← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

2 01

အပိုင်း (၂)

ရှုလျန်ကျွင်းတို့က ကားထဲသို့ ဝင်ရောက်ပြီးသည်နှင့် ရှုဟိုင်ရန်က ချက်ချင်း ထမေးသည်။

“ပါး ပါးဘာလို့ အဲဒီခွေးမ ရှယ်ယာကို ပိုက်ဆံတွေနဲ့ဝယ်ခိုင်းတာကို ဘာလို့ သဘောတူလိုက်ရတာလဲ။ ဒီရှယ်ယာအားလုံးက သမီးတို့ မိသားစု အပိုင် ဖြစ်သင့်တာလေ”

“ဟုတ်တယ် ယောက်ျား ဘာလို့ ဒီလောက် အလွယ်တကူကြီး သဘောတူလိုက်ရတာလဲ”

ဝမ်ရှုဟုန်ကလည်း မကျေမနပ် ဖြစ်သလို အထွန့်တက်သည်။

“အို မင်းတို့ မိန်းမတွေက အမြင်ကိုကျဉ်းတယ် ငါက ဒီမိဘမဲ့ ကောင်မလေးဆီကနေ ပိုက်ဆံတွေ သုံးပြီး ရှယ်ယာကို ဝယ်လိုက်တာ။ အဲဒီ ပိုက်ဆံတွေက သူ့လက်ထဲကို ရောက်တာနဲ့ ငါတို့ လက်ထဲကို ရောက်တာ ဘာများ ကွာခြားလို့လဲ။ ငါက သူမကို ပေးလိုက်မယ်။ နောက်တော့မှ ပြန်ယူမယ်လေ ဟုတ်တယ်မလား။ သူမကသာ အဲဒီ ရှယ်ယာတွေကို ရှင်းယွဲ့ဆီ ရောင်းလိုက်ရင်းကိစ္စ အကြီးကြီး ဖြစ်သွားမှာနော်”

ရှုလျန်ကျွင်းက စိတ်ရှည်သည်းခံစွာနှင့် ရှင်းပြပေးသည်။ ရှုရှင်းကို စိတ်ထဲကို ထားပုံမရချေ။ သူက ဖုန်းကို ကောက်ယူလိုက်ပြီးနောက် သူ၏ လက်ထောက်အား ပိုက်ဆံကို စတင်ကာ စုဆောင်းခိုင်းသည်။ မည်သို့ပင် ဆိုစေ တစ်ဆယ်ဘီလီယံဆိုသော ပမာဏကလည်း မနည်းပါပေ။ ထို့ကြောင့် ဆန္ဒရှိနေလျှင်ပင် ချက်ချင်း မထုတ်သုံးနိုင်ပါပေ။

ရှုလျန်ကျွင်း၏ ရှင်းပြချက်ကို ကြားပြီးမှသာ ဝမ်ရှုဟုန်နှင့် ရှုဟိုင်ရန်တို့၏ မျက်နှာ အမူအရာက ပေါ့ပါးသွားပြီး ပြဿနာ မရှာတော့ချေ။

ရှုဟိုင်ရန်က သူမဟာ အနာဂတ်တွင် ရှုမိသားစုမှ အကြီးဆုံးသမီး ဖြစ်လာမည့် အရေးကို တွေးမိရုံဖြင့် အလွန်အမင်းကို ပျော်ရွှင်လာသည်။ အတိတ်တွင် ရှုရှင်းက ရှုမိသားစု၏ သမီးဖြစ်သည်။ သူတို့ဟာ သက်တူရွယ်တူ ဖြစ်သော်လည်း သူမဟာ ရှုရှင်း၏ အရိပ်အောက်တွင် အမြဲတစေ နေထိုင်ခဲ့ရသည်။ ရှုရှင်းက ပေါ်လာသမျှ သူမကို ဘယ်သောအခါမှ သတိထားမိတော့မည် မဟုတ်ဘဲ အာရုံများအားလုံးကိုလည်း ရှုရှင်းက သိမ်းယူသွားပေလိမ့်မည်။

ဟွန့် မုန်းလိုက်တာ…

ရှုရှင်းရဲ့ မိသားစုနောက်ခံက သူမထက် ပိုသာနေတာကြောင့်သာ မဟုတ်ရင် ဘယ်နေရာကများ သာနိုင်လို့လဲ ယခုအခါ ရှုရှင်း၏မိဘများက သေဆုံးသွားပြီ ဖြစ်သည်။ သူမ၏ ဖခင်ကလည်း ရှုရှင်း၏ ရှယ်ယာများကို အောင်မြင်စွာ ရပြီးသောအခါ သူမသည် ရှုရှင်းကို ခြေထောက်အောက်တွင် စိတ်ကြိုက်ချေမွနိုင်ပြီး အမြှီးကို ဆွဲချွတ်၍ လမ်းဘေးခွေးသာသာ တောင်းပန်ရပေလိမ့်မည်။

လူတိုင်းက ထွက်သွားပြီးနောက် ရှုရှင်းက စိတ်အေးစွာ သက်ပြင်းချသည်။ ထို့နောက် ဆိုဖာပေါ်တွင် ပြိုလဲသွားပြီး သူမက ခေါင်းအထက်မှ မျက်နှာကျက်ကို ငေးငိုင်စွာ စိုက်ကြည့်နေရင်းစိတ်ကလည်း ဗလာကျင်းလာသည်။

ရှုရှင်းက အတော်လေးကို စိတ်ဓာတ်ကျနေသည်။ ဘယ်လိုဖြစ်ပြီး ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ဘယ်လိုဖြစ်ပြီး ဝတ္ထုထဲကို ရုတ်တရက်ကြီး ရောက်သွားရတာလဲ။ အခု ဝတ္ထုထဲကို ရောက်ဖို့ အရမ်းကို လွယ်နေတာများလား။ အကြောင်းပြချက်တောင် မလိုတော့ဘူးလား။ စိတ်ထင်တိုင်း ရောက်သွားနိုင်တာပဲလား။ အဲဒီလောက်ထိ ကြုံသလို ဖြစ်နေတာလား။

သူမသည် လွန်ခဲ့သော တစ်စက္ကန့် နွေးထွေးသော အိပ်ယာထဲတွင် လူးလိမ့်ရင်း ဝတ္ထု တစ်အုပ်ကို ပျော်ရွှင်စွာ ဖတ်နေပြီး နောက်ထပ် တစ်စက္ကန့်တွင် အခုလို ထူးဆန်းသော နေရာသို့ ရောက်ရှိလာပြီး အကြောင်းအရာကို တွေးလိုက်ရုံနှင့်ပင် စိတ်ခြောက်ခြားသွားသည်။

သူတို့က သူမကို ပြင်ဆင်ဖို့ အချိန်တောင် မပေးကြဘူး။ ခပ်မြန်မြန် တုံ့ပြန်နိုင်လို့သာ မဟုတ်ရင် ဒီလို ခွေးအ၊ ကျား၊ ကျားသစ်အုပ်ကြီးကို ဘယ်လိုများ ရင်ဆိုင်ရမှာလဲ။ သေချာပေါက်ကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်ပြီး ပျက်စီးသွားတော့မှာပေါ့။ အရိုးတောင် ကျန်မှာ မဟုတ်ဘူး။

သူမသည် ယခုအခါ အိပ်ယာမဝင်ခင် အခြားဝတ္ထု အမျိုးအစာကို မဖတ်ခဲ့မိသည့်အတွက် နောင်တ ရသွားသည်။

“အခြားဝတ္ထုဖတ်ရင်လည်း ရတာပဲ။ ဘာလို့ ညသန်းခေါင်ကြီး ပစ္စည်းတွေစုရတဲ့ အာရုံ အလင်းပွင့်သွားလို့ ကမ္ဘာ့ကပ်ဘေး ဝတ္ထုကို သွားဖတ်ရတာလဲ ရူးလိုက်တာ”

ဖျောဖြေရေး ဝတ္ထုကို ဖတ်ပါလား။ ဘယ်လောက်ကောင်းလိုက်သလဲ။

ဒါမှမဟုတ်ရင်လည်း ချင်မင်းဆက်ကို ဝိဉာဉ်ကူးပြောင်းသွားတာတွေ ဘယ်လောက်‌ ကောင်းလိုက်သလဲ။ ဒါမှမဟုတ်ရင်လည်း အမတဖြစ်ဖို့ ကျင့်ကြံတာတွေ…အာ….ကမ္ဘာအဆုံးသတ်ထက် အများကြီး သာတယ်။

2 02

ဒီကပ်ဘေးကာလ ဝတ္ထုကလည်း သဘာဝ ကပ်ဘေးအများကြီး ပါတဲ့အပြင် သွေးသံရဲရဲ ဖုတ်ကောင်တွေလည်း ပါသေးတယ်။ အဲဒီ ဇွန်ဘီဆိုတဲ့ ဟာတွေကလေ သတိမထားမိတာနဲ့ အချိန်မရွေးသေသွားမှာ။ နောက်ပြီး ပုတ်ပွပြီး နံဟောင်နေတဲ့အရာတွေ။

ရှုရှင်းက တွေးလေလေ စိတ်ဓာတ်ကျလေလေ ဖြစ်လာသည်။

အာ… ဘဝက ခက်ခဲလိုက်တာ။

သူမကို ယခု စိတ်အအေးစေဆုံးက သူမက ဝတ္ထုထဲသို့ ရောက်လာသည့်အချိန်ကာလ ဖြစ်သည်။ သူမဟာ နေရာလပ် နယ်မြေပါဝင်မည့် ကျောက်စိမ်း တံဆိပ်ပြားလေးဆိုသော ရွှေလက်ချောင်းကို အောင်အောင်မြင်မြင် ရရှိခဲ့ရုံသာ မကသေးလေဘဲ မူလ မိဘများက ချန်ထားရစ်ခဲ့သည့် မြောက်များလှစွာသော အမွေအနှစ်ကြီးကိုလည်း ပိုင်ဆိုင်ထားသေးလေသည်။

ရှုရှင်းက သူမ ဖတ်ထားခဲ့သော ဇာတ်ကြောင်းကို ပြန်လည် တွေးတောလိုက်ပြီးနောက် ဒီခန္ဓာကိုယ်၏ မူလခန္ဓာကိုယ်ဟာ အမှန်တကယ် ဆိုးရွားကြောင်း သိလိုက်သည်။ စာအုပ်ထဲတွင် စာတစ်ကြောင်းတည်းဖြင့် ထည့်ပြောထားခြင်းခံရသော အမြောက်စာ ဇာတ်ကောင်ဖြစ်နေလေသည်။

မူလ ခန္ဓာကိုယ်ပိုင်ရှင်က အဓိက ဇာတ်လိုက် အမျိုးသမီးအား အကြီးမားဆုံးသော နေရာလပ်နယ်မြေ ရွှေလက်ညိုးကိုသာ မထောက်ပံ့ပေးခဲ့လျှင် နာမည်ပင် ပါလိမ့်မည် မဟုတ်ပေ။

ဝတ္ထုထဲတွင် မူလ ခန္ဓာကိုယ်ပိုင်ရှင်က လက်ထပ်ပွဲကို ဖျက်သိမ်းရန် သဘောမတူခဲ့ပေ။ နောက်ဆုံးတွင် ပိုင်မိသားစု၏ တွန်းအားပေးခြင်းကို ခံရသည်။ ပိုင်မိသားစုကလည်း မူလခန္ဓာကိုယ်ပိုင်ရှင်၏အဖိုးဖြစ်သူက ပေးခဲ့သည့် စေ့စပ်လက်ဆောင်ကို ပြန်ပေးလိမ့်မည် မဟုတ်ချေ။ ထိုအရာက နောက်ပိုင်းတွင် အဓိကဇာတ်လိုက်မင်းသမီးကို ကျေနပ်အောင် လုပ်သည့်ပစ္စည်းအဖြစ် ပိုင်ကျန်းချူ၏ အသုံးချမှုကို ခံခဲ့ရပြီး အဓိက ဇာတ်လိုက်မင်းသမီး၏အကြီးမားဆုံးသော ရွှေလက်ချောင်းကြီး ဖြစ်သွားကာ ထိုအမှိုက်ကောင်အား တတိယ အမျိုးသား ဇာတ်လိုက်နေရာသို့ ဆွဲတင်ပေးခဲ့လေသည်။

ဘာပဲဖြစ်ဖြစ်ပါ ကမ္ဘာကပ်ဘေးရောက်ဖို့ တစ်နှစ်တောင် ကျန်သေးတာပဲ။ ဒီတစ်နှစ်ကို အမိအရကြိုးစားပြီး ရနိုင်သမျှ ရအောင် စုမယ်။ နောက်ပြီး အသက်ရှည်သမျှ ရှည်နိုင်အောင် ကြိုးစားလိုက်မယ်။ အင်း သက်တောင့်သက်သာပဲ နေရမှာပေါ့။

အစစ်အမှန် အခြေအနေမျိုးကို ရင်ဆိုင်ရသည်နှင့် ရှုရှင်းက ချက်ချင်း ထရပ်လိုက်သည်။ သူမ ပိုင်မိသားစုထံမှ ရလာသော ကျောက်စိမ်းတံဆိပ်ပြားကိုလည်း ယူလိုက်ပြီး လည်ပင်းတွင်သာ ဆွဲထားလိုက်သည်။ ထို့နောက် မီးဖိုခန်းထဲသို့ ဝင်သွားသည်။

ထိုကဲ့သို့သော အရာမျိုးက မြန်လေလေ ကောင်းလေလေ ဖြစ်သည်။ မည်သို့ပင် ဆိုစေ ကမ္ဘာကပ်ဘေးဝတ္ထုများထဲတွင် ပိုင်ဆိုင်သမျှ ထိုကဲ့သို့ ရွှေလက်ချောင်းမျိုးက တူညီတတ်သည်။ ထို့ကြောင့် သူမ အပိုင်အဖြစ် အမြန်ဆုံး ကြိုးစားရပေမည်။ သို့မဟုတ်ပါက မတော်တဆများက မည်သို့ ဖြစ်လာနိုင်ကြောင်း မည်သူကမှ မသိသေးပေ။ တစ်စုံတစ်ယောက်က သာ ယင်းကို အခွင့်ကောင်း ယူသွားခဲ့သော် သူမသည် သေအောင် ရွံရှာရလောက်သည်။

ထိုသို့ဖြင့်သစ်သီးလှီးသော ဓားလေးကို ရှာတွေ့ပြီးသည်နှင့် ညာဖက်လက်မှ လက်ညိုထိပ်ကို သေးသေးလေး လှီးဖြတ်လိုက်သည်။ သွေးက ချက်ချင်း ပန်းထွက်လာ၏။ ရှုရှင်းကလည်း ထိုသွေးထွက်နေသော လက်ချောင်းကို ကျောက်စိမ်း တံဆိပ်ပြားနားသို့ ကပ်လိုက်သည်။

တစ်ချိန်တည်းတွင်ပင် သွေးစက်ချပြီး ပိုင်ရှင်ကို သတ်မှတ်သည့် ဇာတ်ကြောင်းပုံစံကိုလည်း အထွန့်တက်နေသးသည်။

ရှုရှင်း၏သွေးက ကျောက်စိမ်းတံဆိပ်ထဲကို ဝင်ရောက်သွားပြီး ကျောက်စိမ်းတံဆိတ်ပြားက တဖြည်းဖြည်း စုပ်ယူသွားသည်။ ကျောက်စိမ်းတံဆိပ်ပြားကြီး တစ်ခုလုံးက အနီရောင်အလင်းဖြင့် တောက်ပလာကာပို၍ပင် မျက်စိကျိမ်းမတတ် တောက်ပလာသးသည်။ ရှုလင်းသည်လည်း ထိန်းချုပ်ရန် ခက်ခဲသော ဝမ်းနည်းမှုမျိုးကို ခံစားရပြီး ဆိုဖာပေါ်တွင် သတိလစ်သွားသည်။ ထို့နောက် အသိစိတ် မရှိတော့ပေ။

ရှုရှင်းက ပြန်နိုးလာသောအခါ အပြင်ဘက်က မှောင်နေပြီ ဖြစ်သည်။ အကြိမ်းအနည်းငယ်ခန့် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ပြီးနောက် မသင်းလျော်သော ပုံစံမျိုးဖြင့် ကြာရှည်စွာ လှဲလျက်သာ သတိလစ်သွားခဲ့သောကြောင့် ကြိမ်းကိုက်နေသော လည်ပင်းကို ထိန်း၍ တဖြည်းဖြည်းချင်းစီ ထလိုက်သည်။ အပြင်ဘက်မှ လမ်းမီးတိုင်များ၏ အကူအညီကတဆင့် ဖုန်းကို မနည်းရှာလိုက်ရသည်။ ထို့နောက် ပြန်ထိုင်လိုက်ပြီး စိတ်ထဲမှ အပိုရောက်လာသော နယ်မြေ ရှိမရှိ ခံစားကြည့်ရန် ကြိုးစားသည်။

“ဟင် ဒါက ဘာလို့ ဝတ္ထုထဲကို အမျိုးသမီးဇာတ်လိုက် ဖော်ပြထားတဲ့ ပုံစံနဲ့ လုံးဝ ခြားနားနေတာလဲ”

2 03

သူမ ရှေ့မှ မြင်ကွင်းကို မြင်လိုက်သောအခါ ရှုရှင်းက ခပ်တိုးတိုး ရေရွတ်သည်။ အတွင်းရှိ အရာကိုအ စစ်အမှန် အသေအချာ မြင်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူလိုက်ကာ အသံကို မနည်းထိန်းရသည်။

“ဒါ…ဒါ…ဒါက…”

ဒါက စာအုပ်ထဲက အကြီးမားဆုံး ရွှေလက်ချောင်းကြီးမို့လို့ စာရေးသူက ဒီနေရာလပ်နယ်မြေကို ဖော်ပြတဲ့အချိန်မှာ အရမ်းကို အသေးစိတ် ကျကျ ဖော်ပြထားတာ သူလည်း အဓိက အချက်အလက်တွေကို မှတ်မိနေသေးတယ်….

မီးခိုး‌ရောင် နယ်မြေ…ဘောလုံးကွင်း ဆယ်ကွင်းနီးပါးခန့်ရှိသော အရွယ်အစား …အချိန်က တန့်နေတယ် သက်ရှိတွေကိုလည်း သိုလှောင်လို့ မရ…

သို့ရာတွင် သူမ၏ရှေ့က နေရာကမူ ကြီးမားသော နေရာကြီး သုံးခု အဖြစ် ခွဲထားသည်။ နယ်မြေတစ်ခုချင်းစီမှာ လုပ်ဆောင်မှုများကလည်း ရှင်းလင်းစွာပင် သီးသန့် မှတ်သားထားသည်။

ပထမ ဦးဆုံးနယ်မြေကမူ အဓိက ဇာတ်လိုက် မင်းသမီး မြင်ခဲ့ရသော နေရာဖြစ်သည်။ အချိန်က တန့်နေသည်။ မည်သည့်အရာကို ထည့်ထည့် ပြန်ထုတ်သောအခါ ထည့်လိုက်သည့် အနေအထားအတိုင်း ဖြစ်နေပေလိမ့်မည်။ ဒုတိယ နေရာကမူ မြက်ခင်းလွင်ပြင်နှင့် တောင်တန်းကြီးသားဖြစ်ပြီး သက်ရှိအရာများကို ထည့်၍ ရသည်။ ကျွေးမွေး၍ ရသည်။ အပင်လည်း စိုက်ပျိုး၍ ရလေသည်။

နောက်ဆုံးနေရာကမူ ပို၍ပင် အံ့အားသင့်စရာ သက်တောင့်သက်သာ ရှိနေသေးသည်။ အကြောင်းမူကား ထိုနေရာတွင် အရောင်းဝန်ထမ်း၏လော်ဘီတွင် မြင်တွေ့ရသကဲ့သို့ အဆောက်အဦးပုံငယ်လေးများနှင့် တူသော တစ်စုံတစ်ရာကို သယ်ဆောင်ထားသောကြောင့် ဖြစ်သည်။ ပထမနေရာနှင့် နှိုင်းယှဉ်သော် ထိုနေရာက လျစ်လျူရှုနိုင်အောင် သေးသည်။

တစ်စတုရန်း မီတာခန့်သာ ကျယ်သည်။ သို့သော် ထိုပေါ်တွင် ရေးသားထားသော ဝန်ဆောင်မှုကမူ ရှုရှင်းကို စိတ်မငြိမ်နိုင်အောင် ဖြစ်စေသည်။

ကမ္ဘာ့အဆုံးသတ်ကာလမှ မဟာနည်းပညာ အမြင့်ဆုံးသော လုံခြုံရေး အခြေစိုက် စခန်းကြီး တစ်ခုလည်း ဖြစ်ပြီးလုံခြုံမှု အကာအကွယ်များ အပြည့်နှင့် ခုခံရေး စနစ်ကိုပင် ထည့်သွင်းထားသည်။ စနစ်က အရှင်ဖြစ်၍ စိတ်ကြိုက်ပြောင်းလဲနိုင်အုံးမည် ဖြစ်၏။ ကမ္ဘာကပ်ဘေးတွင် ကိုယ်ပိုင်သီးသန့် နယ်မြေတစ်ခုကို ပိုင်ဆိုင်မည့် အခွင့်အရေးမျိုးလည်း ဖြစ်ကာ အခြေအနေအားလုံး ပြီးပြည့်စုံသွားသည်နှင့် ပိုင်ဆိုင်ခွင့်ကို ရရှိမည် ဖြစ်သည်။ ရှုရှင်းက အလွန်အမင်း စိတ်လှုပ်ရှားသွားကာ လက်ကပင် တုန်ယင်သွားသည်။ သူမကိုယ် သူမ အသားကုန် စိတ်လှုပ်ရှားပြီး သတိမလစ်သွားအောင် ထိန်းထားရကာ အခြေအနေများကို ဆက်ဖတ်သည်။

အခြေအနေကို ဖြေရန် : အသက်သွင်းရန် စွမ်းအင် (0/1000000) ထည့်သွင်းရန်။

နွေးထွေးတဲ့ သတိပေးချက် : ဇွန်ဘီ အမြူအတေတွေက လိုအပ်သော စွမ်းအင်ကို ထောက်ပံ့ပေးနိုင်ပါတယ်။

မြောက်မြားလှသော စွမ်းအင်များက ရှုရှင်း၏ ခေါင်းထဲကို ရေခဲရေ တစ်ပုံးအလား လောင်းချပစ်လိုက်ပြီး သူမအား အိပ်မက်မှ ချက်ချင်းဆိုသလို နိုးသွားစေလေသည်။

သူမမှတ်မိတာ မှန်မယ်ဆိုရင် မူလပိုင်ရှင်က ကမ္ဘာ့ကပ်ဘေးရောက်သွားပြီးတဲ့ နောက်မှာ ဘာထူးခြားတဲ့ စွမ်းအင်မှ မရှိဘူး။ နောက်ပြီး သူမရဲ့ ကြီးပြင်းလာတဲ့ပုံစံကလည်း မူလခန္ဓာကိုယ်ပိုင်ရှင်နဲ့ တော်တော်လေး တူတယ်။ သူမကလည်း မိသားစုက တော်တော်လေး အလိုလိုက်ခံထားရတဲ့သူ။ ဇွန်းကိုတောင် ကြာကြာကိုင်ရင် ညောင်းနိုင်တာမျိုး။ ပခုံးပေါ်မှာလည်း ဘာမှ မထမ်းတင်ဖူးတာမျိုး။

ဆိုတော့အခြားအချိန်သွားတွေလိုမျိုး ကိုယ့်ကိုယ်ကိုယ် ကိုယ်ခံကာကွယ်တာတွေ သိနေတာ၊ တိုက်ခိုက်ရေး နည်းပညာတွေ သိနေတာ၊ ရှေးဟောင်းသိုင်းတွင် တတ်နေတာမျိုးလည်းမဟုတ်ဘူး။

ငါ့ရဲ့အကြီးမားဆုံးအားသာချက်က ဘာလဲဆိုတော့ ကြည့်ကောင်းတာ။ပဲ နောက်ပြီး ခေါင်းလည်း ရှင်းတယ်။ လိုအပ်ရင် ချွဲနိုင်တယ်။ ချစ်စရာကောင်းအောင်လည်း လုပ်လို့ရတယ်။ နောက်တစ်ခုလည်း ထပ်ထည့်လို့ ရသေးတယ်။

သို့ရာတွင် ဇွန်ဘီများနှင့် တိုက်ခိုက်ရာတွင် အမှန်တကယ် မတောာ်ပါပေ။ ရှုရှင်းက အလွန်အမင်းကို မသက်မသာ ဖြစ်သွားသည်။ တစ်စုံတစ်ယောက်က ပေါင်မုန့်လုံးကြီး လာချပေးသော်လည်း သွားမရှိသောကြောင့် မစားနိုင်သော အနေအထားမျိုးကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် မစားနိုင်သောကြောင့် မည်သို့ပင် ကြည့်ကြည့် ကြည့်၍ပင် မကောင်းတော့ချေ။

ရှုရှင်းသည် ရုတ်တရက် အကြံတစ်ခု ရလာပြီး စာအုပ်ထဲမှ လူတစ်ယောက်ကို တွေးမိသွားသည်။

သူမသာ အဲဒီ လူကို ရနိုင်မယ်ဆိုရင်တော့ ဘာမှ စိုးရိမ်စရာ မလိုတော့ဘူး….

******

All Chapters