← Chapters

အခန်း ၈၆၂

Vol. 58 Ch. 862

အခန်း ၈၆၂

Vol. 58 Ch. 862

အခန်း (၈၆၂) - ယွင်ယိုဇီ၏ အပြတ်အသတ် ရှုံးနိမ့်မှု

"ပထမ အကြီးအကဲက မင်းကို လမ်းစဉ်ခြောက်သွယ် နတ်ဘုရား အင်းကွက်ကို သင်ပေးခဲ့တာ... ဒါပေမဲ့ မင်းက အဲဒီ အင်းကွက်ကိုသုံးပြီး ငါ့ကို ပြန်တိုက်ခိုက်နေပါလား... တကယ့်ကို ရယ်စရာကောင်းတာပဲ..."

သူတော်စင်ကြီးက အေးစက်စက် သရော်လိုက်၏။ သူ၏ မျက်နှာအမူအရာက ပိုမို ရက်စက်ကြမ်းကြုတ်လာတော့သည်။

"အကြီးအကဲ ဖိုဖုန်းရဲ့ သင်ကြားပြသပေးခဲ့တဲ့ ကျေးဇူးကို ငါ ဘယ်တော့မှ မမေ့ပါဘူး..."

ယွင်ယိုဇီက တည်ငြိမ်စွာ ပြန်ပြောလိုက်ပြီး သူ၏ စွမ်းအားများကို ပေါက်ကွဲထွက်လာစေကာ နည်းနည်းလေးမျှ အလျှော့မပေးခဲ့ချေ။

ယွင်ယိုဇီ၏ စကားများက လူတိုင်းကို အလွန်အမင်း အံ့အားသင့်သွားစေတော့၏။

ယွင်ယိုဇီ အသုံးပြုလိုက်သော အင်မော်တယ်အဆင့် အင်းကွက်ကို ယင်ယန် မိသားစု၏ ပထမ အကြီးအကဲ ကိုယ်တိုင် သင်ကြားပြသပေးခဲ့ခြင်း ဖြစ်နေသည်လား။

လမ်းစဉ်ခြောက်သွယ် နတ်ဘုရား အင်းကွက်သည် စွမ်းအားကို မြှင့်တင်ပေးသော အင်းကွက် တစ်ခု ဖြစ်၏။ ယွင်ယိုဇီ အနေဖြင့် သူတော်စင်ကြီးကို ရင်ဆိုင်ရမည်သာ မဟုတ်ပါက ဤမျှ အစွမ်းထက်သော အင်းကွက်ကို အလွယ်တကူ ထုတ်သုံးမည် မဟုတ်ချေ။ မိုကျုံးနှင့် ရင်ဆိုင်ခဲ့ရစဉ်ကပင် ယွင်ယိုဇီက ဤအင်းကွက်ကို အသုံးမပြုခဲ့ပေ။

"ဟွန့်... ဒီတိုက်ပွဲ အပြီးမှာ ယင်ယန် မိသားစုက မင်းကို အသိအမှတ် ပြုတော့မှာ မဟုတ်ဘူး..."

သူတော်စင်ကြီးက အေးစက်စွာ နှာမှုတ်လိုက်သည်။

"ဘုန်း"

မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့ နှစ်ဦး၏ ရက်စက်ကြမ်းကြုတ်လှသော တိုက်ပွဲကြီးက မိုးခြိမ်းသံပမာ ပေါက်ကွဲသံများနှင့်အတူ စတင်လာခဲ့ပြီး ဖျက်ဆီးခြင်း စွမ်းအင်များက အရပ်မျက်နှာ အသီးသီးသို့ ရူးသွပ်စွာ ပြန့်ကျဲသွားတော့၏။

ဟင်းလင်းပြင်မှာ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် မျက်မြင်ကိုယ်တွေ့ပင် ပြိုကျ ပျက်စီးသွားပြီး မျက်တောင်အနည်းငယ် ခတ်စာ အချိန်အတွင်းမှာပင် ကျန်းသောင်းချီ ကျယ်ဝန်းသော နေရာ တစ်ခုလုံးသို့ ဂယက်ထသွားသည်။

ပြင်းထန်လှသော ဝင်တိုက်မိမှု အပြီးတွင် ယွင်ယိုဇီ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့၏။ သူ၏ စွမ်းအားက သူတော်စင်ကြီးကို မယှဉ်နိုင်ကြောင်း ရှင်းလင်းစွာ သိသာနေပြီး ပြင်းထန်သော ရိုက်ခတ်မှုကြောင့် အတွင်းဒဏ်ရာ ရရှိသွားခဲ့ခြင်းပင်။ တစ်ချက်တည်း ဝင်တိုက်မိရုံဖြင့် အတွင်းဒဏ်ရာ ရသွားသည်ကပင် သူတော်စင်ကြီး၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ထင်ရှားစွာ သက်သေပြနေပေသည်။

"ဟွန့်... မင်းရဲ့ ဒဏ်ရာရနေတဲ့ ခန္ဓာကိုယ်နဲ့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့..."

သူတော်စင်ကြီးက ရက်စက်စွာ သရော်လိုက်ရာ မှေးကျဉ်းနေသော သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့၏။

“ဘုန်း... ဘုန်း...ဘုန်း"

အထက် ကောင်းကင်ယံတွင် သေရေးရှင်ရေး တိုက်ပွဲကြီးက အရှိန်အဟုန် ပြင်းပြင်းဖြင့် ဆက်လက် ဖြစ်ပွားနေတော့၏။ အင်မော်တယ်အဆင့် အင်းကွက်၏ အကူအညီဖြင့် မြင့်တက်လာသော စွမ်းအားများကြောင့်သာ ယွင်ယိုဇီ အနေဖြင့် သူတော်စင်ကြီးကို ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်သည်။

နားကွဲမတတ် ပေါက်ကွဲသံများက ဝူကျိနယ်မြေ တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး ဖျက်ဆီးခြင်း စွမ်းအင် လှိုင်းဂယက်များက ဒေါသတကြီး ရိုက်ခတ်နေသော ရေလှိုင်းကြီးများပမာ လိမ့်တက်လာတော့၏။ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှ လူများမှာ ကြောက်ရွံ့ ထိတ်လန့်နေသော မျက်နှာထားများဖြင့် စောင့်ကြည့်နေကြပြီး လုံးဝ ဆွံ့အ မှင်သက်နေကြတော့သည်။

"ချင်းယန် သွားတာ တော်တော် ကြာနေပြီ... အခုထိ ပြန်မလာသေးဘူး..."

"စိတ်မပူပါနဲ့... နန်းတော်သခင်က အဆင့်တက်ဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်နေလို့ နေမှာပါ..."

ချီဟွမ်နှင့် အခြားသူများမှာ အလွန်အမင်း စိုးရိမ်ပူပန် ပြာယာခတ်နေကြပြီး နန်းတော်၏ အထက် ကောင်းကင်ယံရှိ ချန်ခွင်း မျှော်စင်ဆီသို့သာ မျှော်လင့်တကြီး စောင့်ကြည့်နေကြတော့၏။ ဖုန်းဝူချန်နှင့် အခြားသူများ ထွက်လာမည့် အချိန်ကိုသာ စောင့်မျှော်နေကြခြင်းပင်။

"ကျောင်းအုပ်ကြီးရဲ့ ဒဏ်ရာတွေက ပိုဆိုးလာပြီ..."

ဝမ်ကျိကျုံးက စိုးရိမ်တကြီး အော်ဟစ်လိုက်သော်ငြား သူတို့ အနေဖြင့် ဘာမှ မတတ်နိုင်ခဲ့ချေ။ သူတို့၏ စွမ်းအားများဖြင့် ဝင်ရောက် ကူညီရန်ကား လုံးဝ မဖြစ်နိုင်ပေ။

"မိစ္ဆာမျိုးနွယ်စုက ပညာရှင်နဲ့ တိုက်ပွဲ အပြီးမှာ ကျောင်းအုပ်ကြီးရဲ့ ဒဏ်ရာတွေက နည်းနည်းလေးမှ မသက်သာသေးဘူး... အခု သူတော်စင်ကြီးကို သူ သေချာပေါက် မယှဉ်နိုင်တော့ဘူး..."

ဟွမ်းကျိမှာလည်း ပျာယာခတ်နေပြီး သူ၏ လက်ဖဝါးများမှ ချွေးများပင် ထွက်လာတော့၏။

ရှင်းထျန်းက မျက်မှောင်ကြုတ်လျက် လေးနက်စွာ သုံးသပ်လိုက်သည်။

"သူတော်စင်ကြီးရဲ့ တိုက်ခိုက်နိုင်စွမ်းက အရမ်းကို အစွမ်းထက်တယ်... နတ်ဆိုးသခင်နဲ့တောင် ရင်ဘောင်တန်းနိုင်တယ်... ယွင်ယိုဇီက သူ့ကို တကယ် မယှဉ်နိုင်ဘူး... တကယ့်ကို ပြဿနာ ကြီးကြီးတက်တော့မှာပဲ..."

ရက်စက်ကြမ်းကြုတ်လှသော တိုက်ပွဲကြီး အတွင်း ယွင်ယိုဇီမှာ အဆက်မပြတ် နောက်ဆုတ်နေရပြီး သူ၏ ဒဏ်ရာများမှာ ဆက်လက်၍ မခံနိုင်တော့လောက်အောင် ပိုမို ဆိုးရွားလာတော့၏။

"ယွင်ယိုဇီ... ဒါက မင်းဘာသာ ရွေးချယ်ခဲ့တဲ့ လမ်းပဲ... ဒီတပ်မှူးချုပ်ကို လာမအပြစ်တင်နဲ့..."

သူတော်စင်ကြီးက ရက်စက်စွာ ကြိမ်းမောင်းလိုက်ပြီး သူ၏ အစွမ်းကုန် အင်အားများဖြင့် နည်းနည်းလေးမျှ သနားညှာတာခြင်း မရှိဘဲ ဆက်လက် တိုက်ခိုက်နေတော့၏။

နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့သို့ စတင် ဝင်ရောက်ခါစ ရှိသေးသော ယွင်ယိုဇီမှာ ယခုကဲ့သို့ အလွန်တရာ အစွမ်းထက်လှသော ပြိုင်ဘက်နှင့် ရင်ဆိုင်လိုက်ရသည့်အပြင် သူ၏ ဒဏ်ရာများကလည်း အပြည့်အဝ မသက်သာသေးချေ။ ပြင်းထန်လှသော တိုက်ပွဲကြီး အတွင်း ထိခိုက် နစ်နာမှုများကို လျှော့ချရန်နှင့် ဒဏ်ရာများ ပိုမို ဆိုးရွားမလာစေရန် ယွင်ယိုဇီက ကာကွယ်ရေးကိုသာ အဓိကထား၍ တိုက်ခိုက်နေရတော့၏။ တပ်မှူးချုပ်၏ ရက်စက်ကြမ်းကြုတ်လှသော တိုက်ခိုက်မှုများကို တတ်နိုင်သမျှ ရှောင်တိမ်းနေရသည်။

ကံမကောင်းစွာဖြင့် သူတော်စင်ကြီး၏ ရူးသွပ်သော တိုက်ခိုက်မှုများက ယွင်ယိုဇီ အနေဖြင့် ရှောင်တိမ်းရန် နေရာပင် မရှိတော့အောင် ဖိအားပေးနေတော့၏။ နောက်ဆုံးတွင် လွှဲကန်လိုက်သော ကန်ချက် တစ်ချက်ကြောင့် ယွင်ယိုဇီမှာ အဝေးသို့ ပစ်လွင့်ထွက်သွားရသည်။

"အင်မော်တယ် သိုင်းကွက်... ရွှမ်ဖုန်း ယင်ယန် ဓား..."

ယွင်ယိုဇီ ပစ်လွင့်သွားသည့် အခိုက်အတန့်မှာပင် သူတော်စင်ကြီးက လက်တစ်ဖက်တည်းဖြင့် လက်ကွက် ဖော်လိုက်ရာ ပြင်းထန်သည့် စွမ်းအားများ စုစည်းလာပြီး တောက်ပသော အပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာတော့၏။ နောက်ဆုံးတွင် သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ လက်မောင်းကို အားကုန် ဝှေ့ယမ်းလိုက်သည်။

“ဝှစ်…”

“ဝီ…”

ပေဆယ်ဂဏန်းခန့်သာ အရွယ်အစား ရှိအောင် သူတော်စင်ကြီးက အတင်းအကျပ် ဖိချေထားသော အပြာရောင် စွမ်းအင် ဓားလှိုင်းကြီးက လျှပ်စီးပမာ မြန်ဆန်စွာဖြင့် ယွင်ယိုဇီထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့၏။

ထက်မြက်စူးရှသော ဟင်းလင်းပြင် ဆုတ်ဖြဲသံ ထွက်ပေါ်လာပြီး ၎င်း ဖြတ်သန်းသွားသော လမ်းကြောင်း တစ်လျှောက်ရှိ ဟင်းလင်းပြင်မှာ အနက်ရောင် အက်ကွဲကြောင်းကြီး တစ်ခု အဖြစ် စုတ်ပြဲသွားတော့သည်။

"ဒါက ဘယ်လို စွမ်းအားမျိုးလဲ..."

အပြာရောင် စွမ်းအင် ဓားလှိုင်းကြီး၏ ပြင်းထန်သည့် စွမ်းအားကို အာရုံခံမိလိုက်သည့်အခါ ချီယွမ်၏ မျက်နှာအမူအရာက ဆိုးရွားစွာ ပြောင်းလဲသွားပြီး အလွန်အမင်း ထိတ်လန့်သွားတော့၏။

"အင်မော်တယ် သိုင်းကွက်က ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားရတာလဲ... ဒါ လုံးဝ မဖြစ်နိုင်ဘူး..."

ကျန်းဝူဟန်နှင့် ရှင်းထျန်းတို့မှာလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်မိကြတော့သည်။

"ကျောင်းအုပ်ကြီး... သတိထား..."

ဝမ်ကျိကျုံးက ပြာယာခတ်စွာ အော်ဟစ် သတိပေးလိုက်ရာ သူ၏ အိုမင်းသော မျက်နှပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်အဝ ဖုံးလွှမ်းနေတော့၏။

ထက်ရှသော အရှိန်အဝါကြီးနှင့် ဖျက်ဆီးခြင်း စွမ်းအားကြီးက တိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံထားသည့်အလား ပင် ဖြစ်နေတော့သည်။ ယွင်ယိုဇီ ကိုယ်တိုင်ပင် ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော အင်မော်တယ် သိုင်းကွက်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ရာ အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားရ၏။

"အင်မော်တယ်အဆင့် အင်းကွက်... အကြွင်းမဲ့ နယ်ပယ်..."

"အင်မော်တယ် သိုင်းကွက်... အသူရာ လေကြမ်း လက်ဝါး..."

"အစစ်အမှန်ယွမ် အကာအကွယ်လွှာ..."

ယွင်ယိုဇီက အပြာရောင် ဓားလှိုင်းကြီး၏ ကြောက်မက်ဖွယ် ကောင်းမှုကို ရှင်းလင်းစွာ သိရှိထားသဖြင့် အင်မော်တယ်အဆင့် အင်းကွက်ကို ချက်ချင်း ဆင့်ခေါ်ကာ ကာကွယ်ရေး နယ်ပယ်ကို တည်ဆောက်လိုက်၏။ ထို့နောက် အင်မော်တယ် သိုင်းကွက်ကို ဆက်တိုက် ထုတ်သုံးလိုက်ပြီး နောက်ဆုံးတွင် စွမ်းအင် အကာအကွယ်လွှာ တစ်ခုကိုပါ ဖန်တီးလိုက်တော့သည်။

"ဟွန့်... မင်း ကာကွယ်နိုင်မယ် ထင်နေတာလား..."

သူတော်စင်ကြီးက အေးစက်စွာ သရော်လိုက်၏။

"ဘုန်း"

ကြောက်မက်ဖွယ် ဓားလှိုင်းကြီးက အလွန်အမင်း အံ့အားသင့် ထိတ်လန့်နေကြသော လူတိုင်း၏ အကြည့်များ အောက်တွင် မျက်တောင်တစ်ခတ် အတွင်းမှာပင် ယွင်ယိုဇီ၏ လက်ဝါးရိပ်ကြီးကို ထိုးဖောက် ဝင်ရောက်သွားပြီး တို့ဟူးတုံးကို လှီးဖြတ်လိုက်သကဲ့သို့ အလွယ်တကူပင် နှစ်ခြမ်းခွဲပစ်လိုက်တော့၏။

လက်ဝါးရိပ်ကြီး ပေါက်ကွဲထွက်သွားရာ ယွင်ယိုဇီမှာ သွေးစိမ်းများကို တဝေါဝေါ အန်ထုတ်လိုက်ရပြီး သူ၏ လက်ဝါးရာကြီးက နည်းနည်းလေးမျှပင် ခုခံနိုင်စွမ်း မရှိခဲ့ကြောင်း ထင်ရှားလှပေသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ယွင်ယိုဇီ၏ အိုမင်းသော မျက်နှမှာ နောက်တစ်ဖန် ဆိုးရွားစွာ ပြောင်းလဲသွားပြန်၏။ အပြာရောင် ဓားလှိုင်းကြီးက သူ၏ နက်မှောင်သော မျက်လုံးများထဲတွင် လျင်မြန်စွာ ကြီးထွားလာတော့သည်။

“ဟူး…”

ချီယွမ်နှင့် အခြားသော နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်များ၊ နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းမှာ အလွန်အမင်း ထိတ်လန့်တကြားဖြင့် လေအေးများကို ရှူသွင်းလိုက်မိကြတော့၏။

“ဂျွတ်... ဂျွတ်…”

ဓားလှိုင်းကြီး၏ အရှိန်အဟုန်က နည်းနည်းလေးမျှ အားနည်းသွားခြင်း မရှိဘဲ မျက်တောင်တစ်ခတ် အတွင်းမှာပင် ရောက်ရှိလာခဲ့၏။ ယွင်ယိုဇီ၏ ကာကွယ်ရေး စွမ်းအင်များကို ပြင်းထန်စွာ ဝင်ရောက် ထိုးနှက်သွားရာ ကောင်းကင်ယံကို တုန်လှုပ်စေအောင် ပေါက်ကွဲသွားတော့သည်။ အကြွင်းမဲ့ နယ်ပယ်နှင့် စွမ်းအင် အကာအကွယ်လွှာတို့မှာ ချက်ချင်းပင် တစ်စစီ ကြေမွ ပျက်စီးသွားပြီး ဓားလှိုင်းကြီး၏ စွမ်းအားကို လုံးဝ မတားဆီးနိုင်ခဲ့ချေ။

"ဘာ..."

အလွန်တရာ အစွမ်းထက်လှသော ကာကွယ်မှုများ အလွယ်တကူ ချိုးဖျက်ခံလိုက်ရသည်ကို မြင်လိုက်ရသည့်အခါ ယွင်ယိုဇီ၏ မျက်နှာအမူအရာက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်ပြီး ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကြီးက သူ့ကို အပြည့်အဝ လွှမ်းခြုံသွားတော့၏။

"ဘုန်း"

ဓားလှိုင်းကြီးက ယွင်ယိုဇီ၏ ကာကွယ်မှု အားလုံးကို ချိုးဖျက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဝင်ရောက် ထိုးနှက်သွားတော့၏။ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ယွင်ယိုဇီမှာ သွေးစိမ်းများကို အန်ထုတ်ကာ အမြောက်ဆံ တစ်ခုပမာ အနောက်သို့ ပစ်လွင့်ထွက်သွားတော့သည်။ ယွင်ယိုဇီထံတွင် အင်မော်တယ် လက်နက် ချပ်ဝတ် ရှိနေသည့်တိုင် သူတော်စင်ကြီး၏ ပြင်းထန်သည့် စွမ်းအားကို မခုခံနိုင်ခဲ့ချေ။

ဤပြင်းထန်သော ထိုးနှက်ချက်ကြောင့် ယွင်ယိုဇီ၏ ဒဏ်ရာများက အလွန်တရာ လျင်မြန်စွာ ဆိုးရွားလာပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိသွားတော့၏။

"ကျောင်းအုပ်ကြီး..."

"ယွင်ယိုဇီ..."

သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် မှ အကြီးအကဲများနှင့် ချီယွမ် အပါအဝင် အခြားသော အစွမ်းထက် ပညာရှင်များ အားလုံး ပြာယာခတ်စွာ အော်ဟစ်လိုက်ကြပြီး သူတို့၏ ရင်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွားကြတော့၏။

နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ဝင်များ အားလုံးမှာ လုံးဝ ဆွံ့အ မှင်သက်နေကြပြီး မလှုပ်မယှက် ရပ်နေကြရာ သူတို့၏ ဖြူဖျော့နေသော မျက်နှာများနှင့် မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ အပြည့်အဝ ဖုံးလွှမ်းနေတော့သည်။

ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးလဲ။

အင်မော်တယ်အဆင့် အင်းကွက်၊ အင်မော်တယ် သိုင်းကွက်၊ အင်မော်တယ် လက်နက် ချပ်ဝတ်နဲ့ စွမ်းအင် အကာအကွယ်လွှာ... ဒီလောက် များပြားလှတဲ့ ကာကွယ်မှုတွေ ရှိနေတာတောင် အလွယ်တကူ ချိုးဖျက်ခံလိုက်ရတာလား။

"စီနီယာ ယွင်ယိုဇီ အရေးနိမ့်သွားပြီ..."

"အရမ်းကို ကြောက်ဖို့ကောင်းတာပဲ... သူတော်စင်ကြီးရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်..."

"ယွင်ယိုဇီတောင် သူ့ကို မယှဉ်နိုင်ဘူး ဆိုရင်... ဘယ်သူကများ သူတော်စင်ကြီးကို ရင်ဆိုင်နိုင်တော့မှာလဲ..."

ထိုနေရာရှိ လူတိုင်းက သူတို့ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။ သူတော်စင်ကြီး၏ အပြာရောင် ဓားလှိုင်းကြီးက ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ဘယ်သူကများ ထင်မှတ်ထားပါမည်နည်း။

"ယွင်ယိုဇီ... မင်းရဲ့ ဆုံးဖြတ်ချက်က မင်းရဲ့ သေလမ်းကို ဖန်တီးလိုက်တာပဲ... အဲဒါက ငါနဲ့ ဘာမှ မဆိုင်ဘူး... ဒါပေမဲ့ ငါတို့ အသိအကျွမ်းတွေ ဖြစ်ခဲ့တာကို ထောက်ထားပြီး သန့်ရှင်းသော ဝိညာဉ် ကျောင်းတော် ကိုတော့ ငါ အပြစ်မယူတော့ပါဘူး..."

သူတော်စင်ကြီးက အေးစက်စွာ ပြောလိုက်ပြီး သူ၏ လက်နှစ်ဖက်တွင် ပြင်းထန်သည့် စွမ်းအားများကို စတင် စုစည်းနေခဲ့၏။

“ဝှစ်…”

"ဝူး ..ဝူး"

စကားပြောနေစဉ်မှာပင် သူတော်စင်ကြီးက နည်းနည်းလေးမျှ သနားညှာတာခြင်း မရှိဘဲ တိုက်ခိုက်လိုက်၏။ ဧရာမ စွမ်းအင် အလင်းတန်းကြီး တစ်ခုက အပြာရောင် လျှပ်စီးတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး တဟုန်ထိုး ပစ်ထွက်သွားရာ ထက်မြက်စူးရှသော ဟင်းလင်းပြင် ဆုတ်ဖြဲသံကြောင့် လူတိုင်း နားများကို အလျင်အမြန် ပိတ်ထားလိုက်ကြရတော့သည်။

ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကိုသာ အထိခံလိုက်ရပါက ဒဏ်ရာအပြင်းအထန် ရရှိထားသော ယွင်ယိုဇီ တစ်ယောက် သေချာပေါက် အသက်ရှင်နိုင်တော့မည် မဟုတ်ချေ။

--

All Chapters