အခန်း ၃
Vol. 1 Ch. 3
3 01
အပိုင်း (၃) ဟွန့် လက်ထဲမှာ ဆယ်ဘီလီယံရှိတယ်
ရှုရှင်းက ဝတ္ထုထဲမှ ဒုတိယ အမျိုးသား ဇာတ်လိုက် ယန်မော့ကို တွေးမိသွားသည်။ ဝတ္ထုထဲမှ ဖော်ပြချက် အရဆိုလျှင် ထိုသူသည် အမျိုးသား ဇာတ်လိုက်နည်းတူ ကြည့်ကောင်းသည်။ အင်အားချင်းလည်း ယှဉ်နိုင်၏။ အချို့သော စာဖတ်သူများ ဆိုလျှင် သူသည်အမျိုးသား ဇာတ်လိုက်ထက်ပင် ပိုသာမည်ဟု ထင်သည်။ မည်သို့ပင် ဆိုစေ သူဟာ အခြားသော သူများ၏ အရှေ့တွင် သူ၏ အစစ်အမှန် အင်အားကို ပြသဖူးခြင်း မရှိပေ။ သူဟာ အမျိုးသား ဇာတ်လိုက်နှင့် ယှဉ်နိုင်ရန် လုံလောက်သော တောက်ပသော ဘက်ခြမ်းကိုသာ ပြလေ့ရှိသူ ဖြစ်သည်။
စာဖတ်သူအများစုကလည်း သူဟာ အမျိုးသမီးဇာတ်လိုက်ကိုသာ သဘောကျလျှင် အမျိုးသား ဇာတ်လိုက်က နောက်ဆုတ်ပေးရမည်ဟု ပြောသေးသည်။
ရှုရှင်းအတွက်မူ သူဟာ ဇာတ်လိုက် အမျိုးသမီးကို သဘောမကျသည့်အတွက် အကောင်းဆုံး အချက် ဖြစ်သွားသည်။ ထို့ကြောင့် ဇာတ်လိုက် အမျိုးသမီး၏ နောက်ကွယ်တွင် လုလိုက်ရမည် ဆိုလျှင်လည်းဝန်ထုပ် ဝန်ပိုး မဖြစ်နိုင်လောက်တော့ပေ။
ဒါဆိုရင် အဓိက အမျိုးသမီးဇာတ်လိုက်နဲ့ ယှဉ်ပြီး လုရတဲ့ အနေအထားမျိုးလည်း မရှိနိုင်တော့ဘူး။ နောက်ပြီး မင်းသမီးရဲ့အရှိန်အဝါကြောင့်လည်း မထိခိုက်နိုင်တော့ဘူး ဟုတ်တယ်မလား။
အရေးအကြီးဆုံး အချက်ကမူ ထိုဝတ္ထု၏ စာရေးသူသည် တစ်ချိန်က ယန်မော့၏ anime ပုံကို ဆွဲပြခဲ့ဖူးပြီး ရှုရှင်း၏ နှလုံးသားကို တိုက်ရိုက်ထိမှန်သွားခြင်းဖြစ်သည်။ ထိုအချက်အပြင် သူမက ဝိဉာဉ်မကူးပြောင်းခင် ဝတ္ထုကို ပြီးအောင် မဖတ်ခဲ့ရသေးချေ။ သို့သော် သူမဖတ်ခဲ့သော အပိုင်းအထိ ဆိုလျှင် သူမဟာ ယန်မော့၏ ညင်သာပြီး နွေးထွေးသော်လည်း အေးစက်ကာ ခံစားချက် ကင်းမဲ့သည့် စိတ်နေသဘောထားမျိုးကို အလွန်အမင်း သဘောကျနေနှင့်ပြီးသား ဖြစ်သည်။
ဒီလိုလူမျိုးကိုသာ ပြန်ပေးဆွဲနိုင်မယ်ဆိုရင် လုံးဝကို ထူထူတုတ်တုတ် ရွှေပေါင်ကြီး ရမယ့်အပြင် စိတ်ကူးယဉ်ထားတာနဲ့ ကိုက်ညီတဲ့ ချစ်သူကောင်းလေးကိုလည်း ရအုံးမှာ ဟင် နှစ်ဖက်လုံးကလည်း အနိုင်ရတဲ့ အနေထားပဲ…
ဟီးဟီး ဟီးဟီး သေချာပေါက်ကို သူမနဲ့ ထိုက်တန်တာပေါ့။ သူမက ဒီလောက် ဉာဏ်ကောင်းတဲ့ ကောင်မလေးလေ။
ရှုရှင်းကလည်း ကိုယ့်ကိုယ်ကိုယ် စိတ်ထဲတွင် လက်မထောင်ပေးလိုက်သည်။
ဆိုတော့ နွေရာသီပိတ်ရက်ပြီးလို့ ကျောင်းပြန်သွားတာနဲ့ ချက်ချင်း လှုပ်ရှားရမယ်။ အဲဒီလူကို သူမရင်ခွင်ထဲကို ရောက်အောင် တိုက်ရိုက်လှည့်ဖြားရမယ်။ ဟွန့် ဘယ်သူ လာပြိုင်ရဲလဲ။ ပြိုင်ရဲတဲ့ သူကိုတော့ သေအောင် ကိုင်တွယ်ပစ်မယ်။
ထိုအချိန်တွင် သူမချိန်နေခဲ့သော သူက ဝတ္ထုထဲမှ အင်အားအကြီးမားဆုံးသော ခေါင်းဆောင်ကြီးဖြစ်ကြောင်း မသိသေးချေ။ သူမဟာ အနာဂတွင် ယန်မော့၏ အစစ်အမှန် မျက်နှာကို သိပြီး အိပ်ယာပေါ်တွင် သာ လှဲနေနိုင်လောက်သည့် အတိုင်းအတာအထိ ဆိုးရွားစွာ အနိုင်ကျင့်ခံရပြီး ကြိမ်းကိုက်နေသော ခါးကို ပွတ်ကာ စောင်ကို ပိုက်ပြီး ငိုနေရသောအခါမှသာ သူမယခင်က မည်မျှ တုံးအခဲ့ကြောင်း ကိုယ်တိုင်အတွက် မည်သို့ တွင်းတူးခဲ့ကြောင်း သိပေလိမ့်မည်။
ရှုရှင်းက နောက်နှစ်ရက်လုံးလုံး အိမ်တွင်သာ နေသည်။ သူမ၏ လက်ရှိငွေများကို အချိန်ယူကာ ခွဲခြမ်းစိတ်ဖြာနေပြီးနောက် မှင်သက်သွားရသည်။
မူလ ခန္ဓာကိုယ်ပိုင်ရှင်၏ မိဘများက သူမကို အလွန်ချစ်သည်။ သူမ၏ နာမည်တွင် အမျိုးမျိုးသော အရွယ်အစားရှိသည့် ပိုင်ဆိုင်မှု ဆယ်ခုကျော်ကို ထည့်သွင်းပေးထားသည်။
အခြားဘာကိုမှ မဆိုလျှင်ပင်ထိုအိမ်များ သီးသန့်၏ နှစ်စဉ် ငှားယမ်းခကတင် မူလ ခန္ဓာကိုယ်ပိုင်ရှင်အား စားသောက် ဝတ်ဆင်ရေးအတွက် မစိုးရိမ်ရသည့် အနေအထားမျိုး ဖြစ်လေသည်။
ရှုရှင်းကလည်း ထိုအိမ်များကို ဆက်ထားလိုစိတ်မရှိတော့ပေ။ အားလုံးကို ရောင်းချရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူနေသော လူနေထိုင်မှု အဆောက်အဦးတစ်ခုမှ ထိပ်ဆုံးထပ် နှစ်ထပ်ကိုမူ ချန်ထားရန် ဆုံးဖြတ်လိုက်၏။ ထိုနှစ်ခန်းကလည်း ဝယ်ထားသည်မှာလည်း သိပ်မကြာသေးပေ။ သူမနှင့်သူမ၏ မိဘများကလွဲပြီး မည်သူကမှ မသိပါပေ။
ထိုအိမ်က သူမ၏ အိမ်ဖြစ်ကြောင်း မည်သူကမှ မသိပေ။ ဆိုလိုသည်မှာ သူမ၏ ဦးလေး မိသားစုကလည်း ရှာနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ကြုံရာကျပန်းလူများကလည်း လာရောက်ပြီး အနှောက်အယှက် မပေးနိုင်တော့ပေ။ ထို့ကြောင့် ပြဿနာ အများကြီးအတွက် အချိန်ကုန်သက်သာနိုင်သည်။ ရှုရှင်းကလည်း ထိုအိမ်နှစ်အိမ်ကို ပြန်လည် ပြင်ဆင်ပြီးနောက် ကမ္ဘာကပ်ဘေးကာလ၏ အစောပိုင်းအဆင့်တွင် နေထိုင်ရာ နေရာအဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
3 02
သူမ၏ ပိုင်ဆိုင်မှုများကို ခွဲခြမ်းစိတ်ဖြာပြီးနောက် အင်တာနက်ပေါ်မှ လက်ကားဝယ်ယူနိုင်မှုများနှင့် ပက်သက်သော လမ်းညွှန်များကို စုဆောင်းလိုက်ကာ ဝတ္ထုစာအုပ် အများစုထဲမှ မင်းသမီများကိုအ တုခိုးရန် ကြိုးစားကြည့်သည်။ ထိုသို့ဖြင့် လာမည့် နှစ်အတွင် စုဆောင်းနိုင်သမျှသော ဝယ်ယူရမည့် စာရင်းရှည်ကြီး ပြုစုလိုက်ပြီး စာရွက်ထုတ်လိုက်လေရာ A4 စာမျက်နှာ ဆယ်ရွက်ကျော်နေလေသည်။
မမျှော်လင့်ထားသော အခြေအနေများ မကြုံတွေ့ရန် အလို့ငှာ ရှုရှင်းက အရင်ဦးဆုံး မှတ်စုစာအုပ် သေးသေးလေးကို အလွယ်တကူ သယ်ထားသည်။ ဒီနေ့ အတောအတွင်းတွင် သူမက ယခင်မတွေးမိခဲ့သော အရာများကို တွေးမိသည်နှင့် ချက်ချင်းဆိုသလိုချ ရေးလိုက်ရန် ဆုံးဖြတ်ထားသည်။
ဟာကွက်ကို မကျန်စေရဘူး။
ထိုသို့ဖြင့် ထိုအရာများကို လုပ်ဆောင်ပြီးနောက် ရှုရှင်းက တော်တော်လေးကို စိတ်အေးပေါ့ပါးသွားသည်။
နောက်ထပ် တစ်ဆင့်က သူမ၏ ဦးလေးကောင်းကြီးက ရှယ်ယာကို ဝယ်ယူသော ပိုက်ဆံများကို လွဲပေးရမည့် အချိန်ကို စောင့်နေရန် ဖြစ်သည်။
တစ်ဆယ်ဘီလီယံက သူမ၏ ဦးလေးထုတ်နိုင်သမျှ အများဆုံး အကန့်အသတ် ဖြစ်လောက်သည်။ သူ၏ လက်ထဲတွင် ရှယ်ယာများကို ကိုင်ထားလျှင်ပင် ထိုရှယ်ယာများကို လှုပ်၍ မရချေ။ အခြားသော အရေးပါးသည့် ရင်းနှီးမြုတ်နှံမှုများကလည်း အချိန်တစ်ခု အတောအတွင်း ဖြေရှင်းရန် ခက်ပေလိမ့်မည်။ ထို့ကြောင့် တစ်ဆယ်ဘီလီယံ ရရန်အလို့ငှာ ဦးလေးဖြစ်သူက သီးသန့် ပိုင်ဆိုင်မှု အမြောက်အများကို ရောင်းချထားရလောက်သည်။
ထိုပိုက်ဆံပမာဏကတင် သူတို့၏ မိသားစုတွင် ကြီးမားသည့် ငွေကြေးပိုင်ဆိုင်ရာ နာကျင်မှုကို ဖြစ်သွားစေနိုင်သည်။ အချိန်တန်ကြာအောင် ရင်နာနေရပေလိမ့်မည်။
ဒါဟာ ရှုရှင်းလိုချင်သော သက်ရောက်မှု ဖြစ်လေသည်။ မည်သို့ပင် ဆိုစေ မူလ ခန္ဓာကိုယ်ပိုင်ရှင်က ကမ္ဘာအဆုံးသတ်ကာလတွင် ခံစားခဲ့ရသည့် နာကျင်မှုများက ဆိုးရွားလွန်းလေသည်။
သူတို့က မူလခန္ဓာကိုယ်ပိုင်ရှင်၏ ရှယ်ယာများကို လှည့်စားယူသည်။ ကမ္ဘာအဆုံးသတ်ကာလ ပြီးနောက် မူလ ပိုင်ရှင်ကိုလည်း ကျွန်ပြုရန် ကြိုးစားကြသည်။ နောက်ဆုံးတွင် အစာအဖြစ် လဲလှယ်ရန် တိရစ္ဆာန်ကောင်များဆီ ရောင်းချခဲ့သေးပြီး မူလ ခန္ဓာကိုယ် ပိုင်ရှင်က အရှက်ခွဲခံရကာ နှိပ်စက်ခံရပြီး သေဆုံးသွားစေသေးသည်။ ထိုအခြေအနေများကြောင့်သာ ရှုရှင်းက သူတို့၏ ပိုက်ဆံကို လိမ်လည်လှည့်ဖြားယူရာတွင် မည်သည့် ဝန်ထုပ်ဝန်ပိုးမှ ရှိမနေခဲ့ခြင်း ဖြစ်သည်။
ခေါင်းချအိပ်စက်ပြီးနောက် နောက်တစ်ရက် မနက်စောစောတွင် နိုးထာသည်။ သိပ်မကြာခင်မှာတင် ပိုက်ဆံကို ပြင်ဆင်ပြီးသော ကြောင့် စာချုပ်လက်မှတ်ထိုးရန် ရောက်လာတော့မည်ဟု ပြောသည့် ရှုလျန်ကျွင်းထံမှ ဖုန်းကို လက်ခံရရှိသည်။ တစ်ဖက်သူက သူမကို အိမ်တွင် အသင့်စောင့်ခိုင်း၏။
ရှုရှင်းကပင် မျက်ခုံးပင့်လိုက်သည်။ သို့သော် ဘာကိုမှ အထွေအထူး မပြောလိုက်ပေ။ သူမ၏ အလွန်အကောင်းသော ဦးလေးကြီးက အမှန်တကယ်ကို စိတ်မရှည် ဖြစ်နေသည်။ ရှယ်ယာကို အခြားသော သူများ၏ လက်ထဲသို့ ရောက်သွားမည်ကို ကြောက်နေပုံရသည်။
သို့သော် တွေးကြည့်မည်ဆိုလျှင်လည်း ဖြစ်ထိုက်သည်။ နှစ်ရာကျော် သက်တမ်းရှိသော ရှု အဖွဲ့အစည်းကြီးက ရှယ်ယာများက မည်မျှပင် ကျော်ကြားကြောင်း မပြောလျှင်ပင် ဈေးကွက်သို့ ရောင်းချမည်ဟု တင်လိုက်ရုံနှင့်ပင် လူအများအပြားက အပြေးဝယ်ကြမည် ဖြစ်သည်။
သို့ရာတွင် သူမကလည်း ထိုကဲ့သို့သော အကြောင်းအရာများနှင့်အတူအ ချိန်မဖြုန်းချင်တော့ပေ။ အချိန်က အကန့်အသတ်နှင့် ဖြစ်သည်။ အရေးအကြီးဆုံးက ပိုက်ဆံ အရင်စု၍ စားနပ်ရိက္ခာများကို စုဆောင်းရန် ဖြစ်သည်။ ရှုလျန်ကျွင်းကလည်း မျှော်လင့်ထားသည့် အတိုင်း ခပ်မြန်မြန် ရောက်လာသည်။ ဖုန်းချပြီး နာရီဝက်ပင် မကြာသေးခင် စကားပြောသံကို ကြားရပြီ ဖြစ်သည်။
ရှုလျန်ကျွင်းနှင့် လက်ထောက် တို့က အတူရောက်လာသည်။ နှစ်ဖက်လုံးက ဒီနေ့ရောက်လာသည့် ရည်ရွယ်ချက်ကို ကိုယ်စီ သိထားပြီးသား ဖြစ်သည်။ ဖြစ်စဉ် တစ်ခုလုံးတွင် ပေါက်ကရ စကားများကို ပြောကြားခြင်းပင် မရှိတော့ပေ။ ထို့နောက် ရှုရှင်းက ပိုက်ဆံကို ရပြီးသည်နှင့် သူမ၏ ကိုယ်ပိုင် နာမည်ကို လက်မှတ်ရေးထိုးလိုက်သည်။
ယခုအခါ အရာအားလုံးကို လုပ်ဆောင်ပြီး ရှယ်ယာကလည်း လက်ထဲ ရောက်လာသောအခါ ရှုလျန်ကျွင်းက နည်းနည်း သက်တောင်သက်သာ ဖြစ်သွားသည်။ ထို့ကြောင့် ရှုရှင်းကို ဂရုစိုက်ချင်ဟန် ဆောင်သည်။
3 03
“ရှင်းအာ…မင်းရဲ့ မိဘတွေက လေယာဉ်ပျက်ကျပြီး သေသွားတာဆိုတော့ ခံစားချက် ဆိုးနေမယ် ဆိုတာ အမှန်ပဲ။ အခု ငါ့ရဲ့ မိသားစုက မင်းရဲ့ ကျန်ရစ်တဲ့ တစ်ခုတည်းသော ဆွေးမျိုး ဖြစ်သွားပြီ မင်းမှီခိုလို့ရတဲ့ မိသားစု ဖြစ်နေပြီ။ ဒါကြောင့် အားတဲ့အခါ အိမ်ကိုလည်း လာလည်အုံး”
“ဟိုင်ရန်က မင်းနဲသက်တူ ရွယ်တူပဲလေ။ မင်းတို့ လူငယ်တွေက ပြောစရာ အကြောင်းအရာတွေ အများကြီး ရှိမယ်မဟုတ်လား။ သူမက သမီးရဲ့ အနားမှာ ရှိနေတဲ့အခါ သမီလည်း ဝမ်းနည်းတာ ပိုပြီး သက်သာရင် သက်သာမှာပေါ့။ ဘဝမှာ ကောင်းကောင်းနေ မိဘတွေက ဒီလိုပဲ မြင်ချင်မှာ”
ရှုရှင်းက ဒေါသထွက်သွားပြီး မျက်လုံးပင် လှန်ပြချင်သွားသည်။ သို့သော် သူမက ကျန်ရစ်သော တစ်ဦးတည်းသော ဆွေးမျိုး၏ ဂရုစိုက်မှုကို ခံရသောကြောင့် အလွန်အမင်း ရင်ထဲထိသွားသကဲ့သို့ ခံစားပြလိုက်သေးသည်။
“ဦးလေး ကျွန်မက အားလုံးကို သိပါတယ်။ ကျွန်မရဲ့ မိဘတွေက ကျွန်မကို ပျော်ရွှင်တဲ့ ဘဝမှာ နေထိုင်စေချင်မှာပဲ။ ဒါကြောင့် ကျောင်းစဖို့လည်း အချိန်လိုသေးတာကြောင့် ပြည်ပကို သွားပြီး စိတ်အခြေအနေကို ချိန်ညှိဖို့ ဆုံးဖြတ်လိုက်ပြီ”
ရှုလျန်ကျွင်း၏ စကားလုံးများက အသုံးမဝင်ဖြစ်သွားသောကြောင့် သူက စိတ်အခြေအနေ အလွန်ဆိုးသွားသည်။ ရှုရှင်းက ပြည်ပသို့ သွားပျော်မည်ဟု ကြားသောအခါ သူသည် မတားတော့ချေ။ စိတ်အခြေနေက ပိုဆိုးသွားသည်။
ဘယ်လောက်တောင် ဖြုန်းတီးလိုက်တဲ့ ကောင်မလေးလဲ ဟမ် ပြည်ပမှာသွားပြီး ဖြုန်းအုံးမယ်။ ငါ့ရဲ့ ပိုက်ဆံတွေ။
ရှုလျန်ကျွင်း၏မျက်နှာက အလွန်သုန်မှုန်သွားပြီး သုန်မှုန်သော မျက်နှာနှင့် ထွက်သွားသည်။ ရှုရှင်းက မရယ်မိအောင် မနည်းထိန်းသိမ်းထားရသည်။ သူမ၏ မျက်နှာ အမူအရာကပင် နည်းနည်း တွန့်နေ၏။
ရန်သူက ဒေါသထွက်နေတာကို မြင်ရတာ ပျော်လိုက်တာ…
သေချာပေါက်ကိုပဲ ရန်သူ ဒုက္ခဆင်းရဲ ခံရတာကို အခြေခံပြီးတော့ ပျော်ရွှင်မှုဆိုတာ ဖြစ်တည်တာ…
ရှုရှင်းက ရှုလျန်ကျွင်းအား ပြည်ပသို့ သွားမည်ဆိုသော စကားကလည်း အမှန်သာ ဖြစ်သည်။ သို့သော် အမှန်တကယ် ပြည်ပသို့သွားကာ အပန်းဖြေမည် မဟုတ်ပေ။ ရိက္ခာသွားစုမည် ဖြစ်သည်။
သူမက ပထမ နှစ်သာ ဖြစ်သေးသည်။ ထို့ကြောင့် နွေရာသီ အားလပ်ချိန်ကလွဲပြီး အခြားသော အချိန်များတွင် ပြည်ပသို့ သွား၍ မရနိုင်ပေ။
နောက်ထပ် ဆောင်းတွင်းပိတ်ရက်မျိုးက ရှိနေသေးခဲ့သော် ရှုရှင်းသည် ထိုအချိန်တွင် တစ်ကမ္ဘာလုံးသို့ ပတ်သွားရန် စီစဉ်ထားသည်။ ထိုအခါမှသာ တိုင်းပြည်တိုင်းမှ ထူးခြားသော အရာများကို ဝယ်နိုင်မည် ဖြစ်သည်။ သူမ၏ ကိုယ်ပိုင် နေရာလပ် နယ်မြေထဲမှ အစားအသောက် စာကြည့်တိုက်လေးကို တဖြည်းဖြည်း အားဖြည့်ထားရန် လိုအပ်လေသည်။၊
******