← Chapters

အခန်း ၃၇၀

Vol. 27 Ch. 370

အခန်း ၃၇၀

Vol. 27 Ch. 370

အပိုင်း(၃၇၀)

အက်ခီရီ၏ ဒေါသသည် အလွန်တရာ ပူပြင်းနေသဖြင့် အနီးအနားရှိ အော်ရာ များပင် လောင်ကျွမ်းသွားခဲ့သည်။ လွှမ်းမိုးထားသော ရေစွမ်းအားကြီး ရှိနေသည့်တိုင်အောင် အနီးအနားရှိ သစ်ပင်ပင်စည်များ၏ အစွန်းများမှာ မီးခိုးများ ထွက်ပေါ်လာသည်အထိ လောင်ကျွမ်းနေခဲ့၏။ အဝေးမှ ငါးများက စူးရှစွာ အော်ဟစ်နေကြသော်လည်း အက်ခီရီကမူ ၎င်းတို့ကို သူမအနီးသို့ လာစေချင်နေသည်။ သူမ၏ ဒေါသများကို ဖြေဖျောက်ရန် တစ်စုံတစ်ရာကို သူမ လိုအပ်နေသည်။

အခြားသော အစစ်အမှန် ရွှေအဆင့် များသည် ယခုအချိန်လောက်ဆိုလျှင် အခြားသော နေထိုင်ရာ နယ်မြေများ သို့မဟုတ် ပြိုကျပျက်စီးသွားသော နေရာများဆီသို့ ရောက်ရှိသွားလောက်ပြီ ဖြစ်သည်။ သူတို့သည် များပြားလှသော အကျိုးအမြတ်များကို ရိတ်သိမ်းနေကြပေလိမ့်မည်။ သူမမှာမူ ဤနေရာတွင် ခိုင်မာစွာ သော့ခတ်ထားသော ရတနာသေတ္တာ တစ်ခုကို ကုတ်ဖဲ့နေရဆဲ ဖြစ်၏။ ဆက်လက်၍ သည်းခံနေတော့မည် မဟုတ်ပေ။

သူမ၏ လက်ကို ရင်ဘတ်ဆီသို့ မြှောက်ကာ သူမ၏ ဆွဲကြိုးများထဲမှ တစ်ကုံးကို အသက်သွင်းလိုက်သည်။ ယင်းမှာ အဆုံးတွင် လက်မအရွယ်အစားရှိ ခေါင်းလောင်းလေး တစ်လုံး ပါရှိသော ငွေကြိုးလေး တစ်ကုံးပင် ဖြစ်သည်။ ခေါင်းလောင်းလေးသည် တစ်ချက် မြည်ဟည်းသွား၏။ သူမ၏ အစေခံများသည် မည်မျှပင် ဝေးကွာနေပါစေ ထိုအသံကို ကြားရမည်ဖြစ်ပြီး ပြန်လည်ရောက်ရှိလာကြမည် ဖြစ်သည်။

နောက်တစ်ကြိမ် ထိုတံခါး ပွင့်လာသည့်အခါ အထဲတွင် ရှိနေသမျှ အရာအားလုံးကို သူတို့ သတ်ဖြတ်ပစ်ကြမည် ဖြစ်သည်။

လင်းတုန်းသည် သူ၏ ဦးခေါင်းကို ဥမင်လိုဏ်ခေါင်း၏ နံရံတွင် မှီလိုက်သည်။ သူ၏ လက်မောင်းများမှာ တုန်ယင်နေ၏။ အစစ်အမှန် ရွှေအဆင့် ၏ တိုက်ခိုက်မှုကို တိုက်ရိုက် ကာကွယ်လိုက်ရခြင်းကြောင့် သူ၏ ဘယ်ဘက် လက်ကောက်ဝတ်ရှိ အရိုးများ အက်ကွဲသွားခဲ့သည်။ ထိုဒဏ်ရာကို သူ၏ သွေးရည်ကြို သံမဏိ ခန္ဓာက အလျင်အမြန် ပြုပြင်ပေးနေ၏။ သူ၏ ညာဘက် လက်မောင်းရှိ မာဒြာ များတွင်လည်း အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ ၎င်းတို့ကို သန့်စင်သော မာဒြာ များဖြင့် ဖာထေးလိုက်သော်လည်း သူ ထွက်ခွာသွားချိန်တွင် ဆာလောင်မှု မာဒြာ ဖြင့် သေချာစွာ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရဦးမည် ဖြစ်သည်။

အက်ခီရီနှင့် ခဏတာ တိုက်ခိုက်မှုကပင် သူ့ကို ပင်ပန်းနွမ်းနယ်စေပြီး ပွန်းပဲ့ဒဏ်ရာများ ရရှိစေခဲ့သည်။ သို့သော်လည်း ၎င်းက သူ့ကို အီသန်ကဲ့သို့ ပြုံးဖြီးဖြီး ဖြစ်သွားစေခဲ့၏။ သူသည် သူမနှင့် အပြန်အလှန် တိုက်ခိုက်ခဲ့ပြီး သာလွန်စွာဖြင့် ပြန်လာနိုင်ခဲ့သည် မဟုတ်ပါလား။

အော်သိုသည် ငွေစွယ်ငါးကြင်း၏ ခေါင်းကို ဖြတ်တောက်ပြီးဖြစ်ကာ ၎င်း၏ ဦးခေါင်းခွံကို ပျော်ရွှင်စွာဖြင့် ဝါးစားနေခဲ့သည်။

"မင်း ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားပြီးပြီလို့ ငါ မျှော်လင့်တယ်..."

ပါးစပ်ထဲတွင် အစားအစာများ ပြည့်နေလျက်ပင် အော်သိုက ပြောလိုက်သည်။

လင်းတုန်းက တံခါးဆီသို့ ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် သိတယ်... နောက်တစ်ခါကျရင်တော့ သူ ကျွန်တော့်ကို အလွယ်တကူ ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး..."

လိပ်ကြီးက ဟိန်းဟောက်လိုက်၏။

"မဟုတ်ဘူး... နောက်တစ်ခါကျရင် မင်းက သူ့ကို ထွက်သွားခွင့် မပေးရမှာ..."

...

နောက်ရက်အနည်းငယ် ကြာလာသောအခါ ထိုငါးမှာ လင်းတုန်းအတွက် အစာချေဖျက်ရန် ပို၍လွယ်ကူလာခဲ့သည်။ စွမ်းအင်များသည် သူ့ကို မြင်းတစ်ကောင်ကဲ့သို့ ကန်ကျောက်နေဆဲ ဖြစ်သော်လည်း ၎င်းတို့ကို ချေဖျက်ရန် အချိန်ပို၍ နည်းပါးလာခဲ့သည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်တွင် သိသာထင်ရှားသော တိုးတက်မှုများကို စတင်မြင်တွေ့လာရ၏။ ထို အထွတ်အမြတ် သားရဲ ၏ စွမ်းအားများကို သူ လည်ပတ်လိုက်တိုင်း အရိုးများမှသည် အရေပြားအထိ အရာအားလုံးကို နောက်တစ်ကြိမ် မွမ်းမံသန့်စင်ပေးနေခြင်းပင် ဖြစ်သည်။

အော်သိုသည်လည်း အကျိုးကျေးဇူးများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ တိုက်ပွဲ အပြင်ဘက်တွင် လင်းတုန်း မြင်တွေ့ဖူးသမျှထက် သူသည် ပို၍ လွယ်ကူချောမွေ့စွာ လှုပ်ရှားလာနိုင်ပြီး သူ၏ အခွံရှိ အက်ကွဲကြောင်းများပင် စတင်ပိတ်စပြုလာခဲ့သည်။ စိတ်ပိုင်းဆိုင်ရာအရ သူသည် နှစ်ပေါင်းများစွာအတွင်း မခံစားခဲ့ရဖူးလောက်အောင် ကြည်လင်လာသည်ဟု ဆိုသောကြောင့် သူ၏ စိတ်နေစိတ်ထားမှာလည်း ရွှင်လန်းနေခဲ့၏။ သို့သော်လည်း... သူ၏ ဝိညာဉ် မှာ ပျက်စီးပြီး အားနည်းနေဆဲ ဖြစ်သည်။ ကုသမှု မရှိဘဲ မည်သည့်နည်းစနစ်ကိုမျှ သူ အသုံးမပြုနိုင်သေးပေ။ အပြာလေး မှာလည်း သူ့ကို ကုသပေးနိုင်သည့် အခြေအနေတွင် မရှိခဲ့ပေ။ လင်းတုန်း၏ သန့်စင်သော အမြုတေ မှာလည်း အကူအညီမပါဘဲ ခရု လမ်းလျှောက်သကဲ့သို့ နှေးကွေးစွာဖြင့် ပြန်လည်ကောင်းမွန်လာနေသည်။

နေ့စဉ်နေ့တိုင်း လင်းတုန်းသည် ငါးကြင်းကို တတ်နိုင်သမျှ များများစားပြီး အော်သို၏ ကြီးကြပ်မှုအောက်တွင် မဟူရာ မီးတောက် ကို လေ့ကျင့်ခဲ့သည်။

"မင်းက မပြည့်စုံတဲ့ လမ်းစဉ် တစ်ခုကို လေ့ကျင့်နေခဲ့တာပဲ..."

အော်သိုက သူ့ကို ပြောလိုက်သည်။

"မဟူရာ မီးတောက် စမ်းသပ်မှုမှာ နည်းစနစ် ဘယ်နှစ်ခုကို သင်ကြားပေးခဲ့လဲ..."

"သုံးခုပါ..."

လင်းတုန်းက ဖြေလိုက်သည်။ စကားလမ်းကြောင်း မည်သည့်နေရာသို့ ရောက်သွားမည်ကို သူ သိနေသော်လည်း ထို အထွတ်အမြတ် သားရဲ ကို အလိုလိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။

"ဒါဆို မင်း ဘယ်နှစ်ခုကို အသုံးပြုနေလဲ..."

"နှစ်ခုပါ..."

"မဟူရာ မီးတောက် ကျင့်ကြံသူ အားလုံးက အဲဒီသုံးခုကို ကျွမ်းကျင်အောင် လေ့ကျင့်ကြပြီး သူတို့ရဲ့ တိုက်ခိုက်ရေးဟန်တွေထဲမှာ ထည့်သွင်းအသုံးပြုကြတယ်... အများစုကတော့ အနည်းဆုံး လေးခုလောက်ကို တီထွင်တတ်ကြတယ်... မင်းရဲ့ လမ်းစဉ် အသုံးပြုမှုနဲ့ ပတ်သက်ပြီး ပိုနက်ရှိုင်းတဲ့ သိမြင်နားလည်မှု ရလာတဲ့အခါ မင်းရဲ့ အားသာချက်တွေကို ထက်မြက်စေဖို့နဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့ အခြားနည်းစနစ်တွေကို ဖန်တီးလေ့ရှိကြတယ်... ဒါက လမ်းစဉ် တစ်ခုကို ဘယ်လိုဖွဲ့စည်းတည်ဆောက်ရမလဲ ဆိုတာပဲ..."

အော်သိုက လင်းတုန်း၏ ပစ္စည်းများ ထည့်ထားသော သစ်သားသေတ္တာကို ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

အမြွှာကြယ် လမ်းစဉ် ကို ရည်ညွှန်းပြောဆိုလိုက်ခြင်းကြောင့် လင်းတုန်းမှာ အံ့သြသွားခဲ့ရသည်။ သူသည် လင်းတုန်း၏ သန့်စင်သော အမြုတေ ကို လုံးဝ လျစ်လျူရှုထားလေ့ရှိသည် မဟုတ်ပါလား။

"မင်းရဲ့ လမ်းစဉ် ရဲ့ ရည်ရွယ်ချက်ကို ကြည့်ပြီး အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ နည်းစနစ်တွေကို မွေးမြူရမယ်... ကျန်တဲ့ သုံးပုံနှစ်ပုံက လေ့ကျင့်ဖို့ ပိုလွယ်ပုံပေါ်နေရုံနဲ့ မင်းရဲ့ စွမ်းရည် သုံးပုံတစ်ပုံကို လျစ်လျူရှုထားလို့ မရဘူး..."

လင်းတုန်းသည် အမြွှာကြယ် လမ်းစဉ် ကို လျစ်လျူရှုထားခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဗလာ လက်ဝါးသည် သူ၏ လမ်းစဉ် ထဲရှိ တစ်ခုတည်းသော အစစ်အမှန် နည်းစနစ် ဖြစ်သည်။ အမြွှာကြယ် နှလုံးသားမှာ တိုက်ပွဲတွင် လက်တွေ့အသုံးချစရာ မရှိပေ။ သူ ဘာများ ထပ်လိုအပ်နေသေးသနည်း။ သေချာသည်မှာ ဗလာ လက်ဝါး ကို ရိုက်သွင်းနိုင်ရန်အတွက် ပြိုင်ဘက်နှင့် အကွာအဝေးကို လျှော့ချရန် နည်းလမ်းတစ်ခုခု လိုအပ်နေခြင်းပင်။ ယခုအချိန်အထိ ယင်းအတွက် မီးတောက်ခြုံလွှာကိုသာ သူ အားကိုးနေခဲ့ရသည်။ ဆိုလိုသည်မှာ သူသည် အမြုတေ များကို မကြာခဏ ပြောင်းလဲနေရခြင်းပင်။

အော်သိုက ကြမ်းပြင်ကို ဆောင့်ချလိုက်ရာ ခန်းမတစ်ခုလုံးတွင် ပဲ့တင်သံများ ထွက်ပေါ်သွားလေသည်။

"မင်း မှားယွင်းတဲ့ အချက်ကို ကောက်ချက်ချနေပြီ... မင်းရဲ့ မျက်လုံးတွေထဲမှာ ငါ မြင်နေရတယ်... တွေးတာကို ရပ်ပြီး ငါပြောတာကို နားထောင်စမ်း... ငါတို့ ဟင်းလင်းပြင် နဂါးရဲ့ ကခုန်ခြင်း ကို လေ့ကျင့်ကြမယ်..."

ဤအငြင်းပွားမှုကို လင်းတုန်း ကြားရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ကျင်းလုံ နှင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်က လင်းတုန်းအနေဖြင့် ထိုကခုန်ခြင်းကို ကျွမ်းကျင်ရန် လိုအပ်ကြောင်း အော်သိုက ငြင်းခုံခဲ့ဖူးသည်။ သို့သော် သူတို့၏ လေ့ကျင့်ရေးကွင်းများမှာ သေးငယ်ပြီး မီး အော်ရာ များများစားစား မရှိခြင်းတို့ကြောင့် လည်းကောင်း၊ ထိုတိုက်ပွဲသည် မီး အော်ရာ အလွန်နည်းပါးသော နေရာတွင်သာ ဖြစ်ပွားမည်ဟု အီသန်က အခိုင်အမာ ဆိုခဲ့ခြင်းတို့ကြောင့် လည်းကောင်း သူတို့သည် ထိုအကြံဉာဏ်ကို စွန့်လွှတ်ခဲ့ကြသည်။ ရလဒ်အနေဖြင့် လင်းတုန်းသည် အစစ်အမှန် တိုက်ပွဲတစ်ခုတွင် ယင်းကို တစ်ခါမျှ အသုံးမပြုခဲ့ဖူးပေ။

လေ့ကျင့်ရာတွင်လည်း အသုံးပြုခဲလှသည်။ သူ၏ အမြင်တွင် ထိုနည်းစနစ်သည် ကြီးမားလွန်းပြီး အစစ်အမှန် တိုက်ပွဲတွင် အသုံးပြုရန် လက်ဝင်လှသည်ဟု ထင်မြင်မိသည်။ ယင်းမှာ တောအုပ်တစ်ခုကို မီးရှို့ရန် သို့မဟုတ် ရွာတစ်ရွာကို တိုက်ခိုက်ရန်အတွက်သာ လိုအပ်သည့် အရာမျိုးနှင့် တူနေသည်။

သူနှင့် အော်သိုတို့သည် စင်္ကြံလမ်းတစ်လျှောက်ရှိ မီးလောင်လွယ်သော အမှိုက်သရိုက် အားလုံးကို စုဆောင်းကာ လင်းတုန်း ယခင်က တွေ့ရှိခဲ့သော ကြီးမား၍ ဗလာကျင်းနေသည့် သိုလှောင်ရုံ အခန်းကြီးထဲတွင် အနှံ့ဖြန့်ကျဲလိုက်ကြသည်။

သူတို့သည် ထိုကခုန်ခြင်း နည်းစနစ်ကိုသာမက သူ၏ နောက်ထပ် ထင်ရှားလှသော အားနည်းချက် တစ်ခုကိုပါ လေ့ကျင့်ရန် ရည်ရွယ်ထားကြသည်။ ယင်းမှာ သူ၏ နဂါး အသက်ရှူခြင်းကို ဖန်တီးရန် အချိန်ကြာလွန်းနေခြင်းပင်။ ကျင်းလုံ နှင့် မတိုက်ခိုက်မီကတည်းက ထိုကိစ္စနှင့် ပတ်သက်၍ သူတို့များစွာ တိုးတက်မှု ရှိခဲ့သော်လည်း လင်းတုန်း စိတ်ကျေနပ်လောက်သည့် အနေအထားသို့ တစ်ခါမျှ မရောက်ရှိခဲ့ပေ။

လေ့ကျင့်နေစဉ် သူတို့ ဖန်တီးလိုက်သော မီးတောက်များသည် လင်းတုန်း လည်ပတ်ရန်အတွက် အော်ရာ အရင်းအမြစ်များအဖြစ် အသုံးဝင်ခဲ့သည်။ သဘာဝမီးတောက် တစ်ခုသည် ဖျက်ဆီးခြင်း အော်ရာ ထက် မီး အော်ရာ ကို ပိုမိုထုတ်လုပ်ပေးသည်။ ထို့ကြောင့် လင်းတုန်း၏ တိုးတက်မှုမှာ မြွေဂူရှိ မဟူရာ မီးတောက် လေ့ကျင့်ရေးကွင်းများတွင် ရှိခဲ့စဉ်ကထက် များစွာ နှေးကွေးနေခဲ့သည်။ သို့သော် လေ့ကျင့်ရန်အတွက် သူ၏ အမြုတေကို ပြည့်ဝနေစေရန် လုံလောက်မှု ရှိခဲ့သည်။ အနည်းဆုံးတော့ သူတို့ ကိုယ်တိုင် ချွေတာသုံးစွဲသမျှ ကာလပတ်လုံး အတွက်ပင်။ ခန်းမထဲတွင် သူတို့၌ အမှိုက်သရိုက် ပမာဏ အကန့်အသတ်သာ ရှိသည် မဟုတ်ပါလား။

***

All Chapters