အခန်း (၁၂၈၅-၁၂၈၆)
Vol. 112 Ch. 1285-1286
အခန်း ၁၂၈၅
“ကျုပ်က မလိုချင်လို့ မဟုတ်ပါဘူး။ အဲ့ဒီ အုတ်မြစ်ကျောက် ၂၀၀၀၀ က အနာဂတ်မှာ လောင်စာဝယ်ဖို့အတွက် ချန်ထားတာမို့လို့ပါ။”
သခင်ကြီးလုက ပြန်ဖြေလာခဲ့သည်။ ရှောင်းယီ အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ထိုအရောင်းအဝယ်ကို ချက်ချင်း သဘောတူလိုက်သည်။
သခင်ကြီးလုအနေဖြင့် အနာဂတ်တွင် လောင်စာဆီ အမြောက်အမြား လိုအပ်လာမည်မှာ သေချာသဖြင့် ၎င်း၏ငွေများကို ရှောင်းယီထံတွင် လောလောဆယ် အပ်နှံထားသည့်အတွက် ပြဿနာမရှိပေ။
အရောင်းအဝယ် ပြီးဆုံးသွားပြီးနောက် ရှောင်းယီသည် လေဖိအားပေး အအေးခံစက်အတွက် လိုအပ်သော ကုန်ကြမ်းများကို ဈေးကွက်ခန်းမတွင် ချက်ချင်း စတင်ရှာဖွေလိုက်တော့သည်။
ရှောင်းယီသည် ရိက္ခာသေတ္တာများထဲမှ ကုန်ကြမ်းပစ္စည်းများကို ကိုယ်တိုင် မရရှိသေးသော်လည်း အများသုံး ချန်နယ်ရှိ မက်ဆေ့ခ်ျများကို ကြည့်ရုံဖြင့် ဤဒုတိယအဆင့်တွင် အသက်ရှင်ကျန်ရစ်သူများစွာ ရှိနေသေးကြောင်း သူသိလိုက်ရသည်။
ပထမအဆင့်တွင် စမ်းသပ်မှုပြုလုပ်သည့် ဂြိုဟ်များစွာ ရှိခဲ့ပုံရပြီး ရှောင်းယီနှင့် သူ၏အဖွဲ့ရှိနေသည့် ဂြိုဟ်မှာ ထိုအထဲမှ တစ်ခုမျှသာ ဖြစ်နိုင်သည်။
အသက်ရှင်ကျန်ရစ်သူ အများအပြားထဲတွင် သူလိုအပ်သော ကုန်ကြမ်းများကို ကံကောင်းထောက်မစွာ ရရှိထားသူများ အမြဲတမ်း ရှိနေတတ်သည်။ ထို့အပြင် ရှောင်းယီတွင် လူတိုင်းလိုအပ်နေသော အောက်ဆီဂျင် ရှိနေသောကြောင့် ထိုကုန်ကြမ်းများကို စုဆောင်းရသည်မှာ အလွန်ပင် မြန်ဆန်လှသည်။
ဆယ်မိနစ်အတွင်းမှာပင် ရှောင်းယီသည် လိုအပ်သော ကုန်ကြမ်းအားလုံးကို စုဆောင်းမိသွားခဲ့သည်။ ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ဆောက်လုပ်ရေးစာမျက်နှာပေါ်ရှိ ‘ထုတ်လုပ်မည်’ ဆိုသည်ကို နှိပ်လိုက်ရာ မကြာမီမှာပင် သူ၏ရှေ့မှောက်၌ စက်တစ်လုံး ထွက်ပေါ်လာတော့သည်။
“ဓာတ်ငွေ့ဖိအားပေး အအေးခံစက် (B အဆင့်): လေထုသန့်စင် မျှခြေထိန်းစက် နှင့် ချိတ်ဆက်ပြီး ၎င်းစက်မှ ထွက်လာသော ဓာတ်ငွေ့များကို အရည်အဖြစ် ပြောင်းလဲနိုင်သည်။ ပိုက်လိုင်းများမှတစ်ဆင့် လောင်စာကန်နှင့်လည်း ချိတ်ဆက်နိုင်သည်။ လက်ရှိတွင် အရေးပေါ်ကယ်ဆယ်ရေးယာဉ်၌ အသုံးပြုနေသော လောင်စာမှာ ဟိုက်ဒရိုဂျင်အရည်နှင့် အောက်ဆီဂျင်အရည်ဖြစ်သည်။ အကြံပြုထားသော အသုံးပြုပုံမှာ အောက်ပါအတိုင်း ဖြစ်သည်...”
စနစ်၏ လမ်းညွှန်ချက် ထွက်ပေါ်လာပြီး စက်ပစ္စည်းအမျိုးမျိုးကို မည်သို့ချိတ်ဆက်ရမည်ကို ရှောင်းယီအား ရှင်းပြခဲ့သည်။
ရှောင်းယီသည် စနစ်၏ ညွှန်ကြားချက်များအတိုင်း ချက်ချင်းလုပ်ဆောင်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်၌ အုတ်မြစ်ကျောက်နှင့် အနက်ရောင်ရွှေတို့ကို အသုံးပြုကာ ဓာတ်ငွေ့ဖိအားပေး အအေးခံစက်ကို လေထုသန့်စင် မျှခြေထိန်းစက်၊ လောင်စာကန်တို့နှင့် ချိတ်ဆက်လိုက်တော့သည်။
လေထုသန့်စင် မျှခြေထိန်းစက်မှာ အလွန်အစွမ်းထက်ပြီး ရေရှိနေသရွေ့ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ချက်ချင်း လျှပ်စစ်ဓာတ်ခွဲခြမ်းပေးနိုင်သောကြောင့် ရှောင်းယီအတွက် ရေအမြောက်အမြား လိုအပ်လာခဲ့သည်။
ရှောင်းယီ၏လက်ထဲတွင် ရေအတန်အသင့် ရှိနေသေးသော်လည်း လောင်စာဆီထုတ်လုပ်ရန်အတွက်မူ လုံးဝမလုံလောက်သေးပေ။
ရေ ၁ ကီလိုဂရမ်ကို လျှပ်စစ်ဓာတ်ခွဲခြမ်းလိုက်လျှင် အောက်ဆီဂျင် ၉၀၀ ဂရမ်အောက်နှင့် ဟိုက်ဒရိုဂျင် ၁၀၀ ဂရမ်ကျော်သာ ရရှိမည်ဖြစ်သည်။ ဤမျှနည်းပါးသော ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ပမာဏကို လောင်စာကန်ထဲ ထည့်လိုက်ပါက ရေလှိုင်းအနည်းငယ်မျှပင် ထလာမည်မဟုတ်ပေ။
လောင်စာကန်၏ ထုထည်အရ အောက်ဆီဂျင်အရည် ခန့်မှန်းခြေ ၁ ကီလိုဂရမ်နှင့် ဟိုက်ဒရိုဂျင်အရည် ၂၀၀ ဂရမ်အောက်သည် လောင်စာကန်၏ ၁ ရာခိုင်နှုန်း မျှသာ ရှိသည်။ လောင်စာကန်တစ်ခုလုံး ပြည့်သွားစေရန် အောက်ဆီဂျင်အရည် ၁၀၀ ကီလိုဂရမ်နှင့် ၎င်းနှင့်ညီမျှသော ဟိုက်ဒရိုဂျင်အရည် ပမာဏ လိုအပ်မည်ဖြစ်သည်။
ထိုအချက်အလက်များအရ ရှောင်းယီအနေဖြင့် အလွတ်ဖြစ်နေသော လောင်စာကန်တစ်ခုကို အပြည့်ဖြည့်ရန် အနည်းဆုံး ရေ ကီလိုဂရမ် ၁၀၀ ကျော် လိုအပ်မည်ဖြစ်သည်။ သို့ဖြစ်ရာ ရှောင်းယီအတွက် ရေအများကြီး လိုအပ်နေသေးသည်။
သခင်ကြီးလုသည်လည်း ရှောင်းယီ တစ်ယောက် ဈေးကွက်ခန်းမ၌ ဓာတ်ငွေ့ဖိအားပေး အအေးခံစက်အတွက် ကုန်ကြမ်းများ စုဆောင်းနေသည်ကို မြင်တွေ့ခဲ့ပုံရသည်။
ရှောင်ယီ ပစ္စည်းအားလုံး စုဆောင်းပြီးသွားသည်ကို မြင်ပြီးနောက် ခဏအကြာတွင် စက်ကို ထုတ်လုပ်ပြီးလောက်ပြီဟု ထင်သဖြင့် သခင်ကြီးလုက ရှောင်းယီထံသို့ သီးသန့်မက်ဆေ့ခ်ျ ပို့ကာ မေးမြန်းလာခဲ့သည်။
“သူဌေး အဲ့ဒီစက်က ဘယ်လိုလဲ။ သုံးရတာ အဆင်ပြေရဲ့လား။”
“သုံးရတာတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ရေတော့ နည်းနည်း ဖြုန်းတီးရမယ်။”
ရှောင်းယီက ရေရွတ်လိုက်သည်။
“လောင်စာ တစ်ယူနစ် ရဖို့အတွက် ရေ တစ်ကီလိုဂရမ်လောက် သုံးရတယ်။”
သိပ်ပြီး တိကျနေဖို့ မလိုပါချေ။ အနာဂတ် တွက်ချက်မှုများအတွက် ထိုအချိုးအစားကိုသာ သူ အသုံးပြုတော့မည်ဖြစ်သည်။
“ရေ တစ်ကီလိုဂရမ် ဟုတ်လား။”
သခင်ကြီးလု အံ့သြသွား၏။
“ကျုပ်တို့ အဲ့ဒီလောက်များတဲ့ ရေကို ဘယ်ကနေ သွားရှာရမှာလဲ။”
“အနီးအနားက ဥက္ကာခဲတွေကိုပဲ စဉ်းစားရတော့မှာပေါ့။”
ရှောင်းယီက ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် ကျုပ်ကို လောင်စာဆီ နည်းနည်းလောက် ထပ်ပြီး လဲပေးလို့ရမလား။ အနီးဆုံးက ဥက္ကာခဲဆီ သွားပြီး ရေရနိုင်မလား ရှာကြည့်မလို့ပါ။”
သခင်ကြီးလုက သတိကြီးစွာဖြင့် တောင်းဆိုလိုက်သည်။
“ရတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“လောင်စာ ၁၀% - အခမဲ့လဲလှယ်ခြင်း။”
ရှောင်းယီသည် ထိုအရောင်းအဝယ်ကို စတင်ပေးပြီးနောက် ဆက်ပြောလိုက်သည်။
“လောင်စာဆီအတွက် ယာယီသတ်မှတ်ဈေးက တစ်ယူနစ်ကို အုတ်မြစ်ကျောက် ၁၀၀ ဆိုပေမဲ့ မင်းကတော့ ၅၀ ပဲ ပေးရင်ရပါပြီ။”
“ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။ အဲ့ဒီ အုတ်မြစ်ကျောက် ၂၀၀၀၀ ထဲကပဲ တိုက်ရိုက်နုတ်ယူလိုက်ပါ။”
သခင်ကြီးလုက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။”
ထိုအချိန်တွင် အာကာသချိတ်ကြိုးထံမှ အကြောင်းကြားသံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ရှောင်းယီသည်လည်း ၎င်းရှိရာဘက်သို့ ချက်ချင်း ပျံဝဲသွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ရိက္ခာသေတ္တာတစ်လုံးကို ဆွဲခေါ်လာပြီး ဖြစ်နေသည်။
ရှောင်းယီ ထိုရိက္ခာသေတ္တာကို ချက်ချင်း ဖွင့်ကြည့်လိုက်၏။
“ရရှိသော ရိက္ခာပစ္စည်းများ - အုတ်မြစ်ကျောက်၂၀၊ ရေ ၁ ကီလိုဂရမ်၊ အာကာသဖန်သား ၅။”
“အစားအသောက်တောင် တစ်ခုမှမပါပါလား။ ငါ အစားအသောက်တွေ အများကြီး လဲလှယ်ထားတာကို မြင်သွားလို့များလား။”
ရှောင်းယီက မျက်မှောင်ကြုတ်ကာ တီးတိုးညည်းတွားလိုက်မိသည်။
ထိုပစ္စည်းများကို သိမ်းဆည်းပြီးနောက် ရှောင်းယီသည် အလင်းရောင်နှင့် စွမ်းအင် ကောင်းကောင်းရနေသည့် အခွင့်အရေးကို အသုံးချကာ ရိက္ခာသေတ္တာများ ထပ်မံထွက်ပေါ်လာခြင်း ရှိ၊ မရှိ သိနိုင်ရန် အာကာသချိတ်ကြိုးကို ရိက္ခာသေတ္တာများဆီသို့ ဆက်လက်ပစ်လွှတ်ထားလိုက်သည်။
ယခင် ကျွန်းပေါ်တွင် ရှိစဉ်က အသက်ရှင်ကျန်ရစ်သူ တစ်ဦးစီသည် နေ့စဉ် ရိက္ခာသေတ္တာ ခြောက်လုံးစီ ရရှိခဲ့ကြသည်။ အာကာသထဲတွင်မူ ရိက္ခာသေတ္တာအရေအတွက်မှာ ခြောက်လုံးအောက်သာ ရှိနိုင်ပြီး တိကျသော အရေအတွက်ကိုမူ လက်တွေ့စမ်းသပ်မှုများမှတစ်ဆင့်သ ဆက်လက်အတည်ပြုရဦးမည်ဖြစ်သည်။
အရာအားလုံးကို ပြင်ဆင်ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လည်ပျံဝဲလာပြီး ဂရုထဲရှိ မက်ဆေ့ခ်ျများကို ဆက်လက်ကြည့်ရှုနေလိုက်သည်။
အစောပိုင်းအဆင့်တွင် အရေးပေါ်ကယ်ဆယ်ရေးယာဉ်အတွင်း လုပ်စရာ သိပ်မရှိသဖြင့် အများသုံး ချန်နယ်မှတစ်ဆင့်သာ လုပ်စရာများကို ရှာဖွေနိုင်ခဲ့သည်။ ဥပမာအားဖြင့် သူသာ အစောပိုင်းက အများသုံး ချန်နယ်ကို မကြည့်မိခဲ့ပါက သခင်ကြီးလုထံမှ ရရှိခဲ့သော ဓာတ်ငွေ့ဖိအားပေး အအေးခံစက်ကို လွဲချော်သွားနိုင်သည်။
“ငါ့ဆီမှာ အောက်ဆီဂျင် ကုန်သလောက်ဖြစ်နေပြီ။ ရိက္ခာသေတ္တာလည်း တစ်လုံးမှ မရသေးဘူး။ ဘယ်သူများ ကယ်နိုင်မလဲ။ ငါ သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်။”
“အပေါ်က ညီအစ်ကို... ကောင်းရာသုဂတိလားပါစေဗျာ။ ကျွန်တော် ဆုတောင်းပေးနေပါ့မယ်။”
“ဒီထဲကို ရောက်လာပြီဆိုရင် ကိုယ့်ဖာသာကိုယ်ပဲ ကယ်တင်နိုင်တယ်။ တခြားလူတွေက ပစ္စည်းတွေ လာပေးလိမ့်မယ်လို့ မျှော်လင့်နေတုန်းပဲလား။”
“ချီးပဲ... ငါ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ဥက္ကာခဲတစ်ခု လာမှန်လို့ အောက်ဆီဂျင်တွေ တောက်လျှောက် ယိုစိမ့်နေတယ်။ အောက်ဆီဂျင်တွေ ဆက်တိုက် ဖြည့်နေရလို့ ရှိသမျှရိက္ခာတွေလည်း ကုန်သလောက် ဖြစ်နေပြီ။”
“ပျက်စီးသွားတဲ့ နေရာက သိပ်မကြီးရင် လက်နဲ့ ပိတ်ထားလိုက်လေ “
“ဟုတ်တယ်။ လက်ချောင်းနဲ့ ပိတ်ထားလိုက်။ အနည်းဆုံးတော့ အောက်ဆီဂျင်တွေ အရမ်းမြန်မြန် မယိုစိမ့်တော့ဘူးပေါ့။”
“ဒါက ဘယ်လိုတောင် ရက်စက်တဲ့ စကားတွေလဲ။ ပြုပြင်ဖို့အတွက် အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေကို ဘာလို့ မသုံးတာလဲ။”
“မုန်းစရာပဲ...။ ငါ မပြင်ချင်လို့ မဟုတ်ဘူး။ အနက်ရောင်ရွှေက မလောက်ဘူးဖြစ်နေတာ။ ပြီးတော့ ဘယ်သူမှလည်း ထုတ်မရောင်းကြဘူး။”
“ဒါဆိုရင်တော့ ဘာမှလုပ်လို့မရတော့ဘူး။ ရိက္ခာသေတ္တာတွေ ထပ်ရအောင်သာ မြန်မြန်ရှာပေတော့။ အဲဒီထဲကနေ အနက်ရောင်ရွှေတွေ ပိုထွက်လာပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ။”
“ညီအစ်ကိုတို့... ကျုပ်ရှိတဲ့ဘက်မှာ ဘာလို့ ပြန်ပြီး မှောင်လာရပြန်တာလဲ။”
“ဘာ...။ မင်းတို့ဘက်မှာ ပြန်မှောင်သွားပြီ ဟုတ်လား။ ငါ့ဆီမှာတော့ အလင်းရောင် ကောင်းတုန်းပဲ။ အနည်းဆုံးတော့ အပြင်က အခြေအနေကို လှမ်းကြည့်လို့ ရသေးတယ်။”
“သောက်ကျိုးနည်းဟေ့...။ ကျုပ်ဘေးနားမှာ အာကာသဗိမာန်ကြီးတစ်ခု ရှိနေတယ်။ အဲဒါ ဂြိုဟ်တစ်လုံးပဲ ဖြစ်ရမယ်။ အဲဒါကြီးက ကြယ်ဆီကလာတဲ့ အလင်းရောင်ကို ကာထားလို့ ဒီမှာ မှောင်လာတာပဲ။ မဆန်းတော့ဘူး။”
“မဖြစ်နိုင်တာ။ အဲဒီလောက်ကြီးတဲ့ ဂြိုဟ်ကြီးရှိနေရင် မင်း အဲဒီဂြိုဟ်ရဲ့ ဆွဲငင်အားထဲကို စုပ်ယူခံလိုက်ရမှာ မဟုတ်ဘူးလား။”
“အဲလိုတော့ မဟုတ်သေးဘူးထင်တယ်။ အနည်းဆုံးတော့ ငါ အဲဒီဂြိုဟ်နဲ့ ပိုနီးကပ်သွားသလိုမျိုး မခံစားရသေးဘူး။”
“ငါ့ရဲ့ တည်နေရာက ဂြိုဟ်ခါးပတ် ဖြစ်နေရမယ်လို့ ခံစားရတယ်။ ဂြိုဟ်တစ်လုံးလုံးက ငါ့ရဲ့ အလင်းရောင်ကို ပိတ်ပစ်လိုက်တာလား မသိဘူး။”
“တစ်ယောက်က အလင်းပိတ်ဆို့တာ ခံလိုက်ရပြီဆိုတော့ တခြား အသက်ရှင်ကျန်ရစ်သူတွေလည်း ဒီလို အလင်းပိတ်ဆို့ခံရမယ့် ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”
“ဟုတ်တယ်။ အလင်းပိတ်ဆို့ခံရတာက ဘာမှမဟုတ်သေးဘူး။ ငါ စိုးရိမ်တာက ဂြိုဟ်ကြီးတစ်ခုရဲ့ ဖမ်းယူခြင်းကို ခံလိုက်ရမှာပဲ။ အဲဒီလိုဆိုရင်တော့ ငါတို့ အဲဒီဂြိုဟ်ကြီးပေါ်မှာပဲ ပိတ်မိနေတော့မှာ။”
“အမှန်ပဲ... ငါတို့ ဘာလုပ်ရမလဲ။”
“အဲလိုတော့ ဖြစ်မလာနိုင်လောက်ပါဘူးနော် ဟုတ်တယ်မလား။ ငါတို့ စစချင်းတုန်းကလည်း ဂြိုဟ်ကြီးတစ်ခုရဲ့ ဖမ်းယူတာကို မခံခဲ့ရဘူးလေ။ အဲ့တော့ အခုလည်း ဖမ်းယူခံရမှာ မဟုတ်လောက်ပါဘူး။”
အခန်း ၁၂၈၆
“မင်းပြောတဲ့ မဟုတ်လောက်ပါဘူး ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒါက လုံးဝကို ဖြစ်နိုင်တာ။ အစတုန်းက မင်းမလှုပ်ရှားခဲ့ဘူး။ ဒါပေမဲ့ အခု မင်းလှုပ်ရှားနေပြီ မဟုတ်ဘူးလား။”
“အတိအကျပဲ။ အားလုံးက သူတို့ရဲ့ မူလနေရာတွေမှာ ရှိမနေကြတော့တာ သေချာသလောက်ပဲ။”
“အဓိပ္ပာယ်မရှိတာ။ လူတိုင်းက ရိက္ခာသေတ္တာ တစ်လုံးထက်မကကို လုယူထားကြတာလေ။ ငါတို့ မူလနေရာတွေနဲ့ ဝေးရာကို မျောပါသွားခဲ့ကြတာ ကြာလှပြီ။”
“ဒါဆို ငါတို့သာ မူလနေရာတွေကို ပြန်သွားနိုင်ရင် ဘေးကင်းပြီမလား။”
“သေချာတော့ မသေချာဘူ။ ဒါပေမဲ့ အခု ငါတို့ ရောက်နေတဲ့ နေရာတွေထက်စာရင်တော့ ပိုပြီး ဘေးကင်းနိုင်တယ်။”
“အေး... ဒါဆို ငါတို့ ဘာကို စောင့်နေကြတာလဲ။ အခုပဲ ပြန်ကြစို့။”
“ငါလည်း ပြန်ချင်တာပေါ့။ ဒါပေမဲ့ လောင်စာဆီက အလုံအလောက် မရှိဘူး။”
“ဟုတ်တယ်။ လွန်ခဲ့တဲ့ သုံးရက်လုံးလုံး ရိက္ခာသေတ္တာတွေ လုနေရတာနဲ့ လောင်စာဆီတွေ အကုန်ခန်းသွားပြီ။ အခု ပြန်ဖို့ လောင်စာဆီ ဘယ်က သွားရမှာလဲ။”
“ခဏလေး ငါ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်က ဂြိုဟ်ကြီးတစ်လုံးရဲ့ ဆွဲငင်အားအောက်ကို ရောက်သွားပြီ ထင်တယ်။ ငါတော့ သွားပြီ။”
“အားလုံးပဲ မိမိတို့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်တွေကို ကြယ်တာရာနဲ့ ဝေးနိုင်သမျှ ဝေးအောင် ရွှေ့ဖို့ ကြိုးစားကြ။ ဝေးနိုင်သမျှ ဝေးဝေးကို ရွှေ့။”
“မှန်တယ်။ ဒါဆိုရင် ဂြိုဟ်တွေနဲ့ အနည်းငယ် ပိုဝေးသွားနိုင်လိမ့်မယ်။”
“သေစမ်း... ဒီနေရာမှာ ဘာလို့ နေရာအနှံ့ ထောင်ချောက်တွေ ချည်းပဲ ဖြစ်နေရတာလဲ။”
“မင်းက အာကာသ စူးစမ်းလေ့လာရေးကို လွယ်တယ်မှတ်နေလား။ လူတိုင်း အာကာသယာဉ်မှူး ဖြစ်နိုင်တယ် ထင်နေတာလား။”
“လောင်စာဆီ ဝယ်ပါမယ်။ ကျွန်တော် လောင်စာဆီ ၂၀ ရာခိုင်နှုန်းပဲ လိုအပ်ပါတယ်။ အုတ်မြစ်ကျောက် တစ်သိန်း ပေးဖို့ အဆင်သင့်ပါပဲ။”
ထိုစျေးနှုန်းကို မြင်လိုက်ရသောအခါ ရှောင်းယီသည် သူ ယခင်က သတ်မှတ်ခဲ့သော ဈေးနှုန်းများ အလွန်နည်းသွားခဲ့ကြောင်း သိလိုက်ရသည်။ သို့သော်လည်း နားလည်ပေး၍ ရပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် လောင်စာဆီသည် ရှင်သန်ခြင်း၏ သော့ချက်ဖြစ်နေပြီး ဈေးနှုန်းမှာလည်း သဘာဝအတိုင်း ထိုးတက်သွားခြင်း ဖြစ်သည်။
ယခင်ကမူ လောင်စာဆီသည် ရိက္ခာသေတ္တာများကို လုယူရန်အတွက်သာ သော့ချက်ဖြစ်ခဲ့သည်။ ထိုအရာသည်လည်း ရှင်သန်ခြင်းနှင့် ဆက်စပ်နေသော်လည်း ယခုလောက် တိုက်ရိုက်ကြီး မကျရောက်သေးပေ။
ရှောင်းယီ သူ၏ ရေပမာဏကို လှမ်းကြည့်လိုက်ရာ ၉၅ ကီလိုဂရမ် ရှိနေပြီဖြစ်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူသည် ၄၅ ကီလိုဂရမ်ကို ချက်ချင်း အသုံးပြုလိုက်ပြီး ပထမဦးစွာ လေထုသန့်စင်မှု မျှခြေထိန်းကိရိယာကို အသုံးပြု၍ ရေကို ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်အဖြစ် ခွဲထုတ်လိုက်သည်။ ထို့နောက် လေဖိအားပေး အအေးခံစက်ကို အသုံးပြုကာ လောင်စာဆီ ၄၅ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲလိုက်သည်။
အနည်းငယ် စဉ်းစားပြီးနောက် သူသည် ဈေးကွက်ခန်းမ၌င် အရောင်းအဝယ်တစ်ခုကို တင်လိုက်သည်။
[လောင်စာဆီ] ၁% - အုတ်မြစ်ကျောက် ၁၀၀၀၀။
စုစုပေါင်း အရောင်းအဝယ် အစုံ ၄၀ ဖြစ်သည်။
ထိုအရောင်းအဝယ်ကို တင်လိုက်သည်နှင့် တပြိုင်နက် အများသုံး ချန်နယ်မှာ ထပ်မံ၍ ဆူညံပွက်လောရိုက်သွားပြန်၏။
“ဘာတွေဖြစ်နေတာလဲ။ ဒီ ယီရန်ပင်းက ဘယ်လိုလုပ် လောင်စာဆီတွေ ဒီလောက်အများကြီး ထုတ်ရောင်းနိုင်ရတာလဲ။”
“သူက လောင်စာဆီကို ကိုယ်တိုင် ထုတ်လုပ်နိုင်နေပြီ ထင်တယ်။”
“ဟုတ်တယ်။ ဒါပေမဲ့ ဒီစျေးနှုန်းက တော်တော်ကြီး ကြီးလွန်းတယ်။”
“ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ ဈေးနှုန်းကို ဒီလောက်အမြင့်ကြီး သတ်မှတ်တာက အကျင့်သိက္ခာနဲ့ မညီဘူး မဟုတ်ဘူးလား။”
“မင်းက ဘယ်လိုအချိန် ရောက်နေပြီ ထင်လို့ ကိုယ်ကျင့်သိက္ခာအကြောင်း လာပြောနေတာလဲ။ အခုအချိန်မှာ တစ်ယောက်ယောက်က လောင်စာဆီ ထုတ်ပေးနိုင်ရင်ပဲ ငါ သူ့ရဲ့ ဘိုးဘွားဘီဘင် ၈ ဆက်တိုင်အောင် ကျေးဇူးတင်မိမှာ။”
“အတိအကျပဲ။ သူက သူ့လောင်စာဆီကို ဘယ်လောက်ပဲ တောင်းတောင်း ဒါက သူ့ကိစ္စလေ။ မင်း မတတ်နိုင်ရင် သူ့ကို အပြစ်မတင်နဲ့။”
“သေမ်း... ငါ ခဏလေး ဝေခွဲမရဖြစ်သွားတာနဲ့တင် ကုန်သွားပြီ။ သူဌေး နောက်ထပ် ထပ်ထုတ်ပေးလို့ ရမလား။”
“ဟုတ်ပါ့ကွာ။ မင်းတို့အားလုံး ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေကြတာလဲ။ မင်းတို့ လက်ထဲမှာ အုတ်မြစ်ကျောက်တွေ အဲ့လောက်အများကြီး ရှိနေကြတာလား။”
“ဆရာကြီးကို တောင်းပန်ပါတယ်ဗျာ။ လောင်စာဆီတွေ ထပ်ထုတ်ပေးပါဦး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်တင်ပေးပါ။”
ထိုအချိန်တွင် သခင်ကြီးလုတစ်ယောက် ရှောင်းယီထံသို့ သီးသန့်မက်ဆေ့ခ်ျတစ်ခု ပို့လာခဲ့သည်။
“သူဌေး ခင်ဗျား ဘယ်လိုလုပ် ရုတ်တရက်ကြီး လောင်စာဆီတွေ ဒီလောက်အများကြီး ရသွားတာလဲ။”
“ငါ ဥက္ကာခဲတွေဆီကနေ ရေအချို့ စုဆောင်းမိလို့ပါ။ အဲ့ဒါကြောင့် လောင်စာဆီ ဒီလောက် ထုတ်နိုင်ခဲ့တာ။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ဩော်... ဒါကြောင့်ကိုး။”
သခင်ကြီးလုက ပြန်ဖြေလိုက်ပြီးနောက် အရောင်းအဝယ်တစ်ခုကို စတင်လိုက်သည်။
ရေ ၁၂ ကီလိုဂရမ် - အခမဲ့လဲလှယ်ခြင်း။
“သူဌေး ကျွန်တော်လည်း ဒီမှာ ရေအချို့ စုဆောင်းမိထားတယ်။ ဒါကို လောင်စာဆီအဖြစ် ပြောင်းလဲဖို့ ကူညီပေးနိုင်မလား။ ဈေးနှုန်းကိုတော့ ယခင် သူဌေးပြောထားတဲ့အတိုင်းပဲ သတ်မှတ်ပေးလို့ ရမလား။”
သခင်ကြီးလုက အားနာရိုသေစွာ မေးမြန်းလိုက်သည်။
ရှောင်းယီက အရောင်းအဝယ်ကို လက်ခံလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ငါတို့ သဘောတူညီထားပြီးသား ဈေးနှုန်းရှိတာမို့ ယခင်ဈေးအတိုင်းပဲ သေချာပေါက် သတ်မှတ်ပေးမှာပါ။ အခု ဈေးကွက်ခန်းမထဲမှာ တင်ထားတဲ့ ဈေးနှုန်းတွေက နည်းနည်း စျေးတင်ထားတာပဲ။”
“ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”
သခင်ကြီးလုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ဒါနဲ့ မင်းကော မင်းရဲ့ မူလနေရာကို ပြန်သွားပြီးပြီလား။”
ရှောင်းယီက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“မပြန်ရသေးပါဘူး။ ဒါပေမဲ့ ကျုပ် အလင်းရောင်နဲ့ ဝေးတဲ့နေရာကို ရွေ့လျားရင်း ရိက္ခာသေတ္တာတွေကို အမြဲလုယူနေခဲ့ပါတယ်။ အဲဒါကြောင့် ကျုပ်နဲ့ ဂြိုဟ်ကြားက အကွာအဝေးကို ပိုတိုတောင်းမသွားစေနိုင်ဘူးလေ။ အဲ့ဒါကြောင့် ပြဿနာအကြီးအကျယ်တော့ မရှိလောက်ပါဘူး။”
လုမေယွီက ပြန်ဖြေလိုက်သည်။
“ဒါဆိုရင်တော့ ကောင်းတာပေါ့။”
ရှောင်းယီက ပြောပြောဆိုဆိုဖြင့် ရေ ၁၂ ကီလိုဂရမ်ကို လောင်စာဆီ ၁၂ မှတ်အဖြစ် ပြောင်းလဲကာ ပြန်ပို့ပေးလိုက်သည်။
လောင်စာဆီ ၁၂% - အခမဲ့လဲလှယ်ခြင်း။
လုမေယွီက ချက်ချင်းပင် အရောင်းအဝယ်ကို လက်ခံလိုက်ပြီး ဝမ်းသာအားရဖြင့် ပြောလာခဲ့သည်။
“ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။ ကျွန်မက ဒိုင်ယာဂြိုဟ်က လာတာပါ။ ကျွန်မရဲ့ နာမည်အရင်းက လုမေယွီပါ။ သူဌေးကော ဘယ်ကလဲ။”
“ငါက ကမ္ဘာမြေကပါ။”
ရှောင်းယီက သူ့ နာမည်အရင်းကို မပြောဘဲ ပြန်ဖြေလိုက်သည်။
လုမေယွီကလည်း ထပ်ပြီး အတင်းအကျပ် မမေးတော့ဘဲ ပြုံးလျက်ဖြင့်သာ ပြောလိုက်သည်။
“သူဌေးက ပထမအဆင့်မှာလည်း တော်တော်လေး အားကောင်းခဲ့မှာ သေချာတယ်။ သိချင်လို့ပါ...သူဌေး ဒီဘက်ကို အုတ်မြစ်ကျောက် ဘယ်လောက်များများ သယ်လာခဲ့လဲ။”
“ငါ အတိုင်းအတာတစ်ခုအထိတော့ အားကောင်းခဲ့တာ ဟုတ်ပါတယ်။ ဒါပေမဲ့ အုတ်မြစ်ကျောက် တစ်လုံးမှ သယ်မလာခဲ့ဘူး။”
ရှောင်းယီက ကူကယ်ရာမဲ့နေသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ဘာ...။ အုတ်မြစ်ကျောက် တစ်လုံးမှ မပါဘူးဟုတ်လား။”
လုမေယွီတစ်ယောက် ဆွံ့အသွားခဲ့သည်။
“ဒါဆို သူဌေးက ဘာလို့ အုတ်မြစ်ကျောက်တွေ အားလုံးကို ပထမအဆင့်မှာပဲ ထားခဲ့ရတာလဲ။ အဲဒီမှာ ထားခဲ့လည်း ဘာမှ အသုံးမဝင်ဘူးလေ။”
“ငါ့ဇနီးနဲ့ တချို့ ဆွေမျိုးမိတ်ဆွေတွေက အဲဒီကမ္ဘာမှာ ရှိနေသေးလို့လေ။ အဲဒါကြောင့် အကုန်လုံးကို သူတို့အတွက် ထားခဲ့တာပါ။”
ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ပြီးတော့ အထူးအကြောင်းပြချက်အချို့ကြောင့် ငါက အုတ်မြစ်ကျက်တွေကို ကိုယ်နဲ့အတူ သယ်လာလို့မရဘူး ဖြစ်နေလို့ပါ။”
“ဘာ...”
ရှောင်းယီ၏စကားကို ကြားလိုက်ရသောအခါ လုမေယုတစ်ယောက် နောက်တစ်ကြိမ် ငေးမှိုင်သွားပြန်၏။
ထို့နောက် သူက အလျင်အမြန် ထပ်မေးလိုက်သည်။
“သူဌေး...သူဌေးရဲ့ ဇနီး၊ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေက ပထမအဆင့်ရဲ့ ဒေသခံတွေမို့လို့လား။”
အဘယ်ကြောင့်ဆိုသော် ထိုသို့ဖြစ်မှသာ ရှောင်းယီပြောသော ဇနီးနှင့် ဆွေမျိုးမိတ်ဆွေများသည် ထိုပထမအဆင့်ကမ္ဘာတွင် ဆက်လက်ရှင်သန်နိုင်မည်ဖြစ်သောကြောင့်ပင်။
“မဟုတ်ဘူး။ သူတို့ကလည်း ငါတို့လို အသက်ရှင်ကျန်ရစ်သူတွေပါပဲ။”
ရှောင်းယီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
လုမေယွီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ရှောင်းယီ၏ ပြန်စာကို ကြည့်ပြီး မှင်တက်သွားတော့သည်။
ရှောင်းယီ၏ စကားများထဲတွင် အချက်အလက် နှစ်ခု ပါဝင်နေသည်။
ပထမအချက်မှာ စမ်းသပ်မှုခံယူသူတစ်ဦးသည် ဒုတိယအဆင့်သို့ မဝင်ရောက်ဘဲ ပထမအဆင့်မှာတင် အမှန်တကယ် ဆက်လက်ရှင်သန်နေနိုင်ခြင်း ဖြစ်သည်။
ဒါက ဘယ်လိုအခြေအနေမျိုးလဲ။ အကယ်၍ ဒုတိယအဆင့်သို့ မဝင်ရောက်ရင် ဖျက်ဆီးခြင်း မခံရဘူးလား။
ဒုတိယအချက်မှာ သူသည် အကြောင်းပြချက်အချို့ကြောင့် အုတ်မြစ်ကျောက်များကို ဤနေရာသို့ အမှန်တကယ် သယ်ဆောင်လာ၍မရခြင်း ဖြစ်သည်။
ဒါက ဘာအကြောင်းကြောင့်လဲ။ သူက ဘာလို့ အုတ်မြစ်ကျောက်တွေ သယ်လို့မရတာလဲ။
ဤမေးခွန်းနှစ်ခုစလုံးက လုမေယွီအတွက် လုံးဝကို စဉ်းစား၍မရနိုင်လောက်အောင် ဖြစ်နေရလေသည်။
သို့သော်လည်း လုမေယွီသည် ရှောင်းယီနှင့် သိပ်ပြီး မရင်းနှီးသေးသဖြင့် ဆက်တိုက် မေးမြန်းနေရန် မသင့်တော်ပေ။ ထို့ကြောင့် လောလောဆယ်တွင် ထိုသံသယများကို စိတ်ထဲ၌သာ ဖိနှိပ်ထားလိုက်ရတော့သည်။ နောက်ပိုင်း ပိုပြီး ရင်းနှီးလာမှပဲ ထပ်မေးတော့မည်။
ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် ဈေးကွက်ခန်းမ၌ အရောင်းအဝယ်တစ်ခုကို ထပ်တင်လိုက်သည်။ ၎င်းမှာ အောက်ဆီဂျင်နှင့် ရေကို လဲလှယ်ရန် ဖြစ်သည်။
ယခုအချိန်တွင် အခြေခံအားဖြင့် လူတိုင်း၌ စုဆောင်းရေးကိရိယာများ ရှိနေကြပြီး အခြားလုပ်စရာလည်း မရှိသဖြင့် ဥက္ကာခဲအချို့ကို ဖမ်းယူစုဆောင်းကာ ရေအရင်းအမြစ် အပါအဝင် သတ္တုအရင်းအမြစ်အချို့ကို ရရှိအောင် လုပ်ဆောင်ကြလိမ့်မည်။
သဘာဝအတိုင်းပင် ဥက္ကာခဲများမှ စုဆောင်းရရှိသောအရာမှာ ရေဖြစ်ပြီး ရိက္ခာသေတ္တာများမှ ထွက်လာသောအရာမှာ ရေသန့်ဖြစ်သည်ကို လူတိုင်း သတိထားမိကြပေလိမ့်မည်။
အမည်ကို ကြည့်ရုံဖြင့်ပင် ဥက္ကာခဲများမှ စုဆောင်းရရှိသော ရေကို မသောက်သုံးမီ ပြန်လည်သန့်စင်ရန် လိုအပ်ကြောင်း သိနိုင်သည်။
ထို့ကြောင့် ရှောင်းယီသည် ရေအချို့ကို အရောင်းအဝယ်လုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။ ဤရေသည် အခြားသူများ၏ လက်ထဲတွင် လုံးဝ အသုံးမဝင်ပေ။
သို့သော် ရှောင်းယီ၏ လက်ထဲတွင်မူ ၎င်းသည် အောက်ဆီဂျင် ဖြစ်လာနိုင်ပြီး လောင်စာဆီအဖြစ်သို့လည်း ပြောင်းလဲနိုင်သည်။
ရှောင်းယီက အရောင်းအဝယ်ကို တင်လိုက်ပြီးနောက် အများသုံး ချန်နယ်မှာ ထပ်မံ၍ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပြန်သည်။
“သူဌေးက တကယ်ကြီး ရေတွေ စပြီးစုဆောင်းနေပြီလား။”