အခန်း ၄
Vol. 1 Ch. 4
4 01
အပိုင်း (၄) ပြည်ပမှာ ပစ္စည်းသွားစုခြင်း (၁)
ပြည်ပသို့သွားသော ဗီဇာက နောက်အပတ်အတွက် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဒီတစ်ပတ်အတောအတွင်းတွင် ရှုရှင်းကလည်း အားယားနေခဲ့ခြင်း မဟုတ်ပေ။ သူမက ဂုဏ်သတင်းကောင်းသော အိမ်ရောင်းသည့် ကုမ္ပဏီကို ရှာပြီး ရောင်းချမည့် ပိုင်ဆိုင်မှုများအားလုံးကို အပ်ထားလိုက်သည်။
ရှုရှင်း၏ ထိုအိမ်များအတွက် လိုအပ်ချက်က နှစ်ဝက်အတွင်း ပြီးအောင် ရောင်းချပေးရန် ဖြစ်သည်။ ဈေးကွက်ဈေးထက် ဈေးကို လျော့ပေး၍ ရသည်။ သို့သော် တစ်ခါတည်း အပြည့်ပေးချေရမည် ဖြစ်သည်။
နေရာကောင်းတွင် ရှိသော ထိုအိမ်များအားလုံးကို ရောင်းချလျှင် ပိုက်ဆံ မည်မျှ ရှာနိုင်မည် ဆိုသော အချက်ကြောင့် မည်သူကမှ ဘာမှ မပြောကြပေ။ ထိုအေ့ဂျင့်များအားလုံးက သဘောတူကြသည်။ သူတို့က ပါးစပ် နားရွက် တက်ချိန်မတတ် ပြုံးနေကြပြီး ထပ်ခါတလဲလဲ ရင်ဘတ်ကို ပုတ်၍ အာမခံပေးကြသည်။ သူမကို စိတ်မပျက်စေကြောင်း ပြောကြသည်။
သူမဟာ ပြည်ပကို တစ်လကျော်ကျော်လောက် သွားနေမည့် အကြောင်းကို တွေးမိသောအခါ အချိန်ဖြုန်း၍ မရတော့ပေ။ထို့ကြောင့် သူမ၏ အိမ်ကို စတင်ကာ ပြင်ဆင်သည်။ ရှုရှင်းကလည်း သူမ၏ကိုယ်ပိုင် မြို့မှ ပြင်ဆင်ရေးအသင်းကို ငှားယမ်းရန် မစီစဉ်ထားပေ။ သူမ၏ကိုယ်ပိုင်တိုင်းပြည်ကပင် မငှားပေ။ အိမ်ပြင်ရန် လိုအပ်ချက်ကလည်းအတော်လေး ထူခြားသည်။ ထို့ကြောင့် ထင်မြင်ချက် ကြီးကြီးမားမား ဝင်စေနိုင်သည်။
ကမ္ဘာအဆုံးသတ်ပြီးနောက် သူမ၏ ပြင်ထားသော အိမ်ကို သိနေသော သူများက ပြဿနာလာ လာမရှာစေရန် အလို့ငှာ ပြည်ပမှ ပြင်ဆင်ရေး အသင်းကို သီးသန့် ဖိတ်ခေါ်ကာ ပြင်ခိုင်းရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ရှုရှင်းသည် အွန်လိုင်းပေါ်မှ နာမည်ကျော်ဂျာမန်ပြင်ဆင်ရေး အသင်းကို ဆက်သွယ်လိုက်သည်။ ထိုအသင်းသည် ယခင်ကဆိုလျှင် ကုမ္ပဏီကြီးပေါင်းများစွာ၏ ဥက္ကဌပေါင်းများစွာကို ဝန်ဆောင်မှုပေးခဲ့ဖူးလေရာ ရှုရှင်းကို အလွန်အမင်း ပျော်ရွှင်စေသည်။ ထိုနည်းအားဖြင့် သူမက မည်သို့သော တောင်းဆိုမှုကို လုပ်လုပ် မည်မျှပင် ထူးဆန်းထူးဆန်း တစ်ဖက်သော သူများက အတွေ့အကြုံ အပြည့်နှင့် ဖြစ်သည်။
ရှုရှင်းက အိမ်နှစ်အိမ်၏ ဓာတ်ပုံကို ရိုက်ပြီး ပြင်ဆင်ရန် လိုအပ်သော အနေအထားမျိုးမျိုးကို ပြသခဲ့ပြီး တောင်းဆိုမှုများကို ဖော်ပြသည်။
ပြတင်းပေါက်များအားလုံးကို ကျည်ဆံလုံပြီး ဖောက်ခွဲမှုဒဏ် ခံနိုင်သော မှန်မျိုးနှင့် ပြောင်းလဲရမည် ဖြစ်သည်။ တစ်အိမ်လုံးတွင်လည်း ကြမ်းပြင်အပူပေးသည့် စနစ်မျိုးအား မီးအပူပေးသည့် စနစ်မျိုးနှင့် ပြောင်းလဲရမည်ဖြစ်ပြီး နံရံများကိုလည်း ပိုထူပြီး အသံလုံအောင် လုပ်ထားရမည် ဖြစ်သည်။
အိမ်တံခါးများကို သုံးထပ် ခွဲတပ်ထားရမည် ဖြစ်သည်။ ပထမနှစ်ထပ်မှ တံခါးများကမူ အခြားသောသူများ၏ အပြင်တံခါးများနှင့် တူညီရပေမည်။ သို့သော် အထူးတလည် ကောင်းမွန်သော အရည်အသွေးမျိုး ရှိရပေမည်။ အထူးတလည် လုံခြုံမှုအပြည့်ရှိရပေမည်။ သို့ရာတွင် ရှုရှင်း၏ နောက်ဆုံးတစ်လွှာအတွက် လိုအပ်သည့် တံခါး အရည်အသွေးကမူ ဘဏ်များမှ လုံခြုံရေးတံခါး၏ အရည်အသွေးကဲ့သို့ ဖြစ်သည်။
ပထမ တံခါးကို ကာကွယ်ထားရန် ဖြစ်ပြီး ဒုတိယ တံခါးတစ်ချပ်ကမူ ရှုရှင်း အမှန်တကယ် လိုချင်သောအနေအထားမျိုး ဖြစ်သည်။ အခြားသော လွန်ကဲလွန်းသော တောင်းဆိုမှု ဆယ်ခုကျော်ကျော်ခန့် ရှိသေးပြီး အားလုံးကို စာရင်းထုတ်ကာ တစ်ဖက်သူဆီ ပို့လိုက်သည်။
ရှုရှင်း၏ တောင်းဆိုမှုကို ကြည့်ပြီးနောက် တစ်ဖက်သူကလည်း ပြဿနာမရှိကြောင်း ပြောသည်။ သို့သော် လိုအပ်သော ပစ္စည်းများကို ဂျာမန်မှ ပို့ရမည် ဖြစ်သောကြောင့် ဈေးကပိုမြင့်မည် ဟုသာ ဆိုသည်။
ရှုရှင်းကလည်း ဒါဟာ ပိုက်ဆံ ပြဿနာ ဖြစ်သမျှ စိုးရိမ်ရန် မလိုအပ်ကြောင်း ပိုက်ဆံနှင့် ဖြေရှင်းနိုင်သမျှက ပြဿနာ မဟုတ်ကြောင်း ပြောလိုက်သည်။ အကောင်းဆုံး ပစ္စည်းများ သုံးထားကြောင်း အာမခံချက် ရှိသည်နှင့် သူမသာ စိတ်ကျေနပ်ပါက ဘောနပ် အပိုပေးမည်ဟု ပြောလိုက်သည်။
တစ်ဖက်သူကလည်း ချက်ချင်းပင် သဘောတူလိုက်သည်။ ရှုရှင်း ပြည်ပသို့ မထွက်သွားခင် တစ်ရက်တွင်ပင် ရောက်ရှိလာသည်။
4 02
ပြင်ဆင်ရန် လိုအပ်သော အိမ်နှစ်အိမ်က အသစ်စက်စက် ဖွံဖြိုးထားသော နေရာတွင် ရှိပြီး လူလတ်တန်းစားနှင့် အထက်တန်းစား အသိုင်းအဝိုင်းကို ဦးတည်ထားသော စီမံကိန်းမှ ဖြစ်သည်။ ထို့ကြောင် ရှုရှင်းသည် ပြည်ပတိုင်းပြည်မှ ပြင်ဆင်ရေးအသင်းကို ခေါ်ထားလျှင်ပင် မည်သူကမှ အထူးတလည် အာရုံစိုက်မနေပေ။ မည်သို့ပင် ဆိုစေ ထိုနေရာတွင် အိမ်ဝယ်နိုင်သော သူတိုင်းက ချမ်းသာပြီး မြင့်မြတ်သောသူများ ဖြစ်လေသည်။ ပြည်ပမှ အသင်းများကို ငှားယမ်းသော သူကလည်း သူမတစ်ယောက်တည်း မဟုတ်ပါပေ။ ထို့ကြောင့် ထူးခြားချွန်ထွက်မနေပေ။
ရှုရှင်းက ထိုရပ်ကွက်သို့ ကိုယ်တိုင်သွားကြည့်လိုက်သောအခါ အားလုံးက အိမ်ပြင်နေကြကြောင်း မြင်ရသည်။ ထိုသို့ဖြင့် ထိုရပ်ကွက်ထဲမှ အိမ်ပြင်နေသော ကားများအသင်းများက နေ့တိုင်းလိုလို အဝင်အထွက် ပြုနေကျ ဖြစ်ပြီး သူမ၏ အိမ်ပြင်ရန် ရွေးချယ်ခဲ့သော အချိန်ကို ပို၍ပင် ကျေနပ်မိသွားသည်။
အာရုံအစိုက်မခံလိုလျှင် လူအုပ်နှင့် ရောနှောခြင်းက အကောင်းဆုံး ဖြစ်သည်။
သူမက သူ၏အိမ်သော့အား ထိုပြင်ဆင်ရေး အသင်းကို အပ်ပြီးသည်နှင့် ပြည်ပသို့သွားကာ စားနပ်ရိက္ခာစုဆောင်းမည့် အကြံအစည်ကို စတင်နိုင်လေသည်။
ပထမ ဦးဆုံးရပ်နားရာနေရာက တိုင်းပြည်M ကြီး ဖြစ်သည်။ ထိုတိုင်းပြည်က လွတ်လပ်မှု ရှိသည်ဟု ကြုံးဝါး ထားလေပြီး ပစ္စည်းအမြောက်အများစုဆောင်းခြင်းအား တရုတ်ပြည်ထက် ပိုလွယ်သည်။ လူမသတ် လူမီးမရှို့လျှင် ဘာမဆို လုပ်၍ရသည်။
ရှုရှင်းကလည်း ပစ္စည်းများကို မျက်ကန်းလျှောက်စုနေခြင်း မဟုတ်ပါပေ။ သူသည် တိုင်းပြည် M မှ ဈေးကွက်ကို နက်နက်ရှိုင်းရှိုင်း နားလည်ထားခြင်း မရှိပေ။ ထို့ကြောင့် ပစ္စည်းများကို အမြောက်အများ စုပြုံဝယ်လိုက်ပါက အဆက်အသွယ်ရှာရန်လည်း ခက်ခဲသည်။ ထို့အပြင် အလှည့်စား ခံရလွယ်၏။
ထို့ကြောင့် ရက်အနည်းငယ်ခန့် စုံစမ်း စစ်ဆေးလိုက်ပြီးနောက်မှသာ ပစ္စည်းများကို စစုတော့သည်။ သူမက အရင်ဦးဆုံး သာမာန်စက်ရုံသိုလှောင်အိမ်ကြီး ငါးလုံးနှင့် အအေးသိုလှောင်ရုံကြီး နှစ်ခုကို ငှားယမ်းလိုက်သည်။ ထို့နောက် ယခင် ရက်အနည်းငယ်အတွင်းတွင် သေချာရွေးထုတ်ထားသော လုပ်ငန်းစုများကို တစ်ခုချင်းစီ ဆက်သွယ်လိုက်ပြီး လိုချင်သောအရာကို ရှင်းရှင်းလင်းလင်း ပြောကာ အိမ်တံခါးအရောက် ပစ္စည်းလာပို့ခိုင်းလိုက်သည်။
စား၍ ရသော ဆား၊ သကြား၊ အရည်အသွေးမြင့် ဂျူံစေးမှုန့်၊ ဆန်စေးမှုန့်၊ အရည်အသွေးနိမ့် ဂျုံစေးမှုန့်၊ ဆန်စေးမှုန့်၊ ဂျုံမပါသော ဆန်မှုန့်၊ အမျိုးမျိုးသာ ကောက်ပဲသီးနှံများ၊ အမျိုးမျိုးသော အသားများနှင့် ကြက်ဥများအားလုံးကို တန်နှင့် ချီဝယ်သည်။ ပစ္စည်းများကို အသယ်အချလုပ်သည့် အရှိန်ကို မြန်ဆန်ရန် အလို့ငှာ ပစ္စည်းအတင်အချလုပ်သော အသင်းကိုပင် ငှားလိုက်သေးသည်။
တစ်ခါသုံးတစ်သျှူးများ တစ်ခါသုံး လက်သုတ်ပဝါများ၊ သက်တောင့်သက်သာ ရှိစေသော ဘော င်းဘီများ၊ တဘက်များ၊ ရေချိုးတဘက်များ၊ wet tissue များ၊ အိမ်သာသုံး စက္ကူများ၊ ရေချိုးခန်းသုံး ပစ္စည်းများ၊ အိပ်ယာနှင့် ပတ်သက်သော ပစ္စည်းများ၊ အမျိုးမျိုးသော ပစ္စည်းများနှင့် အခြားသော နေ့စဉ် အသုံးအဆောင် ပစ္စည်းများ အားလုံးကိုလည်း ဗူးသောင်းကျော်ကို ဝယ်ယူလေသည်။
အမျိုးမျိုးသော အရသာရှိသည့် ပီဇာနှင့် ဘာဂါတို့ကဲ့သို့ ပစ္စည်းများအပြင် အမျိုးမျိုးသော ကြက်အူချောင်း ဝက်အူချောင်း စသဖြင့် အူချောင်းများ၊ အမှုန့်များ၊ မုန့်လုပ်သည့် အမှုန့်များနှင့်အမျိုးမျိုးသော အရသာရှိသည့် ဆန်းဒဝှစ်များ စသည်တို့ကို ဝယ်ယူလေသည်။ ထိုသို့ဖြင့် အမျိုးမျိုးသော သောက်စရာများကို အထူးသဖြင် ပျော်ရွှင်ဖွယ် ဝတုတ်အိမ်ရှင် coke နှင့် sprite တို့ကို အမြောက်အများ ဝယ်ယူလေသည်။ အခြားသော တွေးမိသမျှသော သောက်စရာများကိုလည်း အသားကုန် ဝယ်ယူသည်။
ရှုရှင်းသည် တိုင်းပြည်Mမှ အထူးရသော စားစရာများကိုလည်း အလွတ်ခံလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူမသည်လည်း ပင်လယ်ခရုများ ကယ်လီဖိုးနီးယား နို့၊ အမေရိကန် ဂျင်းဆင်း နှစ်ပါး တောင်ကြားဝိုင်နီ ကော်ဖီစေ့ စသည်တို့ကို ဝယ်ယူလေသည်။ သူမက US တွင်သာ သီးသန့် ရသည်ဟု ခေါ်သည့် အချို့သော သစ်သီးအမျိုးအစာများကိုလည်း စုရုံသာ မကသေးလေဘဲ သူမ၏ နေရာလပ်နယ်မြေ၏ ဒုတိယ အထပ်တွင် စိုက်ပျိုးရန် အလို့ငှာ ပျိုးပင်ပေါက်များကိုလည်း ဝယ်သေးသည်။
သူမတစ်ယောက်တည်း အများကြီး မစားနိုင်လောက်သော်လည်း များများ စုထားလျှင်လည်း ပြဿနာ မရှိပါပေ။ ထိုအရာများက ကမ္ဘာကပ်ဘေး ကာလ အပြီးတွင် ဝယ်ရခက်သွားပေလိမ့်မည်။ သူမက မစားနိုင်လျှင်လည်း ဇွန်ဘီ သလင်း အမြူအတေနှင့် လဲ၍ ရလေသည်။
ထို့အပြင် တရုတ်နိုင်ငံတွင် အလွန်အမင်းဈေးကြီးလှပါသော နာမည်ကြီး အလှကုန် ပစ္စည်းများနှင့် မိတ်ကပ်ပစ္စည်းများကိုလည်း ဝယ်ယူသည်။ ထိုအရာများက US တွင် ဆိုလျှင် အလွန်အမင်း ဈေးပေါလေသည်။ ပြည်တွင်းဈေးကွက်နှင့် ယှဉ်သော် ငါးဆယ် ရာခိုင်နှုန်း သို့မဟုတ် ခုနှစ်ဆယ်ရာခိုင်နှုန်းအထိပင် ကွာသေးသည်။ အလှအပကြိုက်သော နတ်မိမယ်လေးအနေနှင့် ရှုရှင်းသည်လည်း ရနိုင်သမျှ အခွင့်အရေးကို အဆုံးရှုံးခံလိမ့်မည် မဟုတ်ပေ။ သူမက သုံးသည် ဖြစ်စေ မသုံးသည်ဖြစ်စေ၊ တစ်မျိုးက set ထောင်ကျော် စုဆောင်းထားလိုက်သည်။ သူမ သုံးနေကျ အရာကို များများ ပိုစုသည်။
4 03
အဆုံးသတ်ကာလမျိုးတွင် သယ်ယူပို့ဆောင်ရေး စနစ်က အလွန်အမင်း ဆိုးရွားသည်။ ထို့ကြောင့် ရှုရှင်းသည် auto show roomများတွင် ပြထားသည့် off-road ယာဉ်များနှင့် RV တစ်စီးတို့ကိုလည်း တွေ့လိုက်သေးသည်။ ထို့ကြောင့် သူမက သေချာပြန်စစ်ကြည့်သောအခါ တိုင်းပြည်D တွင် လုပ်ကြောင်း တွေ့ရသည်။
တိုင်းပြည်Dကလည်း ရှုရှင်းသွားရမည့် လမ်းကြောင်းထဲတွင် ပါဝင်သည်။ ထို့ကြောင့် ကမ္ဘာကပ်ဘေးကာလမှ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ဖြစ်လာနိုင်မည့် အခြေအနေကို တွေးတောကာ ကားထုတ်လုပ်ရေး ကုမ္ပဏီသို့ လှမ်းကာ ဆက်သွယ်လိုက်ပြီး ဆိုးရွားသော လမ်းအခြေအနေမျိုးနှင့် ဇွန်ဘီများ၏ တိုက်ခိုက်မှုများကြောင့် သူမသည်လည်း knight AVS အစီးနှစ်ဆယ်နှင့် နော်မာ ဒီဇန် လမ်းညွှန် FS ဆယ်စီးတို့ကိုလည်း မှာလိုက်သည်။ ထို့နောက် ထိုအစီးသုံးဆယ်လုံး၏ မှန်များကို အကောင်းဆုံးသော ကျည်ဆံကာ မှန်များဖြင့် အစားထိုးပေးပါရန် အထူးတလည် တောင်းဆိုလိုက်သည်။
သူမဟာ တစ်လနေလျှင် လာရောက် ယူမည် ဖြစ်သည်။
သုံးဆယ် ရာခိုင်နှုန်းခန့် ကြိုတင် ပေးချေလိုက်သောအခါ တစ်ဖက်သူကလည်း ရှုရှင်းက အမှန်တကယ် ဝယ်ယူချင်ကြောင်း လုံးဝကို ယုံကြည်သွားသည်။ ထို့ကြောင့် အပြုအမူက အလွန်အမင်းကို ထိုးတက်ကာ ကောင်းမွန်သွားသည်။
ရှုရှင်းသည်ပင် ထိုကားကို ဝယ်ရန် သန်းငါးရာနီးပါး သုံးထားရသည်။ သို့သော် ရှုရှင်းကမူ ဝမ်းနည်းသည်ဟု မခံစားရချေ။ သူမကဲ့သို့ ဘီလီယံ ဆယ်ချီတန် ပိုင်ဆိုင်မှုကို ရရှိထားသူ အနေဖြင့် ထိုမျှလောက်က ပြဿနာ မရှိပါပေ။ ထိုပိုက်ဆံနှင့်သာ ယှဉ်ကြည့်သော် ထိုကားများကို ရရှိထားမှသာ ကမ္ဘာကပ်ဘေးကာလတွင် သွားလာရလုံခြုံသည်ဟု ခံစားရပေလိမ့်မည်။
အာ…ပိုက်ဆံ ကို ဗျောက်သော ဖြုန်းလို့ မဖြစ်ဘူး။
သီးသန့်သေနတ် ပိုင်ဆိုင်မှု နှုန်းထား အမြင့်ဆုံးရှိသည့် တိုင်းပြည်တစ်ပြည် အနေဖြင့် US တွင် အရောင်းအဝယ်လုပ်ခြင်းက တိုင်းပြည်ထဲတွင် ဂေါ်ဖီထုပ်သွားဝယ်သည်နှင့်ပင် တူသေးသည်။ ဈေးစစ်၍လည်း ရသည်။ ရွေး၍လည်း ရသည်။ သေနတ်ပြပွဲများသို့ပင် သွား၍ ရသည်။ ထိုပြပွဲများက ကားပြပွဲများနှင့်ပင် တူသေးသည်။
ရှုရှင်းကလည်း ပစ္စည်းများကို ထိုသို့ အလွယ်တကူ ထုတ်ထားရဲသော သူများကို ကြောက်လေသည်။ ထို့အပြင် သူမသည်လည်း အနက်ရောင် ဈေးကွက်သို့ တစ်ယောက်တည်း မသွားရဲချေ။ ဝတ္ထုများထဲမှ အမျိုးသမီးများကဲ့သို့ အနက်ရောင်ဈေးကွက်သို့ တစ်ယောက်တည်းသွားကာ ဝင့်ဝင့်ကြွားကြွား သွားယူခဲ့ပြီး ပေါ်တင်ဈေးညှိရဲသည့် အခြေအနေမျိုးကိုလည်း မလုပ်ရဲပါပေ။ သူမသာ ထိုသို့ လုပ်လိုက်လျှင် ရလဒ်ကမူ သေချာပေါက် အသတ်ခံရပြီး တစ်ကိုယ်လုံး ဖြုတ်၍ တောထဲသို့ အပစ်ခံရမည် ဖြစ်သည်။
ထိုသို့ဖြင့် လက်နက်ဖိုများနှင့် ပတ်သက်လာသောအခါ သူမသည် အမှန်တကယ် ကူကယ်ရာမဲ့သည်။ ထို့ကြောင့် တွေးရုံသာ တွေးရသည်။ အားကျရုံကလွဲပြီး အခြားမရှိပါပေ။
ပြည်ပတွင် တစ်ပတ်ဆယ်ရက် နီးပါးခန့် နေခဲ့သည်။ ထိုနေခဲ့သည့်တစ်ပတ်အတွင်းတွင် သူမဟာ ရေပိုက်ခေါင်းထဲမှ ရေများစည်ပိုင်းကြီးပေါင်းများစွာနှင့် အပြည့်ဖြည့်ရန် မှာထားသေးသည်။ သူမက မထွက်သွားသေးခင် ညသန်းခေါင်းတွင် ထိုUS မှ ရေတိုင်ကီများအရ သွားယူလိုက်သည်။ အလုံပိတ်ထူ ရေစည်ပိုင်းများက ထင်သလောက် မကြီးပေ။ ထို့ကြောင့် ရှုရှင်းကလည်း အလွန်အမင်း အေးသောကာလသို့ ရောက်သောအခါ တိုက်ရိုက်ပင် အသုံးပြုနိုင်ရန် ရေပူကို တိုက်ရိုက်သိုလှောင်ရန် ဆုံးဖြတ်လိုက်သည်။
သူမသည် ထိုက်နန်ပါဝါများ ရေမောင်းသော စက်များ လည်ပတ်သော စက်များ မီးစက်ကြီးများ ရွေးလျားနိုင်သော ပါဝါအရင်းအမြစ်များ စက်လှေများ ရော်ဘာလှေများ စကိတ်များ အမျိုးမျိုးသော ကြမ်းတမ်းသော ဝန်းကျင်တွင် ရှင်သန်နေထိုင်နိုင်မည့် အထောက်အကူပြုသော အသက်ကယ်လှေများ၊ အသက်ကယ်ဝတ်စုံများ၊ အားကစားဝတ်စုံများ၊ လေကာဂျာကင်များ၊ စသဖြင့် အားလုံးကို ဝယ်ယူလေသည်။ အဝတ်များဆိုလျှင် သူမက အရည်အသွေးကောင်းသောအရာများ မကောင်းသော အရာများပေါင်းကာ ဝယ်ယူသည်။ အဝတ်အစားတိုင်းကိုလည်း ဝယ်သည်။
ကျောက်မီးသွေးဂတ်စ်၊ သဘာဝဂတ်စ်၊ စသဖြင့် အမျိုးမျိုးသော ပစ္စည်းများကိုလည်း မှာယူလေသည်။
******