Chapters

အခန်း ၆၉၄

Vol. 50 Ch. 694

အခန်း ၆၉၄

Vol. 50 Ch. 694

အခန်း ၆၉၄ - ထာဝရအသက် တည်ရှိရာ ဂူ

နတ်ဆိုးနယ်မြေကို စစ်ကြေညာခြင်း။

ဤသည်မှာ သိုင်းနတ်ဘုရား ၏ နှစ်ပေါင်းတစ်ရာကြာ တာဝန်တစ်ခု ဖြစ်သည်။ သို့သော် နတ်ဆိုးမျိုးနွယ်စုမှာ အလွန်အင်အားကြီးမားလွန်းသဖြင့် အထူးသဖြင့် လွန်ခဲ့သောဆယ်စုနှစ်များအတွင်း နတ်ဆိုးဘိုးဘေးနှင့် တိုက်ပွဲတွင် သိုင်းနတ်ဘုရားတို့ အကြီးအကျယ် ထိခိုက်ခဲ့ရသည်။ ကုယန်သာ 'ဖန်ဆင်းရှင် နတ်ဘုရားရတနာ' ကို အသုံးပြု၍ နတ်ဆိုးဘိုးဘေးကို ပြန်လည်တွန်းလှန်နိုင်ခြင်း မရှိခဲ့ပါက သိုင်းနတ်ဘုရား၏ ပျက်စီးဆုံးရှုံးမှုမှာ ပိုမိုကြီးမားနေမည် ဖြစ်သည်။

ထိုနေ့တွင် ဘိုးဘေးများ နယ်မြေမှ အမိန့်ပြန်တမ်းတစ်ခု ထွက်ပေါ်လာပြီး ရှေးဟောင်းသီးခြားကမ္ဘာတစ်ခုလုံးနှင့် မဟာစကြဝဠာအထိ ပျံ့နှံ့သွားသည်။

"နတ်ဆိုးတို့ရဲ့ ပျက်စီးခြင်းက အသက်ကို ဖျက်ဆီးတတ်တယ်။ အခု သိုင်းနတ်ဘုရားတပ်တွေက ကောင်းကင်ကို ကြွေးကြော်၍ တစ်လအတွင်း နတ်ဆိုးနယ်မြေသို့ တပ်ချီမယ်"

ကုယန်၏ အမိန့်သံမှာ ဧကရာဇ်အရှိန်အဝါဖြင့် ပဲ့တင်ထပ်သွားသည်။ သိုင်းနတ်ဘုရားတို့က စစ်ကြေညာခြင်းမှာ ကုမိသားစု၏ ဘိုးဘေး ပြန်လည်ထွက်ပေါ်လာခြင်းကြောင့် ဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။ ကုချင်းဖန်သည် လူသားမျိုးနွယ်စု၏ အင်အားအကြီးဆုံးပုဂ္ဂိုလ် ဖြစ်သည့်အတွက် သူ့ကြောင့်ပင် လူတိုင်း စိတ်သက်သာရာ ရသွားကြသည်။

ရှထျန်းဂျွင်းက ဘိုးဘေးနယ်မြေကို ငေးကြည့်ရင်း တွေးတောနေသည်။ နတ်ဆိုးဘိုးဘေးကို တိုက်ခိုက်ဖူးသည့်သူအနေဖြင့် ကုချင်းဖန်၏ စွမ်းအားကို သူ သိရှိသည်။ ကုချင်းဖန်သည် ဧကရာဇ်အဆင့်ကို အောင်မြင်ပြီးနောက် ပြင်ပနယ်မြေမှ ဧကရာဇ် ကိုးပါးကို ချေမှုန်းနိုင်ခဲ့သည်မှာ နတ်ဆိုးဘိုးဘေးပင် မလုပ်နိုင်သည့်အရာ ဖြစ်သည်။ သို့သော်လည်း ရှထျန်းဂျွင်း ၏ မျက်နှာမှာမူ စိုးရိမ်ပူပန်မှုများ ရှိနေသေးသည်။ နတ်ဆိုးဘိုးဘေး၏ စွမ်းအားမှာလည်း အဆမတန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

"ဘိုးဘေး၊ ကုချင်းဖန်က နတ်ဆိုးဘိုးဘေးကို တကယ်ပဲ ချေမှုန်းနိုင်ပါ့မလား" ရှချိုးချိုးက မေးသည်။

"နတ်ဆိုးဘိုးဘေးက ရှေးခေတ်ကတည်းက ရှိနေခဲ့တာ၊ သူ့စွမ်းအားက မရိုးရှင်းဘူး။ ဒါပေမဲ့ ကုချင်းဖန်ကလည်း အလားတူပဲ။ ဒီတိုက်ပွဲရဲ့ ရလဒ်က မသေချာဘူး။ ဒါပေမဲ့ ငါတို့က လူသားမျိုးနွယ်စု ဖြစ်တဲ့အတွက် ဒီတိုက်ပွဲက ရှောင်လွှဲလို့မရဘူး။ အမိန့်ပေးလိုက်ပါ၊ ရှမိသားစု အသင့်ပြင်ထားဖို့၊ နတ်ဆိုးတွေကို အမြစ်ဖြတ်ဖို့ပဲ အာရုံစိုက်ရမယ်" ရှထျန်းဂျွင်း က တည်ကြည်စွာ အမိန့်ပေးသည်။

နတ်ဆိုးနယ်မြေ။

ယခုအခါ ထူးဆန်းသော အနက်ရောင်မြူခိုးများ လွှမ်းခြုံနေသည်။ 'ရာရှာ နတ်ဆိုးဧကရာဇ်'သည် ရိုသေစွာဖြင့် ခန်းမထဲသို့ ဝင်ရောက်လာသည်။

"နတ်ဆိုးဘိုးဘေးကို တင်ပြပါတယ်။ ကုချင်းဖန် ပြန်လည်ထွက်ပေါ်လာပြီး သိုင်းနတ်ဘုရားစစ်တပ်က ကျွန်တော်တို့မျိုးနွယ်စုကို စစ်ကြေညာလိုက်ပါပြီ"

ရာရှာ နတ်ဆိုးဧကရာဇ်သည် ခေါင်းမော့ကြည့်ရန်ပင် မဝံ့ရဲပေ။ နတ်ဆိုးဘိုးဘေး၏ အရှိန်အဝါ တစ်စွန်းတစ်စပင် သူ၏ဝိညာဉ်ကို တုန်လှုပ်စေသည်။

"ကုချင်းဖန်လား... သူ လာတာ အချိန်ကိုက်ပဲ။ အကယ်၍ သူ့ကို သတ်နိုင်ရင် ငါ ဒီစကြဝဠာရဲ့ နောက်ဆုံးအဆင့်ကို ဖြည့်စွက်ပြီး 'မသေမျိုးတံခါး' ကို ဖွင့်လှစ်ပြီဂ 'ထာဝရကောင်းကင်ဘုံအရှင်မြတ်' ဖြစ်လာနိုင်တယ်"

ပလ္လင်ပေါ်တွင် ထိုင်နေသော နတ်ဆိုးဘိုးဘေးမှာ ရှေးခေတ်က ပုဂ္ဂိုလ်ဖြစ်သော်လည်း လူငယ်တစ်ဦးကဲ့သို့ ရုပ်ရည်သွင်ပြင် ရှိနေသည်။ သူ၏ နဖူးတွင် သွေးနီရောင် ကြာပွင့်တစ်ပွင့် ပါရှိပြီး မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေသည်။ သူသည် မဟာစကြဝဠာကို ကြည့်ရင်း ကောင်းကင်တာအို၏ သံကြိုးများကို မြင်တွေ့နေရသည်။

ထိုသံကြိုးများ၏ အထက်တွင် တည်ရှိနေသော မသေမျိုးတံခါးမှာ ထာဝရတည်ရှိနေသကဲ့သို့ ဖြစ်သည်။

"မသေမျိုးနယ်မြေ ..."

နတ်ဆိုးဘိုးဘေးသည် မသေမျိုးတံခါးကို ကျော်ဖြတ်ပြီး ထိုနယ်မြေထဲသို့ ဝင်ရောက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ မသေမျိုးနယ်မြေအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများကို ရင်ဆိုင်ရန်မှာ မလွယ်ကူကြောင်း သူ ကောင်းကောင်း သိသည်။

"ငါ့ရဲ့ 'မဟာစကြဝဠာ ဝါးမြိုခြင်း ကျင့်စဉ်'က နောက်ဆုံးအဆင့်ကို ရောက်ဖို့ နည်းနည်းပဲ လိုတော့တယ်။ အရင်က ရှေးဟောင်းသီးခြားကမ္ဘာတစ်ခုလုံးကို သွေးစတေးဖို့ မျှော်လင့်ခဲ့ပေမဲ့ အခု လူသားမျိုးနွယ်စုထဲမှာ 'ထိုက်ရိ နတ်ဘုရားဧကရာဇ်' လောက်အထိ စွမ်းအားရှိတဲ့သူ တစ်ယောက် ပေါ်လာတာဟာ မဆိုးတဲ့ သတင်းပါပဲ"