ဂုဏ်ယူမှုအပြည့်ဖြင့် ကြည့်နေသည်။
ဖန်ချန်းကတော့ ဘာမှမတွေးတောနိုင်ဖြစ်နေသည်။
ဖန်ချန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ ရောက်ရှိလာကတည်းက ပြိုင်ဘက်ကင်း အရည်အချင်းမျိုး ရှိတာကြောင့် လူအနည်းငယ်ကိုသာ သူ လေးစားသည်။
သူ လေးစားသောသူများမှာ ဆရာဖြစ်သူ ဂိုဏ်းချုပ်နှင့် ဆရာဦးလေး ကြာပြာတို့ပင် ဖြစ်သည်။ သူတို့မှလွဲ၍ တခြားလေးစားရသူ မရှိတော့ပေ။
သို့သော် ဒီနေ့တော့ သူတော်စင်တောင်ပေါ်ရှိ ထိုပုံရိပ်က သူ့စိတ်ထဲ စွဲသွားလေသည်။
ဖန်ချန်း၏ စိတ်ထဲတွင် အတွေးတွေက ပင်လယ်ပြင်ရှိ လှိုင်းလုံးတွေလိုမျိုး ခက်ထန်နေသည်။
သူက ငါ့ကို မိုးကြိုးတော်ဝင်ကျမ်းထဲက တားမြစ်ပညာရပ် ကျင့်ကြံခွင့်ပြုပေးဖို့ ဆရာကို အကြံပေးနေတာ….ငါက ကျင့်ကြံဆင့် မြင့်တက်လာပြီးနောက် သူ့ရာထူးကို ခြိမ်းခြောက်မှာကို မစိုးရိမ်ဘူးတဲ့လား
ငါက ကျင့်ကြံပြီးလို့ သူ့ထက် စွမ်းအားကြီးလာရင် သူက သူတော်စင်ရာထူးကိုတောင် လွှဲပေးလိုက်ဦးမယ်တဲ့လား။
စိတ်ကြီးဝင်နေတာပဲ
ကောင်းလိုက်တာ….အကုန်လုံးကို ခေါင်းဆောင်လိုဖြစ်စေချင်တဲ့ အံ့ဩဖို့ကောင်းတဲ့ ဆန္ဒလေးပဲ…သူက သဘောထားကြီးတာပဲ….တကယ် သဘောထားကြီးတာပဲ
ရှန်ထျန်း….မင်းက ငါအသိအမှတ်ပြုတဲ့ အချစ်ပြိုင်ဘက်ဖြစ်တာ မဆန်းတော့ပါဘူး
အခုက စပြီးတော့ ဂိုဏ်းတူညီမလေးအတွက် မင်းနဲ့ မျှမျှတတ ယှဉ်ပြိုင်ချင်တယ်