အခန်း ၁
Vol. 1 Ch. 1
1 01
အပိုင်း (၁) စေ့စပ်ပွဲ ဖျက်မယ်
“ဒီလိုနဲ့ စေ့စပ်ပွဲကို ဖျက်လို့ ရတယ်လို့ ဘယ်လိုလုပ် ဒီလောက်ထိ လွယ်နေမှာလဲ ဟမ် မင်းတို့ရဲ့ ပိုင်မိသားစုက ငါတို့ကို လျော်ကြေးပေးရမယ်”
“ဘာလို့ ငါတို့ရဲ့ ပိုင်မိသားစုက လျော်ကြေးပေးရမှာလဲ။ မင်းတို့ရဲ့ ရှုမိသားစုက အိပ်မက်မက်နေတာ ဖြစ်မယ်”
စာကြည့်ခန်းကြီးထဲတွင် အမျိုးသားနှင့် အမျိုးသမီး ဆယ်ယောက်ခန့်နီးပါး ဝိုင်းထိုင်နေကာ တင်းကြပ်သော လေထုအခြေအနေ ဖြစ်နေသည်။ သို့သော် သိသာစွာပင် အဖွဲ့နှစ်ဖွဲ့ကွဲနေသည်။
ဆိုဖာ၏တစ်ဖက်တစ်ချပ်စီတွင် ထိုင်နေကြပြီး မည်သည့် ဘက်ကမှ အလျော့မပေးလိုကြသည့်ဟန်ဖြင့် အဆုံးအစမဲ့လောက်အောင် ငြင်းခုံနေကြသည်။
သူမ၏ စိတ်ထဲမှ မှတ်ဉာဏ်များက လိမ့်တက်လာချိန်တွင် ရှုရှင်းက လက်ရှိ အခြေအနေကို နားလည်သွားပြီ ဖြစ်သည်။ သူမ၏ အရှေ့မှ ထူးဆန်းပြီး ရယ်စရာကောင်းသောမြင်ကွင်းကို မြင်သောအခါ အတော်လေးရယ်ရသည်ဟု ခံစားရသည်။
“ဟား…”
အေးစက်သော ရယ်သံက မတိုးလွန်း မကျယ်လွန်းချေ။ သို့သော် ငြင်းခုန်မှုများကို တိတ်သွားစေသည်။ သူတို့၏အကြည့်က တစ်ယောက်ထိုင်ဆိုဖာထိုင်ခုံမှာ ထိုင်နေပြီး အစမှ အဆုံးထိ စကားတစ်ခွန်းမှ ဝင်မပြောခဲ့သော ကောင်မလေးဆီ ရောက်လာသည်။ ရှုရှင်း၏တည်ငြိမ်သော အကြည့်က တစ်ယောက်ချင်းစီကို သေချာလိုက်ကြသည်။ လူတိုင်းက သူမနှင့် အကြည့်ချင်းဆုံသောအခါ မသက်မသာ ဖြစ်စွာ အကြည့်လွဲသွားကြ၏။ မည်သူကမှ သူမ၏ မျက်နှာကို တိုက်ရိုက် စိုက်မကြည့်ရဲပေ။
“ကလေးမရှင်း…မင်းကြည့်…”
လူအိုကြီးတစ်ယောက်က အရင်စပြောသည်။ သူကလည်း ကိုးရိုးကားရား လေထု အခြေအနေကို ဖျက်ဆီးလိုသည်။
“အဖိုးပိုင် ဘာမှ ပြောဖို့ မလိုတော့ဘူး။ ရှင်တို့ ဒီနေလာတဲ့ရည်ရွယ်ချက်ကို ကျွန်မသိတယ်။ ကျွန်မလည်း စေ့စပ်ပွဲကို ဖျက်ဖို့ သဘောတူတယ်။ ဒါပေမဲ့ ကျွန်မအဖိုးက ရှင်တို့ရဲ့ မိသားစုကို အသိအမှတ်ပြုတဲ့အနေနဲ့ ပေးထားတဲ့ အဲဒီ လက်ဆောင်ကို ပြန်ပေးလို့ ရမလား”
“ရှင်းအာ စေ့စပ်ပွဲကို ဖျက်လို့ မရဘူးလေ ဒါက …”
တစ်ဖက်မှ ရှုလျန်ကျွင်းက အလျင်စလို ဝင်ပြောသည်။
“ဦးလေး ဒါက ကျွန်မရဲ့ကိစ္စပါ၊ ကျေးဇူးပြုပြီးဝင်မပါပါနဲ့၊ ကျွန်မ ဒီကိစ္စကို ကိုင်တွယ်ပြီးတဲ့အထိ စောင့်ပေးပါအုံး။ အဲဒီနောက် ဦးလေးပြောချင်တာကို ကျွန်မတို့ သီးသန့်ပြောလို့ ရတယ်”
အခြားတစ်ဖက်မှ စကားပြီးအောင် ပြောပိုင်ခွင့်ပင် မပေးထားဘဲ ရှုရှင်းက သူမ၏ အတွေးကို တိုက်ရိုက်ဖော်ပြပြီး တစ်ဖက်သူကို မျက်တောင်ပင် မခတ်ဘဲ စိုက်ကြည့်သည်။ ရှုလျန်ကျွင်းသည်လည်း သူဟာ ဖောက်မြင်ခံနေရသည်ဟု ခံစားရပြီး နှလုံးသားက တုန်ယင်သွားသည်။ အဆုံးသတ်တွင် ဘာကိုမှ မပြောခဲ့ချေ။
“ဒီလိုပဲ ဖြစ်ရမှာလေ။ ငါတို့က ဒီနေ့ ကိစ္စတွေအားလုံးကို ယူလာပြပြီးပြီ ဒီစာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီး စေ့စပ်ပွဲက ဖျက်သိမ်းတယ်ဆိုတာကို သဘောတူလိုက်ပြီဆိုတာနဲ့ ဒီအတိုင်း ရှင်းလင်းသွားမှာပဲ”
ပိုင်ရှန်းတိက ရှုရှင်း သဘောတူကြောင်း ကြားသည်နှင့် အခြားသော လွန်ကဲသည့် တောင်းဆိုမှုများကိုပင် ထည့်မပြောလာတော့ပေ။ သူ၏ မျက်လုံးထဲတွင် ကျေနပ်မှုနှင့် လက်ခံ ရုံလက်ခံနိုင်လောက်သည့် လက်ခံမှုမျိုးကို ဖော်ပြသည်။
အာ…မိဘမဲ့က မိဘမဲ့ပါပဲ ထိန်းချုပ်ရလွယ်တယ်။
သူက လက်ကို တစ်ချက် ယမ်းလိုက်သောအခါအနောက်ဖက်မှ အတွင်းရေးမှူးက ပရင့်ထုတ်ထားသော စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပါသည် ဆိုသည့် စာချုပ်နှင့် ရတနာ သေတ္တာတစ်ခုကို ကော်ဖီစားပွဲပေါ် တင်လိုက်သည်။ စာချုပ်ပါ အကြောင်းအရာများက သိပ်မများချေ။ ရှုရှင်းက ပိုင်ကျောင်းချူနှင့် စေ့စပ်ပွဲကို ဖျက်သိမ်းရန် ဝန်ခံထားကြောင်း သူမဟာ ပိုင်မိသားစုနှင့် မည်သို့မှ မပတ်သက်တော့ကြောင်း အကြောင်းအရာများသာ ပါသည်။
1 02
ရှုရှင်းသည် စားပွဲပေါ်မှ ရတနာ သေတ္တာကိုသာ အရင်ကောက်ယူလိုက်ပြီး အတွင်းတွင် အဖိုးဖြစ်သူက ပေးထားခဲ့သည့်အရာက အမှန်တကယ် စစ်မှန်ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် ပြင်ဆင်ထားပြီးသား ဘောပင်ကို ကောက်ယူပြီးနာမည်ကို ရေးထိုးပေးလိုက်သည်။
“ကလေးမရှင်း ငါတို့ရဲ့ မိသားစု နှစ်ခုက ဒီနေ့ စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့တယ် ဆိုပေမယ့်လည်း ငါတို့ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ တည်တံ့ခဲ့တဲ့ ရင်းနှီးမှုူမျိုးက တည်ရှိနေအုံးမှာ။ပဲ အခု သမီးရဲ့ မိဘတွေလည်း မရှိကြတော့ဘူး ဆိုတော့ အနာဂတ်မှာ အခက်အခဲတွေရှိရင် ငါ့ဆီလာ ငါကူညီပေးမယ်”
ပိုင်မိသားစုက ရှုရှင်းလက်မှတ်ထိုးထားသည့် စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းသော စာချုပ်ကို ယူလိုက်ပြီးနောက်တွင် ဒီနေ့၏ လာရင်းရည်ရွယ်ချက်က ပြီးမြောက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ပိုင်ရှုံးတိနှင့် ပိုင်မိသားစုက လူများက တုံ့ဆိုင်းမနေဘဲ ထရပ်ကြကာ ကောင်းမွန်သော နားထောင်ကောင်းသည့် စကားလုံးများကို ပြောပြီးထွက်သွားကြသည်။
ရှုရှင်းကလည်း သူ၏အလိမ်အညာများကို အလေးအနက်ထား မှတ်ယူမနေပေ။ သူမ၏ မျက်နှာပေါ်တွင် ဟန်ဆောင်အပြုံးကို ကောက်တပ်လိုက်ပြီး ဘာကိုမှ မပြောဘဲ လှေကားထံသို့သာ လျှောက်သွားရင်း ထွက်သွားသော သူတို့ကို ကြည့်ပေးလိုက်သည်။
တစ်ဖွဲ့ကို ကိုင်တွယ်ပြီးသည်နှင့် နောက်တစ်ဖွဲ့က ကျန်သည်။ သူမက ထိုနေရာသို့ ရောက်လာပြီးနောက် ယခုလို အခြေအနေမျိုးကို ရင်ဆိုင်ရသည်။ အစကတည်းက ခက်ခဲမှုအ ဆင့်မှ စတင်လေသည်။ ရှုရှင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တစ်ဖက်သို့ ပြန်လှည့်လိုက်သည်။
“ဘာ…ရှုရှင်းက ပါးကို အလေးအနက်ကို မထားတာနော်။ သူမက ပိုင်မိသားစုနဲ့ စေ့စပ်ပွဲ ဖျက်သိမ်းတာ။ ငါတို့ကိုတောင် ဆွေးနွေးတိုင်ပင်တာမျိုး မလုပ်ဘူး။ ဒါက တအားလွန်တယ်”
ရှုဟိုင်ရန်က ဆိုးရွားသော လေသံမျိုးနှင့် ပြောသည်။
ရှုရှင်း၏ အပြုအမူကိုလည်း ဖခင်ဖြစ်သူ၏အရှေ့တွင် စွပ်စွဲချက် တင်သည်။
ရှုလျန်ကျွင်း၏ မျက်နှာက မဲမှောင်နေသည်။ သို့သော် ဘာကိုမှ မပြောသလို သမီးဖြစ်သူ၏ စကားကိုလည်း မငြင်းချေ။ သူသည်လည်း ထိုအချိန်တွင် အမှန်ပင် မသက်မသာ ဖြစ်နေသေးသည်။ သို့သော် ကိစ္စများက ထိုအတိုင်းအတာအထိ မရောက်သေးချေ။ ထို့ကြောင့် ရှုရှင်းနှင့် အဆက်အသွယ်မဖြတ်သင့်သေးပေ။
“ရှောင်ရှင်း သမီးက သမီးရဲ့ ကိစ္စတွေကို ကိုယ်တိုင် ဖြေရှင်းချင်မှန်း ဦးလေး နားလည်တယ်။ အခု ဦးလေးတို့ရဲ့ ကိစ္စကို ပြောလို့ ရပြီလား”
ရှုရှင်းက မြင်လာကြောင်း မြင်သည်နှင့် ရှုလျန်ကျွင်းက သူမကို သေချာကြည့်သည်။
“ကောင်းပြီလေ ဦးလေး ဒီနေ့ ဘာအကြောင်းများ ပြောချင်တာလဲ”
ရှုရှင်းကလည်း သူတို့လာလည်ရသည့် ရည်ရွယ်ချက်ကို ကောင်းကောင်းသိသည်။ သို့သော် မသိချင်ဟန်ဆောင်ရသည်။
“ရှင်းအာ သမီးရဲ့ မိဘတွေက အခု မရှိကြတော့ဘူး။ သမီးရဲ့လက်ထဲက အဲဒီ ရှယ်ယာတွေက ဒီအတိုင်း ထိုင်နေသလို ဖြစ်နေတာမလား။ ဘာလို့ ဦးလေးကို ပေးပြီး မစီမံခိုင်းတာလဲ”
ဒေါ်လေးဝမ်ရှုဟုန်က နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ရှုရှင်းကို ကြည့်ကာ စိတ်မရှည်သလို ပြောလာသည်။ သူမက ရှုရှင်းကို အဆီများသော အသားတုံးကြီးကဲ့သို့ ကြည့်နေသည်။
“ဒါပေမဲ့ ကျွန်မသာ ဒီရှယ်ယာတွေကို ဒီအတိုင်းထားထားမယ်ဆိုရင်တောင်မှ နှစ်တိုင်းလိုလို ရနေတဲ့ ပိုက်ဆံတွေနဲ့ ခပ်အေးအေးနေလို့ ရနေတာပဲလေ။ ဦးလေးကို ဒုက္ခမပေးတာ ကောင်းမယ်ထင်ပါတယ်”
ရှုရှင်းက ပြုံးလိုက်သည်။ ဦးလေးဖြစ်သူ၏စကားကို ပိတ်ပြောသည်။ နှစ်ယောက်က တစ်ပွဲပြီးတစ်ပွဲ ထိုက်ကျိ ကျင့်နိုင်ကြသည်။ နောက်ဆုံးတွင် ရှုရှင်းက မည်သို့မှ မတုန့်ပြန်သောအခါ အနီးအနားတွင် နားထောင်နေသည့် ရှုလျန်ကျွင်းက ထိုင်မနေနိုင်တော့ပေ။
“ရှင်းအာ…သမီးအနေနဲ့ ငါ့ကိုရှယ်ယာတွေ ပေးမှ ရလိမ့်မယ်။ အခု ရှုရှီအဖွဲ့က ရှုမိသားစု ပိုင်ထားတာလေ။ သမီးရဲ့အဖိုးနဲ့မိဘတွေ ကြိုးစားအားထုတ်ထားသမျှကို အလဟဿ ဖြစ်သွားစေချင်လို့လား”
ရှုလျန်ကျွင်းက အမှန်ပင် စီးပွားရေး လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်နေခဲ့သော မြေခွေးအိုကြီး ဖြစ်သည်။ သူက ပါးစပ်ကို စဟလိုက်သည်နှင့် မူလပိုင်ရှင်၏ မိသားစုချစ်ခြင်း အကြောင်းကို အရသုံးကာ ခြိမ်းခြောက်သည်။ ဒီနေရာတွင် တည်ရှိနေခဲ့သော သူက မူလပိုင်ရှင်ဆိုလျှင်လည်း သေချာပေါက်ကို မှန်ကန်သည်ဟု ထင်ပြီးသဘောတူလောက်လေသည်။ ကံဆိုးသည်မှာ ရှုရှင်းက ဝိဉာဉ် ပြောင်းပြီးသွားလေပြီ ထို့ကြောင့် အကျိုးဆက်ကို ဆက်ခံရန် မဖြစ်နိုင်တော့ပေ။
1 03
“ဒါပေမဲ့….”
ရှုရှင်း၏ မျက်နှာက တုံ့ဆိုင်းသွားသလို အမူအရာမျိုးဖြစ်သွားသည်။
“ရှင်းအာ ငါတို့က အခု သမီးရဲ့ သီးသန့် ကျန်ရစ်တော့တဲ့ ဆွေမျိုးတွေ ဖြစ်နေပြီနော်။ ငါတို့က တစ်မိသားစုတည်းပဲ။ ငါတို့ထက်ပိုပြီး အပြင်လူကို အားကိုးမလို့လား။ ဦးလေးက အနာဂတ်မှာ သမီးကို မမျှမတ မဆက်ဆံပါဘူး”
ရှုရှင်း၏သဘောထားကို မြင်သည်နှင့် ရှုလျန်ကျွင်းကလည်း အခြေအနေကို အခွင့်ကောင်းယူပြီး ရှုရှင်းကို အနိုင်ပိုင်းကာ တစ်သုတ်တည်း ဆွဲချ၍ အလျော့ပေးခိုင်းပြီး ရိတ်သိမ်းယူရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းပြီလေ ဦးလေး ဦးလေးသာ ကျွန်မရဲ့ ရှယ်ယာတွေကို လိုချင်ရင်တော့ ဆယ်ဘီလီယံနဲ့ ရောင်းပေးမယ်။ ပိုက်ဆံရောက်လာတာနဲ့ ရှယ်ယာလွဲပြောင်းတဲ့ စာချုပ်ကို အသင့်ပြင်ထားလိုက်တော့”
သူမ၏လက်ထဲမှ ရှယ်ယာများ၏ ဈေးကွက်ကြေးကို စိတ်ထဲတွင် တွက်ချက်ကြည့်ပြီးနောက်တွင် တွန့်ဆုတ်ဟန်ဆောင်လိုက်ပြီး ပြောလိုက်သောစကားက ရှုလျန်ကျွင်းကို အောင်မြင်စွာ မှင်သက်သွားစေသည်။
သူသည် ရှုရှင်း၏ ရှယ်ယာများကို လိုချင်သည်မှာ လက်ခံသည်။ သို့သော် တစ်ပြားမှ ပေးရန်ပင် မစီစဉ်ထားပါပေ။ သူဟာ အလကား လိုချင်နေခြင်း ဖြစ်သည်။
“ရှင်း…ရှင်း…”
ရှုလျန်ကျွင်းက ပါးစပ်ဟပြီး တစ်စုံတစ်ရာကို ပြောလိုသည့် အချိန်တွင် ရှုရှင်းက ထပ်ပြောလာသောစကားလုံးများက သူ့အား ပြောလိုသောစကားလုံးများကို ပြန်ပြီးမျိုချစေသည်။
“ရှင်းယွဲ့ အဖွဲ့ရဲ့ ဥက္ကဌကလည်း အရင်က ဆက်သွယ်လာသေးတယ်။ သူက ကျွန်မရဲ့ ရှယ်ယာတွေကို ဆယ့်သုံးဘီလီယံနဲ့တောင် ဝယ်ချင်တာလေ၊ ဒါပေမဲ့ ကျွန်မတို့က တူဝရီးတွေ မဟုတ်လား။ သေချာပေါက် သူ့ကို ဘယ်ပေးချင်ပါ့မလဲ။ ဒီလိုဆိုရင် ပိုပြီး ကောင်းသွားမယ်မဟုတ်လား”
“နောက်ပြီး ဦးလေးသာ တကယ်လိုချင်တယ် ဆိုရင်တော့ ပိုက်ဆံကို မြန်မြန် ပြင်ထားရလိမ့်မယ်နော်။ ဦးလေး ဒီနေ့ မလာခင်တောင် ရှင်းယွဲ့ရဲ့ဥက္ကဌက ဖုန်းခေါ်ပြီး အခြေအနေဘယ်လိုရှိလဲ ဘယ်လို စဉ်းစားထားလဲ ဆိုပြီး မြန်မြန် ဖြေခိုင်းနေသေးတာ”
ရှုလျန်ယွဲ့၏နှလုံးသား တင်းကြပ်သွားသည်။ ရှုရှင်း၏ ရှယ်ယာများက ပြိုင်ဘက် ရှင်းယွဲ့၏ လက်ထဲသို့ ရောက်သွား၍ မရပေ။ ထို့ကြောင့် သူက ခပ်မြန်မြန် ပြန်ဖြေသည်။
“ရှင်းယောင် တစ်ဖက်သူက ဖုန်းထပ်ဆက်လာခဲ့ရင် ခပ်မြန်မြန် မဖြေနဲ့အုံးနော်။ ငါ ပိုက်ဆံကို ချက်ချင်း လွဲပေးမယ်။ ဦးလေးက ပိုက်ဆံကို ယူပြီးတာနဲ့သမီးကို စာချုပ်မှာ လက်မှတ်ထိုးဖို့အတွက် အပြေးလာခဲ့မယ်။ အင်း..သဘက်ခါမနက်ဆိုရင် အဆင်ပြေတယ်”
“ကောင်းပြီလေ ဒါဆိုရင်လည်း ဦးလေး မြန်မြန်တော့ လုပ်နော်”
ရှုရှင်းက ပြန်ထွက်သွားသည့် ရှုလျန်ကျွင်းနှင့်မိသားစုကို ကြည့်နေရင်း အဓိပ္ပာယ်အပြည့်နှင့် ပြုံးလိုက်သည်။
******